Friday, November 30, 2007

OPEC မှရေနံတိုးထုတ်ရန် အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံရင်းနှီးမြှုပ်နှံမည်


၂၀၀၈ခုနှစ်မှ ၂၀၁၂ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း ရေနံတိုး၍ ထုတ်လုပ်သည့် လုပ်ငန်း
စီမံကိန်း ၁၂၀ကျော်တွင် အမေရိကန်ဒေါ်လာ(၁၅၀)ဘီလီယံရင်းနှီးမြှုပ်နှံသွားမည်ဟု OPEC ကနိုဝင်
ဘာလ (၂၈)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ဒီဇင်ဘာလ (၅) ရက်နေ့တွင်ကျင်းပရန်ရှိသည့်
OPECအစည်းအဝေးတွင် ရေနံတိုး၍ထုတ်လုပ်ရန်ရှိမည်လားဟုမေးရာတွင် ဆောဒီအာရေဗျရေနံဝန်
ကြီးအလီအယ်လ်နာအိမိက OPECအနေဖြင့် အချက်အလက်ကိန်းဂဏန်များကို အရင်ဆုံးကြည့်ရဦး
မည်ဖြစ်ကြောင်း၊ထိုအချက်အလက်များအရသာဆုံးဖြတ်သွားမည်ဟုဖြေကြားခဲ့သည်။ရေနံတိုးထုတ်
ရန်စီမံကိန်းများထဲတွင် တစ်နေ့လျှင်ရေနံစိမ်း စည်ပေါင်း၅သန်းကျော်ထုတ်လုပ်သွားနိုင်သည့်အနေ
အထားသို့မြှင့်တင်သွားမည်ဖြစ်သည်။ ယခုနှစ်နိုဝင်ဘာ(၁)ရက်နေ့မှစ၍ OPECကတစ်နေ့လျှင်ရေနံ
စည်ပေါင်းငါးသိန်းတိုးတက်ထုတ်လုပ်ပေးလျက်ရှိသည်။ (အေအက်ဖ်ပီ)


Biometric ပတ်စ်ပို့ကိုကိုင်ဆောင်ထားသူများကိုသာ အမေရိကန်နိုင်ငံတွင်းသို့ ဗီဇာမဲ့ဝင်ခွင့်ပြုမည်



စင်္ကာပူနိုင်ငံတွင် အောက်တိုဘာ၂၆ရက်နေ့ နောက်ပိုင်းသက်တမ်းတိုး(သို့)အသစ်ပြုလုပ် သည့်
ပြည်ပ ခရီးသွားသူများကိုင်ဆောင်ရသည့်လက်မှတ်များသည် ဘိုင်အိုမက်ထရစ်ပတ်(စ်)ပို့ဖြစ်မှသာ
လျင် အမေရိကန်နိုင်ငံတွင်းသို့ စင်္ကာပူနိုင်ငံသားများ ဗီဇာကြိုတင်လျှောက်ထားရန် မလိုပဲဝင်ခွင့်ရရှိ
မည်ဖြစ်သည်ဟု စင်ကာပူနိုင်ငံရှိ အမေရိကန်သံရုံးမှကြေညာလိုက်သည်။ဘိုင်အိုမက်ထရစ်ပတ်(စ်)
ပို့ကိုင် ဆောင်သူမဟုတ်ပါကအမေရိကန်သံရုံးတွင်ဗီဇာလျှောက်ထားရန်လိုအပ်မည်ဖြစ်သည်။စင်္ကာ
ပူနိုင်ငံတွင်ဘိုင်အို မက်ထရစ်ပတ်(စ်)ပို့များကို ၂၀၀၆ခုနှစ် သြဂုတ်လ(၁၅)ရက်နေ့မှစတင်ထုတ်ပေး
ခဲ့သည်။(အေအက်ဖ်ပီ)


တောင်ကိုးရီးယားနိုင်ငံတွင် Cell Phone ကိုင်ဆောင်သူတစ်ဦး သေဆုံးမှုကို ဖော်ထုတ်ပေးရန် တောင်းဆို




တောင်ကိုးရီးယားနိုင်ငံChungcheongပြည်နယ်မြောက်ပိုင်း ရုံးတစ်ရုံးတွင်အလုပ်လုပ်နေသည့်
အမျိုးသားတစ်ဦးကို၎င်း၏ရင်ဘတ်ရှပ်အင်္ကျီအိပ်ကပ်နေရာတွင်မီးလောင် ရာကွက်တစ်ခုနှင့် သေဆုံး
နေသည်ကိုတွေ့ရှိခဲ့ရပြီး၎င်းဒဏ်ရာမှာCell Phone၏ဘထ္ထရီမှမီးလောင်မှုကြောင့် ဖြစ်သည်ဟုရဲကယူ
ဆသည်။ သေဆုံးသူ၏ Cell Phoneမှဘထ္ထရီမှာ
ရှပ်အင်္ကျီအိပ်ကပ်အတွင်းရည်ပျော်ကာအဆုပ်နှင့် နှ
လုံး ထိခိုက်ပြီး၊နှာခေါင်းမှလည်း သွေးများယိုစီးလျှက် ရှိသည်ကိုတွေ့ရသည်။ Chungbuk အမျိုးသား
တက္ကသို်လ်မှဆရာဝန်က သေဆုံးသူ၏လက်ဝဲဘက်ရင်ဘတ်တွင်မီးလောင်ရာတွေ့ရှိခဲ့ရသောကြောင့်
ပေါက်ကွဲမှုတစ်ခု၏ဖိအားကြောင့် သေဆုံးခဲ့ခြင်းဖြစ်နိုင် သည်ဟုဆိုသည်။ ၄င်းကိုင်ဆောင်သည့်Cell
Phoneမှာ LGဖြစ်သဖြင့်LGကုမ္ပဏီအားထိုကိစ္စအားစုံစမ်းစစ်ဆေးမှုများပြုလုပ်ပေးရန်အာဏာပိုင်များ
က တောင်းဆိုထားသည်။LGကုမ္ပဏီကဘထ္ထရီမှာလီသီယံအိုင်ယွန်းပေါ်လီမာဖြင့်ပြုလုပ်ထားပြီးသေ
ချာစွာစမ်း သပ်မှုများပြုလုပ်ထားသည်ဟုသာပြောနိုင်ပြီးထပ်မံ၍အသေးစိပ်အချက်အလက်များကိုမ
ပြောနိုင်သေးဟုဆိုသည်။ ယခုနှစ်ဇူလိုင်လတွင်လည်း တရုတ်ပြည်၌ ဂဟေဆော်နေသည့်အလုပ်သ
မားတစ်ဦးသည်၎င်း၏Cell Phone ဘထ္ထရီအရည်ပျော်၍မီးလောင်မှုကြောင့်သေဆုံး ခဲ့ရသည်။ Cell
Phoneဘထ္ထရီသည်အပူခ်ျိန်မြင့်သည့်နေရာအနားတွင်ရှိသောကြောင့်အရည်ပျော်ကာမီးလောင်ကျွမ်း
ခဲ့ရသည်ဟု ယူဆသည်။ LG၏ယခုဖုန်းအမျိုးအစားမှာ ကိုရီးယား နိုင်ငံအတွင်း၌သာ ရောင်းချသည့်
Cell Phoneဖြစ်သည်။ယခုအမှုမှာကိုရီးယားတွင်ပထမဦးဆုံးဖြစ်ပွားသည့်Cell Phoneဘထ္ထရီကြောင့်
လူသေရခြင်းဖြစ်သည်။ သေဆုံးသူမှာအပူချိန်မြင့်သည့်နေရာအနားတွင်မရှိဘဲရာသီဥတုလည်းအေး
နေသည့်အတွက်အပူချိန်မြင့်မှုကြောင့်Cell Phoneဘထ္ထရီမီးလောင်ကျွမ်းရခြင်းမဖြစ်နိုင်ဟုပြည်တွင်း
မီဒီယာများမှပြောဆိုသည်။(အေအက်ဖ်ပီ)


ဦးနှောက် မှားယွင်းခွဲစိတ်မိသဖြင့် ဆေးရုံဒဏ်ရိုက်ခံရ




ကျန်းမာရေးဝန်ကြီးဌာနက ရို့စ်အိုင်လန် ဆေးရုံကိုဒဏ်ငွေဒေါ်လာ ၅သောင်း နှင့်နောင်အခါမှားယွင်းမပြုလုပ်ရန်သတိ ပေးပြောကြားလိုက်သည်။ အမှုမှာ ထို ဆေးရုံရှိဆရာဝန်တစ်ယောက်က လူနာ တစ်ယောက်၏ဦးနှောက်ကိုခွဲစိတ်ကုသရာ တွင်ဘက်မှားပြီးခွဲစိတ်ခဲ့သောအမှုဖြစ်သည်။ ကျန်းမာရေးညွှန်ကြားရေးမှူး ဒေဗစ်ဂစ်ဖို့ဒ် က “ဒီလိုဖြစ်ပေါ်မှုကိုကျွန်တော်တို့အများ ကြီးအလေးထားပါတယ်”ဟု ကျန်းမာရေး ၀န်ကြီးဌာန၏ကြေညာချက်ထဲတွင်ရေးသားထားသည်။ “ဆေးရုံဟာခွဲစိတ်ခန်းထဲ မှာ တိုးတက်မှုတွေကိုပြုလုပ်နိုင်ခဲ့ပြီးဖြစ်ပေမယ့်ဒီအပြောင်းအလဲတွေကိုဆေးရုံ ရဲ့ကျန်နေရာတွေကိုမဖြန့်နိုင်သေးပါဘူး” ဟုဆက်လက်ပြောကြားခဲ့သည်။ ရို့စ်အိုင်လန်ဆေးရုံသည် ယခုလုပ်ခဲ့သည့်အမှားအပါအ၀င်အမှားသုံးခုကို ဆက်တိုက်ကျူးလွန် ခဲ့သည်။ ယခုအမှုမှာ အသက် ၃၂နှစ်အရွယ်ရှိလူနာအားဦးနှောက်ခွဲစိတ်ရာတွင် နေရာမှားခွဲစိတ်မိခဲ့ခြင်းဖြစ်သည်။ သို့သော်လူနာမှာ ကျန်းမာရေးအခြေအနေ ကောင်းမွန်သည်ဟုသိရသည်။ လွန်ခဲ့သည့် ဖေဖော်ဝါရီလကလည်းဦးနှောက်ခွဲစိတ်ဆရာဝန်တစ်ယောက်သည် အခြားလူနာတစ်ယောက်၏ဦးနှောက်ကိုနေရာမှားခွဲစိတ်ခဲ့ သေးသည်။ သို့သော်လွန်ခဲ့သည့် သြဂုတ် လကဦးနှောက်ခွဲစိတ်ဆရာဝန်တစ်ယောက် သည်ဦးနှောက်ကိုနေရာမှားခွဲစိတ်ခဲ့သောကြောင့်လူနာမှာသေဆုံးခဲ့ရသည်။ ထိုကဲ့ သို့လွဲမှားသောခွဲစိတ်မှုများ ကပြည်နယ်အစိုးရကိုနောက်နောင်ထိုကဲ့သို့မှားယွင်းခွဲ စိတ်မှုများမဖြစ်ပေါ်ရန်အရေးယူဆောင် ရွက်မှုများအလျင်အမြန်ပြုလုပ်ခဲ့ရသည်။ ဆေးရုံကလည်း ကုထုံးအမှားများ အတတ် နိုင်ဆုံးနည်းပါးစေရန်ပြည်နယ်အစိုးရနှင့် ဆက်လက်ပူးပေါင်းသွားမည်ဟုပြောကြား ခဲ့သည်။ ပြည်နယ်အစိုးရကဆေးရုံကိုဒဏ် ရိုက်သည့်အပြင်ဦးနှောက်ခွဲစိတ်မှုစစ်ဆေး မှုများကိုတိုးတက်ကောင်းမွန်ရန်ခွဲစိတ်မည့် နေရာ၊ လူနာ၏ကျန်းမာရေးသမိုင်းနှင့်စစ် ဆေးမှုစာရင်းသစ်များကိုဝန်ထမ်းများ အား သင်တန်းပေးရန်ကိုလည်းပါဝင်ခဲ့သည်။


လိင်အဂါင်္နှစ်ခုပါသော ကလေးငယ်အား ခွဲစိတ်မှုပြုမည်


ဒဂုံမြို့သစ်တောင်ပိုင်းရှိမြို့နယ်ဆေးရုံတွင် လိင်အင်္ဂါနှစ်ခုပါသော ကလေးငယ်တစ် ယောက်အား ၂၀၀၇ ခုနှစ်သြဂုတ်လ ၈ ရက်တွင် မွေးဖွားခဲ့ပြီး ယင်းကလေးငယ်အား လိင်တစ်ခု တည်းဖြစ်စေရန် ခွဲစိတ်မှုပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

ကလေး ငယ်ကို ကိုယ်ဝန်ဆောင်ထားချိန်တွင် မိခင်မှ ကလေးအမြွာပူး ယောက်ကျား လေးနှစ်ယောက်ကို အိပ်မက်မြင်မက်ခဲ့သည်ဟု သိ ရသည်။ ကလေးမှာ မွေးရာ ပါ နှလုံးရောဂါရှိပြီး ယခုအချိန်တွင် ရန်ကုန်ကလေးဆေးရုံကြီးတွင် နှစ်ပတ် ခြားသွားရောက် ကုသမှုခံယူလျက်ရှိကြောင်းသိရသည်။



ထိုင်းတွင် နိုင်ငံတော်သီချင်း လွှင့်တင်စဉ် မော်တော်ကား ရပ်ရမည်


ထိုင်းနိုင်ငံတွင် မျိုးချစ်စိတ်ဓာတ် မြင့်မားလာရေးအတွက် ဥပဒေအသစ်အားအဆိုပြုရာတွင် အခြေအနေမှာ အရေးဆိုမည့် အနေအထားဖြစ် နေ သည်။ အကြောင်းမှာ တစ်နေ့လျှင်နှစ်ကြိမ် နိုင်ငံတော်သီချင်းသီဆိုမှုပြုနေစဉ် မော်တော်ယာဉ်များရပ်တံ့ ထားရမည့်အတွက် ဖြစ်သည်ဟု ဥပဒေ ပြဌာန်း သူများပြောကြားလိုက်သည်။ စစ်တပ်မှခန့်အပ်ထားသော ပါလီမန်တွင် အငြိမ်းစားယူပြီးသူနှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဗိုလ်ချုပ်ကြီး များမှ အဆိုပြုသည့် အလံနှင့်ပတ်သက်သည့် ဥပဒေမူကြမ်း မဲပေးခြင်းတွင် ကော်မတီမှ လေ့လာနိုင်ရန်အတွက် ရွှေ့ဆိုင်းထားသည်။

ဥပဒေမူကြမ်းအား ထောက်ခံသူများကမူ ထိုင်းတွင် အစဉ်အလာထိန်းသိမ်းရန်နှင့် မျိုးချစ်စိတ်ဓာတ်မွေးမြူရန်အတွက် နိုင်ငံတော်အလံတင်ချိန်နှင့် အလံ ခ ချိန်အတွင်း နိုင်ငံတော် သီချင်းသီဆိုထုတ်လွှင့်စဉ် တစ်နိုင်ငံလုံးအတိုင်းအတာအရ မော်တော်ယာဉ်များလည်း ရပ်ထားသင့် သည်ဟု ဆိုသည်။ အသက် ၇၀ အရွယ်ရှိ အမျိုးသားဥပဒေပြုလွှတ်တော်မှ အဖွဲ့ဝင်အငြိမ်းစားဗိုလ်ချုပ်ကြီး “ပရီချာရိုချနာဆီနာ”ကမူ နိုင်ငံတော် သီချင်း သီဆိုရာတွင် တစ်မိနစ်နှင့် ရှစ်စက္ကန့်သာကြာသည်ဖြစ်၍ တိုင်းပြည်အား လေးစားသည့်အနေဖြင့် ယာဉ်မောင်းများမှ မော်တော်ယာဉ်များအား မည်သည့်အတွက် မရပ်တံ့နိုင်ရမည်နည်းဟု ရိုက်တာသတင်းဌာနအားပြောကြားကြောင်းသိရှိရ သည်။

ထိုင်းတို့အနေဖြင့် မီးရထားဘူတာရုံများ၊ ပန်းခြံများနှင့် ရုံအဆောက်အအုံများတွင် နံနက် ၈ နာရီနှင့် ညနေ ၆ နာရီ တွင် အသံချဲ့စက်မှ နိုင်ငံတော် သီချင်းဖွင့်သောအခါ ပြုလုပ်နေသည့်အလုပ်အား ရပ်တာလျက်မတ်တတ်ရပ်နေခဲ့ကြသည်သာ ဖြစ်သည်။ ပရီချာမှ ဤတင်သွင်းသည့်ဥပဒေအား ချိုးဖောက်သူများအပေါ် အပြစ်ဒဏ်ပေးမည့်အဆိုကို မတင်သွင်းသေးသော် လည်း ဤဥပဒေမူကြမ်းမှာ ယာဉ်မောင်းသမားများအား မျိုးချစ်စိတ်ထက်သန်မှုဖြစ်ပေါ်လာလိမ့်မည်ဟုပြောကြားကြောင်းသိရ သည်။

No comments: