Showing posts with label စီးပွားရေး. Show all posts
Showing posts with label စီးပွားရေး. Show all posts

Tuesday, May 27, 2008

အိုပက် (OPEC) ကာတဲလ်အဖွဲ့က စက္ကူကျားဘဝမှ တကယ့်ကျားအဖြစ် အသွင်ပြောင်းခဲ့ပြီလား

ဦးလှမြင့်(မားကက်တင်း)

ရေနံအဓိကထုတ်လုပ်သည့် နိုင်ငံများ ဖြစ်ကြသည့် ဆော်ဒီအာရေးဘီးယား၊ အီ ရန်၊ အီရတ်၊ ကူဝိတ်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု(UAE)၊ ကာတာ၊ ဗင်နီဇွဲ လား၊ နိုင်ဂျီးရီးယား၊ လစ်ဗျား၊ အင်ဒိုနီး ရှား၊ အယ်ဂျီးရီးယား၊ ဂါဘွန်နှင့်အီကွေဒေါ နိုင်ငံများပါဝင်သည့် ‘ရေနံတင်ပို့သည့်နိုင်ငံ များအဖွဲ့(အိုပက်)’ (Organization of Petroleum Exporting Countries, OPEC)ကို ၁၉၆ဝပြည့်နှစ်တွင် စတင်ဖွဲ့ စည်းခဲ့ရာ ယနေ့ဆိုလျှင် သက်တမ်း၄၇နှစ် ကျော်လွန်ပြီဖြစ်သည်။ ယင်းအဖွဲ့ကို ‘ကာ တဲလ်’ အဖွဲ့အဖြစ် ဖွဲ့စည်းထားခြင်းဖြစ် သည်။ ကာတဲလ်(Cartel)ဆိုသည်မှာ ဈေးကွက်ကိုလွှမ်းမိုးချယ်လှယ်နိုင်ရန် မျိုး တူပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းရှင်ကြီး များစုပေါင်းပါဝင်သည့်အဖွဲ့ကိုဆိုလိုသည်။ သို့သော် ယင်းကာလတစ်လျှောက်လုံး အို ပက်သည် ကာတဲလ်အမည်ခံမျှလောက် သာဖြစ်ခဲ့သည်။ စက္ကူကျားသာဖြစ်ခဲ့ သည်။ ယင်းအဖွဲ့သည် တကယ့်လက်တွေ့ တွင် ရေနံဈေးနှုန်းများကို မထိန်းချုပ်နိုင်ခဲ့ ပါ။ အကြောင်းမှာ ယင်းအဖွဲ့၏အဖွဲ့ဝင် အများအပြားမှာ ဈေးကွက်ကိုထိန်းချုပ်ရန် ရည်ရွယ်သည့် ထုတ်လုပ်မှု ‘ကိုတာများ’ (quotas)ကို မှန်မှန်ကြီး ချိုးဖောက်မှုရှိနေ ခဲ့၍ဖြစ်သည်။ ထို့ကြောင့် အိုပက်ဝယ်လို အားနှင့်ရောင်းလိုအား အခြေအနေများ ပြောင်းလဲရွေ့လျားမှုအပေါ်လိုက်ပြီး ဈေး နှုန်းအတက်အကျကို ယေဘုယျလိုက်ခဲ့ သည်။

သို့သော် ယခုအခါ အိုပက်သည် တကယ့်ကျား ဖြစ်လာပြီဟုဆိုရတော့မည် ဖြစ်သည်။ တကယ်အလုပ်ဖြစ်သည့် ကာ တဲလ်ဖြစ်လာပေပြီ။ ၂ဝဝ၈ခုနှစ်၊ မတ်လ အတွင်း ဗီယင်နာတွင်ကျင်းပခဲ့သည့် အို ပက်အစည်းအဝေးကိုပဲကြည့်ပါ။ ရေနံတိုး မြှင့်ထုတ်လုပ်ရန် ထင်ရှားပေါ်လွင်သည့် အခြေအနေအကြောင်းရပ်များရှိနေသော် လည်း ရေနံဝန်ကြီးများက ရေနံတိုးထုတ် လုပ်ရန် ငြင်းဆိုခဲ့ကြသည်။ ရေနံစိမ်းဈေး နှုန်းက တစ်စည်လျှင် ဒေါ်လာ၁ဝဝ အထက်တွင် ဝဲနေသည်။ အမေရိကန်ပြည် ထောင်စုက ‘ရီဆက်ရှင်’ (Recession) သို့မဟုတ် စီးပွားရေးကျဆင်းမှုကာလ အတွင်း သို့မဟုတ် အနီးသို့ရောက်ရှိနေ သည်။ ကျန်ကမ္ဘာ့နိုင်ငံအများစုကလည်း သိသာသည့်စီးပွားရေးအကျပိုင်းနှင့် ရင် ဆိုင်နေရသည်။ ဒါကို အိုပက်ရေနံဝန်ကြီး များက မမှုပါ။ ရေနံဝယ်လိုအားပျော့လာ လျှင်(စီးပွားရေးအားပျော့ခြင်း၏ရောင်ပြန် ဟပ်မှု)ရေနံထုတ်လုပ်မှုကို လျှော့ချမည့် အရိပ်အယောင်ပြသခဲ့သည်။

ရီဆက်ရှင် သို့မဟုတ် စီးပွားရေးနှေး ကွေးမှု သူ့ဘာသာသူ ပြင်ဆင်နိုင်ရန် ယန္တရားနည်းစဉ်များထဲတွင် ရေနံဈေးနှုန်း ကျဆင်းမှုမှာ တစ်ခုအပါအဝင်ဖြစ်သည်။ ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့်အိမ်တွင်းသုံးဆီတို့၏ ဈေးနှုန်းများ ပိုမိုနိမ့်ကျလာမှုက စားသုံးသူ ၏ဝယ်နိုင်အားကို တိုးတက်စေသည်။ ငွေ ဖောင်းပွမှုကို တုံ့ဆိုင်းစေပြီး အများပြည်သူ တို့၏ယုံကြည်မှုကို တိုးစေသည်။ သည်သို့ သဘောအားဖြင့် ယင်းအကြောင်းအချက် များသည် ယိမ်းယိုင်နေသည့်စီးပွားရေး အတွက်အရေးကြီးသည့်အလိုအလျောက် (အော်တိုမက်တစ်)’တည်ငြိမ်စေသည့်အရာ’ (stabilizer)တစ်ခုပင်။ အလိုအလျောက် တည်ငြိမ်စေသည့်အရာကို ဖယ်ရှားပစ် မည်ဆိုလျှင် ယင်းထက်ပိုဆိုးသည်က ‘အလိုအလျောက် မတည်ငြိမ်စေသည့် အရာ’ အဖြစ် အသွင်ပြောင်းစေမည်ဆိုက ရီဆက်ရှင်း သို့မဟုတ် စီးပွားရေးနှေးကွေး မှုကို ပိုမိုဆိုးရွားစေမှာဖြစ်သည်။

ရေနံထုတ်လုပ်သူများအတွက် ရေနံ ဈေးနှုန်းမြင့်မားမှုက သူတို့အတွက်ကောင်း သည်။ ၁၉၉၉ခုနှစ်မှစ၍ အိုပက်နိုင်ငံများ အတွက် ရေနံမှဝင်ငွေသည် လေးဆတိုး ခဲ့သည်။ ၂ဝဝ၇ခုနှစ်တွင် ခန့်မှန်းခြေ ဒေါ်လာ ၆၇ဝဘီလျံရှိသည်။ အိုပက်က ကံကောင်း၍လား(ဈေးကွက်တွင် ရေနံ ထုတ်လုပ်မှုကျပ်တည်းခြင်း)သို့မဟုတ် တကယ့်ကာတဲလ်အဖြစ် လုပ်ဆောင်နိုင်၍ လား(ထုတ်လုပ်မှုလျှော့ချပြီး ဈေးနှုန်းမြှင့် တင်ခြင်း)ဟူသည်ကို ကျွမ်းကျင်သူတို့က သဲသဲကွဲကွဲမသိကြသေးပေ။ အဖြေမှန်မှာ နှစ်မျိုးစလုံးကြောင့်ဟုဆိုရပေမည်။

ကံကောင်းခြင်း

ကံကောင်းခြင်းဆိုသည့်အချက်နှင့် ပတ်သက်၍ သံသယဖြစ်စရာမလိုပါ။ ရေနံ နှင့်ပတ်သက်၍ခန့်မှန်းတွက်ချက်မှုမှားယွင်း မှုကြီးနှစ်ရပ်က အိုပက်ကို အထောက်အကူ ဖြစ်စေခဲ့သည်။ ပထမတစ်ခုမှာ ကမ္ဘာ့ရေနံ ဝယ်လိုအားကို လျှော့ပေါ့တွက်ဆမှုဖြစ် သည်။ အထူးသဖြင့် တရုတ်နိုင်ငံမှဖြစ် သည်။ ၁၉၉၉ခုနှစ်မှစ၍ တရုတ်နိုင်ငံ၏ ရေနံသုံးစွဲမှုက နှစ်ဆနီးပါး တက်လာခဲ့ သည်။ ၂ဝဝ၇ခုနှစ်တွင် တစ်နေ့ ရေနံပီပါ (စည်)သုံးစွဲမှု ၇ဒသမ၅သန်းရှိခဲ့သည်။ တစ် နည်းအားဖြင့် 7.5mbd(million bar-rels a day)ရှိခဲ့သည်။ ယင်းနှစ်တွင် ကမ္ဘာ့ရေနံသုံးစွဲမှုမှာ 86mbd ဖြစ်သည်။ အမေရိကန်က 20.8mbd ဖြစ်သည်။ ၁၉၉၉ခုနှစ်ထက် ၇ရာခိုင်နှုန်းမြင့်တက်လာ ခြင်းဖြစ်သည်။ ဒုတိယမှားယွင်းတွက်ချက် မှုမှာ ရေနံထုတ်လုပ်နိုင်မှုကို ပိုမိုခန့်မှန်း ထားခြင်းဖြစ်သည်။ စစ်မက်ဖြစ်ပွားမှု၊ ပြည် တွင်းပဋိပက္ခနှင့်ပြည်သူပိုင် သို့မဟုတ် အမျိုးသားပိုင်ပြုလုပ်ခြင်းက အီရတ်၊ နိုင် ဂျီးရီးယား၊ အီရန်၊ ဗင်နီဇွဲလားနှင့်နေရာ တိုင်းတွင် ရေနံထုတ်လုပ်မှုကို ကျဆင်းသွား စေခဲ့သည်။ ယင်းပြဿနာများမရှိခဲ့လျှင် ကမ္ဘာတစ်ဝန်း ရေနံထုတ်လုပ်မှုစုစုပေါင်း သည် 4.5mbd ပိုမိုထုတ်လုပ်နိုင်ဖွယ်ရှိ သည်ဟု စွမ်းအင်သုတေသနဖောင်ဒေး ရှင်းကဆိုသည်။ ဝယ်လိုအား ပိုမိုမြင့်တက် လာခြင်းနှင့်ထုတ်လုပ်မှုဘက်တွင် ကျဆင်း ခြင်းနှစ်ရပ်ပေါင်းစပ်မှုက ရေနံဈေးနှုန်းများ ကို ထိုးတက်စေသည်။

အိုပက်လက်ချက်

ဒါက ပြဿနာ၏အစိတ်အပိုင်းတစ် ဝက်မျှသာဖြစ်သည်။ ၂ဝဝ၆ခုနှစ်နှောင်း ပိုင်းသို့ ပြန်သွားကြည့်ပါ။ ရေနံစည်စိမ်း တစ်ပီပါမှာ ဒေါ်လာ၇ဝမှ၅ဝအထိ ကျ ဆင်းလာလျက်ရှိသည်။ ကာတဲလ်အစစ် အမှန်တစ်ခုအနေနှင့်က ရေနံဈေးနှုန်းများ ကို ကျားကန်ပေးရန် ထုတ်လုပ်မှုကို လျှော့ ချရပေလိမ့်မည်။ အိုပက်က အဆင့်နှစ် ဆင့်ဖြင့် လုပ်ခဲ့သည်။ ရေနံထွက်နှုန်းကို တစ်နေ့စည်ပီပါ ၈ဝဝဝဝဝနှုန်းဖြင့် လျှော့ခဲ့ သည်။ ဇူလိုင်လ ရောက်လာသည့်အခါ စည်ပီပါ ၁၂၅သန်းကို ပြောင်အောင်ရှင်း ပစ်လိုက်သည်။ ၂ဝဝ၇ခုနှစ်ကုန်ပိုင်း အရောက်တွင် ဆီပီပါ လက်ကျန်မှာ ၃နှစ် တာအတွင်း အနိမ့်ဆုံး ရောက်ရှိသွား သည်။ သည်တွင် ရေနံဈေးနှုန်းများ မြင့် တက်သွားသည်။ အိုပက်က ထုတ်လုပ်မှုကို မလျှော့ချလိုက်ပါက ယနေ့ဈေးနှုန်းမှာ ဒေါ်လာ၁ဝဝရှိလာမှာမဟုတ်။

အိုပက်၏ ယနေ့ကာလ ဈေးကွက် ပါဝါမှာ ၁၉၉၉ခုနှစ်မှ စတင်ခဲ့သည်ဟု စီး ပွားရေးပညာရှင်တစ်ဦးကပြောသည်။ ထို အချိန်က ရေနံဈေးနှုန်းမှာ တစ်စည်လျှင် ၁ဝဒေါ်လာခန့်သာရှိသည်။ ၁၉၉၇-၉၈ အာရှဘဏ္ဍာရေးအကျပ်အတည်းက ဝယ် လိုအားကျဆင်းစေခဲ့သည်။ ထုတ်လုပ် ရောင်းဝယ်မှုဘက်တွင် အနှစ်သာရအား ဖြင့် ထိန်းချုပ်မှုမရှိသေး။ ဆော်ဒီအာရေး ဘီးယားက အီရန်၊ ကူဝိတ်၊ ဗင်နီဇွဲလား စသည့် အိုပက်အဖွဲ့ဝင်များနှင့်ရော အို ပက်အဖွဲ့ဝင်များမဟုတ်သည့် ရုရှား၊ နော် ဝေးနှင့်မက္ကဆီကိုတို့နှင့်ပါ ဆွေးနွေးညှိနှိုင်း မှုပြုလုပ်ခဲ့သည်။ အကျိုးရလဒ်မှာ ရေနံ ထုတ်လုပ်မှုကို သိသိသာသာလျှော့ချရန် ဆိုသည့် သဘောတူညီချက်တစ်ရပ်ပင်။ ရေနံထုတ်လုပ်မှု ကိုတာများအပေါ် နိုင်ငံ များ၏လိုက်နာမှုမှာကောင်းမွန်သည်။ ရေနံမှဝင်ငွေများကျဆင်းပြိုလဲမှုအပေါ် အထိတ်တလန့်ဖြစ်ခဲ့ရသည်။ ‘ဒါက အို ပက်အနေနှင့် တကယ့်ကာတဲလ်အဖြစ် ပြုမူဆောင်ရွက်မှု စတင်တာပါပဲ’ ဟုစီးပွား ရေးပညာရှင် ဗာလက်ဂျာကပြောသည်။

ကြိုတင်မမြင်မှုအတွက် ခံရချက်နာ

တစ်စုံတစ်ရာ အတိုင်းအတာအထိ အတိတ်က ကျွန်ုပ်တို့၏ရှေ့ကြိုမြင်နိုင်စွမ်း မရှိမှုအပေါ် ပေးဆပ်နေရခြင်းဖြစ်ကြောင်း သုံးသပ်ဝေဖန်သူ ရောဘတ် ဂျေ ဆမ်မြူ အယ်လ်ဆင်က ထောက်ပြသည်။ နိုင်ငံရပ် ခြားမှ ရေနံတင်သွင်းမှုအပေါ် မှီခိုအား ထားမှုမှာ မလွှဲရှောင်နိုင်သည့်အခြေအနေ ဖြစ်သည်။ ယခုအခါ ပြည်တွင်းထွက်ရှိမှု၏ ၆ဝရာခိုင်နှုန်းနီးပါးရှိနေသည်။ ကျွန်ုပ်တို့က သုံးစွဲမှုဘက်တွင် တရာလွန်များပြားပြီး ထုတ်လုပ်မှုဘက်တွင် နည်းပါးလွန်းနေ သည်။ သို့သော် ကျွန်ုပ်တို့၏ ဝယ်လိုအား ကို လျှော့ချခြင်း၊ ပြည်တွင်းထုတ်လုပ် ရောင်းချမှုကို တိုးမြှင့်ခြင်းဖြင့် အိုပက်၏ ဈေးကွက်ပါဝါကို ကန့်သတ်နိုင်ပါသည်။ ကမ္ဘာတစ်ဝန်းလိုအပ်မှုနှင့် ထုတ်လုပ် အကြား ကွက်လပ်ကျဉ်းမြောင်းသွားပါက ရေနံထုတ်လုပ်သူများအနေနှင့် ဈေးကွက် ကိုထိန်းချုပ်ရန်ပိုမိုခက်ခဲသွားမည်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၏ အတားအဆီးမရှိသလောက်နီးပါး ရေနံ တင်သွင်းမှုအပေါ် အာသာပြင်းပြမှုက အို ပက်၏ ပစ္စက္ခ အောင်မြင်မော်ကြွားနိုင်မှုကို အဆင်ခြင်ကင်းမဲ့စွာ ပို့ဆောင်ပေးခဲ့သည် ဟုဝေဖန်သုံးသပ်သူက ပြောဆိုသည်။ ယင်းအောင်မြင်မှုအတိုင်းအတာမှာ ယခု နှစ်နှင့်လာမည့်နှစ်များအတွင်း အစမ်းသပ် ခံရလိမ့်မည်ဖြစ်သည်။ US စွမ်းအင်ဌာန က အိုပက်အဖွဲ့ဝင်များမဟုတ်သည့် ဘရာ ဇီး၊ ကနေဒါနှင့်ကာဇက်စတန်တို့မှ ရေနံ ထုတ်လုပ်မှု မြင့်တက်လာဖွယ်ရှိသည်ဟု ခန့်မှန်းသည်။ တစ်ချိန်တည်းတွင် ကမ္ဘာ့စီး ပွားရေး အားပျော့လာမှုက ဝယ်လိုအားကို ကျဆင်းသွားစေမှာဖြစ်သည်။ အိုပက်ပင် လျှင် မလိုလားအပ်သည့် ယနေ့ကာလ ပေါက်ဈေးကို ဆက်လက်ထိန်းထားနိုင် စွမ်းရှိနိုင်လိမ့်မည်မဟုတ်။ မည်သို့ဖြစ်စေ ရေနံကာတဲလ်၏ရေရှည်ခြိမ်းခြောက်မှုက ဆက်လက်ရှိနေပါလိမ့်မည်။ အိုပက်ကာ တဲလ်အဖွဲ့သည် ယခင်ကလို စက္ကူကျား မဟုတ်တော့။ တကယ့်ကျား ဖြစ်လာ ပေပြီ။

Sunday, May 4, 2008

အာရပ်ငွေရှင်ကြီးတွေက ဟောလိဝုဒ်ကို ဝါးမျိုသွားမှာလား

ဦးလှမြင့်(မားကက်တင်း)

အရှေ့အလယ်ပိုင်းမှ ထိပ်တန်းဟို တယ်များနှင့်ဈေးဆိုင်တန်းများ(ရှော့ပ်ပင်း မောလ်)နှင့်ပြည့်နှက်နေသည့် မြို့ပြနိုင်ငံ ‘ဒူဘိုင်း’ သည် အရှေ့အလယ်ပိုင်း၏ဗီး ဂတ်စ်(Vegas)ဟူ၍ နာမည်ရနေပြီဖြစ် သည်။ ပြီးခဲ့သည့်အပတ်မှစ၍ ဒူဘိုင်းနှင့် ဗီးဂတ်စ်၏ခြားနားမှုမှာ ပို၍မှုန်ဝါးဝါးဖြစ် လာသည်။ အကြောင်းမှာ မြို့ပြနိုင်ငံ၏စိုး စံနေသည့်အယ်လ်မက်တွမ်းမိသားစု၏ ရင်းနှီးမြှုပ်နှံမှုလက်တံတစ်ခုဖြစ်သည့် Dubai World က ကမ္ဘာ့ဒုတိယအကြီး ဆုံးကာစီနိုကုမ္ပဏီကြီး MGM ၏အစု ရှယ်ယာ၅ရာခိုင်နှုန်းကို ဒေါ်လာ ၁၂ဘီလျံ ဖြင့် ပေးဝယ်လိုက်ခြင်းနှင့်အတူ ဗီးဂတ်စ် ဒေသတွင် အစဉ်အလာမှခွဲ၍ ခေတ်ဆန် လွန်းသည့် ကာစီနိုဟိုတယ်(casino-hotel)အတွက် ဒေါ်လာ၂ဒသမ၇ဘီလျံ ငွေကြေးပူးပေါင်းထည့်ဝင်မှုပြုလိုက်သည်။ ‘MGM ကပြောရမယ်ဆိုရင် ကမ္ဘာမှာ အကောင်းဆုံးလုပ်ကိုင်နေတဲ့ဖျော်ဖြေရေး နှင့်ဧည့်ဝန်ဆောင်မှုကုမ္ပဏီဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ကို ရင်းနှီးမြှုပ်နှံမှုပြု အောင် ဆွဲဆောင်တာပါ’ ဟု Dubai World ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြီး အကဲလိုင်ဘွန်ယုကပြောပါသည်။

ဖျော်ဖြေရေးလုပ်ငန်းသည် အရှေ့ အလယ်ပိုင်းမှမကြာသေးမီကအလုံးအရင်း နှင့်စီးထွက်လာသည့်ငွေကိုအကျိုးရှိစွာရရှိ လိုက်သည့်အနှောင်းဆုံးလုပ်ငန်းနယ်ပယ်ပဲ ဖြစ်သည်။ လောင်းကစားခြင်းနှင့်အလွှာ ချွတ်ကလပ်များကိုအစ္စလာမ်ဥပဒေကတား မြစ်ထားခြင်းဖြစ်နိုင်သည်။ သို့သော် အာ ရပ်ရင်းနှီးမြှုပ်နှံသူတို့က ပြီးခဲ့သည့်နှစ်တွင် ထိပ်တန်းဗီးဂတ်စ်နှင့်ဟောလိဝုဒ်လုပ်ငန်း များတွင် အနည်းဆုံး ဒေါ်လာ ၁ဝဘီလျံ ခန့်အသုံးပြုပြီးဖြစ်သည်။ အမေရိကမှ Universal Studiesနှင့်ဒူဘိုင်း အိမ်၊ မြေ ယာဖော်ထုတ်ရေးကုမ္ပဏီ Tatter တို့က ဒေါ်လာ၂ဒသမ၂ဘီလျံကုန်ကျမည့် ၂၂ စတုရန်းအကျယ်ရှိ ပျော်ပွဲရွှင်ပွဲခင်းကျင်း ရာအပန်းဖြေဥယျာဉ်(theme park) ကို ဒူဘိုင်းတွင်တည်ဆောက်နေသည်။ Wor-ner Brothers(အမေရိကန်)နှင့် အဘူဒါ ဘီ၏အကြီးဆုံးအိမ်၊မြေယာကုမ္ပဏီတို့က ဧရာမစတူဒီယိုကြီးတစ်ခုကိုတည်ဆောက် ပြီး အင်္ဂလိပ်နှင့်အာရပ်ဘာသာစကားဖြင့် ရုပ်ရှင်နှင့်ဗီဒီယိုဂိမ်းများ ထုတ်လုပ်ရန် ဒေါ်လာ၂ဘီလျံတန်သဘောတူညီမှုရရှိ ထားသည်။ အာရပ်လုပ်ငန်းရှင်တို့ကနိုင်ငံ ခြားအရင်းအနှီးများသွားခဲ့ဖူးသည့်လမ်းကို လိုက်နေသည်ဟုပြောဆိုကြသည်။ ဟော လိဝုဒ်တွင် ဂျပန်တို့က၁၉၈ဝ ပြည့်လွန်နှစ် များတွင် ငွေဘီလျံချီပြီးဆုံးရှုံးခဲ့သည့်နည်း တူ ဂျာမန်များကလည်း ၁၉၉ဝပြည့်လွန် များအတွင်းက အလားတူအဖြစ်မျိုးနှင့် ကြုံခဲ့ရဖူးသည်။ သို့သော် အာရပ်တွေက ငွေပြန်ဝင်ခြင်းသာမက ကျွမ်းကျင်မှု၊ အပျော့ထည်ပါဝါ(soft power) နှင့်ကမ္ဘာ တစ်ဝန်း ယဉ်ကျေးမှုရေးရာတွင် တရားဝင် မှုကို ရှာနေခြင်းဖြစ်သည်ဟုဆိုသည်။

ယခု ရင်းနှီးမြှုပ်နှံမှုများမှာ ရက်ရှည် စီမံကိန်း၏အစိတ်အပိုင်းမျှသာဖြစ်သည်။ ကမ္ဘာလှည့်ခရီးသွားများနှင့်ပြည်တွင်းဈေး ကွက်အတွက် နိုင်ငံတကာစံချိန်မီဖျော်ဖြေ ရေးဗဟိုဌာနများဖြစ်ရန် ရည်ရွယ်သည်။ ယခုပင်လျှင် ပင်လယ်ကွေ့နိုင်ငံအနေဖြင့် ကမ္ဘာလှည့်ခရီးသွားများ သွားရောက်ရာ နေရာဖြစ်သည့် လူလုပ်ကျွန်းငယ်များနှင့် တည်ဆောက်ထားသည့်ကမ္ဘာမြေ ‘The World’ လိုမျိုးနေရာဖြင့် ဂုဏ်ယူစရာဖြစ် နေသည်။

ကြီးထွားလာနိုင်စရာရှိနေသည့်အာရပ်

ကမ္ဘာမှဖျော်ဖြေရေးလုပ်ငန်း

အာရပ်ဈေးကွက်ကကြီးမားလာနိုင် စရာရှိနေသည်။ အာရပ်ကမ္ဘာ၏လူဦးရေ ၆ဝရာခိုင်နှုန်းသည်အသက်၂၅နှစ်အောက် ဖြစ်သည်။ ဖျော်ဖြေရေးဘက်တွင် ခံတွင်း တွေ့မှုမှာ ကြီးမားသည်။ နောက်၅နှစ် အတွင်း အာရပ်ကမ္ဘာ၏ဖျော်ဖြေရေးနှင့် မီဒီယာဈေးကွက်သည် နှစ်စဉ် ၆ဝရာခိုင် နှုန်းနီးပါး ကြီးထွားပြီး ဝင်ငွေဒေါ်လာ၁ဝ ဘီလျံလုပ်ငန်းဖြစ်လာနိုင်သည်ဟုခန့်မှန်း ထားသည်။ ဘရာဇီးနှင့်ရုရှားဈေးကွက်များ ထက် ကြီးထွားမှုခြေလှမ်း ပိုမိုမြန်ဆန်မည် ဖြစ်သည်။

လာမည့်လမှစ၍ ဒူဘိုင်း၏ Arab Media Group က နောက်ကုမ္ပဏီတစ်ခု နှင့်ပေါင်းပြီး MTV Arabia အစီအစဉ်ကို အိမ်ထောင်စု၃၅သန်းသို့စတင်ထုတ်လွှင့် တော့မှာဖြစ်သည်။ ထို့ပြင် အရှေ့အလယ် ပိုင်းနှင့်မြောက်အာဖရိကတွင် အကြီးကျယ် ဆုံးငွေပေးကြည့်ရသည့်ရုပ်မြင်သံကြားကွန် ရက်ဖြစ်လာမည့် Showtime Arabia က အာရပ်ဘာသာစကားနှင့်လူပြိန်းကြိုက်ရုပ် ရှင်ကားများနှင့်တွေ့ဆုံဆွေးနွေးခန်းများ လွှင့်ထုတ်ရန်အစီအစဉ်ရှိနေသည်။

ပရောဂျက်အချို့တွင် ပကာသနစွက် လျက်ရှိကြောင်း ပြောဆိုမှုရှိသည်။ MGM နှင့်လုပ်ငန်းလုပ်ဆောင်မှုမှာ သာမန်သူ တစ်ဦးအသိဉာဏ်နှင့်လုပ်ငန်းရွေးချယ်မှု မျိုးဟုဆိုနိုင်သည်။ အကြောင်းမှာ ဗီးဂတ်စ် ၏လောင်းကစားဈေးကွက်မှာ သာမန် ထက် လွန်ကဲ ‘ဟော့တ်’ (hot)ဖြစ်နေခြင်း ကြောင့်ပင်။ သို့သော် ဒူဘိုင်း သို့မဟုတ် အဘူဒါဘီက ကြီးကျယ်ခမ်းနားသည့်ပျော် ပွဲရွှင်ပွဲကျင်းပရာ အပန်းဖြေဥယျာဉ်လုပ် ငန်းကို စဉ်ဆက်ထိန်းနိုင်မှုအပေါ် လုပ်ငန်း နယ်ပယ်မှကျွမ်းကျင်သူတို့က သံသယရှိကြ သည်။ ယူနီဗာဆယ်၊ ပါရာမောင့်တို့နှင့် အတူ လုပ်ငန်းလုပ်ဖူးသည့် Internatio-nal Theme Park Services မှ ဥက္ကဋ္ဌ ဖြစ်သူက ရင်းနှီးမြှုပ်နှံမှုဒေါ်လာ၃ဘီလျံရှိ ခဲ့သည့် ‘ဟောင်ကောင်ဒစ္စနီ’ (Hong Kong Disney)မှာ တစ်နှစ်လာရောက် လည်ပတ်သူ ၅သန်းရှိခဲ့သော်လည်း ယခု တိုင် အရင်းမကျေသေးကြောင်းထောက်ပြ သည်။ ‘Theme Park’ တွေဆိုတာက အောင်မြင်ဖို့ အမာခံ၊ ဒေသခံဈေးကွက်လို အပ်တယ်။ အဘူဒါဘီရဲ့လူဦးရေ ၁ဒသမ ၈သန်းအားလုံးက လည်ပတ်ကြဦးတော့ ကုန်ကျမှုဒေါ်လာ၂ဘီလျံရှိနိုင်တဲ့ဥယျာဉ်က အရှုံးအများကြီးပေါ်ပါလိမ့်မယ်’ ဟု ယင်း ဥက္ကဋ္ဌကရှင်းပြသည်။

ဟောလိဝုဒ်ကို ဝယ်နေပြီ

အာရပ်ရင်းနှီးမြှုပ်နှံသူ ငွေရှင်ကြီးများ အနေနှင့် ဟောလိဝုဒ်အတွင်း ဝယ်ယူနေ ခြင်းမှာ အကြောင်းရှိသည်။ ရုပ်ရှင်ကား များတွင် မွတ်စလင်များအား ပြသထားပုံ ကိုလွှမ်းမိုးနိုင်ရန်ဖြစ်သည်။ ဗြိတိန် ဒါဟမ်း တက္ကသိုလ်မှအရှေ့အလယ်ပိုင်းရေးရာကျွမ်း ကျင်သူခရစ္စတိုဖာဒေးဗစ်ဆန်က အာရပ် ငွေကအာရပ်သရုပ်ဆောင်များကို ဟောလိ ဝုဒ်ရုပ်ရှင်ကားများထဲ ပိုမိုရောက်ရှိအောင် လုပ်ဆောင်လိမ့်မည်ဟု ဟောကိန်းထုတ် ထားသည်။ အရှေ့အလယ်ပိုင်းမှ ရင်းနှီး မြှုပ်နှံမှုများက ရိုက်ကွင်းနှင့်ပရိုဂျက်များ အပေါ်လွှမ်းမိုးမှုရှိနေပြီဖြစ်ကြောင်းနောက် ကျွမ်းကျင်သူတစ်ဦးကထောက်ပြသည်။ သူက ပီတာဘာ့ဂ်၏အစ္စလာမ်မစ်အစွန်း ရောက်ဝါဒအကြောင်း ရိုက်ကူးထားသည့် သည်းထိတ်ရင်ဖိုဇာတ်ကားကိုကိုးကားပြု ပြောဆိုသည်။ ‘The Kingdom’ ကားမှာ အဘူဒါဘီအတွင်း ရိုက်ကူးခွင့်ရခဲ့သော ပထမဆုံး ဝက်ဝက်ကွဲအောင်မြင်သည့် (block buster)ရုပ်ရှင်ကားပင်။ ယင်းရုပ် ရှင်တွင် ပါလက်စတိုင်းမင်းသား အာရှ ရက်ဖ်ဘာဟွမ်းကို သူရဲကောင်းဆော်ဒီအာ ရေဗျရဲအရာရှိအဖြစ် ဟောလိဝုဒ်စတား Jamie Foxx နှင့်တွဲဖက်ပေးထားသည်။ အဘူဒါဘီကပူးတွဲဒေါ်လာ၁ဘီလျံရန်ပုံ ငွေဖြင့် ရိုက်ကူးသည့်ပရိုဂျက်များတွင်ပြော ရေးဆိုခွင့်ရရှိမှာဖြစ်ကြောင်း ဝါနာဘရား သား(ဟောလိဝုဒ်ရုပ်ရှင်လုပ်ငန်း)ကအတည် ပြုပြောကြားသည်။’ရုပ်ရှင်များထဲမှာအရှေ့ အလယ်ပိုင်းဒေသနှင့်ပတ်သက်ပြီးအားလုံး ကြားနေမြင်နေရတာက စစ်အကြောင်း၊ အခြေခံဝါဒီများအကြောင်းနှင့်အကြမ်းဖက် မှုအကြောင်းတွေပဲဖြစ်တယ်။ အာရပ်များ အကြောင်း အကောင်းရိုက်ထားတဲ့ရုပ်ရှင် ကားတစ်ကားတလေတွေ့ရမယ်ဆိုရင် ဒါဟာ ရင်းနှီးမြှုပ်နှံမှုကောင်းတစ်ခုပဲပေါ့။ မဟုတ်ဘူးလား’ ဟူ၍ Abu Dhabi Media Co သစ်၏ အမှုဆောင်အရာရှိ ချုပ်ဖြစ်သူ ရီယာ့ဒ်အယ်လ်မူဘာရက်စ်က ပြောသည်။

အနောက်တိုင်းဖျော်ဖြေမှုက အစ္စလာမ်ဥပဒေသနှင့်အံဝင်ပါ့မလား

အနောက်တိုင်း ဖျော်ဖြေမှုလုပ်ငန်း ကအာရပ်ကမ္ဘာထဲ ဘယ်နည်းနှင့်အံဝင်နိုင် မည်ဆိုသည့်ကိစ္စကရှိနေသည်။ Hooters ပျော်ပွဲစားရုံများလုပ်ငန်းစုမှအခွဲတစ်ခုကို ဒူဘိုင်းအတွင်းဖွင့်လှစ်ရန်အစီအစဉ်မှာ ယခုပင်အနှောင့်အယှက်နှင့်ကြုံနေရသည်။ ပျော်ပွဲစားရုံစားပွဲထိုး အမျိုးသမီးများ၏ မလုံမလဲဝတ်စားဆင်ယင်မှုကြောင့်ပင်ဖြစ် သည်။ ထို့ပြင် Dubai World ၏ MGM လောင်းကစားလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံ မှုမှာ သိပ်ကိုအငြင်းပွားဖွယ်ဖြစ်နေသည့် အတွက်ကုမ္ပဏီကအစ္စလာမ်ဘာသာဥပဒေ များနှင့်ဘယ်ပုံဘယ်နည်း စပ်ဟပ်ဆောင် ရွက်မည့်အကြောင်း ရှင်းလင်းပြောကြား ရန်ငြင်းဆိုထားသည်။ ‘MGM ထဲမှာရင်းနှီး မြှုပ်နှံတာက အစ္စလာမ်ဘာသာတရား ဥပဒေ(ရှာရီယာ)နှင့်မညီတာကတော့ သေချာပါတယ်။ အစ္စလာမ်ဥပဒေ၁ဝ၁က ကာစီနိုများ၊ ဝက် ဒါမှမဟုတ် အရက်သေ စာများမှာလုပ်ကိုင်ခြင်းမရှိရဘူးလို့ဆိုတာ ရှိထားပါတယ်’ ဟုဒူဘိုင်းအခြေစိုက်ဘဏ် လုပ်ငန်းရှင်တစ်ဦးကပြောသည်။ ဒီလိုမျိုး လုပ်ရပ်တွေမှ ဘာတွေပေါ်ပေါက်လာမည် ဆိုသည်ကို တချို့ကစိုးရိမ်နေကြသည်။ ‘ဒူ ဘိုင်းမှာရှိတဲ့ပြည်သူတွေက သူတို့အစိုးရကို အစ္စလာမ်မစ်မဟုတ်သလိုမြင်နေကြသည်’ ဟု ဒါဟမ်းတက္ကသိုလ်မှဒေးဗစ်ဆန်ကဆို သည်။ယင်းအချက်ကလာမည့်နှစ်များတွင် နိုင်ငံတွင်း၌အကြမ်းဖက်မှုစသည့်ဆိုးရွား သည့် ပတ်သက်ဆက်နွှယ်မှုအကျိုးဆက် များပေါ်ပေါက်လာနိုင်စရာရှိသည်ဟုဒေး ဗစ်ဆန်ကသူ၏အမြင်ကိုပြောသည်။

ယခုကာလတွင် အာရပ်နိုင်ငံများက ‘စတားများ’ နောက်သို့လိုက်နေကြသည်။ ပြီးခဲ့သည့်အပတ် အဘူဒါဘီ၏ပထမဆုံး သောရုပ်ရှင်ပွဲတော်တွင် ဟောလိဝုဒ်မှရုပ် ရှင်ထုတ်လုပ်သူဟာဗေးဝိန်စတိန်းကအဖွင့် အမှာစကားပြောကြားခဲ့သည်။ အကောင်း ဆုံးထုတ်လုပ်ပြီးခဲ့သည့်ရုပ်ရှင်များနှင့်ပတ် သက်၍ ပြောကြားရာတွင် ဝိန်စတိန်းက ‘ကြီးကျယ်ခမ်းနားတဲ့ရုပ်ရှင်ကားသာဖြစ်ပါ စေ၊ အဲဒီဇာတ်ကားက ရပ်ဝေးရပ်နီးပျံ့နှံ့ ရောက်ရှိသွားမှာပါ’ ဟူ၍မှတ်ချက်ပြုခဲ့ သည်။ ပင်လယ်ကွေ့ဒေသမှမီဒီယာလုပ် ငန်းရှင်ကြီးများကယင်းအချက်ကိုအလေး အနက်ပြုဖွယ်ရှိကြောင်းပါ။

Tuesday, April 8, 2008

အင်တာနက်ကို ကြီးစိုးနေသည့် ဂူးဂဲလ်ကုမ္ပဏီကြီး

ဦးလှမြင့်(မားကက်တင်း)

လာရီပေ့ခ်ျနှင့်ဆာဂျေဘရင်းတို့ တည်ထောင်ခဲ့သည့် ဆီလီကွန်ဗယ်လီမှ ကုမ္ပဏီတစ်ခုဖြစ်သည့် ဂူးဂဲလ်(Google) သည် ယခုအခါ အင်တာနက်ကို ကြီးစိုး နေသည့် လူထုအား သူတို့လိုချင်သည့် မည်သည့်သတင်းအချက်အလက်မဆို ရ အောင် အင်တာနက်မှတစ်ဆင့် ဆောင် ကြဉ်းပေးနေသည့် ကုမ္ပဏီကြီးတစ်ခုပဲ ဖြစ်သည်။

ဂူးဂဲလ်၏ရှယ်ယာတန်ဖိုးမှာ ၁ဝနှစ် အတွင်း တဖြည်းဖြည်းချင်း မှန်မှန်တိုးတက် လျက်ရှိသည်။ အမေရိကတွင် ယင်း၏ရှယ် ယာဈေးနှုန်းသည် ၂ဝဝ၇ခုနှစ်၊ ဇူလိုင်လ အတွင်း ၆၄ရာခိုင်နှုန်းခန့်တက်ခဲ့သည်။ ယင်းပမာဏသည် ယင်း၏အနီးကပ်ဆုံး ပြိုင်ဘက် ယာဟူး(Yahoo!)ရရှိသည့်ကိန်း ဂဏန်းထက် သုံးဆခန့်ရှိသည်။ ဥရောပ၊ အိန္ဒိယနှင့်လက်တင်အမေရိက အစိတ် အပိုင်းတချို့တွင် ဂူးဂဲလ်၏ရှယ်ယာတန်ဖိုး မြင့်တက်မှုမှာ ယင်းထက်ပင် ပိုမိုမြင့်မား နေသေးသည်။ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ရုရှားနှင့်ချက်သမ္မတနိုင်ငံများ၌ သာ ဂူးဂဲလ်ကဒေသခံကုမ္ပဏီများနောက် ကလိုက်နေသည်။ ဂူးဂဲလ်၏ရှယ်ယာဈေး သည် ၂ဝဝ၄ခုနှစ်မှစ၍ လေးဆတက်လာ ခဲ့သည်။ ယခုအခါ ဂူးဂဲလ်၏တန်ဖိုးမှာ ဒေါ်လာ၁၆ဝဘီလျံရှိနေသည်။ ဂူးဂဲလ် တည်ထောင်ခဲ့သည်မှာ ၁ဝနှစ်သားပင် မပြည့်မြောက်သေး။ ရင်းနှီးမြှုပ်နှံမှုဘဏ် တစ်ခုက ဂူးဂဲလ်သည် ၂ဝဝ၇ခုနှစ်တွင် ဝင် ငွေဒေါ်လာ ၁၆ဘီလျံနှင့်အမြတ်ငွေဒေါ် လာ ၄ဒသမ၃ဘီလျံရရှိလိမ့်မည်ဟုခန့်မှန်း ထားသည်။

ဂူးဂဲလ်၏အောင်မြင်မှု

ဂူးဂဲလ်၏အောင်မြင်မှုမှာ အဓိက အရင်းဇာစ်မြစ်တစ်ခုမှ ရနေဆဲပဲဖြစ်သည်။ ယင်းမှာ တခြားမဟုတ်။ ကြော်ငြာစာသား အနည်းငယ်ကို ယင်း၏ရှာဖွေရရှိသည့် ရလဒ်များ(search results)အနီးနှင့် အခြားဝက်ဘ်စာမျက်နှာများပေါ်တွင် တင် ထားပေးခြင်းဖြစ်သည်။ စားသုံးသူများက ယင်းကြော်ငြာများကို ‘ကလစ်ခ်’ (click) လုပ်မှသာ ကြော်ငြာရှင်များက အခကြေး ငွေပေးရသည်။ တစ်ကြိမ် ‘ကလစ်ခ်’ လုပ် လျှင် ဆင့်၅ဝဖြစ်သည်။ သို့သော် ယင်း အောင်မြင်မှုမျိုး ရှေ့ဆက်နိုင်ရန်မှာ ကိစ္စ အတော်များများဖြစ်မြောက်ရန် လိုအပ် သည်ဟုဆိုသည်။

ပထမအချက်မှာ ဝက်ဘ်စာမျက်နှာ ပေါ် ရှာဖွေမှုအတွက် ဂူးဂဲလ်၏ဝေစုက တည်ငြိမ်ရမှာဖြစ်သည်။ ဂူးဂဲလ်အမှတ်တံ ဆိပ်၏ကျော်ကြားမှုအရှိန်ကြောင့် ယင်း အခြေအနေကိုထိန်းချုပ်ရနိုင်ပုံရှိသည်။ ဒုတိယအချက်မှာ ကြော်ငြာများကို ‘ရှာ ဖွေမှုများ’ (searches)အနီးကပ်ထားရာ တွင် လုပ်ဆောင်ရည်ဆက်လက်ထိန်းနိုင် ရမှာ သို့မဟုတ် ပိုမိုကောင်းမွန်အောင် လုပ် ဆောင်နိုင်ရမှာဖြစ်သည်။ ဒီနယ်ပယ်တွင် လည်း ဂူးဂဲလ်စိုးမိုးထားမှုမှာ အထင်ကြီး လေးစားစရာဖြစ်သည်။ မားကက်တင်း အတိုင်ပင်ခံ Alan Rimin Kaufman ၏ မကြာသေးမီ ခွဲခြမ်းစိတ်ဖြာဆန်းစစ်မှုအရ search engine များအပေါ် ကြော်ငြာ သည့်ကုမ္ပဏီများ၏ဘတ်ဂျက်ငွေ ၇၃ရာ ခိုင်နှုန်းကို ဂူးဂဲလ်က မြင့်မြင့်မားမားရရှိ ထားကြောင်းဆိုသည်။ နှိုင်းယှဉ်ချက်အား ဖြင့် ယာဟူးနှင့်မိုက္ကရိုဆော့ဖ်တို့ထက် လည်း အရေအတွက် ပိုမိုများပြားကြောင်း Mr.Rimin Kaufman ကတွေ့ရှိသည်။ ယာဟူးက ‘Ranama’ အမည်ဝှက်ဖြင့် ယင်းကွက်လပ်ကိုဖြည့်ရန် တစ်နှစ်ပတ်လုံး မီးကုန်ယမ်းကုန် ကြိုးပမ်းခဲ့ပါလျက်နှင့် ယင်းသို့ဖြစ်ရခြင်းမှာ အံ့ဩစရာကောင်း သည်ဟုဆိုသည်။

ဂူဂလာများ သို့မဟုတ် ဂူးဂဲလ်ဝန်ထမ်းများ

ဂူးဂဲလ်သည် ဝန်ထမ်းသစ်များကို အံ့ဩလောက်အောင် ကောင်းသည့်နှုန်း နှင့်ငှားရမ်းနေသည်။ ၂ဝဝ၄ခုနှစ်၊ ဇွန်လ တွင် ဝန်ထမ်းဦးရေ ၂၂၉၂ဦး ရှိရာမှ ယခု နှစ် ဇွန်လတွင် ၁၃၇၈၆ဦးရှိလာသည်။ ယခုကဲ့သို့ ဝန်ထမ်းများအား ငှားရမ်းနိုင် သည့်စွမ်းရည်သည်ပြိုင်ဆိုင်ရာတွင် အသာ စီးရစေသည့်လက်နက်တစ်မျိုးပဲဖြစ်သည်။ ဂူးဂဲလ်က လက်ဦးမှုယူပြီး ဝန်ထမ်းများကို ငှားရမ်းနိုင်ခြင်းကြောင့် မိုက္ကရိုဆော့ဖ်နှင့် ယာဟူးအတွက် ဝန်ထမ်းမရ ဖြစ်သွားစေ သည်။ ဂူးဂဲလ်က ထက်မြက်ဝန်ထမ်းများ ရရှိရေးစစ်ပွဲကို အနိုင်ရလေ့ရှိရခြင်းမှာ ယင်း၏အမှတ်တံဆိပ်က ပိုမိုစွဲမက်စရာ ဖြစ်စေသည့်နည်းတူ ဝန်ထမ်းအပေါ်ပေး သည့်ရာထူးအလိုက် ခံစားခွင့်များမှာ ထူး ထူးခြားခြားကြီးကို ရက်ရောသည့်အတွက် ဖြစ်သည်။ ပမာအားဖြင့် ဂူးဂဲလ်ဝန်ထမ်း များက ဘရော့ဘင်တပ်ဆင်ထားသည့် ဘတ်စ်ကားများဖြင့် ဌာနသို့လည်းကောင်း၊ ‘ဂူးဂဲလ် ပလက်ဇ်’ (Googleplex)ခေါ် လှပသည့်ကစားကွင်းသို့လည်းကောင်း လွန်းပျံသယ်ယူပို့ဆောင်ပေးသည်။ ဂူး ဂဲလ်ပလက်ဇ်တွင် ဘောလီဘောကွင်းများ၊ ရေကူးကန်များ၊ အခမဲ့စားသောက်နိုင် သည့် စားသောက်ခန်းများ၊ အနှိပ်ခန်းများ စသဖြင့် ပါရှိသည်။

ဂူးဂဲလ်တွင် နာမည်ကြီး ‘၂ဝရာခိုင် နှုန်းအချိန်’ ဆိုသည့်စာတမ်းရှိသည်။ ယင်း ၏သဘောမှာ ဧည့်ကြိုအပါအဝင် ဂူးဂဲလ် ဝန်ထမ်းများအားလုံးသည် သူတို့အချိန်၏ ငါးပုံတစ်ပုံ(၂ဝ%)ကို အယူအဆသစ်(အိုင် ဒီယာသစ်)တစ်ခုအပေါ် စူးစမ်းရန် အချိန် ပေးနိုင်ခွင့်ရရှိခြင်းပင်။ ယင်းသဘောတရား မှ ကောင်းမွန်သည့်အရာများ အမှန် တကယ်ဖြစ်လာခြင်းများရှိခဲ့သည်။ ယင်းတို့ အထဲတွင် ဂူးဂဲလ်သတင်း(Google News)၊ ဂျီမေးလ်(G-mail)၊ Wi-Fi စနစ် များ စသည်တို့ပါဝင်သည်။ သို့သော် ကုမ္ပဏီတစ်ခုလုံးအနေနှင့် ယင်းအကျိုး ဆက်ကြောင့် ပိုမိုတီထွင်မှုဖြစ်လာ၊ မလာ မှာ ရှင်းရှင်းလင်းလင်း မသိရပေ။ ကြီးမား သည့်တီထွင်မှုများဟုဆိုနိုင်သည့် You Tu- be, Google Earth စသည့်အများစုမှာ အခြားကုမ္ပဏီများကို သိမ်းပိုက်ဝယ်ယူခြင်း မှ ရရှိလာခြင်းဖြစ်သည်ဟုဆိုသည်။

အောင်မြင်ပါသည်ဆိုသည့်ကုမ္ပဏီ တွင်လည်း အကောင်းမမြင်သည့်ဝန်ထမ်း ဟောင်းများ(Xooglers)လည်းရှိနေသည်။ ယခင်အမှုဆောင်အရာရှိဟောင်းတစ်ဦး က ကုမ္ပဏီ၏ဝန်ထမ်းရေးရာဌာနက တကယ့်ကို ပရမ်းပတာဖြစ်နေသည်ဟုဆို သည်။ သူမကို အလုပ်ခန့်စဉ်က သူမ ဘယ်အချိန်၊ ဘယ်နေရာတွင် အလုပ်လုပ် ရမည်ကို မည်သူတစ်ဦးတစ်ယောက်မျှ မသိရှိကြောင်း သူမကပြောပြသည်။ အများပိုင်ကုမ္ပဏီမဖြစ်မီကဆိုလျှင် ဝန် ထမ်းများကဗျူရိုကရက်များနှင့်တူကြောင်း၊ အင်ဂျင်နီယာများကသာ လုပ်ငန်းအတွက် ချီးကျူးဂုဏ်ပြုမှုအများဆုံးရကြောင်း၊ အခြားသူများက ယင်းသို့မရရှိကြောင်း ဆိုသည်။

ကောလိပ်၊ တက္ကသိုလ်များမှ ထွက် ခါစ ထက်မြက်သည့်လူငယ်များက ဂူးဂဲလ် ကို ကြိုက်နှစ်သက်သည်။ ဂူးဂဲလ်ပလက်ဇ် က ၎င်းတို့၏တက္ကသိုလ်ပရဝဏ်နှင့်တူနေ ခြင်းကြောင့်ပင်။ ယင်းကွင်းထဲတွင် ချစ်သူ ချင်း ချိန်းတွေ့သည့်ရှုခင်းကို တွေ့နိုင် သည်။ အဝတ်လျှော်၊ မီးပူတိုက် ဝန်ဆောင် မှုရှိသည်။ ရက်သတ္တပတ်အားရက်တွင် အခြားနေရာများသို့ သွားစရာမလိုသည့် နေရာမျိုးဖြစ်သည်။ သို့သော် အသက်ကြီး ပြီး မိသားစုရှိသည့်ဝန်ထမ်းများက ဂူးဂဲလ် ပလက်ဇ်ကို ကြိုက်နှစ်သက်ခြင်းလျော့ပါး ကြောင်းဆိုသည်။ အကြောင်းမှာ မိခင်ငယ် များပင်လျှင် ရက်သတ္တပတ်ခုနစ်ရက် အလုပ်လုပ်နေရခြင်းကြောင့်ပင်ဖြစ်သည်။

အနာဂတ်အလားအလာ

ယခုအချိန်ထိတော့ ဂူးဂဲလ်ကပန်းပန် လျက်ပင်ရှိနေသေးသည်ဟု ဆိုနိုင်ပါသည်။ သို့သော် ဝင်ငွေက ဝေါလ်စထရိ မျှော်မှန်း ထားသည်ထက် နိမ့်ကျခဲ့လျှင် သို့တည်း မဟုတ် တစ်စုံတစ်ရာသောအဖြစ်ဆိုးကျ ရောက်ပါလျှင် ဘာဖြစ်လာမလဲ။ ယာဟူး နှင့်အခြားပြိုင်ဘက်များက သည်သို့မျိုး အကျပ်အတည်းများကို ခံရဖူးပြီ။ သိက္ခာ ကျခဲ့ရသည်။ ဂူးဂဲလ်ကတော့ မကြုံရသေး ပေ။ ‘ကုမ္ပဏီတွေက နောက်ဆုံးတစ်နေ့မှာ အကျပ်အတည်းများနှင့်ရင်ဆိုင်ကြရတာ အမှန်ပါပဲ’ ဟု ဂူးဂဲလ်၏အမှုဆောင်အရာ ရှိချုပ် အဲရစ်စမစ်ထ်က ပြောသည်။

ဂူးဂဲလ်က လက်ရှိလုပ်ငန်းကောင်းနေ ဆဲရှိသော်လည်း အခြားနယ်ပယ်များသို့ တိုးချဲ့ရန်လုပ်နေသည်။ ယင်းက အခြား အွန်လိုင်းကြော်ငြာဈေးကွက်တွင် အင် အားကြီးတစ်ခုဖြစ်သည့် Double Click ကို ဝယ်ယူရန် ကြိုးစားနေသည်။ ယခုအခါ ဂူးဂဲလ်က သမားရိုးကျ ရေဒီယို၊ ရုပ်မြင်သံ ကြားချန်နယ်များနှင့်သတင်းစာများအတွက် ပွဲစားအလုပ်လုပ်ပေးနေသည်။ ဝေဖန်သူ တို့က လုပ်ငန်းတစ်ခု တိုးချဲ့တိုင်း ဂူးဂဲလ် အတွက် အမြတ်ငွေကျဆင်းကြောင်းဆို သည်။ ဝင်ငွေကို အခြားသူများနှင့်ပိုမိုခွဲဝေ ယူရမည်ဖြစ်ခြင်းကြောင့်ပင်။ ပမာအားဖြင့် ဝက်ဘ်ဆာဖာ(web surfer)တစ်ဦးက တတိယပုဂ္ဂိုလ်၏ဘလော့ဂ်(blog)အနီး တွင်ထားသည့် ကြော်ငြာစာသားတစ်ခုကို ‘ကလစ်’ (click)လုပ်ပါလျှင် ဂူးဂဲလ်က ဝင် ငွေကို ဘလော့ဂ်ဂါ(Blogger)နှင့် ခွဲဝေ ယူရမည်ဖြစ်သည်။ ဂူးဂဲလ်က သတင်းစာ များထဲ သို့မဟုတ် ရေဒီယိုထဲ ကြော်ငြာ ထည့်လျှင် ကြော်ငြာဝင်ငွေကို သတင်း စာတိုက် သို့မဟုတ် ရေဒီယိုထုတ်လွှင့် သည့်စခန်းနှင့်ခွဲဝေယူရမှာဖြစ်သည်။

သို့သော် ဂူးဂဲလ်က ထိုသို့မမြင်ပေ။ ယင်း၏ကုန်ကျစရိတ်များမှာ ပုံသေနီးပါး ဖြစ်သည်။ သည့်အတွက် တိုးလာသမျှ ဝင် ငွေသည် အမြတ်ချည်းဖြစ်သည်။ ယင်းသို့ ဖြစ်နိုင်ရန် တည်ဆောက်ထားသည့် ဂူးဂဲလ် ၏ယန္တရားမှာ လျှို့ဝှက်ချက်ပဲဖြစ်သည်။ ဂူးဂဲလ်က ကမ္ဘာ့အကြီးဆုံး ‘စူပါကွန်ပျူတာ ကြီး’ ကို တည်ဆောက်ထားခဲ့သည်။ ယင်း တို့ထဲတွင် ဆာဗာအစုအဝေးများက ကမ္ဘာ တစ်ဝန်းရှိ ဧရာမ ‘ဒေတာစင်တာများ’ (data centres)တွင် ဖြန့်ကြက်ထား သည်။ အသေးစိတ်များကိုမူ ဂူးဂဲလ်က အထူးလျှို့ဝှက်ထားသည်။ သို့သော် နောက်ဆုံးအကျိုးရလဒ်မှာ ‘ကွန်ပျူတာစွမ်း ရည် တိမ်တိုက်တစ်ခု’ ဖန်တီးရရှိခြင်းပင်။ ယင်းစွမ်းရည်ကြောင့် ‘ဝန်’ ကို အလို အလျောက်ဒေတာစင်တာများအကြား ဖြန့်ဝေရွေ့လျားနိုင်စွမ်းရရှိစေသည်။ ပမာ အားဖြင့် G-mail များ အဆမတန်ဝင်လာ လျှင် လူက ကြားဝင်လုပ်ရန်မလိုဘဲ စနစ် က ချက်ချင်းအလိုအလျောက် ပရိုဆက် ဆာကို ပိုမိုအသုံးပြုပြီးဆောင်ရွက်ပေးမည် ဖြစ်သည်။

ယင်းအခြေခံ အဆောက်အအုံမျိုးက ဂူးဂဲလ်သည် မည်သည့်ဝန်ဆောင်မှုအသစ် တစ်ရပ်ကိုမဆို ကုန်ကျစရိတ်မရှိဘဲ သို့ မဟုတ် စွန့်စားရမှုမျိုးမရှိဘဲ လုပ်ဆောင် နိုင်သည့်သဘောပင်။ ကျရှုံးလျှင်လည်း ကိစ္စမရှိပါ။ အောင်မြင်လျှင်တော့ ‘တိမ် တိုက်’ က နေရာရအောင် လုပ်ပေးမှာဖြစ် သည်။ သည့်အတွက် ဂူးဂဲလ်ကစိတ်ကူး ပေါ်လာသည်နှင့်အမျှ ယင်း၏ရည်မှန်း ချက်ပန်းတိုင်ကို ထပြီးလုပ်နိုင်သည်။ ပြန် လည်သတ်မှတ်နိုင်သည်။ ဒါကြောင့်လည်း လက်ရှိအနေအထားအရ ဂူးဂဲလ်က ဘာမျှ စိုးရိမ်ပူပန်နေစရာမရှိနိုင်ကြောင်း ကျွမ်းကျင်သူတို့က ထင်မြင်ယူဆလျက်ရှိ ကြောင်းပါ။

Wednesday, April 2, 2008

မိုက္ကရိုဆော့ဖ်က ဂူးဂဲလ်အား ဒူးထောက်အညံ့ခံခြင်းလား

ဦးလှမြင့်(မားကက်တင်း)

ကမ္ဘာကျော် ကွန်ပျူတာဆော့ဖ်ဝဲ ဧရာမကုမ္ပဏီကြီး မိုက္ကရိုဆော့ဖ်(Micro-soft)၏ အမှုဆောင်အရာရှိချုပ်(CEO) စတိဗ်ဘောလ်မားက ‘ယာဟူး’ (Yahoo) ၏ ချယ်ယာမင်နှင့်နည်းပညာကမ္ဘာ၏ ဝါ ရင့်တစ်ဦးဖြစ်သူ ဂျယ်ရီရန်းအား ယာဟူး ကို ဒေါ်လာ ၄၄ဒသမ၆ဘီလျံနှင့် ဝယ်ယူ ရန် ယခုလတွင် ကမ်းလှမ်းခဲ့သည်။

ကမ်းလှမ်းမှုမှာ ယခုအကြိမ်သည် ပထမ မဟုတ်သေး။ ၂ဝဝ၆ခုနှစ်နှောင်း ပိုင်းနှင့် ၂ဝဝ၇ခုနှစ် စောစောပိုင်းကာလ များတွင် စတိဗ်ဘောလ်မားက ကုမ္ပဏီ နှစ်ခု လက်တွဲလုပ်ဆောင်ရန် သဘော တရားကို အပြင်းအထန် တင်ပြခဲ့သေး သည်။ ထိုအချိန်က ယင်းကိစ္စဆွေးနွေးရန် အချိန်မဟုတ်သေးကြောင်း ဂျယ်ရီယန်းက ပြန်ကြားခဲ့သည်။

ဘာကြောင့် ယာဟူးကို ဝယ်ရပါသလဲ

ယင်းကုမ္ပဏီကြီးနှစ်ခုကို ပူးပေါင်း လိုက်ခြင်းသည် နည်းပညာနယ်ပယ်တွင် အိမ်ထောင်စုတိုင်း သိထားသည့် အမည် နှစ်ခုကို တွဲဖက်ပေးမည့်သဘောဖြစ်သည်။ နှစ်ဦးစလုံးတွင် လူသန်းရာနှင့်ချီပြီး နေ့စဉ် access လုပ်နေရသည့်ထုတ်ကုန်များရှိ သည်။ မိုက္ကရိုဆော့ဖ်က ဝါးမျိုရန် ကြိုးစား သည့်ကုမ္ပဏီယာဟူးဆိုသည်မှာ တခြား မဟုတ်၊ နာမည်ကြီး အွန်လိုင်းကြည့်ရှုရန် စခန်းကြီးတစ်ခုဖြစ်သည်။ ယင်း၏ portal ကို ဝင်ရောက်ကြည့်ရှုသူ၊ အီးမေးလ်ဝန် ဆောင်မှုသုံးသူ၊ ယင်း၏တေးချင်းကို ကူး ယူသူ၊ ယင်း၏လူမှုရေးဆိုင်ရာဓာတ်ပုံများ ကို မျှဝေသုံးစွဲသူ သန်း၎ဝဝကျော်ရှိ ကြောင်း ဂုဏ်ယူနေရသည့်အွန်လိုင်းဝန် ဆောင်မှုကြီးပဲဖြစ်သည်။ အကယ်၍ မိုက္ကရိုဆော့ဖ်က ယင်း၏အချိန်ဇယား အတိုင်း လုပ်ဆောင်နိုင်မည်ဆိုလျှင် ယာ ဟူးကို ယခုနှစ် နိုဝင်ဘာလမတိုင်မီ လက် ဝယ်ရရှိမည်ဖြစ်သည်။

ယာဟူးကိုဝယ်ယူရန် မိုက္ကရိုဆော့ဖ် ကို တွန်းအားပေးသည့်အရာမှာ ဘာပါ လဲ။ အကြီးအကျယ် အောင်မြင်မှုရရှိနေ သည့် မိုက္ကရိုဆော့ဖ်၏ မဟာပြိုင်ဘက် ဂူးဂဲလ်(Google)ကြောင့်ပင်ဖြစ်သည်။ ဂူး ဂဲလ်က တစ်နှစ်ဒေါ်လာ ၄ဝဘီလျံရှိသည့် အွန်လိုင်းကြော်ငြာ၏အစိတ်အပိုင်းကြီးကြီး မားမား ရရှိထားသူဟူ၍သိရသည်။ ယင်း ဈေးကွက်သည် နောင်၂နှစ်တွင် နှစ်ဆတိုး လာစရာရှိမည်ဟု တွက်ဆထားသည်။ ယင်းနယ်ပယ်တွင် ဂူးဂဲလ်၏စိုးမိုးထားမှု (ကြည့်ရှုရှာဖွေမှု ၁ဝခုတိုင်းတွင် ဂူးဂဲလ်က ၆ခုရှိသည်)မှာ နည်းပညာကောင်းမွန်မှု၊ လွယ်ကူရှင်းလင်းသည့် အင်တာဖေ့စ် (inter face)နှင့် သူ့အလိုအလျောက် သယ်ဆောင်သွားသည့်အရှိန်အဟုန်ပေါင်းစပ် မှုအပေါ် အခြေခံထားခြင်းကြောင့် ရရှိလာ ခြင်းဖြစ်သည်။ ဂူးဂဲလ်ကို နှိပ်ကွပ်နိုင်ရန်မှာ နောက်ဆုံးအခွင့်အလမ်းအနေနှင့် မိုက္ကရို ဆော့ဖ်က ယာဟူးနှင့်ပူးပေါင်းရန် လုပ် ဆောင်နေခြင်းဖြစ်သည်။

ယာဟူးကို ရယူလိုက်ခြင်းဖြင့် မိုက္ကရို ဆော့ဖ်က နေ့ချင်းညချင်း အွန်လိုင်းပါဝါ ကြီး(on-line power)တစ်ခု ဖြစ်လာ မည်။ ဆော့ဖ်ဝဲ၏အနာဂတ်ဟု အများက ယူဆနေသည့်ကွန်ပျူတာပေါ်တွင်မဟုတ် ဘဲ အင်တာနက်ပေါ်တွင် အသုံးပြုနိုင်မည့် ‘cloud’ နည်းပညာအပါအဝင် အခြားပိုင် ဆိုင်မှုများကို သုံးစွဲသူလက်ထဲရောက်ရှိရန် ဆပွားနိုင်သည့်စွမ်းရည် ရရှိမှာဖြစ်သည်။ ဆယ်စုနှစ်ကျော်မက မိုက္ကရိုဆော့ဖ်က ယင်း၏ ‘အင်တာနက်အက်ဆက်များ’ (internet assets)ကို တည်ဆောက် လာခဲ့သည်။ သို့သော် ယင်းတို့အပေါ် အရှုံးပေါ်ဆဲရှိနေသည်(၂ဝဝ၇ခုနှစ်က လို ငွေဒေါ်လာ သန်း၇ဝဝရှိသည်)။ချက်ချင်း ဆိုသလို မိုက္ကရိုဆော့ဖ်က အွန်လိုင်း လုပ်ငန်းအမျိုးအစား အတော်များများတွင် အုပ်စီးလာနိုင်ပြီး ဆုံးရှုံးမှုကို သက်သာစေ မှာဖြစ်သည်။ (ယာဟူး မနှစ်က ဒေါ်လာ ၄ဘီလျံ ဝင်ငွေရခဲ့သည်) အမေရိကန် ပြည်ထောင်စုတွင် မိုက္ကရိုဆော့ဖ်ကအဓိက ကိန်းဂဏန်းဆိုင်ရာ စာမျက်နှာ(portal front pages)တွေမှာ ဒုတိယလိုက်သည်။ ဈေးကွက်ဝေစု ၁၅ရာခိုင်နှုန်းရထားသည်။ ယာဟူးရရှိထားတာတွေနှင့်ပေါင်းလိုက် လျှင် ၈၇ရာခိုင်နှုန်းအထိ တက်သွားမည်။ ဝက်ဘ်(web)အခြေခံအီးမေးလ်တွင် မိုက္ကရိုဆော့ဖ်က ၂၅ရာခိုင်နှုန်းမှ ၈ဝ ရာခိုင် နှုန်းအထိ တက်သွားနိုင်သည်။ (ဂူဂဲလ်၏ G-mail က ၅ရာခိုင်နှုန်းဝေစု ရထား သည်) ယာဟူးက အခြားဝန်ဆောင်မှုများ နှင့်ဖောက်သည်အများအပြားကို ဆွဲ ဆောင်ထားသည့်အတွက် ယင်း၏အက် ဆက်များနှင့်မိုက္ကရိုဆော့ဖ်အက်ဆက်များ ပူးတွဲလိုက်မည်ဆိုလျှင် ကုမ္ပဏီအမျိုးမျိုး အပေါ်ကျယ်ပြန့်သည့်အကျိုးသက်ရောက် မှုရှိလာမည်ဖြစ်သည်။

ဥပဒေကြောင်းအရ ဝင်ရောက်စွက် ဖက်မှုရှိနိုင်

မိုက္ကရိုဆော့ဖ်က အထက်ပါ အား သာချက်များကို ရရှိမည်ဆိုပါက ဥပဒေ ကြောင်းမှ ဝင်ရောက်စွက်ဖက်မှု ခံရဖွယ် ရှိသည်ဟုဆိုသူများရှိသည်။ ရစ်ခ်ျမွန် တက္ကသိုလ်၊ ဥပဒေပါမောက္ခကားလ်တိုဘိ ယက်စ်က ‘ဖက်ဒရယ်ကုန်သွယ်ရေးကော်မ ရှင်၊ တရားရေးဌာန၏ လက်ဝါးကြီးအုပ် အနေအထားမဖြစ်ပေါ်စေရန် ဆန့်ကျင် သည့်ဌာနစိတ်(Antitrust Division)နှင့် ဥရောပသားတွေဘက်မှ ဒီကိစ္စအပေါ် စစ် ဆေးကြည့်မယ်လို့ ကျွန်တော်ထင်ပါတယ်’ ဟု ပြောသည်။ မိုက္ကရိုဆော့ဖ်က အဆိုပြု ထားသည့် ပေါင်းစပ်မှုအတွက် လိုအပ် သည့် ဥပဒေရေးဆိုင်ရာထောက်ခံချက် များအားလုံးကိုရယူသွားပါမည်ဟုကြေညာ ချက်တစ်စောင်တွင် ပြောသွားသည်။

နှစ်ဦးပေါင်း တကယ်ရှေ့တန်းရောက် မည်လား

မိုက္ကရိုဆော့ဖ်နှင့် ယာဟူးပူးပေါင်း သည့်တိုင် သတင်းအချက်အလက်ရှာဖွေ ရေးကြိုးပမ်းမှုတွင် ကုမ္ပဏီတစ်ခုချင်း လုပ် ဆောင်သည်ထက် ဂူးဂဲလ်ရှေ့ရောက်မည် ကို တပ်အပ်မပြောနိုင်သေးပါ။ မိုက္ကရို ဆော့ဖ်နှင့်ယာဟူးနှစ်ဦးစလုံးက သူတို့၏ ရှာဖွေရေးအင်ဂျင်များ(search eng-ines)နှင့် ငွေရှာပေးသည့် ကြော်ငြာ ပလက်ဖောင်း(ad platforms)ကို တိုး တက်ရန် စွမ်းအားဖြည့် လုပ်ခဲ့သည်မှာ နှစ် အတန်ကြာကပင်ဖြစ်သည်။ နှစ်ဦးစလုံးက သူတို့၏ရှာဖွေရေးရလဒ်များမှာ ဂူးဂဲလ်နှင့် အရာရာတိုင်းမှာ ယှဉ်၍ရကြောင်း အခိုင် အမာပြောဆိုခဲ့ကြသည်။သို့သော် ဂူးဂဲလ် ကဦးဆောင်နေရာကိုရရှိထားဆဲဖြစ်သည်။

ပူးပေါင်းလိုက်သည့် ရှာဖွေရေးအင် ဂျင်များက အချက်အလက် သိုလှောင် ဌာနများ(data centers)၏ ပိုမိုအား ကောင်းပြီး စွမ်းရည်ထက်မြက်သည့်အခြေ ခံအဆောက်အအုံအားသာချက်များကို ယူ နိုင်သည်မှာ မှန်ပါ၏။ သို့သော် ယင်း အချက်တစ်ခုတည်းနှင့် အွန်လိုင်းကူးလူး သွားလာမှုများ(traffic)ရအောင်ဆွဲဆောင် ခေါ်ငင်နိုင်သည်တော့မဟုတ်။ သုံးစွဲသူများ အတွက် ကုမ္ပဏီနှစ်ခုပေါင်းလိုက်ခြင်း သည် အွန်လိုင်းပေါ် သတင်းအချက် အလက်ရှာရာတွင် ရွေးချယ်မှုနည်းသွား ခြင်းသဘောပင်ဖြစ်သည်။ ဂူးဂဲလ်နောက် ဒုတိယနှင့်တတိယလိုက်နေသည့် အင်ဂျင် နှစ်လုံးနေရာတွင် တစ်လုံးတည်းရှိလာ တော့မည်ဖြစ်သည်။

သူ့အကြံပေးချက်ကို ကြော်ငြာပြီး နောက် မိုက္ကရိုဆော့ဖ်CEO ဘောလ်မား က ယင်းအထင်ကရ မိုင်တိုင်အကြောင်းကို မိုက္ကရိုဆော့ဖ်အဖွဲ့သားများအားလုံးအား စာသဝဏ်လွှာပေးပို့ခဲ့သည်။ ဘောလ်မား ၏မြူးတူးတက်ကြွမှုကိုဖော်ပြသော်လည်း တကယ်အားဖြင့် ယာဟူးအား မိုက္ကရို ဆော့ဖ်က သိမ်းပိုက်ဖို့လုပ်ခြင်းသည် မိုက္ကရို ဆော့ဖ်တစ်ဦးတည်းက ဂူးဂဲလ်ကို မယှဉ် နိုင်၍ ဒူးထောက်အညံ့ခံခြင်းအဖြစ် ရှုမြင် သူ ရှိနေသည်။

ယာဟူးအခန်းကဏ္ဍ

ယခုဇာတ်ကြောင်း၏ တကယ့်စိတ် မချမ်းသာစရာ အစိတ်အပိုင်းက ယာဟူး ၏ ကံကြမ္မာဖြစ်ပေမည်။ ယာဟူးသည် တစ်ချိန်က အင်တာနက်ခေတ်၏နှစ်သက် ကြည်နူးဖွယ်ကောင်းသည့် စွန့်ဦးတီထွင် လုပ်ငန်းရှင်နှင့်ပတ်သက်သည့် ပြောစရာ ပုံပြင်များဖြစ်ခဲ့ရသည်။ ၁၉၉၄ခုနှစ်တွင် စတင်းဖို့ဒ်တက္ကသိုလ်ဘွဲ့ရများဖြစ်သည့် ဂျယ်ရီယန်းနှင့်ဒေးဗစ်ဖီလို(David Filo) တို့နှစ်ဦးက ခေတ်ပေါ်အဆန်းအပြားဖြစ် သည့် ‘ကမ္ဘာ့ကွန်ရက်’ (World Wide Web)ပေါ်တွင် ပေါက်ကွဲလုနီးပါးများပြား လှသည့်ဝက်ဘ်ဆိုက်နေရာများအရေးနှင့် ပတ်သက်ပြီး အတန်းအစားခွဲခြားသတ် မှတ်ရန် ဆန်းသစ်သည့်စိတ်ကူး ရခဲ့သည်။

ယင်းကို သူတို့က ‘Yet Another Hierarchical Officious Oracle’ ဟူ၍ အမည်ပေးခဲ့သည်။ စာလုံးတစ်ခုချင်းမှ ရှေ့ စာလုံးတစ်ခုစီကိုယူပြီး အတိုအားဖြင့် ‘YAHOO’ ဟု ခေါ်တွင်လာသည်။ ယာ ဟူးက စွန့်စားရင်းနှီးမှုအဖြစ် ဒေါ်လာတစ် သန်းခန့်ရရှိပြီး အွန်လိုင်းကြော်ငြာကို ပထမဆုံးရသူများတွင် ပါဝင်သည်။ ၁၉၉၆ ခုနှစ်တွင် ယာဟူးသည် အင်တာနက် IPO များထဲတွင် အကြီးဆုံးတစ်ခုဖြစ်လာသည်။ စန်းအထဆုံးကာလတွင် ယာဟူးသည် ဒေါ်လာ၁ဝဝဘီလျံထက်မက တန်ကြေး ရှိခဲ့ဖူးသည်။

dotcom ပြိုလဲမှုတွင် ထိပြီးနောက် ပိုင်း ယာဟူးက ယခင်ဟိုလီဝုဒ်စတူဒီယို အကြီးအကဲဖြစ်သူ တာရီဆီမဲလ်အား ငှား ရမ်းခေါ်ယူခဲ့သည်။ သူက ယာဟူး၏ ကိန်း ဂဏန်းများကို တိုးတက်စေနိုင်ခဲ့သော် လည်း ဂူးဂဲလ်၏ရှေ့ဆောင်မှုကို မတုံ့ပြန် နိုင်သည့်အတွက် သူအလုပ်စွန့်လွှတ်သွား ခဲ့သည်။ ယင်းကြောင့် ဂျယ်ရီယန်းက ပဲ့ကိုင်နေရာပြန်ရောက်ရသည်။ သို့သော် ပြီးခဲ့သည့်လ ကုမ္ပဏီ၏ရလဒ်များ ဆိုးရွား ခဲ့သည့်အတွက် စတော့ဈေးနှုန်းကျဆင်းခဲ့ ရသည်။

မိုက္ကရိုဆော့ဖ်၏ကမ်းလှမ်းမှုကို ဂျယ် ရီယန်းက ငြင်းပယ်ဖို့ ခက်ခဲမည်ဟု အကဲ ခတ်သူအများစုက ယုံကြည်နေကြသည်။ သို့သော် ယာဟူး၏တန်ဖိုးမှာ ယခုကမ်း လှမ်းသည့်ဈေးနှုန်းထက် မြင့်မားသည်ဟု ယူဆသောကြောင့် ရှယ်ယာရှင်များက ပယ်ချကြောင်းနှင့်နောက်ထပ်ကမ်းလှမ်းမှု များကို လက်ခံစဉ်းစားသွားမည် ဖြစ် ကြောင်း ယာဟူးကုမ္ပဏီက ထုတ်ပြန် ခဲ့သည်။

အားကောင်းလာနေသည့် ယူရိုငွေ

ဦးလှမြင့်(မားကက်တင်း)

ဥရောပသမဂ္ဂ သို့မဟုတ် ဥရောပ ယူနီယံ(EU)တွင် လတ်တလောအဖွဲ့ဝင် နိုင်ငံ ၂၇ခုရှိသည်။ ယင်းနိုင်ငံများအနက် ၁၅နိုင်ငံဖြစ်သည့် ယူရိုဇုန်၊ ဩစတြီးယား၊ ဘယ်လ်ဂျီယံ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂရိစ်၊ အိုင်ယာလန်၊ အီတလီ၊ လူဇင်ဘာ့ဂ်၊ နယ်သာလန်၊ ပေါ်တူဂီ၊ စပိန်၊ စလိုဗင်နီး ယား၊ မော်တာနှင့်ဆိုင်ပရပ်စ်တို့က ‘ယူရို ငွေ’ ကို အမျိုးသားငွေကြေးအဖြစ်သုံးစွဲ လျက်ရှိသည်။ ဥရောပသမဂ္ဂဝင်နိုင်ငံများ မဟုတ်ကြသည့် ဗက်တီကန်၊ ဆန်မာရီနို နှင့် အန်ဒိုရာတို့ကလည်း ယူရိုငွေကို ၎င်း နိုင်ငံတို့၏တရားဝင်ငွေအဖြစ် အသုံးပြု သည်။ ကျန်အဖွဲ့ဝင်နိုင်ငံများက ‘ယူရိုဇုန်’ ထဲသို့ ဝင်လိုပါက ၎င်းတို့၏အမျိုးသားငွေ ကြေးကို ယူရိုငွေနှင့်တန်ဖိုးသတ်မှတ်ပေး ရမှာဖြစ်သည်။ ‘ယူရိုငွေ’ ကို ၂ဝဝ၂ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့တွင် တရားဝင် စတင်သုံးစွဲခဲ့သည်။

‘ယူရိုဇုန်’ တွင် ယခုအခါ အဖွဲ့ဝင် ၁၅နိုင်ငံရှိပြီး လူဦးရေအားဖြင့် ၃၁၈သန်း ကျော်ရှိသည်။ ဥရောပသမဂ္ဂ(EU)က လာ မည့်နှစ်များအတွင်း ကျန်နိုင်ငံအတော်များ များက ယူရိုဇုန်ထဲဝင်ရောက်လာလိမ့်မည် ဟုမျှော်လင့်ထားသည်။ စလိုဗားကီးယား က ၂ဝဝ၉ခုနှစ်တွင် ယူရိုငွေကို လက်ခံ သုံးစွဲရန် စီစဉ်ထားသည်။ ဘောလ်တစ် ပင်လယ်ဒေသရှိ အက်စ်တိုနီးယား၊ လတ် ဗီးယားနှင့်လစ်တူးနီးယားတို့ကလည်း ၂ဝ၁၁နှင့် ၂ဝ၁၂ခုနှစ်တို့တွင် ယူရိုဇုန်တွင်း ဝင်ကြမည်ဖြစ်သည်။

ယခုအခါ ကမ္ဘာတစ်ဝန်း လည်ပတ် သုံးစွဲနေသည့် ယူရိုငွေစက္ကူရွက်ရေ ၁၁ ဘီလျံနှင့်အကြွေ ၇ဝဘီလျံရှိသည်။ တန်ဖိုး အားဖြင့် အနည်းဆုံး ယူရို၆၄၅ဘီလျံရှိ မည်။ ဒေါ်လာအားဖြင့် တန်ဖိုး၉၅၂ဒသမ ၈၂ ဘီလျံခန့်ရှိမည်။

ယူရိုဇုန်ကျယ်ပြန့်လာသည်နှင့်အမျှ ယူရိုနှင့်ဒေါ်လာလဲလှယ်နှုန်းသည် မကြာမီ နှစ်များအတွင်း တိုးမြင့်လာသည်။ ယင်း လဲလှယ်နှုန်းသည် ၂ဝဝ၇ခုနှစ်အတွင်း ထိုး တက်သွားခဲ့သည်။ ၂ဝဝ၇ခုနှစ်၊ ဒီဇင်ဘာ လ ၂၈ရက်နေ့တွင် တစ်ယူရို၏လဲလှယ် နှုန်းသည် ၁ဒသမ၄၇၁၄ ဒေါ်လာအထိ တက်ခဲ့သည်။ ၂ဝဝဝပြည့်နှစ်၊ အောက်တို ဘာကာလက ရှိခဲ့သည့်အဆင့်ထက် ၈ဝ ရာခိုင်နှုန်း တိုးမြင့်လာခြင်းပဲဖြစ်သည်။ ထို အချိန်က တစ်ယူရို=ဝ ဒသမ ၈၂ဒေါ်လာ မျှသာရှိသည်။ ၂ဝဝ၇ခုနှစ် တစ်နှစ်အတွင်း ၌ပင် ယူရို၏တန်ဖိုးသည် အနည်းဆုံး၁ဝ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ယူရိုငွေကို အလျင်စလို ဝေဖန်ခဲ့သူ အမေရိကန်ပြည် ထောင်စုဗဟိုဘဏ်များ အုပ်ချုပ်ရေးမှူး အဖွဲ့၏ဥက္ကဋ္ဌဟောင်း အလန်ဂရင်းစပန်း က သူ၏ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်တွင် သူ၏ဥရောပလုပ်ဖော်ကိုင်ဖက်များ၏ယူရို ငွေကြေးနှင့်ပတ်သက်သည့်ကြီးမားသည့် အောင်မြင်မှုအပေါ် အံ့အားသင့်ခဲ့ရ ကြောင်း ရေးသားထားသည်။

ယူရိုကို အားကောင်းသည့်ငွေကြေးတစ် ရပ်ဖြစ်စေသည့်အကြောင်းရင်းများ

ကျွမ်းကျင်သူများက အကြောင်းရင်း နှစ်ရပ်ကို သာဓကထုတ်ပြသည်။ ပထမ အကြောင်းရင်းမှာ U.S ဒေါ်လာငွေကို အဆက်မပြတ်တန်ဖိုးချခြင်းပဲဖြစ်သည်။ ယင်းလုပ်ရပ်ကြောင့် နိုင်ငံတချို့ကသူတို့၏ အမျိုးသားငွေကြေးကို ဒေါ်လာနှင့်ချိတ် ဆက်ထားခြင်းကို ဖယ်ခွာပြီး သူတို့၏အရံ နိုင်ငံခြားသုံးငွေဒေါ်လာတချို့ကို ယူရိုသို့ ပြောင်းလဲရန် တွန်းပို့ခြင်းခံရသည်။ ပမာ အားဖြင့် ၂ဝဝ၇ခုနှစ်၊ မေလတွင် ကူဝိတ် က ယင်း၏အမျိုးသားငွေကြေးဒိုင်နာ (dinar)ကို USဒေါ်လာနှင့်ချိတ်ဆက် ထားတော့မှာမဟုတ်ကြောင်း ကြေညာခဲ့ သည်။ USဒေါ်လာကို မြန်မြန်ဆန်ဆန် တန်ဖိုးချခြင်းကြောင့် ဆော်ဒီအာရေဗျနှင့် ရုရှားနိုင်ငံတို့က သူတို့၏အရန်နိုင်ငံခြားသုံး ငွေတချို့ကို ယူရိုအဖြစ် ပြောင်းလဲခဲ့သည်။ အသစ်ထွက်ပေါ်လာနေသည့် ဖွံ့ဖြိုးဆဲ နိုင်ငံအများအပြားကလည်း USဒေါ်လာ နောက်ထပ်တန်ဖိုးချခြင်းကြောင့်ဖြစ်လာ နိုင်သည့် ငွေကြေးဆိုင်ရာ နစ်နာစွန့်စားရ မှုမှ သက်သာလျော့နည်းစေမည့်၊ နိုင်ငံ တကာငွေကြေးများ ပိုမိုပါဝင်မည့် နိုင်ငံ ခြားငွေလဲလှယ်ရေးမူဝါဒကို အကောင် အထည်ဖော်မည့်အကြောင်း ပြောကြား သည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၏ အလိုအရ ကမ္ဘာ့အရန် နိုင်ငံခြား သုံးငွေ(foreign exchange reserves) ၏ ၂၅ရာခိုင်နှုန်းမှာ ယူရိုငွေဖြစ်ကြောင်း၊ ယင်းကိန်းဂဏန်းသည် ၁၉၉၉ခုနှစ်က ၁၇ ဒသမ၉ရာခိုင်နှုန်းမျှသာရှိကြောင်း ပြော ကြားသည်။ ယင်းကာလအတွင်း ကမ္ဘာ တစ်ခုလုံး၏ အရန်နိုင်ငံခြားသုံးငွေတွင်US ဒေါ်လာ၏ကြီးစိုးမှုမှာ ၇၁ရာခိုင်နှုန်းမှ ၆၅ ဒသမ၇ရာခိုင်နှုန်းအထိ လျော့ကျလာခဲ့ သည်။ ဂျာမနီမှ Deutsche ဘဏ်ကြီးက ၂ဝ၁ဝခုနှစ်အရောက်တွင် ယူရိုသည် ကမ္ဘာ့နိုင်ငံခြားသုံးငွေ၏ ၃ဝရာခိုင်နှုန်း အထိ ရှိလာမည်ဟုခန့်မှန်းသည်။ ဟားဗတ် တက္ကသိုလ်မှစီးပွားရေးပညာရှင်တချို့က ယူရိုသည် ၁၅နှစ်အတွင်း ပေါ်ပြူလာ အဖြစ်ဆုံး ကမ္ဘာ့ငွေကြေးဖြစ်လာမည်ဟု ဟောကိန်းထုတ်သည်။

ဒုတိယအကြောင်းရင်း

အမေရိကန်အစိုးရက နိုင်ငံ၏စီးပွား ရေးဖွံ့ဖြိုးမှုနှေးကွေးကျဆင်းလာချိန်မှစပြီး၊ ယင်း၏အားကောင်းခိုင်မာသည့်ဒေါ်လာ ပေါ်လစီ(strong dollar policy)ကိုစွန့် လွှတ်လိုက်ချိန်မှစပြီး ယူရိုအားကောင်း လာသည်ဟု ကျွမ်းကျင်သူတို့ကဆိုသည်။ မကြာမီနှစ်များအတွင်း အမေရိကန်အစိုးရ ကယင်း၏စီးပွားရေးတောင်းဆိုချက်အပေါ် အခြေခံပြီး အားကောင်းခိုင်မာသည့် ဒေါ် လာပေါ်လစီကို လက်တွေ့အားဖြင့် စွန့် လွှတ်လာခဲ့သည်။ ဈေးကွက်က USဒေါ် လာလဲလှယ်နှုန်းကိုပြဋ္ဌာန်းသင့်သည်ဟု အမေရိကန်အစိုးရကဆိုသည်။ ယင်းပေါ် လစီက ဒေါ်လာလဲလှယ်နှုန်းကို ထပ်ဆင့် ကျဆင်းစေသည်။

ထို့ပြင် အမေရိကန်စီးပွားရေးမှာ ဆက်ပြီး ကြီးထွားတိုးတက်ခြင်း ရှိလာနိုင်၊ မနိုင်မှာ သေချာမသိနိုင်ချေ။ အကြောင်း မှာ ပြီးခဲ့သည့်နှစ်က အပေါင်ထားငွေချေး ခြင်း အကျပ်အတည်း၏ထိုးနှက်မှုကြောင့် အထိနာခဲ့၍ဖြစ်သည်။ ဒါ့ကြောင့်လည်း ရင်းနှီးမြှုပ်နှံသူများက USဒေါ်လာထက် ယူရိုကို ပိုကြိုက်ခြင်းဖြစ်သည်။ ၂ဝဝ၇ခုနှစ် အတွင်းတွင် အမေရိကန်အစိုးရသည် ယင်း၏စီးပွားရေးတိုးတက်မှုနှုန်းခန့်မှန်း ချက်ကို အစဉ်တစိုက် လျှော့ချပြင်ဆင် လာခဲ့ရသည်။ US ဗဟိုဘဏ်က စီးပွားရေး ကြီးထွားမှုနှုန်း ခန့်မှန်းချက်ကို ၂ဒသမ၇၅ ရာခိုင်နှုန်းမှ ၂ဒသမ၅ရာခိုင်နှုန်းသို့၊ ထိုမှ နောက်ပိုင်းတွင် ၁ဒသမ၈ရာခိုင်နှုန်းသို့ လျှော့ချခဲ့ရသည်။ ယင်းအပေါ်အခြေခံပြီး US ဗဟိုဘဏ်က အမေရိကန်စီးပွားရေး ကို နှိုးဆွရန် ဘဏ်အတိုးနှုန်းကို နောက် ထပ်ချရနိုင်ဖွယ်ရှိသည်။ သို့သော် နိုင်ငံ၏ ကြီးမားသည့်ကုန်သွယ်ရေးလိုငွေပြမှု၊ ချေး ငွေအခက်အခဲကြုံရမှုနှင့်ငွေကြေးဈေးကွက် မငြိမ်မသက်မှုက USဒေါ်လာကို ဆက် လက်အားပျော့စေပါလိမ့်မည်။

ယူရိုဇုန်၏စီးပွားရေးကြီးထွားတိုး တက်မှုကလည်း ၂ဝဝ၈ခုနှစ်တွင်အထိုက် အလျောက် နှေးကွေးလာပါလိမ့်မည်။ သို့ သော် ယူရိုဇုန်တွင်း အလုပ်အကိုင်ရရှိမှု နှုန်းမြင့်မားခြင်းနှင့်စီးပွားရေးလုပ်ငန်းများ ၏အမြတ်ငွေရရှိမှုမြင့်မားခြင်းတို့ကြောင့် အလျင်အမြန်ကျဆင်းမှုဖြစ်လာမည်တော့ မဟုတ်။ ၂ဝဝ၈ခုနှစ်တွင် စီးပွားရေးတိုး တက်မှုနှုန်း ၂ဒသမ၆ရာခိုင်နှုန်းရှိမည်ဟု ၂ဝဝ၇ခုနှစ်က ခန့်မှန်းထားချက်ကိုတော့ ၂ဒသမ၂ရာခိုင်နှုန်းသို့ ဥရောပသမဂ္ဂက ပြောင်းလဲခန့်မှန်းထားသည်။

ဂျာမနီဘဏ်များအသင်း၏ ဥက္ကဋ္ဌ နှင့် Commerzbank AG၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ ကလော့စ်ပီတာမူလာ က ယူရို၏အနာဂတ်နှင့်ပတ်သက်ပြီး သတင်းစာကြီးတစ်စောင်တွင် အကောင်း ဘက်မှရှုမြင်ခန့်မှန်းထားသည်။ လာမည့် ၁၂လအတွင်း ယူရိုက ဆက်လက်အား ကောင်းနေမည်ဖြစ်ပြီး ယင်း\USဒေါ် လာနှင့်လဲလှယ်နှုန်းမှာ ဆက်လက်မြင့် တက်မည်ဟု မူလာကဆိုထားကြောင်းပါ။

Thursday, March 13, 2008

မြောက်ကိုရီးယားနိုင်ငံတွင် လုပ်၍ စင်ကာပူ၌ ရောင်းမည်



ကီဆုံး (မြောက်ကိုရီးယား)

စီးပွားရေး လုပ်ငန်းရှင် ကိုချစ်မန်း (Koh Chit Meng) သည် မြောက်ကိုရီးယား နိုင်ငံသို့ တစ်ကြိမ် တစ်ခါမှ မရောက်ခဲ့ဖူးပေ။ သို့သော် သူ နေထိုင်သည့် စင်ကာပူ နိုင်ငံ၏ ကုန်ပဒေသာဆိုင် များ၌ ရောင်းချမည့်Justify Full
ကုန်ပစ္စည်းများကို မြောက်ကိုရီးယား နိုင်ငံမှ မှာယူ တင်သွင်း၍ ရောင်းချ နေခဲ့သည်မှာ နှစ်အတန် ကြာခဲ့ပြီ ဖြစ်သည်။
သူဝယ်ယူ ရောင်းချသည့် ကုန်ပစ္စည်း အများစုကလည်း အလူမီနီယမ်နှင့် စတီး ပစ္စည်းများချည်း ဖြစ်သည်။ အထူးသဖြင့် စတီး ခွက်၊ စတီး အိုးနှင့် စတီး ရေနွေးကရားများ ဖြစ်ပြီး ယင်း ပစ္စည်းများ အားလုံးသည် ကေဆွန်စက်မှုလက်မှု လုပ်ငန်းကို Kaesong Industrial Complex မှ ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ ကေဆွန်း စက်မှုလုပ်ငန်းသည် ကိုရီးယား နှစ်နိုင်ငံ နယ်စပ် လုံခြုံရေး အလွန် တင်းကျပ်စွာ ရှိသည့် နယ်စပ် တစ်နေရာ၌ ရှိသည်။
အသက် ၅၀ ရှိပြီ ဖြစ်သည့် Hong Kwang Entp မှ အုပ်ချုပ်မှု ဒါရိုက်တာ Koh က ပြောပြခဲ့သည်။ တရုတ်ပြည်က တချို့ ကုန်ပစ္စည်း တွေနဲ့ ယှဉ်လိုက်ရင် Kaesong စက်မှု လုပ်ငန်းက အရည်အသွေး ပိုမြင့်တယ်။
Koh သည် လွန်ခဲ့သည့် နှစ်အနည်းငယ်က ဟောင်ကောင်တွင် ပြုလုပ်သည့် ကုန်သွယ်ရေး ပြပွဲ တစ်ခု၌ တောင်ကိုရီးယား နိုင်ငံမှ ကိုယ်စားလှယ် တစ်ဦးနှင့် တွေ့ခဲ့ပြီး Kaesong လုပ်ငန်း အကြောင်းကို စတင် ကြားဖူးခဲ့ခြင်း ဖြစ်သည်။
ယင်းကုန်သွယ်ရေး ပြပွဲ၌ တောင်ကိုရီးယား နိုင်ငံ စက်မှု လုပ်ငန်းများမှ ကုမ္ပဏီပေါင်း ၅၀၀ ကျော်တို့ ပါဝင်ပြသ ခဲ့ကြသည်။ Koh သည် ယင်းပြပွဲမှ ကုန်ပစ္စည်းများကို သဘောကျ၍ Kaesong ကုန်များကို တင်သွင်းကာ ရောင်းချခဲ့သည်။
Koh သည် နှစ်စဉ် နှစ်တိုင်း ကွန်တိန်နာ နှစ်လုံးဖြင့် ပစ္စည်းများ ၀ယ်ယူကာ ရောင်းချလေ့ ရှိ၏။ ယင်း ပစ္စည်းများနှင့် အလားသဏ္ဍာန်တူ ပစ္စည်းများကို ဥရောပ၊ တရုတ် (တိုင်ပေ) နှင့် ဟောင်ကောင်ကျွန်း များမှ မှာယူ တင်သွင်းသည်ထက် ၁၀ ရာခိုင်နှုန်း သက်သာသည်။ ထို့ပြင် ယင်းပစ္စည်း များနှင့် ပတ်သက်၍ စားသုံးသူများ ထံမှ မည်သို့သော မကျေနပ်မှု အပြစ်တင်မှုများမှ မရရှိခဲ့ပေ။
Kaesong စက်မှုလုပ်ငန်းရှိ လုပ်သားများ၏ လုပ်ခ လစာမှာ အလွန် နည်းသည်။ ထို့ကြောင့် Kaesong လုပ်ငန်း ထုတ်ကုန် ပစ္စည်းများ၏ ဈေးမှာ သက်သာနေခြင်း ဖြစ်၏။
မြောက်ကိုရီးယားနိုင်ငံ စက်ရုံ လုပ်သားများ၏ တစ်လ ၀င်ငွေမှာ အမေရိကန် ဒေါ်လာ ၇၀ သာ ရကြသည်။ တောက်ကိုရီးယား နိုင်ငံ လုပ်ငန်းတူ လုပ်သားများထက် ဆယ်ပုံတစ်ပုံပင် မရကြပေ။
Kaesong လုပ်ငန်းကို တောက်ကိုရီးယား နိုင်ငံက ငွေကြေး၊ ကုန်ကြမ်းနှင့် ကုန်ထုတ်လုပ်မှု နည်းပညာများ တာဝန်ယူပြီး၊ မြောက်ကိုရီးယား နိုင်ငံက မြေနေရာနှင့် လုပ်ခ သက်သာသော အလုပ်သမားများ ပံ့ပိုး၍ လုပ်ကိုင်နေခြင်း ဖြစ်သည်။
စင်ကာပူနိုင်ငံမှ ကုန်သည် Koh သည် လုပ်ငန်း အစည်းအဝေးများ၌ ဖောက်သည်များ မှာယူသည့် အရောင်၊ အရွယ်၊ အသုံးပြုသော ပစ္စည်း အမျိုးအစားမှ စ၍ အသေးစိတ် တင်ပြလေ့ ရှိသည်။
“တရုတ်နိုင်ငံမှာဆိုရင် သူတို့ လိုချင်တဲ့ အရောင်နဲ့ ဒီဇိုင်းက အစ အသေးစိပ်နဲ့ အရေအတွက် အနည်းဆုံးကိုပဲ ပြောကြတယ်။ Kaesong လုပ်ငန်း ကတော့ သူတို့ဘက်က အကောင်းဆုံး မဖြစ်၊ ဖြစ်အောင် လုပ်ပေးတယ်”
ပစ္စည်းများ၏ ဈေးနှုန်းတွင်လည်း Kaesong လုပ်ငန်းက ပို၍ သက်သာသည်။ ၁.၂ လီတာ ရေနွေးအိုး တစ်လုံးလျှင် Kaesong လုပ်ငန်းမှ ရောင်းဈေးမှာ စင်ကာပူ ဒေါ်လာ ၂၀ သာ ဖြစ်သော်လည်း တောင်ကိုရီးယား နိုင်ငံမှ ထုတ်လုပ်ပါက ဒေါ်လာ ၃၀ ပေးရတတ်သည်။
ဝယ်ယူ သုံးစွဲသူများ အနေဖြင့် ယင်းပစ္စည်း နှစ်ခု၌ ခြားနားမှု မရှိကြောင်း မည်သို့မှ မပြောနိုင်၊ မြောက်ကိုရီးယား နိုင်ငံမှ ထုတ်လုပ်သော ကုန်ပစ္စည်း များသည် ထုပ်ပိုးမှု သေသပ် လှပသည်။ အရောင်အသွေး စုံသည်။ ဂျပန် နိုင်ငံထုတ် ပစ္စည်းများနှင့် မခြားနားလှပေ။
Koh ရောင်းချနေသော Kaesong ပစ္စည်းများကို နာမည်ကြီး ကုန်တိုက်ကြီးများ၏ စင်ပေါ်၌ ကိုရီးယား နိုင်ငံမှ ပြုလုပ်သည် Made in Korea ဆိုသော စာတန်း ရိုက်နှိပ်ထား၏။
စင်ကာပူ နိုင်ငံသည် Kaesong ထုတ်ကုန် ပစ္စည်းများကို ပထမဦးဆုံး အသိအမှတ် ပြုသော နိုင်ငံ ဖြစ်သည်။ တောက်ကိုရီးယား နိုင်ငံထုတ် ပစ္စည်းအဖြစ် လက်ခံကာ ၂၀၀၅ ခုနှစ်တွင် လွတ်လပ်သော ကုန်သွယ်ရေး သဘော တူညီမှု FTA အရ လက်ခံခဲ့၏။
အမေရိကန် နိုင်ငံ အပါဝင် အခြားသော နိုင်ငံများနှင့်လည်း တောက်ကိုရီးယား နိုင်ငံသည် ကုန်သွယ်ရေး သဘောတူညီမှု ရခဲ့၍ Kaesong ပစ္စည်းများ တင်ပို့ နိုင်ခဲ့သည်။ စင်ကာပူ နိုင်ငံမှ လက် တစ်ဆုပ်စာသော ကုမ္ပဏီများက Kaesong လုပ်ငန်းမှ ထုတ်လုပ်သော အ၀တ် အထည်များ တင်သွင်းကာ ရောင်းချခဲ့သည်။
လွန်ခဲ့သည့် လက စင်ကာပူ နိုင်ငံတွင် ကျင်းပခဲ့သည့် ကိုရီးယားနိုင်ငံထုတ် ပစ္စည်းများ ပြပွဲတွင် တောင်ကိုရီးယား နိုင်ငံမှ ဖက်ရှင် ကုမ္ပဏီ တစ်ခု ဖြစ်သော J.Fashion Corp က ခေတ်မီ လှပသော ခြေအိတ်ပုံစံ အမျိုးမျိုးကို ပြသခဲ့သည်။ ယင်းပစ္စည်းများ အားလုံးသည် Kaesong လုပ်ငန်း ထုတ်ကုန် ပစ္စည်းများချည်း ဖြစ်၏။
စင်ကာပူ နိုင်ငံအပြင် အခြားသော အရှေ့တောင် အာရှ နိုင်ငံများမှ လုပ်ငန်းရှင်များက ကားအပို ပစ္စည်းများ၊ လေဖိအားသုံး ပစ္စည်းများ ၀ယ်ယူရန် ကမ်းလှမ်းလျက် ရှိနေသည်။
ယင်းပြပွဲသည် Kaesong လုပ်ငန်း၏ နိုင်ငံတကာ အဆင့် ပြပွဲများတွင် ဒုတိယ အကြိမ် ပြသခြင်း ဖြစ်ပြီး စောစောပိုင်း ကာလက တရုတ်နိုင်ငံ၌ ပထမဦးဆုံး ပြသ ခဲ့ဖူးသည်။
Kaesong လုပ်ငန်း၏ ဖွံ့ဖြိုးလာမှုကြောင့် ၂၀၀၀ ပြည့်နှစ်တွင် ပြုလုပ်ခဲ့သည့် ကိုရီးယား နှစ်နိုင်ငံ ထိပ်သီး အစည်းအဝေးအရ မြောက်ကိုရီးယား အလုပ်သမား နှစ်သောင်းခန့် အလုပ် ရခဲ့သည် ဆို၏။
Hyundai Asan ဆိုသည့် Hyundai Group မှ လက်ခွဲ လုပ်ငန်း တစ်ခုသည် ၂၀၀၃ ခုနှစ်မှ စ၍ ထိုနေရာ၌ ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင် လျက် ရှိသည်။
ယင်းနေရာသည် အခြားသော စက်မှုဇုန်များနှင့် မခြားနားလှဘဲ ၀န်ထမ်း အိမ်များ၊ စက်ရုံများဖြင့် ပြည့်နှက်နေသည်။ လူနေ အိမ်ခန်းများကမူ ၁၅ ထပ် ထက် မမြင့်ပေ။
အစိမ်းရင့်ရောင် ခြံစည်းရိုး ခတ်ထားသော ယင်း စက်မှုဇုန် အတွင်းသို့ မသက်ဆိုင်သူများ ၀င်ခွင့် မရပေ။
Stafild ဖိနပ် စက်ရုံ တစ်ခုလုံး၌ ကိုရီးယား နိုင်ငံ၏ တေးသီချင်း သံများက စက်ယန္တရား သံများ အောက်ဝယ် ပျောက်ကွယ်နေသည်။
သေသပ် လှပသော ၀တ်စုံ ၀တ်ဆင်ထားသော အလုပ်သမားများသည် စက်ချုပ်ခြင်း၊ ကော်ကပ်ခြင်းဖြင့် အားကစား ဖိနပ်များကို ချုပ်လုပ်လျက် ရှိ၏။
စက်ရုံ ကြည့်ကြပ်သူ တောင်ကိုရီးယား နိုင်ငံမှ အဆင့်မြင့် ၀န်ထမ်းများက ထိုစက်ရုံ၌ တစ်နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့သော်လည်း မြောက် ကိုရီးယား ၀န်ထမ်းများနှင့် အဆွေ ခင်ပွန်း ဖွဲ့၍ မရဟု ဆိုသည်။
“မြောက်ကိုရီးယား အလုပ်သမားတွေကို တောက်ကိုရီးယား တွေနဲ့ သီးခြား တွေ့ဆုံလို့ မရဘူး။ အစားအစာ စားတော့လဲ သူတို့က သပ်သပ်၊ ကျွန်မ တို့နဲ့အတူ မစားရဘူးလေ” ဟု ၀န်ထမ်း တစ်ဦးက ပြောပြ၏။
Kaesong စီးပွားရေး၏ ပထမ အဆင့်သည် ယခုနှစ် အောက်တိုဘာလ၌ ပြီးဆုံး သွားခဲ့သည်။ တတိယနှင့် နောက်ဆုံး အဆင့်သည် ၂၀၁၂ ခုနှစ် တွင် စီမံကိန်း အဆုံးသတ်မည်။ လုပ်ငန်းခွဲ ၂၀၀၀ ခန့် ရှိပြီး မြောက်ကိုရီးယား ၀န်ထမ်း ၇ သိန်းခန့် ရှိနေသည်။

ယင်းစက်မှုဇုန်၌ ဟိုတယ်၊ ဂေါက်ကွင်းနှင့် အပန်းဖြေ နေရာများ ရှိသည်။ ယခုနှစ် ဇွန်လတွင် စင်ကာပူ နိုင်ငံခြားရေး ၀န်ကြီး ဂျော့ယိုးသည် ထိုစက်မှု ဇုန်သို့ ရောက်ရှိလာပြီး ကိုရီးယား နှစ်နိုင်ငံ ပေါင်းစီး ပြီးသည်နှင့် ရင်းနှီး မြှုပ်နှံမှုများ လုပ်ငန်းသစ်များ ချဲ့ထွင်နိုင်မည်ဟု ဆို၏။
Hyundai မှ အထွေထွေ မန်နေဂျာ Byun Ha Jung က သတင်းသမားအား ပြောပြရာ၌ “ဒီနှစ်နိုင်ငံ ပူးပေါင်းသွားမယ် ဆိုရင် မြောက်ကိုရီးယားဟာ မြန်မြန်ဆန်ဆန် တိုးတက်လာပြီး ဈေးကွက် စီးပွားရေးကို နားလည် သဘောပေါက်လာမယ်” ဟု ဆိုသည်။

Saturday, March 8, 2008

ကမ္ဘာ့စူပါ ပါဝါကြီးဖြစ်လာသည့် တရုတ်နိုင်ငံ

ဦးလှမြင့်(မားကက်တင်း)

၂ဝဝ၈ခုနှစ်တွင် ကမ္ဘာ့နိုင်ငံအများစု သည် တရုတ်နိုင်ငံအား ကမ္ဘာ့ဇာတ်ခုံ၏ အချက်အချာနေရာသို့ ရွေ့လျားရောက်ရှိ လာခြင်းကို တွေ့ရဖွယ်ရှိနေသည်။ နိုင်ငံ၏ ကြာရှည်စွာ စောင့်စားနေခဲ့ရသည့် အိုလံ ပစ်နှင့်ပွဲထွက်မည်ဖြစ်သည်။ တရုတ်နိုင်ငံ သည် ကမ္ဘာ့ပါဝါကြီးတစ်ခုဖြစ်လာမည်ဆို သည့်ပြောဆိုချက်မှာ ယခုအခါ ခန့်မှန်း ချက်တစ်ရပ်မဟုတ်တော့။ တကယ်ဖြစ် လာပြီဖြစ်သည်။ ကိစ္စရပ်တစ်ခုပြီးတစ်ခု တွင် တရုတ်နိုင်ငံက ကမ္ဘာကြီးတွင် ဒုတိယ အရေးအကြီးဆုံးနိုင်ငံဖြစ်လာခဲ့သည်။ ကုန် လွန်ခဲ့သည့် ၂ဝဝ၇ခုနှစ်ကိုပဲကြည့်ပါ။ ကမ္ဘာကြီးထွားဖွံ့ဖြိုးမှုတွင် တရုတ်နိုင်ငံက အမေရိကန်ပြည်ထောင်စုထက် ပို၍အရေး ပါသည်။ ၁၉၃ဝပြည့်လွန်နှစ်များမှစပြီး အမေရိကန်ကိုကျော်တက်နိုင်သည့်နိုင်ငံမှာ ဒါက ပထမဆုံးအကြိမ်ပဲဖြစ်သည်။ ကမ္ဘာ ၏အကြီးမားဆုံး စားသုံးသူလည်းဖြစ် သည်။ အခြေခံစားသောက်ကုန် ၅မျိုးနှင့် စွမ်းအင်စက်မှုဆိုင်ရာကုန်စည်တို့တွင် US ထက် တရုတ်က စားသုံးမှုတွင် ပိုကြီးမား သည်။ လွန်ခဲ့သည့်လအနည်းငယ်ခန့်မှစပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုတွင် အမေရိကန်ကိုကျော်ပြီး တရုတ်က ကမ္ဘာ့ ရှေ့ဆောင်နိုင်ငံဖြစ်လာသည်။ ကုန်သွယ် ရေး၊ ကမ္ဘာကြီးပူနွေးမှု၊ ဒါဖာ သို့မဟုတ် မြောက်ကိုရီးယားအရေးကိစ္စတို့တွင် တရုတ်နိုင်ငံက အခြေခံအကြောင်းအရာ သစ်တစ်ခု('X' factor)ဖြစ်လာသည်။ တရုတ်နိုင်ငံမပါဘဲနှင့် ခိုင်မြဲတည်တံ့သည့် ဖြေရှင်းချက် ရှာတွေ့နိုင်ဖွယ်မရှိဟုဆို ကြသည်။

သို့သော် တရုတ်တို့က သူတို့ကိုယ် သူတို့ သည်ကဲ့သို့မမြင်ဟုဆိုသည်။ ဆူစန် ရှပ်ခ်(Susan Shirk)က တရုတ်နိုင်ငံ အကြောင်းနှင့်ပတ်သက်၍ ‘The Fragile Superpower’ ခေါင်းစဉ်တပ်ထားသည့် စာအုပ်တစ်အုပ် မကြာသေးမီက ရေးသား ခဲ့သည်။ မခိုင်ခံ့သေးသည့် စူပါပါဝါ’ ဟူ၍ အဓိပ္ပာယ်ရသည်။ တရုတ်လူထုက သူတို့ ကိုယ်သူတို့ စူပါပါဝါဟူ၍ မယူဆကြချေ။

တရုတ်နိုင်ငံက စူပါပါဝါဖြစ်သကဲ့သို့ မခိုင်ခံ့သေးသည်၊ အထိမခံသေးသည့် သဘောလည်းပါကြောင်း ဝေဖန်သူတချို့ ကပြောသည်။ ယင်းနိုင်ငံ၏ ‘မခိုင်ခံ့သေး သည့်သဘော’ မှာ ယင်း၏ထူးခြားသည့် ထိပ်ပိုင်းရောက်အောင် တက်လှမ်းနိုင်မှုနှင့် တိုက်ရိုက်သက်ဆိုင်သည်။ စက်မှုတော်လှန် ရေးကာလအတွင်း ဥရောပသားတို့၏ ပျမ်းမျှလူနေမှုအဆင့်အတန်းမှာ သူ့ဘဝ တစ်သက်တာအတွင်း(နှစ် ၄ဝနီးပါး)၅ဝ ရာခိုင်နှုန်းခန့်တက်ခဲ့ကြောင်း လောရင့် ဆန်းမားစ်ကဆိုသည်။ အာရှတွင် အထူး သဖြင့် တရုတ်နိုင်ငံတွင် လူတစ်ဦး၏ပျမ်းမျှ လူနေမှုအဆင့်အတန်းသည် လက်ရှိဘဝ သက်တမ်းထဲမှာပင် ၁ဝဝဝဝရာနှုန်းခန့် တက်လာနိုင်စရာ ရှိနေသည်ဟုဆိုသည်။ တရုတ်နိုင်ငံအတွင်း ကြီးထွားဖွံ့ဖြိုးမှု ပမာဏနှင့်နှုန်းမှာ ကြောက်ဖွယ်လိလိပင် ဖြစ်သည်။ သမိုင်းတွင် မကြုံဖူးသေးသည့် ဖြစ်ရပ်ပင်။ ယင်းနှင့်အတူကြောက်ဖွယ် လိလိ အပြောင်းအလဲများလည်း ပေါ် ပေါက်လာခဲ့သည်။ နှစ်၂ဝအတွင်း တရုတ် နိုင်ငံ၏စက်မှုနိုင်ငံထူထောင်ခြင်း၊ မြို့ပြ ချဲ့ထွင်ခြင်းနှင့်လူမှုရေးအသွင်ပြောင်းလဲ မှုဒီဂရီပမာဏမှာ ဥရောပတွင် နှစ်ပေါင်း ၂ဝဝအတွင်းပြောင်းလဲခဲ့သည့် ဒီဂရီ ပမာဏနှင့်တူညီသည်။

အတိတ်နှစ်ပေါင်း၃ဝကာလက တရုတ်နိုင်ငံကို ပြန်ကြည့်ပါ။ ကမ္ဘာ့အဆင်း ရဲဆုံးနိုင်ငံများထဲက တစ်နိုင်ငံဖြစ်ခဲ့သည်။ ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း တက္ကသိုလ်များ၊ ကျောင်းများနှင့်စက်ရုံ အများအပြား ဖျက်ဆီးခံခဲ့ရသည်။ ယင်း ကာလနောက်ပိုင်း တရုတ်နိုင်ငံတွင် လူ သန်း၎ဝဝကို ဆင်းရဲတွင်းမှဆွဲတင်နိုင်ခဲ့ သည်။ နိုင်ငံက မြို့သစ်များ၊ လမ်းများ၊ ဆိပ်ကမ်းများကိုတည်ဆောက်ခဲ့သည်။ အနာဂတ်အတွက်လည်း အထင်ကြီးဖွယ် ကောင်းသည့်စီမံကိန်းကြီးများရှိနေသည်။

ယခုအထိတော့ ဘေဂျင်းသည် အလွန်ကိုင်တွယ်ရခက်သည့်ဝန်းကျင် အတွင်း စီးပွားရေးကြီးထွားဖွံ့ဖြိုးမှုနှင့်လူမှု ရေးတည်ငြိမ်မှုကို ချိန်ညှိထားနိုင်ခဲ့သည်။ ရင်ဆိုင်ရသည့်စိန်ခေါ်မှုများနှင့်နှိုင်းယှဉ် လိုက်လျှင် တရုတ်နိုင်ငံ၏နိုင်ငံရေးခေါင်း ဆောင်များတွင် စီမံအုပ်ချုပ်မှုဆိုင်ရာ ကျွမ်းကျင်မှုရှိကြောင်း ပေါ်လွင်သည်။ နိုင်ငံအာဏာကို လူနည်းစုကထိန်းချုပ် ထားမှုရှိနေသေးသော်လည်း လူတစ်ဦး ချင်းစီ၏လွတ်လပ်မှုမှာ နည်းလမ်းများစွာ နှင့်တိုးတက်လာနေသည်။ တရုတ်ပြည်သူ များသည် ယခုအခါ သူတို့စိတ်ကြိုက် အလုပ်လုပ်နိုင်သည်၊ ခရီးသွားလာနိုင် သည်၊ အိမ်ရာမြေပိုင်ဆိုင်ခွင့်ရှိလာသည်။ ဘာသာရေးကိုးကွယ်ယုံကြည်မှုတွင်လည်း ပို၍လွတ်လပ်မှုရှိလာနေသည်။ ယင်း အချက်မျှနှင့်မလုံလောက်သေးဟုဆိုနိုင် သော်လည်း အရေးမပါဟုပြော၍မရနိုင် ကြောင်းဆန်းစစ်သူတချို့ကပြောဆိုသည်။

စီးပွားရေး ကြီးထွားတိုးတက်လာမှုက ပြည်တွင်းတွင် ပြဿနာတချို့ဖြစ်ပေါ်လာ စေသည်။ စီးပွားရေးနှင့်အဖွဲ့အစည်း အစိတ်အပိုင်းအတော်များများမှာ ကွန်မြူ နစ်ပါတီ၏ချုပ်ကိုင်မှု ပြင်ပသို့ရောက်ရှိနေ သည်။ ယင်းနိုင်ငံရေး၊ စက်မှုလုပ်ငန်းကဏ္ဍ တွင်အရေးပါသည့် သိပ္ပံ၊ စက်မှုပညာရှင် အသိုင်းအဝန်း(Tech-nocrats)မှာ လူဦး ရေ ၁ဒသမ၃ဘီလျံ၏ အထက်တွင် နေရာ ယူထားသည်။

တရုတ်နိုင်ငံက ယင်း၏ကိုယ်ပိုင်အား နည်းချက်ကို ခံစားမိခြင်းက ယင်း၏နိုင်ငံ ခြားရေး မူဝါဒအပေါ်တွင် အရိပ်ထိုးလျက် ရှိသည်။ ခေတ်သစ်သမိုင်းတွင် တရုတ်နိုင်ငံ ကမ္ဘာ့ပါဝါကြီးတစ်ခုဖြစ်လာခြင်းမှာ တစ်မူ ထူးခြားသည်။ တစ်ချိန်တည်းတွင် တရုတ် နိုင်ငံသည် စုစုပေါင်းဝင်ငွေစကားရပ်(in aggregate terms)အရချမ်းသာကြွယ်ဝ သည်ဟု ပြောနိုင်သကဲ့သို့ တစ်ဦးချင်း ဝင် ငွေစကားရပ်(in per capita terms)အရ မူ ဆင်းရဲသည်ဟု ပြောနိုင်သည်။ တရုတ် နိုင်ငံက မိမိကိုယ်ကို ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခု အဖြစ် ရှုမြင်နေဆဲပဲရှိသည်။ သန်းပေါင်း ရာချီသော တောင်သူလယ်သမားများ အတွက် ကြောင့်ကြပူပန်စရာရှိနေသေး သည်။ နိုင်ငံအပေါ် ဖိအားသက်ရောက် နေသည့် ကမ္ဘာကြီးပူနွေးမှု၊ လူ့အခွင့်အရေး စသည့်ကိစ္စရပ်များကို ချမ်းသာသည့်နိုင်ငံ တို့၏အရေးအရာဟူ၍မြင်သည်။ သို့သော် နိုင်ငံရေးဇာတ်ခုံတွင်မူ ယင်း၏ပြောင်းလဲ လာနေမှုများကို မြင်နေရသည်။ မြောက် ကိုရီးယား၊ ဒါဖာမှသည် အီရန်ရေးရာအထိ တရုတ်နိုင်ငံက နိုင်ငံတကာစနစ်တွင် တာ ဝန်ရှိသူတစ်ဦးအဖြစ် တဖြည်းဖြည်းပြသ လျက်ရှိသည်။

ပရင့်စတန်တက္ကသိုလ်မှ ဂျွန်အိခင်န် ဘာရီဆိုသူ ရေးသားထားသည့် နိုင်ငံခြား ရေးရာ အက်ဆေးတစ်ပုဒ်တွင် လက်ရှိ ကမ္ဘာ့ဖွဲ့စည်းပုံစနစ်(world order)က တရုတ်နိုင်ငံ၏ငြိမ်းချမ်းစွာတက်လှမ်းရေး ကို အကြီးအကျယ် အထောက်အကူပြု လျက်ရှိကြောင်း ထောက်ပြထားသည်။ ယင်းကမ္ဘာ့ဖွဲ့စည်းပုံစနစ်မှာ စည်းမျဉ်းစည်း ကမ်းပေါ်အခြေခံပြီး ပေါင်းစည်းထားခြင်း ဖြစ်ပြီး အခြေခံများမှာ ကျယ်ပြန့်နက်ရှိုင်း ကြောင်း သူကဆင်ခြေပေးသည်။ ယင်း စနစ်အတွင်း တရုတ်နိုင်ငံက လှုပ်ရှားခြင်း ဖြင့် သူ့အတွက် ကြီးမားသည့်စီးပွားရေး အကျိုးကျေးဇူးများရရှိနိုင်ကြောင်းဆိုသည်။ ‘ယနေ့ကာလ အနောက်တိုင်းဖွဲ့စည်းပုံ စနစ်ကို မှောက်လှန်ပစ်ဖို့ ခဲယဉ်းတယ်။ ဆက်သွယ်လုပ်ကိုင်ဖို့တော့လွယ်တယ်’ ဟု အိခင်န်ဘာရီကဆိုသည်။

တရုတ်တို့က ယင်းအခြေအနေများ ကို သိထားပုံရသည်။ ‘ငြိမ်းချမ်းစွာ တက် လှမ်းရေး’ (peaceful rise)ဆိုသည့် ဝေါ ဟာရကို တီထွင်သုံးစွဲခဲ့သူ မဟာဗျူဟာရှင် အကြီးအကဲကျွဲန်းကြီးယဲန်းက ဘေဂျင်း အနေနှင့်လက်ရှိဖွဲ့စည်းပုံစနစ်ကို မှောက် လှန်ပစ်မည့်အစား အလိုက်သင့်စီးမျော သွားရန်ကိုဖော်ပြသည်။ တရုတ်အစိုးရက ယင်းကိစ္စရပ်များအပေါ် ပြည်သူများအား ပညာပေးသည့်အနေနှင့်လွန်ခဲ့သည့်နှစ်က ‘နိုင်ငံကြီးများ ပေါ်ထွန်းလာခြင်း’ (The Rise of Great Nations)ဆိုသည့် ၁၂ ပိုင်းပါ သတင်းမှတ်တမ်းရုပ်ရှင်ကို ရိုက်ကူး ထုတ်လုပ်ပြသသည်။ ယင်းသတင်းမှတ် တမ်းရုပ်ရှင်၏ အနှစ်သာရသင်ခန်းစာမှာ အင်ပါယာမဟုတ်ဘဲ ဈေးကွက်များကသာ ကမ္ဘာ့ပါဝါနိုင်ငံကြီးတစ်ခု၏ရက်ရှည်အောင် မြင်မှုကို ပြဋ္ဌာန်းပေးမှာဖြစ်ကြောင်းအချက် ပင်။

Ref:Newsweek, Dec 31,2007, Jan 7,2008.

စတိုးဆိုင်တွင်း တီဗီကြော်ငြာ ဘယ်လောက်တွင်ကျယ်လာနိုင်မလဲ

ဦးလှမြင့်(မားကက်တင်း)

စတိုးဆိုင်ကြီးများအတွက် ဆိုင်တွင်း ရုပ်မြင်သံကြား(in-store television) ကြော်ငြာခြင်းမှာ အသေးအမွှားအရာ အဖြစ် ထား၍မရတော့ပါ။ လူသုံးကုန် ပစ္စည်းထုတ်လုပ်သည့်ကုမ္ပဏီများအပေါ် ယင်းစတိုးဆိုင်မျိုးမှာ ဆွဲဆောင်မှုပိုမိုရရှိ စေသည်။ အကြောင်းမှာ ယင်းကုမ္ပဏီများ အနေနှင့်ယင်းတို့၏ထုတ်ကုန်များကို ပိတ် မိနေသည့်ပရိသတ်သို့ တိုက်ရိုက်ကြော်ငြာ နိုင်ခြင်းကြောင့်ပင်။ လက်လီရောင်းချသူ များအနေနှင့်လည်း ယင်းတို့၏ကိုယ်ပိုင် ကြော်ငြာများနှင့် အရောင်းမြှင့်တင်မှုတို့ကို ဆောင်ရွက်ခွင့်ရရှိစေသည်။ ဆိုင်တွင်းကွန် ရက်တွင် အရင်းအနှီးပြုပြီးနောက်ပိုင်း ယင်းသည် ကြော်ငြာဝင်ငွေကောင်း ကောင်းရှိရာ အရင်းအမြစ်တစ်ခုဖြစ်လာ နိုင်ပေသည်။

သို့တိုင် စတိုးဆိုင်တွင်းရုပ်မြင်သံကြား မှာနိုင်ငံတချို့နှင့်လက်လီဆိုင်တချို့အတွက် သာ လုပ်ငန်းကောင်းမွန်သည်ကိုသာတွေ့ ရှိရသေးသည်။ ကမ္ဘာ့အကြီးဆုံး လက်လီ အရောင်းဆိုင်ဖြစ်သည့် အမေရိကမှ Wal-Mart သည် ဆန်ဖရန်စစ္စကို အခြေစိုက် ပြင်သစ်နည်းပညာကုမ္ပဏီ Premier Retail Network(PRN)ကုမ္ပဏီနှင့်ပူး ပေါင်းပြီး လွန်ခဲ့သည့် ၁ဝနှစ်မှစ၍ စတိုး ဆိုင်တွင်း ရုပ်မြင်သံကြားထုတ်လွှင့်မှုကို စတင်ခဲ့သည်။ ယင်းသည် ကမ္ဘာ့အကြီးဆုံး ကွန်ရက်ဖြစ်သည်။ အမေရိကရှိ ဆိုင်ကြီး ၃ဝဝဝကျော်တွင် တီဗီစကရင်များရှိသည်။ ကမ္ဘာ့စားသုံးကုန်ပစ္စည်းထုတ်လုပ်သည့် အကြီးဆုံးကုမ္ပဏီများဖြစ်သည့်Procter & Gamble(P&G)နှင့် ယူနီလီဗာတို့အပါ အဝင် ကုမ္ပဏီ၁၄ဝခန့်က Wal-Mart တီဗီ တွင် အခကြေးငွေပေး၍ ကြော်ငြာတင်ကြ သည်။ စတိုးဆိုင်တွင် တီဗီကြော်ငြာခြင်း က စုစုပေါင်းရောင်းရခြင်းတွင် ၂ရာခိုင်နှုန်း တိုးမြှင့်ရရှိစေကြောင်း အတိုင်ပင်ခံကုမ္ပဏီ တစ်ခု၏ စစ်တမ်းကောက်ချက်တစ်ခုမှ သိရှိရသည်။

‘ချန်နယ်’ တစ်ခုတည်းနှင့်စတင်ခဲ့ သည့် Wal-Mart သည် ယခုအခါ ချန်နယ် ခြောက်ခုရှိလာသည်။ အစားအစာ၊ အီ လက်ထရောနစ်ပစ္စည်းများနှင့်ကျန်းမာရေး ဆိုင်ရာ ထုတ်ကုန်ပစ္စည်းအကြောင်းအရာ ကို စတိုးဆိုင်၏ဌာနအသီးသီးတွင် ဧရာမ စကရင်များပေါ်တွင် ပြသသည်။ အချိန် လုနေရသည့် ဈေးဝယ်သူများ၏အာရုံစိုက် နိုင်မှုသက်တမ်းမှာတိုသည့်အလျောက် ယင်းတို့၏ပြကွက်များမှာ ပုံမှန်ရုပ်မြင်သံ ကြားနှင့်တော့ ကွာခြားသည်။ ပုံမှန်တီဗီ တွင် ၃ဝစက္ကန့် ကြော်ငြာပြကွက်သည် ရှည်လွန်းသည်။ ၅စက္ကန့်မှ ၁၅စက္ကန့်စာ ‘မက်ဆေ့ခ်ျ’ တစ်ခု၊ နှစ်ခုမျှသာရှိသည့် ကြော်ငြာပြကွက်သည် အကောင်းဆုံးဖြစ် သည်။ ကြော်ငြာချည်း တရစပ်ပြသလျှင် လည်း ဈေးဝယ်သူများကို ကြော်ငြာမှ ခွာ စေသည်။ ထို့ကြောင့် ကြော်ငြာများနှင့် ဖျော်ဖြေရေး၊ မိုးလေဝသခန့်မှန်းချက်များ၊ ချက်ပြုတ်နည်းပြကွက်များကို ကြားညှပ် တင်ဆက်သည်။ တစ်ခါလာရောက်လျှင် ဖောက်သည်က ယင်းအစီအစဉ်ကို ပျမ်းမျှ တစ်မိနစ်စာမျှ ကြည့်ရှုသည်ဟုဆိုသည်။ အသံကျယ်လျှင် ဖောက်သည်များက စိတ် တိုတတ်သည့်အတွက် ဆိုင်တွင် လူပါး သည့်အခါ အသံကို တိုးပေးထားရသည်။

ဗြိတိန်တွင် စတိုးဆိုင်တွင်းကွန်ရက် ကို ကမ္ဘာ့တတိယအကြီးဆုံး လက်လီ ဆိုင်လုပ်ငန်းဖြစ်သည့် Tesco က တည် ဆောက်သည်။ စဦးအခြေအနေ၌သာရှိ သေးသည်။ ၂ဝဝ၄ခုနှစ်တွင် ပြင်သစ် ကြော်ငြာကုမ္ပဏီတစ်ခုနှင့်ပူးပေါင်းပြီး ပျော်ပွဲရွှင်ပွဲများဖြင့် စခဲ့သည့် Tesco သည် ကြော်ငြာမည့်သူ များများစားစား မရရှိသည့်အတွက် လုပ်ငန်းပျက်လုဖြစ်ခဲ့ရ သည်။ သို့သော် ၂ဝဝ၆ခုနှစ်တွင် ဗြိတိသျှ မားကက်တင်းကုမ္ပဏီတစ်ခု၏ အကူအညီ ဖြင့် ယင်းလုပ်ငန်းကို တစ်ဖန်ပြန်စတင် သည်။ ‘Tesco TV’ ကို ယင်း၏စူပါမား ကက် ၁ဝဝတွင် စတင်သည်။ တီဗီစကရင် ပေါ် ပြကွက်နှင့် စတိုးဆိုင်တွင်း ရောင်း အားမြှင့်တင်ခြင်းတို့ကို ပိုမိုဆက်စပ်ထား သည့်အတွက် တချို့ထုတ်ကုန်ပစ္စည်း ရောင်းချရမှုမှာ ၂၅ရာခိုင်နှုန်းအထိ ပိုမို တိုးတက်လာကြောင်းဆိုသည်။

စတိုးဆိုင်တွင်းတီဗီကြော်ငြာပြသ ခြင်းမှာ ထွက်ပြူစဈေးကွက်များ(Emerg-ing Markets) တွင် မျှော်လင့်ချက်အကြီး မားဆုံးရှိနေသည်။ အကြောင်းမှာ ယင်း ဈေးကွက်များအတွင်းရှိ စားသုံးသူများ သည် ချမ်းသာသည့်နိုင်ငံများရှိ စားသုံးသူ များထက် စားသုံးကုန်ဝယ်ယူရာတွင် အမှတ်တံဆိပ်အပေါ် ပို၍အာသာပြင်းပြမှု ရှိခြင်းကြောင့်ဖြစ်သည်။ PRN က ၎င်း သည် ကမ္ဘာ့ဒုတိယအကြီးဆုံးလက်လီ အရောင်းဆိုင်ကုမ္ပဏီကြီးဖြစ်သည့် Car-refour အား ဘရာဇီးနိုင်ငံအတွင်းရှိ Car-refour ပိုင် ဟိုက်ပါမားကက်အားလုံးကို ကြော်ငြာတီဗီများဖြင့် တပ်ဆင်ရန်စီစဉ် နေကြောင်း ပြီးခဲ့သည့် နိုဝင်ဘာလက ထုတ်ဖော်ပြောကြားသည်။ ပိုလန်နိုင်ငံရှိ Carrefour ဆိုင် အားလုံးမှာ ဆိုင်တွင်း ကြော်ငြာတီဗီများတပ်ဆင်ပြီးဖြစ်သည်။ တရုတ်နိုင်ငံတွင် ဒေသခံကုမ္ပဏီဖြစ်သည့် Focus Media က လက်လီဆိုင်လောက ရှုခင်းကို ဧရာမကြော်ငြာတီဗီများဖြင့် နေရာချ ပုံဖော်နေသည်။

ဆိုင်တွင်းကြော်ငြာတီဗီထားရှိသည့် လုပ်ငန်းမော်ဒယ်မှာ တစ်နေရာနှင့်တစ် နေရာ မတူချေ။ တစ်ခါတစ်ရံ(ပမာအား ဖြင့် PRN လိုမျိုး)ကုမ္ပဏီစကရင်များ အတွက် အကုန်အကျခံသည်။ ကြော်ငြာ ကွက်များကို ရောင်းချပြီး ဝင်ငွေအများစု ကို အိတ်ထဲထည့်သည်။ အနည်းစုဝင်ငွေ သာ လက်လီဆိုင်သို့ရောက်ရှိသည်။တစ်ခါ တစ်ရံတွင်တော့ လက်လီဆိုင်သမားက စကရင်များအတွက် အကုန်အကျခံပြီး ယင်းတို့ကိုလုပ်ကိုင်မည့်သူကို ငှားရမ်းပြီး ဝင်ငွေကို ၎င်းကိုယ်တိုင်က ရယူသည်။ ဆိုင်တွင်းကြော်ငြာတီဗီကွန်ရက်ထားရှိခြင်း မှာ လက်လီဆိုင်ကြီးများအတွက် ပို၍ အဓိပ္ပာယ်ရှိသည်ဟု ဝေဖန်သူတစ်ဦးက ထောက်ပြသည်။ အကြောင်းမှာ စကရင် များကိုတပ်ဆင်ရသည့်စရိတ်(ဆိုင်တစ်ဆိုင် လျှင် သာမန်အားဖြင့် ဒေါ်လာ၎ဝဝဝခန့် ကျသည်)နှင့် အကြောင်းအရာကို အမြဲ ဆန်းသစ်အောင် လုပ်ဆောင်ရသည့်စရိတ် မြင့်မားမှုကြောင့်ဖြစ်ကြောင်းဆိုသည်။ သည့်အပြင် ဆိုင်ခွဲများသည့်လက်လီဆိုင် လုပ်ငန်းကြီးများအနေဖြင့် နေရာများများ တွင် စကရင်များများချပေးနိုင်ခြင်းကြောင့် ကြော်ငြာမည့်သူများကို ပိုမိုဆွဲဆောင်အား ရှိသည်။

စတိုးဆိုင်တွင်းကြော်ငြာတီဗီ အောင် မြင်မှုမှာ စားသုံးကုန်ပစ္စည်းထုတ်လုပ်သူ များ၏ကြော်ငြာကွက်များဝယ်ယူလိုသည့် ဆန္ဒအပေါ် မူတည်နေသည်။ ကြော်ငြာ ရှင် ၈ဝရာခိုင်နှုန်းမှာ သူတို့၏ကြော်ငြာများ ကို နောက်ထပ်ကြော်ငြာကြသော်လည်း သူတို့၏လုပ်ဆောင်ချက်အပေါ် အပြည့် အဝယုံကြည်အားထားပုံမရသေးကြပါ။ P&G မှ ပေါလ်ဖောက်စ်ဆိုသူက ယခုမီဒီ ယာအသစ်အတွက် အဆုံးအဖြတ်ပေးရန် မှာ စောလွန်းနေသေးကြောင်းဆိုသည်။ ဆိုင်တွင်းကြော်ငြာတီဗီက ပိုမိုကျယ်ပြန့် သည့်မားကက်တင်းအရော(Marketing mix)နှင့် ဘယ်နည်းဘယ်ပုံ အံဝင်မှုရှိနိုင် သည်ကို ကုမ္ပဏီဘက်မှ အသေအချာ မသိရှိသေးပါ။ သို့သော် တစ်စုံတစ်ရာကို ဝယ်ယူရန် ဆုံးဖြတ်ချက်ချမှု၏လေးပုံ သုံး ပုံမှာ ဆိုင်အတွင်း၌ပင် ချမှတ်ကြောင်း လေ့လာမှုများကညွှန်ပြထားသည့်အတွက် မှန်မှန်ကန်ကန်လုပ်ဆောင်နိုင်ပါလျှင် ဆိုင် အတွင်းတီဗီကြော်ငြာခြင်းသည် သီအိုရီ သဘောအရ ကြီးမားသည့်ခြားနားချက်ကို ဖော်ဆောင်နိုင်မှာဖြစ်ကြောင်းပါ။

Ref:The Economist/5-11,

လတ်တလောဖြစ်ပေါ်နေသည့် ကမ္ဘာ့စီးပွားရေး ဝရုန်းသုန်းကားဖြစ်နေမှုအပေါ် ကျွမ်းကျင်ပညာရှင်တို့၏အမြင်များ

ဦးလှမြင့်(မားကက်တင်း)

ဘဏ္ဍာရေးဆိုင်ရာ မိုက်မဲမှု Financial Folly)ကက်နက်ရိုဂေါ့ဖ်၊ ဟားဗတ်တက္ကသိုလ်၊

စီးပွားရေးပညာပါမောက္ခ။

အခုဖြစ်ပျက်နေတာတွေက အထူး အဆန်းတော့မဟုတ်ပါဘူး။ အတိတ် ကာလက နင်းလာခဲ့တဲ့ဘဏ္ဍာရေးဆိုင်ရာ မိုက်မဲမှုလမ်းကြောင်းနောက်လိုက်ခြင်းသာ ဖြစ်တယ်။ မာရီလင်တက္ကသိုလ်မှ ကာမင် ရိန်းဟတ်ထ်နှင့် ကျွန်တော့်ရဲ့ရေးသား ချက်က ပြသသလိုပဲ ငွေကြေးဆိုင်ရာ ဒါမှ မဟုတ် ဘဏ္ဍာရေးဆိုင်ရာ အကျပ် အတည်း(financial crisis)တစ်ခုရဲ့ အတိမ်အနက်ကိုတိုင်းတာရာမှာ အရေး အကြီးဆုံးအချက်က စနစ်အပေါ် ကနဦး ရိုက်ခတ်မိတဲ့အရွယ်ပမာဏပဲဖြစ်တယ်။ ကျွန်တော်တို့ ယင်းအချက်ကို မသိရှိရ သေးပါဘူး။ အကယ်၍ ယင်းက sub-prime အပေါ် ဆုံးရှုံးတဲ့ငွေကြေးမျှသာ ဖြစ်မယ်ဆိုရင်(ဆုံးရှုံးမှုမှာ ဒေါ်လာ ၃ဝဝဘီလျံမှ ၄ဝဝဘီလျံဖြစ်နိုင်)ဒါက အလယ်အလတ်အဆင့်ရှိတဲ့ အကျပ် အတည်းလောက်သာရှိမယ်။ မော်ကွန်း တင်လောက်အောင်ကြီးမားတဲ့အကျပ် အတည်းတော့ မဖြစ်နိုင်ပါဘူး။ ဒါက ၁၉၈ဝပြည့်လွန်နှစ်နှောင်းပိုင်းမှာဖြစ်ခဲ့တဲ့ S&L အကျပ်အတည်းနှင့်နှိုင်းယှဉ်နိုင်ပါ လိမ့်မယ်။ သို့ပေမဲ့ စီးပွားရေးနှေးကွေးမှုက ပိုပြီးနက်ရှိုင်းလာမယ်။ ဆုံးရှုံးမှုများက အကြွေးဝယ်ကတ်များ၊ ထုတ်လုပ်မှုမြင့်မား တဲ့ကော်ပိုရေးရှင်းများနှင့်အခြားအပေါင် စာချုပ်များ သို့မဟုတ် ပေါင်နှံခြင်းများ (mortgages)ဆီသို့ ပျံ့နှံ့သွားမယ်ဆိုရင် အခြေအနေက အများကြီး ပိုဆိုးနိုင် ပါတယ်။

အခုဟာက စောစောပိုင်းကာလ လောက်သာရှိနေပါသေးတယ်။ US စီး ပွားရေးက အားပျော့တဲ့အနုတ်လက္ခဏာ ဆောင် ဖွံ့ဖြိုးမှုကို ခံစားပုံရပါတယ်။ အကယ်၍ တရုတ်နိုင်ငံမှာ စီးပွားရေးနှေး ကွေးသွားတဲ့ ဒါမှမဟုတ် အရှေ့အလယ် ပိုင်းဒေသမှာ ပထဝီနိုင်ငံရေးပြဿနာ သတင်းဆိုးမျိုးမရှိဘူးဆိုရင် USမှာ အား ပျော့တဲ့စီးပွားရေးကျဆင်းမှု(mild rece-ssion)လောက်သာရှိမှာဖြစ်ပြီး ယခုနှစ် ကုန်မှာ ပြန်လည်နာလန်ထမယ့် အနေ အထားမှာရှိနေပါတယ်။

ကမ္ဘာ့ကျန်အစိတ်အပိုင်းတွေက ထိခိုက်နစ်နာမှုတချို့ရှိပါလိမ့်မယ်။ သို့ပေမဲ့ ကမ္ဘာ့စီးပွားရေးကတော့ စီးပွားရေးကပ် ငယ်(recession)အတွင်း ကျရောက်လိမ့် မယ် မဟုတ်ပါဘူး။ ဒါဆိုရင် ပူပန်စရာမလို ဘူးဆိုတဲ့အဓိပ္ပာယ်လား။ ကျွန်တော် ကတော့ ဒီလိုမထင်ပါဘူး။ ပြဿနာက US စီးပွားရေးက အလွန်အထိခိုက်လွယ် တဲ့အနေအထားပါ။ အအေးမိထားသူတစ် ယောက်က ရက်သတ္တပတ်လောက် အိပ် ရေးပျက်တာနဲ့သဏ္ဌာန်တူပါတယ်။ US စီးပွားရေးရဲ့ ဒူပေနာပေခံနိုင်မှုက ကျ ဆင်းနေပြီး ဘာမှဖြစ်လာနိုင်စရာမရှိတဲ့ တစ်နှစ်ဆိုတဲ့ကာလက အတော်ရှည်ကြာ တာပဲဖြစ်တယ်။ အိမ်ရာပူဖောင်းတွင် အထွေထွေဈေးနှုန်းကျဆင်းမှု(deflation) ပြဿနာရှိနေခြင်းနှင့်ထုတ်ကုန်ဖွံ့ဖြိုးမှု အပိုင်းတွင် ကျဆင်းသယောင်ရှိနေခြင်းက ပေါ်လစီရေးဆွဲသူတို့ ဘာမှ များများစား စားလုပ်နိုင်စရာမရှိပါ။

စတော့ဈေးကွက်ထိုးစိုက်ကျဆင်းခြင်း

(A Meltdown)

နိုရီယယ်ရူဘီနီ။နယူးယောက်တက္ကသိုလ်၊ စတန်းဘိဇနက်ကျောင်းမှ စီးပွားရေး ပညာနှင့်နိုင်ငံတကာ ဘိဇနက်ဘာသာ ပါမောက္ခ။

စီးပွားရေးစန်းပွင့်ချိန်များနှင့်စီးပွား ရေးပျက်ပြားချိန်များ(Booms and busts)ဟာ အရင်းရှင်စီးပွားရေးစနစ်ရဲ့ အင်္ဂါရပ်များပဲဆိုတာ ကျွန်တော်တို့သိကြ ပါတယ်။ သမိုင်းအရလည်း ဒီလိုဖြစ်ပျက် ခဲ့တာပါ။ ယင်းတို့ထဲမှ အများအပြားက နည်းပညာဆန်းသစ်တီထွင်မှုကြောင့်ဖြစ် လာရတာပါ။ မီးရထားလမ်း ဒါမှမဟုတ် အင်တာနက်လိုမျိုး ဆန်းသစ်တီထွင်မှုကို ဆိုလိုတာဖြစ်တယ်။ ယင်းတို့က ပူဖောင်း များ၊ လိမ်လည်မှုများနှင့်နောက်ဆုံးမှာ ဆုံး ရှုံးမှုများကို ဖန်တီးပေးနိုင်တယ်။ တကယ့် တီထွင်မှုကြောင့် စီးပွားရေးကို မောင်းနှင် ပေးတာမျိုးလည်းရှိပြန်ပါတယ်။ ယခု နောက်ဆုံး အကျပ်အတည်းကတော့ သမိုင်းကြောင်းက ဥပမာများနှင့်အရေးကြီး တဲ့အင်္ဂါရပ်နှစ်ရပ်မှာ ခြားနားကွဲပြားနေပါ တယ်။ ပထမအချက်ကတော့ အိမ်ရာ (housing)နှင့်ပတ်သက်ပြီး နည်းပညာ ဆိုင်ရာတော်လှန်ပြောင်းလဲမှုမျိုးမရှိခဲ့ပါ ဘူး။ ကျွန်တော်တို့က လွန်ခဲ့တဲ့နှစ်၅ဝ လောက်ကလို နည်းလမ်းများနှင့် ယခုတိုင် အိမ်များကိုတည်ဆောက်နေဆဲပါ။ ဒီနေ ရာမှာ ဆန်းသစ်တီထွင်မှုက ငွေကြေးဆိုင် ရာပဲဖြစ်တယ်။ ဘဏ်တွေက အပေါင်စာ ချုပ်များကို သူတို့စာအုပ်များမှာ ရေးမှတ် တဲ့စနစ်ကနေ ဘဏ်များက အပေါင်စာ ချုပ်များကို အစပြုထုတ်လုပ်ပြီး၊ အာမခံ ချက်ရှိအောင်လုပ်ပြီး အပေါင်စာချုပ်များ ကို ဖြန့်ချိတဲ့စနစ်ဆီ ကူးပြောင်းလာတယ်။ အိုင်ဒီယာကတော့ စွန့်စားရမှုကိုလျှော့ချ ဖို့ပဲဖြစ်တယ်။ အပေါင်စာချုပ်များကို ဘဏ် အပြင်ဘက် အရင်းအနှီးဈေးကွက်ထဲ ရောက်ရှိခြင်းအန္တရာယ်နှင့် US အပြင် ဘက် ကမ္ဘာ့စီးပွားရေးထဲရောက်မယ့် အန္တရာယ်ကို ချုပ်ကိုင်ခြင်းပဲဖြစ်တယ်။ ကျွန်တော်တို့ ယခု subprime မှာ တွေ့ မြင်နေရသလို ငွေကြေးဈေးကွက်များမှာ ကြီးမားတဲ့ကူးစက်မှုများ သယ်ယူလာပြီး တကယ့်စီးပွားရေးကို ထိခိုက်စေတယ်။

ကျွန်တော်ထင်တာကတော့ အခုဟာ က ၁၉၈၇ခုနှစ်၊ စတော့ဈေးကွက် ပြို ဆင်းတာထက် ပိုဆိုးမယ်။ ၁၉၈ဝပြည့်လွန် နှစ်များက စုဆောင်းငွေများနှင့်ချေးငွေ အကျပ်အတည်း(savings and loan crisis)ထက်လည်း ပိုဆိုးပါတယ်။ အကြောင်းကတော့ အဲဒီတုန်းက ကူးစက် မှုက ငွေစုငွေချေးအသင်းများနှင့်အိမ်မြေ ကဏ္ဍများနှင့်သာ ပတ်သက်ခဲ့တာပါ။ ဒါ့ အပြင် ၁၉၉၈ခုနှစ် ကာလရှည်အရင်းအနှီး စီမံကွပ်ကဲမှုအကျပ်အတည်းထက်လည်း ပိုဆိုးတယ်။ အဲဒီတုန်းက ငွေပေါ်လွယ်မှု ပြဿနာ(liquidity problem)တစ်ခုသာ ဖြစ်တယ်။ ယနေ့ကာလမှာက ကျွန်တော် တို့မှာ ဒေဝါလီခံခြင်းပြဿနာများ၊ လုပ် ငန်းဖျက်သိမ်းခြင်းပြဿနာများ(insol-vency problems)ရှိနေတယ်။ ဒါက ၂ဝဝဝပြည့်နှစ်နှင့် ၂ဝဝ၁ခုနှစ်က နည်း ပညာကုမ္ပဏီများ ရပ်ဆိုင်းရခြင်းထက် အများကြီး ပိုဆိုးတယ်။ ယင်းအချိန်က ပြဿနာတွေက နည်းပညာကဏ္ဍနှင့်သာ သက်ဆိုင်နေပါတယ်။ အားပျော့တဲ့စီးပွား ရေးပျက်ကပ်ငယ်လေးလောက်သာ ရှိခဲ့ တာပါ။ တစ်စုံတစ်ရာ နှိုင်းယှဉ်နိုင်ဖို့ အတွက် ‘စီးပွားရေးပျက်ကပ်ကြီး’ (Great Depression)ဆီကို ပြန်သွားကြည့်ရ လိမ့်မယ်။ ကျွန်တော်တို့က စီးပွားရေးပျက် ကပ်ကြီးနှင့် အလှမ်းဝေးနေသေးတယ်ဆို တာကတော့ မှန်ပါတယ်။ သို့ပေမဲ့ ကျယ် ကျယ်ပြန့်ပြန့်ရှိနေတဲ့ စွန့်စားရမှုများနှင့် ဘဏ္ဍာရေးဈေးကွက် ထိုးစိုက်ကျဆင်းမှု အရေးများကြောင့် နှိုင်းယှဉ်မှုကောင်း တစ်ခုရှာတွေ့ဖို့ အဲဒီအထိသွားဖို့ လို ကောင်းလိုပါလိမ့်မယ်။

ငွေကြေးဖောင်းပွမှုနှင့်စီးပွားရေးတန့်နေ မှု အလားအလာ

(The Prospect of Stagflation)

ရှရီမူလီယန်နီ အင်ဒရာဝတီ

အင်ဒိုနီးရှားနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီး

သမိုင်းမှ သင်ခန်းစာများအပေါ် အာရှငွေကြေးအကျပ်အတည်းကရတဲ့ သင်ခန်းစာကတော့ ကုစားပြင်ဆင်ဖို့ ဆုံး ဖြတ်ချက်များကို မြန်မြန်ဆန်ဆန်ချမှတ် မယ်၊ ပေါ်လစီချမှတ်ဆောင်ရွက်ချက်တွေ က အစွမ်းထက်မြက်မယ်ဆိုရင် ပြင်းထန် တဲ့ ဒါမှမဟုတ် အချိန်ကြာရှည်မယ့် အကျပ်အတည်းတစ်ရပ်မဖြစ်ရအောင် ကာကွယ်နိုင်ပါတယ်ဆိုတဲ့အချက်ပါ။ တောင်ကိုရီးယားမှာဖြစ်ပျက်တာကိုကြည့် ခြင်းဖြင့် စီးပွားရေးက အလျင်အမြန် ပြန် လည်နာလန်ထနိုင်တာကို တွေ့ရပါမယ်။ သူတို့ရဲ့ ပြင်းပြင်းထန်ထန်လုပ်ခဲ့ရတဲ့ ချိန် ညှိမှုတွေက အချိန်တစ်နှစ်လောက်ပဲကြာ ပါတယ်။ သို့ပေမဲ့ အင်ဒိုနီးရှားစီးပွားရေးက ၅နှစ်မှ ၇နှစ်အထိ နှေးကွေးနေခဲ့တယ်။ အကြောင်းကတော့ ကုစားမှုပေါ်လစီတွေ ကို ချမှတ်လုပ်ဆောင်ရတာ အချိန်ကြာမြင့် သလို အားလည်းပျော့တာကြောင့်ပါ။ အမေရိကန်ပြည်ထောင်စုက ကမ္ဘာမှာ အကြီးမားဆုံး စီးပွားရေးဖြစ်ပြီး ထိုင်း၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားတို့ထက် ပိုပြီးရှုပ်ထွေးပါတယ်။ သို့ပေမဲ့ သင်ခန်းစာ တွေကတော့ အတူတူပါပဲ။ ဆုံးဖြတ်လုပ် ဆောင်ချက်တွေ မနှောင့်နှေးအောင် မျှော် လင့်ပါတယ်။ ဒါမှ ကမ္ဘာ့စီးပွားရေးကို ထိ ခိုက်မှုအနည်းဆုံးဖြစ်စေမှာပါ။ ဘဏ္ဍာငွေ ကြေးဆိုင်ရာအဖွဲ့အစည်းတစ်ခုအကြောင်း ဖြစ်စေ၊ US စီးပွားရေးတစ်ခုလုံးကို ပြော တာဖြစ်စေ ပေါ်လစီရေးဆွဲချမှတ်သူတို့က မြန်မြန်ထက်ထက် လုပ်ဆောင်ရမှာပဲ ဖြစ်တယ်။

အာရှစီးပွားရေးများက အမေရိကန် စားသုံးသူများနှင့် ကင်းကင်းရှိနေတယ် ဆိုတဲ့ သီအိုရီအပေါ် ကုန်သွယ်ရေးအမြင် ဘက်ကကြည့်မယ်ဆိုရင် ကင်းကင်းကွာ ကွာ တကယ့်ကို ရှိနေတယ်လို့ ကျွန်တော် မထင်ပါဘူး။ အရင်းအနှီးစီးဆင်းမှုများ (capital flows)ကို ကြည့်မယ်ဆိုရင် အာရှဒေသများက လုံးဝကို ကင်းကင်းကွာ ကွာရှိနေကြတာမဟုတ်ပါဘူး။ တစ်ဦးနှင့် တစ်ဦး ပိုပြီးတော့တောင် ဆက်စပ်မှုရှိနေ ကြပါတယ်။ ကျွန်တော်တို့အစိုးရ ‘ဘွန်း များ’ ကို ဇန်နဝါရီလ စောစောပိုင်းမှာ ထုတ်လိုက်တဲ့အခါ US မှ ဝယ်ယူသူများ က အတော်ကြီးကို များပြားလွှမ်းမိုးနေ တာဖြစ်တယ်။ USက ယင်းရဲ့လိုငွေကို အာရှမှ ရန်ပုံငွေများနှင့် ဖြည့်တင်းတဲ့နည်း လမ်းအပြင် အခြားနည်းလမ်းကို ကျွန် တော်မမြင်ပါဘူး။ ဒါမှမဟုတ် USနှင့် ကင်းကင်းကွာကွာဖြစ်စေမယ့် ကျွန်တော် တို့ရဲ့အရန်ငွေတွေကို တခြားတစ်နေရာ မှာ ရင်းနှီးမြှုပ်နှံဖို့ အာရှက တိုးတက်လုပ် ဆောင်နိုင်စွမ်းလည်း ရှိပုံမရပါဘူး။ ငွေ ကြေးဆက်နွှယ်နေမှုတွေက အလွန်အား ကောင်းပြီး အလွန်လည်း နီးနီးစပ်စပ် ရှိနေပါတယ်လို့ ကျွန်တော်ထင်ပါတယ်။

စီးပွားရေးနှင့်ပတ်သက်ပြီး စိုးရိမ်မှုများ

ဒီနေရာမှာ အမေရိကန်ပြည်ထောင် စုအတွင်း ငွေကြေးဖောင်းပွမှုနှင့်စီးပွားရေး တန့်နေမှု(stagflation)အလားအလာပဲ ဖြစ်တယ်။ စီးပွားရေးကျဆင်းမှုနှင့်မြင့်မား တဲ့ငွေကြေးဖောင်းပွမှု ပေါင်းစပ်ဖြစ်ပေါ် မှုက အလွန်ခက်ခဲတဲ့ပေါ်လစီစိန်ခေါ်မှု များကို ဖန်တီးဖြစ်ပေါ်စေမှာဖြစ်တယ်။ အထူးသဖြင့် US ဘတ်ဂျက်အနေအထား က သိပ်မကောင်းတဲ့အခြေအနေ အချိန် အခါမျိုးမှာ ပိုပြီးဖြစ်နိုင်ချေရှိတယ်။ အား ပျော့တဲ့စီးပွားရေးကျဆင်းမှုတစ်ရပ်ကိုပြင် ရဖို့လွယ်တယ်။ ဒါပေမဲ့ စီးပွားရေးတန့်ခြင်း နှင့်ငွေကြေးဖောင်းပွမှု(stagflation)ဆိုရင် တော့ အလှည့်အပြောင်းလုပ်ဖို့နေရာက သိပ်ကို ကန့်သတ်လွန်းသလို ဖြစ်နေနိုင် ပါတယ်။

Ref:Newsweek, Feb 4, 2008. 'Goodbye to the Bulls'.

Monday, February 4, 2008

Nokia နဲ့မိုဘိုင်းဖုန်းဈေးကွက် ယှဉ်ပြိုင်မှု

မောင်ပုဆိုးကြမ်း

ယခုအခါ လူပေါင်းသန်း ၉၀၀ လောက်ဟာ နေ့စဉ်Nokia ဖုန်းတွေနဲ့ စကားပြောနေကြပါတယ်။ လာမယ့်လအနည်းငယ်အတွင်းမှာပဲ လူပေါင်းတစ်ဘီလီယံအထိ အသုံးပြုလာနိုင်ပါတယ်။ မိုဘိုင်းဖုန်းဝယ်ယူသူအတော်များများဟာ Nokia ကိုပဲ ရွေးချယ်ပြီး ဝယ်ယူလာကြတာကို တွေ့ရပါတယ်။ ၂၀၀၇ ခုနှစ်အတွင်း Nokia ဖုန်းသန်းပေါင်း ၄၃၀ ရောင်းချခဲ့ရပါတယ်။ အဲဒီအရေအတွက်ဟာ Motorola, Samsung နဲ့ Sony Ericsson ကုမ်ပဏီသုံးခုက ရောင်းချခဲ့တဲ့ မိုဘိုင်ဖုန်းပေါင်းပိုပါတယ်။ ၂၀၀၇ ခုနှစ်အတွင်း Nokia ရဲ့ဝင်ငွေဟာ ၃၀ ရာခိုင်နှုန်းမြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၇၆ ဘီလီယံအထိ ရရှိခဲ့ပါတယ်။ အမြတ်ငွေဟာလဲ ၂၅ ရာခိုင်နှုန်းတိုးမြင့်တက်လာပြီး အမေရိကန်ဒေါ်လာ၇.၈ ဘီလီယံရရှိခဲ့ပါတယ်။ Nokia ဖုန်းတွေရဲ့ အရောင်းဟာ တရုတ်၊ အရှေ့တောင်အာရှနဲ့ အိန္ဒိယနိုင်ငံတွေလို ဈေးကွက်လျက်မြန်ကြီးထွားလာနေတဲ့ နိုင်ငံတွေမှာ နံပါတ်တစ်နေရာမှာ ရှိနေပါတယ်။ လွန်ခဲ့တဲ့ငါးနှစ်ခန့်က မြောက်အမေရိကဈေးကွက်မှာ မိုဘိုင်ဖုန်းသုံးလုံးရောင်းရရင် တစ်လုံးဟာ Nokia ဖုန်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ယခုအခါ ဆယ်လုံးရောင်းရရင် Nokia က တစ်လုံးပဲရှိတော့တယ်။ အမေရိကန်ဈေးကွက်မှာဆိုရင် ၂၀၀၂ တုန်းက Nokia ဖုန်းတွေဟာ ဈေးကွက်ဝေစု ၃၃ ရာခိုင်နှုန်းကျော်ရှိခဲ့ပေမယ့် ယခုအခါဆယ်ရာခိုင်နှုန်းပဲရှိတော့တယ်။ ဒီလိုဈေးကွက်ဝေစုကျဆင်းလာရတဲ့ အကြောင်းရင်းကတော့ အမေရိကန်ဆက်သွယ်ရေးလုပ်ငန်းဟာ မိမိလုပ်ငန်းအတွက်လိုအပ်တဲ့ဖုန်းတွေကို အမျိုးမျိုးစည်းကမ်းချက်တွေ သတ်မှတ်ပြီးဝယ်လေ့ရှိတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ မြောက်အမေရိကမှာ တစ်နှစ်ကို ဖုန်းသန်းပေါင်း ၁၆၀ လောက်ဝယ်ယူအသုံးပြုနေတဲ့အတွက် အကြမ်းအားဖြင့် တရုတ်နိုင်ငံက ဝယ်ယူမှုနှုန်းနဲ့ညီမျှပါတယ်။ အကယ်၍ Nokia အနေနဲ့ တခြားကမ္ဘာ့နိုင်ငံတွေမှာ ရရှိထားတဲ့ ဈေးကွက်ဝေစုအတိုင်း အမေရိကန်မှာ ပြန်ရရှိအောင် လုပ်ဆောင်နိုင်ရင် ဝင်ငွေဟာ ယခုထက် အမေရိကန်ဒေါ်လာ ငါးဘီလီယံပိုမိုရရှိလာနိုင်ပါတယ်။

ဥရောပနဲ့ အာရှနိုင်ငံကလူတွေဟာ သူတို့ကြိုက်နှစ်သက်တဲ့ မိုဘိုင်းဖုန်းအိမ် Handset တွေကို ရွေးချယ်ဝယ်ပြီးနောက်မှ ဆက်သွယ်ရေးလုပ်ငန်းတစ်ခုခုနဲ့ ချိတ်ဆက်အသုံးပြုတတ်ကြပါတယ်။ ဒါကြောင့် အမေရိကန်မှအပ ကမ္ဘာ့အနှံ့အပြားမှာ Nokia ဟာ မိမိထုတ်လုပ်တဲ့ မိုဘိုင်းဖုန်းထက်ဝက်လောက်ကို လက်လီအရောင်းဆိုင်တွေမှာတင်ပြီး ရောင်းချပါတယ်။ တရုတ်နိုင်ငံမှာဆိုရင် Nokia ဖုန်းကို ရောင်းချတဲ့ ပျမ်းမျှဈေးနှုန်းဟာ အမေရိကန်မှာထက်နည်းပါတယ်။ ယခုအခါ Nokia ရဲ့ CEO ဖြစ်သူ Kallasvuo ဟာ အမေရိကန်ဈေးကွက်မှာ မိမိဖုန်းတွေကို ဝေစုပိုမိုရရှိလာအောင်ကြိုးပမ်းလာတာကို တွေ့ရပါတယ်။ လွန်ခဲ့တဲ့နှစ်အတွင်း Nokia ကုမ်ပဏီဟာ အမေရိကန်ဆက်သွယ်ရေးလုပ်ငန်းကြီးဖြစ်တဲ့ AT & T အတွက် မိုဘိုင်းဖုန်းတွေကို ထုတ်လုပ်ပေးဖို့ ဆန်ဒီယေဂိုမှာ အင်ဂျင်နီယာဌာနကြီးတစ်ခု ဖွင့်လှစ်ပြီးလုပ်ကိုင်ခဲ့ပါတယ်။ AT & T နဲ့ပူးပေါင်းပြီး Nokia ၆၅၅၅ မိုဘိုင်ဖုန်းအသစ်တစ်မျိုးကို ထုတ်လုပ်ခဲ့ပါတယ်။ AT & T ကုမ်ပဏီရဲ့ မြန်နှုန်းမြင့်ဆက်သွယ်ရေးကွန်ယက်နဲ့ အံဝင်ခွင်ကျဖြစ်တဲ့ ဒီဇိုင်းကိုရေးဆွဲထုတ်လုပ်ထားပါတယ်။ တစ်လုံးကို အမေရိကန်ဒေါ်လာ ၄၉ ဒေါ်လာနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ AT & T ဒုတိယဥက္ကဌဖြစ်သူ စတီဗင်မက်ဂေါက Nokia ဟာ ကမ္ဘာ့အဆင့်အတန်းမီတဲ့ဖုန်းတွေကို ထုတ်လုပ်နိုင်ပြီး အဲဒီဖုန်းတွေကိုလဲ ကမ္ဘာအနှံ့ဖြန့်ဖြူးရောင်းချနိုင်ခဲ့ပါတယ်။ Nokia ၆၅၅၅ တစ်လုံးကို အမေရိကန်ဒေါ်လာ ၄၉ ဒေါ်လာရောင်းချနိုင်တာဟာ Nokia ရဲ့ အရောင်းမြှင့်တင်ရေးအစီအစဉ်နဲ့ ကြော်ငြာကရတဲ့ ဒေါ်လာငွေတွေကြောင့်ပဲဖြစ်ပါတယ်။ အဲဒီဖုန်းတွေဟာ AT & T ကုမ်ပဏီ အတွက် ၂၀၀၈ ခုနှစ်မှာ ဝင်ငွေအမြောက်အများရရှိအောင် ဆောင်ရွက်ပေးမယ့် ဖုန်းတွေဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။ လွန်ခဲ့တဲ့နှစ်စမှာ Verizon ဆက်သွယ်ရေးကုမ်ပဏီနဲ့ ဖက်စပ်ပြီး CDMA နည်းပညာအပေါ်အခြေခံတဲ့ မိုဘိုင်းဖုန်းတွေထုတ်လုပ်ဖို့ သဘောတူစာချုပ်ချုပ်ခဲ့ပါတယ်။ Nokia-Verizo ဖုန်းတွေဟာ ၂၀၀၈ ခုနှစ်အတွင်း ထွက်ပေါ်လာစရာရှိပါတယ်။ လွန်ခဲ့တဲ့နှစ်ထဲမှာပဲ Nokia ဟာ ကယ်လီဖိုးနီးယားပြည်နယ် ပိုလိုအော်တူမှာ ဆော့ဖ်ဝဲသုသေတနဌာနတစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီဌာနမှာ Nokia N ၇၅ ဖုန်းအမျိုးအစားကို စမ်းသပ်တီထွင်လျက်ရှိပါတယ်။ အဲဒီဖုန်းမှာပါရှိတဲ့ ကင်မရာနဲ့ လိုချင်တဲ့ပစ္စည်းတစ်မျိုးကို ဓာတ်ပုံရိုက်လိုက်ရင် အဲဒီပစ္စည်းမျိုးရောင်းချနေတဲ့ ဝက်ဘ်ဆိုက်တွေနဲ့ ချိတ်ဆက်ပေးပြီး အနီးဆုံးဘယ်ဆိုင်မှာ ဝယ်ယူနိုင်တယ်ဆိုတာ သိနိုင်ပါတယ်။ ဒါ့အပြင် AT & T Wireless စတိုးဆိုင်မှာ ပြသထားတဲ့ ပစ္စည်းတစ်ခုခုကို ကင်မရာနဲ့ချိန်ပြီး ဝယ်ယူနိုင်ပါတယ်။ ဒါမှမဟုတ် ရုပ်ရှင်ပိုစတာတစ်ခုကို အဲဒီကင်မရာနဲ့ ရိုက်ပြီး ရုပ်ရှင်မှာပါတဲ့ တေးသီချင်းတွေကို နားထောင်နိုင်ပါတယ်။ လွန်ခဲ့တဲ့လအနည်းငယ်ကလည်း Nokia ကုမ်ပဏီဟာ ဒစ်ဂျစ်တယ်မြေပုံ သတင်းအချက်အလက်တွေကို ဖန်တီးတဲ့ Navteq လုပ်ငန်းနဲ့ဖက်စပ်လုပ်ကိုင်ဖို့ အမေရိကန်ဒေါ်လာ ၈. ၁ ဘီလီယံရင်းနှီးမြှပ်နှံခဲ့ပါတယ်။ ဒါကြောင့် Nokia ဖုန်းတွေနဲ့ ကမ္ဘာ့အကြီးဆုံးတည်နေရာကို ရှာဖွေသိရှိနိုင်တဲ့ကွန်ယက်ကြီး Location Aware Network ကို အသုံးပြုလာနိုင်စရာရှိပါတယ်။ Navteq ရဲ့ ကွန်ယက်ကို Yahoo, Google, Garmin နဲ့ တခြားလုပ်ငန်းအများအပြားကလဲ အသုံးပြုနေကြပါတယ်။ လောလောဆယ်ကမ္ဘာမှာ အင်တာနက်အသုံးပြုနေသူပေါင်း ၁.၂ ဘီလီယံခန့်ရှိပါတယ်။ အဲဒီအရေအတွက်ရောက်အောင် ၁၂ နှစ်ကြာကြိုးပမ်းခဲ့ကြပါတယ်။ နောက်ထပ်အင်တာနက်အသုံးပြုသူ တစ်ဘီလီယံတိုးပွားလာဖို့ ခုနှနှစ်လောက်ပဲ ကြာနိုင်ပါတယ်။ တိုးပွားလာတဲ့ဦးရေအများအပြားဟာလည်း ဖွံ့ဖြိုးလာတဲ့ ဈေးကွက်ကြီးတွေထဲမှာပဲဖြစ်နိုင်ပြီး ရှေးဦးစွာ Nokia လိုမိုဘိုင်းဖုန်းမျိုးတွေနဲ့ အင်တာနက်ကို စတင်အသုံးပြုလာဖို့ရှိပါတယ်။ ဒါကြောင့်လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး Nokia ဟာ ဝက်ဘ်မီဒီယာ Web media ကုမ်ပဏီဖြစ်လာအောင် အမေရိကန်ဒေါ်လာ ကိုးဘီလီယံသုံးစွဲပြီးလုပ်ကိုင်လာတာ တွေ့ရပါတယ်။ ဥပမာ-ဒစ်ဂျစ်တယ်မြေပုံ သတင်းအချက်အလက်လုပ်ငန်းဖြစ်တဲ့ Navteq ကိုဝယ်ယူခဲ့တာ ကမ္ဘာ့အကြီးဆုံးမိုဘိုင်းဖုန်းကြော်ငြာ အေဂျင်စီလုပ်ငန်းကြီးဖြစ်တဲ့ Enpocket ကို ထူထောင်ထားတာ အင်တာနက်ဓာတ်ပုံနဲ့ ဗီဒီယိုဖလှယ်တဲ့ လုပ်ငန်းဖြစ်တဲ့ Twango ကို ဝယ်ယူခဲ့တာတွေကို တွေ့ရှိရပါတယ်။ Credit Suisse သုသေတနလုပ်ငန်းနဲ့ ခန့်မှန်းချက်အရလာမယ့် ငါးနှစ်အတွင်း Nokia ဟာမိုဘိုင်ဖုန်းမြေပုံနဲ့ တေးသီချင်းတွေကို ရောင်းချလို့ရရှိတဲ့ဝင်ငွေဟာ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံအထိ ရရှိနိုင်တယ်လို့ဆိုနိုင်ပါတယ်။ ဒါကြောင့် ၂၀၀၈ ခုနှစ်ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး Nokia ကုမ်ပဏီဟာ မိုဘိုင်းဖုန်းထုတ်လုပ်တဲ့ လုပ်ငန်းအပြင် အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းပေါ်အခြေခံတဲ့ ဌာနအသစ်တစ်ခုကိုပါ တိုးချဲ့ဖွဲ့စည်းပြီး လုပ်ကိုင်လာနေတာကို တွေ့ရကြောင်းပါခင်ဗျား။

Saturday, February 2, 2008

Microsoft offers US$45 bln for Yahoo

Microsoft has offered to buy Yahoo in a bid to challenge the market share of Google's on-line search business. Microsoft made an unsolicited offer to buy Yahoo for 44.6 billion US dollars in cash and stock. The merger would be the biggest internet deal since AOL's acquisition of Time Warner.

With the bid, Microsoft is seeking to join forces with Yahoo against an ever more powerful Google. Google's share of the global web search market has reached 77 percent, according to Internet audience researcher comScore. Yahoo is second with 16 percent, and Microsoft is a distant third with 3.7 percent.

software giant Microsoft Corp CEO Steve Ballmer is seen here during a press conference in Beijing, in 2006. Microsoft unveiled a hostile bid of 44.6 billion dollars for Yahoo in an effort to merge the world's biggest software company with a major Internet player to take on the Google juggernaut, onFebruary 1.(AFP/File)

In an audio webcast, Microsoft Chief Executive Steve Ballmer said the acquisition was the right move for both companies.

Steve Ballmer, CEO of Microsoft said "This is a decision we thought, and I personally thought long and hard about. And we are very, very confident that it's the right path for Microsoft and for Yahoo."

Yahoo said on Friday its board will evaluate the unsolicited bid. Yahoo has been losing market share to Google in the increasingly strategic web search market. It warned earlier this week that it faced "headwinds" in 2008, forecasting revenue below Wall Street estimates.

Microsoft's move is clearly aimed at challenging its archival, Google, which dominates the online search market. Bobby Tulsiani, a media and internet video analyst, says Microsoft is making the move because it has been unsuccessful in luring users to its site, MSN.

Bobby Tulsiani, Analyst of Jupiter Research said "They have been a laggard in search, so this is a good way to catch up. Yahoo has 20 percent search, Google has 50 percent search. Combine Microsoft, plus Yahoo and you get closer to catching up to Google. If you can't find the audience, then go buy the audience, and that's the major reason. There's a lot of other things now with Microsoft and Yahoo becoming the biggest e-mail provider, the biggest instant messenger, but primarily, this is about search."

In Brussels, Catriona Hatton, a partner at international law firm Hogan and Hartson, said the European Union anti-trust regulators will be looking carefully at the bid. Especially after Microsoft was accused of breaking competition rules in a landmark ruling by the European Court of Justice in September 2007.

Catriona Hatton, Partner of Hogan & Hartson said "I suppose the question is whether if the U.S. agencies approve this deal, whether the Commission will go the same route and if the U.S. agencies impose remedies,whether the Commission will accept the same sort of remedies or whether they will be more stringent in their review of the deal."

Microsoft offered 31 US dollars per share for Yahoo -- a 62 percent premium over the internet media company's closing stock price on Nasdaq Thursday. Yahoo's shares jumped to 30.75 US dollars in pre-market trading. And Microsoft's shares, which have a market capitalization of about 300 billion US dollars, fell 6 percent to 30.78 US dollars.

Critics of a potential merger have pointed out that Microsoft and Yahoo have very different corporate cultures and many overlapping businesses, from instant messaging to email and advertising.

The deal would be the largest in the internet market since the 182 billion US dollar purchase of Time Warner by AOL in 2001. That merger was seen as the worst marriage in recent corporate history, with clashing corporate cultures and many of the promised synergies never materializing.


Friday, January 18, 2008

China, UK aim for $60 bln of bilateral trade by 2010

Chinese Premier Wen Jiabao (R) shakes hands with visiting British Prime Minister Gordon Brown in Beijing, China, Jan. 18, 2008,during a ceremony in honor of Gordon Brown. (Xinhua Photo)

Photo Gallery>>>

BEIJING, Jan. 18 (Xinhua) -- China and the United Kingdom (UK) had agreed to target 60 billion U.S. dollars worth of annual bilateral trade by 2010, British Prime Minister Gordon Brown said here on Friday.

The target was set by Chinese Premier Wen Jiabao and the visiting British leader, who arrived here early on Friday for an official visit.

The revised target was among several consensuses reached during the meeting between Wen and Brown. Others include the involvement of vice premiers in the current vice-ministerial bilateral financial dialogue, as well as cooperation on climate change, health care innovation, sustainable cities and hosting the 2012 Olympic Games.

"The Chinese side highly praises the UK's free trade and anti-trade protectionism stance," according to a press release from the Sino-UK industry and commerce summit held on Friday.

"Both sides believe in the broad prospects of future bilateral trade and agreed to strengthen cooperation in the service and technology sectors in bilateral trade and explore new areas for cross investment," said the statement.

The economies of the two countries are "highly complementary, and the two sides have much room for cooperation in service trade and technological trade," Cheng Siwei, vice chairman of the Standing Committee of the National People's Congress, said at the summit.

He also noted that bilateral investment could be boosted. "We welcome British companies to come and invest in China, and the Chinese government was also encouraging Chinese enterprises to 'goout'," he said.

Cumulative investment from the UK was 14.7 billion dollars, according to Cheng.

Bilateral trade stood at 39.44 billion dollars in 2007, or about 11.7 percent of the total trade of the European Union with China, which was 356.15 billion dollars. The EU was China's largest trading partner.

The two sides signed eight agreements worth nearly 800 million dollars on Friday to cooperate in areas ranging from education to energy.

Related:

British PM reaffirms adherence to one-China policy

China's Wen, British PM begin talks on "comprehensive strategic partnership

British prime minister starts China visit

Chinese premier holds phone conversation with British PM

Interview: China-UK relationship is "better than ever"


Thursday, November 15, 2007

ရေနံဈေးနှုန်းစံချိန်တင်မြင့်တက်

ရေနံဈေးနှုန်းသည် ဒေါ်လာငွေအားပျော့ခြင်း၊ မက္ကဆီကိုရေနံထုတ်လုပ်မှုစိုးရိမ်ဖွယ်ဖြစ်လာခြင်းနှင့် အီရတ်မြောက်ပိုင်းတွင် တင်းမာမှုများ တိုးပွားလာခြင်းစသည့်အချက်များ ပေါင်းမိခြင်းတို့ကြောင့် ကမာ့ရေနံဈေးနှုန်း၏ စံချိန်တင်နှုန်းမှာ ဒေါ်လာ ၉၃.၅၃ အထိ အရောက်ရှိသွားခဲ့ရသည်။ တချို့လေ့လာသူများက ယခုနှစ်မကုန်မီ ရေနံဈေးနှုန်းမှာ တစ်စည်လျှင် ဒေါ်လာ ၁၀၀ အထက်သို့ ရောက်ရှိလိမ့်မည်ဟု ခန့်မှန်းထားကြသည်။

လွန်ခဲ့သောလများက ရေနံဈေးတက်ခဲ့ရခြင်းမှာ အကြောင်းများ စွာ တိုက်ဆိုင်သွား၍ဖြစ်သည်။ နိုင်ဂျီးရီးယား ရေနံ ထုတ်လုပ်သည့် ဒေတွင်တိုက်ပွဲများ ဖြစ်ပွားခြင်း၊ အီရန်နျူကလီးယား အရေးနှင့် ဆောင်းရာသီတွင် အမေရိကန်ရေနံလို အပ်ချက်မြင့်တက်လာမည်ဟူသော စိုးရိမ်စိတ် တို့ကြောင့်ဖြစ်သည်။

ယခုအခါအမေရိကန်ဒေါ်လာတန်ဖိုးသည် ကျဆင်းလာသောကြေင့် လူအများကဒေါ်လာကိုရောင်းချပြီး တခြားပစ္စည်းများကို ၀ယ်ယူနေကြသည်။ ရေနံဈေးနှုန်းကို ဒေါ်လာဖြင့်သတ်မှတ်ထားသောကြောင့် ရေနံသည်ဝယ်ယူရန် အဓိကဆွဲဆောင် နိုင်သော ပစ္စည်းဖြစ်လာခဲ့သည်ဟု တချို့လေ့လာသူများကသုံးသပ်ပြောကြားခဲ့သည်။

Tuesday, November 13, 2007

စင်ကာပူနဲ့ စီးပွားရေးလုပ်နေသူများသတိထားနော်

ကန်ဒေါ်လာသုံးသောင်းအထက် သွင်းယူထုတ်ယူသူများ စင်ကာပူအာဏာပိုင်များထံ အစီရင်ခံရမည်
12 Nov 2007 | 4:22 AM

Signporeကမာ့နိုင်ငံများမှ စင်ကာပူနိုင်ငံတွင်းသို့လည်းကောင်း၊ စင်ကာပူနိုင်ငံမှ အခြားနိုင်ငံများသို့လည်းကောင်း၊ အမေရိကန် ဒေါ်လာသုံးသောင်း အထက်ကျော်လွန်သော နိုင်ငံခြားငွေကြေးရွှေ့ပြောင်းနိုင်သောပစ္စည်းများ သွင်းယူ၊ ထုတ်ယူ သူများအားလုံး စင်ကာပူအာဏာပိုင်များထံ အစီရင်ခံရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအစီအစဉ်မှာ ငွေကြေးခ၀ါချမှုနှင့် အကြမ်းဖက်သူများကို ငွေကြေးထောက်ပံ့ခြင်းတို့မှ ကာကွယ်ရန်ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံသို့ လာရောက်ကြသည့် ခရီးသည်များ၊

စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့်လည်း ယင်းအစီအစဉ်အရ အမေရိကန်ဒေါ်လာသုံးသောင်း အထက် သယ်ယူ ပါက လေဆိပ်ရှိ စင်ကာပူလူဝင်မှုကြီးကြပ်ရေးထံတွင် အစီရင်ခံစာဖြည့်စွက်ရ မည်ဖြစ်ကြောင်း၊ အလားတူ စင်ကာပူနိုငငံမှ ထွက်ခွာသူများကလည်း အမေရိကန်ဒေါ်လာ သုံးသောင်းအထက်ထုတ်ယူမည်ဆိုပါက လေဆိပ်အာဏာ ပိုင်များထံ အစီရင်ခံစာဖြည့်စွက်ရန် လိုအပ်ကြောင်း၊ ယင်းအပြင် အမေရိကန်ဒေါ်လာ သုံးသောင်းအထက် ငွေကြေး၊ ရွှေ့ပြောင်းနိုင်သောပစ္စည်းများ၊ လေကြောင်း၊ ရေကြောင်းဖြင့် တင်ပို့ခြင်း၊ လက်ခံခြင်းများလည်း အဆိုပါအစီအစဉ်အရ စင်ကာပူအာဏာပိုင်များထံ အစီရင်ခံရန်လိုအပ်ကြောင်းသိရသည်

ငွေကြေး သယ်ယူ၊ ထုတ်ယူရာတွင် အစီရင်ခံစာ ငွေကြေးရရှိသည့် အချက်အလက်များ မမှန်မကန်ဖြည့်စွက်ခြင်းများအပါအ၀င် လိမ်လည်ဖြည့်စွက်ခြင်းများ စစ်ဆေး တွေ့ရှိ ပါက အမေရိကန်ဒေါ်လာငါးသောင်း အထက် ငွေဒဏ်နှင့်ထောင်ဒဏ်သုံးနှစ်အပြစ်ပေး ခံရမည်ဖြစ်ကြောင်း The Bussiness Time တွင် ဖော်ပြထားသည်။