လန်ဒန် နိုဝင်ဘာ ၁၆
ဗြိတိန်ကျောင်းသားလူငယ်များအနက် ကျောင်းသားခုနှစ်ဦးလျှင် တစ်ဦးမှာ မူးယစ်ဆေးဝါးစမ်းသပ် သုံးစွဲဖူးပြီး ကျောင်းသားငါးဦးလျှင် တစ်ဦးသည် အရက်ပုံမှန်သောက်သုံးနေသည်ကို တွေ့ရှိရ ကြောင်း နိုဝင်ဘာ ၁၆ ရက်နေ့ထုတ်ကွင်းဆင်းလေ့လာချက်စာစောင်တွင် ဖော်ပြထားသည်။
ဤကွင်းဆင်းလေ့လာချက်သည် အလယ်တန်းအဆင့်ကျောင်းသားပေါင်း ၁၁၁၀၀၀ တို့ကို အင်တာနက်မှတစ်ဆင့် မေးမြန်းစူးစမ်းရာမှ ဖော်ထုတ်သိရှိလာသော လေ့လာချက်ဖြစ်သည် ဟုဆို သည်။
အသက်အရွယ် (၁၀) နှစ်မှ (၁၅) အပိုင်းအခြားရှိ ကျောင်းသားလူငယ် ၄၈ ရာခိုင်နှုန်းသည် အရက် သေစာကို သောက်သုံးဖူးကြောင်း တွေ့ရှိရသည်။
ထို့အပြင် ကျောင်းသား ၁၉ ရာခိုင်နှုန်းမှာ သီတင်းလေးပတ်အချိန်အတွင်း အနည်းဆုံးတစ်ကြိမ် အရက်သောက်ခဲ့သည်ဟုဆိုသည်။
ကျောင်းသား ၂၁ ရာခိုင်နှုန်းမှာ ဆေးလိပ်သောက်ကြပြီး ကျောင်းသား ၁၅ ရာခိုင်နှုန်းမှာ ဆေးခြောက် ကိုစမ်းသပ်သုံးစွဲဖူးကြောင်း ဖြေကြားကြသည်။ ထို့အပြင် ကျောင်းသားများအနက် သုံးရာခိုင်နှုန်းမှာ ကိုကင်း၊ အယ်လ်အက်စ်ဒီ၊ အက်စတာစီ၊ ဘိန်းဖြူ စသည်မူးယစ်ဆေးဝါးများကို အစမ်းသဘော သုံးစွဲခဲ့ကြောင်းဖြေကြားခဲ့သည်။့
No comments:
Post a Comment