၂ဝဝ၈ခုနှစ်တွင် ကမ္ဘာ့နိုင်ငံအများစု သည် တရုတ်နိုင်ငံအား ကမ္ဘာ့ဇာတ်ခုံ၏ အချက်အချာနေရာသို့ ရွေ့လျားရောက်ရှိ လာခြင်းကို တွေ့ရဖွယ်ရှိနေသည်။ နိုင်ငံ၏ ကြာရှည်စွာ စောင့်စားနေခဲ့ရသည့် အိုလံ ပစ်နှင့်ပွဲထွက်မည်ဖြစ်သည်။ တရုတ်နိုင်ငံ သည် ကမ္ဘာ့ပါဝါကြီးတစ်ခုဖြစ်လာမည်ဆို သည့်ပြောဆိုချက်မှာ ယခုအခါ ခန့်မှန်း ချက်တစ်ရပ်မဟုတ်တော့။ တကယ်ဖြစ် လာပြီဖြစ်သည်။ ကိစ္စရပ်တစ်ခုပြီးတစ်ခု တွင် တရုတ်နိုင်ငံက ကမ္ဘာကြီးတွင် ဒုတိယ အရေးအကြီးဆုံးနိုင်ငံဖြစ်လာခဲ့သည်။ ကုန် လွန်ခဲ့သည့် ၂ဝဝ၇ခုနှစ်ကိုပဲကြည့်ပါ။ ကမ္ဘာကြီးထွားဖွံ့ဖြိုးမှုတွင် တရုတ်နိုင်ငံက အမေရိကန်ပြည်ထောင်စုထက် ပို၍အရေး ပါသည်။ ၁၉၃ဝပြည့်လွန်နှစ်များမှစပြီး အမေရိကန်ကိုကျော်တက်နိုင်သည့်နိုင်ငံမှာ ဒါက ပထမဆုံးအကြိမ်ပဲဖြစ်သည်။ ကမ္ဘာ ၏အကြီးမားဆုံး စားသုံးသူလည်းဖြစ် သည်။ အခြေခံစားသောက်ကုန် ၅မျိုးနှင့် စွမ်းအင်စက်မှုဆိုင်ရာကုန်စည်တို့တွင် US ထက် တရုတ်က စားသုံးမှုတွင် ပိုကြီးမား သည်။ လွန်ခဲ့သည့်လအနည်းငယ်ခန့်မှစပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုတွင် အမေရိကန်ကိုကျော်ပြီး တရုတ်က ကမ္ဘာ့ ရှေ့ဆောင်နိုင်ငံဖြစ်လာသည်။ ကုန်သွယ် ရေး၊ ကမ္ဘာကြီးပူနွေးမှု၊ ဒါဖာ သို့မဟုတ် မြောက်ကိုရီးယားအရေးကိစ္စတို့တွင် တရုတ်နိုင်ငံက အခြေခံအကြောင်းအရာ သစ်တစ်ခု('X' factor)ဖြစ်လာသည်။ တရုတ်နိုင်ငံမပါဘဲနှင့် ခိုင်မြဲတည်တံ့သည့် ဖြေရှင်းချက် ရှာတွေ့နိုင်ဖွယ်မရှိဟုဆို ကြသည်။
သို့သော် တရုတ်တို့က သူတို့ကိုယ် သူတို့ သည်ကဲ့သို့မမြင်ဟုဆိုသည်။ ဆူစန် ရှပ်ခ်(Susan Shirk)က တရုတ်နိုင်ငံ အကြောင်းနှင့်ပတ်သက်၍ ‘The Fragile Superpower’ ခေါင်းစဉ်တပ်ထားသည့် စာအုပ်တစ်အုပ် မကြာသေးမီက ရေးသား ခဲ့သည်။ မခိုင်ခံ့သေးသည့် စူပါပါဝါ’ ဟူ၍ အဓိပ္ပာယ်ရသည်။ တရုတ်လူထုက သူတို့ ကိုယ်သူတို့ စူပါပါဝါဟူ၍ မယူဆကြချေ။
တရုတ်နိုင်ငံက စူပါပါဝါဖြစ်သကဲ့သို့ မခိုင်ခံ့သေးသည်၊ အထိမခံသေးသည့် သဘောလည်းပါကြောင်း ဝေဖန်သူတချို့ ကပြောသည်။ ယင်းနိုင်ငံ၏ ‘မခိုင်ခံ့သေး သည့်သဘော’ မှာ ယင်း၏ထူးခြားသည့် ထိပ်ပိုင်းရောက်အောင် တက်လှမ်းနိုင်မှုနှင့် တိုက်ရိုက်သက်ဆိုင်သည်။ စက်မှုတော်လှန် ရေးကာလအတွင်း ဥရောပသားတို့၏ ပျမ်းမျှလူနေမှုအဆင့်အတန်းမှာ သူ့ဘဝ တစ်သက်တာအတွင်း(နှစ် ၄ဝနီးပါး)၅ဝ ရာခိုင်နှုန်းခန့်တက်ခဲ့ကြောင်း လောရင့် ဆန်းမားစ်ကဆိုသည်။ အာရှတွင် အထူး သဖြင့် တရုတ်နိုင်ငံတွင် လူတစ်ဦး၏ပျမ်းမျှ လူနေမှုအဆင့်အတန်းသည် လက်ရှိဘဝ သက်တမ်းထဲမှာပင် ၁ဝဝဝဝရာနှုန်းခန့် တက်လာနိုင်စရာ ရှိနေသည်ဟုဆိုသည်။ တရုတ်နိုင်ငံအတွင်း ကြီးထွားဖွံ့ဖြိုးမှု ပမာဏနှင့်နှုန်းမှာ ကြောက်ဖွယ်လိလိပင် ဖြစ်သည်။ သမိုင်းတွင် မကြုံဖူးသေးသည့် ဖြစ်ရပ်ပင်။ ယင်းနှင့်အတူကြောက်ဖွယ် လိလိ အပြောင်းအလဲများလည်း ပေါ် ပေါက်လာခဲ့သည်။ နှစ်၂ဝအတွင်း တရုတ် နိုင်ငံ၏စက်မှုနိုင်ငံထူထောင်ခြင်း၊ မြို့ပြ ချဲ့ထွင်ခြင်းနှင့်လူမှုရေးအသွင်ပြောင်းလဲ မှုဒီဂရီပမာဏမှာ ဥရောပတွင် နှစ်ပေါင်း ၂ဝဝအတွင်းပြောင်းလဲခဲ့သည့် ဒီဂရီ ပမာဏနှင့်တူညီသည်။
အတိတ်နှစ်ပေါင်း၃ဝကာလက တရုတ်နိုင်ငံကို ပြန်ကြည့်ပါ။ ကမ္ဘာ့အဆင်း ရဲဆုံးနိုင်ငံများထဲက တစ်နိုင်ငံဖြစ်ခဲ့သည်။ ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း တက္ကသိုလ်များ၊ ကျောင်းများနှင့်စက်ရုံ အများအပြား ဖျက်ဆီးခံခဲ့ရသည်။ ယင်း ကာလနောက်ပိုင်း တရုတ်နိုင်ငံတွင် လူ သန်း၎ဝဝကို ဆင်းရဲတွင်းမှဆွဲတင်နိုင်ခဲ့ သည်။ နိုင်ငံက မြို့သစ်များ၊ လမ်းများ၊ ဆိပ်ကမ်းများကိုတည်ဆောက်ခဲ့သည်။ အနာဂတ်အတွက်လည်း အထင်ကြီးဖွယ် ကောင်းသည့်စီမံကိန်းကြီးများရှိနေသည်။
ယခုအထိတော့ ဘေဂျင်းသည် အလွန်ကိုင်တွယ်ရခက်သည့်ဝန်းကျင် အတွင်း စီးပွားရေးကြီးထွားဖွံ့ဖြိုးမှုနှင့်လူမှု ရေးတည်ငြိမ်မှုကို ချိန်ညှိထားနိုင်ခဲ့သည်။ ရင်ဆိုင်ရသည့်စိန်ခေါ်မှုများနှင့်နှိုင်းယှဉ် လိုက်လျှင် တရုတ်နိုင်ငံ၏နိုင်ငံရေးခေါင်း ဆောင်များတွင် စီမံအုပ်ချုပ်မှုဆိုင်ရာ ကျွမ်းကျင်မှုရှိကြောင်း ပေါ်လွင်သည်။ နိုင်ငံအာဏာကို လူနည်းစုကထိန်းချုပ် ထားမှုရှိနေသေးသော်လည်း လူတစ်ဦး ချင်းစီ၏လွတ်လပ်မှုမှာ နည်းလမ်းများစွာ နှင့်တိုးတက်လာနေသည်။ တရုတ်ပြည်သူ များသည် ယခုအခါ သူတို့စိတ်ကြိုက် အလုပ်လုပ်နိုင်သည်၊ ခရီးသွားလာနိုင် သည်၊ အိမ်ရာမြေပိုင်ဆိုင်ခွင့်ရှိလာသည်။ ဘာသာရေးကိုးကွယ်ယုံကြည်မှုတွင်လည်း ပို၍လွတ်လပ်မှုရှိလာနေသည်။ ယင်း အချက်မျှနှင့်မလုံလောက်သေးဟုဆိုနိုင် သော်လည်း အရေးမပါဟုပြော၍မရနိုင် ကြောင်းဆန်းစစ်သူတချို့ကပြောဆိုသည်။
စီးပွားရေး ကြီးထွားတိုးတက်လာမှုက ပြည်တွင်းတွင် ပြဿနာတချို့ဖြစ်ပေါ်လာ စေသည်။ စီးပွားရေးနှင့်အဖွဲ့အစည်း အစိတ်အပိုင်းအတော်များများမှာ ကွန်မြူ နစ်ပါတီ၏ချုပ်ကိုင်မှု ပြင်ပသို့ရောက်ရှိနေ သည်။ ယင်းနိုင်ငံရေး၊ စက်မှုလုပ်ငန်းကဏ္ဍ တွင်အရေးပါသည့် သိပ္ပံ၊ စက်မှုပညာရှင် အသိုင်းအဝန်း(Tech-nocrats)မှာ လူဦး ရေ ၁ဒသမ၃ဘီလျံ၏ အထက်တွင် နေရာ ယူထားသည်။
တရုတ်နိုင်ငံက ယင်း၏ကိုယ်ပိုင်အား နည်းချက်ကို ခံစားမိခြင်းက ယင်း၏နိုင်ငံ ခြားရေး မူဝါဒအပေါ်တွင် အရိပ်ထိုးလျက် ရှိသည်။ ခေတ်သစ်သမိုင်းတွင် တရုတ်နိုင်ငံ ကမ္ဘာ့ပါဝါကြီးတစ်ခုဖြစ်လာခြင်းမှာ တစ်မူ ထူးခြားသည်။ တစ်ချိန်တည်းတွင် တရုတ် နိုင်ငံသည် စုစုပေါင်းဝင်ငွေစကားရပ်(in aggregate terms)အရချမ်းသာကြွယ်ဝ သည်ဟု ပြောနိုင်သကဲ့သို့ တစ်ဦးချင်း ဝင် ငွေစကားရပ်(in per capita terms)အရ မူ ဆင်းရဲသည်ဟု ပြောနိုင်သည်။ တရုတ် နိုင်ငံက မိမိကိုယ်ကို ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခု အဖြစ် ရှုမြင်နေဆဲပဲရှိသည်။ သန်းပေါင်း ရာချီသော တောင်သူလယ်သမားများ အတွက် ကြောင့်ကြပူပန်စရာရှိနေသေး သည်။ နိုင်ငံအပေါ် ဖိအားသက်ရောက် နေသည့် ကမ္ဘာကြီးပူနွေးမှု၊ လူ့အခွင့်အရေး စသည့်ကိစ္စရပ်များကို ချမ်းသာသည့်နိုင်ငံ တို့၏အရေးအရာဟူ၍မြင်သည်။ သို့သော် နိုင်ငံရေးဇာတ်ခုံတွင်မူ ယင်း၏ပြောင်းလဲ လာနေမှုများကို မြင်နေရသည်။ မြောက် ကိုရီးယား၊ ဒါဖာမှသည် အီရန်ရေးရာအထိ တရုတ်နိုင်ငံက နိုင်ငံတကာစနစ်တွင် တာ ဝန်ရှိသူတစ်ဦးအဖြစ် တဖြည်းဖြည်းပြသ လျက်ရှိသည်။
ပရင့်စတန်တက္ကသိုလ်မှ ဂျွန်အိခင်န် ဘာရီဆိုသူ ရေးသားထားသည့် နိုင်ငံခြား ရေးရာ အက်ဆေးတစ်ပုဒ်တွင် လက်ရှိ ကမ္ဘာ့ဖွဲ့စည်းပုံစနစ်(world order)က တရုတ်နိုင်ငံ၏ငြိမ်းချမ်းစွာတက်လှမ်းရေး ကို အကြီးအကျယ် အထောက်အကူပြု လျက်ရှိကြောင်း ထောက်ပြထားသည်။ ယင်းကမ္ဘာ့ဖွဲ့စည်းပုံစနစ်မှာ စည်းမျဉ်းစည်း ကမ်းပေါ်အခြေခံပြီး ပေါင်းစည်းထားခြင်း ဖြစ်ပြီး အခြေခံများမှာ ကျယ်ပြန့်နက်ရှိုင်း ကြောင်း သူကဆင်ခြေပေးသည်။ ယင်း စနစ်အတွင်း တရုတ်နိုင်ငံက လှုပ်ရှားခြင်း ဖြင့် သူ့အတွက် ကြီးမားသည့်စီးပွားရေး အကျိုးကျေးဇူးများရရှိနိုင်ကြောင်းဆိုသည်။ ‘ယနေ့ကာလ အနောက်တိုင်းဖွဲ့စည်းပုံ စနစ်ကို မှောက်လှန်ပစ်ဖို့ ခဲယဉ်းတယ်။ ဆက်သွယ်လုပ်ကိုင်ဖို့တော့လွယ်တယ်’ ဟု အိခင်န်ဘာရီကဆိုသည်။
တရုတ်တို့က ယင်းအခြေအနေများ ကို သိထားပုံရသည်။ ‘ငြိမ်းချမ်းစွာ တက် လှမ်းရေး’ (peaceful rise)ဆိုသည့် ဝေါ ဟာရကို တီထွင်သုံးစွဲခဲ့သူ မဟာဗျူဟာရှင် အကြီးအကဲကျွဲန်းကြီးယဲန်းက ဘေဂျင်း အနေနှင့်လက်ရှိဖွဲ့စည်းပုံစနစ်ကို မှောက် လှန်ပစ်မည့်အစား အလိုက်သင့်စီးမျော သွားရန်ကိုဖော်ပြသည်။ တရုတ်အစိုးရက ယင်းကိစ္စရပ်များအပေါ် ပြည်သူများအား ပညာပေးသည့်အနေနှင့်လွန်ခဲ့သည့်နှစ်က ‘နိုင်ငံကြီးများ ပေါ်ထွန်းလာခြင်း’ (The Rise of Great Nations)ဆိုသည့် ၁၂ ပိုင်းပါ သတင်းမှတ်တမ်းရုပ်ရှင်ကို ရိုက်ကူး ထုတ်လုပ်ပြသသည်။ ယင်းသတင်းမှတ် တမ်းရုပ်ရှင်၏ အနှစ်သာရသင်ခန်းစာမှာ အင်ပါယာမဟုတ်ဘဲ ဈေးကွက်များကသာ ကမ္ဘာ့ပါဝါနိုင်ငံကြီးတစ်ခု၏ရက်ရှည်အောင် မြင်မှုကို ပြဋ္ဌာန်းပေးမှာဖြစ်ကြောင်းအချက် ပင်။
Ref:Newsweek, Dec 31,2007, Jan 7,2008.
No comments:
Post a Comment