Saturday, November 17, 2007

ယမ်းစိမ်းပါ အစားအစာများ ကြာရှည်စားက သွေးကင်ဆာဖြစ်ပွား နိုင်ပြီး အသည်းထိခိုက်နိုင်



အသားငါးများကို တာရှည်ခံစေရန် အထောက်အကူပစ္စည်းတစ်မျိုးဖြစ်သည့် ယမ်းစိမ်းပါဝင်သော
အစား အစာများကိုအချိန်ကာလကာရှည်စွာစားသုံးပါကသွေးကင်ဆာရောဂါဖြစ်ပွားစေနိုင်သည့်အပြင်
အသည်းကိုလည်းထိခိုက်ပျက်စီးစေနိုင်ကြောင်းလုပ်ငန်းခွင်ကျန်းမာရေးဌာနမှဒုတိယညွှန်ကြားရေးမှူး
ဦးသန်းထွဋ်ကပြောသည်။ “ယမ်းစိမ်းများတဲ့အစားအစာကို ကြာရှည် စွဲစွဲမြဲမြဲ နှစ်နဲ့ချီစားရင် သွေးကင်
ဆာဖြစ်တတ်တယ်။ယမ်းစိမ်းထည့်တဲ့ပမာဏကတော့တစ်နိုင်ငံနဲ့တစ်နိုင်ငံမတူဘူး။ ပါထိုက်တဲ့ပမာဏ
ထက် များရင်စားသုံးဖို့မသင့်ဘူး” ဟုအထက်ပါ ပုဂ္ဂိုလ်က 7Day News သို့ပြောသည်။ ယမ်းစိမ်းသည်
ဆားကဲ့သို့အရောင်အဆင်းနှင့် ပုံသဏ္ဍ္ဌန်ရှိပြီး ငါးပိ ငါးခြောက် ၀က်အူချောင်း ကြက်အူချောင်း အသား
ချောင်းများ ငါးလုံးများပြု လုပ်ရာတွင်တာ ရှည်ခံ့စေရန် အသုံးပြုသည့် ဓါတုပစ္စည်း တစ်မျိုးဖြစ်သည်။
“ကိုယ်စားတဲ့အစားအစာမှာ ယမ်းစိမ်း ပါဝင်မှုများတယ် မများဘူးဆိုတာ ဘယ်သူကထောက်ခံမှာလဲ။
ဘယ်လိုသိရမှာလဲ”ဟုအသားလုံးကြော်ကြိုက်နှစ်သက်သူတစ်ဦးကပြောသည်။ တချို့လုပ်ငန်းခွင်များ
တွင် လုပ်ငန်းခွင်သုံးယမ်းစိမ်းများကိုအရသာချိုသဖြင့်အဖျော်ရည်အဖြစ်ပြုလုပ်သောက်သုံးသူများပင်
ရှိကြောင်းစုံစမ်းသိရှိရသည် ဟုNOVEMBER 15,2007 7DAY NEWS တွင်ဖော်ပြထားပါသည်။

No comments: