Saturday, November 17, 2007

ကွန်ပျူတာဂိမ်းသုံးသပ်ချက် 911 firs + Responders


ဒီတစ်ပတ်မှာစွန့်စားမှုဆန်ဆန်ဆော့ ရမဲ့ 911 Firs + Responders ဂိမ်းနဲ့မိတ် ဆက်တင်ပြပေးလိုက်ပါတယ်။ 911 firs +Responders ဂိမ်းဟာမီးဘေးအန္တရယ်
ကာကွယ်ရေးဂိမ်းတစ်ခုဖြစ်ပါတယ်။မီးဘေးကာကွယ်ရင်းအဆောက်အအုံတွင်း ပိတ်မိသူများကိုကယ်တင်မှုများလည်းပါဝင် ပါတယ်။
911 firs + Responders ဂိမ်းဟာ 3D ဂိမ်းအမျိုးအစားတစ်ခုဖြစ်တာနှင့် အညီမီးလောင်ပျက်စီးနေတဲ့အဆောက် အအုံတွေ၊ မီးသတ်ကားတွေ၊ ဆေးရုံကား၊ မီးတောက်၊ မီးသတ်သမားတွေမှာ အမှန် တကယ်ရုပ်လုံးကြအောင် ဖန်တီးပေးထား တာကိုတွေ့ရပါလိမ့်မယ်။ 199 firs + Responders ဂိမ်းဟာ Sim City ဂိမ်းနဲ့တူညီမှုတော်တော်များပါဝင်ပါတယ်။
ဂိမ်းကိုစဆော့တော့မယ်ဆိုရင်တစ်ဦးချင်း ဆော့လို့ရသလို ကြူအငစူပေနမ လည်း ဆော့လို့ရပါတယ်။ ဂိမ်းရဲ့ စစချင်းအခန်း မှာကတော့ မြို့လယ်ခေါင်မှာမီးလောင် ကျွမ်းပြီးပြိုကျလုဖြစ်နေတဲ့အဆောက်အ အုံကိုမီးသွားငြိမ်းသတ်ရတာဖြစ်ပါတယ်။ ဒီ Mission မှာအဆောက်အအုံပြိုလို့ပိ နေတဲ့လူတွေကိုကယ်ရတာတွေလည်းပါ ၀င်ပါတယ်။ ဒီလိုမီးလောင်နေတာကိုနီး စပ်ရာမီးသတ်ရေငုတ်တွေမှမီးသတ်ပိုက် နှင့်ဝိုင်းပြီးမီးငြိမ်းသတ်ရမှာဖြစ်ပါတယ်။ ဒီ လိုငြိမ်းသတ်တဲ့အခါမှာ မီးဟာတဆင့်ပြီး တစ်ဆင့် အဆောက်အအုံဘေးရှိတခြားအ ရာတွေကိုကူးစက်သွားပါက Misson Fail ဖြစ်သွားမှာဖြစ်ပါတယ်။
911 firs + Responders ဂိမ်းကို Install လုပ်မယ်ဆိုရင် VGA 128 နဲ့ Memory 512 လိုအပ်ပါတယ်။ ဒီဂိမ်းမှာ key တွေအနေနဲ့ကတော့ သိပ်ပြီးသုံးစရာ မလိုဘဲ Mouse တစ်ခုတည်းကိုသာအဓိ ကထားအသုံးပြုရမှာဖြစ်ပါတယ်။ 911 Firs + Responders ဂိမ်းကိုဆော့ပြီး ကိုယ်တိုင်ကယ်ဆယ်ရေး လုပ်ငန်းများကို ၀င်ရောက်လုပ်ကိုင်နိုင်ပါပြီ။

No comments: