Tuesday, November 27, 2007

ထိုင်းနိုင်ငံသတင်း

ထိုင်းအာဏာသိမ်းစစ်အစိုးရမှ ဖွဲ့စည်းပေးလိုက်သောယာယီဝန်ကြီးချုပ် ဆူလာယွန်ချူလာနွန်
အစိုးရသည် လာမည့် (၂၀၀၇)ခုနှစ်၊ ဒီဇင်ဘာလ(၂၃)ရက်နေ့တွင်အထွေထွေရွေးကောက်ပွဲကျင်း
ပပေးမည်ဖြစ်ကြောင်း၊ ၎င်းရွေးကောက်ပွဲတွင်နိုင်ငံရေးပါတီနှင့်အခြားပါတီအင်အားစုများစုစုပေါင်း
(၁၈)စုတို့မှ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး စိုင်အာဖီဆစ် ဆိုသူ ဦးဆောင်သောထိုင်းဒီမိုကရက်
တစ်ပါတီနှင့် ပြည်သူ့အင်အားပါတီတို့မှ ရွေးကောက်ပွဲအနိုင်ရရှိရေးအတွက်ငွေကြေးအမြောက်အ
များ အကုန်အကျခံကာ မဲဆွယ်စည်းရုံးလျှက်ရှိကြောင်း သတင်းရရှိပါသည်။
ထိုင်းနိုင်ငံ၌ ထိုင်းရတ်ထိုင်းပါတီဟောင်းမှ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် အာဏာရှိ
စဉ်က ၎င်းပိုင်ဆိုင်ခဲ့သောထိုင်းနိုင်ငံ၏တစ်ခုတည်းသော ဂြိုဟ်တုဆက်သွယ်ရေးလုပ်ငန်းဖြစ်သည့်
ဆင်း ကော်ပိုရေးရှင်း ရှယ်ယာများကို စင်္ကာပူနိုင်ငံသို့ ရောင်းချခဲ့ရာမှ ထိုင်းနိုင်ငံ ပြည်သူလူထု နှင့်
အတိုက်အခံ နိုင်ငံရေး ပါတီများက မကျေမနပ်ဖြစ်ကာ ကန့်ကွက် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ ကြသော
ကြောင့် ထိုင်းနိုင်ငံ စတင်မတည်ငြိမ်မှုများ ဖြစ်လာခဲ့ကြောင်း သတင်းရရှိပါသည်။
ထိုင်းနိုင်ငံရေးလောက၌ အာဏာသိမ်းမှုများသည် (၂၀)ကြိမ်မြောက် အာဏာသိမ်းမှုများဖြစ်ခဲ့
ရပြီး စစ်အာဏာသိမ်းအဖွဲ့ (ဒီမိုကရေစီဖော်ဆောင်ရေး ကောင်စီ) မှ ကတိများအား ထိုင်း ပြည်သူ
လူထုကို အသိပေးကြေညာခဲ့ရာ ၎င်းကြေညာချက်များအနေဖြင့် ဒီမိုကရေစီ ဖော်ဆောင်ရေးကော်
မတီမှ ကြားဖြတ်အစိုးရ အမြန်ဆုံးဖွဲ့စည်းပေးမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ခွဲထွက်
ရေးအဖွဲ့မှ တောင်းဆိုနေသည့် ပြည်နယ် (၃)ခုရှိ အစွန်းရောက် မူဆလင်များ၏ အကြမ်းဖက်လုပ်
ရပ်များ ပပျောက်သွားရန် အမြန်ဆုံး ဆောင်ရွက် ဖြေရှင်းပေးမည်ဖြစ်ကြောင်း၊ ကြားဖြတ်အစိုးရမှ
တစ်နှစ်အတွင်းရွေးကောက်ပွဲ ကျင်းပပြုလုပ်၍ ပြည်သူလူထုထံ အာဏာအပ်နှင်းမည် ဖြစ်ကြောင်း
စသည့်အချက်များကို ကတိပြုကြေညာခဲ့ကြောင်း၊ ကြားဖြတ်အစိုးရ၀န်ကြီးချုပ်ချူလာနွန်ဦးဆောင်
သော အစိုးရအဖွဲ့သည် ထိုင်းရတ်ထိုင်းပါတီအား ဖျက်သိမ်းခြင်းကို၎င်းပါတီမှအဓိကခေါင်းဆောင်
(၁၁၀)ဦးအား နိုင်ငံရေးမလုပ်ရန် ပိတ်ပင်ခြင်းနှင့် ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်အား တ
ရားစွဲဆိုခြင်းများ ပြုလုပ်လာခြင်းကြောင့် ထိုင်းရတ်ထိုင်းပါတီမှ ပါတီဝင်များမှာ မကျေမနပ်ဖြစ်ကာ
ယင်းပါတီဝင်များမှ `ပြည်သူ့အင်အားပါတီ´ဟု အမည်ပြောင်း၍ပြန်လည် တည်ထောင်ပြီးလာမည့်
ရွေးကောက်ပွဲတွင်ပါတီတစ်ခုတည်းအနေဖြင့်အစိုးရဖွဲ့နိုင်ရန်အပြင်းအထန်စည်းရုံးလျှက်ရှိကြောင်း
သတင်းရရှိပါသည်။
(၂၀၀၇)ခုနှစ် ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် ထိုင်းနိုင်ငံ၌ကျင်းပပြုလုပ်မည့် အထွေထွေ ရွေး
ကောက်ပွဲ၌ အမည် ပြောင်းထားသော ပြည်သူ့ အင်အားပါတီမှ မဲအပြတ်အသတ် အနိုင်ရပြီး ညွန့်
ပေါင်းအစိုးရ သို့မဟုတ် နိုင်ငံတော်အစိုးရ ဖွဲ့စည်းနိုင်ပါက ကြားဖြတ်အစိုးရ၀န်ကြီးချုပ် ချူလာနွန်
အစိုးရ လက်ထက်တွင် ပြဌါန်းခဲ့သော ထုတ်ပြန်ချက်အား ထိုင်းနိုင်ငံ၏ အခြေအနေ နှင့် လျှော်ညီ
သော ပြဌါန်းချက်များအားပြန်လည်ပြင်ဆင်ရေးဆွဲကာဥပဒေသစ်တစ်ရပ်သတ်မှတ်ထုတ်ပြန်သွား
မည်ဖြစ်ကြောင်း၊ အဓိကနိုင်ခြေရှိသည့် ထိုင်းဒီမိုကရက်တစ်ပါတီနှင့် ပြည်သူ့အင်အားပါတီ (၂) ခု
တွင် ထိုင်းဒီမိုကရက်တစ်ပါတီမှ အနိုင်ရရှိပါကထိုင်းနိုင်ငံအခြေအနေနှင့်ထိုင်းစစ်အစိုးရတို့အတွင်း
သဘောထားကွဲလွဲမှုများဖြစ်ပေါ်လာနိုင်ပြီး ပဋိပက္ခများဖြစ်လာကာထိုင်းနိုင်ငံရေးမတည်ငြိမ်မှုများ
ဆက်လက်ဖြစ်ပေါ်လာနိုင်ကြောင်း မဲဆောက်မြို့ရှိ နိုင်ငံရေး အသိုင်းအ၀ိုင်းမှပြောဆိုနေမှုအားသ
တင်းရရှိပါသည်။


အိန္ဒိယအစိုးရ၏ ဘတ်ဂျက်ကိုထိခိုက်လာသော လောင်စာဆီ



ကမ္ဘာ့ရေနံ ဈေးကွက်နှုန်းမြင့်တက်လာမှုကြောင့် အိန္ဒိယတွင်လည်းလောင်စာဆီ ဈေးနှုန်းများမြင့်တက်ခဲ့ရပြီး ယခုအခါတွင် ဆင်းရဲသားပြည်သူများသည် အစိုးရက ခွဲတမ်းဖြင့်အရှုံးခံရောင်းချပေးသောလောင်စာဆီများကို အဓိကအားထားနေရရာ၊ ယင်းမှာအချိန်ကြာလာလျှင်တိုင်းပြည်၏ဘက် ဂျတ်ကိုထိခိုက်စေလိမ့်မည် ဟုကျွမ်းကျင်သူ များကသုံးသပ်နေကြသည်။

အိန္ဒိယအစိုးရသည် ရေနံဆီ၊ ဒီဇယ်၊ ဓါတ်ဆီစသောလူသုံးများသည့်လောင်စာဆီများကို နိုင်ငံတကာပေါက်ဈေးထက်နိမ့်သော ဈေးနှုန်းဖြင့်အရှုံးခံရောင်းချပေးနေ ခြင်းဖြစ်ပြီးယခုအခါကမ္ဘာ့ရေနံစိမ်းမှာ တစ်စည်လျှင်ဒေါ်လာ ၁၀၀ ခန့်ဖြစ်ရန် တာစူနေရာ ရေရှည်တွင်အစိုးရနှင့်လောင်စာဆီကုမ္ပဏီများအဖို့အထူးထိခိုက်ဖွယ် ရှိနေသည်။ အိန္ဒိယအစိုးရပိုင်အိန္ဒိယရေနံကုမ္ပဏီသည် အစိုးရ၏အရှုံးခံကာခွဲတမ်း ဖြင့်ရောင်းပေးနေသည့်စနစ်ကြောင့်တစ်နေ့လျှင် ဒေါ်လာသန်း၁၅၀ခန့်ဆုံးရှုံးနေသည် ဟုခန့်မှန်းကြသည်။ အိန္ဒိယရေနံကုမ္ပဏီ ၏အကြီးအကဲ ဆာတက်ဘီဟူရီယာက “ ကျွန်တော်တို့ဟာ နှစ်ဆထိခိုက်ခံနေရပါတယ်။ ၀ယ်သူတွေကိုနိုင်ငံတကာပေါက် ဈေးနဲ့ဆီမရောင်းနိုင်ပါဘူး။ ပြီးတော့ ဒီလောင်စာဆီတွေကို ပင်လယ်ရပ်ခြားဈေး ကွက်တွေကပဲကျွန်တော်တို့ဝယ်ရတာပါ။ ဘာကြောင့်လဲဆိုတော့ကျွန်တော်ကို့သုံး စွဲနေတဲ့လောင်စာဆီရဲ့ခုနှစ်ဆယ်ရာနှုန်းက ပြည်ပကနေတင်သွင်းရတာမို့ပါ” ဟုဆိုခဲ့ သည်။

အိန္ဒိယသည် စီးပွားရေးဖွံ့ဖြိုးလာ သော်လည်းပြည်သူသန်း၃၀၀ခန့်မှာဆင်း ရဲမွဲတေမှုသတ်မှတ်ချက်မျဉ်းအောက်တွင် တစ်နေ့ပျမ်းမျှဝင်ငွေနှစ်ဒေါ်လာနှုန်းဖြင့် သာရှင်သန်နေရဆဲဖြစ်သည်ဟုခန့်မှန်း ကြသည်။ ထို့အပြင်အစိုးရသည်ဒီဇင်ဘာလတွင် ရွေးကောက်ပွဲကျင်းပရန်ရှိရာလောင်စာဆီဈေးများကိုမြှင့်တင်လိုက်ပါက နိုင်ငံ ရေးအရ လူကြိုက်နည်းမည်ဟုစိုးရိမ်မှုများ ရှိနေသည်။


ရွေးကောက်ပွဲဝင်မည့် ၀န်ကြီးချုပ်ဟောင်း န၀ပ်ရှရစ်ဖ်
ဝန်ကြီးချုပ်ဟောင်း န၀ပ်ရှရစ်ဖ် ပါကစ္စတန်သို့ပြန်လာပြီး ရွေးကောက်ပွဲဝင်မည်ဟုပြော




ယခင်ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း န၀ပ်ဇ်ရှရစ်ဖ်သည် ရှစ်နှစ်ကြာပြည်ပြေး ဘ၀နှင့်နေထိုင်ခဲ့ပြီးနောက် ပါကစ္စတန်သို့ ပြန်ရောက်လာခဲ့ပြီဖြစ်သည်။ မစ္စတာရှရစ် သည် ၁၉၉၉ တွင်လက်ရှိသမ္မတဗိုလ်ချုပ်ကြီး ပါဖက်မူရှာရက်ဖ် ၏ဖြုတ်ချခြင်းခံခဲ့ရသူဖြစ်ပြီး ဆော်ဒီတွင်တိမ်းရှောင်နေရာမှ ယနေ့တွင်လာဟိုသို့ပြန်ရောက်လာခဲ့ခြင်း ဖြစ်သည်။

ဌာနေသို့ပြန်ရောက်လာခဲ့သော မစ္စတာရှရစ်ဖ်သည် ယခုဖြစ်ပေါ်နေသော အရေးပေါ်အခြေအနေများအောက်တွင် လွတ်လပ်စွာတရားမျှတသောရွေးကောက် ပွဲများကိုဖြစ်ပေါ်စေမည်မဟုတ်ကြောင်း ပြောခဲ့သည်။ အစောပိုင်းကလည်း၎င်းသည်ဘီဘီစီသို့မိုဘိုင်းဖုန်းဖြင့်သူသည်သမ္မတမူရှာရက်ဖ်နှင့်တွဲဖက်အလုပ်လုပ်ရန်မ ဖြစ်နိုင်ကြောင်း၊ မိမိ၏အဆုံးစွန်သော ရည်မှန်းချက်မှာ စစ်အုပ်ချုပ်ရေးအောက်မှပါကစ္စတန်ကိုလွတ်မြောက်စေရေးဖြစ်ကြောင်း လေယာဉ်ပေါ်မှပြောခဲ့သည်။ မစ္စတာရှရစ်ဖ်က“ကျွန်တော်ဒီမှာကျွန်တော်ရဲ့အခန်းကဏ္ဍကို ဖော်ဆောင်ရပါတယ်။ ပြီးတော့အာဏာရှင်စနစ်အောက်ကတိုင်းပြည်လွတ်မြောက် စေဖို့ ကိုယ်ပိုင်အားထုတ်မှုတွေကိုလည်း ဖန်တီးနေပါတယ်” ဟုဆိုခဲ့သည်။ သို့သော် ရှရစ်ဖ်သည် ၎င်း၏ပါတီက လက်ရှိသမ္မတ ကျင်းပမည့်ရွေးကောက်ပွဲများတွင်ဝင်ပြိုင် ရန်ရှိမရှိကိုမူ ပြောကြားရန်ငြင်းဆန်ခဲ့သည်။ဤကိစ္စမှာသူ၏ပါတီအပါအ၀င်အတိုက်အခံပါတီများ၏ မဟာမိတ်အဖွဲ့ကသာဆုံး ဖြတ်ချက်ချမည်ဟုဆိုခဲ့သည်။ လာဟိုလေဆိပ်တွင် မစ္စတာရှရစ်ဖ်အားထောက်ခံသူ များထဲမှအချို့ကိုရဲကထိန်းသိမ်းခဲ့သော်လည်း အခြေအနေမှာ၎င်းပထမအကြိမ်မြောက် စက်တင်ဘာလ ကပြန်လာစဉ်ကဲ့သို့ မတင်းမာဟုသိရသည်။အစိုးရအရာရှိများ ကဗိုလ်ချုပ်ကြီးမူရှာရက်ဖ်နှင့်မစ္စတာရှရစ် ဖ်တို့နားလည်မှုယူပြီးနောက်၎င်းကိုတိုင်း ပြည်သို့ပြန်လာခွင့်ပြုခဲ့ကြောင်းပြောခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း န၀ပ်ရှစ်ဖ်သည် ဇန်န၀ါရီ၆ရက်နေ့တွင်ကျင်းပမည့်ပါလီမန် ရွေးကောက်ပွဲဝင်မည်ဟု မျှော်လင့်ရပြီးအခြားအတိုက်အခံတစ်ဦးဖြစ်သူဘနာဇီယာ ဘူတိုမှာမူ ရွေးကောက်ပွဲကိုသပိတ်မှောက်ရန် အခြေအနေရှိနေသည်။လာဟိုမြို့တွင် မစ္စတာရှရစ်ဖ်၏ အပြန်ခရီးကြောင့်လုံခြုံ ရေးအထူးတင်းကြပ်ခဲ့သည်။ ပြီးခဲ့တဲ့လက ၀န်ကြီးချုပ်ဟောင်းတစ်ဦးဖြစ်သူဘနာဇီ ဘူတို၏အိမ်အပြန်ခရီးတွင်ကားဗုံးပေါက်ကွဲမှုနှစ်ခုကြောင့် လူ၁၃၀ထက်မနည်းသေဆုံးခဲ့ရသည်။


မယ်စကြ၀ဠာ မြန်မာနိုင်ငံသို့ လာမည်




၂၀၀၅ ခုနှစ်ရဲ့ မယ်စကြ၀ဠာ ဖြစ်တဲ့ ကနေဒါနိုင်ငံသူ အလှမယ် မစ္စ နာတာလီ ဂလီဘိုဗာဟာ မြန်မာလေညှင်း ကုမ္ပဏီ က ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ကျင်းပမယ့် ၂၀၀၇ ခုနှစ် နောင်းဟောင်း အလှမယ် ရွေးချယ်ပွဲ မှာ အကဲဖြတ် အမှတ်ပေးဖို့ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပါတယ်။

တတိယအကြိမ်မြောက် နောင်းဟောင်း အလှမယ် ရွေးချယ်တဲ့ ပြိုင်ပွဲကြီး မှာ မစ္စနာတာလီနဲ့အတူ အကဲဖြတ်ပေးဖို့ ထိုင်းအလှမယ် နှစ်ယောက် ကို လည်း ထပ်မံ ဖိတ်ကြားဦးမယ်လို့ မြန်မာ လေညှင်းကုမ္ပဏီက တာဝန် ရှိသူတစ်ဦးက ပြောပါတယ်။

ကနေဒါအလှမယ်နဲ့အတူ သူ့ရဲ့ချစ်သူ အသက် ၂၈ နှစ်အရွယ်ရှိ ထိုင်း လူမျိုး နာမည်ကျော် တင်းနစ်ကစားသမား ပါရာဒွန်ဆရီချာဖန်လည်း အတူ လိုက်ပါ လာမှာဖြစ်ပြီး သူတို့နှစ်ဦးဟာ မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်၊ နှစ်ရက်ကြာ နေထိုင်မယ်လို့ သိရပါ တယ်။

အသက် ၂၆ နှစ်အရွယ်ရှိ မစ္စ နာတာ လီ မြန်မာနိုင်ငံကို အခုလို လာရောက်တာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

မစ္စနာတာလီဟာ ၂၀၀၅ ခုနှစ် မေလ က ဘန်ကောက်မှာ ကျင်းပတဲ့ မယ်စကြာဝဠာပြိုင်ပွဲမှာ ကမ္ဘာတစ်ဝန်း က ပါဝင် ယှဉ်ပြိုင်သူ အလှမယ် ၄၈ ဦး အနက်က သရဖူဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး Ryerson University က ရရှိထားပါတယ်။ သူရေးသားတဲ့ 'Healthy Happy Beautiful' စာအုပ်ကို အခုနှစ် ဖေဖော်ဝါရီလက ထုတ်ဝေ ခဲ့ပါတယ်။

source:mmtime




ဆံပင်နဲ့ ပတ်သက်တဲ့ ကြားဖူးနားဝတွေ မှန်ရဲ့လား

တစ်နေ့ကို ကြိမ်ဖန်များစွာ ခေါင်းဖြီးရင် ဆံပင်ကျန်းမာသန်စွမ်းတယ် ထင်နေသလား။
ဆံပင်အဖျားတိတိပေးရင် ဆံပင်အရှည်မြန်တယ်ဆိုတာကော တကယ်ပဲလား။သင့်ဆံပင်
နဲ့ ပတ်သက်တဲ့ ကြားဖူးတဲ့အချက်တွေ မှန်ရဲ့လား။တကယ့်အမှန်တရားတွေကကောဘာ
လဲဆိုတာသိချင်ရင် ဒီဆောင်းပါးကို ဖတ်ကြည့်သင့်ပါတယ်။

၁။ ဆံပင်အဖျားတွေ တိတိပေးရင် ဆံပင်ရှည်နှုန်းမြန်စေသလား။
မဟုတ်ပါဘူး။ ဆံပင်အဖျားတိတိ၊ မတိတိဆံပင်အရှည်တစ်လကိုလက်မ၀က်လောက်
ပိုတိုးလာလေ့ရှိပါတယ်။ နွေရာသီမှာ ဆံပင်ရှည်နှုန်း ပိုမြန်တတ်ပါတယ်။ ဆံပင်တိပေးလို့
ပိုရှည်လာတာမဟုတ်ပါဘူး။ ဟော်မုန်း တွေကြောင့် ပါ။ ဆံပင်တိပေးခြင်းအားဖြင့် ဆံပင်
နှစ်ခွဖြစ်တာတွေကိုသာ ဖယ်ရှားပေးပြီး ဆံပင်ကျန်းမာ လှပစေနိုင်ပါတယ်။

၂။ စိတ်ဖိစီးမှုက ဆံပင်ပို ကျွတ်စေနိုင်သလား။
ဆံပင်တွေဟာအချိန်တိုင်းလိုလိုကျွတ်နေတတ်ပြီးပုံမှန်အနေနဲ့တစ်နေ့ကိုဆံပင်ပေါင်း
၅၀ မှ ၁၂၀ ချောင်းကြား ကျွတ်လေ့ရှိပါတယ်။သင့်ဘ၀အတွက် ကြီးကျယ်တဲ့ပြောင်းလဲ
မှုတွေ ( ဥပမာ - အိမ်ထောင် ပျိုကွဲခြင်း၊ အလုပ်ပြုတ်ခြင်း၊ ခွဲစိတ်ကုသမှု ခံယူခြင်း) တို့
ကြောင့် အလွန်အမင်း စိတ်ဖိစီးမှုခံနေရပါက ဆံပင်ပိုကျွတ်လာနိုင်ပါတယ်။ဆံပင်ကျွတ်
ရခြင်းရဲ့ တခြားအကြောင်းတွေကတော့ ကိုယ်ဝန်ဆောင်ခြင်းနဲ့ ပဋိဇီဝပိုးသတ်ဆေးတို့
ကြောင့်ပဲ ဖြစ်ပါတယ်။

၃။ ခေါင်းလျှော်ရည်တွေ ပြောင်းသုံးပေးရင် ဆံပင်ပို ကျန်းမာသန်စွမ်းလာနိုင်သလား။
ဆံပင်ရှည်တွေကတော့ ခေါင်းလျှော်ရည်တွေကိုဒီနေ့တစ်မျိုး၊နောက်နေ့တစ်မျိုးနဲ့ခဏ
ခဏပြောင်းသုံးတာကို အားမပေးပါဘူး။ သင်သုံးနေတဲ့ခေါင်းလျှော်ရည်နဲ့ အဆင်မပြေ
တာတွေ ( ဥပမာ - ဆံပင်ကျွတ်ခြင်း၊ ဗောက်ထခြင်း) ဖြစ်မှ တခြား တံဆိပ်ပြောင်းသုံး
သင့်ပါတယ်။ ဗောက်ထတတ်တဲ့ သူဆိုရင်လည်းဗောက်ပျောက်တဲ့ခေါင်းလျှော်ရည်ကို
တစ်ပတ်တစ်ခါ၊ နှစ်ပတ်တစ်ခါလောက်တော့ ပြောင်းသုံးသင့်ပါတယ်။ ပုံမှန်အနေနဲ့က
တော့ ကိုယ်နဲ့အဆင်ပြေတဲ့ ခေါင်းလျှော်ရည် တစ်မျိုးတည်းကိုသာ စွဲစွဲမြဲမြဲ သုံးသင့်ပါ
တယ်။

၎။ ဆံပင်ဖြူတစ်ချောင်းနှုတ်ရင် နောက်ထပ်ဆံပင်ဖြူ နှစ်ချောင်း၊သုံးချောင်းအစားထိုး
ပေါက်လာတတ်သလား။
မဟုတ်ဘူးဆိုပင်မယ့် ဆံပင်အဖြူကို ဆွဲနုတ်တာ မကောင်းတဲ့အကျင့်ပါ။ ဆံပင်အ
မြစ်တွေကို ဖျက်ဆီးလိုက်သလို ဖြစ်ပြီး ရောဂါပိုးတွေဝင်လာနိုင်ကာအမာရွတ်ကျန်စေ
နိုင်ပါတယ်။

၅။ ဆံလုံးသေးပြီးပါးတဲ့ ဆံပင်ကို ဆံပင်အုံထူအောင် လုပ်လို့ရသလား။
အမြင်အားဖြင့်တော့ အုံထူတဲ့ပုံစံဖြစ်အောင်တော့ အုံထူတဲ့ပုံစံဖြစ်အာင် လုပ်နိုင်ပါ
တယ်။ဆံပင်လိပ်တံနဲ့ အပူပေးကာ ဖွလိုက်ရင်ငါးမိနစ်အတွင်းဆံပင်အုံထူထူလေးဖြစ်
လာနိုင်ပါတယ်။

၆။ သန့်ရှင်းစင်ကြယ်တဲ့ ဆံပင်ရဖို့ ခေါင်းလျှော်ရာမှာ နှစ်ခါပြန်လျှော်သင့်သလား။
မလိုပါဘူး၊ ဆံပင်အနှံ့ ခေါင်းလျှော်ရည်ထည့်ကာ အသေအချာခေါင်းလျှော်လိုက်ရင်
တစ်ခါတည်းနဲ့ သန့်ရှင်းသွားပါလိမ့်မယ်။

၇။ ခေါင်းလျှော်ပြီး အရမ်းအေးတဲ့ ရေနဲ့ ဆေးချလိုက်ရင် ဆံပင်သား တောက်ပြောင်
သွားနိုင်သလား။
သင့်အနေနဲ့ အိပ်ချင်တော့ ပြေသွားပင်မယ့် ရေခဲရေနဲ့ဆံပင်သားတောက်ပြောင်
တာ အဆက်အစပ်မရှိဘူးလို့သာ ဆိုပါရစေ။

၈။ ဆံပင်နှစ်ခွကွဲတာ ပျောက်ဆေးရှိသလား။
ဆံပင် နှစ်ခွကွဲတာ မမြင်ချင်ရင် ညှပ်ပစ်ဖို့ပဲ ရှိပါတယ်။ ဆံပင်နှစ်ခွ ကွဲပြီးသားကို
ပျောက်အောင်လုပ်ဖို့ မဖြစ်နိုင်ပေမယ့်နှစ်ခွမကွဲအောင် ကာကွယ်လို့တော့ရပါတယ်။
ခြောက်သွေ့ပျက်စီးနေတဲ့ ဆံကေသာအတွက် ထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်
ကိုသာရွေးသုံးသင့်ပါတယ်။

၉။ ဆံပင် အရောင် ဆိုးခြင်းဟာ ဆံပင်ကို ပျက်စီးစေတဲ့ အဓိက အကြောင်း အရင်း
လား။
အခုနောက်ပိုင်း ထွက်ရှိလာတဲ့ ဆံပင်ဆိုးဆေးတွေဟာ သိပ်မပြင်းတော့ တဲ့အ
တွက် ဆံပင်အသားကို ထင်သလောက် မပျက်စီးစေနိုင်ပါဘူး။ ဆိုးဆေးအကောင်း
စားကို ရွေးသုံး ဖို့တော့လိုပါတယ်။ ဆံပင်ဆေးဆိုးတာ ထက်စာရင် ဖြောင့်တာတို့၊
ကောက်တာတို့ လုပ်တာက ဆံပင်ကို ပိုပျက်စီးစေပါတယ်။

၁၀။ နေ့စဉ် အကြိမ်တစ်ရာလောက် ခေါင်းဖြီးရင် ဆံပင်သန်စေနိုင်သလား။
မဟုတ်ပါဘူး။ ဆံပင်သပ်ရပ်နေအောင်ခေါင်းဖြီးသင့်ပါတယ်။ ဆံပင်သန်တာနဲ့
ဘာမီမဆိုင်ပါဘူး။ ခေါင်းအရမ်းဖြီးလွန်းမှ ဆံပင်တွေကိုအမြစ်ကနေ ဆွဲလိုက်သ
လိုဖြစ်ပြီး ဆံပင်အားတောင် နည်းသွားစေ နိုင်ပါတယ်ဟု Good Health ဂျာနယ်
တွင်ဖော်ပြထားပါသည်။



အဲဘတ်စ် ကုမ္ပဏီမှ ဂျက်လေယာဉ်အစင်း ၁၆၀ တရုတ်နိုင်ငံသို့ ရောင်းချရန် လက်မှတ်ရေးထိုး



တရုတ်နိုင်ငံသို့ ပထမဆုံး အကြိမ် အလည်အပတ် ခရီးလာရောက်သော ပြင်သစ်သမ္မတ ဆာ
ကိုဇီနှင့် အတူလိုက်ပါခဲ့သည့် အဲဘတ်စ်လေယာဉ် ကုမ္ပဏီ တာဝန်ရှိသူများက အမေရိကန်ဒေါ်လာ
၁၄.၈ ဘီလီယံတန်ဖိုးရှိ ခရီးသည်တင်ဂျက်လေယာဉ်အစင်း ၁၆၀ ကို တရုတ်နိုင်ငံသို့ ရောင်းချရန်
ဘေကျင်းမြို့တွင် တနင်္လာနေ့ကလက်မှတ်ရေးထိုးခဲ့ကြသည်။ တရုတ်နိုင်ငံမှမှာယူသည့်လေယာဉ်
များတွင် A 320 အမျိုးအစား ဂျက်လေယာဉ် 110 စင်း နှင့် A 330 အမျိုးအစား လေယာဉ် အစင်း
၅၀ ပါဝင်ကြောင်း သိရသည်။ အဲဘတ်စ် ကုမ္ပဏီသည် ခရီးသည် ၁၅၀ ကျော်တင်ဆောင်နိုင်သော
A 320s အမျိုးအစား ဂျက်လေယာဉ်များကို တရုတ်နိုင်ငံတွင် တပ်ဆင် ထုတ်လုပ်ရန် သဘောတူ
လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။ အဆိုပါ A 320s ဂျက်လေယာဉ်အစိတ်အပိုင်းများအပြီးသတ်တပ်
ဆင်မှုကို တရုတ်နိုင်ငံတီယန်ကျင်းမြို့တွင်ပြုလုပ်မည်ဖြစ်ပြီး 2009 ခုနှစ်တွင် ဈေးကွက်သို့ ပထမ
ဆုံးဖြန့်ဖြူးပေးနိုင်မည်ဟုသိရသည်။ တရုတ်နိုင်ငံသည်လာမည့်နှစ် ၂၀ ကျော်အတွင်း အမေရိကန်
ပြည်ထောင်စု ပြီးလျှင်ဒုတိယအကြီးဆုံးလေယာဉ်ဝယ်ယူသည့်ဈေးကွက်ဖြစ်လာမည်ဟုအဲဘတ်စ်
နှင့် ဘိုးအင်းကုမ္ပဏီတို့ကခန့်မှန်းထားသည်။

(အေပီ)



မလေးရှားလေကြောင်း AirAsia A-320 လေယာဉ် ၁၇၅ စီးမှာယူ



မလေးရှားနိုင်ငံ AirAsia မှဆီစားသက်သာသောလေယာဉ်အမျိုးအစားဖြစ်သည့် A-320 လေ
ယာဉ်စုစုပေါင်း ၁၇၅ စီး (ဒေါ်လာ ၁၀.၅ ဘီလီယံတန်ဘိုးရှိ) ကိုဝယ်ယူရန် Air Bus သို့ မှာကြားပြီး
ဖြစ်ကြောင်း CEO Tony Fernandes က AFP သို့ ပြောကြား ခဲ့သည်။ ယခင်က ၁၅၀ စီးမှာ ကြား
ထားပြီး ယခုနောက်ထပ် ၂၅ စီးကို ဖြည့်စွက်မှာ ကြားခဲ့ခြင်းဖြစ်သည်။ AirAsia ၏ ၂၀၀၇ -၂၀၀၈
ဘဏ္ဍာရေးနှစ်၏ ပထမဦးဆုံး လေးလပတ် အသားတင် အမြတ်ငွေမှာ ၁၅၀ ရာခိုင်နှုန်းမြင့်တက်ခဲ့
သည်ဟုနိုဝင်ဘာ (၂၃) ရက်နေ့ တွင် AirAsia ကပြောကြားခဲ့သည်။ စက်တင်ဘာ (၃၀)ရက်တွင်
ကုန်ဆုံးသည့်လေးလပတ်ဝင်ငွေမှာ ရင်းဂစ် ၁၈၀ သန်းရှိခဲ့သည်။ လေယာဉ်ပျံသန်းမှုတိုးချဲ့ရန်နှင့်
အရှေ့တောင်အာရှနိုင်ငံများအတွင်း ခရီးစဉ်များ တိုးမြှင့် ပြေးဆွဲရန်အတွက် ယခုကဲ့သို့ လေယာဉ်
များတိုးချဲ့မှာကြားခဲ့ခြင်းဖြစ်ကြောင်း Tony Fernandes ကပြောကြားခဲ့သည်။ AirAsia ၏လုပ်ငန်း
မှာ တိုးတက်နေကြောင်း ရေနံ ဈေးတက်နေသော်လည်း A320 လေယာဉ်များမှာဆီစားသက်သာ
သည့်အတွက် စရိတ်မတက်ကြောင်း ၄င်းက ပြောကြားခဲ့သည်။ Airbus မှ လေယာဉ်အစီး ၅၀ မှာ
လက်ခံရရှိပြီးဖြစ်သည်။ (စီအန်အေ)


မြန်မာ့သဘာဝဓာတ်ငွေ့နှင့် ဓာတ်မြေသြဇာဖလှယ်ရန် ဘင်္ဂလားဒေ့ရှ် အဆိုပြုထား


ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ရွှေသဘာဝဓာတ်ငွေ့နယ်မြေ၏ကြွယ်ဝသောဘဘာဝဓာတ်
ငွေ့သိုက်များထဲမှ အချို့ကိုဝင်ရောက်ရှာဖွေတူးဖော်ခွင့်ပြုရန် မြန်မာအစိုးရထံ ဘင်္ဂလားဒေ့ဂရှ်က
ကမ်းလှမ်းထားသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရသည်ရရှိသောဓာတ်ငွေ့များကို ဓာတ်မြေသြဇာ ထုတ်
လုပ်ရန် စက်ရုံများအတွက် အသုံးပြုမည်ဖြစ်ပြီး အပြန်အလှန် ဖလှယ်သည့် အနေဖြင့် အချို့သော
ဓာတ်မြေသြဇာများကိုမြန်မာနိုင်ငံသို့ ပြန်လည်တင်ပို့ရောင်းချမည်ဖြစ်သည်။ ယင်းသို့ အကောင်
အထည်ဖေါ်ရန်အဆိုပြုချက်ကို သက်တမ်းအားဖြင့် ၃ နှစ်ကြာပြီဖြစ်သော ဘင်္ဂလားဒေ့ရှ် မြန်မာပူး
တွဲကုန်သွယ်ရေးကော်မရှင်၏ ပထမအကြိမ်အစည်းအဝေး၌တင်ပြခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဖာရေးအာမက်က ပြည်ထောင်စု မြန်မာနိုင်ငံကုန်
သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) အနေဖြင့် ၎င်းတို့ ကိုယ်တိုင် ဓာတ်မြေ
သြဇာစက်ရုံတစ်ရုံတည်ဆောက်နိုင်စွမ်းရှိသော်လည်း “ ဘင်္ဂလားဒေ့ရှ်၌ ယင်းစီမံကိန်းလုပ်ငန်းအ
တွက် ၎င်းတို့ထက်သာလွန်သောကျွမ်းကျင်မှု၊ အခြေခံအဆောက်အအုံနှင့် လိုအပ်သော အရင်းအ
မြစ်များ ပို၍ ပြည့်စုံစွာ ရှိနေကြောင်း ” ပြောကြားခဲ့သည်ဟု နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် News
Week ဂျာနယ်တွင်ဖော်ပြထားပါသည်။


တရုတ်မှ Geely ကားကုမ္ပဏ်ီနှင့် ရုရှားကုမ္ပဏီ် ဖက်စပ်ကား ထုတ်လုပ်မည်


နိုဝင်ဘာ(၂၆)ရက်နေ့က တရုတ်ပုဂ္ဂလိကကားကုမ္ပဏီရုရှားနှင့်ကားထုတ်လုပ်မှုလုပ်ငန်းကိုဖက်
စပ်လုပ်ငန်းတစ်ခုအဖြစ် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ Geely ကား ကုမ္ပဏီသည်
၂၀၀၆ခုနှစ်တွင်ကားပစ္စည်းအစိတ်အပိုင်းများကို ရုရှားသို့ပေးပို့ပြီး ရုရှားတွင် ကားထုတ်လုပ်ရန် စီ
စဉ်ထားခဲ့သော်လည်းရုရှားကတိုင်းပြည်တွင်း၌ ပစ္စည်းဆင်ထုတ်လုပ်မှုလုပ်ငန်းများခွင့်မပြုတော့မှု
ကြောင့်ရပ်ဆိုင်းသွားခဲ့ရသည်။ယခုဖက်စပ်ထုတ်လုပ်မှုအစီအစဉ်သည်အစီအစဉ်သစ်ဖြစ်ကြောင်း
Geely ရုံးချုပ်မှ တာဝန်ရှိသူကပြောကြားလိုက်သည်။ အသေးစိပ်အစီအစဉ်များကို ထုတ်ဖော်ပြော
ကြားခြင်းမပြုသော်လည်း ၂၀၀၈ ခုနှစ်မှစတင်၍ ကားစီးရေ တစ်သောင်း ထုတ်လုပ်ရန် စီစဉ်ထား
ကြောင်းရှန်ဟိုင်း Secunity သတင်းတွင်ဖေါ်ပြထားသည်။ Geely ကုမ္ပဏီသည် ဗဟိုအမေရိကနှင့်
အာဖရိကတို့တွင် စက်ရုံများတိုးချဲ့သွားရန်နှင့် ကားများ ရောင်းချရန်တို့ကို ဒေသတွင်းကုမ္ပဏီများ
နှင့် ဆွေးနွေးလျက်ရှိပြီး ၂၀၀၈ခုနှစ်တွင်အကောင်အထည်ဖော်နိုင်မည်ဟုခန့်မှန်းကြောင်းသတင်း
စာတွင်ဖေါ်ပြထားသည်။ နိုဝင်ဘာလအစောပိုင်းတွင် ရုရှားနိုင်ငံ Rolf Group နှင့် နှစ်စဉ်ကားသုံး
သောင်းရောင်းချသွားရန် စာချုပ်လက်မှတ်ရေးထိုးနိုင်ခဲ့သည်ဟုဆင်ဟွာသတင်းဌာနမှ အရာရှိက
ပြောကြားသည်။ ယခုနှစ် အတွင်းတွင် Geely က နိုင်ငံခြားသို့ ရောင်းချသော ကားစီးရေကို နှစ်
သောင်းအထိမြင့်တင်သွားရန် ရည်ရွယ်ထားသည်။ (အေအက်ဖ်ပီ)


ဒေါ်လာရှာပေးသော ဗေဒါများ

ပဲခူးတိုင်း(အနောက်ပိုင်း) သဲကုန်းမြို့နယ် အင်းမ၊ ဝက်ပုတ်ဒေသအင်းအိုင်များထဲရှိ ဗေဒါပင်အ
ရှည်မျိုးများသည် ဒေသခံ ပြည်သူများ စားဝတ်နေရေး ပြေလည်စေသည့် ဝင်ငွေနှစ်စဉ်သိန်း ၁၀၀
အထက်ရရှိအောင် အထောက်အကူပြုကြောင်း လေ့လာတွေ့ရှိရသဖြင့် အင်းအိုင်ပေါများသည့် ဒေ
သအတွင်း ဗေဒါပေါများသောဒေသများတွင်လည်းအလားတူဒေသခံပြည်သူများအတွက် ဝင်ငွေရ
လမ်းတစ်ရပ်အဖြစ် အလားတူ လုပ်ငန်းများ အတုယူ ဆောင်ရွက်နိုင်စေရန် သတင်းပေးလိုက် ရပါ
သည်။ဗေဒါပင်အရှည်မျိုးမှာ သဲကုန်းမြို့နယ်၊ အင်းမဒေသ၊ ဝက်ပုတ်ဒေသမှ အင်းအိုင်များအတွင်း
သဘာဝအလျှောက်ပေါက်ရောက်လျက်ရှိပါသည်။ဗေဒါပင်များကို ဆယ်ယူ၍ အရွက်နှင့်အမြစ်များ
ဖယ်ရှားပြီး ရိုးတန်းအချောင်းများကို နေလှန်းလျှင် ဗေဒါပင်ခြောက်များ ရရှိပြီဖြစ်ပါသည်။ ဗေဒါပင်
အရှည်မှာ ၁၈လက်မနှင့်အထက်ရှိရမည်ဖြစ်ပါသည်။ ဗေဒါပင်ခြောက်များ ဒိုင်ဖွင့် ဝယ်ယူလျက်ရှိပါ
သည်။ ဗေဒါပင်ခြောက်တစ်ပင်လျှင် ၃၀ပြားနှုန်းဖြင့် အပင်၁၀၀စီးတစ်ဆယ်စီးလျှင် ၃၀၀ ကျပ်ဈေး
ဖြင့် ဝယ်ယူကြောင်းသိရှိရပါသည်။၎င်းဗေဒါပင်များကို သုံးပင်လိမ်ဖွတ်မြီးကဲ့သို့ကျစ်လျှင် ကြိုးကျစ်
ခပေ၁၀၀လျှင်၂၅၀ ကျပ်ပေးရပြီး၊ ၎င်းပေ ၁၀၀ ကြိုးခွေများအတိုင်းတင်ပို့ကြောင်း သိရှိရပါသည်။
ဗေဒါပင်ဖြင့်ပြုလုပ်ထားသော ကြိုးများမှာ အိမ်တွင်းဧည့်ခန်းဆောင်နှင့် အိမ်တွင်းအလှဆင် ပစ္စည်း
များတွင် ကြိမ် အစားထိုးအသုံးပြုကြောင်းသိရှိရပါသည်။ ဖော်ပြပါဗေဒါပင်ခြောက်ဖြင့်ပြုလုပ်သော
ကြိုးများဖြင့် ပရိဘောဂဧည့်ခန်းသုံးအလှဆင်ပစ္စည်းများပြုလုပ်သောစက်ရုံများမန္တလေးမြို့၊မြို့သစ်
တွင် စက်ရုံတစ်ရုံ နှင့် ရန်ကုန်မြို့စက်မှုဇုန်တွင်တစ်ရုံရှိကြောင်းသိရသည်။ ထိုစက်ရုံများသို့ မြန်မာ
ပြည်အနှံ့မှ မန္တလေး၊ ပဲခူး၊ မြစ်ခြေ၊ မြစ်ကြီးနား၊ ဘော်လခဲ၊ ကျုံမငေး၊ ရေကြည်၊ အသုတ်၊ အင်းမ
ဒေသများမှ ဗေဒါခြောက်ကြိုးခွေနှင့် ဗေဒါပင်များတင်ပို့ကြောင်း သိရှိရပါသည်။အင်းမဒေသမှ နှစ်
စဉ်ဗေဒါခြောက်အပင်သိန်း၃၅၀နှင့်အထက်တင်ပို့နိုင်ကြောင်း ဒေသခံကုန်သည်များမှတစ်ဆင့်သိ
ရှိရပါသည်။ ဖော်ပြပါ စက်ရုံမှ ထုတ်လုပ်သော ဗေဒါပင်ဖြင့် ပြုလုပ်သော အလှဆင် ပစ္စည်းများကို
တရုတ်၊ ဂျပန်၊ အင်ဒိုနီးရှားနိုင်ငံများသို့ တင်ပို့ကာ ပြည်ပဝင်ငွေများရရှိနေသောကြောင့် ဝင်ငွေရွှင်
လန်းဗေဒါပန်းများဟု တင်စားလိုက်ပါသည်ဟုနိုဝင်ဘာလ ၂၉ရက်နေ့ထုတ် NewsWeek ဂျာနယ်
တွင်ဖော်ပြထားပါသည်။


ဘင်နီတက်ဇ်နှင့် အသင်းပိုင်ရှင် အမေရိကန် သူဌေးများကြား အဆင်မပြေ


လီဗာပူးလ်အသင်း၏ မန်နေဂျာ ဘင်နီတက်ဇ်နှင့်အသင်းပိုင်ရှင် အမေရိကန်သူဌေးများကြား ဇန်နဝါရီအပြောင်း
အရွှေ့ကာလ ငွေကြေးသုံးစွဲမှုနှင့် ပတ်သက်၍ အဆင်မပြေဖြစ်လျက် ရှိနေကြောင်း သိရှိရသည်။ ဘင်နီတက်ဇ် က
ဇန်နဝါရီကာလတွင်သုံးစွဲရမည့်ငွေကြေးနှင့် ပတ်သက်၍ အတိအကျသိလိုသော်လည်း အသင်းပိုင်ရှုင်ဖြစ်သူများက
ငွေကြေးထပ်မံသုံးစွဲရန် ဆန္ဒမရှိဖြစ်နေကြောင်း သိရှိရသည်။

ဘင်နီတက်ဇ်သည် အသင်း၏ကွင်းလယ်လူ မာရှေရာနိုအား အပြီးသတ်ခေါ်ယူရန်ဆန္ဒရှိနေပြီးကစားသမားသစ်
အချို့ထပ်မံခေါ်ယူရန်ဆန္ဒရှိနေသော်လည်း အသင်းပိုင်ရှင်နှစ်ဦးကမူ ပြီးခဲ့သည့် နွေရာသီက ပေါင်သန်း(၅၀)သုံးစွဲ
ထားခြင်းသည် လုံလောက်နေပြီဖြစ်သည်ဟု ယူဆရသည်။ ၎င်းတို့ကဘင်နီတက်ဇ်အနေဖြင့် အသင်းထံမှ ငွေကြေး
ထပ်မံတောင်းဆိုရန်ထက် လက်ရှိအသင်းကိုနိုင်နင်းစွာ အုပ်ချုပ်သင့်ကြောင်းပြောဆိုခဲ့ကြပြီး ဘင်နီတက်ဇ်ကမူ အ
မေရိကန်သူဌေးနှစ်ဦးမှာ ဥရောပကစားသမား အပြောင်းအရွှေ့ဈေးကွက်ကို ယခုထပ် ပိုမိုနားလည်ရန် လိုအပ်နေ
သည်ဟု တုံ့ပြန်ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် နယူးကာဆယ်အား (၃-၀)ဖြင့် အနိုင်ရရှိခဲ့သော ပွဲအပြီးတွင် ဘင်နီတက်ဇ်က"သူတို့ (အသင်းပိုင်ရှင်
များ)ဟာ ဥရောပအပြောင်းအရွှေ့လောကအကြောင်းကို ကောင်းကောင်း နားမလည်ပါဘူး။ သူတို့သာ နားလည်ခဲ့
မယ်ဆိုရင် ကျွန်တော်ဟာအသင်းကို ဥရောပအကောင်းဆုံးအသင်းတစ်သင်းဖြစ်အောင် ပြုလုပ်နေတယ်ဆိုတာကို
ကောင်းကောင်းသိရှိပါလိမ့်မယ်" ဟုပြောကြားခဲ့သည်။

No comments: