ဇနီးရှစ်ယောက်နှင့် သားသမီးခြောက်ဆယ်ကျော် ရှိပြီဖြစ်သော်လည်း န၀မမြောက်ဇနီးရှာဖွေနေသူ 25 Oct 2007 | 6:15 AM |
|
ရှာဟာဒက်၏ သားသမီးများအနက် အသက်အကြီးဆုံးမှာ ၃၇ နှစ်အရွယ်ရှိ ပြီဖြစ်ပြီး ၄င်းတို့မိသားစု၏ ဓာတ်ပုံကို အစ္စရေးနိုင်ငံထုတ် Yediot Ahronot သတင်းစာက မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြခဲ့သည်။ အဆိုပါဓာတ်ပုံထဲတွင် ရှာဟာဒက်သည် ဘီဒူအင်လူမျိုးစု၏ ရိုးရာဝတ်စုံကို ဆင်မြန်းထားပြီး ကလေးငယ်များ၏ ၀န်းရံခြင်း ခံထားရသည်။ Yediot သတင်းစာ၏ ဖော်ပြချက်အရ ရှာဟာဒက်အား ၄င်း၏မိသားစုကို ကျွေးမွေးနိုင်ရန်အတွက် အစ္စရေးအစိုးရက လစဉ်အမေရိကန်ဒေါ်လာ ၁၇၀၀ ထောက်ပံ့လျက် ရှိကြောင်းသိရသည်။ ရှာဟာဒက်၏ အဓိကစီးပွားရေးလုပ်ငန်းမှာ ကုလားအုတ်၊ ဆိတ်နှင့် နွားမွေးခြင်းဖြစ်သည်။ အစ္စရေးပြည်ထဲရေး ၀န်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ ရှာဟာဒက်၏သားသမီး ၅၃ ဦးမှာ အစ္စရေးနိုင်ငံသားအဖြစ် မှတ်ပုံတင်ခွင့်ရထားကြောင်း သိရသည်။ ရှာဟာဒက်၏ ကျန်သားသမီး ၁၄ ဦးမှာမူ ပါလက်စတိုင်း အမျိုးသမီးများနှင့် အိမ်ထောင်ကျပြီး အနောက်ဘက် ကမ်းခြေတွင် မွေးဖွားခဲ့ခြင်းကြောင့် အစ္စရေးနိုင်ငံသား ခံယူခွင့်မရချေ။ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ရှာဟာဒက်၏ ဇာတ်လမ်းသည် ဆင်းရဲသော ဘီဒူအင်ဒေသ၌ အမျိုးသမီးများအကြား စာတတ်မြောက်ရေးနှင့် ပညာရေး လုပ်ငန်းကို အရေးပေါ် တိုးမြှင့်လုပ်ဆောင်ရန် လိုနေသည်ကို ပြသနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ |
Friday, November 9, 2007
ကဲ.....အားမကျဘူးလား!
Subscribe to:
Post Comments (Atom)
No comments:
Post a Comment