ဥရောပ၏လေယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီ Airbus သည် မောရစ်ရှနိုင်ငံသို့ ရောင်းချမည့်၎င်း၏
A 330 လေယာဉ်ပျံအား စမ်းသပ် ပျံသန်းစဉ် ရုတ်တရက် လေယာဉ်တွင်း ဖိအား လျော့ကျမှု ပေါ်
ပေါက်၍ စည်းမျဉ်းဥပဒေအရ လေယာဉ်မှူးက လေယာဉ်ကို အောက်ဖက်သို့ ထိုးစိုက်ဆင်းလိုက်ရ
သည်။ ဤသို့ဖြင့် လေယာဉ်ပေါ် ပါလာသူ ၁၀ ဦးအနက် အချို့သည် လဲပြိုလုနီးပါး ဖြစ်ခဲ့ကြသည်။
အချို့ခရီးသည်များသည် ကျောရိုးထိခိုက်ဒဏ်ရာများရရှိ၍ အချို့သည်နားအတွင်းပိုင်းထိခိုက်ပျက်
စီးမှု ရှိခဲ့သဖြင့် လူခြောက်ဦးအား ဆေးရုံ တင်ကုသထားရသည်ဟု သက်ဆိုင်ရာမှ ထုတ်ဖေါ် ပြော
ဆိုသည်။ ၎င်းလေယာဉ်သည် ပြင်သစ်နိုင်ငံတူရူးမြို့ဘလက်နက်လေဆိပ်တွင်ကောင်းမွန်စွာဆင်း
သက်နိုင်ကြောင်းသိရှိရသည်။ (အေအက်ဖ်ပီ)
အမေရိကန်ရေဒါစခန်း ဖွင့်လှစ်ရန် စီစဉ်ထားမှု ချက်သမ္မတနိုင်ငံတွင် လူပေါင်းများစွာ ဆန္ဒပြ
ချက်သမ္မတနိုင်ငံတွင် အမေရိကန်က ရေဒါစခန်းဖွင့်လှစ်ရန် စီစဉ်ထားမှုကို ကန့်ကွက်သည့်အနေဖြင့် မြို့တော်ပရပ်တွင် စနေနေ့က လူပေါင်းရာပေါင်းများစွာ ဆန္ဒပြခဲ့ကြကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။
ချက်သမ္မတနိုင်ငံတွင် အမေရိကန်၏ ရေဒါစခန်းဖွင့်လှစ်ရန်သင့်၊ မသင့်ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပပေးရန် ဆန္ဒပြသူများက တောင်းဆိုကြသည်။ ရေဒါစခန်းဖွင့်လှစ်ရေးနှင့် ဆောင်ရွက်နေသော ညွှန်ပေါင်းအစိုးရအဖွဲ့၏ သဘောထားရပ်တည်ချက်ကို ဆန္ဒပြသူများက ကန့်ကွက်ခဲ့ကြသည်။ ပရပ်မြို့ရှိ ၀င်ချီဆလက် ရင်ပြင်၌ ကျင်းပသော ယင်းဆန္ဒပြပွဲကို ပြည်ပစစ်စခန်းများ ဆန့်ကျင်ရေးအုပ်စုက စီစဉ်ကျင်းပခြင်း ဖြစ်သည်။ ယင်းဆန္ဒပြပွဲတွင် အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများနှင့် ပါလီမန်အမတ်အချို့ ပါဝင်ခဲ့ကြသည်။ ချက်သမ္မတနိုင်ငံတွင် ဒုံးခွင်းဒုံးရေဒါအခြေစိုက် စခန်းတစ်ခုနှင့် ပိုလန်နိုင်ငံတွင် ဒုံးကျည် ကြားဖြတ်ဟန့်တားရေးစခန်း ဖွင့်လှစ်ရန် အမေရိကန်အစိုးရက ယခုနှစ်အစောပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။ ( အမ်အင်အေ၊ဆင်ဟွာ)
မက္ကဆီကိုတွင် ရေလွှမ်းမိုးမှုကြောင့် စိုက်ပျိုးရေးကဏ္ဍ၌ ပီဆိုငွေ ဘီလီယံ ၅၀ ခန့် ပျက်စီးဆုံးရှုံး
မက္ကဆီကိုနိုင်ငံ အရှေ့တောင်ပိုင်း တာဘာစကိုပြည်နယ်တွင် ရေလွှမ်းမိုးမှုကြောင့် ပီဆိုငွေ ဘီလီယံ ၅၀ (အမေရိကန် ဒေါ်လာငါးဘီလီယံ) ပျက်ဆီးဆုံးရှုံးခဲ့ရကြောင်း ပြည်နယ်အစိုးရအဖွဲ့က နိုဝင်ဘာ ၁၆ ရက်တွင် ပြောကြားသည်။ မက္ကဆီကိုနိုင်ငံသည် ဒေသတွင်း၌ စိုက်ပျိုးရေးလုပ်ငန်းများ အကြီးအကျယ် ပြုလုပ်သည့်နိုင်ငံဖြစ်သည်။ ရေလွှမ်းမိုးမှုများကြောင့် သင်္ဘောသီး၊ ငှက်ပျော်သီး၊ ကိုကိုးနှင့် ပြောင်းဖူးစိုက်ခင်းများ ပျက်စီးခဲ့ရကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတစ်ခုတည်းမှာပင် ပီဆိုငွေဘီလီယံ ၅၀ ဆုံးရှုံးရကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ရေလွှမ်းမိုးမှုကြောင့် တာဘာစကိုပြည်နယ် မြို့တော်ဗီလာဟာမိုဆာ တစ်မြို့တည်းမှာပင် စီးပွားရေးလုပ်ငန်းပေါင်း ၁၂၀၀၀ခန့် ထိခိုက်ခဲ့ရပြီး ပီဆိုငွေ ကိုးဘီလီယံကျော် ( အမေရိကန်ဒေါ်လာသန်း၉၀၀) တန်ဖိုးရှိ ကုန်သွယ်ရေးလုပ်ငန်းများ ထိခိုက်ခဲ့ရကြောင်း ကုန်သည်ကြီးများအသင်းက ပြောကြားသည်။ ရေလွှမ်းမိုးခဲ့သည့်နေရာဒေသများ၌ ရေကျဆင်းသွားသည့်အခါ ထိခိုက်ပျက်စီးမှုများကို ပိုမို၍ပင် တွေ့မြင်နိုင်ကြောင်း၊ အခြေခံအဆောက်အအုံလုပ်ငန်းများကဏ္ဍ၌ ပျက်စီးထိခိုက်မှုများ တိုးလာနိုင်ကြောင်း ပြည်နယ်တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယင်းပြည်နယ်တွင် ရေလွှမ်းမှုကြောင့် ပြည်သူတစ်သန်းခန့်မှာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း၊ ယင်းမှာ ပြည်နယ်လူဦးရေ၏ ထက်ဝက်နီးပါးပင်ဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရန်နီယာမယ်လိုက ပြောကြားသည်။ တာဘာစကိုပြည်နယ်တွင် အောက်တိုဘာ ၂၉ ရက်မှစ၍ ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့သည်။ အပူပိုင်းမုန်တိုင်းတိုက်ခတ်ခဲ့ပြီးနောက် နှစ်ပေါင်း ၅၀ အတွင်း အဆိုးရွားဆုံးသော မိုးသည်းထန်မှု ဖြစ်ပွားခဲ့သည်။ (အမ်အင်အေ၊ဆင်ဟွာ)
ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်နိုင်ငံစုံကော်ပိုရေးရှင်းများ(၁)
ယခုစာစုမှာ နိုဘယ်ဆုရ ဘောဂ ဗေဒပညာရှင် ‘ဂျိုးဇက်စတစ်ဂလစ်’ ၏ ယခုအချိန်ထိ နောက်ဆုံးစာအုပ် Making Globalization Work မှ ထုတ်နုတ်ဘာသာပြန်ဆိုထားခြင်းဖြစ် ပါသည်။
လက်ဝဲဝါဒီများနှင့်လက်ဝဲယိမ်း အယူအဆရှိသူများအနေနှင့်ကော်ပို ရေးရှင်းကြီးများနှင့်ပတ်သက်လျှင် အကောင်းမမြင်ကြသည်ကများပါ သည်။ လောဘကြီးသော၊ စာနာမှု ကင်းမဲ့သော၊ အမြတ်မှလွဲ၍ဘာကိုမှ တန်ဖိုးမထားကြသောအဖွဲ့အစည်းများ အနေနှင့်သာ ကြည့်မြင်ကြသည်က များသည်။ သူတို့ထင်မြင်ချက်မှာ လုံးဝမှားသည်တော့လည်းမဟုတ်ပါ။ မှန်သင့်သလောက် မှန်သည်ဟူ၍ဆိုရ မည်သာဖြစ်ပါသည်။
ဥပမာ-Nestle ကုမ္ပဏီဆိုပါစို့။ သူတို့ဖော်ထုတ်လိုက်သော နို့မှုန့်ဖော် မြူလာက မိခင်နို့တိုက်သည်ထက် ပို ကောင်းသည်ဟုထင်လာစေရန်တတိယ ကမ္ဘာမှ သားသည်အမေတွေကို ဖြား ယောင်းသွေးဆောင်နေသည်။Bech-tel ကုမ္ပဏီကလည်း အားကျမခံ။ ဗိုလစ်ဗီးယားနိုင်ငံ၏ရေသန့်လုပ်ငန်းကို ပုဂ္ဂလိကပိုင်ပြောင်းရန် ဆွယ်တရား ဟောလျက်ရှိသည်။ (ဤအတွက် ‘ရေ ငတ်ခြင်း’ (Thirst)အမည်ရှိ ဝါဒဖြန့် ချိရေး သတင်းမှတ်တမ်းကားပင်ရိုက် ကူးတင်ဆက်ခဲ့သေးသည်။) အမေရိ ကန် စီးကရက်ကုမ္ပဏီများကော ဘာ ထူးသနည်း။ ‘ဆေးလိပ်သောက်ခြင်း ဖြင့် ကျန်းမာရေးကိုထိခိုက်စေသည်ဆို သည်မှာ သိပ္ပံနည်းကျ အထောက် အထားမရှိ’ ဟူ၍ ဆေးလိပ်သမား တွေ မယုံယုံအောင် ဝါဒဖြန့်နေသည် မှာ ရာစုဝက်ပင်ကျော်ခဲ့ပြီဖြစ်သည်။ အလားတူ Monsanto စိုက်ပျိုးရေး ကုမ္ပဏီ၏လုပ်နည်းလုပ်ဟန်ကလည်း ပြောစမှတ်တွင်လောက်ပါပေသည်။ ဤကုမ္ပဏီက မျိုးစေ့တွေဖြန့်သည်။ သူတို့မျိုးစေ့တွေကိုစိုက်လျှင် အပင် ပေါက်ဖို့သေချာပါသည်။ သို့သော် ထိုသို့ပေါက်သောအပင်မှရသောမျိုးစေ့ ကမူ အပင်မပေါက်။ မပေါက်အောင် တမင်လုပ်ထားခြင်းဖြစ်သည်။ သို့ အတွက် ခြံသမား၊ ယာသမားတွေမှာ နှစ်စဉ် မျိုးစေ့ဝယ်နေရတော့သည်။ ဤသည်တို့ကား ယနေ့ ကမ္ဘာ့ဈေး ကွက်တွင် မတွေ့ချင်၊ မမြင်ချင်အဆုံး ဖြစ်နေသော ကော်ပိုရိတ်မဟာဗျူဟာ များထဲမှ အချို့မျှသာဖြစ်ပါသည်။
ဒီလိုနှင့် လူတော်တော်များများ အတွက် နိုင်ငံစုံကော်ပိုရေးရှင်းများမှာ ဂလိုဘယ်လိုက်ဇေးရှင်းအမှားတော်ပုံ ၏သင်္ကေတလိုဖြစ်လာရတော့သည်။ အဆိုပါ ကော်ပိုရေးရှင်းများသည်ပင် ပြဿနာ၏ရေသောက်မြစ်ဟုယူဆကြ သူတွေရှိသည်။ ပြောရလျှင် ဆိုခဲ့ပါ ကော်ပိုရေးရှင်းများမှာ ဖွံ့ဖြိုးဆဲနိုင်ငံ တော်တော်များများထက် ပို၍ချမ်း သာကြသည်မှာအမှန်ပင်ဖြစ်သည်။ ၂ဝဝ၄ခုနှစ် စာရင်းဇယားများအရ အမေရိကန်မော်တော်ကားကုမ္ပဏီ ဂျင်နရယ်မော်တော်၏အရပ်ရပ်ဝင် ငွေမှာ ဒေါ်လာ ၁၉၁ဒသမ၄ဘီလျံရှိ သည်။ နိုင်ငံပေါင်း ၁၄၈နိုင်ငံကျော် ၏ ဂျီဒီပီထက်ပိုများပါသည်။ အလား တူ ၂ဝဝ၅ခုနှစ် ဘဏ္ဍာရေးနှစ်အပိတ် တွင် အမေရိကန်လက်လီအရောင်း လုပ်ငန်း ‘ဝေါလ်မတ်’ ၏ဝင်ငွေမှာ ဒေါ်လာ ၂၈၅ဒသမ၂ဘီလျံရှိသည်။ ဆာဟာရတစ်ပိုင်း အာဖရိကနိုင်ငံ အားလုံး၏ဂျီဒီပီထက်ပိုပါသည်။
ဤကော်ပိုရေးရှင်းကြီးများမှာ ချမ်းသာရုံမျှမက နိုင်ငံရေးအရလည်း အလွန်ဩဇာကြီးသည်။ အကယ်၍ သက်ဆိုင်ရာအစိုးရက သူတို့မကြိုက် သောပုံစံဖြင့် အခွန်ကောက်မည် သို့မဟုတ် ထိန်းချုပ်မည်ဆိုလျှင် သူတို့ က အခြားနိုင်ငံတစ်ခုခုသို့ရွှေ့သွား မည်ဟူ၍ခြိမ်းခြောက်လေ့ရှိကြသည်။ သူတို့တစ်တွေကို ဝမ်းသာအားရလက် ကမ်းကြိုဆိုနေသည့်နိုင်ငံတွေကလည်း မနည်းမနောရှိနေသည်။ သူတို့ဆီမှရ နိုင်သောအခွန်တော်ဝင်ငွေ၊ အလုပ် အကိုင်နှင့်နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုကို မက်မောကြသောကြောင့် ဖြစ်ပါသည်။
အမှန်စင်စစ် ဘိဇနက်လုပ်ငန်း ဆိုသည်မှာ အမြတ်ကိုရှာဖွေကြရ သည်သာဖြစ်ပါသည်။ သို့အတွက် ကော်ပိုရေးရှင်းများ၏ပထမဦးစားပေး တာဝန်မှာ ငွေရှာရေးဟူ၍သာဆိုရပါ လိမ့်မည်။ မည်သည့်ကုမ္ပဏီမဆို အမြတ်များများ၊ ငွေများများရစေရန် ဥပဒေဘောင်အတွင်းမှဖြစ်သည့်နည်း ဖြင့်ကုန်ကျစရိတ်လျှော့ချဖို့ကြိုးစား ကြသည်သာဖြစ်သည်။ အခြေအနေ ပေး၍ အခွင့်အခါသင့်လျှင် အခွန် ရှောင်သည့်အလုပ်မျိုးလည်းလုပ်ကြဖို့ များပါသည်။ အချို့သောကုမ္ပဏီများ ဆိုလျှင် မိမိအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်စရိတ်ကိုပင် စေးနှဲတွန့်တိုစွာ တတ်နိုင်သမျှချွေတာ လေ့ရှိကြသည်။ မိမိလုပ်ငန်းကြောင့် ဖြစ်ပေါ်လာသောသဘာဝပတ်ဝန်း ကျင်ညစ်ညမ်းမှုအတွက်လည်း တာဝန် မယူလိုသည့်ကုမ္ပဏီတွေကအများစု ဖြစ်သည်။ မလွှဲသာ၍ တာဝန်ယူရ လျှင်လည်း အတတ်နိုင်ဆုံး၊ အနည်း ဆုံးတွင်သာကန့်သတ်ထားလိုကြသည်။ နိုင်ငံစုံကော်ပိုရေးရှင်းများကမူ ဤသို့ သော မလွှဲမရှောင်သာကုန်ကျစရိတ် များနှင့်ပတ်သက်လျှင် မိမိတို့လုပ်ငန်း လုပ်ကိုင်ရာဒေသခံတိုင်းပြည်၏အစိုးရ အပေါ်တွင်သာ ကျသမျှ ဒကာခံစေ တတ်သည်။
ဤသို့သော ခံတွင်းမတွေ့ချင် စရာတွေအပြည့်ရှိနေလင့်ကစား ဂလို ဘယ်လိုက်ဇေးရှင်း၏အကျိုးကျေးဇူး များကို ဖွံ့ဖြိုးဆဲနိုင်ငံများသို့သယ် ဆောင်ပေးရာတွင်လည်းကောင်း၊ ကမ္ဘာတစ်လွှားရှိ လူနေမှုအဆင့်များ မြင့်မားစေရေးအတွက်ကူညီဖြည့်ဆည်း ရာတွင်သော်လည်းကောင်း ဆိုခဲ့ပါ ကော်ပိုရေးရှင်းကြီးများမှာ ဗဟိုအချက် အချာအခန်းမှ ပါဝင်လျက်ရှိနေပြန် သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှကုန်စည် များကို ရှေ့တန်းရောက် စက်မှုနိုင်ငံ များ၏ဈေးကွက်သို့ရောက်အောင် ၎င်းတို့ကပင်ဆောင်ကြဉ်းပေးကြသည်။ နိုင်ငံတကာမှ စားသုံးသူတွေ ဘာကို အာသီသရှိနေကြသည်ဆိုသည်ကို ဖွံ့ ဖြိုးဆဲနိုင်ငံမှ ထုတ်လုပ်သူတွေသိ အောင် အချိန်နှင့်တစ်ပြေးညီသတင်း ပေးနေကြသည်မှာလည်း သူတို့တစ် တွေပင်ဖြစ်သည်။
ပြောရလျှင် ဤမျှမကပါ။ ရှေ့ တန်းရောက် စက်မှုနိုင်ငံများမှ ဖွံ့ဖြိုး ဆဲနိုင်ငံများသို့ တက္ကနိုလိုဂျီလွှဲပြောင်း ပေးရာတွင်လည်း အဆိုပါကော်ပိုရေး ရှင်းတွေမှာ ကိုယ်စားလှယ်အေးဂျင့် တွေဖြစ်နေသည်။ ဤနည်းဖြင့် ဖွံ့ဖြိုး ပြီးနှင့်ဖွံ့ဖြိုးဆဲနိုင်ငံများကြား ပညာ ကွာဟမှုကိုတံတားခင်းပေးသည်။ ထို့ ပြင် နှစ်စဉ် ဒေါ်လာ ၂ဝဝဘီလျံဝန်း ကျင် တန်ဖိုးရှိသော နိုင်ငံခြားတိုက် ရိုက်ရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုးဆဲနိုင်ငံ များသို့ရောက်လာစေရန်လည်း ၎င်း တို့ကပင် အောင်သွယ်ပေးလျက်ရှိ သည်။ ဤနည်းဖြင့် ဖွံ့ဖြိုးပြီးနှင့်ဖွံ့ဖြိုး ဆဲနိုင်ငံများကြား အရင်းအနှီးကွက် လပ်ကြီးကိုဖြည့်ဆည်းပေးရာရောက် သည်။ ဆိုခဲ့ပါ ကော်ပိုရေးရှင်းများက ပင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အလုပ် အကိုင်များနှင့်စီးပွားရေးတိုးတက်မှုကို ဆောင်ယူပေးသလို ဖွံ့ဖြိုးပြီးနိုင်ငံများ မှ စားသုံးသူများအတွက်လည်း အရည်အသွေးမြင့်မားပြီး ဈေးနှုန်းချို သာသော ကုန်ပစ္စည်းတွေထောက်ပံ့ ပေးလျက်ရှိသည်။ ဤနည်းဖြင့် ဖွံ့ဖြိုး ပြီးနိုင်ငံများတွင် လူမှုစရိတ်လျော့ကျ စေပြီး ငွေကြေးဖောင်းပွမှုနှင့်အတိုးနှုန်း ကိုထိန်းပေးရာရောက်စေသည်။ ဒီလို နှင့် ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကိုလည်း ကျေးဇူးပြုရာရောက်ပါသည်။
ဆိုခဲ့ပါအတိုင်း နိုင်ငံစုံကော်ပို ရေးရှင်းများမှာ ဂလိုဘယ်လိုက်ဇေး ရှင်း၏အချက်အချာခန်းတွင် ပါဝင် အသုံးတော်ခံနေကြသည်ဖြစ်ရာ ဂလို ဘယ်လိုက်ဇေးရှင်း၏ဆိုးကျိုးများ အတွက် ၎င်းတို့ကိုအပြစ်ဖို့ရမှာဖြစ် သလို အောင်မြင်မှုများအတွက်လည်း ၎င်းတို့ကိုပင် အမှတ်ပေးကြရမည်ဖြစ် ပါသည်။ အမှန်စင်စစ် တကယ့် ပြဿနာမှာ ဂလိုဘယ်လိုက်ဇေးရှင်း အပေါ် အကောင်း၊ အဆိုး၊ အမှား၊ အမှန်သရုပ်ခွဲရန်ဖြစ်နေကြဖို့မဟုတ်ပါ။ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်ကြီး တစ်ခုလုံးကို လက်ရှိအခြေအနေထက် ပိုကောင်းအောင် ပြန်လည်ပုံသွင်းယူ နိုင်ကြဖို့ဖြစ်ပါသည်။ ယခု နိုင်ငံစုံ ကော်ပိုရေးရှင်းများနှင့်ပတ်သက်သော ပြဿနာတွင်လည်း ဤအတိုင်းပင် ဖြစ်ပါသည်။ ၎င်းတို့၏ဆိုးကွက်တွေကို အနိမ့်ဆုံး၊ အနည်းဆုံးဖြစ်စေပြီး ကောင်းကွက်တွေကို အမြင့်ဆုံး၊ အများဆုံးဖြစ်စေရန် ပြုပြင်ပြောင်းလဲ ကြဖို့ဖြစ်ပါသည်။
ဆက်လက်ဖော်ပြပါမည်နယူးယောက်မြို့တွင် အစာငတ်မွတ်မှု တိုးပွားနေ
၁.၃သန်းကျော်လူဦးရေရှိသည့် နယူးယောက်မြို့တွင် လူ၆ဦးတွင် တစ်ဦးမှာ လုံလောက်သော
အစာအဟာရ ၀ယ်ယူစားသုံးရန် မတတ်နိုင်ဖြစ်နေသည်ဟု ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အဖွဲ့က
ပြောကြားလိုက်သည်။ နယူးယောက်မြို့ငတ်မွတ်မှုဆန့်ကျင်ရေး ပူးပေါင်းဆောင်ရွက်သည့်အဖွဲ့က
၂၀၀၇ခုနှစ်အတွင်းတွင်အစိုးရရိက္ခာထောက်ပံ့ရေးဌာနများမှပေးဝေသည့်အစားအစာများပေါ်တွင်
မှီခိုနေရသည့်လူဦးရေမှာ ၂၀ရာခိုင်နှုန်းတိုးလာသည်ဟု ပြောဆိုသည်။ အချို့စားနပ်ရိက္ခာပေးဝေ
သည့်နေရာများတွင် အစားအစာ မလုံလောက်မှုများ ရှိနေသည်။ ဤကဲ့သို့ဖြစ်ရခြင်းမှာ အစိုးရက
ရိက္ခာအကူအညီဖြတ်တောက်ပစ်ခြင်းနှင့် ဆင်းရဲမွဲတေမှု ပိုတိုးလာခြင်းကြောင့် ဖြစ်သည်။လာမည့်
ကျေးဇူးတော်ပွဲအတွက်ဝေပေးရန် ကြက်ဆင်အလုံအလောက် မရှိပေ။ စီးပွားရေးကောင်းမွန်သည့်
၂၀၀၆ခုနှစ်တွင်ပင်အစားအစာမလုံလောက်မှုရှိနေခဲ့ရာယခုနှစ်စီးပွားရေးအခြေအနေဆိုးမှုကြောင့်
ပိုမိုဆိုးဝါးလာသည်။ အမေရိကန် စိုက်ပျိုးရေးဌာနက ၂၀၀၆ခုနှစ်အတွင်းတွင် တိုင်းပြည်တစ်ခုလုံး
တွင် အိမ်ထောင်စုပေါင်း ၁၂.၆သန်း၊လူဦးရေသန်း၃၀ကျော်ခန့်(တစ်တိုင်းပြည်လုံး၏ လူဦးရေ ၁၀
ရာခိုင်နှုန်း) မှာ အစားအစာအလုံအလောက်မရရှိခဲ့ဟုဖေါ်ပြသည်။
No comments:
Post a Comment