Saturday, August 2, 2008

လူငယ်လူရွယ်နှင့်ကျန်းမာရေး သွေးချို၊ ဆီးချိုနှင့် ကျောက်ကပ်

ဒေါက်တာအေးကျော်(ဇီဝကမ္မဗေဒ)
M.B.,B.S, D.A Psychology, Dip.Med.Sc.Gp (Family Medicine), MPA: DAE.,
သွေးချို၊ ဆီးချိုရောဂါရှင်များဟာ ကျောက်ကပ်ပျက်ယွင်းမှု ကြုံတွေ့ရ တတ်တယ်လို့ ပြောကြပါတယ်။ သွေးချို၊ ဆီးချိုကြောင့် ကျောက်ကပ်မှာအန္တရာယ် ဖြစ်နိုင်ပုံလေးတွေ သိပါရစေ။
သွေးချို၊ ဆီးချိုကြောင့်ဖြစ်တဲ့ ကျောက်ကပ်ရောဂါကို Diabetic nephropathy လို့ ခေါ်တယ်။ ရောဂါအနေနဲ့ ဖြစ်ပွားမှုများသလို ရောဂါဖြစ်လာရင် လည်း သေဆုံးမှုနှုန်းများတယ်။ နောက် ဆုံးအဆင့် ကျောက်ကပ်လုပ်ငန်း ပျက် ယွင်းခြင်း(End-stage renal failure) ဆိုတာရှိတယ်။ သွေးချို၊ ဆီးချိုကြောင့် လူ တွေ သေဆုံးကြရတာ အဲဒီပြဿနာ ကြောင့်ပါပဲ။ ဒါကို မဖြစ်အောင် ကြိုတင် ကာကွယ်ဖို့ အလွန်အရေးကြီးတယ်။ ဖြစ် ရင် သေနိုင်တယ်၊ ဒါကြောင့် မဖြစ်အောင် ကာကွယ်ကြရမယ်ပေါ့ဗျာ။
အမျိုးအစား(၁)သွေးချို၊ ဆီးချိုရောဂါ လူနာတွေမှာ ၃ဝရာခိုင်နှုန်းလောက်ဟာ အနှစ်၂ဝလောက်ကြာရင် သွေးချို၊ ဆီးချို ကြောင့်ဖြစ်တဲ့ ကျောက်ကပ်ရောဂါ(Dia-betic nephropathy)ဆိုတာ ဖြစ်လာ လေ့ရှိတယ်။ လူတိုင်းဖြစ်တာတော့မဟုတ် ဘူးပေါ့။ ဒါပေမဲ့ တချို့လူတွေမှာ ပိုပြီးဖြစ် နိုင်တဲ့အလားအလာတွေရှိတယ်။
ဘယ်လိုလူတွေမှာ ပိုဖြစ်နိုင်သလဲဆို တာ ရှင်းပြပေးပါဦး။
သွေးချို၊ ဆီးချိုရောဂါကြောင့်ဖြစ်တဲ့ ကျောက်ကပ်ရောဂါဟာ သွေးမှာ သကြား ဓာတ်ပါဝင်မှုကို သေသေချာချာ ဂရုစိုက် မထိန်းသိမ်းရင် ဖြစ်ဖို့အလားအလာအလွန် များပါတယ်။ သွေးချို၊ ဆီးချိုရောဂါ နှစ် သက်ကြာရှည်လာလေ ဖြစ်ပွားဖို့အန္တရာယ် များလေလည်း ဖြစ်ပါတယ်။ အခြားသွေး ကြောနဲ့ဆိုင်တဲ့ ပြဿနာရှိနေတဲ့သူတွေမှာ လည်း ကျောက်ကပ်ရောဂါ ပိုဖြစ်နိုင်ပါ တယ်။ လူမျိုးနဲ့လည်း ဆိုင်တယ်လို့ဆိုပါ တယ်။ အာရှဒေသက လူတွေ၊ အိန္ဒိယက လူတွေမှာ သွေးချို၊ ဆီးချို၊ ကျောက်ကပ် ရောဂါဖြစ်ပွားမှုနှုန်း များကြပါတယ်။
သွေးချို၊ ဆီးချိုရောဂါအပြင် သွေး တိုးရောဂါပါ ပူးတွဲရှိနေရင် ကျောက်ကပ် ရောဂါဖြစ်ဖို့ အခွင့်အလမ်း ပိုစေပါတယ်။ မိသားစုမှာ သွေးချို၊ ဆီးချိုကြောင့် ကျောက်ကပ်ဝေဒနာဖြစ်ဖူးတဲ့ ရာဇဝင်ရှိ ရင်လည်း ဖြစ်နိုင်ဖို့အလားအလာ ပိုများပါ တယ်။ အလားတူပဲ သွေးတိုးရောဂါ ရာဇ ဝင်ရှိရင်လည်း အန္တရာယ်ပိုများနိုင်ပါတယ်။
ရောဂါဖြစ်ရင် အသက်သေဆုံး သည်အထိ အန္တရာယ်ရှိတယ်ဆိုတော့ မဖြစ်ခင်က ဘယ်လိုများ ကြိုတင်ကာ ကွယ်ထားနိုင်ပါသလဲ။
ဒါကတော့ ကျွန်တော်ဖြေခဲ့တဲ့အထဲ မှာ ပါသွားပြီဖြစ်လို့ ဆိုနိုင်ပါတယ်။ ဖြစ် နိုင်တဲ့အန္တရာယ်တွေက ဘာတွေလဲ။ အဲဒီ ဟာတွေသိရင် ဒါတွေကို ကြိုတင်ကာ ကွယ်ကြဖို့ပဲ။ ဒါဟာ အရေးကြီးဆုံးပဲပေါ့ ဗျာ။
သွေးမှာ သကြားဓာတ် မျှတအောင် မထိန်းနိုင်ရင် ဖြစ်နိုင်တယ်လို့ ဆိုထား တယ်ဗျာ။ ဒါဆိုရင် သွေးမှာ သကြားဓာတ် မှန်အောင်ထိန်းဖို့လိုတယ်။ အစား အသောက် ဆင်ခြင်ရမယ်၊ ဆေးမှန်မှန် သောက်ရမယ်၊ ဆရာဝန်နဲ့ မကြာခဏ ပြ ရမယ်၊ သွေးနဲ့ဆီးတွေ မှန်မှန်စစ်ရမယ်၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပေါ့ဗျာ။
သွေးတိုးရှိတဲ့သူဆိုရင်လည်း သွေးဖိ အား မှန်အောင်ထိန်းဖို့ လိုတယ်။ သွေး ပေါင်မှန်မှန်ချိန်ရမယ်၊ အစားအသောက် ဆင်ခြင်ရမယ်၊ အငန်လျှော့၊ ဆားလျှော့ ရမယ်၊ အဆီအဆိမ့် အလွန်အကျွံမစားရ ဘူး။ ဆရာဝန် ညွှန်ကြားတဲ့ဆေးတွေ မှန် မှန်သောက်ရမယ်။
နောက်ပြီး ပြောစရာတစ်ခုရှိတယ်။ ကိုယ်အလေးချိန် လွန်ကဲတာ၊ ဝတာဟာ သွေးချို၊ ဆီးချိုနဲ့ဆိုင်တယ်။ ကိုယ်အလေး ချိန် မှန်အောင်လည်း ထိန်းသိမ်းပေးဖို့ လိုဦးမယ်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့် ခန်း မှန်မှန်ပြုလုပ်သင့်တယ်။ ဆေးပညာ ရှင်တွေကတော့ ACE inhibitor the rapy (Augiotensin-converting enzyme inhibitor the rapy)နဲ့ ကာကွယ် နိုင်တယ်လို့ဆိုတယ်။ သွေးဖိအားလည်း ထိန်းနိုင်တယ်။ သွေးချို၊ ဆီးချိုရဲ့ နောက် ဆက်တွဲ အကျိုးဆက်ဖြစ်တဲ့ကျောက်ကပ် ရောဂါလည်း ကာကွယ်နိုင်တယ်။
သွေးချို၊ ဆီးချိုကြောင့်ဖြစ်တဲ့ ကျောက်ကပ်ပျက်ယွင်းမှုရဲ့အကျိုးဆက် တွေကရော ဆရာ။
သွေးချို၊ ဆီးချိုကို ကောင်းစွာ မထိန်း နိုင်လို့ ဒါမှမဟုတ် အခြားအကြောင်း ကြောင်းတွေကြောင့် ကျောက်ကပ်ရောဂါ ဖြစ်လာပြီဆိုရင် အဆိုးဝါးဆုံးကတော့ ကျွန်တော်အစပိုင်းမှာပြောခဲ့တဲ့ End-stage renal failure ပါ။ ဒါဖြစ်ရင် ဒီ အဆင့်ရောက်ရင်တော့အသက်အန္တရာယ် ရှိပြီပေါ့။ သွေးချို၊ ဆီးချိုကြောင့် ကျောက် ကပ်ရောဂါဖြစ်လာပြီဆိုရင် အပြန်အလှန် ပြဿနာတစ်ခုက အဲဒီကျောက်ကပ်ဖြစ် လာတဲ့အတွက် သွေးချို၊ ဆီးချိုကို ထိန်း ချုပ်ဖို့ ခက်ခဲလာတတ်ပါတယ်။ သွေးမှာ သကြားဓာတ်မှန်အောင် ထိန်းသိမ်းဖို့ မလွယ်တော့ဘဲ ရှိနေတတ်ပါတယ်။
ကျောက်ကပ်ရဲ့လုပ်ငန်းကို သွေးမှာ ခရီအက်တင်းနင်း(Creatinine)ပါဝင်မှုနဲ့ စစ်ဆေးတိုင်းတာပါတယ်။ ခရီအက်တင်း နင်းပါဝင်မှု ၁၅ဝ မိုက်ခရိုမိုး လီတာ(150/ umd/L)ထက်ကျော်ရင် Biguanides အုပ်စု ဝင်ဆေး Metformin ကို အသုံး မပြုသင့်တော့ဘူး။ ဒါဟာ သတိထားရ မယ့် အချက်တစ်ချက်ပါပဲ။ ကျောက်ကပ် အစားထိုး ကုသရတာမျိုးအထိ လုပ် ဆောင်ရတတ်ပါတယ်။ အင်ဆူလင်ထုတ် လုပ်ပေးတဲ့ ပန်ကရိယ(Pancreas)ကို အစားထိုးပေးတာမျိုးလည်း လုပ်ဆောင် သင့်ပါတယ်။
အကောင်းဆုံးကတော့ဗျာ ကျောက် ကပ်ပျက်တဲ့အဆင့်မရောက်အောင် ကြို တင်ကာကွယ်ကြဖို့ပဲ။ ဖြစ်ပြီဆိုရင် ကုရ ခက်တယ်။ အသက်အန္တရာယ်ရှိတယ်။ သွေးချို၊ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ကျောက်ကပ်ပျက်တဲ့အဆင့်ထိ မရောက် အောင် မိမိကိုယ်မိမိ ဂရုစိုက် နေထိုင်သွား ဖို့ အကြံပေးပြောကြားချင်ပါတယ်၊ ကိုမျိုး ဆင့်ရေ။

ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းပြဿနာ ဘာကြောင့်ဖြစ်လာရပါသလဲ

ဦးလှမြင့်(မားကက်တင်း)
ယခုတစ်လော ကမ္ဘာတစ်ဝန်း စား နပ်ရိက္ခာရှားပါးလာမှုပြဿနာမှာ ကျယ် ကျယ်လောင်လောင်ကြားနေရသည်။ ဆင်းရဲနိုင်ငံများနည်းတူ ချမ်းသာသည့် နိုင်ငံများကလည်း အနည်းနှင့်အများ ခံစားရသည်။ စားနပ်ရိက္ခာပြဿနာ ကြောင့် နိုင်ငံတချို့တွင် အဓိကရုဏ်းများ နှင့် မငြိမ်သက်မှုများ ဖြစ်ပွားလျက်ရှိ သည်။ ယင်းသို့ အစာရေစာ ရှားပါးမှု၊ တစ်နည်း စားနပ်ရိက္ခာအကျပ်အတည်း ဘာကြောင့်ဖြစ်လာရသည်ကို ကျွမ်းကျင် သူများက ဆင်ခြင်ကြည့်သည်။ ဒီအခါ အဓိကအကြောင်းရင်း၅ချက်ကို တွေ့ ရှိသည်။
၁။ လယ်ယာထွက်ကုန်ပစ္စည်း ကုန်သွယ် မှုတွင် ပုံပျက်ပန်းပျက်ဖြစ်ခြင်း
အစိုးရများ၏ ညံ့ဖျင်းသည့်လယ်ယာ စိုက်ပျိုးရေးပေါ်လစီကြောင့် အထက်ပါ ပြဿနာပေါ်ပေါက်လာရသည်ဟုဆိုသည်။ ယင်းပြဿနာပေါ်ပေါက်စေသည့် အကြောင်းအချက်နှစ်ရပ်ရှိသည်။ ၎င်းတို့ မှာ(၁)လယ်ယာမြေ အမတော်ကြေးများ သို့မဟုတ် ထောက်ပံ့ငွေများ(sub-sidies)ထုတ်ပေးခြင်းနှင့်(၂)တံခါးပိတ် ဈေးကွက်(close market)ဝါဒ ကျင့်သုံး ခြင်းတို့ပဲဖြစ်သည်။
(၁)လယ်ယာမြေ အမတော်ကြေး များ ထုတ်ပေးခြင်း-ချမ်းသာသည့် နိုင်ငံ များ(အဓိကအားဖြင့် အမေရိကန်ပြည် ထောင်စုနှင့် ဥရောပနိုင်ငံတချို့က လယ် ယာမြေများကို အမတော်ကြေးအမြောက် အမြားပေးကြသည်။ ယင်းနောက် ပိုလျှံ သည့် လယ်ယာထွက်ကုန်ကို ထွက်ပြူစ ဈေးကွက်များ(emerging markets)ထဲ သို့ ပုံအောရောင်းချကြသည် (dumping)။ သည်သို့ဖြင့် ကမ္ဘာ့လယ်ယာထွက် ကုန် ကုန်သွယ်မှုတွင် ပုံပျက်ပန်းပျက် ဖြစ် လာခဲ့ရသည်။ ကုန်သွယ်ရေး ကန့်သတ် တားမြစ်ချက် တသီကြီးကလည်း လယ် ယာထွက်ကုန်များ ကူးသန်းရောင်းဝယ် မှုကို ပုံပျက်စေသည်။ အတားအဆီးများ မှာ အာရှ၊ ဥရောပ၊ အမေရိကန်နှင့် လက် တင်အမေရိကတို့တွင် အသွင်သဏ္ဌာန် အနေနှင့် ကွဲလွဲမှုရှိသော်လည်း ရည်ရွယ် ချက်မှာ တူသည်။ ဒါက ဒေသခံ လယ် သမားများနှင့် ကွယ်ပျောက်လုနီးပါးရှိလာ နေသည့် ကျေးလက်နေ လူ့အဖွဲ့အစည်းကို ကာကွယ်ရန်ဆိုသည့်အချက်ပဲဖြစ်သည်။ ဈေးကွက် ကသောင်းကနင်းဖြစ်မှုပမာဏ မှာ ကြီးမားလှသည်။ ကမ္ဘာ့ဘဏ် လေ့လာ မှုတစ်ရပ်က ချမ်းသာသည့်ကမ္ဘာမှ ထောက်ပံ့ကြေးအကူအညီရ ‘ပို့ကုန်များ’ နှင့် သွင်းကုန်ခွန်များ(tariffs)ကြောင့် ဆင်းရဲသည့်နိုင်ငံများမှ လယ်သမားများ အား နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၁ဝဝဘီလျံ ဆုံးရှုံးနစ်နာစေကြောင်း ခန့်မှန်းထားသည်။
မက္ကဆီကို(Mixico)မှာ ဥပမာ ကောင်းတစ်ခုဖြစ်သည်။ ၁၉၉၃ခုနှစ်တွင် NAFTA အသက်ဝင် လှုပ်ရှားလာသည့် အခါ အမတော်ကြေးဖြင့် စိုက်ပျိုးသည့် US ပြောင်းက မက္ကဆီကိုဈေးကွက်ထဲ လှိမ့်ဝင်သည်။ နှစ်အတန်ကြာအတွင်း ဒေသပြောင်းဈေးနှုန်းကို ၇ဝရာခိုင်နှုန်း အထိ ကျဆင်းစေသည်။ ထိုပုံစံအတိုင်း ဥရောပမှ ဈေးချိုသည့်သကြားကို အာဖရိ ကသို့ လည်းကောင်း၊ USမှ ဈေးချိုသည့် ဆန်ကို ကာရီဘီယံဒေသသို့လည်းကောင်း၊ ကြက်သားကို ဂါနာနှင့်ကင်မရွန်းနိုင်ငံများ သို့လည်းကောင်း ပို့ပေးခဲ့သည်။ ယင်း အချိန်ကာလအတွင်း EU(ဥရောပသမဂ္ဂ) နှင့် US က ဖွံ့ဖြိုးဆဲကမ္ဘာမှ ပြိုင်ဆိုင်မှုကို တားဆီးရန် သွင်းကုန်ခွန် အရံအတား နံရံ ကို မြင့်မြင့်မားမား တည်ဆောက်ထားရှိခဲ့ သည်။ တချို့ကိစ္စရပ်များတွင် ပုံတိုက် ရောင်းချခြင်း(dumping)ခေါ် ကုန်စည် ၏ တန်ဖိုးရင်းထက် လျော့နည်းသောဈေး နှုန်းဖြင့် ရောင်းချခြင်းကို အစားအစာ အကူအညီ(food aid)အဖြစ် မသိမသာ ဟန်ဆောင်မှုမျိုးလည်းရှိသည်။
ဆယ်စုနှစ်များစွာ အမေရိကန်နှင့် ဥရောပသမဂ္ဂသည် လယ်ယာလုပ်ငန်း အတွက် အားတက်သရော ငွေအကုန် အကျခံ လုပ်ဆောင်လာခဲ့သည်။ OECD နိုင်ငံများအတွင်း အမတော်ကြေး(ထောက် ပံ့ငွေ)မှာ လွန်ခဲ့သည့် တစ်နှစ်တည်းတွင် စုစုပေါင်း ဒေါ်လာ ၂၈၃ဘီလျံအထိ ရှိခဲ့ သည်။ ပြည်တွင်း လယ်ယာထွက်ကုန်ဈေး နှုန်းကိုမူ တမင်မြှင့်တင်ထားသည်။ ယင်း အချက်ကြောင့် လိုအပ်သည်ထက် ပိုထုတ် လုပ်မှု(over production)ပြဿနာ ဖြစ် လာရသည်။ ယင်းပြဿနာ ဖြေရှင်းခြင်း အနေနှင့် ပိုလျှံထွက်ကုန်ကို ကမ္ဘာ့ဈေး ကွက်ထဲသို့ ‘ပုံတိုက်ရောင်းချခြင်း’ (dump-ing)ပြုလုပ်သည်။ မကြာသေးမီအချိန်ထိ တော့ ယင်းသို့လုပ်ရပ်ကြောင့် စားသောက် ကုန်ဈေးနှုန်းများ ကျဆင်းမှုကို ဖြစ်စေ သည်။ သို့သော် ဆင်းရဲသောနိုင်ငံများမှ လယ်သမားများမှာ ဈေးနှုန်းယှဉ်ပြိုင်နိုင် သည့် လယ်ယာထွက်ကုန်များ ထုတ်လုပ် နိုင်ခြင်းမရှိ၍ ဈေးကွက်ထဲဝင်ပြီး မယှဉ် နိုင်ကြချေ။
ဒါကြောင့် ကောက်ပဲသီးနှံဈေးနှုန်း များ ယခုနှစ် ဆောင်းရာသီတွင် ပေါက် ကွဲမြင့်တက်လာသည့်အခါ ဆင်းရဲသည့် နိုင်ငံများက ယင်းတို့၏ထုတ်လုပ်မှုကို အဆောတလျင် တိုးအောင်မလုပ်နိုင်သည် မှာ အံ့ဩစရာတော့မဟုတ်။ ထိုင်းဆန် ဈေးနှုန်းသည် ဒီဇင်ဘာလမှ ဧပြီလ အတွင်း ၂၈ဝရာခိုင်နှုန်းအထိ တက်ခဲ့ သည်။ ကောက်ပဲသီးနှံဈေးနှုန်းပေါက်ကွဲ မြင့်တက်လာရခြင်းမှာ တိုးတက်လာနေ သည့် ဝယ်လိုအားနှင့် supply shocks ခေါ် ထွက်နှုန်းကျဆင်းခြင်း၊ ဆိုးရွားသည့် ရာသီဥတုနှင့် ပြောင်းမှဘိုင်အိုလောင်စာ များဆီသို့ ရွှေ့ပြောင်းမှု စသည့်အချက်များ ကြောင့်ဖြစ်သည်။
(၂)တံခါးပိတ်ဈေးကွက်ဝါဒ ကျင့် သုံးခြင်း-ဆန်ပိုလျှံသည့်နိုင်ငံများထဲတွင် ပါဝင်သည့် အိန္ဒိယ၊ ဗီယက်နမ်၊ ထိုင်းနှင့် ကမ္ဘောဒီးယားက ယင်းတို့၏ပြည်တွင်းငွေ ဖောင်းပွမှုမဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ပို့ကုန်ကန့်သတ်ချက်သစ်များကို ပြဋ္ဌာန်း ကြသည်။ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့်အဓိက ဆန်တင်သွင်းနိုင်ငံများမှာ ကူပါကယ်ပါ တစာစာဖြစ်လာနေရသည်။ ဒါက မိမိအိမ် နီးနားချင်းတွေ ငတ်ပြီး သေပါစေဆိုသည့် ပေါ်လစီမျိုးဖြစ်နေကြောင်း ပြောဆိုကြ သည်။ ကမ္ဘာ့ဆန်ဈေးနှုန်းကို တက်စေပြီး အကျပ်အတည်းကို ပို၍ဆိုးဝါးစေ နိုင်သည်။
၂။ လယ်ယာစိုက်ပျိုးရေးတွင် ရင်းနှီး မြှုပ်နှံမှုနည်းပါးခြင်း
ဖွံ့ဖြိုးစကမ္ဘာ၏ လယ်ယာစိုက်ပျိုးရေး တွင် ရင်းနှီးမြှုပ်နှံမှုနည်းပါးခြင်းကလည်း အကြောင်းတစ်ခုဟုမြင်သည်။ ဒါက နိုင်ငံ ရပ်ခြားမှတင်သွင်းလာသည့် စားနပ်ရိက္ခာ က အမြဲပိုပြီး ဈေးသက်သာသည်ဟူ၍ နိုင်ငံခေါင်းဆောင်များက မှားယွင်းစွာ ယူဆမိကြပြီး လယ်ယာစိုက်ပျိုးရေးကို ဦးစားပေးအဖြစ် သဘောမထားဘဲ ရင်းနှီး မြှုပ်နှံမှုမပြုလုပ်ခဲ့၍ဖြစ်သည်။ လက်ရှိ အခြေအနေနှင့်မိမိဘာသာ အားရကျေနပ် နေ၍ပဲဖြစ်သည်။
ယခုအခါ ယင်းနိုင်ငံတို့က ကြမ်း တမ်းသည့် ‘လှုပ်နှိုးမှု’ ကို ခံနေရသည်။ ဘယ်လိုနည်းနှင့်ဖြစ်ဖြစ် ကျွန်ုပ်တို့က ‘ဈေးသက်သာသည့် စားနပ်ရိက္ခာခေတ်’ (၁၉၈ဝပြည့်နှစ်မှ ၂ဝဝ၃ခုနှစ်အတွင်း)ဆို သည်မှာ ပြီးဆုံးပြီ။ အပြီးအပိုင် ပြီးဆုံးခြင်း လည်းဖြစ်နိုင်သည်။ အသစ်အသစ်ဖြစ်လာ မည့် အကြောင်းခြင်းရာများကတော့ စား နပ်ရိက္ခာရှားပါးမှု၊ ကောက်ပဲသီးနှံဈေးနှုန်း များ ခေါင်းစိုက်အောင် မြင့်တက်မှု၊ ဈေး ကွက်ချောက်ချားမှုနှင့်အာဖရိကနှင့်တောင် အာရှတွင် ငတ်မွတ်ခေါင်းပါးမှုများပဲဖြစ် သည်ဟုကျွမ်းကျင်သူတစ်ဦးကပြောသည်။
စပါးအကြီးအကျယ် စိုက်ပျိုးထုတ် လုပ်မှုနှင့် သင့်တော်ခြင်းမရှိသည့် အာရှ နိုင်ငံများက စပါးတင်ပို့မှုအပေါ် အကြီး အကျယ် မှီခိုအားထားလာခဲ့ကြသည်။ ယခုတော့ ယင်းတို့ နောင်တရနေပြီ။ မလေးရှားတွင် အစိုးရက ဆန်ထက် ဒေသ ရာသီဥတုနှင့် ပထဝီအနေအထားအရ ပိုမိုသင့်လျော်သည့် ပို့ကုန်အဖြစ် ဆီစား အုန်းစိုက်ပျိုးခြင်းကို သွင်သွင်မောင်းခဲ့ကြ သည်။ ယခုအခါ နှစ်စဉ်အစားအစာ စရိတ်များ အလွန်ကြီးမြင့်လာသည့် အတွက် ဝန်ကြီးချုပ်အဗ္ဗဒူလာဘာဝါဒီက ဆာရာဝက်ခ်ဒေသတွင် စပါးစိုက်ခင်းကြီး များကို ဖန်တီးရန် ဒေါ်လာ ၁ဒသမ၃ ဘီလျံ အကုန်အကျခံမည့် စီမံချက်ကို မကြာမီက ထုတ်ပြန်ကြေညာခဲ့သည်။
ကမ္ဘာ့အကြီးဆုံး ဆန်တင်သွင်းသည့် နိုင်ငံဖြစ်သည့် ဖိလစ်ပိုင်ကပင် ယင်း၏ ကမ္ဘာ့ဈေးကွက်များအပေါ် မှီခိုရမှုကို ပြန် လည်သုံးသပ်လာနေရသည်။ စိုက်ပျိုးရေး အတွင်းဝန်က ၂ဝ၁၁ခုနှစ်အရောက်တွင် နိုင်ငံက ဆန်ဖူလုံမှုရအောင် မိမိကိုယ်တိုင် စိုက်ပျိုးနိုင်ရေးမှာ မဖြစ်မနေလုပ်ရမည့် အလုပ်ဟုဆိုသည်။ သို့သော် ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုတော့ လုပ်ရပေလိမ့်မည်။
စီးပွားရေးအင်အား မြန်မြန်ဆန်ဆန် ကြီးထွားလာနေသည့် တရုတ်နှင့်အိန္ဒိယက ကောက်ပဲသီးနှံ စားမာန်ခုပ်သူများဖြစ်လာ နေသည်။ တစ်ချိန်တည်းတွင် ပြည်တွင်း ထွက်နှုန်းများက ကျဆင်းလာနေသည်။ တရုတ်လယ်သမားများမှာ မိမိတို့လယ်မြေ ကို ဖွံ့ဖြိုးရေး ပရော့ဂျက်များအတွက် ဒေသခံကေဒါများ၏သိမ်းယူမှုကို စိုးရိမ် နေရသဖြင့် လယ်သမားအများစုက လယ် ယာမြေတိုးတက်မှု ကြီးကြီးမားမား ဘာမှ မလုပ်နိုင်ခဲ့ကြဟူ၍ ဆီတယ်လ်ရှိ ကျေး လက်ဒေသဖွံ့ဖြိုးရေးဌာန၏ဂုဏ်ထူး ဆောင်ဥက္ကဋ္ဌ ပရော့စတာမင်န်က ဆိုသည်။
အိန္ဒိယ၏ အမွဲတေဆုံးမိသားစု ၁၈ သန်း(လူဦးရေအားဖြင့် သန်း၁ဝဝကျော်) မှာလည်း သူတို့မှာ လယ်ယာမြေမဲ့များ ဖြစ်ကြ၍ အလားတူအဖြစ်ဆိုးနှင့်ကြုံနေရ သည်။ သူတို့က အဓိကအားဖြင့် လယ် ယာမြေလုပ်သားများ ဖြစ်ကြသည်။ ရာသီ ပေါ် လုပ်ငန်းလုပ်ပြီး နေ့စားလုပ်ခနှင့် အသက်မွေးဝမ်းကျောင်းပြုနေရသည်။ အစားအစာ ဈေးနှုန်းများ ခုန်ပျံတက်လာ သည့်အခါ သူတို့၏နေ့စားလုပ်ခက ကျ ဆင်းသွားသလိုဖြစ်လာရသည်။ ဒါက ငတ် မွတ်ဘေးအတွက် လမ်းခင်းပေးသလို ရှိနေ သည်။ ဗီယက်နမ်က အထင်ကရ ဆန် တင်ပို့ရောင်းချသည့် နိုင်ငံတစ်ခုဖြစ်လာ သည်။ ယင်း၏ လယ်သမားများကို လယ် ယာမြေ ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေးထားသည့် အကျိုးဆက်ကြောင့်ဟု မြင်နေကြသည်။
၃။ လူလတ်တန်းစားသစ်များ ထွက်ပေါ် လာခြင်း
ထွက်ပြူစဈေးကွက်များတွင် လူ လတ်တန်းစားသစ် ထွက်ပေါ်လာခြင်း ကြောင့် ပိုမိုကောင်းမွန်သည့် အစားအစာ နှင့် ပိုများများစားသုံးခြင်းဖြစ်လာသည်။ ဒါကလည်း စားနပ်ရိက္ခာရှားပါးမှုကို မီးထိုး ပေးသည်။
၎။ မြို့ပြနှင့်စက်မှုလုပ်ငန်း မြေနေရာ ချဲ့ထွင်လာမှု
မြို့ပြစီမံသူတို့က အစားထိုး ပြန်မရ နိုင်သည့် စိုက်ပျိုးမြေများကို ဖဲ့ယူပြီး မြို့ပြ နှင့် စက်မှုလုပ်ငန်းမြေအဖြစ် တည် ဆောက်ကြသည်။ မြို့များတည်ဆောက် ရာမှာလည်း ဟောင်ကောင်ပုံစံ အထက် သို့တက်ခြင်းထက် လော့စ်အိန်ဂျလိစ်ပုံစံ ဘေးသို့ချဲ့ကားသည့်နည်းကို အတုယူ တည်ဆောက်နေကြသည်။ နိုင်ငံတကာ စပါးသုတေသနဌာန၏အဆိုအရ ဗီယက် နမ်၊ ထိုင်းနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် မြို့ပြချဲ့ထွင်မှုနှင့်စက်မှုလုပ်ငန်းနေရာ တည်ဆောက်မှုအတွက် စိုက်ပျိုးမြေ ကောင်း ဟက်တာ ထောင်သောင်းချီပြီး နှစ်စဉ်ဆုံးရှုံးလျက်ရှိကြောင်းဆိုသည်။
၅။ ဘိုင်အိုလောင်စာဆီ စန်းပွင့်လာခြင်း
အနောက်နိုင်ငံတွင် လယ်သမားကိစ္စ စည်းရုံးဆော်ဩသူများက ပြောင်းမှရ သည့် အီသနော(Corn ethanol)နှင့် စပျစ်သီးစေ့(gapeseed)မှရသည့် ဘိုင် အိုဒီဇယ်စသည့် ‘ဘိုင်အိုလောင်စာများ’ (biofuels)ကို ထွေးပိုက်လာနေကြသည်။ အကျိုးဆက်မှာ စားသီးနှံများ စိုက်ပျိုးမြေ မှာ စွမ်းအင်ထုတ် သီးနှံစိုက်မြေများအဖြစ် အကြီးအကျယ် ပြောင်းလဲလာခြင်းပင်ဖြစ် သည်။ ဂျာမနီနှင့်ပြင်သစ်တွင် စိုက်ပျိုးမြေ ၁၅ရာခိုင်နှုန်းနှင့် အမေရိကန်တွင် ၂ဝရာ ခိုင်နှုန်း အသီးသီးပြောင်းလဲသွားသည်။

လူငယ်လူရွယ်နှင့်ကျန်းမာရေး

ဒေါက်တာအေးကျော်(ဇီဝကမ္မဗေဒ)
သွေးချို၊ ဆီးချိုရောဂါ ကုသမှု
M.B.,B.S, D.A Psychology, Dip.Med.Sc.Gp (Family Medicine), MPA: DAE.,
သွေးချို၊ ဆီးချိုရောဂါဟာ ဖြစ်ပွား မှုများတဲ့ ရောဂါတစ်ခုဖြစ်တာမို့ သွေး ချို၊ ဆီးချိုရောဂါဖြစ်လာရင် ဘယ်လို ကုသမှုတွေ လိုအပ်တယ်ဆိုတာ စာဖတ် သူများ ဗဟုသုတ ရစေချင်ပါတယ်။ ဆရာ့အနေနဲ့ သွေးချို၊ ဆီးချိုရောဂါရဲ့ ကုသမှုအပိုင်းကို ရှင်းပြပေးပါလား ခင်ဗျာ။
သွေးချို၊ ဆီးချို ကုထုံးကုနည်း မပြောခင်ပေါ့ဗျာ၊ သွေးချို၊ ဆီးချိုရောဂါ အမျိုးအစားနှစ်ခုအကြောင်းလေး နိဒါန်း ပျိုးချင်ပါတယ်။ သွေးချို၊ ဆီးချိုရောဂါမှာ အမျိုးအစား ၁နဲ့ အမျိုးအစား၂ဆိုပြီးရှိ တယ်။ အမျိုးအစား ၁ Type I diabe-ties mellitus ပေါ့။ Juvenile type လူ ငယ်လူရွယ်မှာဖြစ်တဲ့ သွေးချို၊ ဆီးချိုလို့ လည်း ခေါ်ကြတယ်။ အင်ဆူလင်ပေါ်မှီ တည်နေသော သွေးချို၊ ဆီးချို Insulin-dependent diabetes mellitus-IDDM လို့လည်း ခေါ်ကြပါတယ်။ အမျိုး အစား ၁ကို ကုသရာမှာ အင်ဆူလင်လိုလို့ ပေါ့ဗျာ။
နောက်တစ်မျိုးက အမျိုးအစား ၂။ Type II diabetes mellitus ပေါ့။ Adult type လူကြီးအမျိုးအစား နောက်တစ်မျိုး အင်ဆူလင်ပေါ် မှီတည်မှုမရှိသော သွေး ချို၊ ဆီးချို Non-insulin-dependent diabetes Mellitus-NIDDM လို့လည်း ခေါ်ပါတယ်။ ကုသရာမှာ သာမန်အားဖြင့် အင်ဆူလင် မလိုဘူးလို့ဆိုတဲ့သဘောပါ။
သွေးချို၊ ဆီးချိုရောဂါကုသရာမှာ (က)အစားအသောက် ထိန်းချုပ်မှုဖြင့် ကုသခြင်း(Diet alone)၊ (ခ)အစား အသောက်နဲ့သကြားဓာတ်ကျစေသော သောက်ဆေးများဖြင့် ကုသခြင်း(Diet and Oral hypogly cemic drugs ပေါ့။ (ဂ)အစားအသောက်နဲ့အင်ဆူလင်တွဲဖက် ကုသခြင်း(Diet and Insulin)။
အဲဒီကုသနည်းများရဲ့အကျိုး ရလဒ်တွေလည်း ပြောပြပေးပါဦး ခင်ဗျာ။
သွေးချို၊ ဆီးချို လူနာများရဲ့ ၅ဝရာ ခိုင်နှုန်းဟာ အစားအသောက် စားသုံးမှု ပြုပြင်ဆင်ခြင်ခြင်းနဲ့ပဲ ကုသလို့ရတယ်ဆို တာ တွေ့ရပါတယ်။ ၂ဝက ၃ဝရာခိုင်နှုန်း ကတော့ အစားအသောက်လည်း ဆင် ခြင်၊ သကြားကျစေတဲ့သောက်ဆေးတွေ လည်း သောက်ရတတ်ပါတယ်။ အဲဒီလို ၂ဝနဲ့ ၃ဝရာခိုင်နှုန်းလောက်က အစား အသောက်ဆင်ခြင်စားသုံးမှုနဲ့အင်ဆူလင် ထိုးဆေး လိုအပ်ကြပါတယ်။
ဒါနဲ့၊ ကြားဖြတ်ပြီး သိချင်တာလေး မေးပါရစေဦးခင်ဗျာ။ သွေးချို၊ ဆီးချို အတွက် အင်ဆူလင်ဟာ ထိုးဆေးသာရှိ ပြီး သောက်ဆေးမရှိတာ ဘာကြောင့်ပါ လဲဆရာ။
ဟုတ်ပါတယ်၊ အင်ဆူလင်ဟာ ဒီနေ့ အထိ ထိုးဆေးအနေနဲ့သာရှိပြီး သောက် ဆေးမထုတ်နိုင်သေးပါဘူး။ ဒါကတော့ အင်ဆူလင်ရဲ့တည်ဆောက်ပုံ သဘာဝ ကြောင့်ပါ။ အင်ဆူလင်ဟာ ပရိုတင်း တစ်မျိုးလို့ပြောနိုင်ပါတယ်။ အမိုင်နို အက်စစ်(Amino acid)တွေ ချိတ်တွဲပြီး တည်ဆောက်ထားတာပါ။ အင်ဆူလင်ကို သောက်ဆေးအဖြစ် သုံးစွဲရင် အာနိသင် ရနိုင်မှာမဟုတ်ပါဘူး။ ပရိုတင်းဖြစ်တဲ့ အင် ဆူလင်ကို အစာအိမ်နဲ့အူလမ်းကြောင်းက ချေဖျက်ပစ်လိုက်ကြမှာပါ။ ဒါကြောင့် အင်ဆူလင်ကို သောက်ဆေးအဖြစ် သုံး မရဘဲ ထိုးဆေးအဖြစ်သာ သုံးနေရဆဲပါ။ သုတေသနပညာရှင်များကတော့ အင်ဆူ လင်ကို နှာခေါင်းတွင်းဖျန်းဆေး(Nasal Spray)အဖြစ် ထုတ်လုပ်ဖို့ ကြိုးပမ်းနေကြ ပါတယ်။ အစာလမ်းကြောင်းက ချေဖျက် မှုကို ကာကွယ်ပေးနိုင်အောင် ဆောင်ရွက် နိုင်ရန်လည်း အင်ဆူလင်သောက်ဆေးဆို တာ ပေါ်ပေါက်လာမှာပါ။
ဟုတ်ကဲ့ပါ ဆရာ။ အစား အသောက်ဆင်ခြင်ရုံနဲ့ သွေးချို၊ ဆီးချို ရောဂါကို ထိန်းချုပ်ကုသနိုင်တယ်လို့ ဆရာပြောခဲ့ပါတယ်။ ဘယ်လိုစား သောက်ရမလဲဆိုတာလမ်းညွှန်ပေးပါဦး။
အသေးစိတ် ပြောဖို့တော့ ခက်ပါ လိမ့်မယ်။ သွေးချို၊ ဆီးချိုကာကွယ်ဖို့ အဓိကက သကြားဓာတ်ပါတဲ့အစားအစာ တွေ ရှောင်ရပါမယ်။ လွယ်လွယ်ပြောရ ရင် အချိုတွေ အရမ်းမစားသင့်ပါဘူး။
စွမ်းအင်လိုအပ်ချက် လုံလောက် အောင်စားသုံးဖို့တော့ အရေးကြီးပါတယ်။ လူတစ်ယောက် စွမ်းအင်ဘယ်လောက်လို သလဲဆိုတာက အသက်၊ ကျား၊ မ၊ ကိုယ် ခန္ဓာအလေးချိန်၊ နေထိုင်သွားလာလှုပ်ရှား မှုပုံစံ၊ အလုပ်အကိုင် စတဲ့အချက်တွေ ထည့်သွင်းစဉ်းစားပြီးမှ အတိအကျပြောနိုင် မှာပါ။ အကြမ်းပြောရရင် မိမိအတွက်လို အပ်တဲ့စွမ်းအင် လုံလုံလောက်လောက်ရဖို့ လိုအပ်ပါတယ်။ အဆီအဆိမ့်ကို အလွန် အကျွံ မစားသုံးမိအောင်လည်း ဂရုစိုက် ဆင်ခြင်ရပါမယ်။ အကောင်းဆုံးက မိမိမှာ သွေးချို၊ ဆီးချိုရောဂါရှိရင် ဘာစားသင့် သလဲဆိုတာ အာဟာရ ကျွမ်းကျင်ပညာ ရှင်များနဲ့ဆွေးနွေးတိုင်ပင်ပြီး အကြံပြုချက် ရယူသင့်ပါတယ်။ ထူးထူးခြားခြားလေး ပြောချင်တာတစ်ခုတော့ရှိပါတယ်။ အစား အစာ စားသုံးရာမှာ အမျှင်ဓာတ်(Fibre) ကြွယ်ဝတဲ့အစားအစာတွေ ပိုမိုစားသုံးသင့် တယ်။ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေ အထူးသဖြင့် သကြားဓာတ်နည်းတဲ့ အသီး အနှံ၊ ဟင်းသီးဟင်းရွက်တွေ ပိုပြီးစားဖို့လို အပ်ပါတယ်။ အစားအသောက်နဲ့ပတ် သက်ရင် ဂရုစိုက်စရာတချို့ ရှိသေးတယ်။ ဆားလျှော့စားသင့်တယ်။ နောက်ပြီး အရက်အလွန်အကျွံ မသောက်သင့်ဘူး။ ဒါတွေလည်း အရေးကြီးပါတယ်။ အချို ကြိုက်ရင် သွေးချို၊ ဆီးချိုသမားများ အတွက် အချိုဓာတ်ဖြစ်စေတဲ့ Sweeteners တွေ သုံးနိုင်ပါတယ်ဗျာ။
အင်ဆူလင် ဟော်မုန်းအကြောင်း လည်း သိပါရစေဦး။
အင်ဆူလင်က ခန္ဓာကိုယ်မှာ ပန်ကရိ ယ(Pancreas)ဂလင်းက ထွက်တယ်။ သဘာဝက ပရိုတင်း။ အင်ဆူလင်က သွေးထဲမှာရှိတဲ့သကြားဓာတ်၊ ဂလူကို့စ်ကို ကလာပ်စည်းထဲ ဝင်ရောက်စေတယ်။ ဇီဝ ဓာတုဖြစ်စဉ်မှာ ဂလူးကို့စ်ကို အသုံးပြု အောင် အားပေးတယ်။ ဒါကြောင့် အင်ဆူ လင်က သွေးမှသကြားဓာတ်ကျအောင် ဆောင်ရွက်ပေးနိုင်တာ။ အင်ဆူလင်ဓာတ် ချို့တဲ့ရင် သွေးမှာ သကြားဓာတ်များလာ ပြီး သွေးချို၊ ဆီးချိုရောဂါဖြစ်လာတာပေါ့ ဗျာ။ ဒါကြောင့်လည်း သွေးချို၊ ဆီးချို ရောဂါမှာ အင်ဆူလင်ကို ထိုးဆေးအဖြစ် အသုံးပြုကြရတာပါ။ အမျိုးအစား၁ သွေး ချို၊ ဆီးချို(Type I, Juvenile Type, IDDM) မှာက ခန္ဓာကိုယ်က အင်ဆူလင် လုံလောက်အောင် မထုတ်နိုင်ဘူး။ဒီတော့ အင်ဆူလင်ကို ပြင်ပနေ ဆေးအဖြစ် ထိုး သွင်းပေးရတယ်။
ဆေးဘယ်လိုမှီဝဲသင့်တယ်ဆိုတာ ကတော့ ဆေးပညာရှင်ဆရာဝန်တွေရဲ့ လမ်းညွှန်မှာကြားချက်အတိုင်း မှီဝဲသုံးစွဲရ မှာဖြစ်ပါတယ်။ အခုပြောခဲ့တာက ဆေးနဲ့ ပတ်သက်ပြီး ဗဟုသုတရရုံလေးပါ။ သွေး ချို၊ ဆီးချိုဆေးဝါးများကိုတော့ ဆရာဝန်ရဲ့ ညွှန်ကြားချက်ရှိမှသာ သုံးစွဲကြရမှာပါ။ ညွှန်ကြားမှုကိုလည်း အတိအကျလိုက်နာ ဖို့ လိုအပ်ပါတယ်။

လုပ်နိုင်မှ အဓိဋ္ဌာန်ပြုပါ

လူထုစိန်ဝင်း
မကြာသေးမီတစ်ညက ကျောင်း သား၊ ကျောင်းသူဟောင်း ဇနီးမောင်နှံ လာရောက်နှုတ်ဆက်ပါတယ်။ ဗိုလ်တ ထောင်ဘုရားကအပြန် ဝင်လာကြ တာလို့ ပြောပါတယ်။ ထူးထူးဆန်း ဆန်း ဘုရားတွေ၊ ဘာတွေ သွားလို့ပါ လားလို့ပြောလိုက်တော့ တပည့် ကျောင်းသားဟောင်းက ဘုရားသွား ပြီးသစ္စာဓိဋ္ဌာန်ပြုတာပါလို့ဖြေပါတယ်။ ပြီးတော့ တစ်ဆက်တည်း ဘီယာ မသောက်တော့ပါဘူးလို့ အဓိဋ္ဌာန်ပြု တာပါလို့ မလုံမလဲမျက်နှာလေးနဲ့ ပြောလိုက်ပါတယ်။
‘ဘုရားကိုလိမ်တာ ဒါနဲ့ပါဆို အကြိမ်၂ဝလောက်ရှိပြီဆရာ၊ အလ ကားပါ၊ သူ့အဓိဋ္ဌာန်က ဘယ်တော့မှ တစ်ပတ်ပြည့်အောင် မခံပါဘူး’
တပည့်မ ကျောင်းသူဟောင်းက တပည့်ရဲ့ ‘အိုးစရည်း’ လောက် ရှိနေ ပြီဖြစ်တဲ့ ဝမ်းဗိုက်ကြီးကို လက်ညိုးထိုး ရင်း ဝင်ပြောလိုက်ပါတယ်။
‘အမယ်၊ ဒီတစ်ခါ တကယ်ပါ၊ စောင့်ကြည့်နေ’
‘စောင့်ကြည့်ရင် မျက်စိညောင်းရုံ ရှိတော့မှာပေါ့။ မကြည့်ပါဘူး’
တပည့်နှစ်ယောက် အချီအချ ပြောနေကြတာကိုကြည့်ပြီး ပြုံးနေမိ တယ်။ ဘာမှတော့ ဝင်မပြောဖြစ်ပါ ဘူး။ သူတို့အလုပ်အကိုင်အကြောင်း ကိုသာ မေးလိုက်ဖြစ်တယ်။ နှစ် ယောက်လုံးက ဆရာဝန်တွေပါ။ အသက်တွေလည်း ငယ်ကြတော့တာ မဟုတ်လေတော့ ဆုံးမစကားတွေ ဘာတွေပြောနေဖို့ မလိုတော့ပါဘူး လေ။ ပညာတတ်တွေပဲ ဟော့ဟော့ ရမ်းရမ်းတော့ဖြစ်မှာမဟုတ်ပါဘူးလို့ စိတ်ချယုံကြည်ထားပါတယ်။
သူတို့မောင်နှံပြန်သွားကြတော့ စောစောကပြောခဲ့တဲ့ ‘သစ္စာအဓိဋ္ဌာန်’ ဆိုတဲ့အကြောင်းကို ဆက်ပြီးတွေးနေ မိတယ်။ လူတော်တော်များများမှာ ဒီ အလေ့အထရှိတတ်ကြပါတယ်။ နှစ် တစ်နှစ် ကုန်ဆုံးလို့ နှစ်သစ်တစ်ခု ရောက်တဲ့အခါမျိုးဖြစ်စေ၊ ကိုယ့်မွေး နေ့အချိန်အခါ ရောက်တဲ့အခါမျိုးမှာ ဖြစ်စေ သစ္စာဓိဋ္ဌာန်တစ်မျိုးမျိုးလုပ် လေ့ရှိကြတယ်။ အထူးသဖြင့် မြို့သား ပညာတတ်အလွှာတွေမှာ ခေတ်စား တယ်။ နှစ်သစ်ကူးပွဲတို့၊ မွေးနေ့ပွဲတို့ ဆိုတာမျိုးကို အစဉ်အလာအားဖြင့် မြန်မာလူမျိုးများကလုပ်လေ့လုပ်ထ မရှိကြပါဘူး။
အဲဒီလိုမြို့သားတွေ လုပ်တတ် ကြတဲ့ သစ္စာအဓိဋ္ဌာန်ဆိုတာမျိုးဟာ ဘယ်လောက်ကြာကြာခံတတ်ကြ သလဲ။ တစ်ပတ်လား၊ ဆယ်ရက်လား၊ တစ်လလား။ သေချာတာကတော့ အဓိဋ္ဌာန်ပြုခဲ့တဲ့အတိုင်း တစ်နှစ်ပတ် လုံး မပျက်မကွက်လိုက်နာလုပ်ဆောင် နိုင်သူတစ်ယောက်တလေရှိဖို့တောင် မလွယ်ဘူးဆိုတာဖြစ်တယ်။ ဘာ့ ကြောင့် တစ်ယောက်တလေတောင်ရှိ ဖို့ ခက်တာလဲ။ ရှည်ရှည်ဝေးဝေးစဉ်း စားနေဖို့မလိုပါဘူး။ ကိုယ့်ဘာသာ ကိုယ် ပြန်ဆန်းစစ်ကြည့်ရုံနဲ့သိနိုင်ပါ တယ်။ လူတိုင်းဟာ ဘယ်အခါမဆို အကောင်းဆုံးကိုသာ စဉ်းစားလေ့ရှိ တယ်။ ဖြစ်နိုင်တာနဲ့လုပ်နိုင်တာကို စဉ်းစားလေ့မရှိပါဘူး။ ကျောင်းသား က တစ်နေ့ကို ၅နာရီမပျက်မကွက် နေ့တိုင်းစာကျက်မယ်လို့ အဓိဋ္ဌာန်ပြု တယ်။ ဒါပေမဲ့ လက်တွေ့ကျတော့ ကျောင်းချိန်၊ ကျူရှင်ချိန်နဲ့အချိန် အများကြီး ကုန်နေရတာကြောင့် ၂နာရီ၊ ၃နာရီတောင် အနိုင်နိုင် ကျက်ရပါတယ်။
လခစားဝန်ထမ်းကလည်း ရရ စားစား မဖြစ်ရလေအောင် တစ်လကို ဘယ်လောက်သုံးပြီး ဘယ်လောက် စု မယ်လို့ အဓိဋ္ဌာန်ပြုခဲ့တယ်။လက်တွေ့ ကျတော့ မစုနိုင်ခဲ့ဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ စကတည်းက လုပ်နိုင်တာ၊ ဖြစ်နိုင်တာကို မစဉ်းစားဘဲ ကိုယ့်စိတ် ထဲ လုပ်ချင်တာ၊ ဖြစ်ချင်တာကိုသာ စဉ်းစားခဲ့တာကိုး။ ဘယ်အရာမဆို ကာလ၊ ဒေသ၊ ပယောဂအပေါ်မှီပြီး ဖြစ်ကြ၊ ပျက်ကြရပါတယ်။ ဘာလုပ် လုပ် ဒီအချက်သုံးချက်ကို ထည့်သွင်း စဉ်းစားဖို့လိုပါတယ်။
အဓိဋ္ဌာန် ခဏခဏ ကျိုးပေါက် တာဟာ ပတ်ဝန်းကျင်ရဲ့ အထင်သေး ပြက်ရယ်ပြုမှုကို ခံရစေရုံမက ကိုယ့် ကိုယ်ကိုယ်လည်း ယုံကြည်မှုလျော့ရဲ စေပါတယ်။ နောက်ပြီးတော့ ဘာမဆို ပြီးပြီးရော ပြောတတ်၊ လုပ်တတ်တဲ့ အကျင့်ဆိုးကို ရစေတယ်။ ကိုယ့်ကိုယ် ကိုယ်တောင် ယုံကြည်စိတ်ချမှုမခိုင်မာ တဲ့လူမျိုးကို တခြားဘယ်သူက လာပြီး ယုံကြည်စိတ်ချတော့မှာလဲ။ ယုံကြည် စိတ်ချမှုဆိုတာ လူတစ်ယောက်ရဲ့ တန်ဖိုးဖြစ်တယ်။ အောင်မြင်မှုရဲ့ သော့ချက်လည်ြး ဖစ်တယ်။
တစ်ခုခုလုပ်တော့မယ်ကြံရင်၊ တစ်ခုခုဆုံးဖြတ်တော့မယ်စိတ်ကူးရင် ကိုယ့်လုပ်နိုင်စွမ်းရှိတာရဲ့အနိမ့်ဆုံးက စတင်ပါ။ ဒါမှ မပျက်မကွက် သေချာ ပေါက်လုပ်နိုင်မှာဖြစ်တယ်။ ဥပမာ- ည၁၂နာရီထက်ကျော်ပြီး နေနိုင်စွမ်း မရှိသူဟာ ညစဉ် ၁၂နာရီထိ စာကျက် မယ်လို့အဓိဋ္ဌာန်ပြုမယ့်အစား ည ၁၁ နာရီထိ စာကျက်မယ်လို့ပဲ အဓိဋ္ဌာန်ပြု သင့်တယ်။ ဒါဆိုရင် အဓိဋ္ဌာန်ပြုတဲ့ အတိုင်း လုပ်ဖြစ်မှာသေချာတယ်။ ဒီ နည်းနဲ့ကိုယ့်ကိုယ်ကိုယ်စိတ်ချယုံကြည် မှု အားကောင်းစေလိမ့်မယ်။ ဘေးပတ် ဝန်းကျင်ရှိ လူများကလည်း ကိုယ့်ကို စိတ်ချယုံကြည်မှုတိုးလာစေနိုင်ပါတယ်။
မလုပ်နိုင်တဲ့အဓိဋ္ဌာန်မျိုး ဘယ် တော့မှ မချပါနဲ့။ လုပ်ရဲတဲ့သတ္တိ မရှိ ဘဲ ဘယ်တော့မှမခြိမ်းခြောက်ပါနဲ့။ အပြောသာရှိပြီး အလုပ်မဖြစ်တဲ့ လူမျိုးကို ဘယ်သူကမှ အလေးမထား ပါဘူး၊ အထင်မကြီးပါဘူး။ ‘ဆိုခဲစေ မြဲစေ’ ဆိုတဲ့စကားကို သတိချပ်သင့် တယ်။ ပြောရင် ပြောတဲ့အတိုင်းလုပ် တဲ့လူမျိုးကိုမှ လူလေးစားပါတယ်။ မလုပ်နိုင်ဘူးထင်ရင် အစကတည်းက ဘာအဓိဋ္ဌာန်မှမချပါနဲ့။ နှစ်သစ်တစ်ခါ ကူးတိုင်း၊ မွေးနေ့တစ်ကြိမ်ရောက်တိုင်း အဓိဋ္ဌာန်တွေချရမယ်လို့ ဥပဒေသတ် မှတ်ထားတာမရှိပါဘူး။ အဓိဋ္ဌာန်ပြုတဲ့ အတိုင်း မလုပ်နိုင်လို့ လူအထင်သေး ခံ၊ ပြက်ရယ်ပြုခံရတာထက်တော့ စ ကတည်းကိုက ဘာအဓိဋ္ဌာန်မှမချဘဲ ပေါ့ပေါ့ပါးပါးနေလိုက်တာကပိုကောင်း ပါတယ်။ လူတိုင်းလုပ်လို့၊ ထုံးစံရှိလို့ဆို တိုင်း လိုက်လုပ်စရာမလိုပါဘူး။ ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှ၊ ကိုယ်တိုင်ဆန္ဒ ရှိမှ၊ အမှန်တကယ်လည်း စွမ်းဆောင် နိုင်မှလုပ်တာ အကောင်းဆုံးပါပဲ။ ခက် တာက လူတွေဟာ သူများလုပ်သလို လိုက်လုပ်မှ ခေတ်မီတယ်လို့ ထင်နေ ကြတာဖြစ်တယ်။

ကမ္ဘာ့ခေါင်းဆောင်များ တင်ပြပြောဆိုသည့် ‘ကမ္ဘာကြီးကို ဘယ်လိုကျွေးမှာလဲ’ How to Feed the World

ဦးလှမြင့်(မားကက်တင်း)
ရောဘတ်ဇိုလစ်ခ်(Robert Zoellick)
ကမ္ဘာ့ဘဏ်အုပ်စု ဥက္ကဋ္ဌ
ယနေ့ကာလမှာ လူသန်း ၂ဝဝဝကျော် တို့အတွက် အစားအစာ ဈေးနှုန်းမြင့်တက်မှု က နေ့စဉ် ရုန်းကန်နေရမှု၊ အသက်ရှင်နေ ထိုင်မှုရဲ့ အရေးအရာဖြစ်နေပါတယ်။ လတ် တလော စားနပ်ရိက္ခာအကျပ်အတည်းက လူ သန်း၁ဝဝ ကို ဆင်းရဲတွင်းနက်သည်ထက် နက်အောင် တွန်းပို့နိုင်မယ်လို့ ကျွန်ုပ်တို့ခန့် မှန်းတယ်။ ဒါဟာ ကမ္ဘာတစ်ဝန်း ဆင်းရဲမွဲ တေမှုကို ကျော်လွှားနိုင်ဖို့ ကျွန်ုပ်တို့ရဲ့ကြိုးပမ်း မှုများက ၇နှစ်လောက် အဟောသိကံ ဖြစ် သွားရတယ်ဆိုတဲ့ သဘောပါပဲ။
အလှူရှင်နိုင်ငံများက ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ်(WFP)ရဲ့ အရေးပေါ်လိုအပ် ချက်များကို ဖြည့်ဆည်းရန် ဒေါ်လာ၇၅၅ သန်းလောက် လိုအပ်မယ်လို့ တောင်းဆိုထား တဲ့အပေါ် ယခုပဲ လုပ်ဆောင်ရမယ်။ ယင်း ငွေကြေးမရရှိပါလျှင် လူအချို့ ငတ်ပြီး သေရ ပါလိမ့်မယ်။ အစားအစာနှင့်ပတ်သက်တဲ့ အဓိကရုဏ်းများ ပိုမိုများပြားလာပြီး နိုင်ငံ ရေးမငြိမ်သက်မှု ရှိလာပါလိမ့်မယ်။ ထိုသူများ အတွက် နိုင်ငံတကာစနစ်က ကျဆုံးမှုကို ပြသတဲ့အသွင်ဆောင်တယ်။
ဒီနေရာမှာ ပိုပြီး ကြီးမားတဲ့စိန်ခေါ်မှု တစ်ရပ်ရှိနေတယ်။ ဒါကတော့ နှစ်စဉ် ကလေး ၃ဒသမ၅သန်း သေဆုံးခြင်းရဲ့ အကြောင်းရင်းခံဖြစ်တဲ့ ဆာလောင်မွတ်သိပ် ခြင်းနှင့်အာဟာရဓာတ်ချို့တဲ့မှုကို ကျော်လွှား နိုင်ရေးပဲဖြစ်တယ်။
နိုင်ငံ၁၅ဝကျော်မှ ဝန်ကြီးများက ကမ္ဘာ လုံးဆိုင်ရာ စားနပ်ရိက္ခာပေါ်လစီ(Global Food Policy)အတွက်သဘောတူညီမှု အသစ် တစ်ရပ် အတည်ပြုချက်ပေးထားတယ်။ ကျွန် တော်တို့က ဒီစာသားတွေကို လက်တွေ့လုပ် ဆောင်မှုအဖြစ် ပြောင်းပေးရမယ်။ သဘော တူညီချက်သစ်က ကာလတိုနှင့်ကာလရှည် လုပ်ဆောင်သွားဖို့လိုလိမ့်မယ်။ ယင်းတို့အထဲ တွင် ကျောင်းတွင်းအာဟာရဓာတ် ကျွေးမွေး ခြင်းအလုပ်အတွက် အစားအစာ ဖူလုံရေး ကွန်ရက်များကို ထောက်ပံ့ခြင်း၊ လယ်ယာ ထွက်ကုန်များတိုးတက်ထုတ်လုပ်ခြင်း၊ ဘိုင်အို လောင်စာများရဲ့အကျိုးဆက်ကို ပိုမိုသိရှိရေး၊ ပုံပျက်စေတဲ့ အမတော်ကြေး ငွေပေးမှုများ၊ လိမ်လည်မှုများ၊ ပို့ကုန်တားမြစ်ချက်များနှင့် ကုန်သွယ်ရေးအဟန့်အတားများကို လျော့ နည်းကျဆင်းအောင် ကုန်သွယ်ရေးမျက်နှာ စာမှာ လုပ်ဆောင်ရေးများ ပါဝင်တယ်။
ကျွန်တော်တို့အနေနှင့် ကမ္ဘာ့ဘဏ် အုပ်စု(The World Bank Group)က ဒီနှစ်မှာ အာဖရိကသို့ လယ်ယာစိုက်ပျိုးရေး ချေးငွေ နှစ်ဆတိုးပြီး ဒေါ်လာသန်း၈ဝဝ ထုတ်ချေးဖို့ လုပ်နေတယ်။ မိတ်ဖက်အဖွဲ့အစည်းများနှင့် ကျွန်တော်တို့က အာဖရိက ဆာဟာရအပိုင်း မှာ ‘မြစိမ်းရောင် တော်လှန်ရေး’ ဖန်တီးနိုင် ရေးအတွက် လုပ်ဆောင်နေတယ်။ နိုင်ငံများ ကို ကုန်ထုတ်လုပ်စွမ်းရည်တိုးတက်ဖို့နှင့် လယ်ယာမြေ အနည်းအကျဉ်းလောက်ပိုင် ဆိုင်တဲ့လယ်သမားများကို ဆင်းရဲမွဲတေမှု သံသရာက ကျွတ်လွတ်အောင် ကူညီပေး လျက်ရှိတယ်။
ဒီအရေးကိစ္စက နိုင်ငံတကာ ဝိုင်းဝန်း လုပ်ဆောင်မှုအတွက် အသက်ရှင်ရေးကိစ္စ တွေပဲဖြစ်တယ်။ ပထမဆုံးကတော့ အလှူရှင် နိုင်ငံများက ဒေါ်လာ၇၅၅သန်းလောက်ရ အောင် အဆောတလျင် လုပ်ဆောင်ရမှာဖြစ် တယ်။ကမ္ဘာက ဒါကိုလုပ်နိုင်ပါတယ်။ ဆင်းရဲ ပြီးငတ်မွတ်နေသူတွေက မလုပ်နိုင်ကြပါဘူး။
ဂေါဒွန်ဘရောင်း(Gordon Brown)
ဗြိတိသျှဝန်ကြီးချုပ်
လူ ၂၅ဝဝဝလောက်က နေ့စဉ်ငတ်မွတ် ခြင်းနှင့်ဆက်နွှယ်နေတဲ့အကြောင်းရင်းခံများ ကြောင့် သေဆုံးနေရတယ်။ အစာရေစာ အတွက် ကုန်ကျစရိတ်က ဆင်းရဲတဲ့မိသားစု တစ်ခု အသုံးစရိတ်ရဲ့ထက် တစ်ဝက်ကျော် နေလာတဲ့အခါ ကုန်ဈေးနှုန်းမြင့်တက်မှုများ က မဝရေစာစားသောက်နေထိုင်နေရတဲ့ သန်းပေါင်းများစွာသောသူတွေအတွက် တကယ့်ကို ကြေကွဲစရာပဲဖြစ်တယ်။
ဒီမိသားစုများ ရင်ဆိုင်နေရတဲ့ ရေတို၊ ရေရှည်ပြဿနာများကို ဖြေရှင်းနိုင်ဖို့ရာ ထိပ် တန်းကျွမ်းကျင်သူများ၊ သိပ္ပံပညာရှင်များ၊ စားသောက်ကုန်ထုတ်လုပ်သူများ၊ လက်လီ ရောင်းချသူများပါဝင်တဲ့ အစည်းအဝေးပွဲ တစ်ရပ်ကို ဒေါင်းနင်းလမ်းမှာ ကျွန်တော် ကမကထ ပြုလုပ်ကျင်းပပေးခဲ့ပါတယ်။
UK က အစားအသောက် ကုန်ဈေးနှုန်း ဖောင်းပွမှုကြောင့် အထိအနာဆုံးဖြစ်ခဲ့ရတဲ့ နိုင်ငံများကို ချက်ချင်းအထောက်အပံ့ပေးဖို့ ပေါင်သန်း၃ဝနှင့် ဝင်ငွေတိုးတက်ရရှိရေး အတွက် နောက်ထပ် ပေါင်၂၅သန်းကို ထုတ် ပေးဖို့ ကတိကဝတ်ပြုခဲ့ပြီးဖြစ်တယ်။
သို့ပေမဲ့ ကမ္ဘာက တကယ်လိုနေတာက နိုင်ငံတကာ အသိုင်းအဝန်းမှ အပြည့်အဝ ညှိနှိုင်းမှုနှင့်နှစ်မြှုပ်ဆောင်ရွက်မှုပဲဖြစ်တယ်။ ပေါ်ထွက်လာနေတဲ့ ဒီကပ်ဘေးကြီးကို ကမ္ဘာ နှင့်ချီပြီး တုံ့ပြန်ဆောင်ရွက်ဖို့ပဲဖြစ်တယ်။ ပြီး ခဲ့တဲ့လက ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် ဘန်ကီမွန်းက ကုလသမဂ္ဂအမြင့် ဆုံးအဆင့်မှာ ဒီအရေးကိစ္စဆောင်ရွက်ဖို့ လုပ် ငန်းအဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာခဲ့တယ်။ ကမ္ဘာ့ဘဏ်ကလည်း အကူအညီပေးဖို့ ကတိ ကဝတ်ပြုထားပါတယ်။ ဒါတွေက အရေးကြီး တဲ့ခြေလှမ်းများပဲဖြစ်တယ်။ G8 အဖွဲ့ဥက္ကဋ္ဌ ဖြစ်တဲ့ ဂျပန်ဝန်ကြီးချုပ် ယာစုအိုဖူကူဒါကို ကမ္ဘာ့ဘဏ်၊ IMF နှင့် UN တို့နှင့် ပူးပေါင်းပြီး စီမံချက်တစ်ရပ် ထုတ်ဖော်ပေးဖို့ တောင်းဆို ထားပါတယ်။
အဆင်းရဲဆုံးနိုင်ငံများမှာ လယ်ယာ ထုတ်ကုန်တိုးတက်ထုတ်လုပ်ရေးအတွက် ကျွန်တော်တို့မြစိမ်းရောင် တော်လှန်ရေးတစ် ရပ် လိုအပ်ပါတယ်။ ဒါ့အပြင် အထွက်နှုန်း တိုးတဲ့၊ ရာသီဥတုဒဏ်ခံနိုင်တဲ့ ကောက်နှံများ အတွက် သုတေသနနှင့် ထောက်ပံ့မှုလိုအပ် ပါတယ်။ ဇီဝလောင်စာများ(biofuels)ရဲ့ အစားအစာအပေါ်နှင့် ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုကို သိရှိရေးအတွက် ဇီဝလောင်စာများအရေး သုံးသပ်မှုလည်းလို အပ်ပါတယ်။
အစားအစာတင်သွင်းစရိတ် ကြီးမြင့်မှု ဒဏ်ကို ခံစားနေရတဲ့နိုင်ငံများအတွက် IMF နှင့် ကမ္ဘာ့ဘဏ်မှ ကျွန်တော်တို့အကူအညီ အလျင်အမြန်ရယူဖို့လိုပါတယ်။ ဇူလိုင်လ အတွင်း G8 အစည်းအဝေးချိန်ရောက်တဲ့ အခါ ဆင်းရဲတဲ့နိုင်ငံများမှာ အစာရေစာထုတ် လုပ်မှုတိုးစေဖို့ ချမ်းသာတဲ့နိုင်ငံဈေးကွက်သို့ လမ်းဖွင့်ပေးမယ့်၊ အမတော်ကြေးများကို ဖြတ်တောက်မယ့် သဘောတူညီချက်ရရှိဖို့ ရှိ ပါတယ်။
မိုဟာမက်ယူနွတ်စ်
(Mohammad Yunus)
ဂရာမင်းဘဏ် မန်နေဂျင်းဒါရိုက်တာ
လတ်တလောအကျပ်အတည်းက ‘ယာ ယီ’ ဖြစ်လိမ့်မှာမဟုတ်ဘူးလို့ ညွှန်းဆိုချက် အားလုံးက ပြသနေပါတယ်။ ခိုင်မာတဲ့ကမ္ဘာ လုံးဆိုင်ရာ လုပ်ဆောင်ချက်များ ချက်ချင်း လုပ်ဆောင်မှုမရှိရင် အကျပ်အတည်းက ပိုမို နက်ရှိုင်းလာပြီး အခြားဘက်တွေကိုပါ ဦး တည်ကျယ်ပြန့်သွားပါလိမ့်မယ်။
ရေနံစိမ်းဈေးနှုန်းက မကြုံဖူးတဲ့အဆင့် အထိ မြင့်တက်လာမှု၊ မိုးခေါင်ရေကြီးမှုနှင့် ဆိုင်ကလုန်းမုန်တိုင်းများ ပြင်းထန်လာစေတဲ့ ရာသီဥတုပြောင်းလဲမှုများ၊ ဘိုင်အိုလောင်စာ များ တိုးပြီး ရေပန်းစားလာမှုနှင့်ကမ္ဘာ့အရန် စားနပ်ရိက္ခာ ကုန်ခန်းလာမှုစသည် အားလုံး ပေါင်းဆုံပြီး လက်ရှိစားနပ်ရိက္ခာပြတ်လပ်မှု နှင့် ငွေကြေးဖောင်းပွမှုကို ဖြစ်စေတာပဲဖြစ် တယ်။ ကမ္ဘာ့လူဦးရေရဲ့တစ်ဝက်နီးပါးမျှဖြစ် စေတဲ့ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှာ ဆင်းရဲမွဲတေမှု ကျ ဆင်းလာခြင်းက ပိုပြီးချမ်းသာလာတဲ့သူများ အကြားမှာ ကောက်ပဲသီးနှံစားသုံးမှုကို ပိုမို မြင့်မားစေပြီး ကုန်ဈေးနှုန်းများကို မြင့်တက် စေပါတယ်။ ဒါတွေက ဆင်းရဲသားထု၊ အထူး သဖြင့် ဆင်းရဲတဲ့ကလေးထုကိုအကြီးအကျယ် အထိနာစေပါတယ်။
လိုအပ်တဲ့နိုင်ငံများအတွက် စားနပ် ရိက္ခာနှင့်ဘဏ္ဍာငွေကြေးထောက်ပံ့မှုရရှိဖို့ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းစီမံချက်တစ်ခုကို ချက်ချင်းချပြလုပ်ဆောင်ရမှာဖြစ်တယ်။ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ ဘဏ်တစ်ခု ထူထောင်ရေးအိုင်ဒီယာကိုလည်း အလေး အနက်လေ့လာစူးစမ်းသင့်တယ်။ ဒီကြိုးပမ်းမှု မှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ်က ဦးဆောင်သင့်ပါတယ်။ ကုလသမဂ္ဂ အေဂျင်စီများဖြစ်တဲ့ WFP, FAO, IFAD နှင့် UNICEF ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးဘဏ်များ၊ သုတေသနအဖွဲ့များ၊ပုဂ္ဂလိကအစားအစာနှင့် ကောက်ပဲသီးနှံရောင်းဝယ်ရေးကုမ္ပဏီများကို စီမံချက်ရေးဆွဲပြင်ဆင်မှုနှင့်အကောင်အထည် ဖော်မှုမှာ ထည့်သွင်းသင့်ပါတယ်။ ဘုံရည် မှန်းချက်များကို သတ်မှတ်သင့်ပါတယ်။ သို့ မှသာ အားလုံးကမှန်ကန်တဲ့ဦးတည်ချက်နှင့် အလျင်အမြန် လှုပ်ရှားနိုင်မှာဖြစ်တယ်။
လယ်ယာစိုက်ပျိုးရေးမှာ မြစိမ်းရောင် တော်လှန်ရေးပုံစံမျိုး နည်းပညာထွင်းဖောက် အောင်မြင်မှုရရှိရေး အားပေးဖို့ရာအတွက် ကာလရှည်ငွေကြေးရန်ပုံငွေနှင့်နိုင်ငံရေးဆိုင် ရာ လမ်းညွှန်မှုပေးရပါမယ်။ ယခုအချိန်က ချမ်းသာတဲ့နိုင်ငံများက ကုန်သွယ်ရေးမှာ ပုံ ပျက်ပန်းပျက်ဖြစ်စေတဲ့ စိုက်ပျိုးရေး အမ တော်ငွေထုတ်ပေးမှုကို အဆုံးသတ်ဖို့ဦးဆောင် လုပ်ရမှာဖြစ်တယ်။
ရေနံဈေးနှုန်းများ မြင့်တက်လာမှုက အစားအသောက်ကုန်ဈေးနှုန်းများ မြင့်တက် မှုမှာ အရေးပါပါတယ်။ ဆက်လက်ပြီးလည်း ဒီအတိုင်းဖြစ်နေဦးမှာဖြစ်တယ်။ ရေနံဈေး နှုန်းများနှင့်ဆက်နွှယ်ပြီးဖြစ်လာတဲ့ ဒီလိုမျိုး အကျပ်အတည်းအတွက် ကျွန်တော်တို့အဖြေ ရှာဖို့ လိုအပ်ပါတယ်။ နိုင်ငံတစ်ခုချင်းစီရဲ့ ရေနံအတွက် ကုန်ကျငွေက တစ်နေ့တခြား မြင့်မားလာနေပါတယ်။ ဒါကြောင့် စားနပ် ရိက္ခာတင်သွင်းငွေနည်းသည်ထက် နည်းလာ နေပါတယ်။ ကျွန်တော်အကြံပြုလိုတာက တော့ ရေနံတင်ပို့တဲ့နိုင်ငံတစ်ခုချင်းက ‘ဆင်း ရဲမှု တိုက်ဖျက်ရေးနှင့်လယ်ယာစိုက်ပျိုးရေး ရန်ပုံငွေ’ တစ်ခု ထူထောင်ဖို့ပဲဖြစ်တယ်။ ယင်း ရန်ပုံငွေထဲသို့ သတ်မှတ်ငွေပမာဏ(ဆိုပါစို့ ရေနံစိမ်းတစ်စည် ပို့ရတိုင်း ၁ဝဒေါ်လာ) ထည့်ဝင်ဖို့ပါ။ ဒီရန်ပုံငွေနှင့် ဆင်းရဲမွဲတေမှု ကို တိုက်ဖျက်ခြင်း၊ လယ်ယာစိုက်ပျိုးရေး သုတေသနမြှင့်တင်ရေးနှင့်အခြားနယ်ပယ် များဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ အလုပ်အကိုင်ရရှိရေး၊ သောက်ရေသန့်ရရှိ ရေး၊ သတင်းနည်းပညာ၊ ပညာရေးစတဲ့နေရာ များမှာ သုံးစွဲနိုင်ပါတယ်။
ဂျက်ကွက်စ်ဒိုင်အုပ်(Jacques Diouf)
ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်လယ်ယာစိုက်ပျိုး ရေးအဖွဲ့(FAO)ညွှန်ကြားရေးမှူးချုပ်
FAO က ယခုအကျပ်အတည်းကို အဖြေရှာဖို့ ရောမမြို့မှာ ဇွန်လ ၃ရက်မှ ၅ရက်အထိ ကျင်းပတဲ့ ထိပ်သီးအစည်း အဝေးပွဲအတွက် ကမ္ဘာ့ခေါင်းဆောင်များကို ဖိတ်ကြားခဲ့ပါတယ်။ အရေးတကြီးဖြစ်နေတာ ကတော့ ဒီနှစ်စိုက်ပျိုးသီးနှံတိုးတက်ရရှိဖို့ရန် ကျွန်တော်တို့က အထိခိုက်ဆုံးနိုင်ငံတွေ အတွက် မျိုးစေ့များနှင့်ဓာတ်မြေဩဇာလိုအပ် နေပါတယ်။ ဒီအတွက် ဒေါ်လာ ၁ဒသမ၇ ဘီလျံလိုပါတယ်။
ရှေ့ကိုမျှော်ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်၂ဝကာလအတွင်း ဖွံ့ဖြိုးဆဲကမ္ဘာရဲ့ လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးမှုကို နှေးကွေးစေ တဲ့ ကုန်သွယ်မှုမှာ ပုံပျက်ပန်းပျက်ဖြစ်မှု၊ အထောက်အကူနှင့်ရင်းနှီးမြှုပ်နှံမှု ပေါ်လစီ တွေကို ပြောင်းပြန်လှန်ပစ်ဖို့ လိုလာပါပြီ။ ယခုအခါက အချိန်ကောင်းပဲဖြစ်တယ်။ ဘာ ကြောင့်ဆိုတော့ စားသောက်ကုန်ပစ္စည်းဈေး နှုန်းမြင့်မားမှုက လယ်ယာမြေမှာ ရင်းနှီး မြှုပ်နှံဖို့ ဆွဲဆောင်အားကောင်းတစ်ခုပါပဲ။
ကျွန်တော်တို့က ယခု အရေးပေါ် အခြေအနေကို လူတွေရဲ့အသက်နှင့်ရှင်သန် နေထိုင်မှုကို ခြိမ်းခြောက်မှုတစ်ရပ်အဖြစ်နှင့် သာ ရှုမြင်ဖို့မဟုတ်ပါဘူး။ လယ်ယာစိုက်ပျိုး ရေးမှာ အစက ပြန်စစေနိုင်တဲ့အခွင့်အလမ်း ကောင်းတစ်ရပ်အနေနှင့်ဖြစ်စေ၊ ဆင်းရဲတဲ့ လယ်သမား ၁ဘီလျံကျော်နှင့် သူတို့ရဲ့မိသား စုများကို တင့်တောင်းတင့်တယ် နေထိုင်နိုင် စေဖို့ ကူညီနိုင်တဲ့ အခွင့်အလမ်းကောင်း အဖြစ်လည်း ရှုမြင်ဖို့လိုပါတယ်။
ဆိုလိုတာက ဖွံ့ဖြိုးဆဲနိုင်ငံများမှာ လယ် ယာစိုက်ပျိုးရေး အခြေခံအဆောက်အအုံတွေ မှာ အထင်ကရ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် ဖို့ပါ။ ထိပ်ဆုံးကတော့ ဆည်မြောင်း၊ တာတမံ များ၊ ပြီးနောက် လမ်းများ၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့်သိုလှောင်ရေးနေရာ ရှိရေးကိစ္စတွေမှာ ပိုမိုလုပ်ဆောင်ဖို့ပါ။ လယ် ယာစိုက်ပျိုးရေး သုတေသနကို မြှင့်တင်ပေးဖို့ စဉ်ဆက်မပြတ်ကြိုးပမ်းမှုလည်းလိုအပ်ပါတယ်။
ဂျိုးဆက်ရှီရာရမ်(Josette Sheeram)
ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ်(WFP)
အမှုဆောင် ညွှန်ကြားရေးမှူး
အတက်ကြမ်းတဲ့ စားသောက်ကုန်ဈေး နှုန်းများကြောင့် ငတ်မွတ်ခြင်းနှင့်အာဟာရ ချို့တဲ့မှုက တိုးပွားလာနေပါတယ်။ စားသုံးသူ အများက ယင်းဖိညှစ်မှုဒဏ်ကို ခံစားရပါ တယ်။ ဒါပေမဲ့ တစ်နေ့ တစ်ဒေါ်လာဝင်ငွေ အောက်မှာ သက်ရှင်ရပ်တည်နေရသူများ အတွက်ကတော့ ကပ်ဘေးဆိုးကြီးတစ်ခုပဲဖြစ် တယ်။ ဘူရွန်ဒီမှ ဟေတီ၊ အာဖဂန်နစ္စတန် အထိ ဆင်းရဲသူထဲမှ အဆင်းရဲဆုံးဆိုသူများ က မှိုတက်နေတဲ့ ဂျုံမှလုပ်ထားတဲ့မုန့်များကို စားနေရတယ်။ တစ်ခါတစ်ရံ ရက်များစွာ ထမင်းနပ်မှန်အောင် မစားရတာလည်းရှိနေ ကြတယ်။ ယခုအကျပ်အတည်း မဆိုက် ရောက်ခင်ကပဲ အစာရေစာ ဝဝလင်လင် မစားရသူနှင့်အာဟာရချို့တဲ့သူအရေအတွက် က ယခင်ကမရှိခဲ့ဖူးတဲ့ သန်း၈၅ဝအထိ ရှိ လာခဲ့တယ်။
WFP က ကမ္ဘာ့ငတ်မွတ်ခေါင်းပါးခြင်း ကို တိုက်ဖျက်တဲ့ရှေ့တန်းတပ်ဖွဲ့ပဲဖြစ်တယ်။ နှစ်စဉ် လူသန်း၉ဝကျော်ကို အငတ်ဘေးဒုက္ခ မှ ကာကွယ်ပေးနေတယ်။ လုပ်ဆောင်ချက်က ထက်မြက်မှုရှိသလို ထိရောက်မှုလည်းရှိပါ တယ်။ ကမ္ဘာကြီးက ကျွန်တော်တို့ကို အလို အပ်ဆုံးအချိန်မှာ ကျွန်တော်တို့ရဲ့လုပ်ဆောင် ချက်တွေမှာ အဟန့်အတားတွေ့လာရတယ်။ ထည့်ဝင်မှုရန်ပုံငွေမှ ဝယ်ယူရရှိတဲ့ပမာဏက လွန်ခဲ့တဲ့ ၁ဝလနှင့် နှိုင်းစာလိုက်ရင် ၄ဝရာ ခိုင်နှုန်း လျော့နည်းရရှိပါတယ်။ မတ်လ အတွင်းက ယင်းဆုံးရှုံးမှုပမာဏ(ဒေါ်လာ ၇၅၅သန်း ခန့်မှန်း)ကို ဖြည့်ဆည်းပေးဖို့ ကမ္ဘာ့ခေါင်းဆောင်များအား အရေးပေါ်ပန် ကြားချက်တစ်ရပ်ကို ကျွန်တော်ထုတ်ပြန်ခဲ့ပါ တယ်။ ကျွန်တော်တို့ ဖြန့်ဝေပေးနေတဲ့သန်းချီ ရှိတဲ့ ငတ်မွတ်ခေါင်းပါးသူများထံ ရာရှင်များ ဆက်လက်ပေးပို့ ထောက်ပံ့နိုင်ဖို့ပါ။ ကျွန် တော်တို့ရဲ့အခြေခံလုပ်ငန်းဘတ်ဂျက်ဒေါ်လာ ၃ဒသမ၅ဘီလျံကိုလည်း မြှင့်တင်ပေးဖို့ လို ပါတယ်။
ကမ္ဘာကြီးက ‘ငတ်မွတ်ခြင်းသံသရာ’ ကို အမြစ်ကနေ စတင်ဖြတ်တောက်ဖို့ ရဲဝံ့ စွာ ရှေ့သို့ချီတက်လျက်ပါ။ မာလာဝီ၊ ဆီနီ ဂေါနှင့်ဂါနာလို နိုင်ငံအများအပြားက ငတ် မွတ်မွဲတေမှုနှင့် အာဟာရချို့တဲ့မှုဘက်မှာ အောင်မြင်မှု များစွာရရှိခဲ့ပါတယ်။ ထည့်ဝင် မှုများ လှိမ့်ဝင်နေတာကို ကျွန်တော်တို့ကျေး ဇူးတင်ပါတယ်။ ဒါပေမဲ့ ရှေ့ဆက်ဖို့ခရီးက ရှိနေပါသေးတယ်။
စံချိန်တင်မြင့်မားတဲ့ ဓာတ်မြေဩဇာ နှင့်လောင်စာဈေးနှုန်းများကြောင့် ယခုနှစ်မှာ အပြည့်အဝ မစိုက်ပျိုးနိုင်တဲ့ ဆင်းရဲတဲ့လယ် သမား သန်းပေါင်းများစွာကို ကူညီဖို့ အရေး ပေါ် တောင်းဆိုချက် ရှိနေပါတယ်။ ၂ဝဝ၄ ခုနှစ် ဆူနာမီက လူသန်းပေါင်းများစွာကို အတိဒုက္ခရောက်စေတဲ့အခါ ကမ္ဘာက အကူ အညီ ဒေါ်လာ၁၂ဘီလျံကို အလျင်အမြန် ပေးခဲ့တယ်။ ကျွန်တော်က ယခုအကျပ် အတည်းကို နယ်နိမိတ်မဲ့ အသံတိတ် ‘ဆူနာ မီ’ လို့ ခေါ်လိုက်ပါတယ်။

လူငယ်လူရွယ်နှင့်ကျန်းမာရေး၊ ပန်းသေ၊ ပန်းညှိုးခြင်းနှင့်ဆေးဝါးများ

ဒေါက်တာအေးကျော်(ဇီဝကမ္မဗေဒ)
M.B.,B.S, D.A Psychology, Dip.Med.Sc.Gp (Family Medicine), MPA: DAE.,
ဆရာခင်ဗျာ၊ ပန်းသေ၊ ပန်းညှိုး၊ ပန်းမလန်းနိုင်ခြင်းတို့နဲ့ပတ်သက်ပြီး ကျွန်တော်ကြားဖူးတဲ့သောက်ဆေးတစ် မျိုးအကြောင်း မေးချင်ပါတယ်။ Sildenafil ဆိုတဲ့ ဆေးပါ ဆရာ။
Sildenafil ဆိုတဲ့ဆေးကတော့ ဒီနေ့ အချိန်မှာ ပန်းသေ၊ ပန်းညှိုး၊ ပန်းကြာရှည် မလန်းဆန်းနိုင်သူတွေ အသုံးများတဲ့ ဆေး ဝါးတစ်ခုလို့ ဆိုနိုင်ပါတယ်။ ကုမ္ပဏီအမျိုး မျိုးက အမည်အမျိုးမျိုးနဲ့ထုတ်လုပ်ထားကြ ပါတယ်။ ဆေးရဲ့ပမာဏကိုလည်း သုံးမျိုး လောက် ပြုပြင်ထုတ်လုပ်ထားတာတွေ့ရ ပါတယ်။
အဲဒီဆေးဟာ အမှန်တကယ်ရော အကျိုးရှိနိုင်ပါသလားခင်ဗျာ။
ဟုတ်ကဲ့ပါ။ Sildenafil ဆေးဟာ သုံးစွဲသူများရဲ့ ၇ဝရာခိုင်နှုန်းလောက်မှာ အမှန်တကယ် အကျိုးရလဒ်ကောင်းများ ရရှိစေနိုင်တယ်လို့ဆိုပါတယ်။ စသုံးစဉ် ကနဦးမှာတော့ ၈ဝရာခိုင်နှုန်းထိတောင် အကျိုးသက်ရောက်မှုကောင်းကြောင်းတွေ့ ရပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ကြောင့် လိင်အင်္ဂါကောင်းစွာတောင့်တင်း နိုင်မှုမရှိသူတွေမှာ ပိုပြီးကောင်းမွန်စေပါ တယ်။ သွေးချို၊ ဆီးချိုရောဂါရှိသူများမှာ တော့ သာမန်လူများလောက် အာနိသင် မကောင်းဘူးလို့ဆိုရမှာပါ။ ၅ဝရာခိုင်နှုန်း လောက်သာ ထိရောက်မှုရှိတာတွေ့ရ ပါတယ်။
ဆေးပမာဏ အမျိုးမျိုးထုတ်လုပ် ထားတယ်လို့ ဆရာပြောခဲ့ပါတယ်။ ဘယ်လိုများ ထုတ်လုပ်ထားပါသလဲ ဆရာ။
Sildenafil ဆေးကို ၂၅မီလီဂရမ်၊ ၅ဝ မီလီဂရမ်နဲ့ ၁ဝဝ မီလီဂရမ်ဆိုပြီး သုံး မျိုးထုတ်လေ့ရှိပါတယ်။ ၁ဝဝ မီလီဂရမ် ကတော့ အများဆုံးပေါ့ဗျာ။ တစ်ကြိမ်သုံး စွဲမှုမှာ အမြင့်ဆုံးပမာဏအနေနဲ့ ၁ဝဝ မီ လီဂရမ်ထက် မပိုသင့်ဘူးလို့ဆိုပါတယ်။ ၁ဝဝထက် ပိုပြီး သုံးလို့လည်း အကျိုးအာ နိသင် ပိုကောင်းမလာနိုင်ဘူးလေ။
ဆေးပမာဏ ဘယ်လောက် သုံးစွဲ ရင် အကောင်းဆုံးဖြစ်နိုင်ပါသလဲဆရာ။
အဲဒီက တစ်ဦးချင်းစီပေါ်မှာ မူတည် နေတယ်လို့ ပြောရမှာပါ။ သာမန်အားဖြင့် ၅ဝမီလီဂရမ် သုံးသင့်ပါတယ်။ အကောင်း ဆုံးကတော့ ဆေးဝါးသုံးစွဲမှုတိုင်းမှာ ဆရာ ဝန်ရဲ့အကြံပြုချက်လိုအပ်တာကြောင့် ဆရာဝန်နဲ့ဦးစွာဆွေးနွေးတိုင်ပင်ပြီးမှ သုံး စွဲပါလို့ပဲ ပြောချင်ပါတယ်။
ဆေးမှာ ဆိုးကျိုးများရော ရှိပါ သလား။
ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုး အနည်းနဲ့အများဆိုသလို ရှိတတ်ကြပါ တယ်။ ဘေးထွက်ဆိုးကျိုးမရှိတဲ့ဆေးရယ် လို့မရှိသလောက်ရှားပါတယ်။ ဒါကြောင့် လည်း တန်ဆေးလွန်ဘေးဆိုတဲ့စကားရှိနေ ခဲ့တာပါ။ Sildenafil ရဲ့ ဆိုးကျိုးတွေက ခေါင်းကိုက်တာ ၁၆ရာခိုင်နှုန်း၊ အရေပြား နီမြန်းတာ ၁ဝရာခိုင်နှုန်း၊အစားအသောက် ပျက်ပြီး အစာမကြေဖြစ်တာ ၇ရာခိုင်နှုန်း၊ နှာရည်ယိုတာ ၄ရာခိုင်နှုန်းနဲ့ယာယီအမြင် အာရုံဆိုင်ရာပြဿနာ ၃ရာခိုင်နှုန်းဖြစ်နိုင် ပါတယ်။
Sildenafil ဆေး မသုံးစွဲသင့်တဲ့ အခြေအနေများရော ရှိနိုင်ပါသလား သိပါရစေ။
ရှိပါတယ်။ မသုံးသင့်တဲ့သူတွေ တစ် နည်းအားဖြင့် မသုံးသင့်တဲ့အခြေအနေ တွေ ရှိပါတယ်။ ဥပမာပေါ့ဗျာ။ နှလုံး ရောဂါရှိတဲ့သူတွေ မသုံးသင့်ဘူး။ အထူး သဖြင့် နိုက်ထရိတ်ပါတဲ့ဆေးတွေသောက် နေကြရတဲ့နှလုံးရောဂါရှိသူတွေသောက်ရန် အန္တရာယ်ဖြစ်နိုင်တယ်။ ဒါကြောင့် မသုံး ကြဖို့ ဆရာဝန်တွေက တားမြစ်လေ့ရှိ ပါတယ်။
Sildenafil ဆေးသောက်လိုက်ရင် အလိုလို လိင်အင်္ဂါ တင်းမာလာနိုင်ပါ သလားဆရာ။
မဖြစ်လာနိုင်ပါဘူးဗျာ။ ဆေး သောက်ပြီး ဒီအတိုင်းနေရင် ဘာမှထူးခြား မှု ဖြစ်လာမှာ မဟုတ်ပါဘူး။ လှုံ့ဆော်မှု Stimulus လိုပါတယ်။ အဲဒီလိုလှုံ့ဆော်မှု ရှိမှသာ ဆေးရဲ့အာနိသင်ပြသလာမှာပါ။
ဆေးကို ဘယ်လိုသောက်သုံးရတယ် ဆိုတာလည်း ရှင်းပြပေးစေချင်ပါသေး တယ်။
ဆေးကိုတော့ လိင်ဆက်ဆံမှုမပြုမီ တစ်နာရီစောပြီး သောက်သင့်ပါတယ်။ အစားအစာစားပြီး တစ်နာရီကြာမှ သောက်ရင် ပိုကောင်းပါတယ်။ ဆိုလိုတာ က အစာနဲ့တစ်နာရီခွာ သောက်စေချင်တဲ့ သဘောပါ။ ဆေးသောက်ပြီး တစ်နာရီ ကြာရင် အာနိသင်ရနိုင်ပြီလို့ဆိုချင်တာပါ။
နောက်ကြားဖူးတဲ့ ပန်းသေ၊ ပန်း ညှိုးအတွက် သောက်တဲ့ Yohimbine ဆိုတဲ့ ဆေးအကြောင်း နည်းနည်း လောက် ရှင်းပြပေးပါဦးခင်ဗျာ။
Yohimbine ဆိုတဲ့ ဆေးကတော့ သုံးစွဲလာတာ နှစ်ပေါင်းများစွာကြာခဲ့ပြီ ဖြစ်ပါတယ်။ ဆေးပမာဏကတော့ ၅မီလီ ဂရမ်ကနေ ၁၅မီလီဂရမ်ကြာ သောက်ကြ ရပါတယ်။ တချို့က အဲဒီဆေးဟာ စိတ် ပိုင်းဆိုင်ရာအားပေးမြှင့်တင်ပေးလိုက်တဲ့ သဘောသာဖြစ်တယ်လို့ ပြောဆိုကြပါ တယ်။
အခြားဆေးဝါးတွေ ရှိသေးတယ် လို့လည်း သိထားပါတယ် ဆရာ။ ဗဟု သုတအဖြစ် ပြောပြပေးပါဦးခင်ဗျာ။
ပန်းသေ၊ ပန်းညှိုး၊ ပန်းကြာရှည် မလန်းခြင်းအတွက် စောစောကပြောခဲ့တဲ့ Sildenafil ဆေးရယ်၊ Yohimbine ဆေးရယ်၊ အဲဒါတွေအပြင် အများကြီးရှိ သေးတယ်။ ကျွန်တော် ဆေးတချို့အမည် ကို ရွတ်ပြပေးမယ်။
Vardenafil, Tadalafil, Uprina, Aponcorphine, Phentolamine, Trazodone, Testosterone စတဲ့ ဆေး တွေပေါ့ဗျာ။

စိတ်မပျက်နဲ့ အားတင်းပါ

လူထုစိန်ဝင်း
မတွေ့တာ ဆယ့်လေးငါးနှစ်လောက် ကြာပြီဖြစ်တဲ့ မိတ်ဟောင်း၊ ဆွေဟောင်း တစ်ယောက် လာလည်ပါတယ်။ သူက ရာထူးကြီးတစ်ခုကနေ ပင်စင်ယူပြီးတဲ့ နောက် အနားမယူဘဲ ကုမ္ပဏီတစ်ခုတည် ထောင်ပြီး စီးပွားရေးလုပ်နေတာကြောင့် မတွေ့ဖြစ်ကြတော့တာပါ။ အခုမှ အသက် ကလည်း ၇ဝ ကောင်းကောင်းကြီး ကျော် နေပြီဖြစ်တာကြောင့် သားသမီးတွေလက် ထဲ အားလုံးလွှဲပြီး လုံးလုံးကြီး အနားယူ လိုက်တာလို့ပြောပါတယ်။
အအိုမြန်လိုက်တာ
‘ကျုပ်တို့ သက်တမ်းကလူတွေ တယ် မတွေ့ရတော့ဘူးဗျ၊ ဆုံးသွားတဲ့လူနဲ့၊ ဘုန်း ကြီးဝတ်သွားတဲ့လူနဲ့၊ ရိပ်သာမှာပဲ အမြဲနေ တဲ့လူနဲ့ အားလုံးဆုံကြဖို့တော့ မလွယ် တော့ဘူး’
သူက မန္တလေးကိုလည်း ရောက် သေးတဲ့အကြောင်း၊ မိတ်ဆွေဟောင်းတချို့ ကို သွားတွေ့ခဲ့တဲ့အကြောင်း ဆက်ပြော ပြပါတယ်။ အတော်များများက စိတ်ရော လူပါကျပြီး လူအိုကြီးတွေ ဖြစ်ကုန်ကြပြီ လို့လည်း ပြောပါတယ်။
‘ကျုပ်တို့ဗမာတွေဟာ ပင်စင်ယူပြီး တာနဲ့ သေဖို့ပဲ စဉ်းစားနေကြလို့နဲ့တူပါရဲ့ ဗျာ။ အအိုမြန်လိုက်ကြတာ’
သူက ညည်းသလိုလို စကားဆိုပါ တယ်။ သူကတော့ အရွယ်တော်တော် တင်ပါတယ်။ ဖျတ်ဖျတ်လတ်လတ်၊ သွက် သွက်လက်လက် ရှိဆဲပါပဲ။ မကြောင့်မကြ မတောင့်မတ နေနိုင်တာကြောင့်လားမဆို နိုင်ဘူး။ ၇၆နှစ်လို့ကို မထင်ရပါဘူး။ ၆ဝ လောက်လို့သာ ထင်ရပါတယ်။ အခုချိန်ထိ ပြည်တွင်းပြည်ပခရီးတွေ သွားနေဆဲပါပဲ။ သမီးရှိတဲ့အင်္ဂလန်က ပြန်ရောက်လာတာ တစ်လကျော်ကျော်သာ ရှိသေးတယ်လို့ လည်း သိရပါတယ်။
သူများတွေနဲ့ ကွာလိုက်တာ
သူပြန်သွားတဲ့အထိ ‘အအိုမြန်လိုက် ကြတာ’ ဆိုတဲ့ သူ့စကားကို ဆက်စဉ်းစား နေမိတယ်။ သူများနိုင်ငံက ၇ဝကျော် ပင် စင်စားကြီးတွေ စုဝေးပြီး ကမ္ဘာ့လှည့် လည် ပတ်ကြတာတွေ မြင်ရ၊ တွေ့ရတော့ တို့ ဆီကနဲ့များ ကွာလိုက်တာ’ လို့ မကြာမကြာ တွေးမိခဲ့ရတယ်။ ဒီမှာကတော့ မိတ်ဆွေ ပြောသလို ပင်စင်ယူပြီးတာနဲ့သေဖို့ပဲ စဉ်း စားနေကြတယ်နဲ့တူပါရဲ့။ မိတ်ဆွေဖြစ်သူ လို ပင်စင်ယူပြီး ကုမ္ပဏီမထောင်နိုင်ကြ တာလည်း အဓိကအကြောင်းတစ်ရပ်ဖြစ် မယ်ထင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ပင်စင်ယူပြီးပြီဆိုတာနဲ့ လူရောစိတ်ပါ ကျ သွားကြတာတော့ အမှန်ပဲ။ ရပ်ရေး၊ ရွာ ရေး၊ လူမှုရေးကိစ္စတွေကို တက်တက်ကြွ ကြွ ပါဝင်လုပ်ဆောင်တတ်သူတချို့ကလွဲ ရင် အများစုက အအိုမြန်ကြ၊ အသေမြန် ကြတာကို သတိပြုမိတယ်။
‘ဒုက္ခသုက္ခတွေ များလွန်းလို့ အသက် မရှည်ချင်ပါဘူး၊ မြန်မြန်သွားလေ ကောင်း လေပါပဲ’ လို့လည်း ပြောတတ်ကြပါတယ်။ လောကမှာ ဒုက္ခနဲ့ကင်းသူ ဘယ်သူရှိလို့ လဲ။ တကယ်က ဒုက္ခက လူကိုသေစေတာ မဟုတ်ပါဘူး။ ဒုက္ခကိုကြောက်ပြီး စိတ်ကျ လို့ အသေမြန်ရတာဖြစ်တယ်။
လူငယ်တွေလည်း စိတ်ကျတာပဲ
လူကြီးတွေသာ စိတ်ကျတတ်တာ မထင်နဲ့။ လူငယ်တွေလည်း စိတ်ကျတတ် ကြတာပဲ။ ကျောင်းဆရာတစ်ယောက် အနေနဲ့ လူငယ်လူရွယ်လေးတွေနဲ့အထိ အတွေ့များလေတော့ ဒီခေတ်လူငယ်လေး တွေ တော်တော်များများဟာ အရွယ်နဲ့ မလိုက်အောင်ကို လောကကြီးကို အဆိုး မြင်ပြီး စိတ်ကျနေတတ်ကြတာကို သတိ ပြုမိပါတယ်။ သူတို့တစ်တွေမှာ လူငယ့် အားမာန်၊ လူငယ့်ဇွဲသတ္တိ အတော်လျော့ နည်းကြတယ်။ ဘာမဆို မလုပ်ခင်က အရှုံးပေးစိတ် များနေကြတယ်။ ‘အား မတန် မာန်လျှော့’ ဆိုတဲ့စကား၊ ‘ခါချဉ် ကောင် မာန်ကြီးလို့ တောင်ကြီးဖြိုမယ်ကြံ၊ ခါးကမသန်’ ဆိုစကားမျိုးတွေ လွယ်လွယ် သုံးပြီး အရှုံးပေး၊ အညံ့ခံလိုက်တတ်ကြ တယ်။ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်မျိုး တစ်နေ့တခြား ခေါင်းပါးလာနေတယ်လို့ ထင်မိတယ်။ ထောက်ပြပြောဆိုလိုက်ရင် လည်း သူတို့မှာ အကြောင်းပြချက်တွေက တစ်ပုံတစ်ပင်ကြီး။ သူတို့က သူတို့နေထိုင် ရတဲ့ခေတ်ကြီးတစ်ခုလုံးကို ကျေနပ်ကြတာ မဟုတ်ဘူး။ တချို့လူငယ်များဆိုရင် အဆိုး မြင်စိတ်တွေ လွန်ကဲပြီး ဘယ်လောက်ပဲ ကောင်းတာလုပ်လုပ် ဘာမှအရာရောက် မှာမဟုတ်ဘူး။ ဘာမှမလုပ်ဘဲနေလိုက်တာ ပဲ အေးတယ်ဆိုတဲ့အတွေးအခေါ်မျိုးတွေ တောင် ရှိနေကြတာတွေ့ရတယ်။
သူတို့က အီရတ်နိုင်ငံတစ်ခုလုံး သွေး ချောင်းစီးဖြစ်နေတာကို မနှစ်မြို့သလို ပါလက်စတိုင်းလူမျိုးတွေ ရာစုနှစ်တစ်ဝက် တိုင်တိုင် ဒုက္ခသည်စခန်းတွေမှာ နေထိုင် ခြင်းပြုနေကြရတာကိုလည်း စိတ်မကောင်း ကြပါဘူး။ နျူကလီးယားလက်နက်များရဲ့ အန္တရာယ် တစ်နေ့တခြား ကြီးမားသထက် ကြီးမားလာနေတာကို စိုးရိမ်နေကြသလို ဖန်လုံအိမ်အာနိသင်လွန်ကဲမှုကြောင့် ကမ္ဘာကြီးတစ်ခုလုံး ပေါင်းအိုးကြီးထဲ ရောက်နေသလို ခံစားနေရတာကိုလည်း မလိုလားကြပါဘူး။
အနိဋ္ဌာရုံကမ္ဘာကြီး
လူငယ်တွေရဲ့စိုးရိမ်ကြောင့်ကြမှု တွေနဲ့သူတို့ရဲ့မကျေနပ်ချက်တွေဟာ သဘာဝကျပါတယ်။ မှန်လည်းမှန်ပါတယ်။ ဒီနေ့ ကမ္ဘာကြီးက အနိဋ္ဌာရုံတွေနဲ့ပြည့် နှက်နေတဲ့ကမ္ဘာကြီးဖြစ်နေတာကိုး။ ကမ္ဘာ ကြီးရဲ့ဘယ်ထောင့်ဘယ်နေရာကို ကြည့် လိုက်ကြည့်လိုက် တိုက်ခိုက်သတ်ဖြတ်တာ တွေ၊ ကြီးနိုင် ငယ်ညှဉ်းလုပ်တာတွေ၊ ဘယ် သူသေသေ ငတေမာ ပြီးရော လုပ်တာ တွေချည်း မြင်တွေ့နေရပါတယ်။ အနိဋ္ဌာ ရုံတွေကင်းစင်တဲ့နိုင်ငံရယ်လို့ လက်ညှိုးထိုး ပြစရာတစ်ခုတောင်မရှိတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။
ရေအောက်ရောက်သွားနိုင်တယ်
နိုင်ငံရေး၊ စစ်ရေး၊ မျက်နှာစာကို ထားတော့။ စီးပွားရေးမျက်နှာစာကိုကြည့် တော့လည်း မြင်တွေ့နေရတာတွေက စိတ် မချမ်းသာစရာတွေချည်းပါပဲ။ ဖန်လုံအိမ် အာနိသင်ကြောင့် ဝင်ရိုးစွန်းက ရေခဲ တောင်ကြီးတွေ အရည်ပျော်ကျမှုနှုန်း ကြောက်စရာကောင်းလောက်အောင် မြင့် မားနေတယ်။ ဒီအတိုင်းဆက်သွားရင် ပင်လယ်ရေမျက်နှာပြင် မြင့်သထက်မြင့် တက်လာပြီး တချို့နိုင်ငံတွေ ရေအောက် ရောက်သွားနိုင်တယ်လို့ ပညာရှင်များက အကြိမ်ကြိမ် သတိပေးနေကြတာများ ကြားသိနေရတယ်။ စက်ရုံ၊ အလုပ်ရုံတွေ က မီးခိုးထုတ်လွှတ်မှုတွေ ကန့်သတ်တား ဆီးဖို့ လိုပြီလို့လည်း ထောက်ပြကြတယ်။
မိုက်တွင်းနက်နေကြ
ဘယ်လိုပဲ ထောက်ပြထောက်ပြ၊ ဘယ်လိုပဲ သတိပေး သတိပေး၊ မီးခိုးတွေ အများဆုံးထုတ်လွှတ်နေတဲ့စက်မှုနိုင်ငံကြီး တွေက လတ်တလော အကျိုးစီးပွားလေး တစ်ခုတည်းကိုသာ မိုက်မဲစွာကြည့်ရှုပြီး နိုင်ငံတကာသဘောတူစာချုပ်နဲ့ထိန်းချုပ် တာကို လက်မခံ ငြင်းဆန်နေကြတယ်။ ဒီလုပ်ရပ်ဟာ အင်မတန် အသိဉာဏ်ကင်း မဲ့ရာကျတယ်။ ဖန်လုံအိမ်အာနိသင် ကြောင့် အိုဇုန်းလွှာ ပါးလျားလာတဲ့ဒဏ်၊ အက်ဆစ်မိုးတွေ ရွာချတဲ့ဒဏ်၊ ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာတဲ့ဒဏ်၊ မုန် တိုင်းကြီးတွေ ကျရောက်လာတဲ့ဒဏ်၊ အပူ လှိုင်း၊ အအေးလှိုင်းကြီးတွေ ကျရောက် လာတဲ့ဒဏ်စတဲ့ အန္တရာယ်တွေကို ရင်ဆိုင် ရပြီဆိုလျှင် ဘယ်နိုင်ငံမှ လွတ်ကင်းနိုင် မယ် မဟုတ်ဘူးဆိုတာ သိပါလျက်နဲ့ မိုက် တွင်းနက်နေကြခြင်းသာဖြစ်တယ်။
ဖုန်းဆိုးတောတွေဖြစ်
ဒါတင်မက လတ်တလောအကျိုးစီး ပွားလေးတစ်ခုတည်းကိုကြည့်ပြီး မြေပေါ် မြေအောက် သယံဇာတတွေကို အဆီး အတားမရှိ ထုတ်ယူသုံးစွဲနေမှုကြောင့် ကမ္ဘာ့နိုင်ငံအားလုံးလိုလိုမှာ တောတွေ ပြုန်း၊ တောင်တွေပြိုပြီး တဖြည်းဖြည်းချင်း ကန္တာရ ဖုန်းဆိုးတောတွေ ဖြစ်လာနေတာ များလည်း မြင်တွေ့ကြားသိနေရတယ်။ လူတွေ သောင်းသိန်းချီ သေကြရတဲ့ငလျင် လှုပ်မှုကြီးတွေနဲ့ဆူနာမီလို၊ နာဂစ်လို အန္တရာယ်ကြီးတွေ ဘာ့ကြောင့်ပေါ်ပေါက် လာကြရတာလဲဆိုတာများကို သေသေ ချာချာ၊ လေးလေးနက်နက် သုတေသနပြု ဖို့လည်း ပျက်ကွက်နေကြဆဲဖြစ်တယ်။
ပြဿနာက အန္တရာယ်မဟုတ်
ဒီအချက်တွေကြောင့် လူငယ်တွေက မျက်မှောက်ခေတ်ကြီးကို စိတ်ပျက်လက် ပျက် ဖြစ်နေတာ သဘာဝကျပါတယ်။ ဒါပေမဲ့လို့ ဒါတွေဟာ တားဆီးကာကွယ် လို့မရနိုင်တာတွေမဟုတ်ဘူးလို့ လူငယ် တွေ သိစေချင်ပါတယ်။ ပြဿနာတစ်ရပ် ဖြစ်လာ၊ ရှိလာတာဟာ ကြောက်စရာ မဟုတ်ပါဘူး။ ပြဿနာရှိနေတာကို ရှိနေ တယ်လို့ မသိခြင်းကသာ ကြောက်စရာ ကောင်းတာဖြစ်တယ်။ ပြဿနာရှိနေမှန်း သိရင် ပြဿနာကို ဖြေရှင်းဖို့နည်းလမ်းရှာ ရမှာပဲဖြစ်တယ်။ ရှာရင် တစ်ချိန်မဟုတ် တစ်ချိန်တော့ တွေ့လာရမှာဖြစ်တယ်။
အနိုင်ရမှာ သေချာတယ်
ဒီနေ့ ကမ္ဘာတစ်လွှားမှာ ပြဿနာမျိုး စုံ၊ အနိဋ္ဌာရုံပေါင်းစုံ ဖြစ်ပွားပေါ်ပေါက်နေ တာကို လူတိုင်းတွေ့မြင်နေကြရတယ်။ ပြဿနာတွေဖြစ်လာရတဲ့ ဇာစ်မြစ် အကြောင်းရင်းကိုလည်း လူတိုင်းသိကြ တယ်။ ဥပမာ-ဖန်လုံအိမ်အာနိသင်ရဲ့ဆိုး ပြစ်တွေကို လူတိုင်းသိသလို ဖန်လုံအိမ် အာနိသင်ဖြစ်ပေါ်လာရခြင်းရဲ့အကြောင်း ရင်းကိုလည်း လူတိုင်းသိမြင်သဘော ပေါက်နေကြတာဖြစ်တယ်။ ဒီတော့ ဘာ ကြောင့် မဖြေရှင်းနိုင်ရမှာလဲ။ ကမ္ဘာပေါ် က စစ်ပွဲကြီးတွေကို ဖန်တီးသူတွေနဲ့ကမ္ဘာ ကြီးရဲ့သာယာလှပမှုကို ဖျက်ဆီးနေသူတွေ က လက်တစ်ဆုပ်စာလောက်သာရှိတဲ့လူ တွေဖြစ်ကြတယ်။ ရှိလှမှ ကမ္ဘာ့လူဦးရေရဲ့ ၁ဝရာခိုင်နှုန်းပေါ့။ ကျန် ၉ဝရာခိုင်နှုန်းက ညီညာဖြဖြနဲ့ ဝိုင်းဝန်းလုပ်ဆောင်ကြရင် ဒီ ၁ဝရာခိုင်နှုန်းရဲ့အန္တရာယ်ကို ဘာ့ကြောင့် မကာကွယ်နိုင်ရမှာလဲ၊ ဒါကြောင့် လူငယ် တွေကိုပြောချင်တယ်။ စိတ်မပျက်ပါနဲ့။ ကမ္ဘာ့လူဦးရေရဲ့ ၉ဝရာခိုင်နှုန်းနဲ့ ခိုင်ခိုင်မြဲ မြဲ လက်တွဲဆောင်ရွက်ပါ။ နောက်ဆုံးမှာ ကောင်းမြတ်ခြင်းတရားက အနိုင်ရမှာ သေချာပါတယ်။

စွမ်းအင်စစ်ပွဲ ဆင်နွှဲရတော့မည်လား

ဦးလှမြင့်(မားကက်တင်း)
လာမည့်လအနည်းငယ်အတွင်း ရေနံဈေးနှုန်းသည် တစ်စည်လျှင် ဒေါ်လာ ၂ဝဝအမှတ်သို့ ရောက်နိုင်သည်။ ယင်းသို့ ဈေးနှုန်းထိုးတက်လာမှုက ကမ္ဘာကြီးကို ဘယ်သို့ပြောင်းလဲစေနိုင်ပါသလဲ။
ပြီးခဲ့သည့်အပတ်က ရေနံတစ်စည် ဈေးနှုန်းသည် ၁၃၅ဒေါ်လာအထိ မြင့် တက်ခဲ့သည်။ အမေရိကန်တွင် ဓာတ်ငွေ့ ဓာတ်ဆီတစ်ဂါလံ ပျမ်းမျှ၎ဒေါ်လာနား ကပ်လာသည်။ အသုံးအဖြုန်းကြီးပါသည် ဟု နာမည်ကြီးသည့် အမေရိကန်လူမျိုး များက အလျင်အမြန်ပြောင်းလဲလာရ သည်။ ကိုယ်ပိုင်ကားများ အမောင်းနည်း လာသည်။ လူထုသယ်ယူပို့ဆောင်ရေးကို အသုံးပိုများလာသည်။ ဆီစားများသည့် ကားများဝယ်ယူမှုနည်းသည်။ ယေဘုယျ အားဖြင့် လက်လွတ်စပယ် ဝယ်ယူမှုကျ ဆင်းလာသည်။ အမေရိကန်တို့က ခြား နားစွာပြုကျင့်လာနေသည်။ ယင်းအရွှေ့ အပြောင်းသည် ကမ္ဘာကို ပြောင်းလဲစေ နိုင်သည်။
တရားလွန်တက်နေသည့်ရေနံဈေး က ယခုပင်လျှင် သာမန်ပြည်သူများကို အထိနာစေသည်။ ကမ္ဘာ့စီးပွားရေး ကြီး ထွားလာမှုကို ခြိမ်းခြောက်လျက်ရှိသည်။ ငွေကြေးဖောင်းပွမှုကို အသက်သွင်းနိုင် မည့်အနေအထားတွင်ရှိသည်။ ရေနံဈေး နှုန်းဖိအားသည် ထွက်ပြူစဈေးကွက်ကြီး များဖြစ်သည့် တရုတ်နှင့်အိန္ဒိယတို့အပေါ် အထူးကြီးမားသည်။ ယင်းနှစ်နိုင်ငံသည် မကြာသေးမီအချိန်အထိ ကမ္ဘာ့ငွေကြေး ဖောင်းပွမှုကို ကျဆင်းစေရာတွင် စံတင် လောက်သည့်နိုင်ငံများဖြစ်ခဲ့သည်။ ယင်း တို့က ဈေးနှုန်းသက်သာသည့်ကုန်ပစ္စည်း များနှင့်ဝန်ဆောင်မှုများကို ကမ္ဘာအရပ်ရပ် သို့ တင်ပို့သည့်နိုင်ငံဖြစ်သည်။ ယခုအခါ ယင်းတို့က ငွေကြေးဖောင်းပွမှုကို တင်ပို့ သည့်နိုင်ငံများအဖြစ် ခြိမ်းခြောက်သည့် အနေအထားတွင်ရှိနေသည်။
ရေနံတစ်စည် ဒေါ်လာ၂ဝဝ
ယခုအခါ အလေးအနက် တွက်ဆ သူ အများအပြားက(အားလုံးတော့ မဟုတ်)ရေနံတစ်စည် ဒေါ်လာ၂ဝဝဈေး နှုန်းနှင့် နောက်ထပ်၇ဝပြည့်လွန်နှစ် ‘ရေနံ ရှော့ခ်’ စတိုင်မျိုး ဖြစ်လာမှာကို ပြောဆိုနေ ကြသည်။Goldman Sachs က ဒေါ် လာ၂ဝဝ အတားအဆီးမှာ လာမည့်၆လ မှ ၂၄လအတွင်း ရောက်ရှိနိုင်မည်ဟုသတိ ပေးထားသည်။ ဘာ့ကြောင့်ပါလဲ။ တရုတ် နှင့်အိန္ဒိယနိုင်ငံတို့ ဦးဆောင်သည့် ရေရှည် ရေနံလိုအပ်ချက်မှာ ဆက်လက်ကြီးထွား လာမှာ ဖြစ်ရုံမက ရေနံထုတ်လုပ်ရောင်းချ သည့်ဘက်မှ ခြိမ်းခြောက်မှုများမှာ ကာလ တိုအတွင်း ပျောက်ကွယ်သွားစရာမရှိချေ။ ရေနံထုတ်လုပ်ရောင်းချသည့်ဘက်မှခြိမ်း ခြောက်မှုများထဲတွင် တိုးလာနေသည့် ပဋိပက္ခ၊ ရင်းနှီးမြှုပ်နှံမှုကျဆင်းခြင်း၊ လုပ် ငန်းဆိုင်ရာ အဖုအထစ်များနှင့်အဓိက ရေနံထုတ်နိုင်ငံများရှိ ရေနံမြေကြီးများမှ ခန့်မှန်း အရန်ရေနံပမာဏကျဆင်းလာမှု တို့ပါဝင်သည်။
အနာဂတ်မှာ မှုန်ဝါးဝါးဟူ၍ ဟော ကိန်းထုတ်ကြသည်။ ဆန်းစစ်လေ့လာသူ တချို့က ဒေသဆိုင်ရာကုန်သွယ်မှုအရွှေ့ အပြောင်းကိုမြင်သည်။ ဂလိုဘယ်လိုက် ဇေးရှင်းပင် အထင်ကရ ပြောင်းပြန်ဖြစ် လာနိုင်သည်ဟုဆိုသည်။ အကြောင်းမှာ မြင့်မားလာနေသည့်သယ်ယူပို့ဆောင်ရေး စရိတ်များက ကုန်ပစ္စည်းအမျိုးအမည် အများအပြားကို ခရီးဝေးတင်ပို့ရာတွင် တန်ဖိုးကြီးမြင့်လွန်းစေသည်။ လွန်ခဲ့သည့် ၅နှစ်အတွင်း ရေနံသုံးစွဲသူများမှ ရေနံ ဒေါ်လာထရီလျံ(တစ်ထရီလျံ=၁ဝဝဝ ဘီလျံ)များစွာသည် ရေနံထုတ်လုပ်သူများ လက်သို့ စီးကူးခဲ့ပြီ။ ယင်းအခြေအနေက ကမ္ဘာ့ပါဝါချိန်ခွင်ရှာထိန်းညှိမှုကို ပြောင်းလဲ စေနိုင်သည်။ အီရန်၊ ဗင်နီဇွဲလားနှင့်ရုရှားမှ ရေနံပဂေးကြီး တချို့၏ဩဇာပါဝါတိုးမြှင့် လာမည်ဖြစ်သည်။ ယင်းအချက်က ရေနံ ထုတ်နိုင်ငံများ၏ Sovereign Wealth Funds အား ဈေးကွက်စိုးမိုးသူ ဖြစ်စေ လိမ့်မည်။
မထိသည့်လုပ်ငန်းဟူ၍မရှိ
ကုန်ပစ္စည်း သို့မဟုတ် လူကို သယ်ယူ ပို့ဆောင်ပေးသည့် မည်သည့်ကုမ္ပဏီမဆို ရေနံလိုသည်သာ။ ရေနံဈေးနှုန်းသာ ဒေါ် လာ၂ဝဝရှိမည်ဆိုလျှင် ဒက်ထရွိုက်(အမေ ရိကန်၏ ကားထုတ်လုပ်ရာမြို့ကြီး)သို့ မဟုတ် ယင်း၏ ကြီးသုံးကြီးထဲမှ တစ်ဦးမှာ မလွဲမသွေ နိဂုံးကမ္မချုပ်ရပေတော့မည်။ လေကြောင်းလိုင်းများလည်း ထိခိုက်မှာဖြစ် သည်။ ဆီစားများသည့်၊ ပိုမိုဟောင်းနွမ်း သည့် လေယာဉ်များကို မြေပြင်ပေါ် ရပ် ထားနေရရာ လေယာဉ်ပျံသန်းမှုခရီးစဉ် များကိုဖြတ်တောက်ရန်ရှိကြောင်းကြေညာ ထားသည်။ Air France-KLM က ယခု နှစ်တွင် အမြတ်အစွန်း သုံးပုံတစ်ပုံအထိ ကျဆင်းသွားနိုင်ကြောင်း သတိပေးသည်။ ယင်းလေကြောင်းလိုင်း၏ CEO က ရေနံ တစ်စည် ဒေါ်လာ၂ဝဝဈေးနှုန်းသည် စက် တင်ဘာ၁၁ရက် အဖြစ်အပျက် သို့မဟုတ် ဆားစ်(SARS)ကပ်ရောဂါထက်ပင် ပိုမို ကြီးမားသည့် ‘ရှော့ခ်’ (shock)အဖြစ် ကိုယ်စားပြုနိုင်ပါကြောင်း ပြောဆိုသည်။ ၂ဝဝ၃ခုနှစ်၊ ဆားစ်(SARS)ကပ်ရောဂါ ကြောင့် လေကြောင်းလိုင်းလုပ်ငန်းမှာ စီး ပွားရေးပျက်ကပ်ထဲ ရောက်ရှိစေသည်။ ‘ယခုကိစ္စမှာ အပြောင်းအလဲထက် ပိုပါ တယ်။ ဒါက တော်လှန်ပြောင်းလဲမှုကြီး တစ်ရပ်(a revolution)ပါ’ ဟု အဆိုပါ CEO ကဆိုသည်။ ‘ဥရောပ၊ ယူအက်စ်နှင့် အာရှရှိ လုပ်ငန်းအများအပြားကအလျင် အမြန် လူမွဲစာရင်းဝင်တွေဖြစ်လာမှာဖြစ် တယ်’ ဟူ၍ အဆိုပါပုဂ္ဂိုလ်ကဆိုသည်။ လေယာဉ်ပျံသန်းမှုအစီအစဉ်များလျှော့ချ ခြင်းနှင့်ကုမ္ပဏီအချင်းချင်း ပေါင်းစည်းခြင်း အကျိုးဆက်ကြောင့်တပ်စ်ကင်နီမှအနောက် အလယ်ပိုင်းဒေသရှိ လေယာဉ်ကွင်းများမှာ တစ္ဆေခြောက်လောက်အောင် လူသူကင်းမဲ့ သွားပေလိမ့်မည်။
ရေနံကြောင့်ဖြစ်လာသည့် အမေရိ ကန်စားသုံးသူများ၏အခြေအနေမှာ နေရာတကာတွင်ဖြစ်လာမည့်အရေး၏ ရှေ့ပြေးဖြစ်ပါလိမ့်မည်။ ၁၅နှစ်ကာလ အတွင်း အမေရိကန်စားသုံးသူ၏ယုံကြည် မှုမှာအနိမ့်ဆုံးအမှတ်သို့ရောက်ရှိနေသည်။ အစားအသောက်ပစ္စည်းနှင့်ဓာတ်ဆီဈေး တက်သည်နှင့်အမျှအခြားအရာများအပေါ် အသုံးစရိတ်မှာ ကျဆင်းနည်းပါးသွားမည် ဖြစ်သည်။ ‘ကုမ္ပဏီအများအပြားအတွင်း မှာ ဒါက ကမ္ဘာ့တစ်ဝန်း စီးပွားရေးဆုတ် ခြင်း(global recession)လို့ခံစားနေရပါ တယ်’ ဟု Citybank ၏ ဥရောပရှယ်ယာ ဆိုင်ရာ စီးပွားရေးပညာရှင်တစ်ဦးက ပြောသည်။
ယခုပင်လျှင် ရေနံဈေးကြောင့် ချမ်း သာသည့်နိုင်ငံများနည်းတူ ဆင်းရဲသည့် နိုင်ငံများပါ ငွေဖောင်းပွမှုနှင့်ခြိမ်းခြောက် ခံနေရသည်။ ယခုနှစ် နွေရာသီတွင် ငွေ ဖောင်းပွမှုနှုန်းမှာ US တွင် ၅ရာခိုင်နှုန်းနှင့် ဥရောပတွင် ၃ရာခိုင်နှုန်းရှိရန် အလား အလာရှိသည်။ သို့သော် ထွက်ပြူစစီးပွား ရေးနိုင်ငံများတွင် ယင်းနှုန်းသည် ကိန်း ဂဏန်းနှစ်ခုရှိနိုင်သည်။ ကြီးထွားဖွံ့ဖြိုးမှု သိသိသာသာနှေးကွေးသွားစေနိုင်သည်။ ကမ္ဘာ့အဆင်းရဲဆုံး ပြည်သူများ ပိုမိုဒုက္ခ ပင်လယ်ဝေမှာဖြစ်ခြင်းကြောင့် နိုင်ငံရေး မတည်ငြိမ်မှုဖြစ်နိုင်သည်။ ယင်း၏နိုင်ငံရေး အကျိုးဆက်အနေနှင့်လုပ်ငန်းလုပ်ဆောင် ရာတွင် ကုန်ကျမှုတိုးလာခြင်းနှင့်ပေါင်းစပ် လိုက်လျှင် ‘ဂလိုဘယ်လိုက်ဇေးရှင်း’ မှ အကာအကွယ်ယူမှုအခြေအနေသို့ဆိုက် ရောက်နိုင်သည်။ ‘ဒါက ဂလိုဘယ်လိုက် ဇေးရှင်း ပြောင်းပြန်လှန်မှုရဲ့ရှေ့ပြေးဖြစ် နိုင်ပါတယ်’ ဟု CIBC World Market မှ စီးပွားရေးပညာရှင်ကဆိုသည်။
ပိုမိုဆိုးရွားသည့် ပဋိပက္ခများ
အရှေ့အလယ်ပိုင်း၊ အာဖရိက၊ ရုရှား နှင့်ဗင်နီဇွဲလားစသည့်ဒေသများက ဆက် လက်တိုးတက်ကြီးပွားလာသည့်အခါ အခြားတိုင်းပြည်များမှ စွမ်းအင်နှင့်ပတ် သက်၍ လောဘဇောတိုက်မှု၊ ရန်လိုမှုနှင့် ကိုလိုနီလက်သစ်ဝါဒလုပ်ရပ်များ တိုးလာ မည်ကို တွေ့မြင်ရပါလိမ့်မည်ဟု Mckin-sey မှ စွမ်းအင်အကြီးအကဲ စကော့ထ်နီ ကွစ်က ဟောကိန်းထုတ်သည်။ တရုတ်က အာဖရိကတွင် ဩဇာပိုကြီးလာမည်။ ပြည် သူ့အဖွဲ့အစည်း၊ ပတ်ဝန်းကျင်နှင့်အမျိုး သမီးများအခွင့်အရေးစသည့် ‘အနောက် တိုင်း အိုင်ဒီယာများ’ နေရာတွင် တန်ဖိုး အသစ်များ အစားထိုးနေရာယူလာနိုင် သည်။
သွေးထွက်သံယိုဖြစ်မှုက ကိန်းသေ နီးပါး ပိုမိုဖြစ်လာဖွယ်ရှိသည်။ ရေနံမှရရှိ သည့်ကြွယ်ဝမှုသည် နိုင်ငံ၏စီးပွားရေးနှင့် နိုင်ငံရေးကို ထိခိုက်ပျက်စီးစေတတ်သည်။ လုပ်ငန်းခွဲဖြာလုပ်ကိုင်မှုအားနည်းစေသည်။ တိုင်းရင်းသားမျိုးနွယ်စု၏နစ်နာချက်များကို ပိုမိုဆိုးရွားစေသည်။ သူပုန်အဖွဲ့အစည်း များသို့ ငွေကြေးရန်ပုံငွေထောက်ပံ့ရန် ပိုမို လွယ်ကူသည်။ ကမ္ဘာ့ပြည်တွင်းစစ်များဖြစ် ပွားရာနေရာ၏သုံးပုံတစ်ပုံမှာ ရေနံထွက် နိုင်ငံများဖြစ်နေသည်။ ၁၉၉၂ခုနှစ်တွင် ယင်းကိန်းဂဏန်းမှာ ငါးပုံတစ်ပုံမျှသာဖြစ် သည်။ ဂျာအေး သူ့အမေရိုက်အဖြစ်မျိုး (vicious cycle)ရှိသည်။ အီရတ်နှင့်နိုင်ဂျီး ရီးယားကိုကြည့်ပါ။ ပဋိပက္ခက ဈေးနှုန်း ကြီးမြင့်မှုကို မီးထိုးပေးသည်။ ဈေးနှုန်းမြင့် မားမှုက တစ်ဖန် ပဋိပက္ခကို မီးထိုးပေးပြန် သည်ဟု UCLA မှ Rass ကပြောပါသည်။
ထို့အပြင် ရေနံဈေးနှုန်းမြင့်တက်နေ မှုက ရေနံနိုင်ငံတချို့အား ယင်းတို့၏ရေနံ မြေများကို ပြည်သူပိုင်သိမ်းရန်ဆန္ဒကို ပိုမို ကြီးထွားစေသည်။ ထိုသို့ဖြစ်လျှင် ပြည်သူ ပိုင် ရေနံလုပ်ငန်းမှ ရေနံထွက်ရှိမှု ကျဆင်း လာနိုင်သည်။ ငြိမ်းချမ်းသည့်ဒေသများဖြစ် သည့် အလက်စကားနှင့် မြောက်ပိုင်းပင် လယ်တို့မှ ရေနံထုတ်ယူမှု ကုန်ခန်းသ လောက်ရှိသည့်အခါ ရေနံရှာဖွေမှုကို ပဋိ ပက္ခဇုန်များ(နိုင်ဂျီးရီးယားနှင့်အန်ဂိုလာ) နှင့် အစွန်အဖျားဒေသများ(ဆိုက်ဘေးရီး ယားပင်လယ်နက်)သို့တိုးချဲ့နေရကြောင်းပါ။

Israel: zoo elephant attacks 17-year-old girl

A 17-year-old girl was attacked by an elephant and hospitalized after sneaking into a zoo at night, according to Israeli officials.
A Safari nature park employee said the girl and a friend entered the park near Tel Aviv prior to dawn Friday by climbing over a wall. They then entered the elephants' enclosure.
Mori Hertzenstein told Army Radio the girl approached the pen of one of the male elephants, who grabbed her with his trunk. Hertzenstein said "the elephant, which is a giant animal, hurt her."
Israeli rescue services say the girl was found outside the elephant's pen with injuries to her chest, stomach and pelvis and was rushed to hospital. Her friend was questioned by police.

6-legged deer survives dog attack, has new home

A six-legged deer found in the United States has a new home after being attacked by a dog.
An Athens, Georgia, woman with a permit to keep unique animals in captivity has agreed to take the unusual deer. The animal was found July 18 near Armuchee and underwent surgery to repair its minor injuries.
Berry College animal science professor George Gallagher took the deer after its surgery.
He said he is hoping to avoid making the deer a "circus sideshow." He said the animal's condition prevents it from surviving in the wild.
The fawn has two complete pelvises and two tails. One of the tails had to be amputated.
Gallagher said the fawn has a condition that is similar to Siamese twins in humans.

Tuesday, June 3, 2008

Brazil teen loses right hand in shark attack

A shark ripped off the right hand of a teenager swimming along the coast of northeastern Brazil, fire department officials said Monday.

Pernambuco state fire department spokesman Marcio Maia said 14-year-old Wellington dos Santos was attacked on Sunday after he swam beyond a coral reef that keeps sharks away from the beach of Piedade near the state capital, Recife.

Lifeguards rescued dos Santos and rushed him to a hospital, where he was reported to be in critical but stable condition, Maia said.

Besides severing dos Santos' hand, the shark "bit off a large chunk of his buttocks," Maia said.

"People insist on ignoring the sign posts warning of the danger of shark attacks, especially beyond the coral reefs about 150 meters (490 feet) from the beach," Maia said.

The attack was the 51st since authorities started keeping count of shark attacks in the area in 1992. Maia said sharks have killed 19 people in Pernambuco state over the past 15 years.

Thursday, May 29, 2008

May Day Madness!

1st May is a special date in calendar around the globe - known mainly as a worker’s day to celebrate the achievements of the labour movement. As a day of celebration, however, there are many reasons to celebrate all over the world - from Love Day in the Czech Republic to Beltane for Celtic people and Maharashtra Day in India. It is also the celebration day for 9 Christian saints! To honour this extraordinary date, here are some of our favourite records achieved on May Day.

First solo expedition to the North Pole
Naomi Uemura (1941 - 84), the Japanese explorer and mountaineer, became the first person to reach the North Pole in a solo trek across the Arctic sea-ice at 4:45 a.m. GMT on 1 May 1978. He had travelled 725 km (450 miles), setting out on 7 March from Cape Edward, Ellesmere Island in northern Canada.

Heaviest vehicle pulled by hair
The heaviest vehicle to have been pulled by the hair alone over a distance of 30 m (98 ft) is a double-decker bus weighing 7,874 kg (17,359 lb), by Letchemanah Ramasamy (Malaysia) at Bruntingthorpe Proving Ground, Leicestershire, UK, on 1 May 1999.

Largest cheerleading cheer
A total of 904 cheerleaders performed a cheer in full uniform with pom pom and baton in Voves, France, on 1 May 2007.

Largest collection of teddy bears
The largest collection of teddy bears belongs to Jackie Miley of Hill City, South Dakota, USA, with 5,029 different teddy bears, as of 1 May 2007, which she has been collecting since 2002.

Largest parade of Volkswagen (VW) cars / Longest single-model vehicle parade
A total of 2,728 VW Beetles took part in a parade organised by the Volkswagen Aficionado Club of Brazil on a race track near Sao Paulo, Brazil, on 1 May 1995.

Longest frame in a snooker World Championship match
The longest frame recorded in a snooker World Championship match is 74 minutes in the final match between Peter Ebdon (UK) and Graham Dott (UK) at the Crucible in Sheffield, UK on 1 May 2006.

Longest sari / saree
The record for the longest saree offered to Goddess Padmavathi measured 642.3 m (2,106 ft 10 in) and was achieved by His Holiness Sri Sri Sri Vasanth Gurudev Shakthipeetadhipath, founder of Sri Parshva Padmavathi Seva Trust in Chennai, India on 1 May 2007.

Wednesday, May 28, 2008

About 22 mln children in Europe are overweight


Europe has almost 22 million overweight children, and a further 1.3 million will be overweight or obese by 2010, according to a report by the European Parliament's Committee on the Environment, Public Health and Food Safety adopted on Tuesday.

The report called for an earlier start of measures to prevent obesity. Remedies include clearer food labeling, better food in schools and kindergartens, restrictions on advertising unhealthy food to children.

The report recommends a multi-level, comprehensive approach to fighting obesity, which has resulted disease approaching epidemic proportions.

Obesity already accounts directly for about 6 percent of health spending, but the indirect costs are much higher, says the report.

"Obesity is one of Europe's most serious public health problems, because it significantly increases the risk of chronic diseases such as cardiovascular disease, type 2 diabetes and some cancers," according to a press release by the parliament.

Since childhood obesity correlates closely with obesity in adults, the commission and other stakeholders should make fighting it their priority, said the report.

"School curricula should be designed to ensure that physical exercise and a balanced diet become part of every child's behavior," the press release said.

The committee also called for other measures to prevent obesity, including an EU-wide ban on artificial trans-fatty acids, saying that excessive consumption of trans-fatty acids (over 2 percent of total energy intake) is linked to significantly higher cardiovascular risks.


Canadian couple arrested for selling baby on internet

A couple has been arrested after allegedly offering to sell a seven-day-old baby girl on the internet for 10,000 Canadian dollars (10,000 U.S. dollars), Canadian police said Tuesday.

Police in the western coast city of Vancouver were tipped off Friday by a woman who phoned to complain about the ad on the Craigslist website, which described the baby as "very cute," and said it was looking for a good home.

Through the cell phone number posted on the website, police eventually found the baby in a Vancouver West End apartment, which was occupied by four adults including a 23-year-old mother who was breastfeeding the infant when police arrived.

The mother and a 26-year-old man were arrested and initially charged with public mischief. But the couple were later released and the charges have since been dropped for lack of evidence.

The man and woman claimed that the ad was a hoax. Meanwhile, the baby has been taken into care by the provincial Ministry of Children and Family Development.

"In my 27 years in policing, this is something I thought I would never see," Vancouver Police Dept. Const. Tim Fanning told reporters at a briefing Tuesday morning.

Swedish woman married to Berlin Wall for 29 years

A Swedish woman with a passion for inanimate objects revealed that she has been married to the Berlin Wall for 29 years.

Eija-Riitta Berliner-Mauer, 54, whose surname means Berlin Wall in German, said she fell in love with the Berlin Wall in childhood, when she saw "his" pictures on TV.

She began collecting "his" pictures and saving up for visits. On her sixth trip in 1979 they tied the knot before a handful of guests.

She claimed that the Great Wall of China's attractive, but it's too thick and her "husband" is sexier.

While she remains a virgin with humans, she insists she had a full, loving relationship with the wall.

"It's not just pleasuring myself. I want to please my partner when we make love."

While the rest of mankind rejoiced when the Berlin Wall was largely torn down in 1989, its "wife" was horrified.

She's never been back and now has only model to remind her of "his" former glory.

"We all have to live on this earth and the only way to peace, friendship and freedom is accepting and respecting even if one doesn't understand. As long as nobody is injured all is well," said Berliner-Mauer.