Tuesday, November 27, 2007

နှစ်သက်စရာ ဘူးသီးမစားဖူးသူ မရှိပါ



ဟင်းသီးဟင်းရွက်တွေထဲမှာ ဘူးသီးဟာ အချိန်မရွေးရနိုင်ပြီး ဈေးချိုတဲ့ သီးနှံတစ်မျိုးပါ။ အာဟာရနေနဲ့ ပေါ့ပေါ့ပါးပါးရှိပြီး အလွယ်တကူ အစာကျေညက်နိုင်ပါတယ်။ ဘူးသီးထဲမှာ ရေဓာတ်များများ ပါရှိပါတယ်။ တစ်ချိန်တည်းမှာ ပါဝင်တဲ့ သတ္တုဓာတ်တွေနဲ့ ဗီတာမင်ဓာတ်တွေ အများအပြားဟာလည်း ကျန်းမာရေးအတွက် မရှိမဖြစ်တဲ့ ပစ္စည်းတွေပါ။ ဘူးသီးရဲ့ ဂုဏ်သတ္တိကတော့ လူ့ခန္ဒာကိုယ်ကို အအေးဓာတ်ပေးတဲ့ ပစ္စည်းပါ။ မြန်မာနိုင်ငံရဲ့ အိမ်တိုင်းလိုလိုမှာ ဘူးသီးကို မလွတ်တမ်း ဟင်းချက်စားကြပါတယ်။ ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကြီးများရဲ့ မီးဖိုချောင်တွေမှာ ဘူးသီးက အမြဲတမ်းနေရာ ယူထားလေ့ရှိပါတယ်။ ဟင်းသီးဟင်းရွက်တွေရဲ့ နူးညံ့သိမ်မွေ့မှုတွေ အဆုံးမရှိအောင် များပြားလှတဲ့ အထဲမှာ ဘူးသီးကိုတော့ အနည်းဆုံးတစ်ဒါဇင်လောက် ချက်ပြုတ်စားသုံး နိုင်ပါတယ်။ ဘူးသီးကို ကြော်လို ကြော်၊ ချက်လိုချက်၊ နှပ်ပြီးစားလိုစား၊ အမျိုးစုံ ဟင်းလျာအမယ် ဖန်တီးနိုင်ပါတယ်။ ဘူးသီးကြော်ဆိုတာကတော့ သရေစာ တစ်မျိုးအနေနဲ့ ပွဲတိုင်းကျော်ပါ။

အာရှတိုက် တစ်တိုက်လုံး ဘူးသီးဟင်းချိုကို ကြိုက်နှစ်သက်ကြပါတယ်။ ပေါင်းအိုးနဲ့ ဘူးသီးကို ပြုတ်ပြီး ဘူးသီးပြုတ်ရည်ကို ယူတာပါ။ စစ်ယူတာပါ။ အဲဒီ ဘူးသီးပြုတ်ရည်ထဲကို ငရုတ်ကောင်း၊ ဆား၊ ကရမ်နဲ့ ပေါင်မုန့်ခြေပြီး ကြော်ထားတာ သေးသေးလေးတွေ ထည့်ပြီး သောက်ကြတာပါ။ ညစာမစားမီမှာ ဒီဘူးသီးဟင်းချိုကို သောက်ရင်ခံတွင်းတွေ့ပြီး ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အန္တရာယ်ဖြစ်စေနိုင်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ မပါလို့ပါ။ ဗီတာမင်ဓာတ်တွေနဲ့ သတ္တုဓာတ်တွေ အားလုံးသူ့ပင်ကိုယ် အတိုင်းရှိနေကြပါတယ်။ ဘာဖြစ်လို့လဲဆို သိပ်နူးသွားအောင် ချက်စရာမလိုလို့ပါ။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ဘူးသီးနဲ့ ကြက်သား ကာလသားချက် ချက်စားတဲ့ အရည်သောက် ဟင်းအမယ်ဟာ လွယ်ကူပြီး လူကြိုက်များတဲ့ ဟင်းအမယ်ဖြစ်ရုံမက၊ အာဟာရဓာတ် ကြွယ်ဝပါတယ်။ စားတဲ့အခါမှာလည်း ခံတွင်းတွေ့ကြတဲ့ ဟင်းပါ။ ကျေးလက်တွေမှာတော့ ဘူးသီးပြုတ်ကို ငါးပိရည်နဲ့ တို့ပြီးစားကြရတာ ထမင်းမြိန်လှပါတယ်။ ဒါကြောင့် ဘူးသီးကို စွယ်စုံရ အသီးရ အသီးလို့ခေါ်နိုင်ပါတယ်။

ဇာနည်ကို

No comments: