သားစဉ် မြေးဆက်တိုင်ရော
အထည်ဆိုင်ကြီး တစ်ဆိုင်ရှေ့မှာ သူတို့ဆိုင်က အ၀တ်အထည်တွေ ဘယ်လောက်တာရှည် အသုံးခံတဲ့ အကြောင်းကြော်ငြာ ဆိုင်းဘုတ်တစ်ခု စိုက်ထူထားပါတယ်။ အဲဒီ ဆိုင်းဘုတ်ကြီးမှာ “အဘိုးဝယ်ထားလျှင် မြေးအထိ ၀တ်နိုင်သည်” ဆိုပြီး ရေးထားတာပါ။
ဒီလိုနဲ့ ဒီကြော်ငြာကို တွေ့သွားတဲ့ အဘိုးကြီး တစ်ယောက်က အထည်ဆိုင်ကြီးဆီ ရောက်လာပြီး ရှပ်အင်္ကျီ တစ်ထည်ဝယ်သွားတာပေါ့။ ဒါပေမယ့် ရက်ပေါင်း နည်းနည်းကြာတော့ ရှပ်အင်္ကျီ ၀ယ်သွားတဲ့ အဘိုးကြီး အဲဒီဆိုင်ထဲ ပြန်လာပြီး ဆိုင်ရှင်ကို စိတ်ဆိုးမာန်ဆိုးနဲ့ အပြစ်တင်စကား ဆိုတော့တာပါပဲ။
“ဘယ်လိုလဲကွ၊ မင်းတို့ ရှပ်အင်္ကျီက တစ်ရေပဲ လျှော်ရသေးတယ်။ ကျုံ့ပြီးငယ်သွားလို့၊ ခုဆို ငါဝတ်လို့ကို မရတော့ဘူး။ မင်းတို့ ကြော်ငြာထားတာနဲ့ တခြားစီပဲ။ ကြော်ငြာ အလိမ်ကြီးပါလားကွ။”
“ မလိမ်ပါဘူး ခင်ဗျ၊ ဒီလိုလေ ဒီရှပ်အင်္ကျီကို တစ်ရေလျှော်လိုက်လို့ ကျုံ့ဝင်ပြီး ငယ်သွားတဲ့ အခါ လူကြီးမင်းရဲ့ သားကို ပေးလိုက်ပေါ့။ အဲ…….လူကြီးမင်းရဲ့သားကလည်း တစ်ခါ ၀တ်ပြီးလို့ တစ်ရေလျှော် လိုက်တာနဲ့ ကျုံ့သွားတဲ့ အခါကျရင် လူကြီးမင်းရဲ့ မြေးဝတ်ရပြီပေါ့။”
အိပ်မက်တွေ အရောင်းထိုင်းနေသည်
ဒီနေ့ ရောင်းအား သိန်း ၄၀၀ ကျော်သွားပြီး၊ သိန်းသုံးဆယ်ကျော်ရင် သူဌေးက အမြဲ ဘောက်ဆူး ပေးမယ်လိုပြောတယ်။ အရောင်းစာရေးတွေက သိန်းသုံးဆယ်ဆိုရင် တစ်ယောက် ၅၀၀ ကျပ်ရတယ်။ အခု သိန်းလေးဆယ်ကျော် ဆိုတော့ ၇၀၀ လောက် ရမယ်။ ထမင်းဖိုးက ငါးရာ၊ လမ်းစရိတ်က ၃၀၀ နဲ့ဆိုရင် ဒီနေ့ ၁၅၀၀ လောက်ရတယ်။ တစ်ပတ်ကို ဘောက်ဆူးနှစ်ရက်လောက်တော့ ရတတ်တယ်။ အင်း … လကုန်ရင်တော့ သူကြိုက်တဲ့ သီတာအေး ဝတ်ထားတဲ့ ဖိနပ်မျိုးဝယ်နိုင်မှာ၊ ပိုက်ဆံစု ထားတာ ၆၀၀၀ ဒီနေ့ ရမှာနဲ့ဆို ခုနှဏ်ထောင့်ငါးရာ ညနေကျရင် အပြန် မုန့်ဟင်းခါးတစ်ပွဲလောက်တော့ ဝယ်စားဦးမှ၊ မနက်က ထမင်းချိုင့်နောက်ကျနေလို့ မထည့်ခဲ့၊ နေ့လည်ကလည်း ရုံးမှာ ကော်ဖီနဲ့ မုန့်ပဲ စားထားတာ အပြန်မုန့်ဟင်းခါးလေးဝယ်စားမှ နေသာထိုင်သာရှိမယ့်ပုံပဲ၊ တစ်ခါတစ်လေ လိုင်းကားတိုးစီးရင် အဲဒီထမင်းချိုင့်ကြီးက တစ်ဒုက္ခ၊ ထမင်းချိုင့်မဆွဲရတဲ့ အလုပ်တစ်ခုခုရရင်တော့ ပြောင်းလုပ်ချင်တယ်။ စတီးချိုင့်ဆွဲမှပဲ လိုင်းကားနဲ့အဆင်ပြေတယ်။ ကော်ဆွဲခြင်း လှလှလေးနဲ့ ထမင်းဘူးလှလှလေးတွေ ဆိုရင်တော့ ကိုင်ချင်ပါသေးတယ်။ ဒါပေမယ့် ဘ၀ပေးက လိုင်းကားပဲစီးနေရတော့ ထမင်းချိုင့်ကြီး တကားကားနဲ့ ရုံးက ထမင်းချိုင့်စရိတ်မပေးဘဲ ထမင်းကျွေးရင်ကောင်းမှာပဲလို့ တွေးမိတယ်။ မုန့်ဟင်းခါး အကြော်နဲ့ဆို ၃၅၀၊ လမ်းစရိတ်နဲ့ဆိုရင် သူ့လက်ထဲမှာ ခုနှစ်ထောင်လောက်တော့ ကျန်သေးတယ်။ “ ဟယ် ဖိနပ်လေးက လှလိုက်တာ၊ သီတာအေး…….. နင်ဖိနပ် ဘယ်လောက်ပေးရလဲ” “သောင်းသုံးထောင်ဟဲ့၊ ငါ့ရည်းစား ၀ယ်ပေးတာလေ။ အင်း….လှတော့လှတယ်၊ ငါ အဲဒါမျိုး သိပ်မ၀တ်ဘူး” သီတာအေး ကောင်လေးက ပြေလည်ပုံရတယ်။ အ၀တ်အစားဆိုလည်း တောက်တောက်ပြောင်ပြောင်၊ ဘာတံဆိပ်တွေမှန်းတော့မသိဘူး။ ဈေးကြီးတယ်လို့ထင်တာပဲ။ တစ်ခါတစ်လေ ဟမ်းဖုန်းဘာတွေ ပါလာတတ်တယ်။ သီတာအေးတင် ရည်းစားရှိတာမဟုတ်ပါဘူး။ သူ့ကို ကြိုက်နေတဲ့ကောင်လေးလည်း ရှိတာပဲ။ သူကတောင် သီတာအေးထက် ပိုလှတယ်လို့ သူဟာသူတွေးမိတယ်။ သီတာအေးက မျက်နှာလေးချိုပြီး အသားဖြူတာ တစ်ခုပဲ။ သူကမှ မိန်းကလေး ပီပီသသနဲ့ ကိုယ်လုံးကိုယ်ပေါက်ရှိသေးတယ်။ သူ့ကောင်လေးက အ၀တ်အစား သပ်သပ်ရပ်ရပ်နဲ့ ရည်မွန်ပြီး သဘောကောင်းပုံရတယ်။ သူမက မှန်ခန်းနဲ့ ကော်ဖီဆိုင်တွေ ထိုင်ချင်တယ်။ သူက အဲဒါကို သက်သက်ဖြုန်းတီးတာပဲလို့ မြင်နေတယ်။ တစ်ခါတစ်လေ ထိုင်ဖူးပေမယ့် အများအားဖြင့်တော့ လမ်ဘေးက ကဖီးတွေ၊ မုန့်ဟင်းခါးဆိုင်တွေပဲ ထိုင်ဖြစ်တယ်။ ကောင်လေးက လာကြိုရင် သူလမ်းစရိတ် သက်သာမှာတော့အမှန်ပဲ။ နင်နဲ့ငါ သမီးရည်းစားမှ မဟုတ်တာ ခဏခဏလာမကြိုနဲ့လို့ ပြောလိုက်တယ်။ တစ်ခါတစ်ခါတော့ နှုတ်ခမ်းပဲ့ချင်း မီးမမှုတ်ချင်ပါ။ အလုပ်ကအပြန် ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်ရင်း ဟိုလျှောက်ဒီလျှောက်ကြည့်နေမိတယ်။ ‘မိန်းမစီးဖိနပ်တွေ၊ ဒေါက်ဖိနပ်တွေ တစ်ရံ ၁၅၀၀’ ၊ အသံကြားတဲ့ဆီလှမ်းကြည့်မိတော့ လမ်းဘေးမှာ ဖိနပ်တွေ ပုံရောင်းနေတဲ့ဆီမှာ အမျိုးသမီး တော်တော်များများ ရွေးနေကြတယ်။ ဖိနပ်တွေအများကြီးပဲ၊ ဒီဇိုင်းလည်းစုံ၊ အရောင်လည်းစုံနဲ့။ သူရွေးရင်းနဲ့ ဟိုဟာဒီဟာ လိုချင်နဲ့ သီတာအေး ၀တ်ထားတဲ့ ဖိနပ်ထက်တောင် ပိုလှသေးတယ်။ ဖိနပ်သဲကြိုးမှာ ပုလဲသီးလေးတွေ စီထားတဲ့ ဖိနပ်တစ်ရံ သူယူလိုက်တယ်။ “ဦးလေး…..ဒီမှာ ပိုက်ဆံ” ဖိနပ်လေးကို ကားပေါ်လည်းထုတ်ကြည့်၊ အိမ်ပြန်ရောက်တော့လည်းကြည့်နဲ့၊ ကိုးရီးယား ဇာတ်ကားထဲမှာ မင်းသမီးတစ်ယောက်ဝတ်ထားတဲ့ ဖိနပ်မျိုး၊ အင်း…..ငါဒီဖိနပ်နဲ့ ဆိုရင် အရင်ကထက် ပိုပြီးလှသွားမယ်။ နောက်တစ်နေ့……….. သူထမင်းချိုင့်မယူတော့ဘူး၊ သူငယ်ချင်းတွေက သူနဲ့ လိုက်တယ်ဆိုတဲ့ လက်ကိုင်အိတ်လေးနဲ့ သူအလုပ်ကို စောစောထွက်လာမိတယ်။ “ဟယ် ဖိနပ်လေးက လှလိုက်တာ” “ငါ့ရည်းစား မွေးနေ့လက်ဆောင် ၀ယ်ပေးတာ။ ဒီဇိုင်းသစ်ဆိုတော့ သောင်းခြောက်ထောင်တောင် ပေးရတယ်” သီတာအေးကို သူအဲဒီလို ပြောလိုက်လိုက်တယ်။ အရင်က လျှောက်နေကျ လမ်းတွေပဲ၊ ဒီနေ့မှ လမ်းလျှောက်ရတာ အရသာတွေ့နေတယ်။ |
|
ရေအောက်နှင့် လေထုထဲတွင် ခရီးသွားနိုင်ရန်အတွက် ဆန်းသစ်သောတီထွင်မှုများကို စွမ်းရည်ပြောင် မြောက်သော တီထွင်သူများက တီထွင်ခဲ့ကြသည် ပထမဦးဆုံးရေငုပ်သင်္ဘောနှင့် မိုးပျံပူဖောင်းတီထွင်သူများ သည် ၎င်းတို့တီထွင်ထားသည့်အရာများအများလက်ခံလာရေးအတွက်တောင်းပန်စည်းရုံးကာစမ်းသပ်စီးနင်း စေရသည်။ အောင်မြင်စွာတီထွင်ထားသော ပထမဆုံးရေငုပ်သင်္ဘောကို ၁၇၇၆ ခုနှစ် အမေရိကန် လွတ်လပ် ရေးစစ်ပွဲအတွင်း ရေချနိုင်ခဲ့သည်။ ၎င်းသည် ကြက်ဥပုံ သဏ္ဍာန်ရှိပြီး သစ်သားဖြင့် တည်ဆောက်ထားသည့် ရေငုပ်သင်္ဘောဖြစ်သည်။ အမေရိကန်အင်ဂျင်နီယာဒေးဗစ်ဘွတ်ရှ်နဲလ်က ဗြိတိသျှ စစ်သင်္ဘောများကို တိုက် ခိုက်ရန် အတွက်တီထွင်ခဲ့သော်လည်း အောင်မြင်အောင်မစွမ်းဆောင်နိုင်ခဲ့ပေ။ အဆိုပါ ရေငုပ်သင်္ဘော ၏အ မည်မှာ The turtle ဖြစ်ပြီး ယနေ့ခေတ်ပေါ် ရေငုပ်သင်္ဘောများ၏ ရှေ့ပြေးတီထွင်မှု တစ်ရပ်ဖြစ်သည် ဟု 7 Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။ |
တစ်ပတ်အတွင်း ရုပ်သေးရုပ် ရောင်းရငွေ ကျပ်သန်း၂၀ကျော်
မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်သည့် မြ၀တီမြို့မှတစ်ဆင့် ပြည်ပသို့မြန်မာ့ရုပ်သေးရုပ်အများအပြား
တင်ပို့ရောင်းချလျက်ရှိရာ တစ်ပတ်အတွင်းကျပ်ငွေသန်း၂၀ ကျော်တန်ဖိုးရှိ ရုပ်သေးရုပ်များ တင်ပို့
ရောင်းချနိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနယ်စပ်ကုန်သွယ်ရေးဦးစီး
ဌာနမှ နိုဝင်ဘာလ ပထမအတွင်းက သတင်းရရှိသည်။ ယင်းပမာဏမှာ အောက်တိုဘာလ နောက်
ဆုံးပတ်တစ်ပတ်ကာလအတွင်းရောင်းချသော တန်ဖိုးများသာဖြစ်ပြီးယခင်ကာလများကလည်းငွေ
ကျပ်သန်းဆယ်ဂဏန်းအထက် ရုပ်သေးရုပ်တင်ပို့ရောင်းချသူများရှိခဲ့ကြောင်းအဆိုပါဌာနမှတာဝန်
ရှိသူတစ်ဦးကဆိုသည်။ ယင်းရုပ်သေးရုပ်များမှာ ပုံသဏ္ဍာန်မျိုးစုံရှိပြီး မန္တလေးတိုင်းမှ အဓိကထုတ်
လုပ်ထားသော ရွှေချည်ထိုးငွေချည်ထိုးရုပ်သေးရုပ်များသာဖြစ်ကြောင်း ရုပ်သေး ကုန်သည်တစ်ဦး
ကဆိုသည်။မြန်မာ့ရုပ်သေးရုပ်များမှာ ထိုင်းနိုင်ငံမှတစ်ဆင့် နိုင်ငံတကာသို့ ပျံ့နှံ့ရောက်ရှိသွားခြင်း
ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း ကမ္ဘာလှည့် ခရီးသည်အ၀င်အထွက်များပြားသည့် ဘန်ကောက်၊ ဖူးခက်၊
ချင်းမိုင်စသည့်ဒေသများတွင် မြန်မာ့ရုပ်သေးများချိတ်ဆွဲပြသရောင်းချလျက်ရှိကာ အများအားဖြင့်
အမေရိကန်ဒေါ်လာဖြင့်တန်ဖိုးသတ်မှတ်ထားကြကြောင်းထိုင်းဧည့်လမ်းညွှန်တစ်ဦးကဆိုသည်ဟု
၂၀၀၇ခုနှစ် နိုဝင်ဘာ(၂၆)ရက်နေ့ထုတ် The Voice ဂျာနယ်တွင်ဖော်ပြထားပါသည်။
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း န၀က်ရှရစ်၏ ပြည်တော်ပြန်ခရီး
၁၉၉၉ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးမူရှာရက်ဖ်က ၀န်ကြီးချုပ်၏ အာဏာကို သိမ်းယူ၍ ပြည်နှင်ဒဏ်
အပေးခံရသော မစ္စတာ န၀က်ရှရစ်သည် ဆော်ဒီအာရေးဗျနိုင်ငံတွင်ရှောင်တိမ်းနေထိုင်ခဲ့ရသည်။
လွန်ခဲ့သော ၁၁ ပတ်ခန့်က နေရင်း တိုင်းပြည်သို့ ပြန်လာခဲ့ရာတွင် နောက်တစ်ကြိမ် ပြန်လည် နှင်
ထုတ်ခြင်းခံရပြန်သည်။ ယခုအခါ ဆော်ဒီဘုရင် အက်ဖ်ဒူလာ၏အကူအညီဖြင့်ပြန်လည်ဝင်ရောက်
ခဲ့ရာ ၎င်း အားထောက်ခံသူထောင်ပေါင်းများစွာတို့ကကြွေးကြော်သံများသီဆို၍နှင်းဆီပွင့်ဖက်များ
ကျဲချကာ သူရဲကောင်းအလား တခဲနက်ကြိုဆိုကြသည်။ ရှရစ်ပြန်ရောက်လာခြင်းဖြင့်မူရှာရက်စ်အ
တွက်ရော ဘူတိုအတွက်ပါ စိန်ခေါ်မှုအသစ်ဖြစ်၍ပါကစ္စတန်နိုင်ငံ၏နိုင်ငံရေးရှုတ်ထွေးမှုကိုအဆင့်
သစ်တစ်ခုသို့ ရောက်ရှိစေ ခဲ့သည်။ ရှရစ်သည် ဘာသာရေးတွင် ရှေးရိုးစွဲအယူရှိ၍ အနောက်နိုင်ငံ
များအပေါ်တွင် ကျန်ပုဂ္ဂိုလ်နှစ်ဦးလောက်ပွင့်ပွင့်လင်းလင်းရင်းနှီးမှုမရှိပေ။ ပါကစ္စတန်ရွေးကောက်
ပွဲများကို လာမည့် ဇန်န၀ါရီလ ၈ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည်။ သမ္မတ မူရှာရက်၏ စစ်
အုပ်ချုပ်ရေးကာလတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများအောင်မြင်စွာကျင်းပနိုင်
ရန် ဖြစ်နိုင်ချေမရှိဟု အတိုက်အခံပါတီများက ပြောဆိုကြသည်။ (လော့စ်အင်ဂျလီစ်တိုင်းမ်)
အန္တာတိက ရေပြင်တွင် အပျော်စီးသဘောင်္ နစ်မြုပ်
လိုင်ဘေးရီးယားနိုင်ငံတွင် မှတ်ပုံတင်ထားသော Explorer အပျော်စီးသဘောင်္တစ်စင်းသည်
ရေခဲတမျှ အေးစက်သော အန္တာတိကရေပြင်တွင် ရေခဲတုံးတစ်တုံးနှင့် မတော်တဆ တိုက်မိသဖြင့်
သောကြာနေ့က နစ်မြုပ်မှုဖြစ်ပွားခဲ့သည်။ သဘောင်္ပေါ်တွင် ပါဝင်သည့် ခရီးသည်များနှင့် သဘောင်္
အမှုထမ်းအားလုံး အသက်ကယ် သဘောင်္များပေါ်သို့ ဘေးအန္တရာယ်ကင်းစွာ တက်ရောက်နိုင်ခဲ့ပြီး
နာရီပေါင်းများစွာအကြာတွင် နော်ဝေးနိုင်ငံပိုင်အပျော်စီးသဘောင်္တစ်စင်းကကယ်တင်နိုင်ခဲ့သည်။
သဘောင်္ပေါ်တွင် လိုက်ပါခဲ့သည့် ခရီးသည် ၁၄၄ ဦးသည် ချီလီနိုင်ငံ စန်တီယေးဂိုးလေတပ်စခန်း
သို့ တနင်္ဂနွေနေ့က ချောချောမောမော ရောက်ရှိခဲ့သည်ဟု သိရသည်။ နစ်မြုပ်မှု ဖြစ်ပွား ခဲ့သည့်
Explorer အပျော်စီးသဘောင်္သည် နိုဝင်ဘာလ ၁၁ ရက်နေ့ကအာဂျင်တီးနားနိုင်ငံ Ushuaia ဆိပ်
ကမ်းမှထွက်ခွာခဲ့ခြင်းဖြစ်ပြီး သဘောင်္ပေါ်တွင်ဥရောပနိုင်ငံသားများ၊သြစတြေးလျ၊ဟောင်ကောင်၊
ဂျပန်၊ ဆွစ်ဇာလန်နှင့် အမေရိကန်နိုင်ငံမှ ခရီးသည်များလိုက်ပါခဲ့ကြသည်။ (အေအက်ဖ်ပီ)
No comments:
Post a Comment