Saturday, November 17, 2007

ဗီယက်နမ်တွင် အမြောက်ဆံပေါက်ကွဲ၊ ခုနှစ်ဦးသေဆုံး

ဟနွိုင်း နိုဝင်ဘာ ၁၆

ဗီယက်နမ်တောင်ပိုင်း ဘင်ဖူးပြည်နယ်တွင် အမြောက်ဆံပေါက်ကွဲမှုဖြစ်ပွားရာ ခုနှစ်ဦးသေဆုံးသွား ကြောင်း နိုဝင်ဘာ ၁၆ ရက်ထုတ် ဒေသခံလူငယ်သတင်းစာက ရေးသားသည်။

ဘင်လောင်ခရိုင်တွင် နိုဝင်ဘာ ၁၅ ရက်က အမြောက်ကျည်ဆံတစ်ခုကို အသက် (၄၂ ) နှစ်အရွယ် ရှိ ဖန်အန်တွန်ဆိုသူက လွှဖြင့်ဖြတ်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်သည်။ အခင်းဖြစ်ပွားရာနေရာ၌ သုံးဦးပွဲချင်းပြီးသေဆုံးသွားပြီး လေးဦးမှာဆေးရုံသို့အပို့ လမ်းတွင် သေဆုံးခြင်းဖြစ်သည်။

သေဆုံးသူများတွင် လွှဆွဲသူဖန်အန်တွန်မှလွဲလျှင် ကျန်ခြောက်ဦးမှာ အသက် (၅) နှစ်မှ (၁၈) နှစ်အ တွင်းရှိ လူငယ်များဖြစ်သည်။ ၄င်းတို့အားလုံးမှာ ဆွေမျိုးများဖြစ်သည်။

ဗီယက်နမ်စစ်ပွဲကာလအတွင်း အမေရိကန်က ဗီယက်နမ်မြေပေါ်တွင် ဗုံးနှင့် မိုင်းစုစုပေါင်းအလေးချိန် တန် ၁၅ သန်းကိုသုံးစွဲခဲ့သည်။ ယင်းတို့အနက် ၁၀ ရာခိုင်နှုန်းမှာ ယခုတိုင်အောင်ပေါက်ကွဲခြင်းမရှိ သေးဘဲ ကျန်ရှိနေသေးကြောင်း အမေရိကန်ရှိ ဗီယက်နမ်စစ်ပြန်အဖွဲ့မှ လာသော သတင်းအရသိရ သည်။

အမ်အင်အေ၊ ဆင်ဟွာ

No comments: