အမေများနေ့မှာ ကျွန်တော့်၏မွေးမိခင်ကို ရည်စူးဂုဏ်ပြုလျက်
အမေ
ကျွန်တော်ဟာလေ သိပ်ဆိုးခဲ့
စိတ်ဆိုးခဲ့တာ အကြိမ်ကြိမ်ခါ
မလိမ္မာတဲ့ သားကလေး
ခွင့်လွှတ်နိုင်အုံးမလား အမေ။
ပြောမရဆိုမရ လူမိုက်လေး
ထင်တိုင်းကျဲပြီး သောင်းကျန်းသေး
အမေ့မျက်ရည် အကြိမ်ကြိမ်ခါ
ကျခဲ့တာက ကျွန်တော့်ကြောင့်ပါ
အမေ့အိပ်မက် ကျွန်တော့်အပေါ်
ပြက်ချော်ချော်နဲ့ ကျွန်တော်လုပ်ခဲ့
ဘလောင်ဆူတဲ့ အမေ့ရင်ခွင်
ဖြစ်စေခဲ့တာ ကျွန်တော်ပါ
အခုချိန်ကျမှတမ်းတ
လွမ်းရတာက အမေ့မေတ္တာ
ပြန်မရနိုင်တာဒါအားလုံး နှမြောလိုက်တာအကုန်လုံး
ဆုံးခဲ့ပြီပေါ့အမေ
ခွင့်လွှတ်ပါ အမေ။
မှတ်ချက်။ ။ ကျွန်တော့်ကဗျာဟာ ကဗျာဆန်ချင်မှဆန်ပေမယ့် ကျွန်တော့်မိခင်အတွက် ရင်ထဲမှခံစားချက်ကို စကားလုံးတွေနဲ့ပေါင်းစပ်ဖော်ပြထားတဲ့ ကိုယ်တိုင်ရေးဖြစ်ပါတယ်။
No comments:
Post a Comment