Saturday, November 17, 2007

တာ့ခ်ျမဟာလေ့လာကြည့်ရှုရန် ၀င်ကြေးကို ဒေါ်လာဖြင့် လက်မခံလို








အိန္ဒိယအစိုးရကတာ့ခ်ျမဟာအပါအ၀င်တိုးရစ်များ နိုင်ငံတွင်းရှိ ခရီးသွားများ စိတ်ဝင်စားသည့်
နေရာများသို့ လာရောက်ကြည်ရှုသည့်ဝင်ကြေးကို ဒေါ်လာဖြင့်ပေး၍ရတော့မည်မဟုတ်ကြောင်းပြော
ကြားလိုက်သည်။ ယခင်က အိန္ဒိယနိုင်ငံတွင်းရှိ ခရီးသွားများစိတ်ဝင်စားသည့် နေရာများသို့ သွားလာ
လည်ပတ်လျှင်ဝင်ကြေးကို ဒေါ်လာ(သို့)ရူပီဖြင့်လက်ခံသော်လည်းယခုအခါတွင်မူရူပီဖြင့်လက်ခံသွား
မည်ဖြစ်သည်။ ဤအစီအစဉ်ကို လာမည့်အပတ်မှစတင်မည်ဖြစ်ပြီးခရီးသွားလုပ်ငန်းမှရရှိသည့်ဝင်ငွေ
ကို ဒေါ်လာဈေးကျမှုဒဏ်မှကာကွယ်သွားရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်။ဝင်ကြေးကို ၂၅၀ ရူပီ
(၆.၃၅ဒေါ်လာ) (သို့) ၃၀၀ရူပီ(၂.၅၄ဒေါ်လာ) ကြားထား ရှိမည်ဖြစ်ပြီး ဒေါ်လာဖြှင့် ငွေလဲလှယ်သည့်
အခါဈေးနှုန်းအတက်အကျကို ခံနိုင်ရည်ရှိသည့်နှုန်းထားဖြစ်ရမည်ဟု ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ
}ပြောရေးဆိုခွင့်ရှိသူ
တစ်ဦးကBBCသို့ပြောကြားသည်။ ၎င်း အရာရှိက ပြောကြားရာတွင်ဝန်ကြီးဌာန
သည်ခရီးသွားလုပ်ငန်းမှ နိုင်ငံခြားဝင်ငွေလျော့ပါးမှုကိုကာကွယ်ရန် အတွက် ဤအစီအစဉ်ကို အမြန်
ဆုံးအ ကောင်အထည်ဖော်ရန်လိုလားလျက်ရှိသည်ဟုပြောဆိုခဲ့သည်။ အိန္ဒိယနိုင်ငံသို့် ၂၀၀၆ခုနှစ်က
နိုင်ငံခြားခရီးသည်လေးသန်းလာရောက်ခဲ့ပြီးလုပ်ငန်း၏၀င်ငွေမှငွေလဲလှယ်နှုန်းအမြတ်ငွေ(၆.၅)မီလီ
ယံဒေါ်လာ ရရှိခဲ့သည်။ (ဘီဘီစီ)

84.37 ကာရက်ရှိသည့် စိန်ဖြူကိုဒေါ်လာ ၁၆.၂သန်းဖြင့် လေလံတင်ရောင်းချနိုင်ခဲ့


နိုဝင်ဘာ(၁၄)ရက်နေ့က ဂျီနီဗာမြို့တွင်ကျင်းပခဲ့သည့် ဆုသ်ဘီလေလံပွဲတွင် တင်ရောင်းခဲ့
သည့် 84.37 ကာရက်ရှိစိန်ဖြူကို ကမ္ဘာကျော်အ၀တ်အထည်ကုမ္ပဏီတစ်ခုဖြစ်သည့် Guessကုမ္ပဏီ
ကို တည်ထောင်ခဲ့သူ ဂျော့မာစီရာနိုက ဒေါ်လာ၁၆.၂သန်းဖြင့်လေလံဆွဲဝယ်ယူသွားခဲ့သည်။ ပထမ
တန်းအရည်အသွေးရှိပြီး တောက်ပသော အကွက်များဖြင့်လှပသည့်စိန်ဖြူမှာဆုသ်ဘီလေလံပွဲတွင်
တစ်ခါမျှမတွေ့ဘူးသေးသည့် ပထမဦးဆုံးစိန်ဖြူတစ်ပွင့်ဖြစ်သည်။ဆုသ်ဘ်ီလေလံပွဲတွင်၁၉၉၅ခုနှစ်
က ၁၀၀.၁ကာရက်ရှိစိန်ပွင့်ကို ဒေါ်လာ၁၆.၅သန်းဖြင့်လေလံတင် ရောင်းချနိုင်ခဲ့သောကြောင့် ယခု
တစ်ကြိမ်စိန်ဖြူရောင်းချနိုင်သည့် ဈေးမှာထိုဈေးထက် အနည်း ငယ်သာနိမ့်သော ဈေးဖြစ်ခဲ့သည်။
ဥရောပနှင့်အရှေ့အလယ်ပိုင်း ရတနာလေလံပွဲဥက္ကဋ္ဌ ဖြစ်သူ ဒေးဗစ်ဗင်းန်နက်က ၎င်း၏လုပ်သက်
၃၂နှစ်အတွင်း တွေ့ဖူးသည့်စိန်များထဲတွင် အလှပဆုံးသောစိန်ပွင့်ဖြစ်ပြီးဤစိန်ဖြူသည်အပြစ်ကင်း
စင်၍ ပြိုင်ဘက်ကင်းစိန်တစ်ပွင့်ဖြစ်သည် ဟုဆိုသည်။ အပြစ်အကင်းဆုံး အဖြူရောင်ဖြစ်ပြီး အနာ
လည်းကင်းစင်ကာ အချိုးညီသည့် စိန်ကွက်များဖြင့် တန်ဆာဆင်ထားသည့် ဤ စိန်မှာ အကောင်း
ဆုံးတန်းဝင်အဖြစ် သတ်မှတ်နိုင်ကြောင်း ဆုသ်ဘီလေလံပွဲမှပြောဆိုသည်။ (အေပီ)

၂၀၀၇ခုနှစ် နိုဝင်ဘာ (၁၅)ရက် နံနက် (၉း၃၀)

MMA

No comments: