Tuesday, May 27, 2008

အိုပက် (OPEC) ကာတဲလ်အဖွဲ့က စက္ကူကျားဘဝမှ တကယ့်ကျားအဖြစ် အသွင်ပြောင်းခဲ့ပြီလား

ဦးလှမြင့်(မားကက်တင်း)

ရေနံအဓိကထုတ်လုပ်သည့် နိုင်ငံများ ဖြစ်ကြသည့် ဆော်ဒီအာရေးဘီးယား၊ အီ ရန်၊ အီရတ်၊ ကူဝိတ်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု(UAE)၊ ကာတာ၊ ဗင်နီဇွဲ လား၊ နိုင်ဂျီးရီးယား၊ လစ်ဗျား၊ အင်ဒိုနီး ရှား၊ အယ်ဂျီးရီးယား၊ ဂါဘွန်နှင့်အီကွေဒေါ နိုင်ငံများပါဝင်သည့် ‘ရေနံတင်ပို့သည့်နိုင်ငံ များအဖွဲ့(အိုပက်)’ (Organization of Petroleum Exporting Countries, OPEC)ကို ၁၉၆ဝပြည့်နှစ်တွင် စတင်ဖွဲ့ စည်းခဲ့ရာ ယနေ့ဆိုလျှင် သက်တမ်း၄၇နှစ် ကျော်လွန်ပြီဖြစ်သည်။ ယင်းအဖွဲ့ကို ‘ကာ တဲလ်’ အဖွဲ့အဖြစ် ဖွဲ့စည်းထားခြင်းဖြစ် သည်။ ကာတဲလ်(Cartel)ဆိုသည်မှာ ဈေးကွက်ကိုလွှမ်းမိုးချယ်လှယ်နိုင်ရန် မျိုး တူပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းရှင်ကြီး များစုပေါင်းပါဝင်သည့်အဖွဲ့ကိုဆိုလိုသည်။ သို့သော် ယင်းကာလတစ်လျှောက်လုံး အို ပက်သည် ကာတဲလ်အမည်ခံမျှလောက် သာဖြစ်ခဲ့သည်။ စက္ကူကျားသာဖြစ်ခဲ့ သည်။ ယင်းအဖွဲ့သည် တကယ့်လက်တွေ့ တွင် ရေနံဈေးနှုန်းများကို မထိန်းချုပ်နိုင်ခဲ့ ပါ။ အကြောင်းမှာ ယင်းအဖွဲ့၏အဖွဲ့ဝင် အများအပြားမှာ ဈေးကွက်ကိုထိန်းချုပ်ရန် ရည်ရွယ်သည့် ထုတ်လုပ်မှု ‘ကိုတာများ’ (quotas)ကို မှန်မှန်ကြီး ချိုးဖောက်မှုရှိနေ ခဲ့၍ဖြစ်သည်။ ထို့ကြောင့် အိုပက်ဝယ်လို အားနှင့်ရောင်းလိုအား အခြေအနေများ ပြောင်းလဲရွေ့လျားမှုအပေါ်လိုက်ပြီး ဈေး နှုန်းအတက်အကျကို ယေဘုယျလိုက်ခဲ့ သည်။

သို့သော် ယခုအခါ အိုပက်သည် တကယ့်ကျား ဖြစ်လာပြီဟုဆိုရတော့မည် ဖြစ်သည်။ တကယ်အလုပ်ဖြစ်သည့် ကာ တဲလ်ဖြစ်လာပေပြီ။ ၂ဝဝ၈ခုနှစ်၊ မတ်လ အတွင်း ဗီယင်နာတွင်ကျင်းပခဲ့သည့် အို ပက်အစည်းအဝေးကိုပဲကြည့်ပါ။ ရေနံတိုး မြှင့်ထုတ်လုပ်ရန် ထင်ရှားပေါ်လွင်သည့် အခြေအနေအကြောင်းရပ်များရှိနေသော် လည်း ရေနံဝန်ကြီးများက ရေနံတိုးထုတ် လုပ်ရန် ငြင်းဆိုခဲ့ကြသည်။ ရေနံစိမ်းဈေး နှုန်းက တစ်စည်လျှင် ဒေါ်လာ၁ဝဝ အထက်တွင် ဝဲနေသည်။ အမေရိကန်ပြည် ထောင်စုက ‘ရီဆက်ရှင်’ (Recession) သို့မဟုတ် စီးပွားရေးကျဆင်းမှုကာလ အတွင်း သို့မဟုတ် အနီးသို့ရောက်ရှိနေ သည်။ ကျန်ကမ္ဘာ့နိုင်ငံအများစုကလည်း သိသာသည့်စီးပွားရေးအကျပိုင်းနှင့် ရင် ဆိုင်နေရသည်။ ဒါကို အိုပက်ရေနံဝန်ကြီး များက မမှုပါ။ ရေနံဝယ်လိုအားပျော့လာ လျှင်(စီးပွားရေးအားပျော့ခြင်း၏ရောင်ပြန် ဟပ်မှု)ရေနံထုတ်လုပ်မှုကို လျှော့ချမည့် အရိပ်အယောင်ပြသခဲ့သည်။

ရီဆက်ရှင် သို့မဟုတ် စီးပွားရေးနှေး ကွေးမှု သူ့ဘာသာသူ ပြင်ဆင်နိုင်ရန် ယန္တရားနည်းစဉ်များထဲတွင် ရေနံဈေးနှုန်း ကျဆင်းမှုမှာ တစ်ခုအပါအဝင်ဖြစ်သည်။ ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့်အိမ်တွင်းသုံးဆီတို့၏ ဈေးနှုန်းများ ပိုမိုနိမ့်ကျလာမှုက စားသုံးသူ ၏ဝယ်နိုင်အားကို တိုးတက်စေသည်။ ငွေ ဖောင်းပွမှုကို တုံ့ဆိုင်းစေပြီး အများပြည်သူ တို့၏ယုံကြည်မှုကို တိုးစေသည်။ သည်သို့ သဘောအားဖြင့် ယင်းအကြောင်းအချက် များသည် ယိမ်းယိုင်နေသည့်စီးပွားရေး အတွက်အရေးကြီးသည့်အလိုအလျောက် (အော်တိုမက်တစ်)’တည်ငြိမ်စေသည့်အရာ’ (stabilizer)တစ်ခုပင်။ အလိုအလျောက် တည်ငြိမ်စေသည့်အရာကို ဖယ်ရှားပစ် မည်ဆိုလျှင် ယင်းထက်ပိုဆိုးသည်က ‘အလိုအလျောက် မတည်ငြိမ်စေသည့် အရာ’ အဖြစ် အသွင်ပြောင်းစေမည်ဆိုက ရီဆက်ရှင်း သို့မဟုတ် စီးပွားရေးနှေးကွေး မှုကို ပိုမိုဆိုးရွားစေမှာဖြစ်သည်။

ရေနံထုတ်လုပ်သူများအတွက် ရေနံ ဈေးနှုန်းမြင့်မားမှုက သူတို့အတွက်ကောင်း သည်။ ၁၉၉၉ခုနှစ်မှစ၍ အိုပက်နိုင်ငံများ အတွက် ရေနံမှဝင်ငွေသည် လေးဆတိုး ခဲ့သည်။ ၂ဝဝ၇ခုနှစ်တွင် ခန့်မှန်းခြေ ဒေါ်လာ ၆၇ဝဘီလျံရှိသည်။ အိုပက်က ကံကောင်း၍လား(ဈေးကွက်တွင် ရေနံ ထုတ်လုပ်မှုကျပ်တည်းခြင်း)သို့မဟုတ် တကယ့်ကာတဲလ်အဖြစ် လုပ်ဆောင်နိုင်၍ လား(ထုတ်လုပ်မှုလျှော့ချပြီး ဈေးနှုန်းမြှင့် တင်ခြင်း)ဟူသည်ကို ကျွမ်းကျင်သူတို့က သဲသဲကွဲကွဲမသိကြသေးပေ။ အဖြေမှန်မှာ နှစ်မျိုးစလုံးကြောင့်ဟုဆိုရပေမည်။

ကံကောင်းခြင်း

ကံကောင်းခြင်းဆိုသည့်အချက်နှင့် ပတ်သက်၍ သံသယဖြစ်စရာမလိုပါ။ ရေနံ နှင့်ပတ်သက်၍ခန့်မှန်းတွက်ချက်မှုမှားယွင်း မှုကြီးနှစ်ရပ်က အိုပက်ကို အထောက်အကူ ဖြစ်စေခဲ့သည်။ ပထမတစ်ခုမှာ ကမ္ဘာ့ရေနံ ဝယ်လိုအားကို လျှော့ပေါ့တွက်ဆမှုဖြစ် သည်။ အထူးသဖြင့် တရုတ်နိုင်ငံမှဖြစ် သည်။ ၁၉၉၉ခုနှစ်မှစ၍ တရုတ်နိုင်ငံ၏ ရေနံသုံးစွဲမှုက နှစ်ဆနီးပါး တက်လာခဲ့ သည်။ ၂ဝဝ၇ခုနှစ်တွင် တစ်နေ့ ရေနံပီပါ (စည်)သုံးစွဲမှု ၇ဒသမ၅သန်းရှိခဲ့သည်။ တစ် နည်းအားဖြင့် 7.5mbd(million bar-rels a day)ရှိခဲ့သည်။ ယင်းနှစ်တွင် ကမ္ဘာ့ရေနံသုံးစွဲမှုမှာ 86mbd ဖြစ်သည်။ အမေရိကန်က 20.8mbd ဖြစ်သည်။ ၁၉၉၉ခုနှစ်ထက် ၇ရာခိုင်နှုန်းမြင့်တက်လာ ခြင်းဖြစ်သည်။ ဒုတိယမှားယွင်းတွက်ချက် မှုမှာ ရေနံထုတ်လုပ်နိုင်မှုကို ပိုမိုခန့်မှန်း ထားခြင်းဖြစ်သည်။ စစ်မက်ဖြစ်ပွားမှု၊ ပြည် တွင်းပဋိပက္ခနှင့်ပြည်သူပိုင် သို့မဟုတ် အမျိုးသားပိုင်ပြုလုပ်ခြင်းက အီရတ်၊ နိုင် ဂျီးရီးယား၊ အီရန်၊ ဗင်နီဇွဲလားနှင့်နေရာ တိုင်းတွင် ရေနံထုတ်လုပ်မှုကို ကျဆင်းသွား စေခဲ့သည်။ ယင်းပြဿနာများမရှိခဲ့လျှင် ကမ္ဘာတစ်ဝန်း ရေနံထုတ်လုပ်မှုစုစုပေါင်း သည် 4.5mbd ပိုမိုထုတ်လုပ်နိုင်ဖွယ်ရှိ သည်ဟု စွမ်းအင်သုတေသနဖောင်ဒေး ရှင်းကဆိုသည်။ ဝယ်လိုအား ပိုမိုမြင့်တက် လာခြင်းနှင့်ထုတ်လုပ်မှုဘက်တွင် ကျဆင်း ခြင်းနှစ်ရပ်ပေါင်းစပ်မှုက ရေနံဈေးနှုန်းများ ကို ထိုးတက်စေသည်။

အိုပက်လက်ချက်

ဒါက ပြဿနာ၏အစိတ်အပိုင်းတစ် ဝက်မျှသာဖြစ်သည်။ ၂ဝဝ၆ခုနှစ်နှောင်း ပိုင်းသို့ ပြန်သွားကြည့်ပါ။ ရေနံစည်စိမ်း တစ်ပီပါမှာ ဒေါ်လာ၇ဝမှ၅ဝအထိ ကျ ဆင်းလာလျက်ရှိသည်။ ကာတဲလ်အစစ် အမှန်တစ်ခုအနေနှင့်က ရေနံဈေးနှုန်းများ ကို ကျားကန်ပေးရန် ထုတ်လုပ်မှုကို လျှော့ ချရပေလိမ့်မည်။ အိုပက်က အဆင့်နှစ် ဆင့်ဖြင့် လုပ်ခဲ့သည်။ ရေနံထွက်နှုန်းကို တစ်နေ့စည်ပီပါ ၈ဝဝဝဝဝနှုန်းဖြင့် လျှော့ခဲ့ သည်။ ဇူလိုင်လ ရောက်လာသည့်အခါ စည်ပီပါ ၁၂၅သန်းကို ပြောင်အောင်ရှင်း ပစ်လိုက်သည်။ ၂ဝဝ၇ခုနှစ်ကုန်ပိုင်း အရောက်တွင် ဆီပီပါ လက်ကျန်မှာ ၃နှစ် တာအတွင်း အနိမ့်ဆုံး ရောက်ရှိသွား သည်။ သည်တွင် ရေနံဈေးနှုန်းများ မြင့် တက်သွားသည်။ အိုပက်က ထုတ်လုပ်မှုကို မလျှော့ချလိုက်ပါက ယနေ့ဈေးနှုန်းမှာ ဒေါ်လာ၁ဝဝရှိလာမှာမဟုတ်။

အိုပက်၏ ယနေ့ကာလ ဈေးကွက် ပါဝါမှာ ၁၉၉၉ခုနှစ်မှ စတင်ခဲ့သည်ဟု စီး ပွားရေးပညာရှင်တစ်ဦးကပြောသည်။ ထို အချိန်က ရေနံဈေးနှုန်းမှာ တစ်စည်လျှင် ၁ဝဒေါ်လာခန့်သာရှိသည်။ ၁၉၉၇-၉၈ အာရှဘဏ္ဍာရေးအကျပ်အတည်းက ဝယ် လိုအားကျဆင်းစေခဲ့သည်။ ထုတ်လုပ် ရောင်းဝယ်မှုဘက်တွင် အနှစ်သာရအား ဖြင့် ထိန်းချုပ်မှုမရှိသေး။ ဆော်ဒီအာရေး ဘီးယားက အီရန်၊ ကူဝိတ်၊ ဗင်နီဇွဲလား စသည့် အိုပက်အဖွဲ့ဝင်များနှင့်ရော အို ပက်အဖွဲ့ဝင်များမဟုတ်သည့် ရုရှား၊ နော် ဝေးနှင့်မက္ကဆီကိုတို့နှင့်ပါ ဆွေးနွေးညှိနှိုင်း မှုပြုလုပ်ခဲ့သည်။ အကျိုးရလဒ်မှာ ရေနံ ထုတ်လုပ်မှုကို သိသိသာသာလျှော့ချရန် ဆိုသည့် သဘောတူညီချက်တစ်ရပ်ပင်။ ရေနံထုတ်လုပ်မှု ကိုတာများအပေါ် နိုင်ငံ များ၏လိုက်နာမှုမှာကောင်းမွန်သည်။ ရေနံမှဝင်ငွေများကျဆင်းပြိုလဲမှုအပေါ် အထိတ်တလန့်ဖြစ်ခဲ့ရသည်။ ‘ဒါက အို ပက်အနေနှင့် တကယ့်ကာတဲလ်အဖြစ် ပြုမူဆောင်ရွက်မှု စတင်တာပါပဲ’ ဟုစီးပွား ရေးပညာရှင် ဗာလက်ဂျာကပြောသည်။

ကြိုတင်မမြင်မှုအတွက် ခံရချက်နာ

တစ်စုံတစ်ရာ အတိုင်းအတာအထိ အတိတ်က ကျွန်ုပ်တို့၏ရှေ့ကြိုမြင်နိုင်စွမ်း မရှိမှုအပေါ် ပေးဆပ်နေရခြင်းဖြစ်ကြောင်း သုံးသပ်ဝေဖန်သူ ရောဘတ် ဂျေ ဆမ်မြူ အယ်လ်ဆင်က ထောက်ပြသည်။ နိုင်ငံရပ် ခြားမှ ရေနံတင်သွင်းမှုအပေါ် မှီခိုအား ထားမှုမှာ မလွှဲရှောင်နိုင်သည့်အခြေအနေ ဖြစ်သည်။ ယခုအခါ ပြည်တွင်းထွက်ရှိမှု၏ ၆ဝရာခိုင်နှုန်းနီးပါးရှိနေသည်။ ကျွန်ုပ်တို့က သုံးစွဲမှုဘက်တွင် တရာလွန်များပြားပြီး ထုတ်လုပ်မှုဘက်တွင် နည်းပါးလွန်းနေ သည်။ သို့သော် ကျွန်ုပ်တို့၏ ဝယ်လိုအား ကို လျှော့ချခြင်း၊ ပြည်တွင်းထုတ်လုပ် ရောင်းချမှုကို တိုးမြှင့်ခြင်းဖြင့် အိုပက်၏ ဈေးကွက်ပါဝါကို ကန့်သတ်နိုင်ပါသည်။ ကမ္ဘာတစ်ဝန်းလိုအပ်မှုနှင့် ထုတ်လုပ် အကြား ကွက်လပ်ကျဉ်းမြောင်းသွားပါက ရေနံထုတ်လုပ်သူများအနေနှင့် ဈေးကွက် ကိုထိန်းချုပ်ရန်ပိုမိုခက်ခဲသွားမည်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၏ အတားအဆီးမရှိသလောက်နီးပါး ရေနံ တင်သွင်းမှုအပေါ် အာသာပြင်းပြမှုက အို ပက်၏ ပစ္စက္ခ အောင်မြင်မော်ကြွားနိုင်မှုကို အဆင်ခြင်ကင်းမဲ့စွာ ပို့ဆောင်ပေးခဲ့သည် ဟုဝေဖန်သုံးသပ်သူက ပြောဆိုသည်။ ယင်းအောင်မြင်မှုအတိုင်းအတာမှာ ယခု နှစ်နှင့်လာမည့်နှစ်များအတွင်း အစမ်းသပ် ခံရလိမ့်မည်ဖြစ်သည်။ US စွမ်းအင်ဌာန က အိုပက်အဖွဲ့ဝင်များမဟုတ်သည့် ဘရာ ဇီး၊ ကနေဒါနှင့်ကာဇက်စတန်တို့မှ ရေနံ ထုတ်လုပ်မှု မြင့်တက်လာဖွယ်ရှိသည်ဟု ခန့်မှန်းသည်။ တစ်ချိန်တည်းတွင် ကမ္ဘာ့စီး ပွားရေး အားပျော့လာမှုက ဝယ်လိုအားကို ကျဆင်းသွားစေမှာဖြစ်သည်။ အိုပက်ပင် လျှင် မလိုလားအပ်သည့် ယနေ့ကာလ ပေါက်ဈေးကို ဆက်လက်ထိန်းထားနိုင် စွမ်းရှိနိုင်လိမ့်မည်မဟုတ်။ မည်သို့ဖြစ်စေ ရေနံကာတဲလ်၏ရေရှည်ခြိမ်းခြောက်မှုက ဆက်လက်ရှိနေပါလိမ့်မည်။ အိုပက်ကာ တဲလ်အဖွဲ့သည် ယခင်ကလို စက္ကူကျား မဟုတ်တော့။ တကယ့်ကျား ဖြစ်လာ ပေပြီ။

No comments: