Showing posts with label ပညာရေး. Show all posts
Showing posts with label ပညာရေး. Show all posts

Sunday, May 4, 2008

အာရပ်ငွေရှင်ကြီးတွေက ဟောလိဝုဒ်ကို ဝါးမျိုသွားမှာလား

ဦးလှမြင့်(မားကက်တင်း)

အရှေ့အလယ်ပိုင်းမှ ထိပ်တန်းဟို တယ်များနှင့်ဈေးဆိုင်တန်းများ(ရှော့ပ်ပင်း မောလ်)နှင့်ပြည့်နှက်နေသည့် မြို့ပြနိုင်ငံ ‘ဒူဘိုင်း’ သည် အရှေ့အလယ်ပိုင်း၏ဗီး ဂတ်စ်(Vegas)ဟူ၍ နာမည်ရနေပြီဖြစ် သည်။ ပြီးခဲ့သည့်အပတ်မှစ၍ ဒူဘိုင်းနှင့် ဗီးဂတ်စ်၏ခြားနားမှုမှာ ပို၍မှုန်ဝါးဝါးဖြစ် လာသည်။ အကြောင်းမှာ မြို့ပြနိုင်ငံ၏စိုး စံနေသည့်အယ်လ်မက်တွမ်းမိသားစု၏ ရင်းနှီးမြှုပ်နှံမှုလက်တံတစ်ခုဖြစ်သည့် Dubai World က ကမ္ဘာ့ဒုတိယအကြီး ဆုံးကာစီနိုကုမ္ပဏီကြီး MGM ၏အစု ရှယ်ယာ၅ရာခိုင်နှုန်းကို ဒေါ်လာ ၁၂ဘီလျံ ဖြင့် ပေးဝယ်လိုက်ခြင်းနှင့်အတူ ဗီးဂတ်စ် ဒေသတွင် အစဉ်အလာမှခွဲ၍ ခေတ်ဆန် လွန်းသည့် ကာစီနိုဟိုတယ်(casino-hotel)အတွက် ဒေါ်လာ၂ဒသမ၇ဘီလျံ ငွေကြေးပူးပေါင်းထည့်ဝင်မှုပြုလိုက်သည်။ ‘MGM ကပြောရမယ်ဆိုရင် ကမ္ဘာမှာ အကောင်းဆုံးလုပ်ကိုင်နေတဲ့ဖျော်ဖြေရေး နှင့်ဧည့်ဝန်ဆောင်မှုကုမ္ပဏီဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ကို ရင်းနှီးမြှုပ်နှံမှုပြု အောင် ဆွဲဆောင်တာပါ’ ဟု Dubai World ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြီး အကဲလိုင်ဘွန်ယုကပြောပါသည်။

ဖျော်ဖြေရေးလုပ်ငန်းသည် အရှေ့ အလယ်ပိုင်းမှမကြာသေးမီကအလုံးအရင်း နှင့်စီးထွက်လာသည့်ငွေကိုအကျိုးရှိစွာရရှိ လိုက်သည့်အနှောင်းဆုံးလုပ်ငန်းနယ်ပယ်ပဲ ဖြစ်သည်။ လောင်းကစားခြင်းနှင့်အလွှာ ချွတ်ကလပ်များကိုအစ္စလာမ်ဥပဒေကတား မြစ်ထားခြင်းဖြစ်နိုင်သည်။ သို့သော် အာ ရပ်ရင်းနှီးမြှုပ်နှံသူတို့က ပြီးခဲ့သည့်နှစ်တွင် ထိပ်တန်းဗီးဂတ်စ်နှင့်ဟောလိဝုဒ်လုပ်ငန်း များတွင် အနည်းဆုံး ဒေါ်လာ ၁ဝဘီလျံ ခန့်အသုံးပြုပြီးဖြစ်သည်။ အမေရိကမှ Universal Studiesနှင့်ဒူဘိုင်း အိမ်၊ မြေ ယာဖော်ထုတ်ရေးကုမ္ပဏီ Tatter တို့က ဒေါ်လာ၂ဒသမ၂ဘီလျံကုန်ကျမည့် ၂၂ စတုရန်းအကျယ်ရှိ ပျော်ပွဲရွှင်ပွဲခင်းကျင်း ရာအပန်းဖြေဥယျာဉ်(theme park) ကို ဒူဘိုင်းတွင်တည်ဆောက်နေသည်။ Wor-ner Brothers(အမေရိကန်)နှင့် အဘူဒါ ဘီ၏အကြီးဆုံးအိမ်၊မြေယာကုမ္ပဏီတို့က ဧရာမစတူဒီယိုကြီးတစ်ခုကိုတည်ဆောက် ပြီး အင်္ဂလိပ်နှင့်အာရပ်ဘာသာစကားဖြင့် ရုပ်ရှင်နှင့်ဗီဒီယိုဂိမ်းများ ထုတ်လုပ်ရန် ဒေါ်လာ၂ဘီလျံတန်သဘောတူညီမှုရရှိ ထားသည်။ အာရပ်လုပ်ငန်းရှင်တို့ကနိုင်ငံ ခြားအရင်းအနှီးများသွားခဲ့ဖူးသည့်လမ်းကို လိုက်နေသည်ဟုပြောဆိုကြသည်။ ဟော လိဝုဒ်တွင် ဂျပန်တို့က၁၉၈ဝ ပြည့်လွန်နှစ် များတွင် ငွေဘီလျံချီပြီးဆုံးရှုံးခဲ့သည့်နည်း တူ ဂျာမန်များကလည်း ၁၉၉ဝပြည့်လွန် များအတွင်းက အလားတူအဖြစ်မျိုးနှင့် ကြုံခဲ့ရဖူးသည်။ သို့သော် အာရပ်တွေက ငွေပြန်ဝင်ခြင်းသာမက ကျွမ်းကျင်မှု၊ အပျော့ထည်ပါဝါ(soft power) နှင့်ကမ္ဘာ တစ်ဝန်း ယဉ်ကျေးမှုရေးရာတွင် တရားဝင် မှုကို ရှာနေခြင်းဖြစ်သည်ဟုဆိုသည်။

ယခု ရင်းနှီးမြှုပ်နှံမှုများမှာ ရက်ရှည် စီမံကိန်း၏အစိတ်အပိုင်းမျှသာဖြစ်သည်။ ကမ္ဘာလှည့်ခရီးသွားများနှင့်ပြည်တွင်းဈေး ကွက်အတွက် နိုင်ငံတကာစံချိန်မီဖျော်ဖြေ ရေးဗဟိုဌာနများဖြစ်ရန် ရည်ရွယ်သည်။ ယခုပင်လျှင် ပင်လယ်ကွေ့နိုင်ငံအနေဖြင့် ကမ္ဘာလှည့်ခရီးသွားများ သွားရောက်ရာ နေရာဖြစ်သည့် လူလုပ်ကျွန်းငယ်များနှင့် တည်ဆောက်ထားသည့်ကမ္ဘာမြေ ‘The World’ လိုမျိုးနေရာဖြင့် ဂုဏ်ယူစရာဖြစ် နေသည်။

ကြီးထွားလာနိုင်စရာရှိနေသည့်အာရပ်

ကမ္ဘာမှဖျော်ဖြေရေးလုပ်ငန်း

အာရပ်ဈေးကွက်ကကြီးမားလာနိုင် စရာရှိနေသည်။ အာရပ်ကမ္ဘာ၏လူဦးရေ ၆ဝရာခိုင်နှုန်းသည်အသက်၂၅နှစ်အောက် ဖြစ်သည်။ ဖျော်ဖြေရေးဘက်တွင် ခံတွင်း တွေ့မှုမှာ ကြီးမားသည်။ နောက်၅နှစ် အတွင်း အာရပ်ကမ္ဘာ၏ဖျော်ဖြေရေးနှင့် မီဒီယာဈေးကွက်သည် နှစ်စဉ် ၆ဝရာခိုင် နှုန်းနီးပါး ကြီးထွားပြီး ဝင်ငွေဒေါ်လာ၁ဝ ဘီလျံလုပ်ငန်းဖြစ်လာနိုင်သည်ဟုခန့်မှန်း ထားသည်။ ဘရာဇီးနှင့်ရုရှားဈေးကွက်များ ထက် ကြီးထွားမှုခြေလှမ်း ပိုမိုမြန်ဆန်မည် ဖြစ်သည်။

လာမည့်လမှစ၍ ဒူဘိုင်း၏ Arab Media Group က နောက်ကုမ္ပဏီတစ်ခု နှင့်ပေါင်းပြီး MTV Arabia အစီအစဉ်ကို အိမ်ထောင်စု၃၅သန်းသို့စတင်ထုတ်လွှင့် တော့မှာဖြစ်သည်။ ထို့ပြင် အရှေ့အလယ် ပိုင်းနှင့်မြောက်အာဖရိကတွင် အကြီးကျယ် ဆုံးငွေပေးကြည့်ရသည့်ရုပ်မြင်သံကြားကွန် ရက်ဖြစ်လာမည့် Showtime Arabia က အာရပ်ဘာသာစကားနှင့်လူပြိန်းကြိုက်ရုပ် ရှင်ကားများနှင့်တွေ့ဆုံဆွေးနွေးခန်းများ လွှင့်ထုတ်ရန်အစီအစဉ်ရှိနေသည်။

ပရောဂျက်အချို့တွင် ပကာသနစွက် လျက်ရှိကြောင်း ပြောဆိုမှုရှိသည်။ MGM နှင့်လုပ်ငန်းလုပ်ဆောင်မှုမှာ သာမန်သူ တစ်ဦးအသိဉာဏ်နှင့်လုပ်ငန်းရွေးချယ်မှု မျိုးဟုဆိုနိုင်သည်။ အကြောင်းမှာ ဗီးဂတ်စ် ၏လောင်းကစားဈေးကွက်မှာ သာမန် ထက် လွန်ကဲ ‘ဟော့တ်’ (hot)ဖြစ်နေခြင်း ကြောင့်ပင်။ သို့သော် ဒူဘိုင်း သို့မဟုတ် အဘူဒါဘီက ကြီးကျယ်ခမ်းနားသည့်ပျော် ပွဲရွှင်ပွဲကျင်းပရာ အပန်းဖြေဥယျာဉ်လုပ် ငန်းကို စဉ်ဆက်ထိန်းနိုင်မှုအပေါ် လုပ်ငန်း နယ်ပယ်မှကျွမ်းကျင်သူတို့က သံသယရှိကြ သည်။ ယူနီဗာဆယ်၊ ပါရာမောင့်တို့နှင့် အတူ လုပ်ငန်းလုပ်ဖူးသည့် Internatio-nal Theme Park Services မှ ဥက္ကဋ္ဌ ဖြစ်သူက ရင်းနှီးမြှုပ်နှံမှုဒေါ်လာ၃ဘီလျံရှိ ခဲ့သည့် ‘ဟောင်ကောင်ဒစ္စနီ’ (Hong Kong Disney)မှာ တစ်နှစ်လာရောက် လည်ပတ်သူ ၅သန်းရှိခဲ့သော်လည်း ယခု တိုင် အရင်းမကျေသေးကြောင်းထောက်ပြ သည်။ ‘Theme Park’ တွေဆိုတာက အောင်မြင်ဖို့ အမာခံ၊ ဒေသခံဈေးကွက်လို အပ်တယ်။ အဘူဒါဘီရဲ့လူဦးရေ ၁ဒသမ ၈သန်းအားလုံးက လည်ပတ်ကြဦးတော့ ကုန်ကျမှုဒေါ်လာ၂ဘီလျံရှိနိုင်တဲ့ဥယျာဉ်က အရှုံးအများကြီးပေါ်ပါလိမ့်မယ်’ ဟု ယင်း ဥက္ကဋ္ဌကရှင်းပြသည်။

ဟောလိဝုဒ်ကို ဝယ်နေပြီ

အာရပ်ရင်းနှီးမြှုပ်နှံသူ ငွေရှင်ကြီးများ အနေနှင့် ဟောလိဝုဒ်အတွင်း ဝယ်ယူနေ ခြင်းမှာ အကြောင်းရှိသည်။ ရုပ်ရှင်ကား များတွင် မွတ်စလင်များအား ပြသထားပုံ ကိုလွှမ်းမိုးနိုင်ရန်ဖြစ်သည်။ ဗြိတိန် ဒါဟမ်း တက္ကသိုလ်မှအရှေ့အလယ်ပိုင်းရေးရာကျွမ်း ကျင်သူခရစ္စတိုဖာဒေးဗစ်ဆန်က အာရပ် ငွေကအာရပ်သရုပ်ဆောင်များကို ဟောလိ ဝုဒ်ရုပ်ရှင်ကားများထဲ ပိုမိုရောက်ရှိအောင် လုပ်ဆောင်လိမ့်မည်ဟု ဟောကိန်းထုတ် ထားသည်။ အရှေ့အလယ်ပိုင်းမှ ရင်းနှီး မြှုပ်နှံမှုများက ရိုက်ကွင်းနှင့်ပရိုဂျက်များ အပေါ်လွှမ်းမိုးမှုရှိနေပြီဖြစ်ကြောင်းနောက် ကျွမ်းကျင်သူတစ်ဦးကထောက်ပြသည်။ သူက ပီတာဘာ့ဂ်၏အစ္စလာမ်မစ်အစွန်း ရောက်ဝါဒအကြောင်း ရိုက်ကူးထားသည့် သည်းထိတ်ရင်ဖိုဇာတ်ကားကိုကိုးကားပြု ပြောဆိုသည်။ ‘The Kingdom’ ကားမှာ အဘူဒါဘီအတွင်း ရိုက်ကူးခွင့်ရခဲ့သော ပထမဆုံး ဝက်ဝက်ကွဲအောင်မြင်သည့် (block buster)ရုပ်ရှင်ကားပင်။ ယင်းရုပ် ရှင်တွင် ပါလက်စတိုင်းမင်းသား အာရှ ရက်ဖ်ဘာဟွမ်းကို သူရဲကောင်းဆော်ဒီအာ ရေဗျရဲအရာရှိအဖြစ် ဟောလိဝုဒ်စတား Jamie Foxx နှင့်တွဲဖက်ပေးထားသည်။ အဘူဒါဘီကပူးတွဲဒေါ်လာ၁ဘီလျံရန်ပုံ ငွေဖြင့် ရိုက်ကူးသည့်ပရိုဂျက်များတွင်ပြော ရေးဆိုခွင့်ရရှိမှာဖြစ်ကြောင်း ဝါနာဘရား သား(ဟောလိဝုဒ်ရုပ်ရှင်လုပ်ငန်း)ကအတည် ပြုပြောကြားသည်။’ရုပ်ရှင်များထဲမှာအရှေ့ အလယ်ပိုင်းဒေသနှင့်ပတ်သက်ပြီးအားလုံး ကြားနေမြင်နေရတာက စစ်အကြောင်း၊ အခြေခံဝါဒီများအကြောင်းနှင့်အကြမ်းဖက် မှုအကြောင်းတွေပဲဖြစ်တယ်။ အာရပ်များ အကြောင်း အကောင်းရိုက်ထားတဲ့ရုပ်ရှင် ကားတစ်ကားတလေတွေ့ရမယ်ဆိုရင် ဒါဟာ ရင်းနှီးမြှုပ်နှံမှုကောင်းတစ်ခုပဲပေါ့။ မဟုတ်ဘူးလား’ ဟူ၍ Abu Dhabi Media Co သစ်၏ အမှုဆောင်အရာရှိ ချုပ်ဖြစ်သူ ရီယာ့ဒ်အယ်လ်မူဘာရက်စ်က ပြောသည်။

အနောက်တိုင်းဖျော်ဖြေမှုက အစ္စလာမ်ဥပဒေသနှင့်အံဝင်ပါ့မလား

အနောက်တိုင်း ဖျော်ဖြေမှုလုပ်ငန်း ကအာရပ်ကမ္ဘာထဲ ဘယ်နည်းနှင့်အံဝင်နိုင် မည်ဆိုသည့်ကိစ္စကရှိနေသည်။ Hooters ပျော်ပွဲစားရုံများလုပ်ငန်းစုမှအခွဲတစ်ခုကို ဒူဘိုင်းအတွင်းဖွင့်လှစ်ရန်အစီအစဉ်မှာ ယခုပင်အနှောင့်အယှက်နှင့်ကြုံနေရသည်။ ပျော်ပွဲစားရုံစားပွဲထိုး အမျိုးသမီးများ၏ မလုံမလဲဝတ်စားဆင်ယင်မှုကြောင့်ပင်ဖြစ် သည်။ ထို့ပြင် Dubai World ၏ MGM လောင်းကစားလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံ မှုမှာ သိပ်ကိုအငြင်းပွားဖွယ်ဖြစ်နေသည့် အတွက်ကုမ္ပဏီကအစ္စလာမ်ဘာသာဥပဒေ များနှင့်ဘယ်ပုံဘယ်နည်း စပ်ဟပ်ဆောင် ရွက်မည့်အကြောင်း ရှင်းလင်းပြောကြား ရန်ငြင်းဆိုထားသည်။ ‘MGM ထဲမှာရင်းနှီး မြှုပ်နှံတာက အစ္စလာမ်ဘာသာတရား ဥပဒေ(ရှာရီယာ)နှင့်မညီတာကတော့ သေချာပါတယ်။ အစ္စလာမ်ဥပဒေ၁ဝ၁က ကာစီနိုများ၊ ဝက် ဒါမှမဟုတ် အရက်သေ စာများမှာလုပ်ကိုင်ခြင်းမရှိရဘူးလို့ဆိုတာ ရှိထားပါတယ်’ ဟုဒူဘိုင်းအခြေစိုက်ဘဏ် လုပ်ငန်းရှင်တစ်ဦးကပြောသည်။ ဒီလိုမျိုး လုပ်ရပ်တွေမှ ဘာတွေပေါ်ပေါက်လာမည် ဆိုသည်ကို တချို့ကစိုးရိမ်နေကြသည်။ ‘ဒူ ဘိုင်းမှာရှိတဲ့ပြည်သူတွေက သူတို့အစိုးရကို အစ္စလာမ်မစ်မဟုတ်သလိုမြင်နေကြသည်’ ဟု ဒါဟမ်းတက္ကသိုလ်မှဒေးဗစ်ဆန်ကဆို သည်။ယင်းအချက်ကလာမည့်နှစ်များတွင် နိုင်ငံတွင်း၌အကြမ်းဖက်မှုစသည့်ဆိုးရွား သည့် ပတ်သက်ဆက်နွှယ်မှုအကျိုးဆက် များပေါ်ပေါက်လာနိုင်စရာရှိသည်ဟုဒေး ဗစ်ဆန်ကသူ၏အမြင်ကိုပြောသည်။

ယခုကာလတွင် အာရပ်နိုင်ငံများက ‘စတားများ’ နောက်သို့လိုက်နေကြသည်။ ပြီးခဲ့သည့်အပတ် အဘူဒါဘီ၏ပထမဆုံး သောရုပ်ရှင်ပွဲတော်တွင် ဟောလိဝုဒ်မှရုပ် ရှင်ထုတ်လုပ်သူဟာဗေးဝိန်စတိန်းကအဖွင့် အမှာစကားပြောကြားခဲ့သည်။ အကောင်း ဆုံးထုတ်လုပ်ပြီးခဲ့သည့်ရုပ်ရှင်များနှင့်ပတ် သက်၍ ပြောကြားရာတွင် ဝိန်စတိန်းက ‘ကြီးကျယ်ခမ်းနားတဲ့ရုပ်ရှင်ကားသာဖြစ်ပါ စေ၊ အဲဒီဇာတ်ကားက ရပ်ဝေးရပ်နီးပျံ့နှံ့ ရောက်ရှိသွားမှာပါ’ ဟူ၍မှတ်ချက်ပြုခဲ့ သည်။ ပင်လယ်ကွေ့ဒေသမှမီဒီယာလုပ် ငန်းရှင်ကြီးများကယင်းအချက်ကိုအလေး အနက်ပြုဖွယ်ရှိကြောင်းပါ။

Tuesday, April 8, 2008

ဂျပန်နိုင်ငံကို ပညာတော်သင် သွားမယ့်သူများအတွက်သိကောင်းစရာများ

နှင်းပွင့်

ဂျပန်နိုင်ငံတွင် သွားရောက်ပညာ သင်ကြားမည့် ကျောင်းသား၊ ကျောင်းသူ များအတွက် မြန်မာနိုင်ငံတွင် အခါအား လျော်စွာကျင်းပသော ဝင်ခွင့်စာမေးပွဲများ၊ တစ်နည်းအားဖြင့် သံရုံးစာမေးပွဲကို တစ် နှစ်တစ်ကြိမ်ကျင်းပပြုလုပ်ပေးမည်ဖြစ် သည်။ နှစ်စဉ် ၁၂လပိုင်းတွင်သာ ပြုလုပ် ပေးပြီး EJU စာမေးပွဲကိုလည်း တစ်နှစ် လျှင် နှစ်ကြိမ်၊ ၆လပိုင်း တစ်ကြိမ်၊ ၁၁လ ပိုင်းတစ်ကြိမ် ကျင်းပပြုလုပ်မည်ဖြစ်သည်။ ယင်းစာမေးပွဲများ ဝင်ရောက်ဖြေဆို အောင်မြင်နိုင်လျှင် ဂျပန်နိုင်ငံတွင်ရှိသော တက္ကသိုလ်များ၊ ဂျပန်ဘာသာသင် ကျောင်းများတွင် တက်ရောက်နိုင်ရန် အထောက်အကူရမည်ဖြစ်သည်။

ဂျပန်နိုင်ငံတွင် ပညာသင်ရန်အတွက် ဂျပန်ဘာသာတွင် ရမှတ်ကောင်းသော ကျောင်းသားကို ဦးစားပေးခြင်း၊ မိမိတိုင်း ပြည်မှပညာရေးတွင်ထူးချွန်သောကျောင်း သား၊ ကျောင်းသူအား ဦးစားပေးပြီး ဗီဇာ ထုတ်ပေးသည့်စနစ်သစ်ဖြစ်သောကြောင့် ဂျပန်စာကို Basic မှ Kanji ထိ ထူးချွန် ရန် လိုအပ်လှသည်။

ဂျပန်ဘာသာကျွမ်းကျင်စွာ တတ် မြောက်လိုလျှင် Basic Course, Basic Conversation Course, Interme-diate Course, Inter-conversation Course, Pre-advanced Course, Kanji Level 2 Course, Advanced Course နှင့် Level Practice Course များ ပိုင်နိုင်ရမည်ဖြစ်သည်။ ယင်းဘာသာ ရပ်များ ကျွမ်းကျင်ပိုင်နိုင်ပါက ဂျပန်နိုင်ငံ တွင်းရှိ တက္ကသိုလ်များသို့ တက်ရောက်နိုင် ခြင်း၊ ဂျပန်နိုင်ငံသို့ ဂျပန်အစိုးရခွင့်ပြုချက်ရ အလုပ်သမားအဖြစ် သွားရောက်နိုင်ခြင်း၊ ဂျပန်နိုင်ငံသို့ မြန်မာနိုင်ငံတွင် အခြေခံ ပညာအထက်တန်းအောင်မြင်သူများဂျပန် ဘာသာကို ဆက်လက်ပညာသင်ကြားရန် သွားရောက်နိုင်ခြင်း၊ ဂျပန်နိုင်ငံအတွင်း အိုင်တီပညာရှင်များ အလုပ်အကိုင်ဖြင့် သွားရောက်လုပ်ကိုင်နိုင်ခြင်း စသည့်အခွင့် အလမ်းကောင်းများ ရရှိနိုင်မည်ဖြစ်သည်။

EJU စာမေးပွဲသည် ဂျပန်အစိုးရက ကြီးမှူးကျင်းပပြီး MaJa ခေါ် ဂျပန်ရောက် ကျောင်းသားဟောင်းများအသင်းက ကိုယ် စားပြုကျင်းပပေးသော စာမေးပွဲဖြစ်ပြီး EJU အမှတ်ကောင်းလျှင် ကောင်းသလို Nanzan University, Ko Kushi Kan, APU, Hakuho Women College, Tokyo University, Toku shima Coll-age of Technology စသည့် တက္ကသိုလ် နှင့် ကောလိပ်များကို တက်ရောက်နိုင်မည် ဖြစ်သည်။

၂ဝဝ၈ခုနှစ်၊ ၉လပိုင်း သို့မဟုတ် ၁ဝ လပိုင်းတွင် ဖွင့်လှစ်မည့်တက္ကသိုလ်နှင့် ဂျပန်ဘာသာသင်ကျောင်းများအတွက် လျှောက်ထားပေးခြင်းကို Japanese Language School များက မိမိတို့ ကျောင်းသား၊ ကျောင်းသူများအတွက် အသေးစိတ် လက်ခံဆောင်ရွက်နေကြပြီ ဖြစ်သည်။

Win Japanese School မှလည်း YOKOHAMA DESIGN COLLEGE LANGUAGE SCHOOL(YOKOHA-MA)အတွက် ကျောင်းသားအရေအတွက် ၃ဦး၊ လျှောက်လွှာပိတ်ရက် ၅လပိုင်းကုန် ၌လည်းကောင်း၊ AJC JAPANESE LANGUAGE SCHOOL(TOKYO) အတွက် ကျောင်းသားအရေအတွက် ၃ဦး၊ လျှောက်လွှာပိတ်ရက် ၄လပိုင်းကုန်၌ လည်းကောင်း၊ ကျောင်းဝင်ခွင့်ရနိုင်ရန် အကြံဉာဏ်ပေး၍ လျှောက်လွှာတင်ပေး ခြင်းများ လက်ခံပြုလုပ်ပေးနေပြီဖြစ် ကြောင်း သိရသည်။

‘ကျွန်တော်တို့ကျောင်းက အဓိက သင်ကြားတာ Japanese Language School ကို ကလေးတွေ သွားရောက်လေ့ လာသင်ကြားနိုင်အောင် အဓိကလေ့ကျင့် သင်ကြားပေးပါတယ်။ ကျောင်းဝင်ခွင့်ရ အောင်လည်း ပြင်ဆင်ဆောင်ရွက်ပေးပါ တယ်။ M&J သင်တန်းကျောင်း တည် ထောင်ရတဲ့ ရည်ရွယ်ချက်ကလည်း ဒီ ကျောင်းက ဆရာ၊ ဆရာမ အများစုက ဂျပန်နိုင်ငံမှာ နေထိုင်ပညာသင်ကြားဖူး ကြတဲ့သူတွေရှိပါတယ်။ ကျွန်တော်တို့ ဂျပန်မှာ နေထိုင်ခဲ့စဉ်က ညွှန်ပြပေးတဲ့သူ တွေမရှိလို့ အခက်အခဲတွေ အများကြီး ရှိ ခဲ့ပါတယ်။ ဂျပန်မှာ ပညာသွားသင်မယ့် ကျောင်းသား၊ ကျောင်းသူများ အခက်အခဲ လုံးဝမရှိအောင် ဒီကျောင်းကို တည်ထောင် ရခြင်းဖြစ်ပါတယ်။ EJU(First Ses-sion)ကိုဖြေဖို့ Level 1,2,3,4 ဆိုပြီး Level လေးခု သတ်မှတ်ထားတယ်။ အဲဒီ Test ကိုဖြေဖို့ တစ်နှစ်မှာ တစ်ခါပဲ Chance ရှိပြီး ဒီဇင်ဘာ ပထမအပတ်မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့အပြင် နိုင်ငံခြားသား တွေက ဂျပန်ဘာသာကို ဘယ်လောက် ကျွမ်းကျင်လဲဆိုတဲ့ အရည်အချင်းစစ်စာ မေးပွဲလည်းဖြစ်ပါတယ်။ အဲဒီစာမေးပွဲရဲ့ Certificate ရှိမှသာ ဂျပန်နိုင်ငံရဲ့ တက္ကသိုလ်၊ အသက်မွေးဝမ်းကျောင်း၊ ကောလိပ်တွေ ဝင်လို့ရမယ်ဆိုတဲ့သတ်မှတ် ချက် ပိုများပါတယ်။ အဲဒီလက်မှတ်မပါဘဲ ဝင်လို့ရတဲ့ကျောင်းတွေလည်း ရှိကောင်း ရှိနိုင်ပါတယ်။ နိုင်ငံခြားသားရဲ့ ဂျပန်ဘာ သာကျွမ်းကျင်မှုကို စစ်မယ်ဆိုရင်တော့ အဲဒီစာမေးပွဲကို ဖြေဆိုဖို့ လိုအပ်ပါတယ်။ အဲဒီစာမေးပွဲကို မြန်မာပြည်မှာရှိတဲ့ ဂျပန် သံရုံးက ကြီးကြပ်ပြီး(မာဂျာ)ဆိုတဲ့ ဂျပန် နိုင်ငံမှာ ပညာတော်သင်သွားရောက်တဲ့ ကျောင်းသားဟောင်းများအသင်းက ကမ ကထလုပ်ပြီး စာမေးပွဲတွေ စစ်ပေးပါတယ်။ အဲဒီစာမေးပွဲကို အဓိကကျင်းပတာ ကတော့ ဂျပန်နိုင်ငံက ကျင်းပတာဖြစ်ပြီး ဂျပန်နိုင်ငံတက္ကသိုလ်ရဲ့အသက်မွေးဝမ်း ကျောင်းကို တက်မယ်ဆိုရင် Level 1 ဒါမှ မဟုတ် Level 2 ရှိရမယ့်အပြင် အကုန် လုံးပေါင်းစပ်စဉ်းစားပြီးမှ ပညာသင်ခွင့်ရှိ၊ မရှိဆိုတာ ဆုံးဖြတ်ပေးခြင်းဖြစ်ပါတယ်။ ဂျပန်မှာ ပညာသင်မယ့် ကျောင်းသား၊ ကျောင်းသူတွေကို အကြံပေးချင်တာက တော့ ဂျပန်မှာ ပညာသွားသင်မယ်၊ ဂျပန် နိုင်ငံကို သွားမယ်ဆိုရင် ငွေရှိမှ မဟုတ် ပါဘူး။ ငွေမရှိတဲ့ကလေးတွေကလည်း မြန်မာပြည်ထဲမှာ ကြိုးစားပြီး ဂျပန်နဲ့ပတ် သက်တဲ့လုပ်ငန်းခွင်တွေ၊ ဂျပန်ကျောင်းကို တက်မယ့်နည်းလမ်းတွေလည်း ရှာလို့ရပါ တယ်။ ဘာသာစကားဆိုတာကလည်း ကျွန်တော်တို့အတွက် အများကြီး အသုံး ဝင်ပါတယ်။ ဂျပန်နိုင်ငံဆိုတာကလည်း ကျွန်တော်တို့အတွက် အတုယူစရာ ကောင်းတဲ့ပညာရပ်တွေ အများကြီးရှိတဲ့ နိုင်ငံပါ။ ကိုယ်က ဂျပန်ကိုသွားချင်တယ် ဆိုရင် ဘာသာစကားကို ကြိုးစားလေ့လာ ဖို့လိုအပ်ပါတယ်။ အခါအားလျော်စွာ မြန်မာပြည်မှာပညာဒါနသင်တန်းကျောင်း တွေလည်း ရှိပါတယ်။ ကိုယ်လိုချင်တဲ့ ရည်မှန်းချက် ရောက်ချင်ရင် အတတ်နိုင် ဆုံး ကြိုးစားသင့်ပါတယ်’ လို့ M&J Japanese Language Center မှ တာ ဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။

‘Win Japanese Language School ကို ၁၉၉၇ခုနှစ်က စတင်တည် ထောင်ခဲ့တာပါ။ အဲဒီအချိန်တုန်းက ဂျပန် ဆရာကိုယ်တိုင် တိုက်ရိုက်သင်ပေးတဲ့ ကျောင်းတွေ သိပ်မရှိသေးတာရယ်၊ မြန်မာ ကျောင်းသားတွေဂျပန်မှာပညာတော်သင် သွားနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီကျောင်း ကိုတည်ထောင်ခဲ့တာပါ။ ဒီကျောင်းမှာ သင်တာတွေကတော့ Basic Course, Intermediate Course, Pre-Advan-ced Course, Advanced Course, Basic Conversation Course, Inter-Conversation Course, Guide Course တို့ သင်ကြားတဲ့အထဲမှာ Basic Course နဲ့ Intermediate Course အောင်ရင် ဂျပန်နိုင်ငံမှာ သွားရောက် ပညာသင်နိုင်ပါပြီ။ ကျွန်တော်တို့ ကျောင်း တွင် ၁ဝနှစ်အတွင်း ထူးချွန်ကျောင်းသား၊ ကျောင်းသူအပါအဝင် ကျောင်းသား၊ ကျောင်းသူပေါင်း ၁ဝဝခန့် ဂျပန်နိုင်ငံတွင် ပညာသင်ကြားနေကြသည့်ပြင် Win Japanese Language School မှ ထူး ချွန်သည့် ကျောင်းသား၊ ကျောင်းသူ နှစ်ဦး ကို ပညာသင်စရိတ် အခမဲ့သင်ကြားခွင့် ပေးမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ များ ဂျပန်စကား ကျွမ်းကျင်စေဖို့နှင့် ကျောင်းဝင်ခွင့်ရအောင်၊ Visa ရအောင် ဝန်ဆောင်မှုပေးနိုင်ပါတယ်’ ဟု Win Japanese Language Schoolမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

‘ဂျပန်တွင် ပညာသင်မယ့် ကျောင်း သား၊ ကျောင်းသူတွေအနေနဲ့ သံရုံးစာမေး ပွဲ Level 1 ဒါမှမဟုတ် Level 2 အောင် လျှင် တိုက်ရိုက်ကျောင်းသွားတက်နိုင်ပြီး တခြားတက္ကသိုလ်တက်မယ်ဆိုရင်တော့ Language School တက်ရမှာ ဖြစ် ပါတယ်။ ကျောင်းတက်ရင်း အချိန်ပိုင်း အလုပ်လုပ်နိုင်တဲ့အပြင် တစ်နေ့ ၄နာရီ လုပ်နိုင်ပြီး စနေ၊ တနင်္ဂနွေ ၈နာရီခန့် တရားဝင် အလုပ်လုပ်ခွင့်ရမှ ဖြစ်ပါတယ်။ ဝင်းကျောင်းက ၂နှစ်ခွဲနဲ့ Level 1 အောင် တဲ့လူ ရှိခဲ့ဖူးပါတယ်။ ပုံမှန်အားဖြင့် ၄နှစ် ကြာရင် Level 1 အောင်နိုင်တာများပါ တယ်။ ဂျပန်တက္ကသိုလ် တက်ရောက်ခွင့် ရဖို့အတွက် အဓိကအခက်အခဲကတော့ ခန်းဂျိစာက အခက်ဆုံးပါပဲ။ မြန်မာ ကျောင်းသားတွေက ခန်းဂျိစာဘက်မှာ အားနည်းကြတယ်။ ခန်းဂျိစာအက္ခရာ မကျွမ်းကျင်ရင် မရပါဘူး။ ခန်းဂျိစာကို ပိုင်ပိုင်နိုင်နိုင်တတ်ကျွမ်းရင်တော့ အခက် အခဲ လုံးဝမရှိတော့ပါဘူး။ Win Japa-nese Language School က ဝန် ဆောင်ခအနေနဲ့ ဘာသာပြန်၊ စာရွက်စာ တမ်းအပါအဝင် ဒေါ်လာ၎ဝဝပဲ ယူပါ တယ်။ ဂျပန်နိုင်ငံမှာ ပညာသင်မယ့် ကျောင်းသား၊ ကျောင်းသူတွေအတွက် ကျွန်တော်အကြံပေးချင်တာကတော့ ဂျပန် မှာ အခွင့်အရေးများများရနိုင်တဲ့အတွက် အောင်မြင်ရင်လည်း အရမ်းအောင်မြင်နိုင် မှာပါ။ တက္ကသိုလ်အောင်ရင် ဂျပန်ကုမ္ပဏီ တွေမှာ အလုပ်လုပ်ခွင့်ရှိတဲ့အတွက် ငွေ ကြေးလည်း များများရနိုင်ပါတယ်။ တချို့ က စာမသင်ဘဲ အလုပ်ပဲ ဝင်လုပ်ကြ တယ်။ အဲဒီလိုဆိုရင် ကျောင်းပညာလည်း မအောင်မြင်ဘူး၊ visa သက်တမ်းကုန်ရင် ပြန်လာရမယ်။ အဲဒီတော့ ဘာပညာမှ မတတ်ဘဲ ပြန်လာရင် အလကားဖြစ်ကုန် မယ်။ အဲဒါကြောင့် ပညာသင်ပြီး အချိန် ပိုင်းလုပ်ရင် ပီပီပြင်ပြင်လုပ်ကြပါ’ ဟု Win Japanese Language School မှ School Master Mr.Osamu Nakani-shimက ပြောကြားခဲ့သည်။ ဂျပန်ဘာ သာ အရည်အချင်းစစ်စာမေးပွဲကို နှစ်စဉ် ဒီဇင်ဘာလ၌သာ ကျင်းပပြီး စာမေးပွဲ အောင်စာရင်းကို ဖေဖော်ဝါရီလ၌ ထုတ် ပြန်ကြေညာ၍ ဂျပန်နိုင်ငံသို့ ဧပြီလ သို့မဟုတ် အောက်တိုဘာလတွင် ပညာ တော်သင် စေလွှတ်မည်ဖြစ်သည်။ ဂျပန် ဘာသာအရည်အချင်းစစ်စာမေးပွဲဝင်ခွင့် ဖြေဆိုရန်အရည်အချင်းများမှာတက္ကသိုလ် တစ်ခုခုတွင် ပထမနှစ်ဖြစ်ရမည်။ ဂျပန်စာ Level 1 အဆင့်ရှိရမည်၊ လုံလောက် သော ငွေကြေးရှိရမည်၊ ခိုင်မာသောရည် ရွယ်ချက်ရှိရမည်ဖြစ်သည်။

ဂျပန်တက္ကသိုလ်တက်ရောက်ခွင့်ရ ရန်အတွက် မြန်မာပြည်မှာပဲ ပြင်ဆင် စရိတ် သုံးသိန်းနဲ့လေးသိန်းကြား ကုန်ကျ မည်ဖြစ်ပြီး ဂျပန်ပြည်မှ တစ်နှစ်သင်တန်း ကြေးအပါအဝင် ဂျပန်ပြည်အရောက် သိန်း၁၅ဝခန့် ကုန်ကျမည်ဖြစ်သည်။ စကောလားရှစ်ရလျှင် ရသလောက် ကုန် ကျစရိတ် သက်သာမည်ဖြစ်သည်။

EJU စာမေးပွဲကို ၂ဝဝ၈ခုနှစ်၊ ဇွန်လ ၁၅ရက်နေ့ တနင်္ဂနွေနေ့ ၁ဝနာရီမှ ၅နာရီ မိနစ်၅ဝ၌ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။