ပီတာရူရင်ဘော့ဂ်နှင့် အဲလ်ဘတ်ဖာ့တ်တို့သည် ipod တီထွင်မှုကို အစပျိုးစေခဲ့သည့် Magnetoresistance တွေ့ရှိခဲ့သဖြင့် ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆုချီးမြှင့်ခံရမည်ဟု သတင်းရရှိသည်။
ယင်းသိပ္ပံပညာရှင်နှစ်ဦးသည် hard disk ပေါ်တွင် data များကို ဖက်သည့်နည်းပညာ ကိုတိုးတက်အောင် ကြံဆောင်ရာတွင် ဂုဏ်ထူးဆောင် အဖြစ် အသိအမှတ်ပြုခြင်းခံရသည်။
ထိုနည်းပညာကြောင့် mp3 ကဲ့သို့သော ခေတ်ပေါ်ဇိမ်ခံပစ္စည်းများနှင့် laptop များ၏ အရည်အသွေးပိုမိုတိုးတက် လာခဲ့သည်။ ပီတာနှင့် အဲလ်ဘတ်တို့သည် ဆွီဒင်ငွေဆယ်သန်းကို အညီအမျှခွဲဝေယူကြရမည်။ ပီတာသည် အသက် ၆၉ နှစ်အရွယ်ရှိပြီး အဲလ်ဘတ်သည် အသက် ၆၈ နှစ်ရှိပြီဖြစ်သည်။
No comments:
Post a Comment