|
စင်ကာပူနိုင်ငံရှိ နန်ယန်းတက္ကသိုလ်တွင် ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်နေသောမြန်မာအမျိုး သမီးတစ်ဦးပါဝင်ရေးသားသော စီးပွားရေးပညာရပ်ဖြစ်သည့် Advertising နှင့်ပတ်သက်သောစာ အုပ်ကိုနိုင်ငံတကာတက္ကသိုလ်ကြီးများတွင်သင်ရိုးညွှန်းတမ်းအဖြစ်ထည့်သွင်းသင်ကြားနေကြောင်း သိရသည်။စာအုပ်အမည်မှာ Advertising Principles Effective IMC Practice ဖြစ်ပြီး Nan yang Technological တက္ကသိုလ်မှ ဒေါက်တာ ဒေါ်မေလွင် အပါအ၀င် Minnesota တက္ကသိုလ် မှ Mr.Willian Wells၊ Colorado တက္ကသိုလ်မှMr.John Burnett တို့မှ ရေးသားခြင်းဖြစ်သည်။ ယင်း စာအုပ်ကို Minnesota, Colorado, Denver နှင့် Nanyang စသည့် တက္ကသိုလ်ကြီးများတွင် သင် ကြားလျက်ရှိသည်။ စာအုပ်တန်ဖိုးမှာ စင်ကာပူဒေါ်လာ ၆၀ ပေးရကြောင်း သိရသည်။ အဆိုပါ စာ အုပ်ကို ၂၀၀၇ခုနှစ်တွင် စတင်၍ Pearson Education South Asia Pet.Ltd မှမူပိုင်ထုတ်ဝေခြင်း ဖြစ်သည်။ စာကြည့်တိုက် နံပါတ်မှာ ISBN 978-013-167660-2, 167660-1 ဖြစ်သည်ဟု ၂၀၀၇ ခုနှစ် နိုဝင်ဘာလ (၂၂)ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင်ဖော်ပြထားပါသည်။ |
Thursday, November 22, 2007
မြန်မာဆရာမပူးတွဲရေးသည့် စီးပွားရေးပညာစာအုပ် နိုင်ငံတကာတက္ကသိုလ်ကြီးများတွင် သင်ရိုးညွန်းတမ်း ပြဌာန်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment