Saturday, November 17, 2007

သန်းကြွယ်သူဌေးတို့ရဲ့ အောင်မြင်ရေးလျှို့ဝှက်ချက်များ

အောင်သစ်

သန်းကြွယ်သူဌေးဆိုတာလည်း သူ လို ငါလိုသာမန်လူထဲကလူသားတစ်ဦးမျှ သာဖြစ်ပါတယ်။ မွေးကတည်းက ဘဏ် စာအုပ်ကိုင်ပြီး သန်းကြွယ်သူဌေးအဖြစ် မွေးဖွားလာကြသူရယ်လို့မရှိပါဘူး။ ဒါကို သန်းကြွယ်သူဌေးတွေရဲ့အောင်မြင်မှု အကြောင်းတွေ လေ့လာကြည့်ရင်သိနိုင် ပါတယ်။

ဒီနေ့ အမေရိကန်မှာရှိတဲ့ သန်း ကြွယ်သူဌေးကြီးတွေအများစုရဲ့ကိုယ်ပိုင် အရည်အချင်းတွေနဲ့သူတို့ရဲ့ဥစ္စာဓနများ ဖြစ်ထွန်းရရှိလာအောင်ဘယ်လိုကြိုးပမ်း လုပ်ဆောင်ခဲ့ကြတယ်ဆိုတာကို လေ့လာ ဆန်းစစ်သူနှစ်ဦးက ဆန်းစစ်ခဲ့ကြပါ တယ်။ ဒီလေ့လာမှုအတွက် လက်ရွေးစင် သန်းကြွယ်သူဌေးတွေကိုတွေ့ဆုံမေးမြန်း တာ၊ ဖြေကြားပေးရန် မေးခွန်းများပေးပို့ တာစတဲ့နည်းလမ်းတွေကိုအသုံးပြုဆောင် ရွက်ခဲ့ကြပါတယ်။

ခုလို အောင်မြင်နေကြတဲ့သန်း ကြွယ်သူဌေး သုံးပုံနှစ်ပုံဟာကိုယ်ပိုင်လုပ် ငန်းလုပ်ကိုင်အောင်မြင်နေကြသူတွေ ဖြစ်တာတွေ့ရှိရပါတယ်။ သူတို့လုပ်ကိုင် တဲ့လုပ်ငန်းတွေကြည့်လိုက်ပြန်တော့လည်း စိတ်ဝင်စားစရာ၊ စိတ်လှုပ်ရှားစရာလုပ် ငန်းအမျိုးအစားမျိုးတွေ မဟုတ်ကြပြန် ပါဘူး။ ဂဟေဆော်လုပ်ငန်းလို၊ အဝတ် လျှော်စက်သန့်စင်တဲ့လုပ်ငန်းလိုသမားရိုးကျ လုပ်ငန်းမျိုးတွေပါ။

ဒါတင်မက သန်းကြွယ်သူဌေး အများစုဟာ ဘဏ်၊ ငွေကြေးရန်ပုံငွေ အဖွဲ့စတာတွေဆီက ငွေကြေးချေးယူငှား ရမ်းလုပ်ကိုင်ကြတာလည်းမဟုတ်ပါဘူး။ သန်းကြွယ်သူဌေး၁ဝဦးမှာ ၈ဦးဟာ ကိုယ်ထူကိုယ်ထစနစ်နဲ့ ဓနစီးပွားရေး တိုးတက်အောင် လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ဟာ ငွေကြေးသုံးစွဲ ရာမှာဖြစ်စေ၊ စားသောက်နေထိုင်မှုမှာ ဖြစ်စေ တော်ရုံသင့်ရုံ စားသောက်နေ ထိုင်ကြသူတွေဖြစ်ပါတယ်။ သူတို့ဟာ တစ်နှစ်ပျမ်းမျှ အမေရိကန်ဒေါ်လာ ၃ဒသမ၇သိန်းလောက်ရရှိကြပေမဲ့ ရိုးရိုး သာမန်အဆင့်မှာပဲနေထိုင်ကြပါတယ်။ ဟိတ်ကြီးဟန်ကြီးထုတ်ပြီးကြွားကြွားဝါဝါ ဂိုက်လုံးမထွားတတ်ကြပါဘူး။ အတူ သွား၊ အတူလာ မိတ်ဆွေအပေါင်း အသင်းတွေတောင်မှ သူတို့ဘယ်လောက် ထိချမ်းသာတယ်ဆိုတာ ခန့်မှန်းလို့မရ နိုင်ကြပါဘူး။

အမေရိကန်နိုင်ငံက သန်းကြွယ် သူဌေးတွေဟာကြွယ်ဝချမ်းသာဖို့အတွက် နည်းလမ်းအမျိုးမျိုးသုံးပြီး ကြိုးပမ်းလုပ် ဆောင်ခဲ့ကြပါတယ်။ သူတို့ကြိုးပမ်းအား ထုတ်မှုကိုကြည့်ရင် လူတစ်ဦးတစ် ယောက်အနေနဲ့ကြီးပွားချမ်းသာဖို့၊ ချမ်း သာတဲ့မျိုးရိုးဖြစ်ဖို့မလိုသလို ဘွဲ့ဒီဂရီ တွေ၊ ရာထူးရာခံတွေပိုင်ဆိုင်ဖို့လည်း မလိုအပ်ကြောင်းဖော်ပြနေပါတယ်။

သင့်ရဲ့ ချမ်းသာကြွယ်ဝရေးအိပ် မက်ကိုအကောင်အထည်ဖော်မယ်ဆိုရင် ဖော်ပြပါ အောင်မြင်သူများကို လေ့လာ ဆန်းစစ်ရာက ရရှိလာတဲ့လွယ်ကူရှင်း လင်းတဲ့နည်းလမ်းများကို လိုက်နာစမ်း သပ်ကြည့်ပါလား။

၁။ ဝင်ငွေထက် ပိုပြီးမသုံးစွဲပါနဲ့

မိမိအပေါ် လူတကာအထင်ကြီးမှု ခံရဖို့အတွက် တန်ဖိုးကြီးပစ္စည်းတွေဝယ် ယူတာ၊ မိမိချမ်းသာကြောင်းပြလိုတာ ကြောင့် ငွေကိုရက်ရက်ရောရော သုံးစွဲပြ ခြင်းမျိုးဟာ ကြွယ်ဝချမ်းသာရေးရဲ့ အဓိကရန်သူဖြစ်ပါတယ်။

ဒါကြောင့် သန်းကြွယ်သူဌေးတစ် ယောက်ဖြစ်ဖို့ ရည်မှန်းထားသူရဲ့ပထမ ဦးဆုံးလုပ်ဆောင်ရမယ့်အလုပ်ကတော့ လက်ဖွာတာ၊ ငွေသုံးကြမ်းတာကိုရှောင် ကြဉ်ဖို့ပါပဲ။ သန်းကြွယ်သူဌေးအများစု ဟာ ငွေကြေးစုဆောင်းတဲ့စနစ်ကို မဖြစ် မနေရည်မှန်းချက်အဖြစ် ထားရှိကျင့်သုံး လေ့ရှိပါတယ်။ ဥပမာ-မသုံးမဖြစ် အမှန် တကယ်သုံးစွဲရမယ့် စရိတ်စကများပယ် နုတ်ပြီးသား နှစ်စဉ်ဝင်ငွေရဲ့ ၁၅ရာခိုင် နှုန်းကနေ၂ဝရာခိုင်နှုန်းထိစုဆောင်းပါ။

သန်းကြွယ်သူဌေးအများစုဟာ သူတို့ရဲ့ချမ်းသာကြွယ်ဝမှုအတွက် ပပ လွှားလွှားနေလေ့မရှိပါဘူး။ အသက် ၄၄နှစ်အရွယ်ရှိ သန်းကြွယ်သူဌေးတစ်ဦး ဆိုရင် ငွေကြေးသုံးစွဲမှုစေ့စပ်လှပါတယ်။ ရိုးရိုးကုပ်ကုပ်နေထိုင်ခြင်းဟာ သူ့ရဲ့ဘဝ ပုံစံဖြစ်ပြီး ဈေးပေါတဲ့ တစ်ပတ်ရစ်ကား ကို ဝယ်စီးပါတယ်။ အိုးအိမ်ပြုပြင်မွမ်းမံ ရာမှာလည်း လေလံပစ်ရာက ရရှိလာ မယ့်ပေါချောင်ကောင်းပရိဘောဂပစ္စည်း များကိုသာအသုံးပြုပါတယ်။ ဒီလိုလုပ် ဆောင်ခြင်းကြောင့် သူ့ဝင်ငွေထဲက ဒေါ်လာများစွာသက်သာခဲ့ပါတယ်။

၂။ ငွေကြေးစုဆောင်းရင်းနှီးမြှုပ်နှံတဲ့ အစီအစဉ်ကို အကောင်အထည် ဖော်ပါ

တကယ်လို့ သင်ဟာ ငွေကြေးဖော ဖောသီသီသုံးစွဲတဲ့အကျင့်မှာ အကျင့်ပါ နေပြီဆိုရင်တော့၁၅ရာခိုင်နှုန်းစုဆောင်း ဖို့ကိစ္စဟာ တကယ်လည်းစိတ်အနှောင့် အယှက်ဖြစ်စရာ ဖြစ်နေပါလိမ့်မယ်။ ဒါဆိုရင် လောလောဆယ် ၅ရာခိုင်နှုန်း ကိုပဲစတင်စုဆောင်းလိုက်ပါ။ နောက်နှစ် တွေကစပြီး ၅ရာခိုင်နှုန်းတိုးပြီးစုဆောင်း သွားပါ။ ဒါဆိုရင် ၁ဝနှစ်အတွင်း ၁၅ ရာခိုင်နှုန်းစနစ်ကို အကောင်အထည် ဖော်နိုင်ပါလိမ့်မယ်။

ရိုးရှင်းလွယ်ကူမှုအရှိဆုံး နည်း လမ်းကတော့ သင်နှစ်သက်သဘောကျ တဲ့ငွေကြေးအဖွဲ့အစည်းတစ်ခုမှာ စတော့ ရှယ်ယာဝယ်ပြီး ရင်းနှီးမြှုပ်နှံထားပါ။ သင့်ရဲ့စတော့ရှယ်ယာတွေဟာ သင့်ရဲ့ ငွေစုစာရင်းအဖြစ် အလိုအလျောက် ပြောင်းရွှေ့သွားပါလိမ့်မယ်။ သန်းကြွယ် သူဌေး၉၅ရာခိုင်နှုန်းဟာ စတော့ရှယ် ယာများပိုင်ဆိုင်ကြပြီး အများစုကတော့ စတော့အရောင်းအဝယ် လုပ်ကိုင်ကြ ပါတယ်။

ကျောင်းဆရာ မောင်နှံစုံတွဲတစ်တွဲ ဟာ ခုလို စနစ်တကျရင်းနှီးမြှုပ်နှံမှုနဲ့ ဒေါ်လာငွေတစ်သန်းစုဆောင်းနိုင်ခဲ့ကြ ပါတယ်။ ၁၉၇၂ခုနှစ်မှာ သူတို့မောင်နှံ ဟာ အကြွေးကတ်(Credit Card)သုံးစွဲမှု ကိုစွန့်လွှတ်ပြီး တစ်လမှာ ဒေါ်လာ၅ဝ ပေးသွင်းရင်း စတော့ရှယ်ယာကို ဝယ်ယူ ခဲ့ကြပါတယ်။ ဒီအစီအစဉ်ရပ်ဆိုင်းလိုက် တာနဲ့သူတို့ရဲ့ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုကို စတင်နိုင်ခဲ့ကြပါတယ်။ ဒီနည်းနဲ့စု ဆောင်းငွေဟာ တစ်လ ဒေါ်လာ ၃ဝဝ ဖြစ်လာပါတယ်။ ခုလို စနစ်တကျပုံမှန် ရင်းနှီးမြှုပ်နှံမှုက သူတို့ကိုဒေါ်လာ ၇၅ဝဝဝဝ တိုးပွားစေခဲ့ပါတယ်။

(၃) ငွေချေးရန် မထက်သန်ပါနဲ့

အမေရိကန်မှာ အကြွေးဝယ်ကတ် ပေါင်း ၂ဘီလျံခန့်ကို နှစ်စဉ်ထုတ်ပေးနေ ပါတယ်။ ဘဏ်တွေက ခုလိုငွေကြေး အလွယ်တကူထုတ်ချေးတဲ့အတွက် ပြည် သူလူထုကပေးဆပ်ရတဲ့အတိုးငွေစုစု ပေါင်းဟာ ဘီလျံများစွာရှိခဲ့ပါတယ်။ ဒီထဲကသန်းကြွယ်သူဌေး ၇ဝရာခိုင်နှုန်း ဟာ အကြွေးကင်းသူတွေဖြစ်ကြပါတယ်။ ပေးဆပ်ရတဲ့အတိုးငွေတစ်ဒေါ်လာတိုင်း ဟာ ရင်းနှီးမြှုပ်နှံဖို့ တစ်ဒေါ်လာလျော့ နည်းစေကြောင်းကို သူတို့ကောင်းစွာ သဘောပေါက်ကြပါတယ်။ ဒါဟာ တတ် နိုင်တဲ့ငွေကြေးပမာဏထက်ပိုပြီးဈေးနှုန်း ချိုသာတဲ့အိမ်ရာဝယ်ယူခြင်းရဲ့အကြောင်း တစ်ရပ်လည်းပါဝင်ပါတယ်။ အိမ်ခြံမြေ ပွဲစားတွေက သင့်ဝင်ငွေသုံးဆကို အိမ် ဝယ်ယူဖို့သုံးစွဲနိုင်ကြောင်း အဆိုပြုကြပါ လိမ့်မယ်။ ဒါပေမဲ့ တကယ်လို့ သင်ဟာ သင့်ဝင်ငွေနှစ်ဆကို ကန့်သတ်ထားနိုင် ရင် ချေးငွေအတွက် ပြန်ပေးဆပ်ရငွေ (အတိုး)ပမာဏကို ၃၅ရာခိုင်နှုန်းခန့် လျှော့ချနိုင်မှာဖြစ်ပါတယ်။ ဒီငွေကို စု ဆောင်းငွေအဖြစ်အသုံးပြုနိုင်ပါလိမ့်မယ်။

အကြွေးကတ်သုံးစွဲခြင်းကိုတော့ အကောင်းဆုံးအကြံပေးရရင် အကြွေး လက်ကျန်ကိုဘယ်တော့မှမရှိစေဖို့ပါပဲ။ ဒါမှလည်း ငွေတိုးပေးရခြင်းဝဋ်ဒုက္ခက လွတ်ကင်းနိုင်မှာဖြစ်ပါတယ်။

စာတိုက်ဝန်ထမ်းဟောင်း တစ်ဦး ဟာ ဒီနည်းနဲ့မြေယာငှားရမ်းငွေ ဒေါ်လာ ၃သန်းခန့်ပိုင်ဆိုင်ခဲ့ပါတယ်။ အဆိုပါ စာတိုက်ဝန်ထမ်းဟောင်းက ‘သူများကို ငွေပေးရတဲ့အလုပ်မျိုး ယုံကြည်နှစ်သက် မှုမရှိပါ။ ကိုယ့်ကိုသာ သူများကငွေပေး ရမယ်လို့ပဲမှတ်ယူထားပါတယ်’ လို့ပြော ပါတယ်။

(၄) အခွန်ငွေပေးဆောင်ရမှုကို နည်း နိုင်သမျှ နည်းပါစေ

အမေရိကန်နိုင်ငံမှာ အိမ်ထောင်စု အများစုဟာ သူတို့ရဲ့နှစ်စဉ်ဝင်ငွေရဲ့၁၁ ဒသမ၆ရာခိုင်နှုန်းကို ဝင်ငွေခွန်ပေး ဆောင်နေကြရပါတယ်။ ယေဘုယျအား ဖြင့် သန်းကြွယ်သူဌေးတွေမှာတော့ သူတို့ရဲ့နှစ်စဉ်ဝင်ငွေရဲ့ ၂ရာခိုင်နှုန်း ကျော်ကျော်လေးပဲ ပေးဆောင်ကြရ ပါတယ်။

သန်းကြွယ်သူဌေးများအနေနဲ့ သူတို့ရဲ့အခွန်ငွေပမာဏကို လျှော့ချရာ မှာ အဓိကအသုံးပြုတဲ့နည်းလမ်းကတော့ နှစ်စဉ်ဝင်ငွေကို အခွန်ဆောင်ရမယ့် ပမာဏထက် များစွာပိုမိုခြင်းမရှိအောင် ထိန်းထားနိုင်ကြခြင်းပါပဲ။ သူတို့ဟာ စတော့ရှယ်ယာတိုးပွားအောင် ဝယ်ယူ မြှုပ်နှံကြပြီး စတော့ရှယ်ယာဈေးတက် တာနဲ့အမြတ်တွေရရှိကြပါတယ်။ ဒီစတော့တွေဟာမရောင်းချမချင်း အခွန် ထမ်းဆောင်ဖို့ မလိုအပ်သေးပါဘူး။ ဒီနည်းနဲ့ နှစ်စဉ်အခွန်ထမ်းဆောင် ငွေပမာဏနည်းပါးအောင်လုပ်ဆောင်ကြ ပါတယ်။ ရင်းနှီးမြှုပ်နှံမှုဟာ ငွေသား အဖြစ် မပြောင်းလဲမချင်း အခွန်ငွေထမ်း ဆောင်ဖို့ ဆိုင်းငံ့ထားသလိုဖြစ်စေပြီး အကျိုးရှိစေပါတယ်။ တခြားအကျိုး အမြတ်တစ်ခုကတော့ရင်းနှီးငွေရှယ်ယာ အမြတ်ငွေနဲ့ အတိုးနှုန်းငွေများမှာ သာမန်ဝင်ငွေအပေါ် ကောက်ခံတဲ့အခွန် နှုန်းထားထက် လျော့နည်းပြီးအခွန်ပေး ဆောင်ရခြင်းဖြစ်ပါတယ်။

(၅) ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းထူ ထောင်ပါ

တစ်ပါးသူအတွက် အလုပ်လုပ်ပေး ရတဲ့အခကြေးစားလုပ်ငန်းထက် ကိုယ် ပိုင်လုပ်ငန်းထူထောင်လုပ်ကိုင်ခြင်းက သန်းကြွယ်သူဌေးဖြစ်နိုင်ခြေလေးဆပို ရှိကြောင်းတွေ့ရှိရပါတယ်။ အခကြေးစား အလုပ်ဆိုတာ မိမိလုပ်ငန်းရှင်ထုတ်ပေး သမျှ လစာငွေကြေးပဲရရှိကြပါတယ်။ ဒါပေမဲ့ကိုယ်ပိုင်လုပ်ငန်းရှင်တွေအဖို့မှာ တော့ သူတို့လုပ်ငန်းတိုးတက်ကြီးပွား အောင်ကြိုးစားဆောင်ရွက်နိုင်လေ အပို ဝင်ငွေရရှိလေလေပါပဲ။

အသက် ၃၈နှစ်အရွယ်ရှိ ကက် နက်ဘဒ်ဝဲလ်ဆိုသူဟာ သူ့ရဲ့ကွန်ပျူတာ အပိုပစ္စည်းရောင်းဝယ်ရေးကုမ္ပဏီရဲ့ပိုင် ဆိုင်မှု၆၉ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားသူပါ။ သူ့ရဲ့ တစ်နှစ်ဝင်ငွေက ဒေါ်လာ ၂ဒသမ ၅သန်း။ သူက သူ့ကိုယ်သူ တစ်နှစ်တာ လစာဒေါ်လာသုံးသိန်းပေးထားပါတယ်။အသုံးစရိတ်အဖြစ် ကန့်သတ်ထားခြင်း ဖြစ်ပါတယ်။ သူ့အတွက် တကယ့်ကိုစိတ် လှုပ်ရှားဖွယ်အကောင်းဆုံးဖြစ်ရပ် ကတော့ သူပိုင်ဆိုင်တဲ့ စတုရန်းပေ လေး သောင်းကျယ်ဝန်းတဲ့အလုပ်ရုံသစ်ထဲ လမ်းလျှောက်ပြီး သူ့ရဲ့စီးပွားရေး လုပ်ငန်းကြီး ရှင်သန်ကြီးထွားနေတာကို မြင်တွေ့နေရခြင်းဖြစ်ကြောင်း ကက်နက် ဘဒ်ဝဲလ်ကဂုဏ်ယူပြောဆိုလေ့ရှိပါတယ်။

Ref: Secrets From America's Millicinaire's Reader's Digest.

No comments: