Wednesday, November 14, 2007

ကွန်ပျူတာဈေးနှုန်းကျဆင်းခြင်းမှာ သိသိသာသာကျဆင်းခြင်းမဟုတ်




Posted on Jun 06 07 - 10:26 AM | Hits : 1710 | Save as PDF


ကွန်ပျူတာဈေးကွက်အတွင်း ကွန်ပျူ တာနှင့်ဆက်စပ်ပစ္စည်းဈေးနှုန်းများကျဆင်း သည်ဆိုရာတွင် သိသိသာသာကျဆင်း သွားခြင်းမျိုးမဟုတ်ဘဲ ပစ္စည်းတစ်ခုချင်းစီ ၏ ဈေးနှုန်းအနည်းငယ်သာကျဆင်းခြင်း ဖြစ်ကြောင်းသိရသည်။
““ကွန်ပျူတာပစ္စည်းတွေထဲမှာ သိသိ သာသာဈေးကျသွားတာက Memory နဲ့ CPU တွေပဲဖြစ်ပါတယ်။ အဲဒါတွေက အရင်ဈေးထက် ၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းလောက်အထိကျသွားပါတယ်။ ကျန်တဲ့ဆက်စပ်ပစ္စည်းတွေက အများဆုံး မှ ၅ ရာခိုင်နှုန်းလောက်ပဲကျတာပါ”” ဟု Smart Computer မှတာဝန်ရှိသူတစ်ဦး ကအင်တာနက်ဂျာနယ်သို့ပြောသည်။
Motherbord များနှင့် ဂရပ်ဖစ် ကတ်များအနေဖြင့် ရာခိုင်နှုန်းအနည်းငယ် သာလျှင်ဈေးကျခြင်းဖြစ်ပြီး CPU များ တွင်အမြင့်ပိုင်းပစ္စည်းများပို၍ ဈေးကျ ကြောင်းသိရသည်။
““ကွန်ပျူတာဈေးကျတယ်ဆိုတာထက် အရင်မော်ဒယ်နိမ့်ပစ္စည်းဈေးနှုန်းနဲ့ပဲ မော်ဒယ်အမြင့်တွေကိုဝယ် လို့ရတာဆိုရင် ပိုမှန်ပါတယ်။ ဥပမာ hard disk 80 GB ကိုအရင်က ခြောက်သောင်းဆိုရင်အခုအ ခါမှာ 120GB ကိုဝယ်လို့ရတယ်ဆိုတဲ့ သ ဘောပါ”” ဟု၎င်းင်းကပင်ဆက်လက်ရှင်း ပြသည်။
ကွန်ပျူတာတွင် အရေးကြီးသည့်အ စိတ်အပိုင်းဖြစ်သော CPU ဈေးနှုန်းများ အဓိကကျဆင်းခြင်းကြောင့် ကွန်ပျူတာ တစ်စုံလုံးဈေးနှုန်းတွင် ကျပ်သုံးသောင်း ၀န်းကျင်ခန့်ဈေးကျသွားကြောင်းသိရသည်။

No comments: