| |||
နေရာတကာမှာ ဒီစကားပြောတာ မကြာခဏကြားရတတ်တယ်။ စာတွေ လည်းရေးကြတာဖတ်ရတယ်။ လမ်းဖြတ် ကူးတာ၊ အမှိုက်ပစ်တာ၊ မရိုမသေစကား လမ်းဘေးအပေါ့သွားတာ စတာမျိုးတွေကို လက်ညှိုးထိုးပြပြီး လူမျိုးတစ်မျိုးလုံးလို နိုင်ငံကြီးသားစိတ် နားမလည်သေးဘူး၊ မယဉ်ကျေးဘူးလို့ ကဲ့ရဲ့တတ်ကြတယ်။
ဒီစကားမျိုးတွေကြားတိုင်း တအား စိတ်ဆိုးတယ်။ အထူးသဖြင့် အဲဒီလိုကဲ့ရဲ့ တဲ့သူတွေက နှိုင်းနှိုင်းပြီးပြောလေ့ရှိတဲ့နိုင်ငံ တွေအမည်ကြားရင် ပိုပြီးဒေါသဖြစ်ရ တယ်။ ဘာ့ကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်သုံးလေးဆယ်လောက်အထိ အဲဒီနိုင်ငံ တွေဟာ စာမတတ် ပေမတတ်နဲ့ လူဆင်း ရဲတွေအများဆုံး ဒုစရိုက်မှုတွေအများဆုံး နိုင်ငံတွေအဖြစ် နာမည်ဆိုးရခဲ့ရပြီးအခု ခေတ်မှာလည်း စီးပွားရေးတိုးတက်လာမှု တစ်ခုကလွဲရင် ကျန်တဲ့လူမှုရေး၊ ယဉ်ကျေး မှုရေးတို့မှာ ခပ်ရိုင်းရိုင်းစရိုက်တွေပပျောက် ကြသေးတာမဟုတ်ပါဘူး။
မြန်မာလူမျိုးတွေဟာ လူဘယ် လောက်ပဲ ဆင်းရဲဆင်းရဲ စိတ်ဓာတ်ယဉ် ကျေးမှု မဆင်းရဲကြပါဘူး။ သက်ကြီးရွယ် အို ဘိုးဘွားမိဘတွေကို သူ့ထိုက်နဲ့သူ့ကံပဲ ဆိုပြီး ပစ်ပယ်ထားတာမျိုးတော့မဆိုထား နဲ့။ ရန်ကုန်လိုမြို့ကြီးပြကြီးမှာတောင်ပြော ရလောက်အောင်မရှိပါဘူး။ အမိုးတစ်ခု တည်းအောက်မှာ ဘိုးဘွားတွေလိုသား သမီးမြေးမြစ်တွေက မရှိအတူ ရှိအတူပြုစု စောင့်ရှောက်ပေးကြမြဲဖြစ်တယ်။
တောကနေပြီး မြို့ပေါ်က ဦးလေး၊ အဒေါ်တွေ အိမ်မှာ၊ အစ်ကို၊ အစ်မတွေ အိမ်မှာလာနေရင်းကျောင်းတက်တဲ့ဓလေ့ ရှိနေဆဲပဲ။ အများအားဖြင့် လာနေခ၊ စား စရိတ် စသဖြင့် တောင်းယူလေ့မရှိပါဘူး။ အတူနေ အတူစားပေါ့ဆိုပြီး ကိုယ်စားရ သလို ကျွေးကြတာပါပဲ။ ဒီဓလေ့မျိုး တခြားနိုင်ငံတွေမှာရှိလို့လား။ ပိုပြီးထင်ရှား တဲ့နမူနာပြရရင်တော့ မန္တလေးဗြဟ္မစိုရ်နာ ရေးကူညီမှုအသင်းကစတင်လိုက်တဲ့လူမှု ရေးပရဟိတစစ်စစ် လုပ်ငန်းမျိုးတွေ ရန် ကုန်မြို့ကြီးနဲ့နိုင်ငံအနှံ့ မြို့နယ်ပေါင်းများ စွာ ပေါ်ပေါက်လာခဲ့တာကိုကြည့်ပါ။ ဒီလို အခမဲ့နာရေးကိစ္စအဝဝကိုကူညီတဲ့အသင်း အဖွဲ့မျိုး ဘယ်နိုင်ငံမှာ ကြားဖူးပါသလဲ။
ဒီအသင်းအဖွဲ့တွေဟာ ဘီလ်ဂိတ်လို သူဌေးကြီးတွေ၊ ဖောင်ဒေးရှင်းကြီးတွေရဲ့ အလှူငွေနဲ့တည်ထောင်ခဲ့ကြတာတွေ မဟုတ်ပါဘူး။ စိတ်ယဉ်ကျေးမှုအဆင့်မြင့် တဲ့လူကြီးတွေက စတင်ဝါယမစိုက်ထုတ်ခဲ့ ကြပြီး စိတ်ယဉ်ကျေးမှုအဆင့်မြင့်တဲ့လူငယ် တွေက ကိုယ့်ထမင်းကိုယ်စားပြီး ဝိုင်းဝန်း လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်။ ဒါ နိုင်ငံ ကြီးသားစိတ်ဓာတ်မဟုတ်ဘူးလား။ ဒါ တာဝန်သိတတ်မှုမဟုတ်ဘူးလား။
လူသားချင်း မေတ္တာစေတနာထား တာ၊ တစ်ဦးနဲ့တစ်ဦး ဝိုင်းဝန်းကူညီစောင့် ရှောက်တာ၊ ကိုယ့်အိမ်ကဟင်းကောင်း လေးချက်ရင် ဘေးအိမ်ကိုသွားပို့တတ်တာ ဆိုတာမျိုးကို စိတ်ယဉ်ကျေးမှုလို့မခေါ်ဘူး လား။ စက်မှုနည်းပညာအရာမှာသာ အောက်ကျနောက်ကျရှိပါတယ်။ စိတ်ယဉ် ကျေးမှုအရာမှာတော့ ဘယ်လူမျိုးနဲ့ယှဉ် ယှဉ်မနိမ့်ကျပါဘူး။
သူများတွေကို တာဝန်မသိတတ်ဘူး လို့ပြောတဲ့သူဟာ ကိုယ့်ကိုယ်ကိုယ်လည်း ‘ငါရော ငါ့တာဝန်ငါ လုပ်ရဲ့လား’ လို့ပြန် မေးကြည့်သင့်တယ်။ တကယ်တော့ လူ တိုင်းလူတိုင်း ကိုယ့်အလုပ်ကိုယ်လုပ်နေကြ မယ်၊ ကိုယ့်တာဝန်ကိုယ်ကျေကြမယ်ဆိုရင် ဘာပြဿနာမှမရှိနိုင်တော့ပါဘူး။
ဒီနေ့ မြန်မာ့လူ့အဖွဲ့အစည်းဟာ စိုက် ပျိုးရေးကိုအခြေခံအဖြစ် ထားနေသေးတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ကျေးလက်က လူ တွေကမြေကြီးကိုထွန်ယက်စိုက်ပျိုးတယ်။ မြို့ပေါ်ကလူတွေကလယ်ယာစိုက်ပျိုးထုတ် ကုန်တွေကို ရောင်းဝယ်ဖောက်ကားတယ်။ လူဦးရေရဲ့၉ဝရာခိုင်နှုန်းလောက်ဟာကျေး လက်နဲ့မကင်းကြဘူးလို့ဆိုနိုင်လိမ့်မယ်ထင် တယ်။ ကျေးလက်နဲ့မကင်းတော့နေရာ တကာမှာ ကျေးလက်ရနံ့တွေထုံနေဆဲလူ့ အဖွဲ့အစည်းဖြစ်တယ်။ ကျေးလက်ရနံ့၊ ကျေးလက်စရိုက်ဆိုတာက သူ့လယ် ကိုယ် စိုက်ပေး၊ ကိုယ့်လယ် သူစိုက်ပေးတဲ့ သဘာဝဖြစ်တယ်။ စာရင်းငှားနဲ့စာရင်းဒိုင် ဆိုပြီး ခွဲခြားမှုရှိတာမျိုးလည်းမဟုတ်ဘူး။ တကယ်ကို သန့်ရှင်းပြီး ချစ်စရာကောင်း တဲ့ဓလေ့မျိုး၊ လူ့အဖွဲ့အစည်းမျိုးဖြစ်တယ်။
ဒီလူ့အဖွဲ့အစည်းမျိုးမှာ လူတိုင်းရပ် ရေးရွာရေးကိုပါဝင်ဆောင်ရွက်ကြမြဲဖြစ် တယ်။ အဲဒါကြောင့် တစ်မျိုးလုံးကိုသိမ်း ကြုံးပြီး တာဝန်မသိတတ်ဘူး၊ နိုင်ငံကြီး သားမပီသဘူးလို့ မြို့သားပညာတတ်တွေ ကပုတ်ခတ်သံကြားတိုင်း စိတ်ဆိုးတာဖြစ် တယ်။ ခဏတစ်ဖြုတ်ရောက်ဖူးတဲ့ ဟိုနိုင်ငံ ဒီနိုင်ငံကလူတွေကို သိပ်စည်းကမ်းရှိတာပဲ၊ သိပ်တာဝန်သိတတ်တာပဲ၊ သိပ်ယဉ်ကျေး တာပဲလို့ပြောတတ်တဲ့လူတွေကို ကိုယ့်နိုင်ငံ ထဲက ကျေးလက်တောရွာတွေမှာ တစ် ပတ်ဆယ်ရက်လောက် သွားနေကြည့်ကြ ပါဦးလို့ တိုက်တွန်းလိုက်ချင်ပါတယ်။
နာမည်ကြီး NFL ကစားသမား ရှောင်တေလာ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အသက်ဆုံးရှုံး | | ||
|
အမေရိကန်နာမည်ကြီး NFL ကစားသမားတစ်ဦးဖြစ်သူ ရှောင်တေလာသည် ပြီးခဲ့သည့် တနင်္လာနေ့က မီယာမီရှိသူ၏
နေအိမ်တွင်သေနတ်ဖြင့်ပစ်ခတ် ခံရမှုကြောင့်သေဆုံးသွားခဲ့ကြောင်းသိရှိရသည်။ အသက်(၂၄)နှစ်အရွယ်ရှိ တေလာသည်
၎င်း၏နေအိမ်တွင်းသို့ ဝင်ရောက်ခိုးယူခဲ့သည့် ဖောက်ထွင်းသူခိုးတစ်ဦး၏ သေနတ်ဖြင့်ပစ်ခတ်ခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။
သေနတ်ဖြင့် ပစ်ခတ်ခံရချိန်တွင် နေအိမ်၌တေလာနှင့်အတူ သူ၏အတူနေ ချစ်သူပါရှိနေရာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့
သော တေလာအား ဆေးရုံသို့တင်ပို့ခဲ့သော်လည်း အချိန်မီ အသက်ကယ်နိုင်ခြင်းမရှိခဲ့ပေ။ တေလာသည် အမေရိကန် NFL
ကလပ်အသင်းတစ်သင်းဖြစ်သော Washington Redskins အသင်း၏ နောက်တန်းကစားသမားတစ်ဦးဖြစ်ပြီး ယခုလပိုင်း
အတွင်း ဒူးဒဏ်ရာကြောင့် ပြိုင်ပွဲဝင်ခြင်းမှ ခေတ္တအနားယူနေရသူဖြစ်သည်။
အမေရိကန် NFL အားကစားအဖွဲ့ချုပ်သည် တေလာ၏သေဆုံးမှုနှင့် ပတ်သက်ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ်
ယခုတစ်ပတ်အတွင်း NFL ပြိုင်ပွဲများတွင် ပြိုင်ပွဲဝင်အသင်းတိုင်းမှ ကစားသမားများသည်သူ၏ကျောနံပါတ်(၂၁)ပါ ဂျာစီကို
ဝတ်ဆင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြိုင်ပွဲမစတင်မီတွင် မိနစ်အနည်းငယ်မျှငြိမ်သက်ပြီးတေလာအတွက်ဆုတောင်းမှုပြုလုပ်ပေး
ရမည်ဟု စီစဉ်ခဲ့သည်။
၃၀.၁၁.၂၀၀၇
No comments:
Post a Comment