| အင်တာနက်မှ ရိုက်စားကိစ္စများ ဖြစ်ပေါ်လျက်ရှိ | 
|                                        |                              
|                                     အင်တာ နက်ရိုက်စားကိစ္စတစ်ခုတွင် သြစတြေး လျလူမျိုးတစ်ဦးမှာ နယ်သာလန်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်း (ယူရို ၁ ဒသမ ၁ သန်း) အလိမ်ခံလိုက်ရပြီး လူခြောက်ဦးအား ဖမ်းဆီးထားကြောင်း ရဲအဖွဲ့က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ အထိန်းသိမ်းခံခဲ့ရသည့် လူခြောက် ဦးတို့မှာ အနောက်အာဖရိက ကွန်ရက် ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ထုတ် ပြန်ချက်တစ်ရပ်၌ ရဲတပ်ဖွဲ့က ပြော သည်။ အနောက်အာဖရိကမှ ငါးဦး အနက် နှစ်ဦးမှာ နိုက်ဂျီးရီးယားနိုင်ငံ သားများ ဖြစ်ကြသည်။ ထိုလူခြောက်ဦးတို့မှ အသက် ၄၉ နှစ်အရွယ်ရှိ သြစတြေးလျအမျိုးသား တစ်ဦးအား ဒေါ်လာ သန်း ၉၀ တန် သည့် အမြတ်များစွာရရှိမည့်လုပ်ငန်း ကန်ထရိုက်တစ်ခုကို အီးမေးလ်မှ တစ်ဆင့် ကတိပေးပြီး ခြိမ်းခြောက်ငွေ ညှစ်မှုဖြင့် သံသယရှိနေသည်။ အင်တာနက်၊ အီးမေးလ်၊ သို့မဟုတ် ဖက်စ်စသည့် ကြေးနန်းဆက်သွယ်ရေး လုပ်ငန်းများကို အသုံးပြုပြီး လုပ်သည့် လိမ်လည်မှုများသည် များသောအားဖြင့် ကုန်ကျမှုများအတွက် ငွေပေးချေမှုများ ကို မက်လုံးပေးထားသည့် အမြတ် အစွန်းများ မရရှိမီ ကြိုတင်ပေးရပြီး လိမ်လည်ခံရသူအနေဖြင့် သူရရှိမည် ဟု ပြောထားသည့် အမြတ်အစွန်း အစ အနကိုပင် မတွေ့လိုက်ရဘဲရှိကြောင်း၊ အင်တာနက်အခြေခံသည့် ရိုက်စား ကိစ္စများကို စုံစမ်းဖမ်းဆီးရသည့် ဒတ်ခ်ျ ရဲတပ်ဖွဲ့မှညှိနှိုင်းဆောင်ရွက်သူ ဟယ်ရီ ဂျွန်ကိုင်းဒ်က ပြောပြသည်။ ဤကဲ့သို့ ရိုက်စားအလုပ်များသည် နိုင်ငံခြားဘဏ်ငွေစာရင်းများနှင့် ပတ် သက်ပြီး ရဲအဖွဲ့များ ပူးပေါင်းဆောင် ရွက်မှုခက်ခဲစေရန် လူလိမ်များကို အလိမ်ခံရသူနှင့် တစ်နိုင်ငံတည်းအတွင်း ရှာဖွေမတွေ့နိုင်ကြောင်း သိရသည်။ source:mmtime  | 
Wednesday, November 14, 2007
လောဘသားကောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment