Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Wednesday, May 28, 2008

About 22 mln children in Europe are overweight


Europe has almost 22 million overweight children, and a further 1.3 million will be overweight or obese by 2010, according to a report by the European Parliament's Committee on the Environment, Public Health and Food Safety adopted on Tuesday.

The report called for an earlier start of measures to prevent obesity. Remedies include clearer food labeling, better food in schools and kindergartens, restrictions on advertising unhealthy food to children.

The report recommends a multi-level, comprehensive approach to fighting obesity, which has resulted disease approaching epidemic proportions.

Obesity already accounts directly for about 6 percent of health spending, but the indirect costs are much higher, says the report.

"Obesity is one of Europe's most serious public health problems, because it significantly increases the risk of chronic diseases such as cardiovascular disease, type 2 diabetes and some cancers," according to a press release by the parliament.

Since childhood obesity correlates closely with obesity in adults, the commission and other stakeholders should make fighting it their priority, said the report.

"School curricula should be designed to ensure that physical exercise and a balanced diet become part of every child's behavior," the press release said.

The committee also called for other measures to prevent obesity, including an EU-wide ban on artificial trans-fatty acids, saying that excessive consumption of trans-fatty acids (over 2 percent of total energy intake) is linked to significantly higher cardiovascular risks.


Friday, April 25, 2008

Potassium-rich foods may help woman have boy

A pregnant model showcases a costume during a maternity fashion show, organized by a company that caters to pregnant women, in New Delhi April 12, 2008.(Xinhua/Reuters Photo)Photo Gallery>>>

A research shows that having a hearty appetite, eating potassium-rich foods including bananas, and not skipping breakfast all seem to raise the odds of having a boy, media reported Friday.
The British research is billed as the first in humans to show a link between a woman's diet and whether she has a boy or girl.
University of Exeter researcher Fiona Mathews, the study's lead author, said the findings also fit with fertility research showing that male embryos aren't likely to survive in lab cultures with low sugar levels. Skipping meals can result in low blood sugar levels.
The research involved about 700 first-time pregnant women in the United Kingdom who didn't know the sex of their fetuses. They were asked about their eating habits in the year before getting pregnant.
Among women with the highest calorie intake before pregnancy (but still within a normal, healthy range), 56 percent had boys, versus 45 percent of the women with the lowest calorie intake.
Women who ate at least one bowl of breakfast cereal daily were 87 percent more likely to have boys than those who ate no more than one bowlful per week. Cereal is a typical breakfast in Britain and in the study, eating very little cereal was considered a possible sign of skipping breakfast, Mathews said.
Compared with the women who had girls, those who had boys ate an additional 300 milligrams of potassium daily on average, "which links quite nicely with the old wives' tale that if you eat bananas you'll have a boy," Mathews said.

Related Stories:
Woman pregnant with twins shot in stomach, all 3 OK
Pregnant Spanish defence minister makes brief visit to Afghanistan
Ashlee Simpson pregnant days after engaged
Rare case of pregnant woman chromosome aberration reported

Friday, April 18, 2008

လူငယ်လူရွယ်နှင့်ကျန်းမာရေး

ဒေါက်တာအေးကျော်(ဇီဝကမ္မဗေဒ)
M.B;B.S, Dip Med Sc GP Family/Medicine DA Psychology;MPA

ဆရာခင်ဗျား ကျွန်တော်တို့ လူငယ်လူရွယ်တွေ စတင်အရွယ် ရောက်လာကြတဲ့အခါ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ အဲဒါ ဘာကြောင့်ပါလဲ ခင်ဗျာ။

ကိုကျော်သူမေးတာ လူငယ်လူရွယ်တွေအားလုံး သိထားသင့်တဲ့ ကိစ္စတစ်ခုပါ။ ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် အရွယ်ရောက်လာရင် ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ဖြစ်လာကြစမြဲပါ။ အရွယ်ရောက်ခြင်း ပြောင်းလဲမှုတွေ Pubertal Changes ဘာကြောင့် ဖြစ်လာသလဲဆိုရင် အဓိကကတော့ ဟော်မုန်းပြောင်းလဲမှုကြောင့်လို ဆိုရမှာပါ။ အရွယ်ရောက်စဉ်မှာ လိင်ဟော်မုန်းအပါအဝင် ခန္ဓာကိုယ်မှာ ဟော်မုန်း တော်တော်များများ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတယ်။

အရွယ်ရောက်ချိန် ပြောင်းလဲမှုဟာ ဟော်မုန်းပြောင်းလဲမှုကြောင့်ဆိုတာ သိရပါပြီ။ ဟော်မုန်းပြောင်းလဲမှုဟာ ဘာကြောင့် ဖြစ်တာပါလဲ။ အဓိက ဘယ်လို ဟော်မုန်းတွေ ပြောင်းလဲပါသလဲ သိပါရစေဆရာ။

အရွယ်ရောက်ချိန်ရဲ့ မူလအစ ပြောရရင် ဦးနှောက်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဟိုက်ပိုသားလမတ် (Hypothalamus) လို့ ဆိုနိုင်ပါတယ်။ ဆေးပညာမှာ အရွယ်ရောက်လာတာကို အိပ်ပျော်နေတဲ့ ဟိုက်ပိုသားလမတ် နိုးထလာလို့ (Awakening of Hypo-thalamus) လို့တောင် တင်စားသုံးကြပါတယ်။ ငယ်ရွယ်စဉ်ကလေးဘဝမှာ ဟိုက်ပိုသားလမတ်ရဲ့ လုပ်ငန်းတချို့ဟာ ငြိမ်သက်နေခဲ့တယ်။ (အိပ်ပျော်နေခဲ့တယ်) ဟိုက်ပိုသားလမတ်က ပီကျူထရီ ဂလင်း (Pituitary Gland)၊ ပီကျူထရီ ဂလင်းကတစ်ဆင့် ဝှေးစေ့(Testes) သို့မဟုတ် မမျိုးဥအိမ် (Ovary) ကို လှုံ့ဆော်ပေးပါတယ်။ အဲဒီမှာပဲ ဟော်မုန်းတက်စတိုစတီးရုန်း သို့မဟုတ် အီစထရိုဂျင်ထွက်လာပြီး ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာပါ။

ဘယ်လို ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါသလဲဆရာ။

ပြောင်းလဲမှုတွေအကြောင်း ဆွေးနွေးရင် ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု၊ ယောက်ျားလေးများမှာ ပြောင်းလဲမှု၊ မိန်းကလေးများမှာ ပြောင်းလဲမှုလေးတွေကို အပိုင်းလိုက် စဉ်းစားကြည့်တာပေါ့နော်။

ယောက်ျားလေးတွေ အကြောင်း အရင်ပြောပြပါမယ်။ ယောက်ျားလေးများ အရွယ်ရောက်ချိန်ဟာ ပျမ်းမျှအားဖြင့် ၁၄နှစ်မှာ စပါတယ်။ တချို့တော့ ၁၂နှစ်လောက်မှာပဲ စတင်တာတွေ့ရပါတယ်။ တချို့တော့ ၁၄နှစ်ထက် နောက်ကျတတ်ပါတယ်။ စောစောကပြောသလို ထူးခြားမှုကတော့ ခန္ဓာကိုယ်မှာ ဟော်မုန်း တက်စတိုစတီရုန်း များပြားလာခြင်းပါပဲ။

လိင်အင်္ဂါတွေဖြစ်တဲ့ လိင်တံ၊ ဝှေးစေ့၊ ပရော့စတိတ်ဂလင်း၊ ဆီမင် အိတ်တွေရဲ့ အရွယ်အစားဟာ ကြီးထွားလာပါတယ်။ လုပ်ငန်းများလည်း စတင်ဆောင်ရွက် လာနိုင်ကြပါတယ်။ လိင်တံဟာ အရွယ်အစား ကြီးထွားလာပါတယ်။ ပရော့စတိတ်ဂလင်းနဲ့ဆီမင်အိတ်တို့က အရည်များ ထုတ်လုပ်လာကြတယ်။ ဝှေးစေ့ကလည်း သုတ်ပိုးများကို အောင်မြင်စွာ ထုတ်လုပ်လာနိုင်ပါတယ်။

ယောက်ျားလေးများမှာ လိင်အင်္ဂါများ ဖွံ့ဖြိုးမှုဟာ ၁၂နှစ်ဝန်းကျင်မှာ စတင်ဖြစ်ပေါ်ပြီး ၁၅နှစ် ၁၆နှစ် အရွယ်မှာ လိင်အင်္ဂါအားလုံးဟာ လူကြီး အရွယ်အစား ဖြစ်လာပါတယ်။ ခန္ဓာကိုယ်မှာကြွက်သားများ ဖွံ့ဖြိုးလာခြင်း၊ ဆီးခုံ၊ ချိုင်းနဲ့မျက်နှာတို့မှာ အမွေးအမှင်များပြားလာခြင်း၊တချို့ရင်ဘတ်မှာ အမွေးအမှင်ပေါက်လာခြင်း၊ အသံပို၍ အောလာခြင်း၊ ပခုံးကျယ်လာခြင်း စတာတွေ တွေ့ရမှာပါ။

စိတ်ပိုင်းဆိုင်ရာမှာ ဘယ်လို ပြောင်းလဲနိုင်ပါသလဲ ဆရာ။

စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုကို ကြည့်ရင်...သူတစ်ပါးအပေါ် မှီခိုလိုမှု မရှိတော့ဘဲ ကိုယ့်ကိုယ်ကို မှီခို အားထားလာခြင်း၊ ရှေ့ဆောင်ရှေ့ရွက် ပြုလာခြင်း၊ စိတ်တို စိတ်ဆတ်ဒေါသ ဖြစ်မှုပိုလာခြင်း၊ ဆန့်ကျင်ဘက် လိင်အပေါ် စိတ်ဝင်စားလာခြင်း၊ လိင်ဆန္ဒ ပိုလာခြင်း(Independence, Active Attitute, Aggressive behavior, Interest to Opposite Sex, Increased Libido)။

အခြား ထူးခြားမှုလေးတွေကော သိပါရစေခင်ဗျာ။

အသက် ၁၃နှစ်မှ ၁၅နှစ်အရွယ် ယောက်ျားလေးများမှာ ညအိပ်ပျော်နေစဉ် လိင်အင်္ဂါ (လိင်တံ) တောင့်တင်းမှု ပျမ်းမျှလေးကြိမ်ခန့် ဖြစ်တတ်ပါတယ်။ ညအိပ်ပျော်စဉ် သုတ်လွှတ်ခြင်း Nocturnal Emission/Wet dreams ဟာလည်း ၈ဝရာခိုင်နှုန်းသော အမျိုးသားများမှာ ဖြစ်လေ့ရှိပါတယ်။

ဆရာ ကြားဖြတ်မေးပါရစေ။ အဲဒီလိုဖြစ်တာ ကျန်းမာရေးအတွက် ထိခိုက်နိုင်ပါသလား။

ဒါဟာ ဇီဝကမ္မဖြစ်စဉ်များ၏ အစိတ်အပိုင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဆိုလိုချင်တာ သဘာဝ ဖြစ်စဉ်တစ်ခုပါ။ ကျန်းမာရေးအတွက် အန္တရာယ် မရှိပါဘူး။

စိတ်ဖြေဖျောက်မှုနဲ့ ပတ်သက်ပြီး ပြောပြပါဦးဆရာ။

လူငယ်လူရွယ်တွေ စိတ်ဖြေဖျောက်မှု ပြုလုပ်ကြတယ်။ ဒါကို ညစ်ပတ်တဲ့ အပြုအမူ၊ အပြစ်မကင်းတဲ့ အပြုအမူ၊ ကျန်းမာရေးကို ထိခိုက်စေတယ်၊ အသက်တိုစေတယ် စသည်ဖြင့် အထင်အမြင် မှားယွင်းမှုတွေ ရှိပါတယ်။ စိတ်ဖြေဖျောက်ခြင်းဟာလည်း သဘာဝ ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုပါပဲ။

အမျိုးသား ၁ဝဝ မှာ ၉၅ ယောက်ဟာ စိတ်ဖြေဖျောက်မှု ကိုယ်တိုင်ပြုခဲ့ဖူးသူများ ဖြစ်ကြပါတယ်။ နေ့စဉ်ပြုလုပ်သူများရှိသလို တစ်လ တစ်ကြိမ်လောက်ပဲ ပြုလုပ်တတ်သူတွေ ရှိပါတယ်။ ဆယ်ကျော်သက်များမှာ အများဆုံး တွေ့ရပါတယ်။ အဲဒီကိစ္စဟာ ကျန်းမာရေးအတွက် ထိခိုက်စေခြင်း မရှိပါဘူး။

ဆရာခင်ဗျား ကျွန်တော့်မေးခွန်းရိုင်းသွားရင် ခွင့်လွှတ်ပေးပါ။ အမျိုးသားတစ်ယောက်ရဲ့ လိင်အင်္ဂါ အရွယ်အစားဘယ်လောက်ရှိသလဲ သိချင်ပါတယ်။

ဒါကတော့ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး၊ ခန္ဓာကိုယ် အချိုးအစားအလိုက် ကွဲပြားမှုတွေ ရှိနိုင်ပါတယ်။ အတိအကျပြောဖို့ ခက်ပါတယ်။ အကြမ်းသဘောပြောရရင် သာမန် အချိန်မှာ အရှည်အားဖြင့် ၅စင်တီမီတာမှ ၉စင်တီမီတာကြား ဖြစ်ပါတယ်။

တစ်ဆက်တည်း မေးပါရစေဦး ခင်ဗျား၊ လိင်အင်္ဂါအရေပြား ဖြတ်တာ ကောင်းပါသလား ခင်ဗျာ။

ဆေးပညာရှုထောင့်အရ ကျန်းမာရေးအတွက် ပြောရင်တော့ ကောင်းပါတယ်။ ကာယကံရှင်ကိုယ်တိုင်အတွက် ကောင်းသလို ဇနီးမယားအတွက်ပါ ကောင်းပါတယ်။

မှတ်ဉာဏ် ထက်သန်စေချင်လျှင် ပန်းမုန်လာစိမ်းကို စားပါ

DR.G.G တချို့သော အသီးနှင့်ဟင်းသီး ဟင်းရွက်များ စားသုံးခြင်းဖြင့် လူတို့၏ မှတ်ဉာဏ်ကို မြင့်မားစေနိုင်ကြောင်း တွေ့ရှိရသည်ဟု ဗြိတိသျှသုတေသီများက ထုတ်ဖော် ပြောကြားလိုက်သည်။

အဆိုပါ တွေ့ရှိချက်သည် အယ်လ်ဇိုင်းမား ရောဂါကာကွယ်ရေးနှင့် ကုသရေးသီအိုရီများကို သိပ္ပံနည်းကျ အထောက်အကူ ဖြစ်စေပြီး အကျိုးကျေးဇူး လွန်စွာ ရှိစေသည်ဟု ဗြိတိသျှတော်ဝင် ဆေးဝါးအဖွဲ့ကြီးက ပြောဆိုသည်။

ပန်းမုန်လာစိမ်း (Broccoli) အာလူး၊ လိမ္မော်သီး၊ ပန်းသီးနှင့် မုန်လာဥများတွင် တွေ့ရှိရသော ဓာတ်တစ်မျိုးသည် ထိုရောဂါကုသ ဆေးဝါးများတွင်ပါဝင်သော ဓာတုပစ္စည်းများနှင့် အာနိသင်တူညီပြီး ပန်းမုန်လာစိမ်း (Broccoli) တွင် အများဆုံးတွေ့ရသည်ဟု အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့တွင် ကျင်းပသည့် ဗြိတိသျှဆေးဝါးကွန်ဖရင့်တွင် လန်ဒန်တက္ကသိုလ် လက်အောက်ခံ ဘုရင့်ကောလိပ် King's Collegeမှ တင်သွင်းသော စာတမ်းတွင် ဖော်ပြပါရှိသည်။

သက်ကြီးရွယ်အိုများတွင် ဖြစ်ပွားလေ့ရှိသော အယ်လ်ဇိုင်းမားရောဂါမှာ မှတ်ဉာဏ်ကို လျော့နည်းစေပြီး ထိရောက်သော ကုသမှုဆေးဝါးမရှိသေးပေ။ အဆိုပါရောဂါသည် ဦးနှောက်ရှိ အတွေးစိတ်ကူး မှတ်ဉာဏ်နှင့် ဘာသာစကား မှတ်သားရာနေရာတို့ကို ပျက်စီးစေပြီး နိစ္စဓူဝအလုပ်များကိုပင် ထိခိုက်စေသည်။ အဆိုပါရောဂါတွင် နာဗ့်ကြောချင်းဆက်သွယ်မှု အင်ဇိုင်းအားဖျက်ဆီးသည့် ACTH အာနိသင်ကို တားဆီးနိုင်သော ဓာတုပစ္စည်းပုံစံမျိုးသည် အချို့ ဟင်းသီး ဟင်းရွက်များတွင်ပါဝင်သည်ဟု ယေဘုယျအားဖြင့် ယခင်က သိကြသော်လည်း တိတိကျကျ လေ့လာမှုဟူ၍ မရှိခဲ့ပေ။ လန်ဒန်ဘုရင့်ကောလိပ်မှ တင်သွင်းသော ယခုစာတမ်းမူ အဆိုပါ ဓာတ်အာနိသင်သည် အထက်ပါ အသီးနှင့်ဟင်းသီးဟင်းရွက် ၅မျိုးတွင ပါဝင်ကြောင်း တိကျသေချာစွာ ဖော်ပြခြင်း ဖြစ်သည်။အဆိုပါ ဓာတ်ပစ္စည်းသည် ပန်းမုန်လာစိမ်း (Broccoli) တွင် အများဆုံးပါဝင်ပြီး မည်သည့်ဓာတ်ဆိုသည်ကို ဖော်ထုတ်ရန်အတွက် ဆက်လက်၍ သုတေသနပြုမှုများ ပြုလုပ်ရဦးမည် ဖြစ်သည်။ အဆိုပါ ဓာတ်ပစ္စည်းမှာ ဂေါ်ဖီထုပ်အုပ်စုဝင် အသီးအနှံများတွင် တွေ့ရတတ်သော ဂလူကိုဆီနိုလိတ် ဓာတ်ပစ္စည်း ဖြစ်နိုင်ဖွယ်ရှိသည်။

နေ့ခင်းဘက်မှာ မကြာခဏ အိပ်ချင်နေပါသလား

မောင်ပီတိ

သင်ဟာ နေ့အချိန်မှာ မကြာခဏ အိပ်ချင်နေတတ်ပါသလား။ လေ့လာ တွေ့ရှိချက် အသစ်တွေအရ နေ့ခင်းဘက် အိပ်ငိုက်နေတတ်ခြင်းဟာ စိတ်ကျဝေဒနာခံစားနေရခြင်း (သို့) ဆီးချိုရောဂါရဲ့ လက္ခဏာရပ်တစ်ခု ဖြစ်နေနိုင်ပါတယ်။

အမေရိကန်ပြည်ထောင်စု ပင်ဆယ်ဗေးနီးယားပြည်နယ် အလယ်ပိုင်းက အသက်၂ဝမှ ၁ဝဝအကြား မိန်းမ၊ ယောက်ျား ၁၆၅ဝဝကို လက်တန်း ရွေးချယ်ပြီး မေးမြန်းချက်အရ ၈.၇% ဟာ နေ့ခင်းဘက်မှာ မကြာခဏ အိပ်ငိုက်နေတတ်တာကို တွေ့ရှိရပါတယ်။

သုတေသနပြုသူများက နေ့ခင်းဘက် အိပ်ငိုက်သူများဟာ အိပ်ပျော်စဉ် အသက်ရှူမှု မမှန်ကန်ခြင်း ပြဿနာနဲ့ အိပ်ရေးပျက်ခြင်းများနဲ့ နှိုင်းယှဉ်ရင် စိတ်ကျရောဂါ ခံစားနေရခြင်းနဲ့ ဇီဝကမ္မ ဖောက်ပြန်မှု သို့မဟုတ် အဝလွန်ခြင်းများကြောင့် ပိုမိုဖြစ်နိုင်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဆေးလက်တွေ့ဆိုင်ရာ ဟော်မုန်းများနဲ့ ဇီဝဖြစ်စဉ်များအကြောင်း ဖော်ပြတဲ့ဂျာနယ်တစ်စောင်မှာ စိတ်ကျဝေဒနာရောဂါဟာ အဓိက အကြောင်းရင်းတစ်ခုဖြစ်ကြောင်း ဖော်ပြပါရှိပါတယ်။

နေ့လယ်နေ့ခင်းဘက်မှာ အိပ်ငိုက်နေတတ်ခြင်းဟာ စိတ်ကျရောဂါကုသမှု ခံယူနေတဲ့ ဝေဒနာရှင်တွေမှာ သုံးဆခန့် ပိုမို တွေ့ရှိရပါတယ်။ လေ့လာသူ တွေရဲ့ အဆိုအရ ဆီးချိုဝေဒနာရှင်များဟာလည်း နေ့ခင်းမှာ ပိုပြီး အိပ်ချင်နေတတ်ပါတယ်။ ဆီးချိုရောဂါအတွက် ကုသမှုခံယူနေကြသူတွေမှာ ဒီလက္ခဏာဟာ ကုသမှုမခံယူသူတွေထက်စာရင် နှစ်ဆခန့် ပိုများပါတယ်။ ထို့အတူ အဝလွန်နေသူတွေမှာလည်း နေ့ခင်းအိပ်ချင်တဲ့ လက္ခဏာကို တွေ့ရပါတယ်။

ဒီလိုယှဉ်တွဲတွေ့ရှိရမှုတွေဟာ အသက် ၃ဝအောက် အရွယ်တွေမှာ အိပ်ရေးမဝခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတို့ကို ဖြစ်စေပြီး ၇၅နှစ်အထက် ရှိသူတွေအတွက် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီလို အိပ်ငိုက်ခြင်းနဲ့ ဆေးလိပ်သောက်ခြင်းတို့ဟာလည်း ဆက်စပ်မှုရှိနေတယ်ဆိုတာ ယခင်က မသိခဲ့ပေမယ့် ယခု သိရှိလာကြပါပြီ။ ဆေးလိပ်သောက်သူများဟာ လှုံ့ဆော်မှု ဖြစ်စေတဲ့ နီကိုတင်းဓာတ်နဲ့ နေ့ခင်းဘက် အိပ်ချင်စိတ်ကို ကိုယ့်ဘာသာ ဖြေဖျောက်နေကြတာ ဖြစ်ပါတယ်။

အိပ်ပျော်နေစဉ်အတွင်း ... အသက်ရှူမှု အခိုက်အတန့် ရပ်သွားတဲ့ စိတ်ပိုင်းမူ မမှန်တဲ့ ဝေဒနာတစ်မျိုးဟာ နေ့ခင်းဘက် အိပ်ငိုက်ချင်မှုမှာ အဓိကအချက် မဟုတ်ပါဘူး။ ဒီလို ရောဂါရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ နေ့ခင်းဘက်မှာ မကြာခဏ အိပ်ငိုက်နေတတ်သူများဟာ နားလည်တတ်ကျွမ်းတဲ့ စိတ်ရောဂါပညာရှင် (သို့) ဆရာဝန်များနဲ့ တိုင်ပင်ပြီး မိမိမှာစိတ်ကျရောဂါနဲ့ ဆီးချိုရောဂါရှိç မရှိကို စမ်းသပ် စစ်ဆေးသင့်ကြောင်း အကြံပေးချင်ပါတယ်။

Friday, April 11, 2008

Too many eggs risky for middle-aged men

A study in the American Journal of Clinical Nutrition showed on Wednesday that the middle-aged men, especially diabetic men, who eat seven or more eggs per week, have a higher risk of death.

Men without diabetes could eat up to six eggs a week with no extra risk of death, Dr. Luc Djousse and Dr. J. Michael Gaziano of Brigham and Women's Hospital and Harvard Medical School found.

The study found that consumption of (seven or more) eggs a week was associated with a 23 percent greater risk of death. Among male physicians with diabetes, any egg consumption is associated with a greater risk of all-cause mortality, and there is suggestive evidence for a greater risk of MI (heart attack) and stroke.

Eggs are rich in cholesterol, which in high amounts can clog arteries and raise the risk of heart attack and stroke.

One expert on nutrition and heart disease said the study suggests middle-aged men, at least, should watch how many eggs they eat.

The Harvard team study involved 21,300 male doctors followed for 20 years, starting when they were about 54 years old, on average.

Every year during the study, the men noted their egg consumption, physical activity, smoking, alcohol use, consumption of vegetables and breakfast cereals, diabetes, high blood pressure, and use of aspirin.

Over 20 years, 1,550 of the men had heart attacks, 1,342 had strokes, and more than 5,000 died.

"Egg consumption was not associated with (heart attack) or stroke," the researchers wrote.

But the men who ate seven eggs a week or more were 23 percent more likely to have died during the 20-year period and diabetic men who ate any eggs at all were twice as likely to die in the 20 years.

Tuesday, April 8, 2008

လူငယ်လူရွယ်နှင့်ကျန်းမာရေး

သွေးချို၊ ဆီးချိုနှင့် အာရုံကြောပြဿနာ

ဒေါက်တာအေးကျော်(ဇီဝကမ္မဗေဒ)

M.B.,B.S, D.A Psychology, Dip.Med.Sc.Gp (Family Medicine), MPA: DAE.,

သွေးချို၊ ဆီးချိုရောဂါလူနာတွေမှာ အာရုံကြောနဲ့ဆိုင်တဲ့ပြဿနာတွေဖြစ် တတ်တယ်လို့ ဆရာရေးတဲ့ဆောင်းပါး တချို့မှာ ဖတ်မိခဲ့ပါတယ်။ အဲဒီအာရုံ ကြောပြဿနာအကြောင်း ပြောပြပေး ပါလားဆရာ။

သွေးချို၊ ဆီးချိုရောဂါမှာ ဦးနှောက် နဲ့အာရုံကြောအဖွဲ့ကို ထိခိုက်ယိုယွင်းစေမှု တွေ ရှိနိုင်ပါတယ်။ သွေးချို၊ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲပြဿနာတွေထဲမှာ ပထမဦး ဆုံးဖြစ်တတ်တဲ့ပြဿနာလို့တောင် ဆိုနိုင်ပါ တယ်။ တချို့အာရုံကြောပြဿနာ ဖြစ်နေပေ မဲ့ လက္ခဏာမပြဘဲလည်း ရှိနိုင်တယ်။ တချို့ ဆိုရင် နေထိုင်သွားလာ၊ စားသောက်မှုကိုပါ အနှောင့်အယှက်ဖြစ်လောက်အောင် ဆိုးဝါး တဲ့ပြဿနာလည်း ကြုံတွေ့ရနိုင်ပါတယ်။

အခြေခံကျကျကြည့်ရင် အာရုံကြော ကလာပ်စည်း နာ့ဗ်ဆဲလ်တွေက စွမ်းအင် အဖြစ် သကြားဓာတ်(ဂလူးကို့စ်)ကိုအဓိက သုံးကြရတယ်။ သကြားဓာတ်ရဲ့ဇီဝဓာတုဖြစ် စဉ် ချို့ယွင်းတဲ့ သွေးချို၊ ဆီးချိုရောဂါမှာ ဦးနှောက်နဲ့အာရုံကြောအဖွဲ့ဟာ အလွယ် တကူနဲ့ အရင်ဆုံး ထိခိုက်မှုခံရတာပေါ့ဗျာ။

သွေးချို၊ ဆီးချိုကြောင့် အာရုံကြော တွေ ထိခိုက်မှုရှိလာပြီဆိုရင် ဘယ်လို လက္ခဏာတွေ ဖြစ်လာပါသလဲခင်ဗျာ။

အာရုံသိမှု(Sensation)နဲ့ ပတ်သက်ပြီး ဖြစ်တာရှိတယ်။ တချို့မှာ အာရုံသိမှုနဲ့ဆိုင် တဲ့နာ့ဗ်ဆဲလ်တွေ ယိုယွင်းလာတယ်။ ဒါပေမဲ့ အစပိုင်းမှာ လက္ခဏာ ထူးထူးထွေထွေ မတွေ့ ရဘူး။ ခြေ၊ လက်တွေမှာ အာရုံခံစားမှု လျော့ နည်းညံ့ဖျင်းလာတယ်။ ထုံနေတယ်ပေါ့ဗျာ။ Glove and Stocking impairment လို့ ဆေး ပညာရှင်တွေက ခေါ်ကြတယ်။ လက်အိတ်၊ ခြေအိတ်တွေ စွပ်ထားသလို အာရုံခံစားမှု အပိုင်း သိပ်မကောင်းဘဲဖြစ်သွားကြတယ်။ တချို့လူနာတွေမှာ အထူးသဖြင့် ခြေထောက် နာကျင်ကိုက်ခဲတဲ့ဝေဒနာ ခံစားရတတ်တယ်။ ညအချိန်မှာ ဝေဒနာပိုဆိုးလာတတ်တယ်။ ခြေဖဝါး၊ ခြေဖနောင့်မှာ ပူလောင်သလို ခံစား ရတာမျိုးလည်းရှိနိုင်ပါတယ်။ လမ်းလျှောက် ရာမှာ အရပ်သုံးစကားနဲ့ပြောရင် ကားရား ကားရားလျှောက်သလို မြင်တွေ့ရတယ်။ ခြေထောက်တွေ ထုံကျင်နေတတ်တာမျိုး လည်း ဖြစ်တတ်တယ်။ နာကျင်မှုကင်းမဲ့တဲ့ အဆစ်ဝေဒနာတွေလည်း ဖြစ်နိုင်ပါသေး တယ်။ ကြွက်သားတွေ သေးသိမ်လာတာ၊ အားယုတ်လာတာ ဖြစ်လေ့ရှိတယ်။ ခြေ ထောက်ကြွက်သားတွေ ယိုယွင်းလာလို့ ခြေမကုပ်ဝင်သွားတာမျိုး ဖြစ်တတ်တယ်။

အခြားလက္ခဏာတွေကိုလည်း ဆက်ပြီး ရှင်းပြပေးဦး။

လှုပ်ရှားမှုနဲ့ဆိုင်တဲ့အာရုံကြောတွေ လည်း ပျက်တယ်။ Motor Neuropathy လို့ ခေါ်တယ်။ ကြွက်သားတွေ တဖြည်းဖြည်း သေးသိမ်သွားပြီး အားအင်ယုတ်လျော့သွား တတ်ကြတယ်။ အထူးသဖြင့် လက်ကကြွက် သားတွေ အဖြစ်များတယ်။ ကြွက်သားတွေ သေးသိမ်သွားသလို နာကျင်မှုဝေဒနာလည်း ခံစားရတတ်သေးတယ်။ ကြာလာရင် ကိုယ် အလေးချိန်ပါ ကျဆင်းလာတယ်။ Neuro-pathic Cachexia လို့ သုံးနှုန်းခေါ်ဆိုပါ တယ်။ တချို့ အိပ်ရာက ထဖို့တောင် အခက် အခဲ ကြုံတွေ့လာရနိုင်တယ်။

အာရုံကြောတစ်ချောင်းတည်း ယိုယွင်း တာမျိုး ရှိတတ်သေးတယ်။ အာရုံခံစားမှုနဲ့ ပတ်သက်တဲ့အာရုံကြောဖြစ်ချင်ဖြစ်မယ်။ လှုပ်ရှားမှုနဲ့ပတ်သက်တဲ့အာရုံကြော ဖြစ်ချင် ဖြစ်မယ်။ Sensory သို့မဟုတ် Motor ပေါ့ဗျာ။

ဦးနှောက်ကထွက်တဲ့ အာရုံကြော Cranial Nerves တွေ ဖြစ်လေ့ရှိတယ်။ ဥပမာ-အာရုံကြောနံပါတ်သုံးနဲ့ နံပါတ် ခြောက်မှာဖြစ်ရင် အရာဝတ္ထုတွေ နှစ်ထပ် မြင်တယ်။ နှစ်ခု မြင်တာ။ Diplopia လို့ ခေါ်ပါတယ်။ မြန်မာလို လေဖြန်းတာ၊ လေ ဖြတ်တာမျိုးလည်းဖြစ်တတ်တယ်။

အာရုံကြောနဲ့ပတ်သက်ပြီး အခြား ထိခိုက်မှုတွေရော ရှိပါသေးသလား။

ရှိသေးတယ်။ ဦးနှောက်နဲ့အာရုံကြော အဖွဲ့က ခန္ဓာကိုယ်ရဲ့လုပ်ငန်းတွေ ထိန်း ချုပ်ပေးတယ်။ လုပ်ငန်းဆိုရာမှ သိစိတ်နဲ့ လုပ်ရတာတွေရှိတယ်။ သွားတယ်၊ လာတယ်၊ ထိုင်တယ်၊ ထတယ်၊ စကားပြောမယ်၊ စာရေး မယ် စသဖြင့်ပေါ့။ ဒါတွေက သိစိတ်နဲ့လုပ် ဆောင်ရတာတွေ။ Voluntary activities တွေ။ အလိုအလျောက်ဖြစ်စဉ်တွေ ရှိသေး တယ်။ ဥပမာပေါ့ဗျာ၊ နှလုံးခုန်တာ၊ အသက် ရှူတာ၊ အစာလမ်းကြောင်းက အစာခြေဖျက် စုပ်ယူတာ စတာတွေပေါ့။ အဲဒီလုပ်ငန်းတွေ ယိုယွင်းပျက်စီးတာမျိုးလည်းဖြစ်နိုင်တယ်။

အလိုအလျောက်ဖြစ်စဉ်တွေ ပျက် ယွင်းသွားရင် ဖြစ်ပေါ်နိုင်တဲ့လက္ခဏာတွေ အများအပြားရှိတယ်။

♦ ရုတ်တရက် အနေအထားပြောင်းရင် သွေးပေါင်ချိန်(သွေးဖိအား)ကျသွား တတ်တယ်။

♦ ငြိမ်ငြိမ်လေးနေပေမဲ့ နှလုံးခုန်နှုန်းတွေ မြန်နေတတ်တယ်။

♦ တချို့မှာ နှလုံးခုန်နှုန်းမပြောင်းလဲဘဲ တစ်သမတ်တည်း ရှိနေတတ်သေး တယ်။

♦ ရုတ်တရက် နှလုံးခုန်ရပ်သွားတာမျိုး၊ အသက်ရှူရပ်သွားတာမျိုး ကြုံရနိုင် တယ်။

♦ အစာမကြေတာ၊ ဗိုက်မအီမသာဖြစ် တာ၊ ပျို့ချင်၊ အန်ချင်စိတ် ဖြစ်ပေါ်တာ၊ အန်တာ စတာတွေလည်း ဖြစ်နိုင် တယ်။

♦ ညအိပ်ရာကထပြီး ဝမ်းသွားရတာ၊ ဝမ်းပျက်တာမျိုး ကြုံတတ်တယ်။ ဝမ်း မထိန်းတာမျိုးလည်းဖြစ်တတ်တယ်။

♦ တချို့ ဝမ်းအမြဲတမ်း ချုပ်နေတတ်ကြ တယ်။

♦ ဆီးသွားတဲ့အခါ ခက်ခဲတာမျိုး၊ ဆီး မထိန်းနိုင်တာမျိုး၊ ဆီးလမ်းကြောင်း မကြာခဏ ပိုးဝင်ခံရတာမျိုးလည်း ဖြစ် တတ်တယ်။

♦ အမျိုးသားတွေမှာ ပန်းသေ၊ ပန်းညှိုး ဖြစ်တတ်တယ်။

♦ သုက်ရည်ဟာ အပြင်မထွက်ဘဲ ဆီး >ပန်ကနေ နောက်ကြောင်းပြန်ဝင် သွားတာမျိုးလည်း ဖြစ်နိုင်တယ်။

♦ အစားအစာစားတဲ့အခါ ချွေးအလွန် အကျွံထွက်တတ်တယ်။

♦ ညပိုင်းမှာ ချွေးပြန်တာမျိုး ကြုံရနိုင် တယ်။

♦ ခြေထောက်တွေ ခြောက်သွေ့ပြီး ကွဲ အက်တတ်တယ်။

♦ ခြေထောက်အေးစက်နေနိုင်တယ်။ ဖောတာ၊ ရောင်တာ ဖြစ်တတ်တယ်။

♦ မျက်စိသူငယ်အိမ် ကျဉ်းနေတတ် တယ်။

♦ အလင်းရောင်အပေါ် တုံ့ပြန်မှု အား နည်းလာနိုင်တယ်။

အခုပြောခဲ့တာတွေက အလိုအလျောက် ထိန်းချုပ်မှုဖြစ်စဉ်နဲ့ဆိုင်တဲ့ ဦးနှောက်နဲ့ အာရုံကြောယိုယွင်းမှုတွေရဲ့ လက္ခဏာ တွေပါ။

Wednesday, April 2, 2008

နယ်ခြားမဲ့ရောဂါပိုးများ

ရွှေဟင်္သာ

ကူးစက်မြန်တုပ်ကွေးရောဂါ ကပ်ဆိုးကြီးတစ်ခု ကျရောက်လာခဲ့ပြီ ဆိုပါက ၁၉၁၈ခုနှစ်က ကျရောက်ခဲ့ တဲ့ ကပ်ဆိုးကြီးကဲ့သို့ လူပေါင်း၂၅ သန်းမှ သန်း၅ဝအတွင်း သေဆုံးနိုင် စရာရှိတဲ့အတွက် ကြိုတင်ကာကွယ် စောင့်ရှောက်မှုများ နိုင်ငံတိုင်းမှာ ဆောင်ရွက်ထားကြဖို့သင့်ကြောင်း ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းများ နဲ့ဆေးပညာရှင်များက သတိပေးနှိုး ဆော်မှုတွေ ပြုလုပ်နေတာကိုတွေ့မြင် ကြားသိ ဖတ်ရှုနေရပါတယ်။

ကူးစက်မြန် တုပ်ကွေးရောဂါ ဆိုတာက သမားရိုးကျတုပ်ကွေးရောဂါ ထက် ပိုပြီးပြင်းထန်ရုံမက အသက်ကို ပင် အန္တရာယ်ပြုတတ်ပါတယ်။ ကူး စက်မှုနှုန်းကလည်း အင်မတန်မှကို မြန်ဆန်တာကြောင့် ဒေသတစ်ခုက ဒေသတစ်ခုကို ချက်ချင်းလက်ငင်းကူး စက်ရောက်ရှိသွားနိုင်တာကြောင့် ကပ်ရောဂါဆိုးကြီးတစ်ခုအဖြစ်သတ် မှတ်ခဲ့ကြပါတယ်။ ၂ဝရာစုအတွင်းမှာ ဒီလိုကပ်ဆိုးကြီး သုံးကြိမ်ပေါ်ပေါက် ခဲ့ပြီး အဆိုးဆုံးဖြစ်တဲ့ ၁၉၁၈ခုနှစ် ကပ်ဆိုးကြီးမှာ လူပေါင်း၂၅သန်းနဲ့ သန်း၅ဝကြား သေဆုံးခဲ့ကြရတယ်လို့ သိရပါတယ်။

မကြာမီက အာရှတိုက်မှာဖြစ် ပွားခဲ့တဲ့ ‘ကြက်ငှက်တုပ်ကွေး’ရောဂါ ဟာလည်း ကူးစက်မြန်လှတာကြောင့် ကူးစက်ရောဂါ ပါရဂူများတောင် အံ့ဩတုန်လှုပ်ပြီး နေကြရပါတယ်။ ဒီဆယ်စုနှစ်တစ်ခုအတွင်းမှာပဲ အာရှ ဒေသနဲ့ဥရောပနိုင်ငံများမှာ ကြက်ငှက် တုပ်ကွေးရောဂါ၊ နွားရူးရောဂါနဲ့ဆား ရောဂါ စတဲ့ကူးစက်မြန်ရောဂါတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တာကြောင့် ကူးစက်မြန်တုပ် ကွေးရောဂါ တစ်ကျော့ပြန်လာမှာကို ပညာရှင်များက အစိုးရိမ်ကြီး စိုးရိမ် နေခဲ့ကြပါတယ်။

အံစာတုံးနှစ်တုံးကို အကြိမ်ကြိမ် ပစ်လိုက်တဲ့အခါ တစ်ကြိမ်ကြိမ်မှာ ‘၆စုံ’ ကျလာမြဲဖြစ်သလို၊ တုပ်ကွေး ရောဂါ စတင်ဖြစ်ပွားစေတဲ့ဗိုင်းရပ်စ် ပိုးများဟာလည်း အကြိမ်ကြိမ်အခါခါ ဆင့်ကဲဆင့်ကဲမျိုးပွားနေတတ်တာ ကြောင့် တစ်နေ့နေ့မှာ လူသန်းပေါင်း များစွာ သေစေနိုင်လောက်အောင် အားပြင်းတဲ့ဗိုင်းရပ်စ်အဖြစ် ရောက်ရှိ သွားပြီး ကူးစက်မြန်တုပ်ကွေးရောဂါ ကပ်ဆိုးကြီးအဖြစ် ရောက်ရှိသွားမှာကို စိုးရိမ်နေကြတာပါ။ တချို့ပညာရှင် များကတော့ဒီကပ်ဆိုးကြီးဆိုက်ရောက် ချိန်ကျတာထက်တောင် အတော် လွန်နေပြီလို့ ယူဆတဲ့အထိ အစိုးရိမ် ကြီးနေကြပါတယ်။

အဲဒါကြောင့် ပညာရှင်များက နိုင်ငံတွေဟာ ကူးစက်မြန်တုပ်ကွေး ကာကွယ်ဆေး(Anti-viral drugs) များကို အဆင်သင့် သိုလှောင်ထားရှိ ကြဖို့ လှုံ့ဆော်နေကြပါတယ်။ ဗိုင်း ရပ်စ်ရောဂါပိုးများဟာ နိုင်ငံနယ်နိမိတ် စည်းကြောင်းကို နားလည်တာမဟုတ် ဘူး။ နိုင်ငံတစ်နိုင်ငံမှာဖြစ်ပြီဆိုတာနဲ့ တခြားနိုင်ငံတစ်ခုကို အလျင်အမြန်ကူး စက်ရောက်ရှိသွားနိုင်တယ်။ အဲဒါ ကြောင့် ဒီလိုကပ်ဆိုး၊ ရောဂါဆိုးကြီး တွေဆိုတာ ဆင်းရဲတဲ့နိုင်ငံတွေမှာသာ ဖြစ်တတ်တာဆိုပြီး ပေါ့ပေါ့ဆဆ မတွေးခေါ်ကြဖို့လည်း သတိပေးကြ ပါတယ်။

ကာကွယ်ဆေး(Anti-viral drug) ထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်တဲ့ Roche ကုမ္ပဏီက သူတို့ထုတ်လုပ် တဲ့ကာကွယ်ဆေး(Tamiflu)ကို အခမဲ့ လှူဒါန်းဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး နဲ့ဆွေးနွေးညှိနှိုင်းနေပါတယ်။ နိုင်ငံ တစ်နိုင်ငံမှာ ကူးစက်မြန်တုပ်ကွေး ရောဂါဖြစ်ပြီဆိုတာနဲ့ သုံးပတ်အတွင်း မှာ ဖြစ်ပွားရာဒေသကို ကာကွယ်ဆေး အမြန်ဆုံး ပို့ပေးနိုင်မယ်ဆိုရင် ဗိုင်း ရပ်စ်များကို နှိမ်နင်းပစ်နိုင်စရာရှိ တယ်။ အဲဒီလိုလုပ်နိုင်ဖို့ ကာကွယ် ဆေး တစ်သိန်းကနေ ၃သန်းလောက် အထိ စုဆောင်းသိုမှီးထားဖို့လိုလိမ့် မယ်လို့ ပါရဂူများကခန့်မှန်းထားပါ တယ်။

အဲဒီလိုအပ်သလောက် ဆေး ပမာဏကို Roche ကုမ္ပဏီက ပေး လှူဖို့ ကတိပြုထားပါတယ်။ အဲဒါ ကြောင့် ဆေးအတွက် မပူရတော့ဘူး ဆိုနိုင်ပါတယ်။ ဆေးရှိပေမဲ့လည်း ရောဂါဖြစ်ပွားတာကို ချက်ချင်းသိရှိ ကြဖို့၊ ဖြစ်နေတာကို ဖုံးကွယ်မထားဖို့၊ လိုအပ်တဲ့နေရာကို လိုအပ်သလောက် အမြန်ဆုံးရောက်အောင် ပို့ပေးနိုင်ကြ ဖို့ကလည်း လိုအပ်သေးကြောင်း ပညာရှင်များက ထောက်ပြပါတယ်။

နိုင်ငံကြီးတချို့ဟာ ဇီဝလက်နက် များနဲ့ အကြမ်းဖက်တိုက်ခိုက်မှာကို ကာကွယ်ဖို့အတွက်တော့ ငွေတွေ အလုံးအရင်းလိုက် သုံးစွဲနေကြပေမဲ့ လူတွေသန်းလေးငါးဆယ်လောက် အထိ သေဆုံးနိုင်တဲ့ကူးစက်မြန်တုပ် ကွေးဗိုင်းရပ်စ်အန္တရာယ်ကာကွယ်ရေး လုပ်ငန်းများအတွက်တော့ တွန့်တွန့် တိုတိုဖြစ်နေကြတယ်လို့လည်း ပညာ ရှင်များက ထောက်ပြဝေဖန်နေကြ တာများ ကြားနေရပါတယ်။

ရောဂါပိုးက နိုင်ငံနယ်နိမိတ်ကို လေးစားမှာမဟုတ်ပါဘူး။ သူဝင်ချင် တဲ့နေရာကိုဝင်ပြီး ကူးချင်တဲ့နေရာ ကူးသွားမှာသာဖြစ်တယ်။ အဲဒါ ကြောင့် ကျဉ်းမြောင်းတဲ့အတွေးအမြင် တွေကိုစွန့်ပြီး လူသားအားလုံးအတွက် အန္တရာယ်ကြီးလှတဲ့ကပ်ရောဂါကြီး တွေကို ကာကွယ်တားဆီးဖို့ ဆောင် ရွက်သင့်ကြတယ်ဆိုတဲ့အကြောင်း နှိုး ဆော်လိုက်ရပါတယ်။

Tuesday, March 11, 2008

Have good reason to start drinking?

BEIJING, March 10 (Xinhuanet) -- A new study shows non-drinkers who begin taking the occasional tipple live longer and are less likely to develop heart disease, according to the American Journal of Medicine reports Monday.

Many previous studies have shown that light to moderate drinkers are healthier than teetotalers, but researchers have cautioned that there is no reason for the abstinent to start drinking.

Dr. Dana King of the Medical University of South Carolina in Charleston and colleagues found that people who started drinking in middle age were 38 percent less likely to have a heart attack or other serious heart event than abstainers -- even if they were overweight, had diabetes, high blood pressure or other heart risks.

King's team studied the medical records of 7,697 people between 45 and 64 who began as non-drinkers as part of a larger study. Over 10 years, 6 percent of these volunteers began drinking.

The researchers tracked the new drinkers and compared them to the persistent non-drinkers, and found there was a 38 percent drop in new cardiovascular disease, Dr. King said.

The findings held even when the researchers factored in heart disease risks such as smoking, high blood pressure, obesity, race, education levels, exercise and cholesterol.

Saturday, March 8, 2008

လူငယ်လူရွယ်နှင့်ကျန်းမာရေး

သုက်ရည်စစ်ဆေးခြင်း (Semen Analysis)

ဒေါက်တာအေးကျော်(ဇီဝကမ္မဗေဒ)

M.B.,B.S, D.A Psychology, Dip.Med.Sc.Gp (Family Medicine), MPA: DAE.,

ဒေါက်တာဦးအေးကျော်ခင်ဗျာ၊ အမျိုးသားတချို့ကို ဆရာဝန်များက သုက်ရည်စစ်ဆေးခိုင်းတာမျိုးရှိပါတယ်။ ကျွန်တော်မှတ်သားဖူးသလောက်ကတော့ သားသမီးမရနိုင်တဲ့အမျိုးသားများကို လမ်းညွှန်တယ်လို့ သိရပါတယ်ဆရာ။ အဲဒီသုက်ရည်စစ်ဆေးခြင်းအကြောင်း သိပါရစေ။

သုက်ရည်စစ်ဆေးခြင်း(Semen analysis) ဟာ အများအားဖြင့် သား သမီးမရနိုင်တဲ့ ဇနီးမောင်နှံများအတွက် အမျိုးသားကိုစစ်ဆေးဖို့ လမ်းညွှန်တာဖြစ် ပါတယ်။ အခြားရောဂါဝေဒနာများ ရှာဖွေ စစ်ဆေးဖို့လည်း လိုအပ်ရင် စစ်ဆေးနိုင် ပါတယ်။

ဟုတ်ကဲ့ပါဆရာ။ သုက်ရည်စစ် ဆေးရင် သားသမီးရနိုင်၊ မရနိုင်သိနိုင် ပါသလား။

အလားအလာကိုတော့ ခန့်မှန်းလို့ရ ပါတယ်။ အသေးစိတ်ကိုတော့ သုက်ရည် အကြောင်းပြောရင်းနဲ့ရှင်းပြပေးပါမယ်။ သုက်ရည်ကိုစစ်ဆေးရာမှာ(က)သုက်ရည် ပမာဏ၊ (ခ)အရောင်၊ (ဂ)သုက်ရည်ရဲ့ ခဲ သွားနိုင်တဲ့သတ္တိ၊ (ဃ)အရည်ပြန်ဖြစ်နိုင်မှု၊ (င)ပီအိပ်ခ်ျဓာတ်(pH)၊ (စ)သုက်ပိုးအရေ အတွက်၊ (ဆ)သုက်ပိုးများရဲ့လှုပ်ရှားနိုင်မှု စွမ်းရည်၊ (ဇ)သုက်ပိုးများရဲ့အသွင် သဏ္ဌာန်နဲ့(ဈ)အခြားထူးခြားမှုများကိုကြည့် ရှုလေ့လာရပါတယ်။

ဆက်ပြီး ရှင်းပြပေးပါဦးခင်ဗျာ။

သုက်ရည်ပမာဏဆိုပါတော့ဗျာ။ အမျိုးသားတစ်ဦး တစ်ကြိမ် သုက်ရည် လွှတ်ရင် သုက်ရည် ၂မီလီလီတာမှ ၅ မီလီ လီတာကြား ထွက်ရှိကြပါတယ်။ သာမန် ပမာဏပေါ့ဗျာ။ ပျမ်းမျှတော့ ၃မီလီလီတာ ခန့်ပေါ့။

အရောင်ကတော့ အကြမ်းသဘော ပြောရရင် အဖြူရောင်ပါ။ ဒါပေမဲ့ တချို့ ဝါကျင့်ကျင့်အရောင်ဖြစ်တတ်ပါတယ်။ တချို့လည်း အဝါရောင်ပါ။

သုက်ရည်ဟာ သွေးလိုပဲ။ အပြင် ရောက်ရင် ခဲသွားတယ်။ Coagulation လို့ ခေါ်တယ်။ ဒါပေမဲ့ ၁၅မိနစ်၊ မိနစ်၃ဝ ကြာရင် အရည်ပြန်ဖြစ်သွားတယ်။ သုက် ရည်ရဲ့ ပီအိပ်ခ်ျ(pH)ဓာတ်ကတော့ ၇ ဒသမ၃၅ကနေ ၇ဒသမ၅ကြားမှာရှိတယ်။ သုက်ပိုးရဲ့ရှင်သန်မှုနှင့်လှုပ်ရှားမှုစွမ်းရည် အတွက် ပီအိပ်ခ်ျက အရေးကြီးတယ်။

သုက်ပိုးရဲ့အရေအတွက်လည်း စစ်ဆေးရတယ်လို့ ဆရာပြောခဲ့ပါတယ်။ အရေအတွက် ဘယ်လောက်များ ရှိပါ သလဲ။

သုက်ပိုးအရေအတွက်က သုက်ရည် တစ်မီလီလီတာမှ သန်း၁ဝဝလောက်ရှိ တယ်။ ဒါကြောင့် အမျိုးသားတစ်ဦး တစ် ကြိမ် ထုတ်လွှတ်တဲ့ သုက်ရည်မှာ သုက် ပိုးစုစုပေါင်း အရေအတွက် သန်း၃ဝဝ ဝန်း ကျင်ရှိတယ်။

အဲဒီအရေအတွက်ကတော့ သိပ် အရေးကြီးပါတယ်။ အရေအတွက်နည်း လွန်းရင် ကလေးမရနိုင်တော့ဘူး။ ဒါက လည်း ဆေးပညာသဘောအရပြောရ တာ။ အမှန်တော့ဗျာ၊ တစ်ကောင်တည်း သော သုက်ပိုးကသာ ‘မ’ မျိုးဥအိမ်နဲ့ပေါင်း စပ်ဖို့လိုတာ။ အဲဒီတော့ သုက်ပိုး သန်း၃ဝဝ ထဲက တစ်ကောင်ပဲလိုတာ။ အရေ အတွက်နည်းတော့ အခွင့်အလမ်းနည်း တာပေါ့ဗျာ။

နောက်သုက်ပိုးတွေရဲ့ လှုပ်ရှားနိုင်တဲ့ စွမ်းရည်က အရေးကြီးပါတယ်။ သုက်ပိုး များရဲ့ ၆ဝမှ ၇ဝရာခိုင်နှုန်းဟာ သုံးနာရီ အတွင်း တက်ကြွစွာလှုပ်ရှားနိုင်စွမ်းရှိရပါ တယ်။ ဒါမှ ‘မ’ မျိုးဥရဲ့ပေါင်းစပ်မယ့် သား အိမ်>ပန်(မျိုးဥ>ပန်)ဆီကို အောင်မြင်စွာ ရောက်နိုင်မှာ။ လှုပ်ရှားနိုင်စွမ်းအားနည်း နေပြန်လည်း သန္ဓေတည်ဖို့၊ သားသမီးရ နိုင်ဖို့ မလွယ်ပြန်တော့ဘူးပေါ့ဗျာ။

သုက်ပိုးရဲ့အသွင်သဏ္ဌာန်ကိုလည်း စစ်ဆေးကြရပါသေးတယ်။ သုက်ပိုးများရဲ့ ၈ဝရာခိုင်နှုန်းဟာ အသွင်သဏ္ဌာန်အားဖြင့် ပုံမှန်ဖြစ်သင့်တယ်။ မူမမှန်တဲ့၊ အသွင် သဏ္ဌာန်မမှန်တဲ့သုက်ပိုးတွေများရင် သား သမီးရဖို့ အခက်အခဲဖြစ်နိုင်တယ်။ ပုံ သဏ္ဌာန်မမှန်ဘူးဆိုရာမှာ ခေါင်းအလွန် ကြီးတဲ့သုက်ပိုး၊ ခေါင်းနှစ်လုံးနဲ့သုက်ပိုး၊ အမြီးနှစ်ခွနဲ့သုက်ပိုး စသဖြင့်ပေါ့ဗျာ။ အဲဒီလို မူမမှန်တာများလေ သားသမီးရဖို့ မလွယ်ကူလေပေါ့။

သုက်ရည်စစ်ဆေးမှုကြောင့် အမျိုး သားတွေ သားသမီးရနိုင်၊ မရနိုင် သိနိုင် တာပေါ့နော် ဆရာ။ ကျွန်တော် အရင်က ထင်ခဲ့တာက သားသမီးမရနိုင်တာဟာ အမျိုးသမီးရဲ့ချို့ယွင်းချက်ကြောင့် တစ် နည်းပြောရရင် အမျိုးသမီးမြုံလို့ပဲထင်ခဲ့ မိတယ်။ အမျိုးသားရဲ့ချို့ယွင်းမှုကြောင့် သားသမီးမရနိုင်တဲ့အကြောင်းကို ဆေး ပညာပေးဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ၊ စာ စောင်တွေ ဖတ်မိတော့မှသိခဲ့ရတယ်။ အခုတော့ ဆရာရှင်းပြလို့ ပိုပြီးအမြင် ကျယ်သွားရပါပြီဆရာ။ ဆရာ အခုလို သေသေချာချာရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောပါရစေ ခင်ဗျာ။

သုက်ရည်စစ်ဆေးခြင်း

(၁) သုက်ရည်ပမာဏ-၂မှ ၅ မီလီလီတာ

(၂) အရောင်-အဖြူ၊ အဝါနု၊ အဝါ

(၃) ခဲနိုင်စွမ်းသတ္တိ-သုက်ရည်သည် သွေး ကဲ့သို့ ခဲသွားနိုင်သည်။

(၄) အရည်ပြန်ဖြစ်ခြင်း-ခဲပြီး ၁၅မိနစ်မှ မိနစ် ၃ဝအတွင်း အရည်ပြန်ဖြစ်နိုင်သည်။

(၅) ပီအိပ်ခ်ျ-၇.၃၅ မှ ၇.၅

(၆) သုက်ပိုးအရေအတွက်-သန်း၁ဝဝ (တစ် မီလီလီတာ)

(၇) လှုပ်ရှားနိုင်စွမ်း-၆ဝမှ ၇ဝ ရာခိုင်နှုန်း

(၈) မူမှန်မှု-၈ဝ ရာခိုင်နှုန်း။

လူငယ်လူရွယ်နှင့်ကျန်းမာရေး

ပန်းသေ၊ ပန်းညှိုး၊ ပန်းကြာရှည်မလန်းခြင်း

ဒေါက်တာအေးကျော်(ဇီဝကမ္မဗေဒ)

M.B.,B.S, D.A Psychology, Dip.Med.Sc.Gp (Family Medicine), MPA: DAE.,

ဆရာခင်ဗျာ၊ အမျိုးသားများနဲ့ပတ် သက်တဲ့ကိစ္စတစ်ခုကို ပွင့်ပွင့်လင်းလင်း မေးမြန်းခွင့် ပြုစေချင်ပါတယ်။

ဘာအကြောင်းများပါလိမ့်၊ ကျွန် တော်သိထားတာဆိုရင် ဖြေကြားပေး ပါမယ်။

ဒီလိုပါဆရာ။ ပန်းသေ၊ ပန်းညှိုး ခြင်းဟာ လူငယ်လူရွယ်မှာရော ဖြစ်နိုင် ပါသလား။ ကျွန်တော် ထင်မိတာ ကတော့ လူကြီးတွေမှာသာ ဖြစ်တာလား လို့ပါ။

ပန်းသေ၊ ပန်းညှိုး၊ ပန်းကြာရှည် မလန်းတဲ့ပြဿနာဟာ လူကြီးတွေမှာ အဖြစ်များတာမှန်ပေမဲ့ လူငယ်တွေမှာ လည်း ဖြစ်နိုင်ပါတယ်။ အမျိုးသားများ အားလုံးရဲ့ ၁ဝရာခိုင်နှုန်းမှ ၁၅ရာခိုင်နှုန်း ထိ ပန်းသေ၊ ပန်းညှိုးပြဿနာရှိနေတတ် ကြပါတယ်။ အသက်အရွယ်ကြီးလာရင် တော့ ဖြစ်နှုန်းပိုများလာတာပေါ့။ အသက် ၄ဝအရွယ်မှာ ၄ဝ ရာခိုင်နှုန်းရှိပြီး အသက် ၇ဝ ရောက်ရင်တော့ ၇ဝရာခိုင်နှုန်းလောက် ထိ များလာတာတွေ့ရနိုင်ပါတယ်။ တစ် ကမ္ဘာလုံး အတိုင်းအတာနဲ့ပြောရရင် အမျိုးသား သန်း၁ဝဝလောက်မှာ ပန်း သေ၊ ပန်းညှိုး၊ ပန်းကြာရှည်မလန်းတဲ့ ပြဿနာရှိနေကြတယ်။

ပန်းသေ၊ ပန်းညှိုးဖြစ်ရခြင်း အကြောင်းလည်း သိပါရစေဦးဆရာ။

အဓိကအကြောင်းရင်းက ငါးမျိုးပါ။ တစ်မျိုးစီမှာတော့ ထပ်ကြည့်ရင် အများ ကြီးတွေ့ရနိုင်ပါတယ်။ ပထမတစ်မျိုးက သွေးလွှတ်ကြောဆိုင်ရာ ပြဿနာပါ။ အဲဒီ သွေးလွှတ်ကြောဆိုင်ရာပြဿနာဖြစ်နိုင် တာတွေ လေ့လာကြည့်ရင် သွေးချို၊ ဆီး ချိုရောဂါ၊ သွေးတိုးရောဂါ၊ သွေး၌ ကို လက်စထရောများခြင်း၊ ဆေးလိပ်သောက် ခြင်း စတာတွေတွေ့ရနိုင်ပါတယ်။ ဒါကို ပြန်ရှင်းပြရရင် ဥပမာပေါ့ဗျာ၊ ဆေးလိပ် သောက်လို့ သွေးလွှတ်ကြောတွေ ယိုယွင်း မယ်။ ဒါကြောင့် ပန်းသေ၊ ပန်းညှိုးဖြစ် နိုင်တယ်။

ဒုတိယတစ်မျိုးက အာရုံကြောနဲ့ဆိုင် တဲ့ပြဿနာတွေပေါ့ဗျာ။ ထိခိုက်ဒဏ်ရာ ရတာ၊ သွေးချို၊ ဆီးချိုရောဂါခံစားရတာ၊ အရက်အလွန်အကျွံသောက်တာ၊ ဝမ်းဗိုက် အောက်ပိုင်းခွဲစိတ်တာ၊ အာဟာရချို့တဲ့ တာ စတာတွေကြောင့် အာရုံကြောထိခိုက် ယိုယွင်းရင်လည်း ပန်းသေ၊ ပန်းညှိုးဖြစ်နိုင် တာပဲပေါ့။

တတိယတစ်မျိုးက စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေပါ။ စိတ်ပူပင်သောက ဝေဒနာ(Anxiety disorder)ပေါ့။ နောက် တစ်မျိုးက စိတ်ကျဝေဒနာ(Depres-sion)။ ဒါတွေဖြစ်ရင်လည်း ပန်းသေ၊ ပန်း ညှိုး ဖြစ်နိုင်ပါတယ်။

စတုတ္ထတစ်မျိုးကတော့ ဟော်မုန်း ပြောင်းလဲမှုကြောင့်ဖြစ်တဲ့ ပန်းသေ၊ ပန်း ညှိုးပါ။ အဓိကအနေနဲ့က အမျိုးသားလိင် ဟော်မုန်း(Male Sex hormone)ဖြစ်တဲ့ တက်စတိုစတီရုန်း(Testosterone)နည်း လို့ဖြစ်တာပါ။ အသက်အရွယ်ကြီးလာရင် တက်စတိုစတီရုန်း လျော့နည်းလာပြီး ပန်း သေ၊ ပန်းညှိုးဝေဒနာ ပိုမိုဖြစ်လာနိုင်ပါ တယ်။ ပရိုလက်တင်(Prolactin)ဟော် မုန်းများရင်လည်း ပန်းသေ၊ ပန်းညှိုးဖြစ် တတ်ပါသေးတယ်။

အမျိုးသားလိင်ဟော်မုန်းကတော့ ကြားဖူး၊ သိဖူးပါတယ်ဆရာ။ အခု ဆရာပြောတဲ့ ပရိုလက်တင်ဟော်မုန်း အကြောင်း သိချင်ပါသေးတယ်။

ပရိုလက်တင်ဆိုတာက ဦးနှောက်ရဲ့ အောက်ခြေမှာရှိတဲ့ ပီကျူထရီဆိုတဲ့>ပန်မဲ့ ဂလင်းကထွက်တာပါ။ အမျိုးသမီးတွေမှာ တော့ နို့ရည်တည်ဆောက်ထုတ်လုပ်မှုနဲ့ ဆိုင်ပါတယ်။ အမျိုးသားတွေမှာ ပရိုလက် တင်ရဲ့အာနိသင် အတိအကျမသိနိုင်သေး ပါဘူး။ ဒါပေမဲ့ တစ်စုံတစ်ခုသော အကြောင်းကြောင့် ခန္ဓာကိုယ်မှာ ပရိုလက် တင်ဟော်မုန်းများလာရင် အမျိုးသားတွေ မှာ ပန်းသေ၊ ပန်းညှိုး၊ ပန်းကြာရှည်မလန်း နိုင်တဲ့ပြဿနာဖြစ်နိုင်ပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ ဆေး ဝါးမှီဝဲခြင်းပါ။ တချို့ဆေးဝါးတွေကို ကြာ ရှည်မှီဝဲရင် ပန်းသေ၊ ပန်းညှိုး ဖြစ်နိုင်ပါ တယ်။ ဥပမာ- သွေးတိုးရောဂါရှိလို့ သွေး ကျဆေး ကြာရှည်သောက်တဲ့အခါ ပန်း သေ၊ ပန်းညှိုးဖြစ်နိုင်ပါတယ်။ စိတ်ကျ ဝေဒနာအတွက် ဆေးဝါးများဟာလည်း ပန်းသေ၊ ပန်းညှိုးဖြစ်စေတတ်ပါတယ်။ ဒီနေရာမှာ တစ်ခုသတိပြုစရာအချက်က စိတ်ကျဝေဒနာကိုယ်တိုင်က ပန်းသေ၊ ပန်း ညှိုးဖြစ်နိုင်သလို စိတ်ကျဝေဒနာကုသတဲ့ ဆေးဝါးတွေကလည်း ပန်းသေ၊ ပန်းညှိုး ဖြစ်စေနိုင်တယ်ဆိုခြင်းပါပဲ။

ပန်းသေ၊ ပန်းညှိုးခြင်းကို ဘယ်လို များကုသနိုင်ပါသလဲ ဆရာ။

ကုသနည်းကတော့ အမျိုးမျိုးရှိတယ် လို့ ဆိုရမှာပါ။ ပထမဦးဆုံးကတော့ ပန်း သေ၊ ပန်းညှိုး၊ ပန်းမလန်းတာ ဘာကြောင့် ဖြစ်တာလဲဆိုတဲ့အကြောင်း ဇာစ်မြစ်ကို ရှာဖွေဖော်ထုတ်ဖို့ဖြစ်ပါတယ်။ ဇာစ်မြစ်ကို ဖယ်ရှားပစ်ဖို့က အရေးကြီးဆုံးပါ။ ပန်း သေ၊ ပန်းညှိုးဝေဒနာကိုဖြစ်စေတဲ့ဇာစ်မြစ် ကို ဖယ်ရှားပစ်နိုင်ရင် အကောင်းဆုံးဆို ပေမဲ့ ပန်းသေ၊ ပန်းညှိုးခြင်းကို ပုံမှန်ပြန် လည်လန်းဆန်းအောင် ပြုလုပ်ပေးနိုင်ပါ သေးတယ်။

သောက်ဆေးတွေရှိပါတယ်။ ဆေး ဝါးများကို ဈေးကွက်မှာ အလွယ်တကူ ဝယ်ယူရနိုင်ပါတယ်။ လွယ်လွယ်ရပေမဲ့ မိမိသဘော၊ မိမိဆန္ဒနဲ့တော့ မသောက် သုံးကြစေချင်ဘူး။ မိမိရဲ့မိသားစုဆရာဝန်နဲ့ အရင်တိုင်ပင်သင့်တယ်လို့ပြောချင်ပါတယ်။

ဆေးပညာမှာတော့ MUSE (Medicated Urethral Suppository for Erection)ခေါ်တဲ့ ဆီးလမ်းကြောင်း ထည့်သွင်းတဲ့ဆေးလည်းရှိသေးတယ်။ လိင်တံရဲ့ကာဗာနိုဆဲလ်အတွင်း ထိုးသွင်း တဲ့ဆေးတွေလည်းရှိပါတယ်။

အခြားကုသနည်းတွေများ ရှိပါ သေးသလား သိပါရစေဦး။

လိင်တံထဲကို သွေးဝင်စီးဆင်းမှုများ အောင် ပြုလုပ်တဲ့ Vacuum Constri-ction Devices ဆိုတာလည်း ရှိပါတယ်။ လိင်တံက သွေးအထွက်ကို လျော့နည်း စေပြီး သွေးဝင်စီးဆင်းမှုများအောင် ထိန်း ထားတဲ့နည်းပါ။ ဟော်မုန်းအစားထိုးကုသ ခြင်း(Hormone therapy)ဆိုတာလည်း ရှိပါသေးတယ်။ ပန်းသေ၊ ပန်းညှိုးခြင်းကို ခွဲစိတ်ကုသနည်းနဲ့လည်း ကုသနိုင်ပါတယ်။

ဆရာပြောပြတဲ့ ကုထုံးတွေထဲမှာ ဘယ်ကုထုံးက အကောင်းဆုံး ဖြစ်ပါ သလဲ ဆရာ။

ဘယ်ကုထုံးကောင်းတယ်ဆိုပြီး ပြော ဖို့ခက်ပါတယ်။ လူတစ်ဦးချင်းစီပေါ်မှာ မူတည်ပါတယ်။ မိမိနဲ့သင့်တော်ရာ ကုထုံး ကအကောင်းဆုံးဖြစ်ပါတယ်။ ဒီလူတစ် ယောက်ဟာ ဒီကုထုံးကောင်းပေမဲ့ အခြား လူအတွက် ကောင်းချင်မှ ကောင်းနိုင်မှာ ပါ။ ဒါကြောင့် ကုသမှုအပိုင်းနဲ့ပတ်သက် ရင် ဆရာဝန်များရဲ့အကူအညီ ရယူဖို့လို အပ်ပါတယ်။ ပန်းသေ၊ ပန်းညှိုးဝေဒနာ ကုသရာမှာ စိတ်ကျန်းမာရေးဆရာဝန်၊ စိတ်ပညာရှင်နဲ့ နှစ်သိမ့်ဆွေးနွေးပညာပေး သူများ(တချို့နိုင်ငံမှာတော့ Sex thera-pist) ရဲ့ အကူအညီလည်း လိုအပ်နိုင် ပါတယ်။

လူငယ်လူရွယ်နှင့်ကျန်းမာရေး

သွးချို၊ ဆီးချိုနှင့် မျက်စိပြဿနာ

ဒေါက်တာအေးကျော်(ဇီဝကမ္မဗေဒ)

M.B.,B.S, D.A Psychology, Dip.Med.Sc.Gp (Family Medicine), MPA: DAE.,

သွေးချို၊ ဆီးချိုရောဂါဟာ ကောင်း စွာထိန်းချုပ်မှုမပြုနိုင်ရင် နောက်ဆက် တွဲ ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်လို့သိ ထားရပါတယ်။ ဘယ်လိုဆိုးကျိုးတွေ များပါလဲဆရာ။

သွေးချို၊ ဆီးချိုရောဂါဖြစ်လာရင် သွေးမှာ သကြားဓာတ်မှန်ကန်မှုရှိအောင် ထိန်းဖို့ အလွန်အရေးကြီးပါတယ်။ ဒါကို ဂရုမစိုက်မိရင် နောက်ဆက်တွဲ အရှုပ် အထွေးပြဿနာ တသီတတန်းကြီး ပေါ် လာနိုင်ပါတယ်။ ဇီဝဓာတုလက္ခဏာစု (Metabolic syndrome) ခေါ် Syn-drome X ဆိုတာဖြစ်နိုင်တယ်။ မျက်စိ ပြဿနာတွေ ကြုံလာနိုင်တယ်။ ကျောက် ကပ်ပျက်စီးသွားနိုင်ပါသေးတယ်။ ခြေ ထောက်ပြဿနာ(Diabetic Foot) ကလည်း မသေးဘူး။ ခြေထောက်ဖြတ် တောက်ပစ်ရတာမျိုးထိဖြစ်နိုင်တယ်။ အာရုံကြောနဲ့ဆိုင်တဲ့ပြဿနာတွေလည်း အများကြီးရှိသေးတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးမှာ သွေးချို၊ ဆီးချိုဖြစ်ခဲ့ရင် လည်း အန္တရာယ်တွေဖြစ်လာနိုင်တယ်ဗျာ။

သွေးချို၊ ဆီးချိုရဲ့ နောက်ဆက်တွဲ အရှုပ်အထွေးပြဿနာတွေက များလှ သားဗျာ။ အဲဒီအထဲက မျက်စိနဲ့ပတ် သက်တာလေး ပြောပြပေးနိုင်မလား ခင်ဗျာ။

သွေးချို၊ ဆီးချိုကို ကောင်းကောင်း မကုရင်၊ ကောင်းကောင်းမထိန်းချုပ်နိုင်ရင် မျက်စိကွယ်သွားသည်အထိ အန္တရာယ်ရှိ တယ်။ မျက်စိမှာ အမြင်အာရုံခံလွှာ ရက်တီနာ(Retina)ဆိုတာရှိတယ်။ အာရုံကြောကလာပ်စည်းတွေ အများ အပြားရှိတယ်။ အမြင်အာရုံကိုသိနိုင်တဲ့ လက်ခံပစ္စည်း(photoreceptors)ဆိုတာ တွေလည်းပါတယ်။ သွေးချို၊ ဆီးချိုကြောင့် အမြင်အာရုံခံလွှာ ယိုယွင်းပျက်စီးသွားနိုင် ပါတယ်။ Diabetic Retinopathy လို့ ခေါ်ကြပါတယ်။

မျက်စိရဲ့ အမြင်အာရုံခံလွှာမှာ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်ပါသလဲ ဆရာ။

တချို့ ဝေါဟာရတွေကတော့ မြန်မာ လို အဓိပ္ပာယ်ပြန်ရာမှာ နည်းနည်းခက် တယ်ဗျာ။ ကျွန်တော်သိနားလည် သလောက်ပြောပြပေးပါမယ်။ သွေးကြော တွေမှာ အဖောင်းငယ်လေးတွေဖြစ်လာ တယ်။ Microareurysms လို့ခေါ်ပါ တယ်။ မျက်စိအမြင်အာရုံခံလွှာမှ သွေးယို စီးတာ၊ သွေးထွက်တာ Haemorrh-ages တွေ တွေ့ရနိုင်တယ်။ Exudates လို့ခေါ်တဲ့ပစ္စည်းတွေလည်းပေါ်လာတယ်။ သွေးကြောငယ်လေးတွေဟာ ပုံမှန်မဟုတ် ကြတော့ဘူး။ သွေးကြောအသစ်တွေ လည်း ဖြစ်ပေါ်လာတာ တွေ့ရနိုင်ပါသေး တယ်။ သွေးပြန်ကြောတွေကျယ်လာတာ၊ တွန့်ခေါက်လာတာတွေလည်းရှိလာနိုင်ပါ တယ်။ ဆေးပညာရှင်တွေကတော့ အဲဒီ ပြောင်းလဲမှုတွေရဲ့အခြေအနေကို သေ သေချာချာ လေ့လာရှာဖွေဖော်ထုတ်ကြရ ပါတယ်။

အဲဒီပြောင်းလဲမှုတွေကြောင့် ဘယ်လိုဝေဒနာလက္ခဏာတွေဖြစ်ပေါ် လာနိုင်ပါသလဲ သိပါရစေ။

အဓိကကတော့ အမြင်အာရုံချို့ယွင်း လာမယ်။ သိပ်ပြီး ဆိုးဝါးလာရင်တော့ မျက်စိကွယ်သွားနိုင်တယ်။

အဲဒီလိုမဖြစ်အောင် ကာကွယ်နိုင် ပါသလားဆရာ။

ရပါတယ်။ ရောဂါကို မဖြစ်ခင်က ကြိုတင်ကာကွယ်တာဟာ အကောင်းဆုံး ပါ။ အဓိက အရေးကြီးဆုံးက သွေးမှာ သကြားဓာတ် မှန်ကန်အောင် ထိန်းချုပ် ပေးဖို့ပါပဲ။ အစားအစာနဲ့ဖြစ်ဖြစ်၊ ဆေးဝါး နဲ့ပဲဖြစ်ဖြစ် အရေးကြီးဆုံးက သွေးမှာ သကြားဓာတ် မလွန်ကဲဖို့၊ အလွန်အကျွံ မတက်ဖို့။ ဒါကို ထိန်းနိုင်ရင် မျက်စိ ပြဿနာကို ကာကွယ်တာနဲ့အတူတူပါပဲ။

နောက်ပြီး အရေးကြီးတာတစ်ခုက မိမိမှာ သွေးချို၊ ဆီးချိုရောဂါရှိပြီဆိုရင် ဆေးပညာရှင်နဲ့မှန်မှန်တွေ့ဖို့၊ ညွှန်ကြား တာတွေ အတိအကျလိုက်နာဆောင်ရွက် ဖို့၊ တစ်ချိန်တည်းမှာပဲပေါ့ဗျာ မျက်စိ ဆရာဝန်နဲ့ပြသပြီး မျက်စိကိုမှန်မှန် စစ် ဆေးခံယူဖို့၊ ရောဂါကို နုစဉ်မှာ အချိန်မီ သိပြီး ကုသဖို့ လိုအပ်တယ်။ ဒါကြောင့် မကြာခဏ မျက်စိစမ်းသပ်စစ်ဆေးသင့် တယ်။ လူတစ်ယောက်မှာ အမြင်အာရုံ ဟာ သိပ်အရေးကြီးတယ်။ မျက်စိကွယ် သွားပြီဆိုရင် လူဖြစ်ရှုံးသွားရသလိုပဲ။ ဒါကြောင့်မျက်စိပြဿနာကို အထူးဂရုစိုက် သင့်တယ်ဗျာ။

မျက်စိမှာပေါ့ဆရာ၊ မျက်စိနဲ့ အမြင်အာရုံခံလွှာဟာ သွေးချို၊ ဆီးချို ကြောင့် ပျက်စီးယိုယွင်းသွားနိုင်တယ်။ မျက်စိကွယ်သည်အထိ အန္တရာယ်ရှိ တယ်။ ဒါ့အပြင် မျက်စိမှာ သွေးချို၊ ဆီး ချိုရောဂါကြောင့် ဘာတွေဖြစ်နိုင်ပါ သေးလဲဆရာ။

မျက်စိမှာ Cataract လို့ခေါ်တဲ့ တိမ် ရောဂါရှိတယ်။ အဲဒီတိမ်ရောဂါဟာလည်း သွေးချို၊ ဆီးချိုကြောင့်ဖြစ်နိုင်တယ်။ သွေး ချို၊ ဆီးချိုရောဂါရှင်တွေရဲ့ ၃ဝရာခိုင်နှုန်း မှာ မျက်စိတိမ်စွဲတာ ဖြစ်နိုင်တယ်လို့ဆိုကြ ပါတယ်။ တချို့လည်း မျက်စိတိမ်စွဲပေမဲ့ အမြင်ကွယ်လောက်အောင် မဖြစ်ကြ တော့ သတိမပြုမိဘဲလည်း နေတတ်ကြပါ တယ်။ သွေးချို၊ ဆီးချိုရောဂါမှာ ဇီဝဓာတု ဖြစ်စဉ်တွေ ပြောင်းလဲယိုယွင်းမှုကြောင့် တိမ်စွဲလာရတာလို့ သုတေသနပညာရှင် တွေကပြောခဲ့ပါတယ်။ သွေးချို၊ ဆီးချို ရောဂါကလည်းရှိ၊ အသက်ကလည်းကြီး ဆိုရင်တော့ မျက်စိတိမ်စွဲတာ ပိုဖြစ်နိုင်ပါ တယ်။ အမြင်အာရုံထိခိုက်လာရင်တော့ လူနာကလည်း သတိထားမိမယ်ဆိုရင် ဆရာဝန်ကို လာရောက်ပြသကြမှာပါ။ လေဆာကုထုံးနဲ့ပဲဖြစ်ဖြစ်၊ ခွဲစိတ်လို့ပဲဖြစ် ဖြစ် ကုသလို့ရပါတယ်။

မျက်စိပြဿနာများ မဖြစ်ရ အောင် ဆောင်ရန်၊ ရှောင်ရန်လေးများ လည်း လမ်းညွှန်ပေးပါဦးဆရာ။

ဒါကတော့ ကျွန်တော်ပြောခဲ့တဲ့ အထဲမှာလည်း ပါသွားပါပြီ။ သွေးချို၊ ဆီး ချိုဖြစ်လာရင် သွေးထဲမှာ သကြားဓာတ် မျှတအောင် အဓိကထိန်း၊ အစား အသောက်ဆင်ခြင်စား၊ သွေးနဲ့ဆီး မှန်မှန် စစ်၊ ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေ မှန် မှန်မှီဝဲသုံးစွဲ၊ လမ်းညွှန်မှုကို အတိအကျ လိုက်နာ၊ ဒါဆိုရင် ရပါပြီဗျာ။

Thursday, November 15, 2007

အပိန်လွန်ရောဂါတိုက်ဖျက်ရေးကြော်ငြာ အီတလီတွင် ပိတ်ပင်ခံရ


Thinအီတလီကြော်ငြာ စောင့်ကြည့်ရေးအဖွဲ့သည် အပိန်လွန်ရောဂါ ဖြစ်ပွားနေသည့် ပြင်သစ်မော်ဒယ် တစ်ဦး၏ပုံကို အသုံးပြုထားသည့် အမျိုးသမီးငယ်များ အလွန်အကျွံ ကိုယ်အလေးချိန် လျှော့ချမှုများ ပြုလုပ်နေသည်ကို တိုက်ဖျက်သောအားဖြင့် No Anorexia အမည်ရ အပိန်လွန်ရောဂါတိုက်ဖျက်ရေးအဖွဲ့၏ ကြော်ငြာကိုပိတ်ပင်လိုက်သည်။

အီတလီကြော်ငြာ စောင့်ကြည့်ရေးအဖွဲ့က ယင်းကြော်ငြာသည် လူသားတစ်ဦး၏ အပိန်လွန်ရောဂါ ဖြစ်ပွားမှုကို အမြတ်ထုတ်ပြီး လူသား၏ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ ယင်းကြော်ငြာကို စက်တင်ဘာတွင် ကျင်းပခဲ့သော မီလန်ဖက်ရှင်ရက်သတ္တပတ်တွင် ပြသခဲ့သည်။

ဥရောပမော်ဒယ်များ အကြားတွင် ကိုယ်အလေးချိန်လျှော့ချလွန်ရာမှ အဆိုပါရောဂါဖြစ်ပွားမှုမှာ ကြီးမားလျက်ရှိသည်။ No Anorexia ကြော်ငြာလှုပ်ရှားမှုအဖွဲ့ ဦးဆောင်သော မစ္စတာတော်စကာနီက ၄င်း၏အဖွဲ့သည် အပိန်လွန်ရောဂါတိုက်ဖျက် ရေးအတွက် ယင်းရုပ်ပုံ အသုံးပြုခွင့်ရရေးအတွက် ယင်းရုပ်ပုံအသုံးပြုခွင့်ရရေးကို ထပ်မံကြိုးစားဦးမည်ဟုဆိုသည်။ မစ္စတာတော်စကာနီ တို့အဖွဲ့၏ လှုပ်ရှားမှုကို အီတလီကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုသော်လည်း ကြော်ငြာစောင့်ကြည့်ရေးအဖွဲ့က ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

Wednesday, November 14, 2007

သမ်းဝေတာကို အပြစ်မမြင်ပါနဲ့ စိတ်ဝင်စားမှုကို ပြနေတာပါ


သမ်းဝေခြင်းသည် ရိုင်းပျသော အမူအရာဟု ထင်စရာရှိသော်လည်း အမှန်မှာမူ ခန္ဓာကိုယ်က နိုးနိုးကြား ကြားရှိ နေစေရန် အစွမ်း ကုန်ကြိုးစား လုပ်ဆောင်နေခြင်းသာ ဖြစ်သည်ဟု အမေရိကန်နိုင်ငံတွင် ပြုလုပ်ခဲ့သော သုတေသေနတစ်ခုက ဆို သည်။

သမ်းဝေလိုက်ခြင်းဖြင့် ဦးနှောက်သို့ လေအေးများ ရောက်ရှိသွားစေပြီး သမ်းဝေသူကို နိုးနိုးကြားကြားဖြစ်လာ စေရန် အထောက်အကူ ဖြစ်စေသည်ဟု ကျောင်းသား ၄၄ ဦးတို့ကို သုတေသန ပြုလုပ်ခဲ့သော စိတ္တဗေဒပညာရှင်များ က ကောက်ချက်ချ ပြောဆိုခဲ့သည်။

ထို့ကြောင့် သမ်းဝေခြင်းသည် အိပ်ချင်ငိုက်မျဉ်းခြင်းကို မြှင့်တင်ပေးခြင်း မဟုတ်ဘဲ နှောင့်နှေးကြန့်ကြာသွားစေ ခြင်းသာ ဖြစ်ကြောင်း "ဆင့်ကဲဖြစ်စဉ် ဆိုင်ရာ စိတ္တဗေဒပညာရပ်" လေ့လာ ချက်တစ်ရပ်က ဆိုသည်။

လူတစ်ဦးတစ်ယောက် သမ်းဝေ သည်ကို မြင်ရသောအခါ အခြားသူများကပါ သမ်းဝေလိုသည့်ဆန္ဒဖြစ်ပေါ် ခြင်းသည် အန္တရာယ်နှင့်ကြုံတွေ့ရချိန်တွင် အုပ်စုလိုက် နိုးနိုးကြားကြားရှိနေ စေရန် သဘာဝ၏လုပ်ဆောင်ချက် တစ်မျိုးပင် ဖြစ်သည်ဟု အဆိုပါ သုတေသနက ဆိုသည်။

လူတို့ သမ်းဝေခြင်းသည် အောက်ဆီဂျင်ကို လိုအပ်သောကြောင့်ဖြစ်သည်ဟု ယေဘုယျအထင်ရှိတတ်ကြသော် လည်း နယူးယော့ခ်မြို့ အယ်လ်ဘာနီ တက္ကသိုလ်မှ သုတေသနပညာရှင်များ၏ လေ့လာချက်အရမူ လူ၏သွေး အတွင်း အောက်ဆီဂျင်၊ သို့မဟုတ် ကာဗွန်ဒိုင်အောက်ဆိုက် အတက်အကျသည် သမ်းဝေခြင်းကို ဖြစ်ပေါ် စေခြင်း မရှိဟု တွေ့ ရှိရသည်။

နောက်တစ်ခါ သင်စကားပြောနေတုန်း နားထောင်နေသူတစ်ယောက် ယောက်က သမ်းဝေလိုက်တာကိုမြင်ရင် စိတ်မတိုပါနဲ့။ သူ့ခမျာ သင့်စကားကို အလေးထားနားထောင်နိုင်အောင် သူ့ရဲ့ခန္ဓာဗေဒယန္တရားကြီးက ကြိုးစား နေရှာတာပါ။

သမ်းဝေလိုက်သောအခါ ရှူသွင်း လိုက်သောလေကြောင့် ဦးနှောက်ကို အေးမြသွားစေပြီး ထိရောက်စွာအလုပ် လုပ်နိုင်စေရန် ကူညီလုပ်ဆောင်ပေးကြောင်း အထောက်အထားများအရ သိရှိရသည်။

ကျောင်းသား ၄၄ ဦးတို့အပေါ် သုတေသနပြု လေ့လာချက်အရ အခြားသူများ သမ်းဝေနေသည့်ဗီဒီယို ကို ကြည့်ရှု နေကြသည့် ကျောင်းသား များအနက် နှာခေါင်းဖြင့်အသက်ရှူသူ များသည် ပါးစပ်ဖြင့် အသက်ရှူသူများ ထက် သမ်းဝေရန် အလားအလာ ပိုမို နည်းပါးကြောင်း တွေ့ရှိရသည်။

ထိုသို့ဖြစ်ရခြင်းမှာ နှာခေါင်းပေါက် အတွင်းရှိ သွေးကြောများက အေးမြသော သွေးများကို ဦးနှောက်သို့ ပို့ဆောင် ပေးလိုက် ခြင်းကြောင့် ဖြစ်သည်ဟု သိရှိရသည်။

အလားတူပင် သမ်းဝေသည့်ဗီဒီယို ကြည့်နေသူများအနက် နဖူးပေါ် အအေးအိတ် တင်ထားသူများသည် အနွေးအိတ် တင် ထားသူများလောက် လိုက်ပါသမ်းဝေခြင်း မရှိကြောင်း တွေ့ ရသည်။

သမ်းဝေခြင်းသည် ဦးနှောက်အပူ ချိန်မြင့်တက်လာချိန်တွင်သာ ဖြစ်ပေါ် လာသည်ဖြစ်ရာ ဦးနှောက်သို့ သွေး အေး များ ပို့ လွှတ်ခြင်းဖြင့် စိတ်ပိုင်း ဆိုင်ရာလုပ်ဆောင်မှုများကို ပုံမှန် လုပ်ဆောင်နိုင်ရန် ထိန်းသိမ်းပေးနိုင် သည်ဟု အဆိုပါ သုတေသန စာတမ်း တွင် ဖော်ပြထားသည်။

ထို့ကြောင့် နောက်တစ်ခါ သင်စကားပြောနေစဉ် နားထောင်သူ တစ်ယောက်ယောက် သမ်းဝေတာ မြင်လျှင် စိတ် အနှောင့် အယှက်မဖြစ်ပါနှင့်။

source:mmtime

Tuesday, November 13, 2007

မိတ်ဆွေ....လုပ်စရာရှိတာလဲလုပ်ပါ အိပ်ရေးဝဖို့လိုတယ်နော်!

တစ်နေ့ခုနစ်နာရီ အိပ်စက်ခြင်းသည် နှလုံး ရောဂါကိုလျော့ပါးစေနိုင်

Posted on Oct 12 07 - 10:08 AM | Hits : 1428 | Save as PDF


ညအချိန်တွင် ခုနစ်နာရီအိပ်စက် အနားယူပါက ကျန်းမာရေးဒဏ် အန္တရာယ်ကိုလျော့ပါးစေနိုင်သည် ဟုကျန်းမာရေးသုတေသီများက ပြောကြားလိုက်သည်။ ထို့ပြင်နာရီ အနည်းငယ်သာ အိပ်စက်ပါက ကျန်းမာရေးထိခိုက်မှု နှစ်ဆခန့်ပို ၍ဖြစ်ပွားနိုင်သည်ဟုလည်း သတိ ပေးပြောကြားလိုက်သည်။ ယခင် ကအိပ်ရေးဝအောင်အိပ်စက်ခြင်း သည် အလုပ်အနားယူချိန်နှင့် မိ သားစုအရေးတို့ကို စီမံခန့်ခွဲရာတွင် အခက်တွေ့စေနိုင်သည်ဟု ယူဆ ခဲ့ကြခြင်းကို ယခုတွေ့ရှိချက်က ပြောင်းပြန်လှန်ပစ်လိုက်ခြင်းပင် ဖြစ်သည်။ ကာလကြာရှည်ပြုလုပ် ခဲ့သော လေ့လာမှုများအရ တစ်နေ့ ငါးနာရီအောက်အိပ်စက်သူများ သည်လည်း အန္တရာယ်ရှိသည်ဟု သတိပေးလိုက်သည်။ တစ်ညလျှင် ရှစ်နာရီထက် အိပ်စက်သူများ သည်သူတို့အမူအကျင့်များကို မ ပြောင်းလဲပါက သေဆုံးရန်နှစ်ဆ ခန့်အန္တရာယ်ရှိသည်ဟု သတိပေး ခဲ့သည်။ လေ့လာမှုကို ကော်လံဖြူ အလုပ်သမားအများစုပါဝင်သော လူ ၁၀,၃၀၈ ယောက်တွင် အိပ် စက်ခြင်းပုံစံသည် သေဆုံးနှုန်းကို မည်သို့သက်ရောက်မှုရှိသည်ကို လေ့လာကြခြင်းဖြစ်သည်။ လေ့လာ သူများက ၁၉၈၅-၈၈ ခုနှစ်မှအ ချက်အလက်များနှင့် ၁၉၉၂-၉၃ ခု နှစ်တွင် လေ့လာခံရသူမည်မျှအ သက်ရှင်ရစ်သည်ကို နှိုင်းယှဉ်လေ့ လာခဲ့ခြင်းဖြင့် ယခုကဲ့သို့သိရှိရ ခြင်းဖြစ်သည်။ လေ့လာသူများက အသက်အရွယ်၊ ဆေးလိပ်သောက် သုံးခြင်း၊ မမာမကျန်းဖြစ်ခြင်းကဲ့သို့ တခြားနှိုင်းယှဉ်စရာများကိုလည်း ဂရုတစိုက်ခွဲထုတ်ပြီး၊ အိပ်စက်ခြင်း ပုံစံကိုသာသီးခြား လေ့လာခဲ့ကြခြင်း ဖြစ်သည်။ ၀ါးဝှစ်တက္ကသိုလ်မှ ပါ မောက္ခဖရန်စက်ကိုကာပူစီယိုက ““စက်မှုနိုင်ငံတွေမှာ အိပ်ချိန်နည်း ပါးတာနဲ့အိပ်ပျော်စဉ် အနှောက်အ ယှက်ကြုံရမှုတွေဟာ ကျယ်ကျယ် ပြန့်ပြန့်ဖြစ်ပွားနေကြပါတယ်”” ဟု ပြောကြားခဲ့သည်။ သူက ၎င်းင်းတွေ့ ရှိချက်များက တစ်ညလျှင်ခုနစ်နာ ရီအိပ်စက်ခြင်းသည် အသင့်တော် ဆုံးဆိုသည်ကို ညွှန်ပြနေသည်ဟု ပြောကြားခဲ့သည်။