Wednesday, November 14, 2007

သတ္တမအကြိမ်မြောက် ကမ္ဘာ့ဆိုက်ဘာဂိမ်းပွဲတော် ကျင်းပမည်




ကမ္ဘာ့ဆိုက်ဘာဂိမ်းပြိုင်ပွဲကို အမေရိ ကန်နိုင်ငံ seattle မြို့တွင်ကျင်းပမည်ဖြစ် ရာ နိုင်ငံပေါင်းစုံမှ ဂိမ်မာ များတဖွဲဖွဲ ရောက်ရှိလာကြသည်။ ကမ္ဘာပေါ်တွင် ကျင်းပခဲ့သော ဂိမ်းပြိုင်ပွဲများအနက် အ ကြီးဆုံးပွဲတော်ဖြစ်လာနိုင်ဖွယ်ရှိသည်။ ကမ္ဘာ့ဂိမ်းပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ပွဲ တွင် ၀င်ရောက်ယှဉ်ပြိုင်ရန် အမေရိကန် အမျိုးသားအသင်းရွေးပွဲကို ယခုနှစ်စော စောပိုင်းက အော်လန်ဒိုမြို့တွင် ၃ရက် ကြာကျင်းပခဲ့သည်။ တောင်ကိုရီးယား၊ ဂျမေကာ၊ ပိုလန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန် နှင့် ကာဇက်ကစ္စတန်နိုင်ငံများအပါအ၀င် နိုင်ငံပေါင်း ၇၄ နိုင်ငံမှ ၇၀၀ ကျော်မှ ဂိမ်မာများသည် ဂိမ်း ၁၂ မျိုးကိုယှဉ် ပြိုင်မည်ဖြစ်သည်။ ဂိမ်း ၄ မျိုးကို Xbox 360 ဖြင့်ကစားမည်ဖြစ်ပြီး ကျန် ၈ မျိုးမှာ ဏဃ ဖြင့်ယှဉ်ပြိုင်ရမည် ဖြစ်သည်။လက်ရည်ကုန်ယှဉ်ပြိုင်ရမည့် ဂိမ်းများ တွင် StarCraft: Brood War, Half lifes Counter-Strike, FiFA Socur’07, Need for speed carbon, Gears of war များပါဝင်သည်။ ဂိမ်းများကို World Cyber Game Website မှတဆင့် gamer များနှင့် game ထုတ်လုပ်သူများ၏ သဘောထားကိုစစ်တမ်းကောက်ယူ၍ ထည့်သွင်းထားသည်။ ဆုကြေးငွေအ တွက်ဒေါ်လာငါးသိန်းသုံးစွဲရန်ရည်မှန်း ထားသည်။
World Cyber Game ကို 2001 ခုနှစ်တွင် အမေရိကန်၌စတင်ကျင်းပခဲ့ပြီး မနှစ်ကအီတလီတွင်ကျင်းပစဉ် ကမ္ဘာတစ် ၀ှမ်းမှ ပရိတ်သတ် ၂၄ သန်းခန့် Satellite မှတဆင့်ကြည့်ရှုအားပေးခဲ့ကြသည်။ ယခုနှစ်တွင်တရုတ်နှင့် ကိုရီးယားပရိတ် သတ်များကြောင့် ပရိတ်သတ်သန်း၃၀ ထိ တိုးလာနိုင်ပြီး ယခုပြိုင်ပွဲကို online မှ ကြည့်ရှုခံစားနိုင်မည်။

No comments: