Friday, November 30, 2007

စီးပွားရေးတိုးတက်မှုအတွက် အကြောင်းတရား ၇ ပါး

ဒေါက်တာမောင်မောင်စိုး(ဘောဂဗေဒ)

နိုင်ငံများတိုးတက်မှုအကြောင်းကို လေ့လာမည်ဆိုပါက အချို့နိုင်ငံများသည် သတ်မှတ်ထားသောကာလအတွင်းတွင် လူမှုစီးပွားရေးအခြေအနေများသည် လျင် မြန်စွာတိုးတက်လာသလို အချို့နိုင်ငံများ အနေဖြင့် စီးပွားရေးသည် ရှေ့လည်းမတိုး၊ နောက်လည်း မဆုတ်ဖြစ်နေသည်ကိုတွေ့ ပါသည်။ အချို့ဆိုလျှင် လူမှုစီးပွားရေး အခြေအနေသည်ယိုယွင်းပျက်စီးလာသည် အထိ တွေ့လာသည်။ ချမ်းသာတိုးတက် လာသော တိုင်းပြည်များအနေဖြင့်တစ်ဦး ကျဝင်ငွေလည်းမြင့်လာသလို ဝင်ငွေခွဲဝေ ဖြန့်ဖြူးမှုလည်း ကောင်းလာသည့်သဘော ကိုတွေ့ရှိရသည်။ သူတို့ကောင်းလာသော အခြေအနေကိုလေ့လာမည်ဆိုပါကစီးပွား ရေးတိုးတက်မှုအတွက်လိုအပ်သောအခြေ ခံ၇ချက်ကို ယေဘုယျအားဖြင့် သွားတွေ့ လေ့ရှိပါသည်။

ရေမြေသယံဇာတ ဆိုသည်မှာလည်း နိုင်ငံတိုင်းတွင် တည်ရှိကြသောသဘာဝ လက်ဆောင်များရှိနေကြသည့်တိုင် မည် သည့်အတွက်ကြောင့် ဆင်းရဲချမ်းသာကွာ ခြားရသည်ဆိုသောဆန်းစစ်မှုများမှာလည်း အဒမ်စမစ်လက်ထက်ကတည်းမှမေးခွန်း များသည် ယခုအချိန်အထိပင်ဖြစ်နေပါ သေးသည်။ နှစ်ပေါင်းနှစ်ရာကျော်သည့် တိုင် မရိုးနိုင်သောမဲပြာပုဆိုးမေးခွန်းမျိုးဖြစ် နေကြပါသေးသည်။ သို့သော်လည်း ဘောဂဗေဒသဘောတရားတွင် မေးခွန်း များရိုးနေသည့်တိုင် အဖြေကတော့အခြေ အနေပေါ်မူတည်ပြီး ကွဲပြားသောအဖြေ များရှိတတ်ကြပါသည်။ နိုင်ငံတိုင်းတွင် ရင်း နှီးမြှုပ်နှံမှုများလည်းရှိသည်။ နည်းပညာ ပိုင်းအရလည်း အချိန်ကာလနှင့်အညီလုပ် ဆောင်ကြစမြဲ။ သို့သော်လည်း အချိန် ကာလယန္တရားအတွင်းတွင် တိုင်းပြည်များ သည် အပြောင်းအလဲများလာကြသည်။ ဆင်းရဲရာမှချမ်းသာသွားသူလည်းရှိသည်။ ချမ်းသာရာမှဆင်းရဲသွားသူလည်းရှိသည်။ ချမ်းသာမြဲချမ်းသာသူလည်းရှိသည်။ ဆင်း ရဲမြဲဆင်းရဲသူတွေလည်းရှိသည်။

အကြောင်းရင်းစစ်ချက်အရ ယေဘုယျ ၇ချက်သွားတွေ့သည်။ ဆင်းရဲသောနိုင်ငံ တိုင်းတွင် ထိုအချက် ၇ချက်စလုံးသည် အားနည်းနေခြင်းမဟုတ်သလို ချမ်းသာ သောနိုင်ငံများတွင်လည်း ထိုအချက်၇ချက် စလုံး ပြည့်စုံနေသည်ကိုလည်းမတွေ့ရပါ။ သို့သော်လည်း ထို၇ချက်စလုံးနှင့်နီးစပ်စွာ ပြည့်စုံသွားသောနိုင်ငံများအနေဖြင့်စီးပွား ရေးတိုးတက်မှုပိုမိုကောင်းမွန်လာသည် ကား အသေအချာဖြစ်သည်။ ထိုအချက် ၇ချက်ကို တစ်ခုချင်း အသေးစိတ်မရေးခင် လိုအပ်နေသည့် ထိုအချက်များကိုတင်ပြ မည်ဆိုပါက

၁။ စနစ်ရှိသော စီးပွားရေးလုပ်ဆောင် ချက်များဖြစ်ရန် လိုအပ်ခြင်း။

စီးပွားရေးကိစ္စများသည် စနစ်ရှိရန် လိုအပ်ပါသည်။ စနစ်နှင့်ဆိုင်သောစီးပွား ရေးပြဿနာတွင် ပိုင်ဆိုင်မှုလည်းပါဝင်နေ ပါသည်။ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်များ၊ ကုန် အမှတ်တံဆိပ်ရပိုင်ခွင့်ပိုင်ဆိုင်မှုများစသည် တို့တွင် စနစ်ရှိရန်လိုသည်။ စနစ်သည် ကြီး ပွားလိုသူတိုင်းအတွက် လိုအပ်သည်။ မိမိ ကုန်အမှတ်တံဆိပ် သမိုင်းပျောက်မသွား ရန်အတွက်လည်းစနစ်လိုအပ်သည်။ စနစ် ကောင်းရန်လိုသည်ဟုဆိုသော်လည်းစနစ် ကောင်းကိုပင် အကောင်အထည်ဖော်ရာ တွင် အားနည်းမှုနှင့်အားသာမှုတို့အပေါ် အခြေခံပြီး စီးပွားရေးတိုးတက်မှုအတိုင်း အတာတစ်ခုဖြစ်ပေါ်လာမည်သာဖြစ်ပါ သည်။ ဗဟိုဦးစီးသောဈေးကွက်စီးပွားရေး ဖြစ်စေ၊ ဈေးကွက်စီးပွားရေးဖြစ်စေ၊ ပေါင်း စပ်စီးပွားရေးပင်ဖြစ်စေ၊ ပီပြင်သောစနစ် သည်ဈေးကွက်တွင်ရှိရမည်ဖြစ်သည်။

၂။ ဈေးကွက်စီးပွားရေးပီပြင်လိုလျှင် ပြိုင်ဆိုင်မှုရှိသောဈေးကွက်ကိုဖန်တီးပေး နိုင်ရမည်ဖြစ်သည်။

ချမ်းသာဖွံ့ဖြိုးသောနိုင်ငံများကို လေ့လာမည်ဆိုပါက ပြိုင်ဆိုင်မှုရှိသော ဈေးကွက်စီးပွားရေးပိုမိုဖန်တီးနိုင်သော အားရှိကြောင်းတွေ့ရှိနေရသည်။ စနစ် တကျတည်ဆောက်ထားသောဈေးကွက် စီးပွားရေးဘောင်အတွင်းတွင် လွတ်လပ် စွာပြိုင်ဆိုင်မှုရှိသောဈေးကွက်အခြေအနေ ပေးသည်နှင့်အမျှ စီးပွားရေးတိုးတက်မှု အခွင့်အလမ်းလည်းပိုများသော အခြေ အနေမျိုးကိုတွေ့ရှိရပါသည်။

၃။ ဈေးကွက်စီးပွားရေးလုပ်ဆောင် ချက်များနှင့်စီမံအုပ်ချုပ်မှုအနေအထား တို့လိုက်လျောညီထွေရှိရန်လိုသည်။

လက်ရှိထုတ်လုပ်ရောင်းဝယ်နေမှု အနေအထားများသည်။ စီမံအုပ်ချုပ်မှု ယန္တရားနှင့်လိုက်လျောညီထွေဖြစ်ရန်လို အပ်ပါသည်။လိုက်လျောညီထွေရှိသည်နှင့် အမျှ ဈေးကွက်စီးပွားရေးယန္တရားလည်း ပို ပီပြင်လာမှုရှိသည့်သဘောကိုဆိုလိုပါသည်။

၎။ စွမ်းဆောင်ရည်ရှိသော အရင်း အနှီးဈေးကွက်ဖန်တီးပေးနိုင်ရမည်ဖြစ် သည်။

စွမ်းဆောင်ရည်ရှိသော အရင်းအနှီး ဈေးကွက်ဆိုသည်မှာလည်း သုံးစွဲလိုက် သောအရင်းအနှီးတိုင်းသည် ကုန်ထုတ်စွမ်း အား(Productivity)ကိုမြင့်စေရမည်ဖြစ် သလို စွမ်းဆောင်ရည်(Efficiency)နှင့် ပြည့်ဝသောရင်းနှီးမြှုပ်နှံမှုလည်းဖြစ်စေမည့် အရင်းအနှီးဈေးကွက်များကိုခေါ်ဆိုခြင်း ဖြစ်သည်။

၅။ တည်ငြိမ်သော ငွေကြေးစနစ်ရှိရ မည်ဖြစ်သည်။

ငွေကြေးလည်ပတ်မှုစနစ်တည်ငြိမ် ရမည်ဆိုသည်မှာ ဝင်ငွေလည်ပတ်စီးဆင်း မှုသည် မှန်ကန်ပြီး ဘက်ညီသောစီးဆင်း မှုများရှိရမည်။ မှန်ကန်ပြီး ဘက်ညီသော စီးဆင်းမှုဖြစ်စေရန်မှာလည်း ကျင့်သုံး သောငွေကြေးပေါ်လစီနှင့်ဘဏ္ဍာရေးပေါ် လစီများအနေဖြင့် ထိရောက်မှုရှိရမည်ဖြစ် ပါသည်။

၆။ အခွန်ကောက်ခံမှုမှန်ကန်ရမည် ဖြစ်သည်။

အခွန်ကောက်ခံရာတွင် သွယ်ဝိုက် ခွန်နှင့်တိုက်ရိုက်ခွန်နှစ်မျိုးသာရှိသည်။ မည်သည့်အခွန်သည် သွယ်ဝိုက်ခွန်၊ မည် သည့်အခွန်သည် တိုက်ရိုက်ခွန်ဖြစ်သည် ကို သိထားခြင်းသည် အခွန်ကောက်ခံရာ တွင် ထိရောက်မှုရှိနိုင်ပါသည်။ ထိရောက် သော အခွန်ကောက်ခံခြင်းဆိုသည်မှာ လည်း အခွန်ပမာဏများများရရှိစေခြင်း မဟုတ်ပါ။ ပေးဆောင်သင့်သူပေးဆောင် သောအခွန်သည်သာလျှင်ထိရောက်သော အခွန်ကောက်ခံခြင်းပင်ဖြစ်သည်။

၇။ လွတ်လပ်သောကုန်သွယ်မှု ရှိရမည်။

လွတ်လပ်သောကုန်သွယ်မှုဆိုသည် မှာလည်း အနေအထားအမျိုးမျိုးရှိသည့် တိုင် အတိုင်းအတာဘောင်များရှိပါသည်။ ထိုသတ်မှတ်သော ဘောင်အတွင်းတွင် ကုန်သွယ်မှုပြုခြင်းကိုပင်လျှင် လွတ်လပ် သောကုန်သွယ်မှုဟုသတ်မှတ်ကြပါသည်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အကြောင်းတရား၇ပါးအကြောင်းကိုနောက် လာမည့်ဆောင်းပါးများတွင် တစ်ခုချင်း တင်ပြရန်ရှိပါသည်။ ထိုစီးပွားရေးတိုးတက် ရန်အကြောင်း ၇ပါးတွင်ပင် ထိုစီးပွားရေး အကြောင်း ၇ပါးနှင့်ပြည့်စုံလျှင် စီးပွားရေး တိုးတက်ဖွံ့ဖြိုးမည်လားဟူသောမေးခွန်း လည်းရှိလာပါလိမ့်မည်။ ထိုစီးပွားရေး အကြောင်းတရား၇ပါးနှင့်ပြည့်စုံမည်ဆို ပါက စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဟု ကျိန်းသေ ကံသေ၊ ကံမ ပြောနိုင်ပါသည်။ သို့သော်လည်း ထိုစီးပွားရေးတိုးတက်ရန် အတွက် အကြောင်းတရား၇ပါးအောင်မြင် အောင်ဆောင်ရွက်နိုင်ရန်အတွက်ပင်လျှင် အခြားသောဆက်နွှယ်မှုများလည်းလိုအပ် မည်ဖြစ်ပါသည်။ အကြောင်းမှာ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေး အကြောင်းအရာများ၊ ထုတ်လုပ်မှုများ၊ ရောင်းဝယ်ဖောက်ကားမှုသက်သက်ချည်း နှင့်တော့ တိုင်းပြည်စီးပွားရေးတိုးတက်လာ မည်မဟုတ်ပါ။ လူမှုရေး၊ နိုင်ငံရေး(အုပ် ချုပ်စီမံခန့်ခွဲရေး)များလည်း ပါဝင်နေသော ကြောင့်ဖြစ်သည်။ ထို့ကြောင့်လည်း လူမှု စီးပွားရေး(Socio-economics)ဟုခေါ် ကြခြင်းဖြစ်သည်။

စီးပွားရေးတိုးတက်မှုအကြောင်း တရား၇ပါးအတွက် ထောက်မထားသော နောက်ထပ်အကြောင်းတရားနှစ်ပါးလည်း ရှိပါသေးသည်။ ပထမအကြောင်းတရား များတွင် စီးပွားရေးတိုးတက်မှုနှင့်အစိုးရ အခန်းကဏ္ဍဖြစ်ပြီးဒုတိယအကြောင်းတရား ကား တစ်ဦးချင်းစီးပွားရေးလုပ်ဆောင် ချက်များပင်ဖြစ်သည်။ ပထမအကြောင်း တရားကို မက်ခရိုရှုထောင့်များ(Macro Aspects) ဟုခေါ်ကြပြီး ဒုတိယရှုထောင့် ကိုမိုက်ခရိုရှုထောင့်များ(Micro Aspects) ဟုခေါ်ကြသည်။ တိုင်းပြည်တစ်ပြည် အတွက် မက်ခရိုကအရေးကြီးလား၊ မိုက် ခရိုကအရေးကြီးလားဟုပြောလျှင် နှစ်ခု စလုံးအရေးကြီးသည်။ နှစ်ခုစလုံးအရေး ကြီးသည့်အပြင်တစ်ခုနဲ့တစ်ခုလည်းအမှီပြု ပြီး နေရသောသဘောရှိသည်။ တိုင်းပြည် စီးပွားရေးအကြောင်းပြောလျှင် တစ်ဦးချင်း စီးပွားရေးအကြောင်းသည် မပါမဖြစ် ပါရ မည်သာဖြစ်သည်။ ယင်းသည်ပင်လျှင် ဈေးကွက်စီးပွားရေးစနစ်၏သဘောတရား ပင်ဖြစ်တော့သည်။ တိုင်းပြည်စီးပွားရေး တိုးတက်ဖွံ့ဖြိုးသည်ဟုဆိုခြင်းမှာ တစ်ဦး တစ်ယောက်ချင်းစီတို့၏စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုအကြောင်းတရားပေါ်၌သာတည်မှီ နေခြင်းကြောင့်ဖြစ်သည်။ တစ်ဖန် တစ်ဦး တစ်ယောက်ချင်းစီတို့၏စီးပွားရေးတိုးတက် မှုများသည် သတ်မှတ်ထားသော ဘောင် အတွင်းမှသာတည်ရှိရမည်ဖြစ်သည်။ တစ် နည်းအားဖြင့်ပြောလျှင်စီးပွားရေးလုပ်ငန်း မှန်သမျှသည် ဥပဒေအတွင်းမှာပင် တည်ရှိ နေရမည်သာဖြစ်သည်။ ဈေးကွက်စီးပွား ရေးစနစ်၏ ဈေးကွက်အင်အားစုများသည် ရောင်းလိုအားနှင့်ဝယ်လိုအားတို့အပေါ် မူ တည်ပြီး ဈေးနှုန်းနှင့်မည်သည့် ကုန်စည်ကို မည်မျှထုတ်လုပ်ရန် ပြဋ္ဌာန်းသည်ဖြစ်စေ သတ်မှတ်ချက်ဘောင်များ၊ ဥပဒေများရှိ ကြမည်ဖြစ်သည်။ ယင်းသည် ယူဆချက် များ(Assumptions)ဟုသတ်မှတ်၍မရပါ။ လူမှုစီးပွားရေးတွင်မလွဲမသွေကြုံတွေ့လာ မည့်လက်တွေ့များဖြစ်လာကြမည်ဖြစ်သည်။ လူမှုစီးပွားရေးပြဿနာများ၏လက်တွေ့ ပြဿနာများကိုနားလည်တတ်စွာဖြေရှင်း နိုင်သူများကို Rational Thinking Powerများဟုလည်းခေါ်ကြသည်။ Ra-tional Thinking Power ရှိသူများသည် ဈေးကွက်စီးပွားရေးစနစ်တွင် တည်ငြိမ်စွာ စီးပွားရေးကိုလည်း လုပ်ဆောင်နိုင်သူများ အဖြစ် တွေ့ရှိနေရပါသည်။ စီးပွားရေးတိုး တက်မှု အကြောင်းတရား၇ပါးအောင်မြင် ရန်အတွက် အကြောင်းတရားများတို့သည် တစ်ခုနှင့်တစ်ခု ဆက်နွှယ်မှုရှိကြရာတွင် နားလည်ရန်အားနည်းသူအတွက် ဝင်္ကပါ (Maze or Labyrinth) အသွင် မြင်ရမည် ဖြစ်သော်လည်းနားလည်သူအတွက်တော့ အင်အားကောင်းသည့်ကွန်ရက်(Net-work)သဘောမျိုးတွေ့နိုင်ပါလိမ့်မည်။


ရာသီအကြို Women's Hardcourt Championships တင်းနစ်ပြိုင်ပွဲတွင် ဗိုင်ဒီဆိုဗာဝင်ရောက် ယှဉ်ပြိုင်မည်



ချက်တင်းနစ်မယ် ဗိုင်ဒီဆိုဗာသည် သြစတြေးလျနိုင်ငံ၌ လာမည့် ဒီဇင်ဘာ(၃၀)မှ ဇန်နဝါရီ(၅)ရက်နေ့အထိ ကျင်းပမည်
ဖြစ်သော Women's Hardcourt Championships တင်းနစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်းသိရသည်။ ဗိုင်
ဒီဆိုဗာသည် ယခုနှစ်အတွင်း ချန်ပီယံဆုဖလားတစ်ခုမှရယူနိုင်ခဲ့ခြင်းမရှိသော်လည်း ဂရင်းစလင်းပြိုင်ပွဲအချို့တွင်ကွာတား
နှင့် ဆီမီးဖိုင်နယ်အဆင့်များသို့ တက်ရောက်နိုင်ခဲ့သည်။ လက်ရှိတွင် ကမ္ဘာ့အဆင့်(၁၂)နေရာ၌ရပ်တည်နေသူ ဗိုင်ဒီဆိုဗာ
သည် ၎င်းပြိုင်ပွဲတွင် နိုင်ခြေအဆင့်ဆီဒင်(၁)ရကစားသမားအဖြစ်ဦးဆောင်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲသည် သြစတြေးလျ အိုးပင်းဂရင်းစလင်းပြိုင်ပွဲအကြိုကျင်းပသော ပြိုင်ပွဲတစ်ရပ်ဖြစ်ပြီး နာမည်ကြီးတင်းနစ်
မယ်အချို့ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ပြိုင်ပွဲကျင်းပရေးကောမတီမှ တရားဝင်ထုတ်ပြန်ခဲ့သည့်ကစားသမားစာရင်းတွင်
ဗိုင်ဒီဆိုဗာနှင့်အတူ ဆာဇီနာ(လက်ရှိချန်ပီယံ)နှင့်ဆာဇာဗီတို့ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ဆုကြေးငွေပေါင်းအမေရိကန်
ဒေါ်လာ(၁)သိန်းကျော်ချီးမြှင့်မည့် ၎င်းပြိုင်ပွဲတွင် ဗိုင်ဒီဆိုဗာက သူမ၏ ၂၀၀၈ ခုနှစ် ရာသီအဖွင့်အောင်မြင်မှုမဖြစ် ချန်ပီယံ
ဖြစ်ခွင့်ရရန်ပစ်မှတ်ထားလျက်ရှိကြောင်းသိရသည်။


No comments: