အဘူဒါဘီ နိုဝင်ဘာ ၁၇
ဒူဘိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သော ကမ္ဘာလှည့်ဧည့်ဦးရေသည် ၂၀၀၇ ခုနှစ် ပထမကိုးလအတွင်း ၅ ဒသမ ၁သန်းရှိရာ ယခင်နှစ် အလားတူအချိန်ကထက် ခုနှစ်ရာခိုင်နှုန်း ပိုမိုများပြားလာခြင်းပင်ဖြစ် ကြောင်း ဒေသခံဂါလ်ဖ်နယူးသတင်းစာက ဖော်ပြသည်။
လေ့လာတင်ပြသော အချိန်အတွင်း အာရှနှင့်အာဖရိကဒေသမှ လာရောက်လည်ပတ်သူ ဧည့်ဦးရေသည် ၁၂ ရာခိုင်နှုန်း အသီးသီးတိုး တက်လာပြီး ဥရောပဒေသမှလာရောက်သူ ဧည့်ဦးရေမှာမူ ရှစ်ရာခိုင်နှုန်း တိုးတက်လာကြောင်း သတင်းတွင် တင်ပြထားသည်။
ဒူဘိုင်းနိုင်ငံကို ကမ္ဘာလှည့်ခရီးသည်များလာရောက်ရေး ဆွဲဆောင်သည့် အနေဖြင့် ခရီးသည်ဆွဲဆောင်ရေးနှင့် ဈေးကွက်မြှင့်တင်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာ သိသာသောအောင်မြင်မှုများ ရရှိလာသည်ဟု ခရီးသွားလုပ် ငန်းနှင့် ဈေးကွက်မြှင့်တင်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် ခါလစ်ဘင်စူ လာရမ်က ပြောကြားသည်။
ဒူဘိုင်းရှိဟိုတယ်များမှ ရရှိလာသောဝင်ငွေသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလအထိ ကာလအတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၇ ဘီလီယံရှိရာ ၂၀၀၆ ခုနှစ် အလားတူကာလကထက် ၀င်ငွေ ၂၁ ရာခိုင်နှုန်း ပိုမိုရရှိကြောင်း ဌာနဆိုင်ရာ စာရင်းအင်းများကဖော်ပြသည်။ ဒူဘိုင်းနိုင်ငံ တွင် ဟိုတယ်အခန်းပေါင်း ၃၂၂၄၄ ခန်းရှိပြီး တည်းခိုဆောင်အခန်းပေါင်း ၁၀၁၁၃ ရှိသည်။
အမ်အင်အေ၊ ဆင်ဟွာ
No comments:
Post a Comment