သားသမီးကို နိုင်ငံခြားပို့ကျောင်းထားသည့်မိဘများ မိမိတို့သားသမီး ပျက်စီးနိုင်သည့်အရေးလည်း အာရုံထားစဉ်းစားရန်လို
Posted on Oct 11 07 - 12:50 PM | Hits : 6688 | Save as PDF
မိမိတို့သားသမီးများ နိုင်ငံတကာ အဆင့်မီပညာရေးရရှိရန် နိုင်ငံ တကာအဆင့် အသိအမြင်နှင့် ဗဟုသုတများတိုးပွားစေရန်နှင့် ၎င်းင်းတို့ အနာဂတ်ရေးဖြောင့်ဖြူး သာယာလှပစေရန် ရည်ရွယ်ချက် များဖြင့် ငွေကြေးများအကုန်အကျ ခံကာ နိုင်ငံခြားပို့ကျောင်းတက်စေ သည့် မိဘများအနေနှင့် မိမိတို့ မျက်ကွယ်တွင် သားသမီးတို့ ပျက် စီးနိုင်သည့်အရေးကိုလည်း ထည့် သွင်းစဉ်းစားသင့်ကြောင်း နိုင်ငံခြား ရောက် မြန်မာတချို့၏ပြောကြား ချက်များအရ သိရသည်။
မြန်မာကျောင်းသား၊ ကျောင်း သူများသည် အများအားဖြင့် စင်ကာပူ၊ ထိုင်းနှင့်မလေးရှားတို့ တွင် ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ သွားရောက်သင်ယူကြပြီး၊ အချို့ ကျောင်းသား၊ ကျောင်းသူများက အမေရိကနှင့် ဥရောပတွင် ဘွဲ့ကြို နှင့်ဘွဲ့လွန်ပညာများသွားရောက် သင်ယူကြသည်။
““ဟိုမှာတော့ မမြင်ချင်မှအ ဆုံးပဲ၊ ကိုယ့်မြန်မာမလေးတွေ၊ ကျောင်းသူလေးတွေ နေကြထိုင် ကြတဲ့ပုံစံက ပြောလို့မကောင်းဘူး။ မိဘကွယ်ရာလည်းဖြစ်၊ တစ် ယောက်တည်းလည်း နေရတော့ လွတ်လပ်ကြတာပေါ့””ဟု စင်ကာပူ တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာတစ်ဦးက မြန်မာနိုင်ငံသို့ ပြန်ရောက်ခိုက်မေးမြန်းကြည့်ရာ မှ ပြောကြားခြင်း ဖြစ်သည်။
““ကျွန်တော့်သမီးကိုတော့ အဲဒီမှာ ကျောင်းထားဖို့ မစဉ်းစား ဘူး၊ ဒီနေ့ခေတ်က နည်းပညာ ခေတ်လည်းဖြစ်တော့ လုပ်ချင်တိုင်း လုပ်နေလို့ရတယ်””ဟု ၎င်းင်းအမြင် နှင့် ဆုံးဖြတ်ချက်တစ်ခုကို ပြော သည်။
စင်ကာပူနိုင်ငံတွင် မြန်မာ ကျောင်းသားအများစုက ပိုလီတက္ကနစ်ကျောင်းတက်ကြပြီး၊ အချို့က စီးပွားရေး၊ စာရင်းကိုင်၊ သူနာပြု၊ ဟိုတယ်လုပ်ငန်းနှင့် စီမံ ခန့်ခွဲမှုဘာသာရပ်များကို လေ့လာ သင်ယူကြသည်။
စင်ကာပူရောက် ကျောင်း သားများအနက် ခန့်မှန်းချေအား ဖြင့် သုံးပုံတစ်ပုံသာ အနာဂတ်အ တွက် ပညာကြိုးစား၊ အခွင့်အရေး ရှာဖွေလုပ်ကိုင်ကြသော်လည်း အ များစုမှာ ပျော်ပျော်ပါးပါးရှိကြ ကြောင်း စင်ကာပူရောက် မြန်မာ များထံမှ စုံစမ်းသိရသည်။
““ကိုယ့်မှာ ကောင်မလေးမိတ် ဆွေသုံးယောက်ရှိတယ်။ နှစ် ယောက်က မြန်မာ၊ တစ်ယောက် က မဟာလာယူတဲ့သူပဲ””ဟု စင် ကာပူတွင် မည်နေရာအဖြစ် လုပ် ကိုင်နေသူ သက်လက်ပိုင်းမြန်မာ လူငယ်တစ်ဦးက ပြောသည်။
နိုင်ငံခြားရောက် မြန်မာအမျိုး သမီးများ မိခင်နိုင်ငံတွင် နေထိုင် စဉ်ကကဲ့သို့ မဟုတ်ဘဲ လွတ်လပ် စွာနေထိုင်ခြင်း၊ အပေါင်းအဖော် အမျိုးသားထားခြင်းတို့မှာ အားကိုး မှီခိုရာရှာထားခြင်းနှင့် စေးနှဲခြင်းတို့ ကြောင့်လည်း ဖြစ်နိုင်ကြောင်း အ ထက်ပါပုဂ္ဂိုလ်က သုံးသပ်သည်။
ထိုင်းနိုင်ငံမြို့တော် ဘန် ကောက်တွင် မဟာဘွဲ့များအတွက် ပညာသင်ယူနေသော မြန်မာ ကျောင်းသူအချို့ကလည်း တစ်ဦး တည်းနေထိုင်ရခြင်းဖြစ်သော ကြောင့် လွတ်လပ်မှုရှိကြောင်း၊ လုပ်ချင်ရာလုပ်နိုင်သော်လည်း မိမိ ကိုယ်ကိုထိန်းသိမ်းရကြောင်း၊ ကျောင်းစာများ များသဖြင့်စာအုပ် စာတမ်းများရှာဖွေရ၊ ဖတ်ရှုရ၊ ဆရာနှင့် ဆွေးနွေးရနှင့် အချိန် အားမရှိပါကြောင်း ပြောဆိုကြ သည်။
ပြည်ပသို့ ပညာသွားရောက် သင်ယူကြသူ အများစုမှာ မိမိတို့ ကိုယ်ပိုင်ငွေသို့မဟုတ် မိဘငွေဖြင့် သွားရောက်သင်ယူကြသူများ ဖြစ် ပြီး၊ အချို့ကသာ အဖွဲ့အစည်းအ ထောက်အပံ့၊ စကောလားရှစ် စသည့် အစီအစဉ်များဖြင့် သွား ရောက်သင်ယူကြခြင်း ဖြစ်သည်။
““မိဘက ပိုက်ဆံပေါနေလို့ အတွေ့အကြုံရအောင် အတွေးအ မြင်ကျယ်အောင် ပို့တယ်ဆိုရင် တောင် ကျောင်းသားတွေက ပေါ့ ပေါ့မနေသင့်ဘူး။ ပညာတွေတတ် အောင် သင်သင့်တယ်။ သူများ တွေမရတဲ့ အခွင့်အရေးကိုယ်ရနေ တယ်ဆိုတာကို အမြဲမမေ့ဘဲ ကိုယ် အတွက်၊ ကိုယ့်မိသာုးအတွက် နောက်ဆုံးကိုယ့်နိုင်ငံအတွက် အ ရင်ကထက် ပိုကောင်းအောင် လုပ် မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ကြိုးစား ရမယ်””ဟု နိုင်ငံတကာအတွေ့အ ကြုံရှိ လူလတ်ပိုင်းမြန်မာအမျိုး သားတစ်ဦးက ပြောသည်။
မိဘအချို့က သားသမီးနိုင်ငံ ခြားပို့ခြင်းမှာ မိမိမျက်စေ့ရှေ့တွင် သားသမီးပျက်စီးနေပါက မိမိ သိက္ခာကျနိုင်သဖြင့် မိမိမမြင်ကွယ် ရာတွင် ပျက်စီးနေဦးတော့ အများ မသိနိုင်ဟူသော ယူဆချက်ဖြင့် ပို့ နေခြင်းများလည်း ရှိသည်။
““သမီးကိုပြောထားတယ်။ ညည်းငါ့မျက်စေ့ရှေ့မှာတော့ မဟုတ်တာ မလုပ်နဲ့။ ရုတ်ရုတ် ရုတ်ရုတ်၊ ရှုပ်ရှုပ် ရှုပ်ရှုပ်လုပ်ချင် ရင် နိုင်ငံခြားသွား၊ ငါ့မမြင်ကွယ် ရာမှာ ညည်းဟာညည်း လုပ်ချင် တာလုပ်၊ ဖြစ်ချင်တာဖြစ်၊ ညည်း ဟာညည်းခံလို့ ပြောထားတယ်”” ဟု ဘွဲ့ရခေတ်ပညာခေတ် အမျိုး သမီးကြီးတစ်ဦးကလည်း ပြော သည်။
ကမ္ဘာပြုမှုဖြစ်စဉ် (ဂလိုဘယ် လိုက်ဇေးရှင်း)ကြောင့် မြန်မာအမျိုး သမီးများချည်း အတွေးအမြင်များ လိုက်ပါပြောင်းလဲလာပြီး လွတ် လပ်စွာပြောဆိုပြုမှု နေထိုင်ကြခြင်း မဟုတ်ပါ။ နိုင်ငံတကာရုပ်သံလိုင်း များမှ အစီအစဉ်များကိုကြည့်လျှင် မြန်မာ့အိမ်နီးချင်းနှင့် အာဆီယံအ ဖွဲ့ဝင် နိုင်ငံများဖြစ်သော ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားတို့မှ အနု ပညာရှင်တို့၏ ၀တ်စားဆင်ယင်ပုံ များ၊ သီဆိုဖျော်ဖြေသရုပ်ဆောင် ပုံများကို က်ြည့လျှင် ပြီးခဲ့သည့် ဆယ်စုနှစ်များ၏ ပုံစံများနှင့်များ စွာ ခြားနားလာသည်ကို တွေ့မြင် ရသည်။
မြန်မာပြည်တွင်း ပြသနေ သော ကိုရီးယားဇာတ်လမ်းတွဲများ မှလည်း ကိုရီးယားအမျိုးသမီးငယ် များ၏ လွတ်လပ်စွာနေထိုင်ပြုမှုပုံ များကို တွေ့မြင်ရသည်။
ရုရှနိုင်ငံတွင် ကျောင်းတက် ပြန်လာသော မြန်မာလူငယ်အမျိုး သားတစ်ဦးက ယခုကဲ့သို့ပြောသည်။
““ရုရှမတွေက သဘောကောင်း တယ်ဗျ၊ နယ်ဘက်က ကျောင်းလာ တက်တဲ့ ကျောင်းသူတွေဆို ကျောင်းတက်ဖို့ ငွေကြေးသိပ်အ ဆင်မပြေဘူး။ ကျွန်တော်တို့က တစ်ယောက်ခန်းတွေနဲ့ သီးခြားနေ ရတော့ ကိုယ်ကခေါ်ထားရတယ်။ သူတို့လည်း အဆောင်ခသက်သာ တော့ ၀မ်းသာ၊ ကိုယ်လည်း အဆင်ပြေတာပေါ့ဗျာ””ဟု ၎င်းင်းက ပြောသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment