ယနေ့ကာလတွင် ထွက်ပြူစဈေး ကွက်မှ မဟာအင်အားကြီးနိုင်ငံတို့သည် အာဖရိက၏ရေနံ၊ ဓာတ်ငွေ့နှင့်သတ္တုရိုင်း များအတွက် အလုအယက်ကြိုးပမ်းလျက် ရှိနေကြသည်။ တရုတ်တို့က အသဲအမဲ အဖြစ်ဆုံးဖြစ်သည်။ နိုင်ငံပေါင်း ၅ဝတွင် တရုတ်ကုမ္ပဏီ ၇ဝဝကျော်က လုပ်ငန်း လုပ်ကိုင်လျက်ရှိသည်ဟု Standard Bank of South Africa ကပြောသည်။ တရုတ်နိုင်ငံသည် ယခုအခါ အမေရိကန် ပြည်ထောင်စုပြီးနောက် အာဖရိက၏ ဒုတိယအကြီးဆုံးအထောက်အပံ့ပေးသူနှင့် ကုန်သွယ်ဘက်ဖြစ်သည်။ ၂ဝဝဝပြည့်နှစ်မှ စပြီး ကုန်သွယ်မှု လေးဆတိုးတက်လာပြီး ဒေါ်လာ ၄ဝဘီလျံရှိသည်။ ယင်းဒေသ တွင် ဒုတိယအသွက်လက်ဆုံး ထွက်ပြူစ ဈေးကွက်အင်အားကြီးတစ်ခုဖြစ်သည့် ရုရှားကလည်း နေရာရလျက်ရှိသည်။ရုရှား သည် အာဖရိကနှင့်ကုန်သွယ်မှုမှာ နှစ်စဉ် ဒေါ်လာ ၃ဘီလျံမျှသာရှိသော်လည်း ရုရှားကုမ္ပဏီများက ၂ဝဝဝပြည့်နှစ်မှစ၍ အာဖရိက ‘အက်ဆက်’ (African assets) ကို ဒေါ်လာ ၅ဘီလျံဖိုး ဝယ်ယူ ရင်းနှီးမြှုပ်နှံမှုရှိခဲ့သည်။ ယင်းငွေပမာဏ တွင် ယခုဆယ်စုနှစ်ကုန်မတိုင်မီဝင်ရောက် လာမည့်ရေနံရှာဖွေရေးသဘောတူညီချက် ငွေဒေါ်လာ ၃ဒသမ၅ဘီလျံမပါဝင်သေး ပေ။ ယင်းကာလအတွင်း တရုတ်က အာဖရိကသို့ ဒေါ်လာ ၆ဒသမ၆၄ဘီလျံ ပုံအောပေးထားသည်။ အများစုမှာ ဖွံ့ဖြိုး ရေးအကူအညီအဖြစ် ဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အား၊ ရေအရင်းအမြစ်ထိန်း သိမ်းရေး၊ သယ်ယူပို့ဆောင်ရေး၊ လယ်ယာ စိုက်ပျိုးရေးစသည့်အခြေခံအဆောက် အအုံတည်ဆောက်မည့်ပရောဂျက်များ အတွက်ဖြစ်သည်။
ရုရှားသည် ယင်း၏ကုမ္ပဏီများကို ကမ္ဘာတစ်ဝန်းမှ ‘အက်ဆက်များ’ ကိုဝယ် ယူရန် အားပေးသည်။ ယင်းသို့ပြုလုပ်ခြင်း သည် ရုရှားအား ယခင်က နိုင်ငံတကာ အဆင့်အတန်းသို့ ပြန်လည်မြှင့်တင်လို သည့်သမ္မတပူတင်၏ဒဿနိကနှင့်ကိုက်ညီ သည့်အတွက်ဖြစ်သည်။ မကြာသေးမီက အယ်လ်ဂျီးရီးယားနှင့်စွမ်းအင်အရောင်း အဝယ်မှာ မော်စကိုမှ တန်ဖိုးဒေါ်လာ၎ ဘီလျံရှိ လက်နက်များအရောင်းအဝယ်နှင့် ချိတ်ဆက်ထားသည်။ တောင်အာဖရိက နိုင်ငံနှင့်ရုရှားတို့၏နျူကလီးယားစွမ်းအင် တိုးချဲ့ရေးပူးပေါင်းမှုကြောင့် တောင်အာဖ ရိကနိုင်ငံအတွင်းရှိ ရုရှားစီးပွားရေးလုပ်ငန်း များမှာ တွန်းအားပေးမှုရရှိခဲ့သည်။ ပြီးခဲ့ သည့်နှစ် စက်တင်ဘာလက သမ္မတပူတင် သည် နောက်ပါထိပ်တန်းလုပ်ငန်ရှင်တစ် သိုက်နှင့်အာဖရိကသို့ခရီးထွက်လှည့်လည် ခဲ့သည်။ ယင်းအဖွဲ့ထဲတွင်ပါဝင်သူလုပ်ငန်း ရှင်ကြီးတစ်ဦးက သတ္တုနှင့်သတ္တုသိုက်တူး ဖော်ခြင်းလုပ်ငန်း ပရောဂျက်များတွင် ရင်းနှီးမြှုပ်နှံရန် ကတိပြုခဲ့သည်။ ‘ရုရှားက အာဖရိကနှင့်အကျိုးတူ နီးနီးကပ်ကပ်ပူး ပေါင်းလုပ်ဆောင်တာကိုမြင်လိုပါတယ်’ ဟု သမ္မတပူတင်ကဆိုသည်။
ရည်ရွယ်ချက်ချင်းတော့မတူပါ
တရုတ်က အာဖရိကတွင် ခြေကုပ် ယူခြင်းမှာ ကြီးထွားလာနေသည့်တရုတ် နိုင်ငံမြို့ကြီးများနှင့်ထုတ်လုပ်ရေးကဏ္ဍကို စွမ်းအင်ပေးသွင်းရန်ဖြစ်သည်။ ရုရှားက ထိုသို့မဟုတ်ပါ။ ရုရှားသည် ကမ္ဘာတွင် အကြီးမားဆုံးစွမ်းအင်ထုတ်လုပ်တင်ပို့သူ ဖြစ်သည်။ သတ္တုများနှင့်တွင်းထွက်ပစ္စည်း များစွာရှိသည်။ သို့သော် ချမ်းသာသည့် ရုရှားကုမ္ပဏီများက ကမ္ဘာသို့ခြေဆန့်လို သည်။ ရေနံတစ်စည်လျှင် ဒေါ်လာ၈ဝ ဖြစ်လာနေသည့် ယခုအချိန်သည် ယင်း ကုမ္ပဏီများအတွက် အချိန်ကောင်းပဲဖြစ် သည်။
လွန်ခဲ့သည့် ၃နှစ်အတွင်း ထိပ်တန်း ရုရှားသတ္တုကုမ္ပဏီလေးခုက အာဖရိက၏ ဆာဟာရအပိုင်းတစ်ခုတည်းတွင်ဒေါ်လာ ၅ဘီလျံ ရင်းနှီးမြှုပ်နှံမှုပြုခဲ့သည်။ Lukoil ရေနံကုမ္ပဏီကြီးအပါအဝင် ရုရှားရေနံ ကုမ္ပဏီကြီးသုံးခုက အယ်လ်ဂျီးရီးယား၊ နိုက်ဂျီးရီးယား၊ အင်ဂိုလာနှင့်အီဂျစ်တို့တွင် တန်ဖိုးဒေါ်လာ ၃ဘီလျံကျော်ကြီးကျယ် သည့် ရေနံရှာဖွေရေးသဘောတူစာချုပ်ကို ချုပ်ဆိုခဲ့သည်။ ယခုနှစ် စောစောပိုင်းတွင် Lukoil သည် အိုင်ဗရီကို့စ်ကမ်းလွန်ရေနံ မြေတစ်ခု၏ ထုတ်လုပ်မှုရှယ်ယာမှ ၆၃ ရာခိုင်နှုန်းကိုဖဲ့ယူခဲ့သည်။ ယင်းဖြစ်ရပ်မှာ ယင်းဒေသအတွင်း၌ တရုတ်တို့၏ဒေါ်လာ ၂ဒသမ၂ဘီလျံ အပေးအယူကိစ္စပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
တရုတ်တို့က ကုန်ကြမ်းများဝယ်ယူ ရေးအပေါ်၌သာ လုံးဝနီးပါးအာရုံစိုက် သော်လည်း ရုရှားတို့က သည့်ထက်မက ရည်ရွယ်ချက်ရှိသည်။ ယခုနှစ်တွင် အာဖရိကဆာဟာရအပိုင်း၏စီးပွားရေးကြီး ထွားမှုမှာ ၆ဒသမ၇ရာခိုင်နှုန်းအမှတ်ကို ထိမိမည်ဟုမျှော်လင့်ရသည်။ ဒေသ၏ ဝန် ထုပ်ဝန်ပိုးမှာ လွန်ခဲ့သည့်ဆယ်စုနှစ်က GDP ၏ ၈ဝရာခိုင်နှုန်းရှိရာမှ ၃ဝရာခိုင် နှုန်းခန့်ကျဆင်းသွားသည်။ ဇန်ဘီယာနှင့် ကင်ညာစသည့်နေရာများတွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုမှာအရှိန်အဟုန်ရနေ သည်။ တောင်အာဖရိက၊ ကင်ညာနှင့် နိုက်ဂျီးရီးယားစသည့်နိုင်ငံတို့ကလည်း ယခုအခါ ကြီးထွားလာနေသည့်စားသုံးသူ လူတန်းစားအတွက် ဂုဏ်ယူလျက်ရှိသည်။ ရုရှားတွေက ဒါကိုတွေ့မြင်သည်။၎င်းတို့က ရေနံမှဘဏ္ဍာရေးဝန်ဆောင်မှုများ၊ ဆက် သွယ်ရေးနှင့်လက်လီအရောင်းလုပ်ငန်းများ ဘက်သို့အလျင်အမြန်တိုးချဲ့လျက်ရှိသည်။ ‘အာဖရိကက ယခင်ဆိုဗီယက်ယူနီယံမှာ တွေ့ခဲ့ရတဲ့ဧရာမကြီးထွားမှုမျိုးအတွက် အသင့်ဖြစ်နေပါပြီ။ မတည်ရင်းနှီးငွေနှင့် ကျွမ်းကျင်မှုပေးသွင်းပေးဖို့ပဲလိုပါတော့ တယ်’ ဟု မော်စကိုအခြေစိုက်ရင်းနှီးမြှုပ်နှံ မှုကုမ္ပဏီ Renaissance Capital မှ မဟာဗျူဟာပညာရှင် Roland Nash က ပြောသည်။
အလှည့်အပြောင်းများသည့် ဈေး ကွက်များကို ပိုင်နိုင်ကျွမ်းကျင်သည့်ရုရှား ဘဏ်များက အနောက်တိုင်းမှပုဂ္ဂလိက ရှယ်ယာအရင်းအနှီးပြုသည့်တိုက်များနှင့် တောင်အာဖရိက၏ ကြိုတင်စာချုပ်ဖြင့် အရောင်းအဝယ်ပြုလုပ်သည့်ရန်ပုံငွေအဖွဲ့ များ(hedge funds)ထက်ပင် ခြေလှမ်း သွက်နေသေးသည်။ ပြီးခဲ့သည့်နှစ်က ရုရှား၏ရင်းနှီးမြှုပ်နှံမှုဒိုင်ကြီးဖြစ်သည့် Ro-naissance Capital သည် အာဖရိက သမိုင်းတွင်အကြီးမားဆုံးကုမ္ပဏီ၏စတော့ များကို ပထမဆုံးအကြိမ်အဖြစ် အများ ပြည်သူသို့ထုတ်ရောင်းချခြင်း(IPO)ကိုစည်း ရုံးလုပ်ဆောင်ပေးခဲ့သည်။ နိုက်ဂျီးရီးယား ၏ Access Bank ၏ စတော့ဒေါ်လာ ၃၅ဝသန်းဖိုး ရောင်းချနိုင်ခဲ့သည်။ ယခုလ အတွင်း Renaissance ကဈေးကွက် စတင်ဖွင့်လိုက်သည့် Africa Fund အသစ် မှာ နွေဦးပေါက်အရောက်တွင် ရင်းနှီး မတည်ငွေ ဒေါ်လာ၁ဘီလျံရောက်ရှိမည် ဟုမျှော်လင့်ရသည်။ ဒါက ယခင်ကရှိနှင့် ပြီး ပုဂ္ဂလိကရှယ်ယာအရင်းအနှီးပြုကုမ္ပဏီ ၅ခု၏ စုစုပေါင်းရန်ပုံငွေ ပမာဏနှင့်ညီမျှ သည်။ ‘ကျွန်တော်တို့ကကြီးမားတဲ့အသွင် ပြောင်းကာလရဲ့ စဦးအခြေအနေမှာ ရောက်ရှိနေပါတယ်’ ဟု Renaissance ၏ စီအီးအိုဖြစ်သူ စတီဗင်ဂျန်နင်းကပြော သည်။
တောင်အာဖရိကနိုင်ငံသည် ဒေသ တွင် စဉ်ဆက်မပြတ်ကြီးထွားမှု၏ပြယုဂ် ဖြစ်နေခဲ့သည်။ သို့သော် ယင်းအာဖရိက တစ်နံတစ်လျားတိုးချဲ့လိုသည့်နိုင်ငံမှ ကော် ပိုရေးရှင်းများသည် တရုတ် သို့မဟုတ် ရုရှားတို့ကြောင့် လွင့်စင်ပျောက်ပျက်သွား နိုင်သည်။ အကြောင်းမှာ တရုတ်နှင့်ရုရှား တို့ကသူတို့လိုချင်သည့်အက်ဆက်မှန်သမျှ ကို ငွေဖြင့်ပေးဝယ်နိုင်ကြသည့်အတွက်ဖြစ် သည်။ ထို့အပြင် အတိုးနည်းနည်းနှင့်ချေး ငွေများ(soft loans)က ‘မှီခိုအားထားမှု သံသရာ’ ကိုဖြစ်ပေါ်စေမှာဖြစ်ကြောင်း ဆန်းစစ်သူများကထောက်ပြကြသည်။ ယခုတစ်ကြိမ်တွင် အာဖရိကနိုင်ငံများနှင့် ထွက်ပြူစဈေးကွက်အင်အားကြီးများနှင့် ချည်နှောင်မှုမျိုးဖြစ်ပေလိမ့်မည်။ အတိုးနှုန်း မရှိသည့်ချေးငွေများပင်ဖြစ်လင့်ကစား ပြန် ဆပ်ရမည်ဖြစ်သည်။ အနောက်နိုင်ငံမှ အလှူရှင်များက ကြွေးမြီများကိုလျော်ပစ် ခြင်းကြောင့် သုံးစွဲရန် ငွေရှိလာသည့် အာဖရိကအစိုးရများသည် သူတို့အပေါ် ဝန်တစ်ဝန်ပိလာကြောင်း တွေ့ရနိုင် ကြောင်းပါ။
Ref: Newsweek.
မှတ်ချက်။ ။ ဤဆောင်းပါးကို အခွင့်အလမ်းဂျာနယ်မှ ကူးယူဖော်ပြပါသည်။
No comments:
Post a Comment