ဘဏ္ဍာရေးဆိုင်ရာ မိုက်မဲမှု Financial Folly)ကက်နက်ရိုဂေါ့ဖ်၊ ဟားဗတ်တက္ကသိုလ်၊
စီးပွားရေးပညာပါမောက္ခ။
အခုဖြစ်ပျက်နေတာတွေက အထူး အဆန်းတော့မဟုတ်ပါဘူး။ အတိတ် ကာလက နင်းလာခဲ့တဲ့ဘဏ္ဍာရေးဆိုင်ရာ မိုက်မဲမှုလမ်းကြောင်းနောက်လိုက်ခြင်းသာ ဖြစ်တယ်။ မာရီလင်တက္ကသိုလ်မှ ကာမင် ရိန်းဟတ်ထ်နှင့် ကျွန်တော့်ရဲ့ရေးသား ချက်က ပြသသလိုပဲ ငွေကြေးဆိုင်ရာ ဒါမှ မဟုတ် ဘဏ္ဍာရေးဆိုင်ရာ အကျပ် အတည်း(financial crisis)တစ်ခုရဲ့ အတိမ်အနက်ကိုတိုင်းတာရာမှာ အရေး အကြီးဆုံးအချက်က စနစ်အပေါ် ကနဦး ရိုက်ခတ်မိတဲ့အရွယ်ပမာဏပဲဖြစ်တယ်။ ကျွန်တော်တို့ ယင်းအချက်ကို မသိရှိရ သေးပါဘူး။ အကယ်၍ ယင်းက sub-prime အပေါ် ဆုံးရှုံးတဲ့ငွေကြေးမျှသာ ဖြစ်မယ်ဆိုရင်(ဆုံးရှုံးမှုမှာ ဒေါ်လာ ၃ဝဝဘီလျံမှ ၄ဝဝဘီလျံဖြစ်နိုင်)ဒါက အလယ်အလတ်အဆင့်ရှိတဲ့ အကျပ် အတည်းလောက်သာရှိမယ်။ မော်ကွန်း တင်လောက်အောင်ကြီးမားတဲ့အကျပ် အတည်းတော့ မဖြစ်နိုင်ပါဘူး။ ဒါက ၁၉၈ဝပြည့်လွန်နှစ်နှောင်းပိုင်းမှာဖြစ်ခဲ့တဲ့ S&L အကျပ်အတည်းနှင့်နှိုင်းယှဉ်နိုင်ပါ လိမ့်မယ်။ သို့ပေမဲ့ စီးပွားရေးနှေးကွေးမှုက ပိုပြီးနက်ရှိုင်းလာမယ်။ ဆုံးရှုံးမှုများက အကြွေးဝယ်ကတ်များ၊ ထုတ်လုပ်မှုမြင့်မား တဲ့ကော်ပိုရေးရှင်းများနှင့်အခြားအပေါင် စာချုပ်များ သို့မဟုတ် ပေါင်နှံခြင်းများ (mortgages)ဆီသို့ ပျံ့နှံ့သွားမယ်ဆိုရင် အခြေအနေက အများကြီး ပိုဆိုးနိုင် ပါတယ်။
အခုဟာက စောစောပိုင်းကာလ လောက်သာရှိနေပါသေးတယ်။ US စီး ပွားရေးက အားပျော့တဲ့အနုတ်လက္ခဏာ ဆောင် ဖွံ့ဖြိုးမှုကို ခံစားပုံရပါတယ်။ အကယ်၍ တရုတ်နိုင်ငံမှာ စီးပွားရေးနှေး ကွေးသွားတဲ့ ဒါမှမဟုတ် အရှေ့အလယ် ပိုင်းဒေသမှာ ပထဝီနိုင်ငံရေးပြဿနာ သတင်းဆိုးမျိုးမရှိဘူးဆိုရင် USမှာ အား ပျော့တဲ့စီးပွားရေးကျဆင်းမှု(mild rece-ssion)လောက်သာရှိမှာဖြစ်ပြီး ယခုနှစ် ကုန်မှာ ပြန်လည်နာလန်ထမယ့် အနေ အထားမှာရှိနေပါတယ်။
ကမ္ဘာ့ကျန်အစိတ်အပိုင်းတွေက ထိခိုက်နစ်နာမှုတချို့ရှိပါလိမ့်မယ်။ သို့ပေမဲ့ ကမ္ဘာ့စီးပွားရေးကတော့ စီးပွားရေးကပ် ငယ်(recession)အတွင်း ကျရောက်လိမ့် မယ် မဟုတ်ပါဘူး။ ဒါဆိုရင် ပူပန်စရာမလို ဘူးဆိုတဲ့အဓိပ္ပာယ်လား။ ကျွန်တော် ကတော့ ဒီလိုမထင်ပါဘူး။ ပြဿနာက US စီးပွားရေးက အလွန်အထိခိုက်လွယ် တဲ့အနေအထားပါ။ အအေးမိထားသူတစ် ယောက်က ရက်သတ္တပတ်လောက် အိပ် ရေးပျက်တာနဲ့သဏ္ဌာန်တူပါတယ်။ US စီးပွားရေးရဲ့ ဒူပေနာပေခံနိုင်မှုက ကျ ဆင်းနေပြီး ဘာမှဖြစ်လာနိုင်စရာမရှိတဲ့ တစ်နှစ်ဆိုတဲ့ကာလက အတော်ရှည်ကြာ တာပဲဖြစ်တယ်။ အိမ်ရာပူဖောင်းတွင် အထွေထွေဈေးနှုန်းကျဆင်းမှု(deflation) ပြဿနာရှိနေခြင်းနှင့်ထုတ်ကုန်ဖွံ့ဖြိုးမှု အပိုင်းတွင် ကျဆင်းသယောင်ရှိနေခြင်းက ပေါ်လစီရေးဆွဲသူတို့ ဘာမှ များများစား စားလုပ်နိုင်စရာမရှိပါ။
စတော့ဈေးကွက်ထိုးစိုက်ကျဆင်းခြင်း
(A Meltdown)
နိုရီယယ်ရူဘီနီ။နယူးယောက်တက္ကသိုလ်၊ စတန်းဘိဇနက်ကျောင်းမှ စီးပွားရေး ပညာနှင့်နိုင်ငံတကာ ဘိဇနက်ဘာသာ ပါမောက္ခ။
စီးပွားရေးစန်းပွင့်ချိန်များနှင့်စီးပွား ရေးပျက်ပြားချိန်များ(Booms and busts)ဟာ အရင်းရှင်စီးပွားရေးစနစ်ရဲ့ အင်္ဂါရပ်များပဲဆိုတာ ကျွန်တော်တို့သိကြ ပါတယ်။ သမိုင်းအရလည်း ဒီလိုဖြစ်ပျက် ခဲ့တာပါ။ ယင်းတို့ထဲမှ အများအပြားက နည်းပညာဆန်းသစ်တီထွင်မှုကြောင့်ဖြစ် လာရတာပါ။ မီးရထားလမ်း ဒါမှမဟုတ် အင်တာနက်လိုမျိုး ဆန်းသစ်တီထွင်မှုကို ဆိုလိုတာဖြစ်တယ်။ ယင်းတို့က ပူဖောင်း များ၊ လိမ်လည်မှုများနှင့်နောက်ဆုံးမှာ ဆုံး ရှုံးမှုများကို ဖန်တီးပေးနိုင်တယ်။ တကယ့် တီထွင်မှုကြောင့် စီးပွားရေးကို မောင်းနှင် ပေးတာမျိုးလည်းရှိပြန်ပါတယ်။ ယခု နောက်ဆုံး အကျပ်အတည်းကတော့ သမိုင်းကြောင်းက ဥပမာများနှင့်အရေးကြီး တဲ့အင်္ဂါရပ်နှစ်ရပ်မှာ ခြားနားကွဲပြားနေပါ တယ်။ ပထမအချက်ကတော့ အိမ်ရာ (housing)နှင့်ပတ်သက်ပြီး နည်းပညာ ဆိုင်ရာတော်လှန်ပြောင်းလဲမှုမျိုးမရှိခဲ့ပါ ဘူး။ ကျွန်တော်တို့က လွန်ခဲ့တဲ့နှစ်၅ဝ လောက်ကလို နည်းလမ်းများနှင့် ယခုတိုင် အိမ်များကိုတည်ဆောက်နေဆဲပါ။ ဒီနေ ရာမှာ ဆန်းသစ်တီထွင်မှုက ငွေကြေးဆိုင် ရာပဲဖြစ်တယ်။ ဘဏ်တွေက အပေါင်စာ ချုပ်များကို သူတို့စာအုပ်များမှာ ရေးမှတ် တဲ့စနစ်ကနေ ဘဏ်များက အပေါင်စာ ချုပ်များကို အစပြုထုတ်လုပ်ပြီး၊ အာမခံ ချက်ရှိအောင်လုပ်ပြီး အပေါင်စာချုပ်များ ကို ဖြန့်ချိတဲ့စနစ်ဆီ ကူးပြောင်းလာတယ်။ အိုင်ဒီယာကတော့ စွန့်စားရမှုကိုလျှော့ချ ဖို့ပဲဖြစ်တယ်။ အပေါင်စာချုပ်များကို ဘဏ် အပြင်ဘက် အရင်းအနှီးဈေးကွက်ထဲ ရောက်ရှိခြင်းအန္တရာယ်နှင့် US အပြင် ဘက် ကမ္ဘာ့စီးပွားရေးထဲရောက်မယ့် အန္တရာယ်ကို ချုပ်ကိုင်ခြင်းပဲဖြစ်တယ်။ ကျွန်တော်တို့ ယခု subprime မှာ တွေ့ မြင်နေရသလို ငွေကြေးဈေးကွက်များမှာ ကြီးမားတဲ့ကူးစက်မှုများ သယ်ယူလာပြီး တကယ့်စီးပွားရေးကို ထိခိုက်စေတယ်။
ကျွန်တော်ထင်တာကတော့ အခုဟာ က ၁၉၈၇ခုနှစ်၊ စတော့ဈေးကွက် ပြို ဆင်းတာထက် ပိုဆိုးမယ်။ ၁၉၈ဝပြည့်လွန် နှစ်များက စုဆောင်းငွေများနှင့်ချေးငွေ အကျပ်အတည်း(savings and loan crisis)ထက်လည်း ပိုဆိုးပါတယ်။ အကြောင်းကတော့ အဲဒီတုန်းက ကူးစက် မှုက ငွေစုငွေချေးအသင်းများနှင့်အိမ်မြေ ကဏ္ဍများနှင့်သာ ပတ်သက်ခဲ့တာပါ။ ဒါ့ အပြင် ၁၉၉၈ခုနှစ် ကာလရှည်အရင်းအနှီး စီမံကွပ်ကဲမှုအကျပ်အတည်းထက်လည်း ပိုဆိုးတယ်။ အဲဒီတုန်းက ငွေပေါ်လွယ်မှု ပြဿနာ(liquidity problem)တစ်ခုသာ ဖြစ်တယ်။ ယနေ့ကာလမှာက ကျွန်တော် တို့မှာ ဒေဝါလီခံခြင်းပြဿနာများ၊ လုပ် ငန်းဖျက်သိမ်းခြင်းပြဿနာများ(insol-vency problems)ရှိနေတယ်။ ဒါက ၂ဝဝဝပြည့်နှစ်နှင့် ၂ဝဝ၁ခုနှစ်က နည်း ပညာကုမ္ပဏီများ ရပ်ဆိုင်းရခြင်းထက် အများကြီး ပိုဆိုးတယ်။ ယင်းအချိန်က ပြဿနာတွေက နည်းပညာကဏ္ဍနှင့်သာ သက်ဆိုင်နေပါတယ်။ အားပျော့တဲ့စီးပွား ရေးပျက်ကပ်ငယ်လေးလောက်သာ ရှိခဲ့ တာပါ။ တစ်စုံတစ်ရာ နှိုင်းယှဉ်နိုင်ဖို့ အတွက် ‘စီးပွားရေးပျက်ကပ်ကြီး’ (Great Depression)ဆီကို ပြန်သွားကြည့်ရ လိမ့်မယ်။ ကျွန်တော်တို့က စီးပွားရေးပျက် ကပ်ကြီးနှင့် အလှမ်းဝေးနေသေးတယ်ဆို တာကတော့ မှန်ပါတယ်။ သို့ပေမဲ့ ကျယ် ကျယ်ပြန့်ပြန့်ရှိနေတဲ့ စွန့်စားရမှုများနှင့် ဘဏ္ဍာရေးဈေးကွက် ထိုးစိုက်ကျဆင်းမှု အရေးများကြောင့် နှိုင်းယှဉ်မှုကောင်း တစ်ခုရှာတွေ့ဖို့ အဲဒီအထိသွားဖို့ လို ကောင်းလိုပါလိမ့်မယ်။
ငွေကြေးဖောင်းပွမှုနှင့်စီးပွားရေးတန့်နေ မှု အလားအလာ
(The Prospect of Stagflation)
ရှရီမူလီယန်နီ အင်ဒရာဝတီ
အင်ဒိုနီးရှားနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီး
သမိုင်းမှ သင်ခန်းစာများအပေါ် အာရှငွေကြေးအကျပ်အတည်းကရတဲ့ သင်ခန်းစာကတော့ ကုစားပြင်ဆင်ဖို့ ဆုံး ဖြတ်ချက်များကို မြန်မြန်ဆန်ဆန်ချမှတ် မယ်၊ ပေါ်လစီချမှတ်ဆောင်ရွက်ချက်တွေ က အစွမ်းထက်မြက်မယ်ဆိုရင် ပြင်းထန် တဲ့ ဒါမှမဟုတ် အချိန်ကြာရှည်မယ့် အကျပ်အတည်းတစ်ရပ်မဖြစ်ရအောင် ကာကွယ်နိုင်ပါတယ်ဆိုတဲ့အချက်ပါ။ တောင်ကိုရီးယားမှာဖြစ်ပျက်တာကိုကြည့် ခြင်းဖြင့် စီးပွားရေးက အလျင်အမြန် ပြန် လည်နာလန်ထနိုင်တာကို တွေ့ရပါမယ်။ သူတို့ရဲ့ ပြင်းပြင်းထန်ထန်လုပ်ခဲ့ရတဲ့ ချိန် ညှိမှုတွေက အချိန်တစ်နှစ်လောက်ပဲကြာ ပါတယ်။ သို့ပေမဲ့ အင်ဒိုနီးရှားစီးပွားရေးက ၅နှစ်မှ ၇နှစ်အထိ နှေးကွေးနေခဲ့တယ်။ အကြောင်းကတော့ ကုစားမှုပေါ်လစီတွေ ကို ချမှတ်လုပ်ဆောင်ရတာ အချိန်ကြာမြင့် သလို အားလည်းပျော့တာကြောင့်ပါ။ အမေရိကန်ပြည်ထောင်စုက ကမ္ဘာမှာ အကြီးမားဆုံး စီးပွားရေးဖြစ်ပြီး ထိုင်း၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားတို့ထက် ပိုပြီးရှုပ်ထွေးပါတယ်။ သို့ပေမဲ့ သင်ခန်းစာ တွေကတော့ အတူတူပါပဲ။ ဆုံးဖြတ်လုပ် ဆောင်ချက်တွေ မနှောင့်နှေးအောင် မျှော် လင့်ပါတယ်။ ဒါမှ ကမ္ဘာ့စီးပွားရေးကို ထိ ခိုက်မှုအနည်းဆုံးဖြစ်စေမှာပါ။ ဘဏ္ဍာငွေ ကြေးဆိုင်ရာအဖွဲ့အစည်းတစ်ခုအကြောင်း ဖြစ်စေ၊ US စီးပွားရေးတစ်ခုလုံးကို ပြော တာဖြစ်စေ ပေါ်လစီရေးဆွဲချမှတ်သူတို့က မြန်မြန်ထက်ထက် လုပ်ဆောင်ရမှာပဲ ဖြစ်တယ်။
အာရှစီးပွားရေးများက အမေရိကန် စားသုံးသူများနှင့် ကင်းကင်းရှိနေတယ် ဆိုတဲ့ သီအိုရီအပေါ် ကုန်သွယ်ရေးအမြင် ဘက်ကကြည့်မယ်ဆိုရင် ကင်းကင်းကွာ ကွာ တကယ့်ကို ရှိနေတယ်လို့ ကျွန်တော် မထင်ပါဘူး။ အရင်းအနှီးစီးဆင်းမှုများ (capital flows)ကို ကြည့်မယ်ဆိုရင် အာရှဒေသများက လုံးဝကို ကင်းကင်းကွာ ကွာရှိနေကြတာမဟုတ်ပါဘူး။ တစ်ဦးနှင့် တစ်ဦး ပိုပြီးတော့တောင် ဆက်စပ်မှုရှိနေ ကြပါတယ်။ ကျွန်တော်တို့အစိုးရ ‘ဘွန်း များ’ ကို ဇန်နဝါရီလ စောစောပိုင်းမှာ ထုတ်လိုက်တဲ့အခါ US မှ ဝယ်ယူသူများ က အတော်ကြီးကို များပြားလွှမ်းမိုးနေ တာဖြစ်တယ်။ USက ယင်းရဲ့လိုငွေကို အာရှမှ ရန်ပုံငွေများနှင့် ဖြည့်တင်းတဲ့နည်း လမ်းအပြင် အခြားနည်းလမ်းကို ကျွန် တော်မမြင်ပါဘူး။ ဒါမှမဟုတ် USနှင့် ကင်းကင်းကွာကွာဖြစ်စေမယ့် ကျွန်တော် တို့ရဲ့အရန်ငွေတွေကို တခြားတစ်နေရာ မှာ ရင်းနှီးမြှုပ်နှံဖို့ အာရှက တိုးတက်လုပ် ဆောင်နိုင်စွမ်းလည်း ရှိပုံမရပါဘူး။ ငွေ ကြေးဆက်နွှယ်နေမှုတွေက အလွန်အား ကောင်းပြီး အလွန်လည်း နီးနီးစပ်စပ် ရှိနေပါတယ်လို့ ကျွန်တော်ထင်ပါတယ်။
စီးပွားရေးနှင့်ပတ်သက်ပြီး စိုးရိမ်မှုများ
ဒီနေရာမှာ အမေရိကန်ပြည်ထောင် စုအတွင်း ငွေကြေးဖောင်းပွမှုနှင့်စီးပွားရေး တန့်နေမှု(stagflation)အလားအလာပဲ ဖြစ်တယ်။ စီးပွားရေးကျဆင်းမှုနှင့်မြင့်မား တဲ့ငွေကြေးဖောင်းပွမှု ပေါင်းစပ်ဖြစ်ပေါ် မှုက အလွန်ခက်ခဲတဲ့ပေါ်လစီစိန်ခေါ်မှု များကို ဖန်တီးဖြစ်ပေါ်စေမှာဖြစ်တယ်။ အထူးသဖြင့် US ဘတ်ဂျက်အနေအထား က သိပ်မကောင်းတဲ့အခြေအနေ အချိန် အခါမျိုးမှာ ပိုပြီးဖြစ်နိုင်ချေရှိတယ်။ အား ပျော့တဲ့စီးပွားရေးကျဆင်းမှုတစ်ရပ်ကိုပြင် ရဖို့လွယ်တယ်။ ဒါပေမဲ့ စီးပွားရေးတန့်ခြင်း နှင့်ငွေကြေးဖောင်းပွမှု(stagflation)ဆိုရင် တော့ အလှည့်အပြောင်းလုပ်ဖို့နေရာက သိပ်ကို ကန့်သတ်လွန်းသလို ဖြစ်နေနိုင် ပါတယ်။
Ref:Newsweek, Feb 4, 2008. 'Goodbye to the Bulls'.
No comments:
Post a Comment