ဂျပန်သည် နည်းပညာဘက်တွင် အင် အားကြီးနိုင်ငံဖြစ်သည်။ တစ်ချိန်က ကမ္ဘာ့အီ လက်ထရောနစ်ပစ္စည်းများ သုံးစွဲသူဈေး ကွက်ကို စိုးမိုးခဲ့သည်။ ဆန်းသစ်တီထွင်မှု ဘက်တွင် ရှည်လျားသည့်မှတ်တမ်းသမိုင်း ကြောင်းရှိခဲ့သည်။ စရိတ်သက်သာသည့် ထုတ်လုပ်မှုနည်းနာ(lean manufacturing)၊ ဆီစားသက်သာသည့် ကားများ၊ တိုယိုတာ Prius မျိုးစပ်ကား စသည်တို့သည် တစ်စုံတစ် ရာ အတိုင်းအတာအထိ ပေါက်ရောက်အောင် မြင်ခဲ့သည်။ သည့်အပြင် ဂျပန်သည် ဆိုနီ ရှိရာ နိုင်ငံ။ ဆိုနီကုမ္ပဏီသည် ယင်း၏ဂန္ထဝင် တည်ထောင်သူတို့လက်ထက်တွင် အင်ဂျင် နီယာ အတတ်ပညာနှင့်မားကက်တင်းတွင် ပါးနပ်လိမ္မာမှုပေါင်းစပ်ထားသည့်ပြယုဂ်ဖြစ်ခဲ့ သည်။ Walkman သည် နောက်ပိတ်ဆုံး အအောင်မြင်ဆုံးတီထွင်မှုဖြစ်ခဲ့သည်။
ဒါက ယခင်တုန်းကဖြစ်သည်။ ဒစ်ဂျစ် တယ်ခေတ်မတိုင်မီက ဂျပန်ဖြစ်သည်။ ဒစ် ဂျစ်တယ်ခေတ်တွင် iPod နှင့် ယင်း၏ ဆွေ မျိုး iPhone က ဆန်းသစ်တီထွင်မှုဘက်တွင် ထိပ်ခေါင်ဖြစ်လာသည်။ ယင်းတို့ကို ဂျပန် တွေက တီထွင်သူများ ဘာ့ကြောင့်မဖြစ်လာ ရသလဲဟူသောမေးခွန်းမျိုးကို ဂျပန်တွေကိုယ် တိုင်က သူတို့ကိုယ်သူတို့ မေးနေကြသည်။ iPodသည် စမတ်ကျသည့်အသေးစားကိရိယာ တစ်ခုဖြစ်ရုံမျှမက လုပ်ငန်းလုပ်ရာတွင် နည်း လမ်းသစ်၏ ကြီးကျယ်သည့်အောင်မြင်မှု ပြယုဂ်လည်းဖြစ်သည်။
ဂျပန်ကုမ္ပဏီများဖြစ်သည့် DoCoMo, NEC, Sony စသည်တို့က နည်းနည်းချင်းတိုး တက်လာအောင် ကြိုးပမ်းရုန်းကန်နေစဉ် ပြိုင်ဘက်များဖြစ်သည့် Apple, Google စသည့်ကုမ္ပဏီတို့ကဆန်းသစ်သည့်နည်းပညာ နှင့်အားကောင်းသည့် မားကက်တင်း၊ ဒီဇိုင်း၊ ဖြန့်ချိရေးတို့ဖြင့်ပေါင်းစပ်ပြီး လုံးဝသစ်လွင် သည့်ထုတ်ကုန်အမျိုးအစားသစ်များကို ဖန် တီးပေးလျက်ရှိသည်။ ယင်းကိစ္စက ဂျပန်တို့ အား ချောက်ချားစေသည့်အရာပဲဖြစ်သည်။ Apple၏ အောင်မြင်မှုသည် တစ်ချိန်က ကမ္ဘာ့အီလက်ထရောနစ်ပစ္စည်းများ သုံးစွဲသူ ဈေးကွက်ကို စိုးမိုးဖူးသည့်ဂျပန်ကို လှုပ်နှိုး လိုက်သည့်အချက်ပေးသံဟူ၍ ဝေဖန်သူတို့က ပြောဆိုသည်။
ရုံးသုံးစက်ကိရိယာထုတ်လုပ်သည့် Ricoh၏ ဥက္ကဋ္ဌနှင့် ရှေ့ဆောင်စက်မှုလုပ် ငန်းအသင်းများထဲမှ တစ်ခု၏အကြီးအကဲ ဖြစ်သူက သူ့အုပ်စု၏ အဖွဲ့ဝင်များအား မကြာသေးမီက မိန့်ခွန်းပြောကြားရာတွင် iPod သည် ဆန်းသစ်သည့် အနောက်တိုင်း ထုတ်ကုန်နမူနာတစ်ခုဖြစ်ပြီး ဂျပန်က တုပ လိုက်နာလုပ်ဆောင်ရန် ခဲယဉ်းကြောင်း၊ အကြောင်းမှာ ဂျပန်၏ခေတ်နောက်ကျသည့် စီမံခန့်ခွဲမှုကြောင့်ဟူ၍ ပြောကြားခြင်းဖြင့် အထိတ်တလန့်ဖြစ်စေခဲ့သည်။
Apple က ဂျပန်တို့အား အောင့်သက် သက်ဖြစ်စေသည့်အကြောင်းရင်းတစ်ခုမှာ အများသုံးအီလက်ထရောနစ်ပစ္စည်းတီထွင်မှု ဘက်တွင် Appleက ဆိုနီကိုဖယ်ရှားပြီး ဦး ဆောင်နေရာရယူလိုက်ခြင်းပဲဖြစ်သည်။ ဆိုနီ ၏နောက်ဆုံးအကြီးကျယ်ဆုံး တီထွင်မှုလက် ရာမှာWalkmanပင်ဖြစ်သည်။ သို့သော် ဂျပန် လူမျိုးမဟုတ်သူတို့က Walkman ရှိနေဆဲဆို သည့်အချက်ကိုပင်မသိရှိတော့ပါ။အကြောင်း မှာ ယင်းဒစ်ဂျစ်တယ်တေးသံစက်မှာ iPod နှင့်ယှဉ်ပြိုင်ရာတွင် အားနည်းလှသည်။ဂျပန် တွင် Walkman သည် ဈေးကွက်ဝေစု ၂၃ ရာခိုင်နှုန်းရပြီး iPod က ၅၈ရာခိုင်နှုန်းရှိ သည်ဟု ဈေးကွက်သုတေသီ BCNက ဆိုသည်။
တီထွင်မှုပိုင်းဆိုင်ရာ အကျပ်အတည်း
ဂျပန်၏တီထွင်မှုပိုင်းဆိုင်ရာ အကျပ် အတည်း(innovation crisis)မှာ နိုင်ငံ၏ ထူးခြားသည့်ကော်ပိုရိတ်ယဉ်ကျေးမှု(cor-porate culture)တွင် အဓိကအားဖြင့် အမြစ်တွယ်ခဲ့ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံသည် ဒေါင်လိုက်စုစည်းထားသည့် ဧရာမကုမ္ပဏီ ကြီးများ၏ကြီးစိုးမှုခံနေရဆဲဖြစ်သည်။ ယင်း တို့က အလှည့်အပြောင်းနည်းပြီး တီထွင်မှုနှင့် အလှမ်းဝေးဝေးရှိနေကြသည်။ဆိုနီ၏ CEOကို ၂ဝဝ၅ခုနှစ်တွင် အမေရိကမှ ခေါ်ယူပြီး ကုမ္ပဏီကို လှုပ်ခါရန် တာဝန်ပေးခဲ့သည်။ သို့သော် ယင်းအချိန်မှစပြီး ကုမ္ပဏီတွင် ဌာန ခွဲများအကြား အရံအတားများကို ဖြိုဖျက် ရန် သူကလုံးပမ်းနေရသည်။ ဂျပန်ကုမ္ပဏီ များ၏တင်းကျပ်သည့် ရာထူးအဆင့်အတန်း စနစ်က အခြေအမြစ်မှ ပြောင်းလဲမည့် သဘောတရားသစ်များရှိသူတို့ကို စိတ်ဓာတ် ကျစေသည်။ ‘ဂျပန် အိုင်တီလုပ်ငန်းက ထူး ချွန်သူများကို ဘယ်လိုဖျက်ဆီးလိုက်သလဲ’ ဆိုသည့် လေ့လာမှုစာတမ်းရေးသားသူနှင့် တိုကျိုဆော့ဖ်ဝဲအတိုင်ပင်ခံ ကုမ္ပဏီတစ်ခုမှ ဂျိမ်းမော့စ်က ‘အမေရိကမှာက ပရောဂျက် တစ်ခုမှ ထွက်ကျလာတဲ့ အကျိုးရလဒ်တစ်ခု ကို သီးခြားစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ရတာ အများကြီး ပိုလွယ်ကူတယ်။ စွန့် စားရမှုကိုကြောက်တဲ့ ယဉ်ကျေးမှုကြောင့် ဂျပန်မှာက မလွယ်ဘူး’ဟု ပြောပါသည်။
Google တည်ထောင်သူများ ဂျပန်တွင်
အခွင့်အလမ်းရရှိမည်မဟုတ်
ဂျပန်တွင် ဟိုးလေးတကြော်ကြော် ကိစ္စ တစ်ရပ်ဖြစ်သွားခဲ့သည်။ အကြောင်းခြင်းရာ မှာ တော်လှန်ပြောင်းလဲမှုကြီးတစ်ရပ်ဟု ဆိုနိုင်သည့်စွမ်းအင်ချွေတာနိုင်သော blue diode light source ကို တီထွင်ခဲ့သူ ထူး ချွန်သည့် သိပ္ပံပညာရှင်ရှုဂျိနာခါမူရာဆိုသူမှာ သူ့တီထွင်မှုမှ အကျိုးအမြတ်ရလိုက်သည့် ကုမ္ပဏီထံမှ မူပိုင်ခရရှိရေးအတွက် နှစ်များ စွာကြာအောင် တရားတဘောင်နှင့်ရင်ဆိုင်ခဲ့ ရသည်။ နောက်ဆုံးမှာ နာခါမူရာက ဂျပန်ကို စွန့်ခွာပြီး ကယ်လီဖိုးနီးယားသို့ ထွက်ခွာသွား ခဲ့သည်။ သူ၏ ထွက်ခွာခြင်းမှာ ဂျပန်အတွက် ထိုးနှက်ချက်တစ်ရပ်မဖြစ်ပေဘူးလားဟု တိုကျိုတက္ကသိုလ်ရှိ သိပ္ပံပညာရှင်တို့အား မေးကြည့်သည့်အခါ ‘မဖြစ်ပါဘူး။ သူလိုလို၊ ကိုယ်လိုလို လူမျိုးရှိတာက ပိုပြီးကောင်းပါ တယ်’ ဟု ဖြေကြားကြောင်းသိရသည်။ ဆာဂျီ ဘရင်းနှင့် လာရီပေ့ခ်ျတို့ကဲ့သို့ အစဉ်အလာ နည်းလမ်း မကျင့်သုံးသည့် Googleကို ပူးတွဲ တည်ထောင်သူတို့က ဂျပန်တွင်အခွင့်အလမ်း ရရှိမည် မဟုတ်ပေ။ ထို့အတူ Google ၏ နေရာစုံ ရလဒ်ပေါင်းစပ်အသုံးပြုသည့် ထူး ခြားသော ယဉ်ကျေးမှုသည်လည်း ဂျပန်တွင် ရှင်သန်ရပ်တည်နိုင်ဖွယ်ရာမရှိပေ။
ကွန်ပျူတာနှင့်ဂျပန်
ဂျပန်၏နည်းပညာစွမ်းပကားသည် ကွန်ပျူတာများ သို့မဟုတ် ယင်းတို့အပေါ် တွင် သုံးစွဲမည့်ပရိုဂရမ်များကို တိုးတက်ဖွံ့ဖြိုး အောင်လုပ်ဆောင်ရာတွင် ရုတ်တရက် ရပ် ဆိုင်းပစ်ရခြင်းမျိုးအဖြစ်နှင့် မကြာခဏ ကြုံရတတ်သည်။ ‘ဂျပန်က ဒစ်ဂျစ်တယ် ခေတ်မတိုင်မီအချိန်က နည်းပညာဆိုင်ရာ ဘက်မှာ အင်အားကြီးနိုင်ငံပါ။ သို့ပေမဲ့ သူတို့က အထင်ကရကွန်ပျူတာပြုလုပ်သူ တော့ တစ်ခါမှမဖြစ်ခဲ့ဖူးဘူး။ ယခုအခါ ကွန်ပျူတာနှင့်အင်တာနက်ချိတ်ဆက်သုံးစွဲ မှုက ယင်းကိုဝန်းရံပြီး ကမ္ဘာကြီးက လည် ပတ်လှုပ်ရှားနေရတဲ့ဗဟိုချက်မဒိုင်နမိုဖြစ် လာနေပါပြီ’ ဟူ၍ လန်ဒန် West-hall Capital မှ ကမ္ဘာလုံးဆိုင်ရာ နည်းပညာ မဟာ ဗျူဟာပညာရှင်ကိတ်ဝူးလ်ကော့စ်ကဆိုသည်။ ဂျပန်တို့၏ operating systems ဟူသည် မရှိခဲ့ဖူး။ Laptop ကို ရှေ့ဆောင်တီထွင်ခဲ့သူ တိုရှီဘာမှာ ယခုအခါ တစ်ကိုယ်ရေကွန်ပျူ တာ(PC)ဈေးကွက်တွင် လှုပ်ကိုင်ကစားနိုင်သူ တစ်ဦးမဟုတ်တော့။
ယခုကဲ့သို့ဖြစ်ပျက်မှု၏ အကြောင်းရင်း ခံများမှာ အလုပ်မဖြစ်သည့် ကော်ပိုရိတ် ယဉ်ကျေးမှုထက် ပို၍နက်ရှိုင်းသည်။ ပြဿနာများထဲတွင် လုပ်သက်ပေါ်မူတည်ပြီး ရာထူးတိုးမြှင့်ခြင်းစနစ်(ယင်းအချက်ကြောင့် အိုင်တီတွင် သင်တန်းတက်ရောက်ခြင်းမရှိ သည့် အိုင်တီအကြောင်း အနည်းငယ်မျှသာ တတ်သိနားလည်သည့် မန်နေဂျာများပေါ် ပေါက်ရသည်)နှင့်ကော်ပိုရိတ်အပိုင်းနှင့် တက္ကသိုလ်အကြား လုံးဝနီးပါး အဆက် အသွယ်ပြတ်တောက်နေခြင်းတို့ပဲဖြစ်သည်။
အသင်းလိုက်သာကောင်းသည်ဆိုသည့် ဂျပန်
တိုကျိုတက္ကသိုလ်မှ စီးပွားရေး ပါမောက္ခက အခြားသီအိုရီတစ်ခုကို တင်ပြ သည်။ PC၊ ဆော့ဖ်ဝဲနှင့် iPod ကဲ့သို့ မျိုးစပ် ကိရိယာသေးများမှာ အခန်းလိုက်၊ အပိုင်း လိုက်ပါ ထုတ်ကုန်များ(modular pro-ducts)ဖြစ်ကြသည်။ ဆိုလိုသည်မှာ ၎င်းတို့ သည် လက်ရှိအစိတ်အပိုင်းများကို လူတွေက ဆန်းသစ်တီထွင်သည့်နည်းလမ်းများဖြင့် ရောနှောကြည့်၊ ယှဉ်ကြည့်ပြီး ဖြစ်လာသည့် ပစ္စည်းများဖြစ်သည်။ ဂျပန်လူမျိုးများက ဒီဇိုင်းဆွဲပြီး တစ်ဦးချင်းစိတ်ကြိုက် အစိတ် အပိုင်းများနှင့် ရရာပေါင်းစုရသည့်ကားကဲ့သို့ မျိုး ပစ္စည်းများကိုထုတ်လုပ်ရာတွင် ထူးချွန် သည်။ သည်သို့မျိုး လုပ်ငန်းတစ်ခုအနေနှင့် လူတွေက အထပ်တစ်ထပ်တည်းပေါ်တွင် အချိန်ကြာမြင့်စွာ ပူးတွဲလုပ်ဆောင်ရတတ် သည်။ ‘ကျွန်တော်တို့က တစ်ဦးကောင်း၊ တစ် ယောက်ကောင်း ထူးချွန်သူပါရမီရှင်များကို ကိုင်တွယ်ရာမှာ မတော်ကြဘူး။ အသင်းအဖွဲ့ အနေနှင့်တော့ကောင်းတယ်’ ဟုဆိုသည်။ အများသဘောတူညီမှုနှင့် လုပ်ဆောင်သည့် ယင်းနည်းလမ်းသည် ဆန္ဒအလျောက် လုပ် ကိုင်ပြီး လက်တွေ့အကျိုးရလဒ် ထွက်ပေါ် လာစေသည့် Google ကဲ့သို့ ကုမ္ပဏီမျိုး၏ ‘အစီစဉ်တကျမဟုတ်သည့် တီထွင်ခြင်း’ (disruptive innovation)မျိုးကို ထုတ်ပယ် ထားပုံရသည်။
ထီးတည်းရပ်တည်မှု၏အကျိုးရလဒ်
ဆန်းသစ်တီထွင်မှုဘက်တွင် ပြဿနာ များစွာကို မီးမောင်းထိုးပြထားသည့် ကုမ္ပဏီ တစ်ခုချင်းက ထီးတည်းရပ်တည်မှုကိစ္စ (insularity issue)က ဆူပွက်မှတ်သို့ ရောက် လာပြီဟုပြောရမည်ဖြစ်သည်။ ဂျပန်၏ ထိပ်တန်းစီးပွားရေးသတင်းစာဖြစ်သည့် The Nikkei က ယခုနှစ်တွင် ဖြစ်ရပ်တစ်ခုကို ဖော်ထုတ်တင်ပြခဲ့သည်။ Sanyo Electric မှ အကြီးတန်းအမှုဆောင်အရာရှိတစ်ဦးက ၁၉၉၇ခုနှစ်လောက်က iPod နှင့်ဆင်သည့် အိုင်ဒီယာတစ်ခုရှိခဲ့သည်။ သူက Apple နှင့် ပူးပေါင်းပြီး သူ့စိတ်ကူးရသည့်နည်းပညာကို စူးစမ်းရန်ကြိုးစားသည့်အခါ ကုမ္ပဏီဥက္ကဋ္ဌ က သဘောမတူငြင်းပယ်ခဲ့သည်။ ယခုအချိန် တွင် Sanyoမှာ ရပ်တည်နိုင်ရေးအတွက် ရုန်းကန်နေရသည်။
ဂျပန်အတွက် အသုံးတည့်နေသေးသည့် နည်းနာနိဿယတချို့
ဂျပန်၏အရူးအမူးဖြစ်ရသည့်ဆန်း သစ်တီထွင်မှုကို တဖြည်းဖြည်းချင်းတက် လှမ်းရမည်ဆိုသည့်နည်းလမ်းမှာ တချို့ ကုမ္ပဏီများအတွက် အထူးသင့်လျော်သည် ကိုတွေ့ရသည်။ ယင်းစနစ်ကြောင့် ဂျပန်၏ ဘိလပ်မြေထုတ်လုပ်မှုနည်းပညာကို ကိုရီး ယားနှင့်တရုတ်က လိုက်မမီသေးချေ။ ထို့အတူ တိုယိုတာ၏ ‘ကိုင်ဇန်’ (kaizen)ဆိုသည့် စဉ် ဆက်မပြတ် တိုးတက်မှုပြုနေရမည်ဆိုသည့် ဒဿနမှာလည်း ကုန်ထုတ်လုပ်မှုနည်းစဉ်ကို အပြစ်ဆိုဖွယ်မရှိလောက်သည့် အဆင့်အခြေ သို့ရောက်ရှိစေသည်။ သို့သော် စက်မှုနည်း ပညာကဲ့သို့ ကြီးထွားဖွံ့ဖြိုးမှုမြန်ဆန်သည့် စက်မှုလုပ်ငန်းများ(growth industries) အတွက် တရွေ့ရွေ့တိုးတက်မှု(incremental improvement)ဖြင့်မလုံလောက်ပေ။ နောက် ထပ် အသစ်သစ်သောပစ္စည်းများကို ရှာဖွေ ဖော်ထုတ်ရမှာဖြစ်သည့်အတွက် ကြီးမား သည့်ခြေလှမ်းလှမ်းဖို့လိုသည်။ ဒီနေရာတွင် တစ်ချိန်က ဂျပန်၏ကမ္ဘာ့အကြီးဆုံး ကြိုးမဲ့ ဖုန်းကုမ္ပဏီကြီးများထဲမှတစ်ခုဖြစ်သည့် NTT DoCoMo၏ဇာတ်လမ်းကို ကြည့်ရှုသင့်သည်။ ရာစုနှစ်ကုန်ခါနီးလောက်တွင် DoCoMo၏ အမှုဆောင်အရာရှိတို့က ၎င်းတို့သည် ကမ္ဘာ ကြီးကို စိုးမိုးနိုင်တော့မည်ဟုကြေညာခဲ့သည့် DoCoMo သည် ယခု ဘာဖြစ်သွားပါသလဲ။
DoCoMo ၏ ကျဆုံးခန်း
DoCoMoသည် ယခုအခါ ပြည်တွင်း ဈေးကွက်၌ပင် ပိတ်မိနေပြီး ယင်းထက်အင် အားသေးသည့် ပြိုင်ဘက်တို့၏ ဈေးကွက်ဖဲ့ ယူမှုကို ခံနေရသည်။ ပြည်တွင်း မိုဘိုင်းဖုန်း ဈေးကွက်မှာလည်း ပို၍ကျုံ့လာနေသည်။ ယင်း၏ကြီးထွားမှုအတွက် မျှော်လင့်ချက်မှာ ကမ္ဘာ့ဈေးကွက်ထဲသို့ ခုန်ပျံကျော်လွှားဝင် ရောက်ရန်ပင်ဖြစ်သည်။ သည်သို့လည်း ဖြစ် မလာခဲ့။ ကုမ္ပဏီ၏ ယဉ်ကျေးမှုအမြင် ကျဉ်း မြောင်းခြင်းနှင့်စိတ်ကူးစိတ်သန်း အားနည်း သည့်စီမံကွပ်ကဲရေးကြောင့်ဟုဆိုသည်။ လွန်ခဲ့သည့် ၃နှစ်က နိုကီယာ(Nokia)ထက် ရှယ်ယာတန်ဖိုး ဆယ်ဆခန့်ရှိခဲ့သည်။ ယခု အခါ ဖင်လန်အခြေစိုက်(ဖင်လန်လူဦးရေ ၅သန်း၊ ဂျပန်လူဦးရေ ၁၂၇သန်း)နိုကီယာ၏ ဈေးကွက်ရင်းနှီးမြှုပ်နှံမှုမှာ DoCoMoထက် နှစ်ဆကျော်ရှိနေသည်။ ဒါက နိုကီယာကို Apple, Google, Vodafone ကဲ့သို့ကမ္ဘာ့ ဧရာမကုမ္ပဏီကြီးများစာရင်းဝင်ဖြစ်စေသည်။
လာမည့်ရာစုနှစ်တွင် အစီစဉ်တကျ မဟုတ်သည့်တီထွင်မှုမှာ USကဲ့သို့ နိုင်ငံများ မှသာ လာနိုင်သည်မဟုတ်။ နှိုးထလာနေ သည့် အခြားစီးပွားရေးနိုင်ငံများကပါ ပါဝင် လာမည်ဖြစ်ရာ ဂျပန်က ယင်း ‘ကလပ်’ ထဲ ပါဝင်လိုပါက နည်းပညာအပေါ် ၎င်းတို့ ဘယ်လိုရှုမြင်သည်သာမက ၎င်းတို့အပေါ် ၎င်းတို့ ဘယ်လိုရှုမြင်စဉ်းစားသည့်အချက် ကိုပါပြင်ဆင်ရမှာဖြစ်ကြောင်း ကျွမ်းကျင်သူ တို့က ထောက်ပြပါသည်။
No comments:
Post a Comment