Showing posts with label ထူးချွန်ပုဂ္ဂိုလ်များ. Show all posts
Showing posts with label ထူးချွန်ပုဂ္ဂိုလ်များ. Show all posts

Wednesday, April 2, 2008

အမျိုးသမီးလုပ်ငန်းရှင်တစ်ဦး

သူရထိုက်

မာရီကေးဟာ သူမရဲ့ကုမ္ပဏီကို ဒေါ် လာ ၅ဝဝဝနဲ့ ၁၉၆၃ခုနှစ်မှာ စတင်ခဲ့ပါ တယ်။ ဒီနေ့အချိန်မှာတော့ မာရီကေးအလှ ကုန်လုပ်ငန်းဟာ နိုင်ငံတကာကုမ္ပဏီကြီးဖြစ် လာပြီး ဒေါ်လာသန်း ထောင်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံနေတဲ့ကုမ္ပဏီကြီး ဖြစ်လာပါပြီ။

မာရီကက်သလင်းဝဂ်ဂနာကို ၁၉၁၈ ခုနှစ်က တက္ကဆက်ပြည်နယ်မှာ မွေးဖွားခဲ့ပါ တယ်။ သူမငယ်စဉ် ကလေးဘဝမှာ ဖျားနာ နေတဲ့သူမရဲ့ဖခင်ကြီးကို ပြုစုရင်းနဲ့အချိန် ကုန်ခဲ့ရတာများပါတယ်။ သူမရဲ့မိခင်ကတော့ လူထုစားရိပ်သာမှာ နာရီများစွာ အလုပ်လုပ် ရတယ်။ မာရီကေး အသက်၁၇နှစ်မှာ ဘန်း ရိုဂျာနဲ့လက်ထပ်ခဲ့ပြီး ကလေးသုံးယောက် ရခဲ့ တယ်။ အဲဒါကတော့ ဒုတိယကမ္ဘာစစ်ဖြစ်လို့ မာရီကေးရဲ့ယောက်ျား စစ်ထဲပါမသွားခင် အထိပေါ့။ စစ်ကြီးပြီးလို့ ဘန်းရိုဂျာ ပြန် ရောက်လာတဲ့အခါ မာရီကေးတို့ အိမ်ထောင် ရေးလည်း ပြီးဆုံးသွားခဲ့တော့တယ်။ သူမရဲ့ ကလေးတွေကို ကျွေးမွေးပြုစုဖို့အတွက် မာရီ ကေးအလုပ်ရှာရပါတော့တယ်။

ကုန်ပစ္စည်းအမျိုးမျိုးကို မာရီကေး စတင်ရောင်းချပါတယ်။ ပထမစာအုပ်တွေ ရောင်းတယ်။ နောက်တော့ သူမအနေနဲ့ အိမ် ပေါက်စေ့သွားပြီး အိမ်တွေကိုပြုပြင်တဲ့ပစ္စည်း တွေ လိုက်ပြပါတယ်။ ကြွေချေးချွတ်ဆေး ရည်မျိုးလိုပေါ့။

တစ်ညမှာတော့ အဲဒီလိုပစ္စည်းမျိုးတွေ ကို အိုဗာဟိထ်စပွန်မိုးတို့အိမ် သွားရောက် ပြသခဲ့တယ်။ နောက်နေ့ညနေမှာ မစ္စစပွန် မိုးက သူမအိမ်လာတဲ့ဧည့်သည်တွေကို အိမ် တွင်းဖြစ် အသားအရေပြုပြင်တဲ့ပစ္စည်းတချို့ လက်ဆောင်ပေးခဲ့တယ်။ အဲဒီပစ္စည်းတွေကို ထုတ်လုပ်တဲ့သူက အာကင်ဆောပြည်နယ်မှာ နေတဲ့ သူမရဲ့ဖခင်ပါ။ မာရီကေးက အဲဒီ ပစ္စည်းကို ကြိုးစားပြုပြင်ရင်းနဲ့သူမရဲ့အသား အရေ ချောမွေ့အောင်ပြုလုပ်လို့ရတာကို တွေ့ သွားခဲ့တယ်။

မာရီကေးအနေနဲ့ နေအိမ်ပြုပြင်ရေး ပစ္စည်းတွေကို ရောင်းချတာ အောင်မြင်မှုရပါ တယ်။ သူမရဲ့ကြီးကြပ်သူတွေက သူမကို ချီး မွမ်းစကားပြောကြတယ်။ ဒါပေမဲ့ သူမရဲ့ လစာကိုတော့ တိုးမပေးဘူး။ သူမလေ့ကျင့် သင်ကြားပေးခဲ့တဲ့လူတစ်ယောက်ဟာ သူမ ထက် အရေးပါ အရာရောက်တဲ့နေရာရောက် လာတဲ့အခါ သူမ အဲဒီကုမ္ပဏီကနေ ထွက် လာခဲ့တယ်။

မာရီကေး နောက်ပိုင်းမှာ ပြောဆိုတာက အဲဒီအတွေ့အကြုံကနေ သူမလေ့လာသင်ယူ ခဲ့တယ်တဲ့။ အမျိုးသားတွေကတော့ သူမကို စီးပွားရေးလုပ်ငန်းမှာ အောင်မြင်မှုရလိမ့်မယ် လို့ မယုံကြည်ကြဘူး။ ဒါကို မှားတယ်လို့ သက်သေပြမယ်ဆိုပြီး သူမဆုံးဖြတ်လိုက်ပါ တယ်။ ဒါ့ကြောင့် သူမအနေနဲ့ မစ္စတာဟိထ် ရဲ့ အသားအရေ ပြုပြင်မှုပစ္စည်းများနဲ့ပတ် သက်တဲ့ထုတ်လုပ်ပိုင်ခွင့်ကိုဝယ်ယူပြီး သူမရဲ့ ကုမ္ပဏီကို စတင်တည်ထောင်လိုက်ပါတယ်။ အဲဒီအလှကုန်ပစ္စည်းတွေထုတ်လုပ်ဖို့အတွက် တရားဝင် အခွင့်အရေးကို ဒေါ်လာငါးရာပေး ခဲ့တယ်။

၁၉၆၃ခုနှစ်မှာတော့ မာရီကေးအလှ ကုန်ကုမ္ပဏီကို တက္ကဆက်ပြည်နယ်၊ ဒဲလပ်စ် မှာ စတင်လုပ်ကိုင်ခဲ့တယ်။ မာရီကေးရဲ့ အသက်၂၁နှစ်အရွယ် သားဖြစ်သူရစ်ချတ် ကတော့ ကုမ္ပဏီဘဏ္ဍာရေးတာဝန်ခံဖြစ်ခဲ့ တယ်။ အကြံအစည်ကတော့ အလှကုန် ပစ္စည်းတွေကို ရုံးတွေ၊ အိမ်တွေမှာ လိုက်လံ ရှင်းလင်းပြသပြီး ရောင်းချဖို့ပါပဲ။ ကုန်ပစ္စည်း ရောင်းချဖို့အတွက် အရောင်းကိုယ်စားလှယ် ၉ဦး ရွေးချယ်ခဲ့ပါတယ်။

အရောင်းကိုယ်စားလှယ်တွေက လွတ် လပ်တဲ့အလုပ်သမားတွေပါ။သူတို့တစ်တွေက ဆပ်ပြာတွေ၊ အသားအရေချောမွေ့စေတဲ့ အရည်တွေကို ကုမ္ပဏီကနေ ဝယ်ယူပြီး မြင့် မားတဲ့ဈေးနဲ့ မိတ်ဆွေအပေါင်းအသင်းတွေ၊ မိသားစုဝင်တွေနဲ့ ဒီ့ပြင်လူတစ်ဦးချင်းစီကို ရောင်းချကြတယ်။ မာရီကေးက ဒီ့ပြင် အရောင်းကိုယ်စားလှယ်ရှာပေးနိုင်သူကို ဝင် ငွေပိုရစေမယ့်အစီအစဉ် ချမှတ်ပေးလိုက် တယ်။ အဲဒီနည်းလမ်းနဲ့ အတွေ့အကြုံရှိ အရောင်းကိုယ်စားလှယ်တွေက လူသစ်တစ်ဦး ကို ကူညီပြသပေးချင်စိတ်တွေ ဖြစ်လာခဲ့ ပါတယ်။

မာရီကေးက သူ့အတွက် အလုပ်လုပ် ပေးတဲ့အမျိုးသမီးတွေကိုပြောပြတာက ဒီလို ပါ။ ဘဝမှာ အောင်မြင်ဖို့ဆိုရင် ဘုရားသခင် က ပထမ၊ မိသားစုက ဒုတိယ၊ အလုပ်က တတိယတဲ့။ သူမက အမျိုးသမီးတွေကို အိမ် ရှင်မကောင်းတွေ၊ မိခင်ကောင်းတွေကိုရှာရ မယ်။ တစ်ချိန်တည်းမှာပဲ အလုပ်မှာ ဘယ် လိုအောင်မြင်ရမလဲဆိုတာကို သင်ယူရမယ် လို့ဆိုပါတယ်။

နှစ်နှစ်ကြာတဲ့အခါ ၁၉၆၅ခုနှစ်မှာ တော့ ကုမ္ပဏီအနေနဲ့ ကုန်ပစ္စည်းတွေကို ဒေါ်လာတစ်သန်းဖိုးခန့် ရောင်းချခဲ့ရတယ်။ တစ်ခါက မာရီကေးပြောခဲ့ဖူးပါတယ်။ အောင် မြင်ခြင်းဟာ မြန်မြန်ဆန်ဆန်ပဲရောက်လာခဲ့ ပါတယ်တဲ့။ ဘာဖြစ်လို့လဲဆိုရင် သူမ အချိန် မဖြုန်းခဲ့လို့တဲ့။ ကုမ္ပဏီစထောင်တုန်းက သူမ ရဲ့အသက်က ၄၅နှစ်ပါ။ သူမက မိန်းမတစ် ယောက်အဖို့ အသက်ကြီးလာသလို ပိုက်ဆံ လည်း လိုအပ်တယ်လို့ဆိုပါတယ်။

ယခုအချိန်မှာတော့ အမေရိကန်ပြည် ထောင်စုမှာ မာရီကေးအလှကုန်လုပ်ငန်းဟာ အသားအရေ အလှပြုပြင်ပစ္စည်းမှာ အကြီး မားဆုံး တိုက်ရိုက်ရောင်းချသူဖြစ်နေပါပြီ။ အသားအရေပြုပြင်မှုနဲ့ပတ်သက်ပြီး စမ်းသပ် မှုများစွာ ပြုလုပ်ကာ မျက်နှာအတွက် အလှ ကုန်ပစ္စည်းတွေကိုလည်း ထုတ်လုပ်နိုင်ခဲ့ပါ တယ်။ ဒီ့အပြင် ခန္ဓာကိုယ်၊ ဆံပင်၊ ခြေ သည်း၊ လက်သည်းနဲ့ပတ်သက်တဲ့ အလှကုန် ပစ္စည်းတွေကိုလည်း ထုတ်လုပ်နိုင်ခဲ့တယ်။ အများစုကိုတော့ ၁၉၆၃ခုနှစ်ကတည်းက စတင်ရောင်းချနိုင်ခဲ့တာပါ။ ဒီနေ့အချိန်မှာ တော့ မာရီကေးအလှကုန်ပစ္စည်းတွေကို ဒေါ် လာသန်းပေါင်း ၁ဝဝဝထက် ပိုပြီးရောင်းချ နေရပါပြီ။ ကမ္ဘာတစ်ဝန်းက နိုင်ငံပေါင်း ၃၇ နိုင်ငံမှာ အရောင်းကိုယ်စားလှယ်ပေါင်း ထောင်နဲ့ချီပြီးထားရှိနေရပါတယ်။ အာဂျင်တီး နား၊ ဘရူနိုင်း၊ ချက်သမ္မတနိုင်ငံ၊ ကာဇက် စတန်နဲ့စင်ကာပူနိုင်ငံတို့မှာ မာရီကေးအလှ ကုန်ပစ္စည်းတွေနဲ့အရောင်းကိုယ်စားလှယ် တွေကို တွေ့နိုင်ပါတယ်။

၁၉၆၅ခုနှစ်ကစပြီးတော့ နှစ်စဉ်နှစ် တိုင်း မာရီကေးအလှကုန် အရောင်းကိုယ်စား လှယ်တွေရဲ့ မျက်နှာစုံညီအစည်းအဝေးကြီးကို ဒဲလပ်စ်မှာ ပြုလုပ်ခဲ့ပါတယ်။ ပထမဦးဆုံး အစည်းအဝေးကြီးအတွက် အခန်းကျယ်ကြီး တစ်ခုယူခဲ့တယ်။ လူဦးရေ၂ဝဝအတွက် အစားအစာတွေကို မာရီကေးကချက်ပြုတ်ပြီး စက္ကူပန်းကန်ပြားတွေနဲ့တည်ခင်းဧည့်ခံကျွေး မွေးပါတယ်။

ကုမ္ပဏီကြီး ကြီးထွားလာခဲ့ပေမဲ့လည်း အဲဒီအစည်းအဝေးကိုတော့ ပြုလုပ်လျက် ပါပဲ။ အခုတော့ နှစ်စဉ်နှစ်တိုင်း ပြုလုပ် နေကျ အဲဒီအစည်းအဝေးမှာ အရောင်းကိုယ် စားလှယ်တွေနဲ့ကုမ္ပဏီရဲ့တာဝန်ခံတွေက ပညာရေးဆွေးနွေးပွဲတွေကို တက်ရောက်ပြု လုပ်နေတယ်။ ထူးခြားမှုဖြစ်စဉ်တစ်ခုကတော့ အစည်းအဝေးကြီးရဲ့ပထမဆုံး သုံးရက်မှာ ဆု ပေးအပ်ခြင်း အခမ်းအနားပါပဲ။ တစ်နှစ်ပတ် လုံးမှာ အများဆုံး ရောင်းရတဲ့ကိုယ်စားလှယ် တွေကို ဆုချီးမြှင့်ပါတယ်။ အဆိုတော်တွေ၊ ကချေသည်တွေလည်း ပါဝင်သီဆိုကပြခဲ့ ကြတယ်။

ဆုရတဲ့ အရောင်းကိုယ်စားလှယ်တွေကို အထူးအခွင့်အရေးအနေနဲ့အားလပ်ရက်တွေ၊ ကျောက်မျက်ရတနာတွေ၊ သားမွေးတွေ၊ အဖိုး တန်မော်တော်ကားတွေကိုပေးအပ်ပါတယ်။ ဂျာမနီမှာတော့ မာစီဒီးကားတွေကိုပေးပြီး တရုတ်တိုင်ပေမှာတော့ တိုယိုတာကားတွေကို ပေးခဲ့တယ်။ ၁၉၉၅ခုနှစ်မှာ အရောင်းကိုယ် စားလှယ်တွေအတွက် မော်တော်ကား ၇ဝဝဝ ပေးခဲ့ရတယ်။ ပေးခဲ့တဲ့ကားတွေက ပန်းရောင် ပါ။ ဘာဖြစ်လို့လဲဆိုတော့ မာရီကေးအလှကုန် ပစ္စည်းတွေကို ပန်းရောင်ဘူးကလေးတွေနဲ့ ထည့်ခဲ့လို့ပါပဲ။ မာရီကေးအနေနဲ့လည်း အဲဒီ အရောင်ကို ကြိုက်နှစ်သက်ပါတယ်။

အသိအမှတ်ပြု ချီးမြှင့်တဲ့နည်းလမ်းဟာ ကုမ္ပဏီတစ်ခုရဲ့အရောင်းကို တိုးပွားစေတဲ့ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ မာရီ ကေးက ယုံကြည်တယ်လေ။ မာရီကေးက သူမရဲ့ကုမ္ပဏီဟာ ပြိုင်ဆိုင်ကြိုးပမ်းခဲ့ရပြီး လူတိုင်းမှာအောင်မြင်စေမယ့်အခွင့်အရေး တစ်ခုရှိတယ်လို့ဆိုပါတယ်။ အောင်မြင်ဖို့ အတွက် တစ်ယောက်ကတစ်ယောက်ကို အမိန့်ပေးပြီး ပြိုင်ဆိုင်စည်းရုံးတဲ့နည်းကို သူမ မလိုချင်ပါဘူး။ မိမိကိုယ်ကိုမိမိ ပြိုင်ဆိုင်ခြင်း ဟာ မာရီကေးရဲ့ ပြိုင်ဆိုင်ခြင်းပါ။ လူတိုင်း လူတိုင်းဟာ ပြီးဆုံးသွားတဲ့ရက်သတ္တပတ်၊ ပြီး ဆုံးသွားတဲ့နှစ်တွေထက် ပိုပြီးတော့ ကောင်း အောင် တစ်ဦးချင်း ကြိုးပမ်းနေရပါမယ်။

မာရီကေးရဲ့တတိယမြောက်ခင်ပွန်း ဖြစ်သူ မဲလရှ်ဟာ ၁၉၈ဝပြည့်နှစ်မှာ ကင်ဆာ ရောဂါနဲ့ကွယ်လွန်သွားခဲ့တယ်။ မာရီကေး အနေနဲ့ အဲဒီရောဂါကိုကုသမှုမှာ ကူညီချင်မိ တယ်။ ပထမ အဲဒီရောဂါနဲ့ပတ်သက်ပြီးတော့ သုတေသန ပြုလုပ်နေတဲ့ အဖွဲ့အစည်းတွေကို ငွေကြေးအမြောက်အမြား ထောက်ပံ့ကူညီ တယ်။ နောက်တော့ ငွေကြေးအမြတ်အစွန်း မယူတဲ့ အဖွဲ့အစည်းတစ်ခုကို တည်ထောင် ပြီး ကင်ဆာရောဂါခံစားနေရတဲ့ အမျိုးသမီး တွေအတွက် ငွေကြေးထောက်ပံ့ကူညီပြီး သုတေသနပြုစေပါတယ်။ ၂ဝဝ၁ခုနှစ်မှာ တော့ ကုမ္ပဏီနဲ့အဖွဲ့အစည်းက အမျိုးသမီး တွေ အနိုင်အထက်ပြုကျင့်ခံရမှု ရပ်တန့်ရေး မှာ ကြိုးပမ်းကူညီခဲ့ပါတယ်။

နှစ်များစွာအတွင်း မာရီကေးအနေနဲ့ စီးပွားရေးဆိုင်ရာဆုတွေကိုလည်း ရရှိခဲ့ပါ တယ်။ ၁၉၈၅ခုနှစ်က အမေရိကရဲ့ဩဇာ အရှိန်အဝါရှိသူ အမျိုးသမီး၂၅ဦးရဲ့စာရင်း ထဲမှာ မာရီကေးပါဝင်ခဲ့တယ်။ ၁၉၉၆ခုနှစ် မှာ နိုင်ငံစီးပွားရေးအဖွဲ့အစည်းကြီးတစ်ခုရဲ့ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့တယ်။

မာရီကေးဟာ စာအုပ်သုံးအုပ်လည်း ရေးခဲ့ပါတယ်။ ပထမဆုံးစာအုပ်ကတော့ သူမ ရဲ့ဘဝဖြစ်စဉ်ကို ရေးဖွဲ့ထားတဲ့ ‘မာရီကေး’ ဆိုတဲ့ စာအုပ်ပါ။ အဲဒီစာအုပ်ကို ဘာသာ ပေါင်းများစွာနဲ့ပြန်ဆိုပြီး အုပ်ရေတစ်သန်း ကျော် ရောင်းချခဲ့ရတယ်။ သူမရဲ့စီးပွားရေး အတွေးအမြင်တွေကိုဖော်ပြတဲ့စာအုပ်ကတော့ ‘Mary Kay on People Management’ ဆိုတဲ့စာအုပ်ပါ။ သူမရဲ့တတိယမြောက် စာ အုပ်ကိုတော့ ၁၉၉၅ခုနှစ်မှာ ဖြန့်ချိခဲ့ပြီး စာ အုပ်အမည်က ‘Mary Kay-You Can Have It All’ ဆိုတဲ့စာအုပ်ပါ။ အဲဒီစာအုပ်တွေ ရောင်းချရရှိတဲ့ငွေကြေးကိုတော့ ကင်ဆာ ရောဂါတိုက်ဖျက်ရာမှာ အသုံးပြုပါတယ်။

၁၉၉၆ခုနှစ်၊ သူမ လေမဖြတ်ခင် အချိန်အထိ မာရီကေးဟာ သူမရဲ့စီးပွားရေး လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ဆောင်ရွက် ခဲ့ပါတယ်။ ၂ဝဝ၁ခုနှစ်၊ နိုဝင်ဘာလမှာတော့ သူမ ကွယ်လွန်အနိစ္စရောက်သွားခဲ့တယ်။

စီးပွားရေးကျွမ်းကျင်သူတွေကတော့ သူမကို လူတွေနဲ့ပတ်သက်ပြီး ဂရုစိုက်ဆောင် ရွက်တဲ့၊ အရေးပါ အရာရောက်တဲ့စီးပွားရေး ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့ဆိုကြတယ်။ မာရီကေး အရောင်းကိုယ်စားလှယ်တွေက တော့ သူမဟာ အမျိုးသမီးတွေ ဝင်ငွေရရှိ အောင်၊ သူတို့တစ်တွေရဲ့မိသားစုနဲ့အတူ အချိန်ပေးနိုင်အောင် တိုးတက်စေခဲ့သူဖြစ် တယ်လို့ဆိုပါတယ်။

ဥပမာတစ်ခုပြရရင်တော့ ဗလီဗာ ယော့ခ်ပါပဲ။ သူမဟာ မာရီကေးကုမ္ပဏီက ပစ္စည်းတွေကို လွန်ခဲ့တဲ့အနှစ်၂ဝကပဲ ရောင်း ချခဲ့တယ်။ ပထမတော့ သူမက ဝါရှင်တန် ဒီစီက ဂျော့ခ်ျတောင်းတက္ကသိုလ်မှာ အရာရှိ တစ်ဦး။ ဒါပေမဲ့ သူမရဲ့ ကလေးငယ်နှစ်ဦးနဲ့ အတူ အိမ်မှာနေဖို့အတွက် အလုပ်ကနေ ထွက်ခဲ့တယ်။ သူမအနေနဲ့ မာရီကေးကုမ္ပဏီ က အလှကုန်ပစ္စည်းတွေကို စိတ်ဝင်စားလာခဲ့ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ငွေကြေး အနည်းငယ်ရရှိဖို့အတွက် နည်းလမ်းတစ်ခု ဖြစ်နေလို့ပါ။ ဒေါ်လာတစ်ရာထက်နည်းတဲ့ ကုန်ပစ္စည်းတွေဝယ်ပြီး စတင်ဆောင်ရွက်ခဲ့ တယ်။ တစ်နှစ်၊ တစ်နှစ်ခွဲကြာတဲ့အခါမှာ တော့ မစ္စယော့ခ်ဟာ ကုမ္ပဏီရဲ့ဒါရိုက်တာ တစ်ဦးဖြစ်လာခဲ့ပြီး တခြားအမျိုးသမီးတွေကို မာရီကေးအရောင်းကိုယ်စားလှယ်တွေဖြစ်ဖို့ အတွက် စတင်ကူညီဆောင်ရွက်ပေးခဲ့ပါ တယ်။ အဲဒီနောက်မှာတော့ သူမရဲ့ ယောက်ျားက အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး ကင် ဆာရောဂါပါ ခံစားလာရတယ်။ ဗလီဗာ ယော့ခ်ဟာ သူမရဲ့မိသားစုကို မာရီကေးအလှ ကုန်ပစ္စည်းတွေနဲ့ပဲ အနှစ်၂ဝကြာအောင် ထောက်ပံ့ခဲ့ရတယ်။ သူမဟာ စီးပွားရေးနဲ့ ပတ်သက်ပြီး အောင်မြင်တဲ့အမျိုးသမီးတစ်ဦး ပါ။ မာရီကေးကုမ္ပဏီကဆုတွေကိုလည်း သူမ ရရှိခဲ့တယ်။

ဗလီဗာယော့ခ်ရဲ့အကြောင်းက ဒီ့ပြင် မာရီကေးအရောင်းကိုယ်စားလှယ်တွေနဲ့အတူ တူပါပဲ။ သူတို့တစ်တွေအားလုံး သဘောတူညီ ထားကြတာက မာရီကေးဟာ စီးပွားရေး လောကကြီးကို ပြောင်းလဲပစ်ခဲ့တယ်ဆိုတာ ပါပဲ။ အမျိုးသမီးတွေအတွက် တံခါးတစ်ချပ် ကို ဖွင့်ပေးခဲ့သူ၊ ဝင်ငွေရစေမယ့်နည်းလမ်း တစ်ခုကို ထောက်ပံ့ပေးခဲ့သူ၊ အလုပ်နဲ့မိသား စုကို ချိန်ခွင်လျှာညှိနိုင်အောင် ပြုလုပ်ပေးခဲ့ သူလို့ ဆိုနေကြလေရဲ့။

Saturday, March 8, 2008

အိပ်မက်ကို အကောင်အထည်ဖော်ခဲ့သူတစ်ဦး

သူရထိုက်

လူတိုင်းမှာ အိပ်မက်တွေရှိခဲ့ကြပါ တယ်။ ကျွန်တော်တို့တစ်တွေ ငယ်ရွယ်စဉ် ကလေးဘဝမှာလည်း အိပ်မက်တွေ ရှိခဲ့ မှာပါ။ ဆရာဝန်ကြီးဖြစ်ဖို့၊ အင်ဂျင်နီယာ ကြီးဖြစ်ဖို့ စသဖြင့် တစ်ခုခုပေါ့။

အိပ်မက်ဆိုတာက အမျိုးမျိုးပါ။ သွေးလေချောက်ချားလို့မက်တဲ့အိပ်မက်၊ ဆောင်းတွင်းအိပ်မက် ကယောက်ကယက် စတဲ့ အိပ်မက်မျိုးတွေလည်းရှိတတ်ပါသေး တယ်။ အခု ကျွန်တော်ဆိုလိုချင်တဲ့ အိပ် မက်က ကပေါက်တိကပေါက်ချာမက်တဲ့ အိပ်မက်မျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ ဖြစ်ကိုဖြစ်လာမယ့် နိမိတ်ပြအိပ်မက်မျိုးကို ဆိုလိုတာပါ။

ဒီကမ္ဘာပေါ်မှာရှိတဲ့လူတိုင်းဆီမှာ အိပ်မက်တွေရှိကြပါတယ်။ အဲဒီအိပ်မက် ထဲမှာ သူတို့ရဲ့အနာဂတ်အတွက် စီမံကိန်း တွေလည်း ရှိကောင်းရှိနိုင်ပါတယ်။

ကိုယ့်ရဲ့အိပ်မက်ကို အကောင် အထည်ဖော်ခဲ့တဲ့ဆရာဝန်တစ်ဦးရဲ့ အကြောင်းကို တစ်ဆင့်တင်ပြပါရစေ။ အဲဒီဆရာဝန်က စင်ကာပူနိုင်ငံမှာ စွန့်ဦး တီထွင်သူဆုကို ပေးအပ်ခြင်းခံခဲ့ရပါတယ်။ အဲဒီဆရာဝန်ရဲ့အိပ်မက်ကတော့ သား သမီးမွေးဖွားတဲ့ အမျိုးသမီးလူနာတွေ အတွက် သက်သောင့်သက်သာဖြစ်စေတဲ့ ဆေးရုံတစ်ခုဖြစ်ပေါ်စေခြင်းပါပဲ။

သားဖွားမီးယပ်ဆရာဝန်တစ်ဦးဖြစ် တဲ့ ဒေါက်တာချန်ဝေချန်းဟာ ၁၉၆ဝ ပြည့်နှစ်များဆီက ဆေးရုံအမျိုးမျိုးမှာ စင်ကာပူအမျိုးသမီးတွေမီးဖွားတဲ့အခါ တွေ့ကြုံရပုံတွေကို မျက်ဝါးထင်ထင်တွေ့ခဲ့ ရတယ်။ အဲဒီအချိန်က ရရှိခဲ့တဲ့အတွေ့ အကြုံတွေကို အခြေခံပြီး ဒေါက်တာချန် ဝေချန်းဟာ မီးဖွားမယ့်လူနာတွေအတွက် သက်သောင့်သက်သာရှိတဲ့၊ အဆင်ပြေ ချောမွေ့စေတဲ့နေရာဝန်းကျင်ကို ဖန်တီး ပေးဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဲဒီစိတ် ကူးအကြံဉာဏ်ယူဆချက်ကြောင့်Thom-son ဆေးဝါးကုသမှုဌာနကို ၁၉၇၉ ခုနှစ် မှာ စတင်ဖွင့်လှစ်ခဲ့တယ်။ တိုတောင်းတဲ့ အချိန်အတွင်းမှာပဲ အောင်မြင်မှုရခဲ့တယ် လို့ ဒေါက်တာချန်ဝေချန်းက ဆိုပါတယ်။ အသက် ၇၆နှစ်ရှိပြီဖြစ်တဲ့ ဒေါက်တာချန် ဝေချန်းဟာ အဲဒီဆေးရုံမှာ အလုပ်အမှု ဆောင်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လုပ်ကိုင် နေတုန်းပါပဲ။

‘KK ဆေးရုံမှာ ကျွန်တော် ကလေး ၁ဝဝကို တစ်နေ့တည်း မွေးပေးခဲ့ရတယ်’ လို့ ဒေါက်တာချန်ဝေချန်းက သူ့ရဲ့အတွေ့ အကြုံကို ပြောပြပါတယ်။

အဲဒီမှာ လူနာတွေအနေနဲ့ မလိုအပ် တာတွေ ခံစားရတာကိုလည်း သိခဲ့ရ တယ်။ မီးဖွားတဲ့ကလေးမိခင်တွေအနေနဲ့ ကြောက်ရွံ့မှုတွေ၊ မိသားစုမဆန်တဲ့ပတ် ဝန်းကျင်တွေကို ကြုံတွေ့ကြရတယ်။

သူတို့တစ်တွေအနေနဲ့ သက်သောင့် သက်သာရှိမယ့် ကလေးမွေးရတာကို နှစ် သက်စေမယ့် အနေအထားမျိုးကို ကျွန် တော်ထောက်ပံ့ပေးချင်တယ်။ အခန်းတွေ ကို ဆေးရုံတစ်ရုံက အခန်းတွေလို အနေ အထားမျိုး ဖွဲ့စည်းပြင်ဆင်မထားချင်ဘူး၊ ဟိုတယ်တစ်ခုလို ဖြစ်ရမယ်။

ဘယ်နေရာမှာများ ကလေးမွေးတဲ့ မိခင်တွေက သူတို့ရဲ့အခန်းထဲကနေ လို ချင်တာ မှာပြီး သောက်နိုင်မလဲ’

ဒီနေ့မှာတော့ ကုတင်ခြောက်ဆယ် ဆန့်တဲ့ ဒေါ်လာ ၄၆ဒသမ၅သန်းတန် စီး ပွားရေးလုပ်ငန်းတွေဖြစ်ပေါ်လာခဲ့ပါပြီ။ ဗီ ယက်နမ်၊ မလေးရှားနဲ့အင်ဒိုနီးရှားနိုင်ငံတွေ မှာလည်း ဆေးရုံတွေ၊ ကျန်းမာရေးစောင့် ရှောက်မှုစီမံကိန်းတွေ ရှိလာခဲ့ပါပြီ။ ဒါက တော့ စီးပွားရေးလုပ်ငန်းအောင်မြင်မှုနဲ့ လူ မှုရေးတာဝန်ကို ရောစပ်ပေါင်းစည်းထား တဲ့ သူ့ရဲ့လုပ်ဆောင်ချက်တွေပါ။ဒါကြောင့် သူ့ကို ‘စွန့်ဦးတီထွင် လုပ်ငန်းရှင်’ ဆု ချီးမြှင့် ခဲ့ခြင်းပဲဖြစ်ပါတယ်။

ဒေါက်တာချန်ဝေချန်းကို ဆုချီးမြှင့် တဲ့အခမ်းအနားမှာ စင်ကာပူအမျိုးသား တက္ကသိုလ်က အဖွဲ့အစည်းတွေနဲ့ တခြား သောအဖွဲ့အစည်းများတက်ရောက်ခဲ့ပြီး တက်ရောက်သူ ၈ဝဝကျော်ရှိပါတယ်။

‘grand entrepreneur’ ဆု ဆိုတဲ့ အဲဒီစွန့်ဦးတီထွင်သူဆုကို အောင်မြင်သူ တွေအထဲကမှ အထင်ရှား အကျော်ကြား ဆုံးသူတွေကို ပေးအပ်ခြင်းပဲဖြစ်ပါတယ်။

ဒေါက်တာချန်ဝေချန်းဟာ ၁၉၅၈ ခုနှစ်မှာ Malaya တက္ကသိုလ်ကနေ မီး ယပ်သားဖွားခွဲစိတ်ကုဆေးပညာဘွဲ့ ရရှိခဲ့ သူဖြစ်တယ်။ စွန့်ဦးတီထွင်အောင်မြင်မှုနဲ့ ပတ်သက်ပြီး သူပြောဆိုခဲ့တာကတော့ ဒီလိုပါ။

‘ရိုးသားမှုနဲ့အိပ်မက်တစ်ခုရှိရမယ်၊ ပြီးတော့ အဲဒီအိပ်မက်ကို မပြောင်းလဲပစ် ရပါဘူး၊ ကိုယ်သွားမယ့်လမ်းတစ်လျှောက် မှာ တွေ့ရတဲ့အခက်အခဲတွေ၊ ကျဆုံးမှုတွေ ကို ပမာမထားဘဲ အလုပ်လုပ်ရပါမယ်’

ဒေါက်တာချန်ဝေချန်းဟာ သူ့ရဲ့ သေနင်္ဂဗျူဟာအရ သေးငယ်မှုကို ဆက် လက်သိမ်းဆည်းထားဆဲဖြစ်ပါတယ်။ ဘယ်လိုပဲ ကြီးထွားတိုးတက်လာခဲ့ပေမဲ့ လည်း မွေးဖွားတဲ့ဌာနတစ်ခုမှာ ကုတင် ၁၃ဝခန့်ပဲရှိပါတယ်။

ဝန်ထမ်းတွေထဲက ၁၅ရာခိုင်နှုန်းဟာ သူလုပ်ငန်းစတင်လုပ်ဆောင်ကတည်းက ရှိနေခဲ့တဲ့သူတွေလို့ ဒေါက်တာချန်ဝေချန်း ကဆိုပါတယ်။ သူတို့တစ်တွေဟာ သူနဲ့ အတူတူ ဟိုးနှစ်ပေါင်းများစွာကတည်းက ကလေးတွေ မွေးဖွားပေးခဲ့ကြတယ်တဲ့။

အဲဒါကတော့ အိပ်မက်ကိုအကောင် အထည်ဖော်ခဲ့တဲ့ လူတစ်ယောက်ရဲ့ အကြောင်းပါပဲ။

အညွှန်း-The Straits Times Wednesday, September 5, 2007.