ကျော်ဝင်း
(ယခင်အပတ်မှအဆက်)
ဈေးကွက်ကို မည်သည့်ထိန်းချုပ် မှုမှမလုပ်ဘဲ သူ့သဘောသဘာဝ အတိုင်း လွှတ်ထားလိုက်လျှင် သုတေ သနကဲ့သို့သောအရာများသို့အနည်း ငယ်မျှသာဦးတည်နိုင်ပြီး သဘာဝပတ် ဝန်းကျင်ယိုယွင်းမှုလိုအရာများဆီသို့မူ ပို၍များစွာဦးတည်သွားနိုင်ပါသည်။ လွန်ခဲ့သောနှစ်တစ်ရာအတွင်းပေါ်ထွက် ခဲ့သည့်လူထုရေးရာပေါ်လစီနှင့်စီးပွား ရေးသီအိုရီအများစုမှာ အဓိကဈေး ကွက်ပျက်ကွက်မှုများကိုဖော်ထုတ်ခဲ့ ကာ၎င်းတို့ကိုပြင်ဆင်ရန်အတွက်အထိ ရောက်ဆုံးနှင့် ကုန်ကျစရိတ် အသက် သာဆုံးနည်းလမ်းများကိုရှာဖွေစိစစ်ပြ ခဲ့ကြပါသည်။စည်းမျဉ်းစည်းကမ်းအရ ထိန်းချုပ်မှုများ၊ အခွန်ကောက်ခံခြင်း များနှင့်အစိုးရအသုံးစရိတ်များစသော နည်းလမ်းများဖြစ်သည်။
အလားတူ ခေတ်သစ်ဘောဂ ဗေဒပညာရပ်ကလည်း ကော်ပိုရေးရှင်း များအနေနှင့်တစ်ကြောင်းဆွဲစိတ်ဖြင့် အမြတ်ရရေးကိုသာ အမြင့်ဆုံးဦးတည် ချက်ထားလျှင် လူ့အဖွဲ့အစည်းတစ် ရပ်လုံးအကျိုးစီးပွားအတွက်အကောင်း ဆုံးဖြစ်နိုင်လိမ့်မည်မဟုတ်သည်ကိုဖော် ထုတ်ပြသခဲ့သည်။ စီးပွားရေးတစ်ခု လုံးထိထိရောက်ရောက်အောင်မြင်ဖို့ ဆိုလျှင် ကော်ပိုရေးရှင်းကြီးများတွင် မသေးငယ်လှသောတာဝန်ရှိသည်ဟု ဆိုရပါလိမ့်မည်။ ၎င်းတို့၏ပြုမူလုပ် ဆောင်ချက်များက ၎င်းတို့၏ဝန်ထမ်း များအပေါ်၊ သဘာဝပတ်ဝန်းကျင် အပေါ်၊ ၎င်းတို့လုပ်ငန်းဆောင်ရွက်ရာ ကွန်မြူနတီများအပေါ်သက်ရောက်မှု များရှိနေသည်ကို ထည့်သွင်းစဉ်းစား ကြရမည်ဖြစ်ပါသည်။
ပုဂ္ဂလိက(ကော်ပိုရိတ်)ကုန်ကျ စရိတ်နှင့်လူ့အဖွဲ့အစည်းတစ်ရပ်လုံးက တာဝန်ယူကြရသည့်ကုန်ကျစရိတ်တို့၏ မတူသောအကျိုးဆက်များကိုသဘာဝ ပတ်ဝန်းကျင်ဆိုင်ရာကိစ္စများတွင် တွေ့ နိုင်ပါသည်။ လေထုမညစ်ညမ်းစေ သောနည်းလမ်းများဖြင့်လျှပ်စစ်ဓာတ် အားထုတ်လုပ်ရန် သို့မဟုတ် ရေနံ သန့်စင်ရန်မှာ ငွေကုန်ကြေးကျ ပို၍ များပါလိမ့်မည်။ အလားတူပင် ရေထု မညစ်ညမ်းစေသည့်နည်းများဖြင့်အညစ် အကြေးများစွန့်ပစ်ရန် သို့မဟုတ်သတ္တု တူးဖော်ရန်မှာ ကုန်ကျစရိတ်ပိုများနိုင် ပါသည်။ဤကုန်ကျစရိတ်များကိုသက် ဆိုင်ရာကော်ပိုရေးရှင်းများက တာဝန် မယူလျှင်လူ့အဖွဲ့အစည်းတစ်ရပ်လုံးက တာဝန်ယူ ခေါင်းခံရတော့သည်။
ပြောရလျှင်ထိရောက်သောထိန်း ချုပ်ရေးဥပဒေများမရှိဘဲမည်သည့် ကော်ပိုရေးရှင်းကမှ အဆိုပါကုန်ကျ စရိတ်များကိုတာဝန်ယူကြသည်မဟုတ် ပါ။ အစိုးရက ဥပဒေအရ မထိန်းချုပ် သရွေ့၊ အရပ်ဘက်လူ့အဖွဲ့အစည်းမှ လာသော ဖိအားများနှင့်မရင်ဆိုင်ရ သရွေ့ ကော်ပိုရေးရှင်းအများစုမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ထည့်သွင်းစဉ်းစားခြင်းပင်မရှိကြပါ။ သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေ သော ဆိုခဲ့ပါနည်းလမ်းများမှာသူတို့ အတွက် မက်လုံးမဟုတ်ရုံမျှမက ကုန် ကျစရိတ်များစေသောကြောင့် ဖြစ်ပါ သည်။ သူတို့အတွက် အမှန်တကယ်ရှိ နေသောမက်လုံးမှာကုန်ကျစရိတ်သက် သာစေခြင်းပင်ဖြစ်သည်။ ဒီလိုနှင့် မိမိတို့အပါအဝင် ကုမ္ပဏီအစု ရှယ် ယာရှင်များအမြတ်များများရစေရေး အတွက် နည်းပေါင်းစုံအသုံးပြုပြီး ကြိုးပမ်းလာကြတော့သည်။
အမေရိကန်ပြည်ထောင်စုလို ရှေ့ တန်းရောက်ခေတ်မီသောနိုင်ငံများတွင် ပိုမိုသိမ်မွေ့ပြီး ပိုမိုထိရောက်သော နည်းလမ်းများကိုအသုံးပြုလာကြသည်။ အဓိကနိုင်ငံရေးပါတီကြီးများ၏ လှုပ် ရှားမှုများနှင့်ရွေးကောက်ပွဲမဲဆွယ်ပွဲ များတွင် ရန်ပုံငွေတွေ ဖောဖောသီသီ ထည့်ပြီး အဆိုပါနိုင်ငံရေးပါတီများကို မိမိတို့ခါးပိုက်ထဲသို့ထည့်သည့်နည်း ဖြစ်ပါသည်။ ဤနည်းက လမ်းတစ် လမ်းဖောက်လုပ်ရန်ကန်ထရိုက်စာချုပ် ချုပ်ရာတွင် ကုန်ကျစရိတ်ထက်ပိုပြပြီး ဝါးကြ၊ စားကြသည့်နည်းလိုပေါ်ပေါ် ထင်ထင်ကြီးမဟုတ်။ နိုင်ငံရေးသမား များကို အသုံးပြုပြီးကော်ပိုရိတ်အကျိုး စီးပွားဘက် အလေးသာစေမည့်ပေါ် လစီများချမှတ်စေခြင်းဖြစ်သည်။ ပေါ် လစီတစ်ရပ်မှာ ကော်ပိုရိတ်အကျိုးစီး ပွားဘက်အလေးသာသွားသည်နှင့်လူ့ အဖွဲ့အစည်းတစ်ရပ်လုံးအကျိုးစီးပွား နှင့်ပို၍ပို၍ဝေးသွားရတော့သည်။
အမေရိကန်ပြည်ထာင်စုရှိ နာ မည်ကြီးကော်ပိုရေးရှင်းကြီးများဖြစ်ကြ သော ဂျီအီး၊ မိုက်ခရိုဆော့ဖ်နှင့်ဒစ်စ နေအပါအဝင် ကုမ္ပဏီပေါင်း ၅၁ခုက ၁၉၉၁ခုနှစ်မှ ၂ဝဝ၁ခုနှစ်အတွင်း နိုင်ငံ ရေးပါတီများနှင့်လွှတ်တော်ကိုယ်စား လှယ်များအတွက် ကူညီပံ့ပိုးငွေမှာ ဒေါ်လာ၁၅ဝမီလျံရှိသည်ဟုသိရသည်။ ဤအတွက် ၎င်းတို့ပြန်ရခဲ့သည်မှာ ဒေါ်လာ၅ဒသမ၅ဘီလျံတန်ဖိုးရှိသော သုံးနှစ်အတွင်း အခွန်လွတ်ငြိမ်းခွင့်ဟု ဆိုပါသည်။ အလားတူပင်အမေရိကန် ဆေးဝါးကုမ္ပဏီကြီးများကလည်း၁၉၉၈ ခုနှစ်မှ ၂ဝဝ၄ခုနှစ်အတွင်း အတည်ပြု ချမှတ်ခဲ့သော ကွန်ဂရက် ဥပဒေမူ ကြမ်းပေါင်း ၁၄ဝဝတွင် ၎င်းတို့ဩဇာ သက်ရောက်မှုရှိစေရန် ဒေါ်လာ၇၅၉ သန်းမျှသုံးစွဲခဲ့သည်ဟုသိရသည်။ ‘လွှတ်တော်အတွင်းမဲဆွယ်ခြင်း’ (lob-bying)နှင့် ‘လွှတ်တော်တွင်းမဲဆွယ် သူများ’ (lobbyists)မွေးမြူရာတွင် ဆေးဝါးကုမ္ပဏီများမှာ ထိပ်ဆုံးအဆင့် တွင်ရှိသည်။ လွှတ်တော်တွင်းမဲဆွယ် သူပေါင်း ၃ဝဝဝ အထိမွေးမြူထားနိုင် သည်ဟုဆိုပါသည်။ ဤသို့သောရင်း နှီးမြှုပ်နှံမှုများကြောင့်ပင် အမေရိကန် ပြည်ထောင်စုအစိုးရကိုယ်တိုင်က နိုင်ငံ တကာကုန်သွယ်ရေးညှိနှိုင်းဆွေးနွေး ပွဲများတွင် ၎င်းတို့၏အကျိုးစီးပွားကို အထူးဦးစားပေးထည့်သွင်းထားခြင်း ဖြစ်ပါသည်။
အမေရိကန်စာရင်းစစ်ကုမ္ပဏီ ကြီးငါးခုကလည်း ၁၉၈၉ခုနှစ်နှင့် ၂ဝဝ၁ခုနှစ်အတွင်း လွှတ်တော်ကိုယ် စားလှယ်များနှင့်နိုင်ငံရေးပါတီများတွင် ဒေါ်လာ၂၉သန်းမျှထည့်ဝင်ကူညီထား သည်ဟုသိရသည်။ဤသည်၏အကျိုး ဆက်များကြောင့် အဆိုပါကုမ္ပဏီငါးခု မှာ တရားဝင်အကာအကွယ်များရနေ ခြင်းဖြစ်သည်။ ၂ဝဝ၁ခုနှစ် အာသာ အန်ဒါဆင်စာရင်းစစ်ကုမ္ပဏီကြီး၏ အရှုပ်တော်ပုံများပေါ်ထွက်မလာမီ အထိအဆိုပါအကာအကွယ်နှင့်အခွင့် အရေးများရနေခဲ့သည်ဟုဆိုပါသည်။
အဆိုပါအခွင့်ထူးခံကုမ္ပဏီကြီး များမှာ ကမ္ဘာပတ်လှုပ်ရှားနေသော ဂလိုဘယ်ကော်ပိုရေးရှင်းကြီးများဖြစ် ရာ ၎င်းတို့၏ကောင်းကျိုးဆိုးကျိုးများ မှာ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်ဒေသဆိုင်ရာ ကွန်မြူနတီများအပေါ်တွင်လည်းသက် ရောက်မှုရှိနေပါသည်။ ဤအချက်ကို ကော်ပိုရိတ်လောက၏အကောင်ကြီး ဟုဆိုကြသော ‘ဝေါမတ်’ လှုပ်ရှားရာ နိုင်ငံတိုင်းလောက်တွင်တွေ့နိုင်ပါသည်။ ဝေါမတ်မှာသက်ဆိုင်ရာဒေသခံကုမ္ပဏီ များကို အားနည်းချွတ်ခြုံကျသွားစေ ရန် တမင်ရည်ရွယ်သည်တော့မဟုတ် ပါ။ ၎င်း၏ရည်ရွယ်ချက်မှာဈေးနှုန်းချို သာစွာဖြင့် ကုန်ပစ္စည်းများဖြန့်ဖြူး ရောင်းချပေးဖို့သာဖြစ်ပါသည်။ ဤသို့ ဈေးနှုန်းချိုသာစွာရောင်းချနိုင်ခြင်းသည် ပင် ဝေါမတ်စတိုးဆိုင်များ၏အောင် မြင်မှုဖြစ်ပါသည်။
သို့နှင့်တိုင် ဝေါမတ်စတိုးဆိုင်များ ရောက်ရှိသည့်နိုင်ငံတိုင်းတွင်ဒေသခံ ဘိဇနက်လုပ်ငန်းလေးများမှာ ဝေါမတ် ကိုမယှဉ်နိုင်ဘဲလန်ကျကုန်ကြသည်က များသည်။ အဆိုပါ ဘိဇနက်လုပ်ငန်း လေးများမှာ သက်ဆိုင်ရာကွန်မြူနတီ များ၏ကျောရိုးများဖြစ်ရာ ဝေါမတ်၏ နင်းချေမှုကြောင့် ကျောရိုးကျိုးပဲ့သွား သည့်ကွန်မြူနတီတွေပေါ်ထွက်လာရ တော့သည်။ ဤသို့သောကွန်မြူနတီ အားနည်းမှုများက ရေရှည်တွင်တစ် နိုင်ငံလုံး၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကိုပါသိသိသာသာထိခိုက်စေပါသည်။ ဤသည်ပင် ဝေါမတ်ရောက်ရှိရာဖွံ့ဖြိုး ဆဲနိုင်ငံတိုင်းကြုံတွေ့နေရသည့်ပြဿနာ ဖြစ်ပါသည်။
ဆက်လက်ဖော်ပြပါမည်
No comments:
Post a Comment