Saturday, August 2, 2008

လူငယ်လူရွယ်နှင့်ကျန်းမာရေး

ဒေါက်တာအေးကျော်(ဇီဝကမ္မဗေဒ)
သွေးချို၊ ဆီးချိုရောဂါ ကုသမှု
M.B.,B.S, D.A Psychology, Dip.Med.Sc.Gp (Family Medicine), MPA: DAE.,
သွေးချို၊ ဆီးချိုရောဂါဟာ ဖြစ်ပွား မှုများတဲ့ ရောဂါတစ်ခုဖြစ်တာမို့ သွေး ချို၊ ဆီးချိုရောဂါဖြစ်လာရင် ဘယ်လို ကုသမှုတွေ လိုအပ်တယ်ဆိုတာ စာဖတ် သူများ ဗဟုသုတ ရစေချင်ပါတယ်။ ဆရာ့အနေနဲ့ သွေးချို၊ ဆီးချိုရောဂါရဲ့ ကုသမှုအပိုင်းကို ရှင်းပြပေးပါလား ခင်ဗျာ။
သွေးချို၊ ဆီးချို ကုထုံးကုနည်း မပြောခင်ပေါ့ဗျာ၊ သွေးချို၊ ဆီးချိုရောဂါ အမျိုးအစားနှစ်ခုအကြောင်းလေး နိဒါန်း ပျိုးချင်ပါတယ်။ သွေးချို၊ ဆီးချိုရောဂါမှာ အမျိုးအစား ၁နဲ့ အမျိုးအစား၂ဆိုပြီးရှိ တယ်။ အမျိုးအစား ၁ Type I diabe-ties mellitus ပေါ့။ Juvenile type လူ ငယ်လူရွယ်မှာဖြစ်တဲ့ သွေးချို၊ ဆီးချိုလို့ လည်း ခေါ်ကြတယ်။ အင်ဆူလင်ပေါ်မှီ တည်နေသော သွေးချို၊ ဆီးချို Insulin-dependent diabetes mellitus-IDDM လို့လည်း ခေါ်ကြပါတယ်။ အမျိုး အစား ၁ကို ကုသရာမှာ အင်ဆူလင်လိုလို့ ပေါ့ဗျာ။
နောက်တစ်မျိုးက အမျိုးအစား ၂။ Type II diabetes mellitus ပေါ့။ Adult type လူကြီးအမျိုးအစား နောက်တစ်မျိုး အင်ဆူလင်ပေါ် မှီတည်မှုမရှိသော သွေး ချို၊ ဆီးချို Non-insulin-dependent diabetes Mellitus-NIDDM လို့လည်း ခေါ်ပါတယ်။ ကုသရာမှာ သာမန်အားဖြင့် အင်ဆူလင် မလိုဘူးလို့ဆိုတဲ့သဘောပါ။
သွေးချို၊ ဆီးချိုရောဂါကုသရာမှာ (က)အစားအသောက် ထိန်းချုပ်မှုဖြင့် ကုသခြင်း(Diet alone)၊ (ခ)အစား အသောက်နဲ့သကြားဓာတ်ကျစေသော သောက်ဆေးများဖြင့် ကုသခြင်း(Diet and Oral hypogly cemic drugs ပေါ့။ (ဂ)အစားအသောက်နဲ့အင်ဆူလင်တွဲဖက် ကုသခြင်း(Diet and Insulin)။
အဲဒီကုသနည်းများရဲ့အကျိုး ရလဒ်တွေလည်း ပြောပြပေးပါဦး ခင်ဗျာ။
သွေးချို၊ ဆီးချို လူနာများရဲ့ ၅ဝရာ ခိုင်နှုန်းဟာ အစားအသောက် စားသုံးမှု ပြုပြင်ဆင်ခြင်ခြင်းနဲ့ပဲ ကုသလို့ရတယ်ဆို တာ တွေ့ရပါတယ်။ ၂ဝက ၃ဝရာခိုင်နှုန်း ကတော့ အစားအသောက်လည်း ဆင် ခြင်၊ သကြားကျစေတဲ့သောက်ဆေးတွေ လည်း သောက်ရတတ်ပါတယ်။ အဲဒီလို ၂ဝနဲ့ ၃ဝရာခိုင်နှုန်းလောက်က အစား အသောက်ဆင်ခြင်စားသုံးမှုနဲ့အင်ဆူလင် ထိုးဆေး လိုအပ်ကြပါတယ်။
ဒါနဲ့၊ ကြားဖြတ်ပြီး သိချင်တာလေး မေးပါရစေဦးခင်ဗျာ။ သွေးချို၊ ဆီးချို အတွက် အင်ဆူလင်ဟာ ထိုးဆေးသာရှိ ပြီး သောက်ဆေးမရှိတာ ဘာကြောင့်ပါ လဲဆရာ။
ဟုတ်ပါတယ်၊ အင်ဆူလင်ဟာ ဒီနေ့ အထိ ထိုးဆေးအနေနဲ့သာရှိပြီး သောက် ဆေးမထုတ်နိုင်သေးပါဘူး။ ဒါကတော့ အင်ဆူလင်ရဲ့တည်ဆောက်ပုံ သဘာဝ ကြောင့်ပါ။ အင်ဆူလင်ဟာ ပရိုတင်း တစ်မျိုးလို့ပြောနိုင်ပါတယ်။ အမိုင်နို အက်စစ်(Amino acid)တွေ ချိတ်တွဲပြီး တည်ဆောက်ထားတာပါ။ အင်ဆူလင်ကို သောက်ဆေးအဖြစ် သုံးစွဲရင် အာနိသင် ရနိုင်မှာမဟုတ်ပါဘူး။ ပရိုတင်းဖြစ်တဲ့ အင် ဆူလင်ကို အစာအိမ်နဲ့အူလမ်းကြောင်းက ချေဖျက်ပစ်လိုက်ကြမှာပါ။ ဒါကြောင့် အင်ဆူလင်ကို သောက်ဆေးအဖြစ် သုံး မရဘဲ ထိုးဆေးအဖြစ်သာ သုံးနေရဆဲပါ။ သုတေသနပညာရှင်များကတော့ အင်ဆူ လင်ကို နှာခေါင်းတွင်းဖျန်းဆေး(Nasal Spray)အဖြစ် ထုတ်လုပ်ဖို့ ကြိုးပမ်းနေကြ ပါတယ်။ အစာလမ်းကြောင်းက ချေဖျက် မှုကို ကာကွယ်ပေးနိုင်အောင် ဆောင်ရွက် နိုင်ရန်လည်း အင်ဆူလင်သောက်ဆေးဆို တာ ပေါ်ပေါက်လာမှာပါ။
ဟုတ်ကဲ့ပါ ဆရာ။ အစား အသောက်ဆင်ခြင်ရုံနဲ့ သွေးချို၊ ဆီးချို ရောဂါကို ထိန်းချုပ်ကုသနိုင်တယ်လို့ ဆရာပြောခဲ့ပါတယ်။ ဘယ်လိုစား သောက်ရမလဲဆိုတာလမ်းညွှန်ပေးပါဦး။
အသေးစိတ် ပြောဖို့တော့ ခက်ပါ လိမ့်မယ်။ သွေးချို၊ ဆီးချိုကာကွယ်ဖို့ အဓိကက သကြားဓာတ်ပါတဲ့အစားအစာ တွေ ရှောင်ရပါမယ်။ လွယ်လွယ်ပြောရ ရင် အချိုတွေ အရမ်းမစားသင့်ပါဘူး။
စွမ်းအင်လိုအပ်ချက် လုံလောက် အောင်စားသုံးဖို့တော့ အရေးကြီးပါတယ်။ လူတစ်ယောက် စွမ်းအင်ဘယ်လောက်လို သလဲဆိုတာက အသက်၊ ကျား၊ မ၊ ကိုယ် ခန္ဓာအလေးချိန်၊ နေထိုင်သွားလာလှုပ်ရှား မှုပုံစံ၊ အလုပ်အကိုင် စတဲ့အချက်တွေ ထည့်သွင်းစဉ်းစားပြီးမှ အတိအကျပြောနိုင် မှာပါ။ အကြမ်းပြောရရင် မိမိအတွက်လို အပ်တဲ့စွမ်းအင် လုံလုံလောက်လောက်ရဖို့ လိုအပ်ပါတယ်။ အဆီအဆိမ့်ကို အလွန် အကျွံ မစားသုံးမိအောင်လည်း ဂရုစိုက် ဆင်ခြင်ရပါမယ်။ အကောင်းဆုံးက မိမိမှာ သွေးချို၊ ဆီးချိုရောဂါရှိရင် ဘာစားသင့် သလဲဆိုတာ အာဟာရ ကျွမ်းကျင်ပညာ ရှင်များနဲ့ဆွေးနွေးတိုင်ပင်ပြီး အကြံပြုချက် ရယူသင့်ပါတယ်။ ထူးထူးခြားခြားလေး ပြောချင်တာတစ်ခုတော့ရှိပါတယ်။ အစား အစာ စားသုံးရာမှာ အမျှင်ဓာတ်(Fibre) ကြွယ်ဝတဲ့အစားအစာတွေ ပိုမိုစားသုံးသင့် တယ်။ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေ အထူးသဖြင့် သကြားဓာတ်နည်းတဲ့ အသီး အနှံ၊ ဟင်းသီးဟင်းရွက်တွေ ပိုပြီးစားဖို့လို အပ်ပါတယ်။ အစားအသောက်နဲ့ပတ် သက်ရင် ဂရုစိုက်စရာတချို့ ရှိသေးတယ်။ ဆားလျှော့စားသင့်တယ်။ နောက်ပြီး အရက်အလွန်အကျွံ မသောက်သင့်ဘူး။ ဒါတွေလည်း အရေးကြီးပါတယ်။ အချို ကြိုက်ရင် သွေးချို၊ ဆီးချိုသမားများ အတွက် အချိုဓာတ်ဖြစ်စေတဲ့ Sweeteners တွေ သုံးနိုင်ပါတယ်ဗျာ။
အင်ဆူလင် ဟော်မုန်းအကြောင်း လည်း သိပါရစေဦး။
အင်ဆူလင်က ခန္ဓာကိုယ်မှာ ပန်ကရိ ယ(Pancreas)ဂလင်းက ထွက်တယ်။ သဘာဝက ပရိုတင်း။ အင်ဆူလင်က သွေးထဲမှာရှိတဲ့သကြားဓာတ်၊ ဂလူကို့စ်ကို ကလာပ်စည်းထဲ ဝင်ရောက်စေတယ်။ ဇီဝ ဓာတုဖြစ်စဉ်မှာ ဂလူးကို့စ်ကို အသုံးပြု အောင် အားပေးတယ်။ ဒါကြောင့် အင်ဆူ လင်က သွေးမှသကြားဓာတ်ကျအောင် ဆောင်ရွက်ပေးနိုင်တာ။ အင်ဆူလင်ဓာတ် ချို့တဲ့ရင် သွေးမှာ သကြားဓာတ်များလာ ပြီး သွေးချို၊ ဆီးချိုရောဂါဖြစ်လာတာပေါ့ ဗျာ။ ဒါကြောင့်လည်း သွေးချို၊ ဆီးချို ရောဂါမှာ အင်ဆူလင်ကို ထိုးဆေးအဖြစ် အသုံးပြုကြရတာပါ။ အမျိုးအစား၁ သွေး ချို၊ ဆီးချို(Type I, Juvenile Type, IDDM) မှာက ခန္ဓာကိုယ်က အင်ဆူလင် လုံလောက်အောင် မထုတ်နိုင်ဘူး။ဒီတော့ အင်ဆူလင်ကို ပြင်ပနေ ဆေးအဖြစ် ထိုး သွင်းပေးရတယ်။
ဆေးဘယ်လိုမှီဝဲသင့်တယ်ဆိုတာ ကတော့ ဆေးပညာရှင်ဆရာဝန်တွေရဲ့ လမ်းညွှန်မှာကြားချက်အတိုင်း မှီဝဲသုံးစွဲရ မှာဖြစ်ပါတယ်။ အခုပြောခဲ့တာက ဆေးနဲ့ ပတ်သက်ပြီး ဗဟုသုတရရုံလေးပါ။ သွေး ချို၊ ဆီးချိုဆေးဝါးများကိုတော့ ဆရာဝန်ရဲ့ ညွှန်ကြားချက်ရှိမှသာ သုံးစွဲကြရမှာပါ။ ညွှန်ကြားမှုကိုလည်း အတိအကျလိုက်နာ ဖို့ လိုအပ်ပါတယ်။

No comments: