|
|
သမ်းဝေခြင်းသည် ရိုင်းပျသော အမူအရာဟု ထင်စရာရှိသော်လည်း အမှန်မှာမူ ခန္ဓာကိုယ်က နိုးနိုးကြား ကြားရှိ နေစေရန် အစွမ်း ကုန်ကြိုးစား လုပ်ဆောင်နေခြင်းသာ ဖြစ်သည်ဟု အမေရိကန်နိုင်ငံတွင် ပြုလုပ်ခဲ့သော သုတေသေနတစ်ခုက ဆို သည်။ သမ်းဝေလိုက်ခြင်းဖြင့် ဦးနှောက်သို့ လေအေးများ ရောက်ရှိသွားစေပြီး သမ်းဝေသူကို နိုးနိုးကြားကြားဖြစ်လာ စေရန် အထောက်အကူ ဖြစ်စေသည်ဟု ကျောင်းသား ၄၄ ဦးတို့ကို သုတေသန ပြုလုပ်ခဲ့သော စိတ္တဗေဒပညာရှင်များ က ကောက်ချက်ချ ပြောဆိုခဲ့သည်။ ထို့ကြောင့် သမ်းဝေခြင်းသည် အိပ်ချင်ငိုက်မျဉ်းခြင်းကို မြှင့်တင်ပေးခြင်း မဟုတ်ဘဲ နှောင့်နှေးကြန့်ကြာသွားစေ ခြင်းသာ ဖြစ်ကြောင်း "ဆင့်ကဲဖြစ်စဉ် ဆိုင်ရာ စိတ္တဗေဒပညာရပ်" လေ့လာ ချက်တစ်ရပ်က ဆိုသည်။ လူတစ်ဦးတစ်ယောက် သမ်းဝေ သည်ကို မြင်ရသောအခါ အခြားသူများကပါ သမ်းဝေလိုသည့်ဆန္ဒဖြစ်ပေါ် ခြင်းသည် အန္တရာယ်နှင့်ကြုံတွေ့ရချိန်တွင် အုပ်စုလိုက် နိုးနိုးကြားကြားရှိနေ စေရန် သဘာဝ၏လုပ်ဆောင်ချက် တစ်မျိုးပင် ဖြစ်သည်ဟု အဆိုပါ သုတေသနက ဆိုသည်။ လူတို့ သမ်းဝေခြင်းသည် အောက်ဆီဂျင်ကို လိုအပ်သောကြောင့်ဖြစ်သည်ဟု ယေဘုယျအထင်ရှိတတ်ကြသော် လည်း နယူးယော့ခ်မြို့ အယ်လ်ဘာနီ တက္ကသိုလ်မှ သုတေသနပညာရှင်များ၏ လေ့လာချက်အရမူ လူ၏သွေး အတွင်း အောက်ဆီဂျင်၊ သို့မဟုတ် ကာဗွန်ဒိုင်အောက်ဆိုက် အတက်အကျသည် သမ်းဝေခြင်းကို ဖြစ်ပေါ် စေခြင်း မရှိဟု တွေ့ ရှိရသည်။ နောက်တစ်ခါ သင်စကားပြောနေတုန်း နားထောင်နေသူတစ်ယောက် ယောက်က သမ်းဝေလိုက်တာကိုမြင်ရင် စိတ်မတိုပါနဲ့။ သူ့ခမျာ သင့်စကားကို အလေးထားနားထောင်နိုင်အောင် သူ့ရဲ့ခန္ဓာဗေဒယန္တရားကြီးက ကြိုးစား နေရှာတာပါ။ သမ်းဝေလိုက်သောအခါ ရှူသွင်း လိုက်သောလေကြောင့် ဦးနှောက်ကို အေးမြသွားစေပြီး ထိရောက်စွာအလုပ် လုပ်နိုင်စေရန် ကူညီလုပ်ဆောင်ပေးကြောင်း အထောက်အထားများအရ သိရှိရသည်။ ကျောင်းသား ၄၄ ဦးတို့အပေါ် သုတေသနပြု လေ့လာချက်အရ အခြားသူများ သမ်းဝေနေသည့်ဗီဒီယို ကို ကြည့်ရှု နေကြသည့် ကျောင်းသား များအနက် နှာခေါင်းဖြင့်အသက်ရှူသူ များသည် ပါးစပ်ဖြင့် အသက်ရှူသူများ ထက် သမ်းဝေရန် အလားအလာ ပိုမို နည်းပါးကြောင်း တွေ့ရှိရသည်။ ထိုသို့ဖြစ်ရခြင်းမှာ နှာခေါင်းပေါက် အတွင်းရှိ သွေးကြောများက အေးမြသော သွေးများကို ဦးနှောက်သို့ ပို့ဆောင် ပေးလိုက် ခြင်းကြောင့် ဖြစ်သည်ဟု သိရှိရသည်။ အလားတူပင် သမ်းဝေသည့်ဗီဒီယို ကြည့်နေသူများအနက် နဖူးပေါ် အအေးအိတ် တင်ထားသူများသည် အနွေးအိတ် တင် ထားသူများလောက် လိုက်ပါသမ်းဝေခြင်း မရှိကြောင်း တွေ့ ရသည်။ သမ်းဝေခြင်းသည် ဦးနှောက်အပူ ချိန်မြင့်တက်လာချိန်တွင်သာ ဖြစ်ပေါ် လာသည်ဖြစ်ရာ ဦးနှောက်သို့ သွေး အေး များ ပို့ လွှတ်ခြင်းဖြင့် စိတ်ပိုင်း ဆိုင်ရာလုပ်ဆောင်မှုများကို ပုံမှန် လုပ်ဆောင်နိုင်ရန် ထိန်းသိမ်းပေးနိုင် သည်ဟု အဆိုပါ သုတေသန စာတမ်း တွင် ဖော်ပြထားသည်။ ထို့ကြောင့် နောက်တစ်ခါ သင်စကားပြောနေစဉ် နားထောင်သူ တစ်ယောက်ယောက် သမ်းဝေတာ မြင်လျှင် စိတ် အနှောင့် အယှက်မဖြစ်ပါနှင့်။ |
Wednesday, November 14, 2007
သမ်းဝေတာကို အပြစ်မမြင်ပါနဲ့ စိတ်ဝင်စားမှုကို ပြနေတာပါ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment