Monday, November 26, 2007

Daily Joke (14)

သားစဉ် မြေးဆက်တိုင်ရော

အထည်ဆိုင်ကြီး တစ်ဆိုင်ရှေ့မှာ သူတို့ဆိုင်က အ၀တ်အထည်တွေ ဘယ်လောက်တာရှည် အသုံးခံတဲ့ အကြောင်းကြော်ငြာ ဆိုင်းဘုတ်တစ်ခု စိုက်ထူထားပါတယ်။ အဲဒီ ဆိုင်းဘုတ်ကြီးမှာ “အဘိုးဝယ်ထားလျှင် မြေးအထိ ၀တ်နိုင်သည်” ဆိုပြီး ရေးထားတာပါ။

ဒီလိုနဲ့ ဒီကြော်ငြာကို တွေ့သွားတဲ့ အဘိုးကြီး တစ်ယောက်က အထည်ဆိုင်ကြီးဆီ ရောက်လာပြီး ရှပ်အင်္ကျီ တစ်ထည်ဝယ်သွားတာပေါ့။ ဒါပေမယ့် ရက်ပေါင်း နည်းနည်းကြာတော့ ရှပ်အင်္ကျီ ၀ယ်သွားတဲ့ အဘိုးကြီး အဲဒီဆိုင်ထဲ ပြန်လာပြီး ဆိုင်ရှင်ကို စိတ်ဆိုးမာန်ဆိုးနဲ့ အပြစ်တင်စကား ဆိုတော့တာပါပဲ။

“ဘယ်လိုလဲကွ၊ မင်းတို့ ရှပ်အင်္ကျီက တစ်ရေပဲ လျှော်ရသေးတယ်။ ကျုံ့ပြီးငယ်သွားလို့၊ ခုဆို ငါဝတ်လို့ကို မရတော့ဘူး။ မင်းတို့ ကြော်ငြာထားတာနဲ့ တခြားစီပဲ။ ကြော်ငြာ အလိမ်ကြီးပါလားကွ။”

“ မလိမ်ပါဘူး ခင်ဗျ၊ ဒီလိုလေ ဒီရှပ်အင်္ကျီကို တစ်ရေလျှော်လိုက်လို့ ကျုံ့ဝင်ပြီး ငယ်သွားတဲ့ အခါ လူကြီးမင်းရဲ့ သားကို ပေးလိုက်ပေါ့။ အဲ…….လူကြီးမင်းရဲ့သားကလည်း တစ်ခါ ၀တ်ပြီးလို့ တစ်ရေလျှော် လိုက်တာနဲ့ ကျုံ့သွားတဲ့ အခါကျရင် လူကြီးမင်းရဲ့ မြေးဝတ်ရပြီပေါ့။”



အိပ်မက်တွေ အရောင်းထိုင်းနေသည်

ဒီနေ့ ရောင်းအား သိန်း ၄၀၀ ကျော်သွားပြီး၊ သိန်းသုံးဆယ်ကျော်ရင် သူဌေးက အမြဲ ဘောက်ဆူး ပေးမယ်လိုပြောတယ်။ အရောင်းစာရေးတွေက သိန်းသုံးဆယ်ဆိုရင် တစ်ယောက် ၅၀၀ ကျပ်ရတယ်။ အခု သိန်းလေးဆယ်ကျော် ဆိုတော့ ၇၀၀ လောက် ရမယ်။ ထမင်းဖိုးက ငါးရာ၊ လမ်းစရိတ်က ၃၀၀ နဲ့ဆိုရင် ဒီနေ့ ၁၅၀၀ လောက်ရတယ်။ တစ်ပတ်ကို ဘောက်ဆူးနှစ်ရက်လောက်တော့ ရတတ်တယ်။ အင်း … လကုန်ရင်တော့ သူကြိုက်တဲ့ သီတာအေး ဝတ်ထားတဲ့ ဖိနပ်မျိုးဝယ်နိုင်မှာ၊ ပိုက်ဆံစု ထားတာ ၆၀၀၀ ဒီနေ့ ရမှာနဲ့ဆို ခုနှဏ်ထောင့်ငါးရာ ညနေကျရင် အပြန် မုန့်ဟင်းခါးတစ်ပွဲလောက်တော့ ဝယ်စားဦးမှ၊ မနက်က ထမင်းချိုင့်နောက်ကျနေလို့ မထည့်ခဲ့၊ နေ့လည်ကလည်း ရုံးမှာ ကော်ဖီနဲ့ မုန့်ပဲ စားထားတာ အပြန်မုန့်ဟင်းခါးလေးဝယ်စားမှ နေသာထိုင်သာရှိမယ့်ပုံပဲ၊ တစ်ခါတစ်လေ လိုင်းကားတိုးစီးရင် အဲဒီထမင်းချိုင့်ကြီးက တစ်ဒုက္ခ၊ ထမင်းချိုင့်မဆွဲရတဲ့ အလုပ်တစ်ခုခုရရင်တော့ ပြောင်းလုပ်ချင်တယ်။ စတီးချိုင့်ဆွဲမှပဲ လိုင်းကားနဲ့အဆင်ပြေတယ်။ ကော်ဆွဲခြင်း လှလှလေးနဲ့ ထမင်းဘူးလှလှလေးတွေ ဆိုရင်တော့ ကိုင်ချင်ပါသေးတယ်။ ဒါပေမယ့် ဘ၀ပေးက လိုင်းကားပဲစီးနေရတော့ ထမင်းချိုင့်ကြီး တကားကားနဲ့ ရုံးက ထမင်းချိုင့်စရိတ်မပေးဘဲ ထမင်းကျွေးရင်ကောင်းမှာပဲလို့ တွေးမိတယ်။ မုန့်ဟင်းခါး အကြော်နဲ့ဆို ၃၅၀၊ လမ်းစရိတ်နဲ့ဆိုရင် သူ့လက်ထဲမှာ ခုနှစ်ထောင်လောက်တော့ ကျန်သေးတယ်။

“ ဟယ် ဖိနပ်လေးက လှလိုက်တာ၊ သီတာအေး…….. နင်ဖိနပ် ဘယ်လောက်ပေးရလဲ”

“သောင်းသုံးထောင်ဟဲ့၊ ငါ့ရည်းစား ၀ယ်ပေးတာလေ။ အင်း….လှတော့လှတယ်၊ ငါ အဲဒါမျိုး သိပ်မ၀တ်ဘူး”

သီတာအေး ကောင်လေးက ပြေလည်ပုံရတယ်။ အ၀တ်အစားဆိုလည်း တောက်တောက်ပြောင်ပြောင်၊ ဘာတံဆိပ်တွေမှန်းတော့မသိဘူး။ ဈေးကြီးတယ်လို့ထင်တာပဲ။ တစ်ခါတစ်လေ ဟမ်းဖုန်းဘာတွေ ပါလာတတ်တယ်။ သီတာအေးတင် ရည်းစားရှိတာမဟုတ်ပါဘူး။ သူ့ကို ကြိုက်နေတဲ့ကောင်လေးလည်း ရှိတာပဲ။ သူကတောင် သီတာအေးထက် ပိုလှတယ်လို့ သူဟာသူတွေးမိတယ်။ သီတာအေးက မျက်နှာလေးချိုပြီး အသားဖြူတာ တစ်ခုပဲ။ သူကမှ မိန်းကလေး ပီပီသသနဲ့ ကိုယ်လုံးကိုယ်ပေါက်ရှိသေးတယ်။ သူ့ကောင်လေးက အ၀တ်အစား သပ်သပ်ရပ်ရပ်နဲ့ ရည်မွန်ပြီး သဘောကောင်းပုံရတယ်။ သူမက မှန်ခန်းနဲ့ ကော်ဖီဆိုင်တွေ ထိုင်ချင်တယ်။ သူက အဲဒါကို သက်သက်ဖြုန်းတီးတာပဲလို့ မြင်နေတယ်။ တစ်ခါတစ်လေ ထိုင်ဖူးပေမယ့် အများအားဖြင့်တော့ လမ်ဘေးက ကဖီးတွေ၊ မုန့်ဟင်းခါးဆိုင်တွေပဲ ထိုင်ဖြစ်တယ်။

ကောင်လေးက လာကြိုရင် သူလမ်းစရိတ် သက်သာမှာတော့အမှန်ပဲ။ နင်နဲ့ငါ သမီးရည်းစားမှ မဟုတ်တာ ခဏခဏလာမကြိုနဲ့လို့ ပြောလိုက်တယ်။ တစ်ခါတစ်ခါတော့ နှုတ်ခမ်းပဲ့ချင်း မီးမမှုတ်ချင်ပါ။ အလုပ်ကအပြန် ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်ရင်း ဟိုလျှောက်ဒီလျှောက်ကြည့်နေမိတယ်။ ‘မိန်းမစီးဖိနပ်တွေ၊ ဒေါက်ဖိနပ်တွေ တစ်ရံ ၁၅၀၀’ ၊ အသံကြားတဲ့ဆီလှမ်းကြည့်မိတော့ လမ်းဘေးမှာ ဖိနပ်တွေ ပုံရောင်းနေတဲ့ဆီမှာ အမျိုးသမီး တော်တော်များများ ရွေးနေကြတယ်။ ဖိနပ်တွေအများကြီးပဲ၊ ဒီဇိုင်းလည်းစုံ၊ အရောင်လည်းစုံနဲ့။ သူရွေးရင်းနဲ့ ဟိုဟာဒီဟာ လိုချင်နဲ့ သီတာအေး ၀တ်ထားတဲ့ ဖိနပ်ထက်တောင် ပိုလှသေးတယ်။ ဖိနပ်သဲကြိုးမှာ ပုလဲသီးလေးတွေ စီထားတဲ့ ဖိနပ်တစ်ရံ သူယူလိုက်တယ်။

“ဦးလေး…..ဒီမှာ ပိုက်ဆံ”

ဖိနပ်လေးကို ကားပေါ်လည်းထုတ်ကြည့်၊ အိမ်ပြန်ရောက်တော့လည်းကြည့်နဲ့၊ ကိုးရီးယား ဇာတ်ကားထဲမှာ မင်းသမီးတစ်ယောက်ဝတ်ထားတဲ့ ဖိနပ်မျိုး၊ အင်း…..ငါဒီဖိနပ်နဲ့ ဆိုရင် အရင်ကထက် ပိုပြီးလှသွားမယ်။

နောက်တစ်နေ့………..

သူထမင်းချိုင့်မယူတော့ဘူး၊ သူငယ်ချင်းတွေက သူနဲ့ လိုက်တယ်ဆိုတဲ့ လက်ကိုင်အိတ်လေးနဲ့ သူအလုပ်ကို စောစောထွက်လာမိတယ်။

“ဟယ် ဖိနပ်လေးက လှလိုက်တာ”

“ငါ့ရည်းစား မွေးနေ့လက်ဆောင် ၀ယ်ပေးတာ။ ဒီဇိုင်းသစ်ဆိုတော့ သောင်းခြောက်ထောင်တောင် ပေးရတယ်”

သီတာအေးကို သူအဲဒီလို ပြောလိုက်လိုက်တယ်။ အရင်က လျှောက်နေကျ လမ်းတွေပဲ၊ ဒီနေ့မှ လမ်းလျှောက်ရတာ အရသာတွေ့နေတယ်။

ရေငုပ်သင်္ဘောတွေကို ဘယ်တုန်းက အသုံးပြုခဲ့သလဲ

ရေအောက်နှင့် လေထုထဲတွင် ခရီးသွားနိုင်ရန်အတွက် ဆန်းသစ်သောတီထွင်မှုများကို စွမ်းရည်ပြောင်
မြောက်သော တီထွင်သူများက တီထွင်ခဲ့ကြသည် ပထမဦးဆုံးရေငုပ်သင်္ဘောနှင့် မိုးပျံပူဖောင်းတီထွင်သူများ
သည် ၎င်းတို့တီထွင်ထားသည့်အရာများအများလက်ခံလာရေးအတွက်တောင်းပန်စည်းရုံးကာစမ်းသပ်စီးနင်း
စေရသည်။ အောင်မြင်စွာတီထွင်ထားသော ပထမဆုံးရေငုပ်သင်္ဘောကို ၁၇၇၆ ခုနှစ် အမေရိကန် လွတ်လပ်
ရေးစစ်ပွဲအတွင်း ရေချနိုင်ခဲ့သည်။ ၎င်းသည် ကြက်ဥပုံ သဏ္ဍာန်ရှိပြီး သစ်သားဖြင့် တည်ဆောက်ထားသည့်
ရေငုပ်သင်္ဘောဖြစ်သည်။ အမေရိကန်အင်ဂျင်နီယာဒေးဗစ်ဘွတ်ရှ်နဲလ်က ဗြိတိသျှ စစ်သင်္ဘောများကို တိုက်
ခိုက်ရန် အတွက်တီထွင်ခဲ့သော်လည်း အောင်မြင်အောင်မစွမ်းဆောင်နိုင်ခဲ့ပေ။ အဆိုပါ ရေငုပ်သင်္ဘော ၏အ
မည်မှာ The turtle ဖြစ်ပြီး ယနေ့ခေတ်ပေါ် ရေငုပ်သင်္ဘောများ၏ ရှေ့ပြေးတီထွင်မှု တစ်ရပ်ဖြစ်သည် ဟု 7
Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။


တစ်ပတ်အတွင်း ရုပ်သေးရုပ် ရောင်းရငွေ ကျပ်သန်း၂၀ကျော်

မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်သည့် မြ၀တီမြို့မှတစ်ဆင့် ပြည်ပသို့မြန်မာ့ရုပ်သေးရုပ်အများအပြား
တင်ပို့ရောင်းချလျက်ရှိရာ တစ်ပတ်အတွင်းကျပ်ငွေသန်း၂၀ ကျော်တန်ဖိုးရှိ ရုပ်သေးရုပ်များ တင်ပို့
ရောင်းချနိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနယ်စပ်ကုန်သွယ်ရေးဦးစီး
ဌာနမှ နိုဝင်ဘာလ ပထမအတွင်းက သတင်းရရှိသည်။ ယင်းပမာဏမှာ အောက်တိုဘာလ နောက်
ဆုံးပတ်တစ်ပတ်ကာလအတွင်းရောင်းချသော တန်ဖိုးများသာဖြစ်ပြီးယခင်ကာလများကလည်းငွေ
ကျပ်သန်းဆယ်ဂဏန်းအထက် ရုပ်သေးရုပ်တင်ပို့ရောင်းချသူများရှိခဲ့ကြောင်းအဆိုပါဌာနမှတာဝန်
ရှိသူတစ်ဦးကဆိုသည်။ ယင်းရုပ်သေးရုပ်များမှာ ပုံသဏ္ဍာန်မျိုးစုံရှိပြီး မန္တလေးတိုင်းမှ အဓိကထုတ်
လုပ်ထားသော ရွှေချည်ထိုးငွေချည်ထိုးရုပ်သေးရုပ်များသာဖြစ်ကြောင်း ရုပ်သေး ကုန်သည်တစ်ဦး
ကဆိုသည်။မြန်မာ့ရုပ်သေးရုပ်များမှာ ထိုင်းနိုင်ငံမှတစ်ဆင့် နိုင်ငံတကာသို့ ပျံ့နှံ့ရောက်ရှိသွားခြင်း
ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း ကမ္ဘာလှည့် ခရီးသည်အ၀င်အထွက်များပြားသည့် ဘန်ကောက်၊ ဖူးခက်၊
ချင်းမိုင်စသည့်ဒေသများတွင် မြန်မာ့ရုပ်သေးများချိတ်ဆွဲပြသရောင်းချလျက်ရှိကာ အများအားဖြင့်
အမေရိကန်ဒေါ်လာဖြင့်တန်ဖိုးသတ်မှတ်ထားကြကြောင်းထိုင်းဧည့်လမ်းညွှန်တစ်ဦးကဆိုသည်ဟု
၂၀၀၇ခုနှစ် နိုဝင်ဘာ(၂၆)ရက်နေ့ထုတ် The Voice ဂျာနယ်တွင်ဖော်ပြထားပါသည်။


ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း န၀က်ရှရစ်၏ ပြည်တော်ပြန်ခရီး





၁၉၉၉ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးမူရှာရက်ဖ်က ၀န်ကြီးချုပ်၏ အာဏာကို သိမ်းယူ၍ ပြည်နှင်ဒဏ်
အပေးခံရသော မစ္စတာ န၀က်ရှရစ်သည် ဆော်ဒီအာရေးဗျနိုင်ငံတွင်ရှောင်တိမ်းနေထိုင်ခဲ့ရသည်။
လွန်ခဲ့သော ၁၁ ပတ်ခန့်က နေရင်း တိုင်းပြည်သို့ ပြန်လာခဲ့ရာတွင် နောက်တစ်ကြိမ် ပြန်လည် နှင်
ထုတ်ခြင်းခံရပြန်သည်။ ယခုအခါ ဆော်ဒီဘုရင် အက်ဖ်ဒူလာ၏အကူအညီဖြင့်ပြန်လည်ဝင်ရောက်
ခဲ့ရာ ၎င်း အားထောက်ခံသူထောင်ပေါင်းများစွာတို့ကကြွေးကြော်သံများသီဆို၍နှင်းဆီပွင့်ဖက်များ
ကျဲချကာ သူရဲကောင်းအလား တခဲနက်ကြိုဆိုကြသည်။ ရှရစ်ပြန်ရောက်လာခြင်းဖြင့်မူရှာရက်စ်အ
တွက်ရော ဘူတိုအတွက်ပါ စိန်ခေါ်မှုအသစ်ဖြစ်၍ပါကစ္စတန်နိုင်ငံ၏နိုင်ငံရေးရှုတ်ထွေးမှုကိုအဆင့်
သစ်တစ်ခုသို့ ရောက်ရှိစေ ခဲ့သည်။ ရှရစ်သည် ဘာသာရေးတွင် ရှေးရိုးစွဲအယူရှိ၍ အနောက်နိုင်ငံ
များအပေါ်တွင် ကျန်ပုဂ္ဂိုလ်နှစ်ဦးလောက်ပွင့်ပွင့်လင်းလင်းရင်းနှီးမှုမရှိပေ။ ပါကစ္စတန်ရွေးကောက်
ပွဲများကို လာမည့် ဇန်န၀ါရီလ ၈ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည်။ သမ္မတ မူရှာရက်၏ စစ်
အုပ်ချုပ်ရေးကာလတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများအောင်မြင်စွာကျင်းပနိုင်
ရန် ဖြစ်နိုင်ချေမရှိဟု အတိုက်အခံပါတီများက ပြောဆိုကြသည်။ (လော့စ်အင်ဂျလီစ်တိုင်းမ်)


အန္တာတိက ရေပြင်တွင် အပျော်စီးသဘောင်္ နစ်မြုပ်


လိုင်ဘေးရီးယားနိုင်ငံတွင် မှတ်ပုံတင်ထားသော Explorer အပျော်စီးသဘောင်္တစ်စင်းသည်
ရေခဲတမျှ အေးစက်သော အန္တာတိကရေပြင်တွင် ရေခဲတုံးတစ်တုံးနှင့် မတော်တဆ တိုက်မိသဖြင့်
သောကြာနေ့က နစ်မြုပ်မှုဖြစ်ပွားခဲ့သည်။ သဘောင်္ပေါ်တွင် ပါဝင်သည့် ခရီးသည်များနှင့် သဘောင်္
အမှုထမ်းအားလုံး အသက်ကယ် သဘောင်္များပေါ်သို့ ဘေးအန္တရာယ်ကင်းစွာ တက်ရောက်နိုင်ခဲ့ပြီး
နာရီပေါင်းများစွာအကြာတွင် နော်ဝေးနိုင်ငံပိုင်အပျော်စီးသဘောင်္တစ်စင်းကကယ်တင်နိုင်ခဲ့သည်။
သဘောင်္ပေါ်တွင် လိုက်ပါခဲ့သည့် ခရီးသည် ၁၄၄ ဦးသည် ချီလီနိုင်ငံ စန်တီယေးဂိုးလေတပ်စခန်း
သို့ တနင်္ဂနွေနေ့က ချောချောမောမော ရောက်ရှိခဲ့သည်ဟု သိရသည်။ နစ်မြုပ်မှု ဖြစ်ပွား ခဲ့သည့်
Explorer အပျော်စီးသဘောင်္သည် နိုဝင်ဘာလ ၁၁ ရက်နေ့ကအာဂျင်တီးနားနိုင်ငံ Ushuaia ဆိပ်
ကမ်းမှထွက်ခွာခဲ့ခြင်းဖြစ်ပြီး သဘောင်္ပေါ်တွင်ဥရောပနိုင်ငံသားများ၊သြစတြေးလျ၊ဟောင်ကောင်၊
ဂျပန်၊ ဆွစ်ဇာလန်နှင့် အမေရိကန်နိုင်ငံမှ ခရီးသည်များလိုက်ပါခဲ့ကြသည်။ (အေအက်ဖ်ပီ)

Sunday, November 25, 2007

Daily Joke (13)

Anagrams

George Bush--- rearrange the letters---He bugs Gore.

Dormitory--- rearrange the letters--- Dirty Room.

Evangelist--- rearrange the letters--- Evil’s Agent.

Desperation--- rearrange the letters--- A Rope Ends It.

The Morse Code--- rearrange the letters--- Here Come Dots.

Slot Machines--- rearrange the letters--- Cash Lost In ‘Em.

Animosity--- rearrange the letters--- Is No Amity.

Mother-in-law--- rearrange the letters--- Woman Hitler.

Snooze Alarms--- rearrange the letters--- Alas! No More Z’s.

A Decimal Point--- rearrange the letters--- I’m A Dot In Place

Eleven plus two--- rearrange the letters--- Twelve plus one.

And for the grand finale:

President Clinton of the USA--- can be arranged into--- To Copulate he finds interms.


နီပေါကျေးလက်ဒေသများတွင် ရေမသန့်ရှင်းမှုကြောင့် ကလေး ၁၃၀၀၀ ခန့် နှစ်စဉ်သေဆုံး

နီပေါနိုင်ငံတွင် နှစ်စဉ်ကလေးငယ် ၁၃၀၀၀ သည် ရေညစ်ညမ်းမှုနှင့် မသန့်ရှင်းမှုကြောင့် သေဆုံးလျက်ရှိကြောင်း၊ ရေအိမ်အသုံးပြုမှုနှင့် ကျန်းမာစွာနေထိုင်မှုသည် အထူးသဖြင့် ကျေးလက်ဒေသများအတွက် ပြသာနာများဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရှိရသည်။ ကျန်းမာရေးနှင့်ညီညွှတ်သည့် ရေအိမ်များအသုံးပြုနိုင်ရေးနှင့် ပက်သက်၍ ပြည်သူများအသိအမြင် တိုးပွားစေရန် ရည်ရွယ်၍ ကမ္ဘာ့ရေအိမ်များနေ့ အခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်း ခတ္တမန္တူ သတင်းစာတွင် ရေးသားသည်။ နီပေါနိုင်ငံတွင် ဖြစ်ပွားသည့်ရောဂါများ၏ ၈၀ ရာခိုင်နှုန်းသည် သန့်ရှင်းသည့် သောက်သုံးရေမရမှုကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး အဆုတ်ရောင်ရောဂါပြီးလျှင် ဒုတိယမြောက် အသေအပျောက် အမျာဆုံးရောဂါဖြစ်ကြောင်း နီပေါအစိုးရက ပြောကြားသည်။ ( အမ်အင်အေ၊ ဆင်ဟွာ)

ဘဂ္ဂဒက်မြို့လယ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား၍ အမေရိကန်နှစ်ဦးနှင့် နိုင်ငံခြားသား ၄၃ ဦးကို ထိန်းသိမ်း

အီရန်နိုင်ငံ ဘဂ္ဂဒက်မြို့လယ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခြင်းကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့မှုနှင့် ပက်သက်၍ လုံခြုံရေးတပ်ဖွဲ့က အမေရိကန်နှစ်ဦးနှင့် နိုင်ငံခြားသား ၃၁ အပါအ၀င် ၄၃ ဦးကို ထိန်းသိမ်းခဲ့ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့တွင် ပြောကြားသည်။ နိုင်ငံခြားသား အလုပ်သမားများ၏ ယာဉ်တန်းကို ပုဂ္ဂလိက လုံခြုံရေးကုမဏီ လုံခြုံရေးဝန်းထမ်းများက အစောင့်အကြပ်အဖြစ် လိုက်ပါပေးခဲ့ပြီး ဘဂ္ဂဒက်မြို့ ကာရာဒါ ရပ်ကွက်ကို ဖြတ်ကျော်ကာ လေဆိပ်သို့ သွားရောက်စဉ် ပစ်ခတ်မှု ဖြစ်ပွားခဲ့သဖြင့် အမျိုးတစ်ဦး ဒဏ်ရာရရှိခြင်းဖြစ်သည်။ ကားလေးစီးပါ ယာဉ်တန်းနှင့်အတူ သိရီလင်္ကာ ၂၃၊ နီပေါ ကိုးဦးနှင့် အိန္ဒိယအလုပ်သမားတစ်ဦး လိုက်ပါလာခဲ့သည်။ လုံခြုံရေးအစောင့်အဖြစ် အီရတ် ၁၀ ဦးနှင့် အမေရိကန်နှစ်ဦး လိုက်ပါခဲ့သည်။ စက်တင်ဘာလက အမေရိကန် ဘလက်ဝါးတားကုမ်ပဏီ လုံခြုံရေးအစောင့်များ ပစ်ခတ်မှုကြောင့် အီရတ် ၁၇ ဦးသေဆုံးရပြီးနောက် ပုဂ္ဂလိက လုံခြုံရေးကုမ်ပဏီ လုံခြုံရေးအစောင့်များ၏ ပစ်ခတ်မှုဖြစ်ရပ် ပေါ်ပေါက်လာခြင်းဖြစ်သည်။ အမ်အင်အေ၊ ရိုက်တာ







Friday, November 23, 2007

Daily Joke (12)

Really good deed

This guy arrives at the Pearly Gates. He has to wait to be admitted, while St. Pete leafs through his Big Book.

He's checking to see if the guy is worthy of entry or not. Saint Peter goes through the books several times, furrows his brow, and says to the guy, "You know, I can't see that you did lots of good in your life but, you never did anything bad either.

Tell you what, if you can tell me of one REALLY good deed that you did in your life, you're in."

The guy thinks for a moment and says, "Well, there was this one time when I was drivin' down the highway and I saw a Biker Gang assaulting this poor girl. I slowed down my car to see what was going on, and sure enough, that's what they were doing. There were about 50 of 'em torturing this chick.

Infuriated, I got out my car, grabbed a tire iron from my trunk and walked straight up to the leader of the gang. He was a huge guy with a studded leather jacket and a chain running from his nose to his ear. As I walked up to the leader, the Gang formed a circle all around me.

So I ripped the leader's chain off his face and smashed him over the head with the tire iron. Then I turned around and yelled to the rest of them, 'Leave this poor, innocent girl alone, you slime! You're all a bunch of sick, deranged animals! Go home before I teach you all a lesson in pain!"'

St. Peter, extremely impressed, says, "Really? Wow, when did all this happen?"

"Er.. about two minutes ago."





မူးယစ်ကြေးစားသေနတ်သမားများအလောင်းကိုလုယူ


လက်နက်များကိုင်ဆောင်ထားသော မူးယစ်ကြေးစားသေနတ်သမား ၂၀ မှ ရဟတ်ယာဉ်ပျက်ကျရာတွင် သေဆုံးသွားခဲ့သော ၄င်းတို့၏ မူးယစ် မှောင်ခိုဂိုဏ်းမှ လုပ်ဖော်ကိုင်ဖက်၏အလောင်းအား မက္ကစီကိုမြောက်ပိုင်းရှိ ရင်ခွဲရုံတစ်ရုံမှ လုယူသွားခဲ့ ကြောင့်ဖြင့် ရဲဘက် မှကြာသပတေး နေ့က ပြောကြားလိုက်သည်။ ကယ်လီဖိုးနီးယားပြည်နယ်စင်တီယာဂိုမြို့အနီး နယ်စပ်မှ ၆၅ မိုင်အကွာရှိ အင်စီနာဒါမြို့၏ ရင်ခွဲရုံမှ အလောင်း အား လုယူ ခဲ့ရာတွင် သေနတ်သမားများမှ ရဲနှစ်ဦးအား ပစ်သတ်ခဲ့ သည်ဟုသိရသည်။

နယ်စပ်မြို့တော် တီဂျူယာနာ၏ ရဲမှဤမကြုံစဖူးသော အဖြစ် အပျက် သည် မူးယစ်အဖွဲ့အစည်းများ မည်မျှလောက် နက်နက်ရှိုင်းရှိုင်း လက်ရဲ ဇက်ရဲလုပ်ဆောင်နေသည်ကို ပြသနေသည်ဟုပြောကြားသည်။ ရဲမှယင်းသေဆုံးသူ သည် အာရီလာနိုဖီလစ်ကာတယ်မူးယစ်ဂိုဏ်းမှ ဖြစ်သည်ဟုယူဆပြီး ၄င်း၏အဖွဲ့မှလူများသည် အလောင်းအား မည်သူမည်ဝါ ဟု အတည်မပြုနိုင်မှ ယူဆောင်သွားခြင်းဖြစ်သည်။

ရဲမှလွန်ခဲ့သော ရက်သတ္တပတ်စောစောပိုင်းက ရဟတ်ယာဉ်ပျက်ကျရာ တွင် သေဆုံးခဲ့ သူနှစ် ဦးအား မူးယစ်မှောင်ခိုဂိုဏ်းမှဟုယူဆခဲ့ရာ သေနတ် သမားများမှ နောက်တစ်ဦး၏ အလောင်းကိုကား လုယူရနိုင်ခဲ့ခြင်းမရှိဟုသိရသည်။ ရဟတ်ယာဉ် ပျက်ကျမှုမှာ သေဆုံးသူများသည် ရဟတ်ယာဉ်ပေါ်မှ သဲကန္တာရအတွင်း ကားပြိုင်ပွဲအား ကြည့်နေစဉ်လျှပ်စစ်ဓာတ်ကြိုးနှင့် တိုက်မိကာ ပျက်ကျခဲ့ခြင်းဖြစ်သည်။ ဤနှစ်အတွင်းတွင် ပြိုင်ဘက်မူးယစ် ဆေးဝါးဂိုဏ်းအချင်းချင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၂၃၅၀ ၀န်းကျင်ခန့်သေဆုံးခဲ့ပြီးဖြစ်ပြီး သမ္မတဖီလစ်ကာလ်ဒဲရွန်မှ လည်း မူးယစ်ကာလ်တဲဂိုဏ်းများအား ဖြိုခွင်းရန်အင်အား ၂၅၀၀၀အား အသုံးပြုလျက်ရှိသည်။


Rally Ireland ကားမောင်းပြိုင်ပွဲတွင် ဆီဘက်ရှန်လော့ဘ် အနိုင်ရဗိုလ်စွဲ


အိုင်ယာလန်နိုင်ငံတွင် ကျင်းပခဲ့သည့် Rally Ireland ခရီးကြမ်း ကားမောင်းပြိုင်ပွဲတွင် ပြင်သစ်နိုင်ငံသားဆီဘက်ရှန်
လော့ဘ်က အနိုင်ရ ဗိုလ်စွဲသွားခဲ့ကြောင်း သိရသည်။ လော့ဘ်သည် ၎င်းပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံ နေရာအတွက် အဓိက
ပြိုင်ဘက်ဖြစ်သူ မားကပ်စ်ဂရွန်ဟုန်း ကားတိုက်မှုဖြစ်ပွားခဲ့သဖြင့် ဖိအားမရှိဘဲဗိုလ်စွဲနိုင်ခဲ့ခြင်းဖြင့်သည်။သူသည်ပြိုင်ပွဲအ
တွင်း စံချိန်ကောင်းများရရှိကာ တောက်လျှောက် ဦးဆောင်နိုင်ခဲ့ပြီး (၃)နာရီ (၁) မိနစ် (၃၉.၂) စက္ကန့်ဖြင့်အနိုင်ရရှိသွားခဲ့
သည်။ သူ၏နောက်တွင် တစ်သင်းတည်းသားဖြစ်သူ ဒန်နီဆော်ဒိုက ဒုတိယနေရာမှ ပန်းဝင်ခဲ့သည်။
ပြိုင်ပွဲမတိုင်မီ ကမ္ဘာ့အဆင့် ရပ်တည်မှုတွင် ရှေ့ဆုံးမှ ဦးဆောင်နေခဲ့သည့် ဂရွန်ဟုမ်းသည်ပြိုင်ပွဲအတွင်းကားတိုက်
မှုဖြစ်ပွားကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသဖြင့် ရမှတ်လုံးဝ မရရှိခဲ့ပေ။ ထို့ကြောင့် အနိုင်ရဗိုလ်စွဲသူ လော့ဘ်ကရမှတ်ပေါင်း(၁၁၀)
ရရှိပြီး ကမ္ဘာ့ချန်ပီယံဇယားတွင်တစ်ကျော့ပြန်ဦးဆောင်နေလျက်ရှိသည်။ယခုနှစ်ရာသီ၏ Rally ကားမောင်းပြိုင်ပွဲများပြီး
ဆုံးရန် (၁) ပွဲသာ ကျန်ရှိနေချိန်တွင် လော့ဘ်က ရမှတ်အသာဖြင့်ဦးဆောင်နေနိုင်သဖြင့် (၄)နှစ်ဆက်ကမ္ဘာ့ချန်ပီယံဖြစ်
ခွင့်ရရန် နီးစပ်သော အနေအထားတွင်ရှိနေသည်။

FINA World Cup ရေကူးပြိုင်ပွဲတွင် နီရမ်းဒ် ကမ္ဘာ့စံချိန်သစ်များ တင်နိုင်ခဲ့
တနင်္ဂနွေနေ့က ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ကျင်းပပြီးစီးသွားခဲ့သည့် FINA World Cup ရေကူးပြိုင်ပွဲတွင် ဆွီဒင်နိုင်ငံ သား စတီဖင်နီစရမ်းဒ်က ကမ္ဘာ့စံချန်သစ်များတင်နိုင်ခဲ့ကြောင်းသိရသည်။ နီစရမ်းဒ်သည်ပြိုင်ပွဲ၏ မီတာ(၁၀၀)အလွတ်ကူး ပြိုင်ပွဲတွင် (၄၆.၂၅)စက္ကန့်ဖြင့် ဗိုလ်စွဲနိုင်ခဲ့ရာ ၎င်းစံချိန်သည် တောင်အာဖရိကနိုင်ငံသား စခိုးမန်းနှင့် အမေရိကန်ရေကူးသ မား အီယန်ခရော့ကာ တို့တင်ရှိထားသည့် ကမ္ဘာ့စံချိန်ကို ချိုးပြီး ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် သူသည် ဆက်လက် ယှဉ်ပြိုင်ခဲ့သည့် မီတာ (၅၀) အလွတ်ကူးပြိုင်ပွဲတွင်လည်း (၂၀.၉၃)စက္ကန့်ဖြင့် အနိုင်ရဗိုလ်စွဲပြီး ဒုတိယမြောက် ကမ္ဘာ့စံချိန်သစ်ထပ်မံတင်နိုင်ခဲ့သည်။


တောင်မြောက် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ရထားပြေးဆွဲရန် သဘောတူညီမှုရရှိ


တောင်နှင့် မြောက်ကိုရီးယားနိုင်ငံအကြား ကုန်တင်ရထားများနေ့စဉ်ပုံမှန်ပြေးဆွဲရန် ကြာသပတေးနေ့
က သဘောတူညီမှု ရရှိခဲ့ကြသည်။ တောင်ကိုရီးယားနိုင်ငံ Munsan နှင့်မြောက်ကိုရီးယားနိုင်ငံ Bangdong
မြို့အကြား နေ့စဉ် ကုန်တင်ရထားပြေးဆွဲမှုကို ဒီဇင်ဘာလ ၁၁ ရက်နေ့တွင်စတင်ပြုလုပ်မည်ဖြစ်သည်။ရာ
စုနှစ်တ၀က်ကျော်ကြာ ပိတ်ထားပြီးနောက် ကုန်တင်ရထားပြေးဆွဲမည့်အစီအစဉ်ကို ပထမဆုံး အကြိမ်ပြန်
လည်ပြုလုပ်ခြင်းဖြစ်သည်။ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ကုန်တင်ရထားပြေးဆွဲမှုတွင် ၂၀ ကီလိုမီတာ ရှည်
လျားသော မြောက်ကိုရီးယား ရထားလမ်းဘက်ပိုင်းကို လုံခြုံရေးအာမခံချက်များပေးရန် မြောက်ကိုရီးယား
စစ်တပ်က တွန့်ဆုတ်နေကြသည်။ (အေအက်ဖ်ပီ)



WTO သို့ တရုတ်ဝင်ရောက်ပြီးနောက် ဥရောပကုမ္ပဏီ အချို့နစ်နာမှုများရှိ



စစ်တမ်းထုတ်ပြန်ချက်တစ်ခုအရ တရုတ်က WTO အဖွဲ့ကြီးသို့ဝင်ရောက်ပြီးသည့်နောက်ပိုင်းတွင် တရုတ်
ပြည်တွင်းရှိ ဥရောပကုမ္ပဏီများသည် ဆုံးရှုံးနစ်နာမှုများခံစားနေရသည်ဟုသိရှိရသည်။ ဥရောပကုန်သည်
ကြီးများအသင်းမှပြုလုပ်သောစစ်တမ်းအရဖြေဆိုသူ ၃၄ရာခိုင်နှုန်းက WTO သို့တရုတ်ဝင်ရောက်ပြီးသည့်
နောက်ပိုင်းတွင် ၎င်းတို့၏စီးပွားရေးလုပ်ငန်းများအပေါ်မကောင်းကျိုးဖြစ်စေသည်ဟုဖြေကြားပြီး ၁၆ရာခိုင်
နှုန်းကကောင်းကျိုးဖြစ်စေသည်ဟုဖြေကြားသည်။တရုတ်နိုင်ငံတွင်းရှိနိုင်ငံခြားသားများကုမ္ပဏီကိုပေးထား
သည့်အခွန်ကင်းလွတ်ခွင့်များကိုရုပ်သိမ်းရန် တရုတ်အစိုးရ၏ ဆုံးဖြတ်ချက်သည်ဥရောပကုမ္ပဏီများကိုထိ
ခိုက်စေကြောင်း၊ ၂၀၀၇ခုနှစ်ကဆုံးဖြတ်သောအခွန်များပေါင်းစည်းသည့်အစီအစဉ်ကြောင့်နို်င်ငံခြားရင်းနှီး
မြှုပ်နှံမှုကုမ္ပဏီများနှင့် ဖက်စပ်ကုမ္ပဏီများသည် အမြတ်အပေါ်ဆောင်ရန်ရှိသည့်အခွန်မှာ ၁၇ ရာခိုင်နှုန်းမှ
၂၅ ရာခိုင်နှုန်းသို့တက်သွားသည်။တရုတ်၏အသိဥာဏ်ပညာဆိုင်ရာထုတ်ကုန်များ အခွင့်အရေး ကာကွယ်
မှုများလျော့ရဲခြင်းသည် အဓိကအတားအဆီးဖြစ်ပြီး စီးပွားရေးပတ်ဝန်းကျင် ရှင်းလင်းပြတ်သားမှုမရှိသည့်
အချက်ပြီးလျှင် ဒုတိယအတားအဆီးဖြစ်သည်ဟု ဖြေဆိုကြသည်။ဖြေဆိုသူ ၄၆ရာခိုင်နှုန်းက ပတ်ဝန်းကျင်
ကာကွယ်ထိန်းသိမ်းသည့် ဥပဒေများနှင့် ဓါတ်ငွေ့ထုတ်လုပ်မှုဆိုင်ရာ စံသတ်မှတ်ချက်များမှာ ကောင်းမွန်
ကြောင်း၊ ယခု လောလောဆယ်တွင် ထို ဥပဒေများမှာ အားနည်းနေသေး သော်လည်း အနာဂတ်တွင် ပိုမို
ကောင်းမွန်မှုများ ပေါ်ပေါက်လာမည်ဟုဖြေကြားကြသည်။(အေအက်ဖ်ပီ)


ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအချို့စာချုပ်များချုပ်ဆိုရာ၌ မမှန်မကန်ပြုလုပ်မှုများ ရှိနေ


23/Nov/2007
ပြည်ပနိုင်ငံများသို့ မြန်မာလုပ်သားများအလုပ်သွားရောက်လုပ်ကြရာတွင် မသွားမီ အေးဂျင့်များနှင့်အ
လုပ် စာချုပ်ချုပ်ဆိုရာ၌ အချို့အေးဂျင့်များဘက်မှ မမှန်မကန်ချုပ်ဆိုမှုများရှိသဖြင့် လုပ်ငန်းခွင်ဝင်ရောက်
သည့်အခါ မြန်မာ လုပ်သားများအတွက် နစ်နာမှုများအပြင် အခက်အခဲများနှင့်ပါ ကြုံတွေ့မှုများရှိကြောင်း
သိရသည်။ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများနှင့် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီ
ဝန်ဆောင်မှု၊ အေးဂျင့်များ သို့မဟုတ် စက်ရုံ ကိုယ်စားလှယ်အေးဂျင့်များနှင့်အခြေခံလစာ၊ အချိန်ပို၊အလုပ်
အမျိုးအစားစသည်တို့အတွက် နှစ်ဦးသဘောတူ စာချုပ်များချုပ်ဆိုရာတွင် အချို့အေးဂျင့်များဘက်မှ မမှန်
မကန် ချုပ်ဆိုမှုများရှိသောကြောင့် စာချုပ်တွင်ပါဝင်သည့် အလုပ်အမျိုးအစား၊ အခြေခံလစာ ခံစားခွင့် နှင့်
ပြည်ပရောက်၍ အလုပ်ခွင်တွင် စာချုပ်အတိုင်းမဟုတ်ဘဲ ကွဲလွဲနေမှုများကြုံတွေ့ခဲ့ရကြောင်း သွားရောက်
အလုပ်လုပ်ကိုင်ခဲ့သူ တစ်ဦးက 24/7News ဂျာနယ်သို့ ပြောကြားသည်။ ယခုအခါ မြန်မာနိုင်ငံရှိ ပြည်ပအ
လုပ်အကိုင် ရှာဖွေရေး ကိုယ်စားလှယ်အချို့သည် နိုင်ငံခြားသို့ အလုပ်သွားရောက် လုပ်ကိုင်မည့်သူများကို
လစာမည်မျှရမည်၊ ဘာစက်ရုံတွင် လုပ်ရမည် စသည်ဖြင့် ယုံကြည် စိတ်ဝင်စားလာစေရန် ပြောဆိုဆောင်
ရွက်လျက်ရှိရာ အမှန်တကယ် သွားရောက်အလုပ်လုပ်ရန်အတွက် စာချုပ်များချုပ်ဆိုသည့်အခါ အလုပ်အ
ကိုင်နေရာ၊အခွင့်အလမ်း၊ အခြေခံလစာ စသည်တို့အတွက်နှစ်ဖက်အေးဂျင့်များ၏ မှန်မှန်ကန်ကန် စာချုပ်
ချုပ်ဆိုမှုများရှိမှသာသွားသင့်ပြီး မိမိချုပ်ဆိုသော စာချုပ်များတွင်ရေးသားပါရှိသော အင်္ဂလိပ်နှင့် မြန်မာစာ
သို့မဟုတ် သဘောတူညီချက်များကို သေချာနားလည် သဘောပေါက်မှသာ သွားသင့်ကြောင်း လက်တွေ့
ကြုံခဲ့သောသူများက 24/7News ဂျာနယ်သို့ ရှင်းပြသည်။
















Thursday, November 22, 2007

UN chief to attend Middle East peace meeting in U.S.

U.N. Secretary General Ban Ki-moon waves as he leaves Itamaraty Palace in Brasilia, Nov. 12, 2007. Ban warned on Wednesday there was 'a real possibility of a confrontation' if Lebanon fails to elect a president by the end of this week. (File Photo: Xinhua/Reuters)

UNITED NATIONS, Nov. 21 (Xinhua) -- U.N. Secretary-General Ban Ki-moon will attend the U.S.-sponsored Middle East peace conference to be held in Annapolis next week, a U.N. spokesperson said Wednesday.

The U.N. chief made the announcement as he briefed the members of the U.N. General Assembly in an informal session Wednesday, spokesperson Michele Montas said.

The secretary-general expressed his hope that the meeting, at which he will be present as an observer, will provide the impetus for final status negotiations, Montas said.

He also intends to attend a meeting of the Middle East Quartet, which is to take place in Washington on Monday, she said.

The U.S. State Department announced Tuesday night that the Middle East peace conference will be held at Annapolis, Maryland, on Nov. 27.


Daily Joke (11)

Church Couple

A couple was sitting in church, the man was sleeping and his wife was knitting. The priest asked: “Who created the Earth and man?”

The woman poked the man with her knitting needle, and the man screamed, “God!”

The Priest looked at him and said, “That’s right.” Then he asked “who is God’s son?”

Once more the woman poked her husband with the needle; he woke up and screamed, “Jesus Christ!”

Again, the priest said, “Correct.”

Finally, the priest asked, “what did Eve say to Adam, when she didn’t want any more children?”

The knitter poked her husband again, but this time he got up and screamed: “Poke me with that thing one more time and I’m going to rip it off!”

Airbus လေယာဉ်တစ်စင်း စမ်းသပ်ပျံသန်းစဉ် မတော်တဆမှုဖြစ်


ဥရောပ၏လေယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီ Airbus သည် မောရစ်ရှနိုင်ငံသို့ ရောင်းချမည့်၎င်း၏
A 330 လေယာဉ်ပျံအား စမ်းသပ် ပျံသန်းစဉ် ရုတ်တရက် လေယာဉ်တွင်း ဖိအား လျော့ကျမှု ပေါ်
ပေါက်၍ စည်းမျဉ်းဥပဒေအရ လေယာဉ်မှူးက လေယာဉ်ကို အောက်ဖက်သို့ ထိုးစိုက်ဆင်းလိုက်ရ
သည်။ ဤသို့ဖြင့် လေယာဉ်ပေါ် ပါလာသူ ၁၀ ဦးအနက် အချို့သည် လဲပြိုလုနီးပါး ဖြစ်ခဲ့ကြသည်။
အချို့ခရီးသည်များသည် ကျောရိုးထိခိုက်ဒဏ်ရာများရရှိ၍ အချို့သည်နားအတွင်းပိုင်းထိခိုက်ပျက်
စီးမှု ရှိခဲ့သဖြင့် လူခြောက်ဦးအား ဆေးရုံ တင်ကုသထားရသည်ဟု သက်ဆိုင်ရာမှ ထုတ်ဖေါ် ပြော
ဆိုသည်။ ၎င်းလေယာဉ်သည် ပြင်သစ်နိုင်ငံတူရူးမြို့ဘလက်နက်လေဆိပ်တွင်ကောင်းမွန်စွာဆင်း
သက်နိုင်ကြောင်းသိရှိရသည်။ (အေအက်ဖ်ပီ)

အမေရိကန်ရေဒါစခန်း ဖွင့်လှစ်ရန် စီစဉ်ထားမှု ချက်သမ္မတနိုင်ငံတွင် လူပေါင်းများစွာ ဆန္ဒပြ

ချက်သမ္မတနိုင်ငံတွင် အမေရိကန်က ရေဒါစခန်းဖွင့်လှစ်ရန် စီစဉ်ထားမှုကို ကန့်ကွက်သည့်အနေဖြင့် မြို့တော်ပရပ်တွင် စနေနေ့က လူပေါင်းရာပေါင်းများစွာ ဆန္ဒပြခဲ့ကြကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

ချက်သမ္မတနိုင်ငံတွင် အမေရိကန်၏ ရေဒါစခန်းဖွင့်လှစ်ရန်သင့်၊ မသင့်ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပပေးရန် ဆန္ဒပြသူများက တောင်းဆိုကြသည်။ ရေဒါစခန်းဖွင့်လှစ်ရေးနှင့် ဆောင်ရွက်နေသော ညွှန်ပေါင်းအစိုးရအဖွဲ့၏ သဘောထားရပ်တည်ချက်ကို ဆန္ဒပြသူများက ကန့်ကွက်ခဲ့ကြသည်။ ပရပ်မြို့ရှိ ၀င်ချီဆလက် ရင်ပြင်၌ ကျင်းပသော ယင်းဆန္ဒပြပွဲကို ပြည်ပစစ်စခန်းများ ဆန့်ကျင်ရေးအုပ်စုက စီစဉ်ကျင်းပခြင်း ဖြစ်သည်။ ယင်းဆန္ဒပြပွဲတွင် အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများနှင့် ပါလီမန်အမတ်အချို့ ပါဝင်ခဲ့ကြသည်။ ချက်သမ္မတနိုင်ငံတွင် ဒုံးခွင်းဒုံးရေဒါအခြေစိုက် စခန်းတစ်ခုနှင့် ပိုလန်နိုင်ငံတွင် ဒုံးကျည် ကြားဖြတ်ဟန့်တားရေးစခန်း ဖွင့်လှစ်ရန် အမေရိကန်အစိုးရက ယခုနှစ်အစောပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။ ( အမ်အင်အေ၊ဆင်ဟွာ)

မက္ကဆီကိုတွင် ရေလွှမ်းမိုးမှုကြောင့် စိုက်ပျိုးရေးကဏ္ဍ၌ ပီဆိုငွေ ဘီလီယံ ၅၀ ခန့် ပျက်စီးဆုံးရှုံး

မက္ကဆီကိုနိုင်ငံ အရှေ့တောင်ပိုင်း တာဘာစကိုပြည်နယ်တွင် ရေလွှမ်းမိုးမှုကြောင့် ပီဆိုငွေ ဘီလီယံ ၅၀ (အမေရိကန် ဒေါ်လာငါးဘီလီယံ) ပျက်ဆီးဆုံးရှုံးခဲ့ရကြောင်း ပြည်နယ်အစိုးရအဖွဲ့က နိုဝင်ဘာ ၁၆ ရက်တွင် ပြောကြားသည်။ မက္ကဆီကိုနိုင်ငံသည် ဒေသတွင်း၌ စိုက်ပျိုးရေးလုပ်ငန်းများ အကြီးအကျယ် ပြုလုပ်သည့်နိုင်ငံဖြစ်သည်။ ရေလွှမ်းမိုးမှုများကြောင့် သင်္ဘောသီး၊ ငှက်ပျော်သီး၊ ကိုကိုးနှင့် ပြောင်းဖူးစိုက်ခင်းများ ပျက်စီးခဲ့ရကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတစ်ခုတည်းမှာပင် ပီဆိုငွေဘီလီယံ ၅၀ ဆုံးရှုံးရကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ရေလွှမ်းမိုးမှုကြောင့် တာဘာစကိုပြည်နယ် မြို့တော်ဗီလာဟာမိုဆာ တစ်မြို့တည်းမှာပင် စီးပွားရေးလုပ်ငန်းပေါင်း ၁၂၀၀၀ခန့် ထိခိုက်ခဲ့ရပြီး ပီဆိုငွေ ကိုးဘီလီယံကျော် ( အမေရိကန်ဒေါ်လာသန်း၉၀၀) တန်ဖိုးရှိ ကုန်သွယ်ရေးလုပ်ငန်းများ ထိခိုက်ခဲ့ရကြောင်း ကုန်သည်ကြီးများအသင်းက ပြောကြားသည်။ ရေလွှမ်းမိုးခဲ့သည့်နေရာဒေသများ၌ ရေကျဆင်းသွားသည့်အခါ ထိခိုက်ပျက်စီးမှုများကို ပိုမို၍ပင် တွေ့မြင်နိုင်ကြောင်း၊ အခြေခံအဆောက်အအုံလုပ်ငန်းများကဏ္ဍ၌ ပျက်စီးထိခိုက်မှုများ တိုးလာနိုင်ကြောင်း ပြည်နယ်တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယင်းပြည်နယ်တွင် ရေလွှမ်းမှုကြောင့် ပြည်သူတစ်သန်းခန့်မှာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း၊ ယင်းမှာ ပြည်နယ်လူဦးရေ၏ ထက်ဝက်နီးပါးပင်ဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရန်နီယာမယ်လိုက ပြောကြားသည်။ တာဘာစကိုပြည်နယ်တွင် အောက်တိုဘာ ၂၉ ရက်မှစ၍ ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့သည်။ အပူပိုင်းမုန်တိုင်းတိုက်ခတ်ခဲ့ပြီးနောက် နှစ်ပေါင်း ၅၀ အတွင်း အဆိုးရွားဆုံးသော မိုးသည်းထန်မှု ဖြစ်ပွားခဲ့သည်။ (အမ်အင်အေ၊ဆင်ဟွာ)

ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်နိုင်ငံစုံကော်ပိုရေးရှင်းများ(၁)

ကျော်ဝင်း

ယခုစာစုမှာ နိုဘယ်ဆုရ ဘောဂ ဗေဒပညာရှင် ‘ဂျိုးဇက်စတစ်ဂလစ်’ ၏ ယခုအချိန်ထိ နောက်ဆုံးစာအုပ် Making Globalization Work မှ ထုတ်နုတ်ဘာသာပြန်ဆိုထားခြင်းဖြစ် ပါသည်။

လက်ဝဲဝါဒီများနှင့်လက်ဝဲယိမ်း အယူအဆရှိသူများအနေနှင့်ကော်ပို ရေးရှင်းကြီးများနှင့်ပတ်သက်လျှင် အကောင်းမမြင်ကြသည်ကများပါ သည်။ လောဘကြီးသော၊ စာနာမှု ကင်းမဲ့သော၊ အမြတ်မှလွဲ၍ဘာကိုမှ တန်ဖိုးမထားကြသောအဖွဲ့အစည်းများ အနေနှင့်သာ ကြည့်မြင်ကြသည်က များသည်။ သူတို့ထင်မြင်ချက်မှာ လုံးဝမှားသည်တော့လည်းမဟုတ်ပါ။ မှန်သင့်သလောက် မှန်သည်ဟူ၍ဆိုရ မည်သာဖြစ်ပါသည်။

ဥပမာ-Nestle ကုမ္ပဏီဆိုပါစို့။ သူတို့ဖော်ထုတ်လိုက်သော နို့မှုန့်ဖော် မြူလာက မိခင်နို့တိုက်သည်ထက် ပို ကောင်းသည်ဟုထင်လာစေရန်တတိယ ကမ္ဘာမှ သားသည်အမေတွေကို ဖြား ယောင်းသွေးဆောင်နေသည်။Bech-tel ကုမ္ပဏီကလည်း အားကျမခံ။ ဗိုလစ်ဗီးယားနိုင်ငံ၏ရေသန့်လုပ်ငန်းကို ပုဂ္ဂလိကပိုင်ပြောင်းရန် ဆွယ်တရား ဟောလျက်ရှိသည်။ (ဤအတွက် ‘ရေ ငတ်ခြင်း’ (Thirst)အမည်ရှိ ဝါဒဖြန့် ချိရေး သတင်းမှတ်တမ်းကားပင်ရိုက် ကူးတင်ဆက်ခဲ့သေးသည်။) အမေရိ ကန် စီးကရက်ကုမ္ပဏီများကော ဘာ ထူးသနည်း။ ‘ဆေးလိပ်သောက်ခြင်း ဖြင့် ကျန်းမာရေးကိုထိခိုက်စေသည်ဆို သည်မှာ သိပ္ပံနည်းကျ အထောက် အထားမရှိ’ ဟူ၍ ဆေးလိပ်သမား တွေ မယုံယုံအောင် ဝါဒဖြန့်နေသည် မှာ ရာစုဝက်ပင်ကျော်ခဲ့ပြီဖြစ်သည်။ အလားတူ Monsanto စိုက်ပျိုးရေး ကုမ္ပဏီ၏လုပ်နည်းလုပ်ဟန်ကလည်း ပြောစမှတ်တွင်လောက်ပါပေသည်။ ဤကုမ္ပဏီက မျိုးစေ့တွေဖြန့်သည်။ သူတို့မျိုးစေ့တွေကိုစိုက်လျှင် အပင် ပေါက်ဖို့သေချာပါသည်။ သို့သော် ထိုသို့ပေါက်သောအပင်မှရသောမျိုးစေ့ ကမူ အပင်မပေါက်။ မပေါက်အောင် တမင်လုပ်ထားခြင်းဖြစ်သည်။ သို့ အတွက် ခြံသမား၊ ယာသမားတွေမှာ နှစ်စဉ် မျိုးစေ့ဝယ်နေရတော့သည်။ ဤသည်တို့ကား ယနေ့ ကမ္ဘာ့ဈေး ကွက်တွင် မတွေ့ချင်၊ မမြင်ချင်အဆုံး ဖြစ်နေသော ကော်ပိုရိတ်မဟာဗျူဟာ များထဲမှ အချို့မျှသာဖြစ်ပါသည်။

ဒီလိုနှင့် လူတော်တော်များများ အတွက် နိုင်ငံစုံကော်ပိုရေးရှင်းများမှာ ဂလိုဘယ်လိုက်ဇေးရှင်းအမှားတော်ပုံ ၏သင်္ကေတလိုဖြစ်လာရတော့သည်။ အဆိုပါ ကော်ပိုရေးရှင်းများသည်ပင် ပြဿနာ၏ရေသောက်မြစ်ဟုယူဆကြ သူတွေရှိသည်။ ပြောရလျှင် ဆိုခဲ့ပါ ကော်ပိုရေးရှင်းများမှာ ဖွံ့ဖြိုးဆဲနိုင်ငံ တော်တော်များများထက် ပို၍ချမ်း သာကြသည်မှာအမှန်ပင်ဖြစ်သည်။ ၂ဝဝ၄ခုနှစ် စာရင်းဇယားများအရ အမေရိကန်မော်တော်ကားကုမ္ပဏီ ဂျင်နရယ်မော်တော်၏အရပ်ရပ်ဝင် ငွေမှာ ဒေါ်လာ ၁၉၁ဒသမ၄ဘီလျံရှိ သည်။ နိုင်ငံပေါင်း ၁၄၈နိုင်ငံကျော် ၏ ဂျီဒီပီထက်ပိုများပါသည်။ အလား တူ ၂ဝဝ၅ခုနှစ် ဘဏ္ဍာရေးနှစ်အပိတ် တွင် အမေရိကန်လက်လီအရောင်း လုပ်ငန်း ‘ဝေါလ်မတ်’ ၏ဝင်ငွေမှာ ဒေါ်လာ ၂၈၅ဒသမ၂ဘီလျံရှိသည်။ ဆာဟာရတစ်ပိုင်း အာဖရိကနိုင်ငံ အားလုံး၏ဂျီဒီပီထက်ပိုပါသည်။

ဤကော်ပိုရေးရှင်းကြီးများမှာ ချမ်းသာရုံမျှမက နိုင်ငံရေးအရလည်း အလွန်ဩဇာကြီးသည်။ အကယ်၍ သက်ဆိုင်ရာအစိုးရက သူတို့မကြိုက် သောပုံစံဖြင့် အခွန်ကောက်မည် သို့မဟုတ် ထိန်းချုပ်မည်ဆိုလျှင် သူတို့ က အခြားနိုင်ငံတစ်ခုခုသို့ရွှေ့သွား မည်ဟူ၍ခြိမ်းခြောက်လေ့ရှိကြသည်။ သူတို့တစ်တွေကို ဝမ်းသာအားရလက် ကမ်းကြိုဆိုနေသည့်နိုင်ငံတွေကလည်း မနည်းမနောရှိနေသည်။ သူတို့ဆီမှရ နိုင်သောအခွန်တော်ဝင်ငွေ၊ အလုပ် အကိုင်နှင့်နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုကို မက်မောကြသောကြောင့် ဖြစ်ပါသည်။

အမှန်စင်စစ် ဘိဇနက်လုပ်ငန်း ဆိုသည်မှာ အမြတ်ကိုရှာဖွေကြရ သည်သာဖြစ်ပါသည်။ သို့အတွက် ကော်ပိုရေးရှင်းများ၏ပထမဦးစားပေး တာဝန်မှာ ငွေရှာရေးဟူ၍သာဆိုရပါ လိမ့်မည်။ မည်သည့်ကုမ္ပဏီမဆို အမြတ်များများ၊ ငွေများများရစေရန် ဥပဒေဘောင်အတွင်းမှဖြစ်သည့်နည်း ဖြင့်ကုန်ကျစရိတ်လျှော့ချဖို့ကြိုးစား ကြသည်သာဖြစ်သည်။ အခြေအနေ ပေး၍ အခွင့်အခါသင့်လျှင် အခွန် ရှောင်သည့်အလုပ်မျိုးလည်းလုပ်ကြဖို့ များပါသည်။ အချို့သောကုမ္ပဏီများ ဆိုလျှင် မိမိအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်စရိတ်ကိုပင် စေးနှဲတွန့်တိုစွာ တတ်နိုင်သမျှချွေတာ လေ့ရှိကြသည်။ မိမိလုပ်ငန်းကြောင့် ဖြစ်ပေါ်လာသောသဘာဝပတ်ဝန်း ကျင်ညစ်ညမ်းမှုအတွက်လည်း တာဝန် မယူလိုသည့်ကုမ္ပဏီတွေကအများစု ဖြစ်သည်။ မလွှဲသာ၍ တာဝန်ယူရ လျှင်လည်း အတတ်နိုင်ဆုံး၊ အနည်း ဆုံးတွင်သာကန့်သတ်ထားလိုကြသည်။ နိုင်ငံစုံကော်ပိုရေးရှင်းများကမူ ဤသို့ သော မလွှဲမရှောင်သာကုန်ကျစရိတ် များနှင့်ပတ်သက်လျှင် မိမိတို့လုပ်ငန်း လုပ်ကိုင်ရာဒေသခံတိုင်းပြည်၏အစိုးရ အပေါ်တွင်သာ ကျသမျှ ဒကာခံစေ တတ်သည်။

ဤသို့သော ခံတွင်းမတွေ့ချင် စရာတွေအပြည့်ရှိနေလင့်ကစား ဂလို ဘယ်လိုက်ဇေးရှင်း၏အကျိုးကျေးဇူး များကို ဖွံ့ဖြိုးဆဲနိုင်ငံများသို့သယ် ဆောင်ပေးရာတွင်လည်းကောင်း၊ ကမ္ဘာတစ်လွှားရှိ လူနေမှုအဆင့်များ မြင့်မားစေရေးအတွက်ကူညီဖြည့်ဆည်း ရာတွင်သော်လည်းကောင်း ဆိုခဲ့ပါ ကော်ပိုရေးရှင်းကြီးများမှာ ဗဟိုအချက် အချာအခန်းမှ ပါဝင်လျက်ရှိနေပြန် သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှကုန်စည် များကို ရှေ့တန်းရောက် စက်မှုနိုင်ငံ များ၏ဈေးကွက်သို့ရောက်အောင် ၎င်းတို့ကပင်ဆောင်ကြဉ်းပေးကြသည်။ နိုင်ငံတကာမှ စားသုံးသူတွေ ဘာကို အာသီသရှိနေကြသည်ဆိုသည်ကို ဖွံ့ ဖြိုးဆဲနိုင်ငံမှ ထုတ်လုပ်သူတွေသိ အောင် အချိန်နှင့်တစ်ပြေးညီသတင်း ပေးနေကြသည်မှာလည်း သူတို့တစ် တွေပင်ဖြစ်သည်။

ပြောရလျှင် ဤမျှမကပါ။ ရှေ့ တန်းရောက် စက်မှုနိုင်ငံများမှ ဖွံ့ဖြိုး ဆဲနိုင်ငံများသို့ တက္ကနိုလိုဂျီလွှဲပြောင်း ပေးရာတွင်လည်း အဆိုပါကော်ပိုရေး ရှင်းတွေမှာ ကိုယ်စားလှယ်အေးဂျင့် တွေဖြစ်နေသည်။ ဤနည်းဖြင့် ဖွံ့ဖြိုး ပြီးနှင့်ဖွံ့ဖြိုးဆဲနိုင်ငံများကြား ပညာ ကွာဟမှုကိုတံတားခင်းပေးသည်။ ထို့ ပြင် နှစ်စဉ် ဒေါ်လာ ၂ဝဝဘီလျံဝန်း ကျင် တန်ဖိုးရှိသော နိုင်ငံခြားတိုက် ရိုက်ရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုးဆဲနိုင်ငံ များသို့ရောက်လာစေရန်လည်း ၎င်း တို့ကပင် အောင်သွယ်ပေးလျက်ရှိ သည်။ ဤနည်းဖြင့် ဖွံ့ဖြိုးပြီးနှင့်ဖွံ့ဖြိုး ဆဲနိုင်ငံများကြား အရင်းအနှီးကွက် လပ်ကြီးကိုဖြည့်ဆည်းပေးရာရောက် သည်။ ဆိုခဲ့ပါ ကော်ပိုရေးရှင်းများက ပင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အလုပ် အကိုင်များနှင့်စီးပွားရေးတိုးတက်မှုကို ဆောင်ယူပေးသလို ဖွံ့ဖြိုးပြီးနိုင်ငံများ မှ စားသုံးသူများအတွက်လည်း အရည်အသွေးမြင့်မားပြီး ဈေးနှုန်းချို သာသော ကုန်ပစ္စည်းတွေထောက်ပံ့ ပေးလျက်ရှိသည်။ ဤနည်းဖြင့် ဖွံ့ဖြိုး ပြီးနိုင်ငံများတွင် လူမှုစရိတ်လျော့ကျ စေပြီး ငွေကြေးဖောင်းပွမှုနှင့်အတိုးနှုန်း ကိုထိန်းပေးရာရောက်စေသည်။ ဒီလို နှင့် ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကိုလည်း ကျေးဇူးပြုရာရောက်ပါသည်။

ဆိုခဲ့ပါအတိုင်း နိုင်ငံစုံကော်ပို ရေးရှင်းများမှာ ဂလိုဘယ်လိုက်ဇေး ရှင်း၏အချက်အချာခန်းတွင် ပါဝင် အသုံးတော်ခံနေကြသည်ဖြစ်ရာ ဂလို ဘယ်လိုက်ဇေးရှင်း၏ဆိုးကျိုးများ အတွက် ၎င်းတို့ကိုအပြစ်ဖို့ရမှာဖြစ် သလို အောင်မြင်မှုများအတွက်လည်း ၎င်းတို့ကိုပင် အမှတ်ပေးကြရမည်ဖြစ် ပါသည်။ အမှန်စင်စစ် တကယ့် ပြဿနာမှာ ဂလိုဘယ်လိုက်ဇေးရှင်း အပေါ် အကောင်း၊ အဆိုး၊ အမှား၊ အမှန်သရုပ်ခွဲရန်ဖြစ်နေကြဖို့မဟုတ်ပါ။ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်ကြီး တစ်ခုလုံးကို လက်ရှိအခြေအနေထက် ပိုကောင်းအောင် ပြန်လည်ပုံသွင်းယူ နိုင်ကြဖို့ဖြစ်ပါသည်။ ယခု နိုင်ငံစုံ ကော်ပိုရေးရှင်းများနှင့်ပတ်သက်သော ပြဿနာတွင်လည်း ဤအတိုင်းပင် ဖြစ်ပါသည်။ ၎င်းတို့၏ဆိုးကွက်တွေကို အနိမ့်ဆုံး၊ အနည်းဆုံးဖြစ်စေပြီး ကောင်းကွက်တွေကို အမြင့်ဆုံး၊ အများဆုံးဖြစ်စေရန် ပြုပြင်ပြောင်းလဲ ကြဖို့ဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်

နယူးယောက်မြို့တွင် အစာငတ်မွတ်မှု တိုးပွားနေ
၁.၃သန်းကျော်လူဦးရေရှိသည့် နယူးယောက်မြို့တွင် လူ၆ဦးတွင် တစ်ဦးမှာ လုံလောက်သော
အစာအဟာရ ၀ယ်ယူစားသုံးရန် မတတ်နိုင်ဖြစ်နေသည်ဟု ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အဖွဲ့က
ပြောကြားလိုက်သည်။ နယူးယောက်မြို့ငတ်မွတ်မှုဆန့်ကျင်ရေး ပူးပေါင်းဆောင်ရွက်သည့်အဖွဲ့က
၂၀၀၇ခုနှစ်အတွင်းတွင်အစိုးရရိက္ခာထောက်ပံ့ရေးဌာနများမှပေးဝေသည့်အစားအစာများပေါ်တွင်
မှီခိုနေရသည့်လူဦးရေမှာ ၂၀ရာခိုင်နှုန်းတိုးလာသည်ဟု ပြောဆိုသည်။ အချို့စားနပ်ရိက္ခာပေးဝေ
သည့်နေရာများတွင် အစားအစာ မလုံလောက်မှုများ ရှိနေသည်။ ဤကဲ့သို့ဖြစ်ရခြင်းမှာ အစိုးရက
ရိက္ခာအကူအညီဖြတ်တောက်ပစ်ခြင်းနှင့် ဆင်းရဲမွဲတေမှု ပိုတိုးလာခြင်းကြောင့် ဖြစ်သည်။လာမည့်
ကျေးဇူးတော်ပွဲအတွက်ဝေပေးရန် ကြက်ဆင်အလုံအလောက် မရှိပေ။ စီးပွားရေးကောင်းမွန်သည့်
၂၀၀၆ခုနှစ်တွင်ပင်အစားအစာမလုံလောက်မှုရှိနေခဲ့ရာယခုနှစ်စီးပွားရေးအခြေအနေဆိုးမှုကြောင့်
ပိုမိုဆိုးဝါးလာသည်။ အမေရိကန် စိုက်ပျိုးရေးဌာနက ၂၀၀၆ခုနှစ်အတွင်းတွင် တိုင်းပြည်တစ်ခုလုံး
တွင် အိမ်ထောင်စုပေါင်း ၁၂.၆သန်း၊လူဦးရေသန်း၃၀ကျော်ခန့်(တစ်တိုင်းပြည်လုံး၏ လူဦးရေ ၁၀
ရာခိုင်နှုန်း) မှာ အစားအစာအလုံအလောက်မရရှိခဲ့ဟုဖေါ်ပြသည်။


လူငယ်နဲ့ယုံကြည်မှု


လူထုစိန်ဝင်း

ယုံကြည်မှုဆိုတာ လူတစ်ယောက် ဘဝမှာ အရေးကြီးဆုံးအရာဖြစ်တယ်။ ယုံကြည်မှုနှစ်ရပ်ရှိတယ်။ (၁)ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှု၊ (၂) ကိုယ့်အလုပ်ကိုယ် ယုံကြည်မှု။ ဒီယုံကြည်မှုနှစ်ရပ်နဲ့ပြည့်စုံမှ လောကမှာ စိတ်ချမ်းသာစွာနေနိုင် လိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု

လူပေါင်းများစွာတို့ဟာ ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုအားနည်းကြတယ်။ အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် ငါလုပ် လို့ဖြစ်မှဖြစ်ပါ့မလားဆိုတဲ့စိတ်နဲ့ချီတုံချတုံ ဖြစ်နေတတ်တယ်။ အဲဒီတော့ လုပ်တဲ့ အခါမှာ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီးမလုပ် ဘဲ မဝံ့မရဲနဲ့ (Half-hearted efforts)လုပ် လေ့ရှိတယ်။

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အား နည်းတဲ့အခါ တစ်ပါးသူကို အားကိုးအား ထားပြုချင်လာတယ်၊ မှီခိုချင်လာတယ်။ အဲဒီအကျိုးဆက်က တစ်ပါးသူရဲ့ခြယ်လှယ် မှုကိုအနည်းနဲ့အများခံလာရခြင်းဖြစ်တယ်။ သူများခြယ်လှယ်တာ၊ သူများဩဇာပေး တာကိုခံရတယ်ဆိုကတည်းက ဘယ်နည်း နဲ့မှ စိတ်ချမ်းသာမှုအပြည့်အဝ မရနိုင် တော့ဘူး။

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ အတွက် ကိုယ်နဲ့ ‘ရွယ်တူတန်းတူ’ လူများနဲ့ နှိုင်းယှဉ်ကြည့်ပါ။ ဘောလုံးဝါသနာပါတဲ့ သူက ဒီနေ့ရော်နယ်ဒိုနဲ့ ဒီနေ့ ဒေးဗစ် ဘက်ခမ်းကိုမကြည့်ပါနဲ့။ ကိုယ့်အသက် အရွယ် လွန်ခဲ့တဲ့၅နှစ်က၊ လွန်ခဲ့တဲ့ ၁ဝ နှစ်က ရော်နယ်ဒိုနဲ့ ဘက်ခမ်းတို့နဲ့နှိုင်းယှဉ် ကြည့်ပါ။ ကွန်ပျူတာဝါသနာပါတဲ့သူက ဒီနေ့ဘီလ်ဂိတ်ကိုမကြည့်ပါနဲ့။ လွန်ခဲ့တဲ့ ၁ဝနှစ်လောက်က ဘီလ်ဂိတ်ကိုကြည့်ပါ။ ကြည့်တဲ့အခါမှာလည်း သူတို့အောင်မြင် ကျော်ကြားတာ၊ သူတို့ချမ်းသာတာတွေ ကိုချည်းမကြည့်ပါနဲ့၊ တစ်နေ့ တစ်နေ့ကို သူတို့ဘယ်နှနာရီလောက် အလုပ်လုပ်ကြ သလဲဆိုတာတွေကိုပါ ကြည့်ပါ။

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အား နည်းလာတာလွန်ကဲလာရင် စိတ်ဓာတ် ကျပြီး ဘာမှမလုပ်ရဲ မကိုင်ရဲ၊ မလုပ်ချင် မကိုင်ချင်ဖြစ်လာလေ့ရှိတယ်။ အဲဒီကတစ် ဆင့်တက်တော့ စိတ်ပျက်လက်ပျက်ဖြစ်ပြီး လောကကြီးနဲ့လူ့ဘဝကြီးကိုပါ အပြစ်မြင် လာတတ်ပါတယ်။

ယုံကြည်မှုအားနည်းခြင်းရဲ့ အကြောင်းရင်းက တစ်ကြိမ်တစ်ခါက တစ်ခုခုမှာ ရှုံးနိမ့်ခဲ့ဖူးခြင်းဖြစ်တယ်။ ရှုံး နိမ့်ခြင်းကို လက်တွေ့ကျကျကြည့်တတ်၊ သုံးသပ်တတ်ရင် စိတ်ပျက်စရာမရှိပါဘူး။ လောကမှာ မရှုံးဖူးတဲ့သူ ဘယ်မှာရှိလို့လဲ။ မဟာအလက်ဇန္ဒားတို့၊ နပိုလီယံတို့လည်း ရှုံးဖူးကြတာပါပဲ။ ရှုံးတာဟာ ရှက်စရာ၊ ကြောက်စရာမဟုတ်ပါဘူး။ အရှုံးထဲက သင်ခန်းစာယူပြီး မှားတာတွေကိုပြင်ပြီး ဆက်လုပ်သူဟာ တစ်နေ့မှာအောင်မြင်သူ ဖြစ်လာတာပါပဲ။

ကိုယ့်အလုပ်ကိုယ်ယုံကြည်မှု

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေ ရုံနဲ့တင် မပြီးသေးဘူး။ ကိုယ်လုပ်နေတဲ့ အလုပ်ကိုလည်းယုံကြည်မှုရှိဖို့လိုတယ်။ လူပေါင်းများစွာတို့ဟာ နေ့စဉ်နဲ့အမျှ မသေမချင်း အလုပ်တွေလုပ်နေကြပေမဲ့ သူတို့ဘာ့ကြောင့်လုပ်နေကြတယ်ဆိုတဲ့ ရည်ရွယ်ချက်မရှိကြဘူး။ ထမင်းစားဖို့ အလုပ်လုပ်ရတယ်ဆိုတဲ့ ရည်ရွယ်ချက် ထက် ပိုပြီးကြီးမားတဲ့ရည်ရွယ်ချက်မျိုး မရှိကြဘူး။ ရည်ရွယ်ချက်မရှိတဲ့သူဟာ သူ့အလုပ်အပေါ်မှာဘယ်တော့မှအလေး အနက်သဘောထားလေ့မရှိဘူး။

ဒါ့အပြင် လူပေါင်းများစွာတို့ဟာ သူတို့လုပ်နေတဲ့အလုပ်အပေါ်မှာ လူ့ လောကအတွက် လိုအပ်တဲ့အလုပ်၊ ကောင်းကျိုးပြုတဲ့အလုပ်လို့ယုံကြည်မှု မရှိကြဘူး။ ယုံကြည်မှုမရှိတော့ တွယ်တာ မှုလည်းမရှိဘူး။ တွယ်တာမှုမရှိတော့ ကောင်းသထက်ကောင်းအောင် လုပ်မယ် ဆိုတဲ့စိတ်မျိုးပေါ်မလာဘူး။ ဒီတော့ဘယ် တော့မှ အောင်မြင်မှုမရှိဘူး။ အောင်မြင်မှု မရှိတော့ လုပ်ရတာ မပျော်ပိုက်တော့ဘူး။

အဲဒါကြောင့် လူ့လောကမှာ စိတ် ချမ်းသာပျော်ရွှင်စွာနေချင်ရင် ခိုင်မာပြတ် သားတဲ့ယုံကြည်မှု မရှိမဖြစ်ကိုလိုအပ် ကြောင်းလူငယ်တွေကိုပြောပြချင်ပါတယ်။

Britain Loses Data for 25 Million People

Published: November 22, 2007

LONDON, Nov. 21 — Prime Minister Gordon Brown of Britain apologized today for a security breach that resulted in the loss of millions of Britons’ bank account details and other personal data and has raised the specter of financial fraud on a massive scale.

Security experts described it as the largest incident of its kind in Europe, though surpassed by several data leaks in the United States.

The data went astray when two computer discs from the tax authorities were lost in the mail last month. The discs contained information on 25 million people — or nearly half the British population — from families that receive a government financial benefit for children.

The information included details like names, addresses and national insurance numbers — the British equivalent of social security numbers — as well as similar information on almost every child under 16 in Britain. The discs were sent using a private parcel delivery firm, and were apparently protected by a password but were not encrypted.

Analysts said the data breach highlighted the difficulty of keeping personal information secure at a time when governments, businesses and other organizations house vast storehouses of information about taxpayers and consumers.

The incident was a further embarrassment to Mr. Brown’s government, and particular the chancellor of the Exchequer, Alistair Darling. The government has also been criticized for its oversight of a troubled bank, Northern Rock, which was caught in the recent global credit crisis.

The data breach was discovered on Nov. 8 and both Mr. Brown and Mr. Darling were informed two days later. The government launched an investigation, but only disclosed on Monday that the breach had taken place. Mr. Darling said that he had delayed the announcement because banks had wanted time to prepare and put in safeguards.

“In making this statement today, I have had to balance the imperative of informing the House and the public at the earliest opportunity, whilst at the same time ensuring that when I did so the appropriate safeguards were in place to protect the public, including in relation to bank accounts,” he said in a statement Tuesday. “Indeed the banks were adamant that they wanted as much time as possible to prepare for this announcement.”

Experts said that so far there were no signs that the data was being used for fraudulent activity.

“I profoundly regret and apologize for the inconvenience and worries that have been caused to millions of families that receive child benefits," Mr. Brown said today in the House of Commons. "We have a duty to do everything that we can to protect the public."

All families with children are eligible for a weekly payment of the equivalent of $37 for the first child, and $25 per additional child. Those who choose to have the money deposited directly into bank accounts must provide their account information to the government, so in at least some cases those numbers were also lost.

A spokeswoman for the British Bankers Association, Lesley Mcleod, said that its member institutions had found no signs of unusual account activity back to Oct. 18, when the breach was made.

But experts said the information could, in some cases, be used to commit identity theft or other financial crimes if it fell into the wrong hands. Some people, for instance, use the name of a child or part of an address as a password on a bank account, so the combination of these details might provide clues for would-be criminals, they said.

“Even though there’s no indication that anything illegal has happened, people might feel more secure if they changed any passwords that resemble these bits of information,” said Ms. Mcleod.

Mike Maddison, head of security and privacy services at the consulting firm Deloitte, said the information should have been sent in encrypted form, whether by disc or electronically, and through secure mail services. “In the digital age, information is ubiquitous, flowing through places it might never have been before,” he said. “In terms of privacy protection, expectations are certainly higher than ever before, but also the threat to information has never been more significant.”

Mr. Brown said he had ordered a review of the handling of private data by government agencies after the incident, which he said was caused by someone following improper procedures.

Her Majesty’s Revenue & Customs, the British equivalent of the Internal Revenue Service uses a parcel delivery firm, TNT, which operates in competition with the Royal Mail, for its mail deliveries.

While the security breach appears to have affected close to half of the British population of about 60 million people, in sheer numbers it was smaller than an incident involving a loss of records from the United States Veterans Administration last year, which affected 26.5 million former service personnel.

In 2004, the Internet company AOL lost 92 million email addresses when they were stolen by a former employee.

Daily Joke (10)

The Bad Son!

Four men got together to play golf one sunny morning. As they were heading out to the course, one of them was detained by a phone call. The other three were discussing their children while walking to the first tee.

"My son," said one proudly, "has made quite a name for himself in the home building industry. He began as a carpenter, but now owns his own design and construction firm. He's so successful in fact, in the last year he was able to give a good friend a brand new home as a gift."

The second man, not to be outdone, tells how his son began his career as a car salesman, but now owns a multi-line dealership. "He's so successful, in fact, in the last six months he gave a friend two brand new cars as a gift."

The third man brags that his son has worked his way up through a stock brokerage firm, and has become so successful that in the last few weeks has given a good friend a large stock portfolio as a gift.

As the fourth man arrives at the tee box, the three smugly tell him that they have been discussing how successful their progeny are, and ask what line his son is in. "To tell the truth, I'm not very pleased with how my son has turned out," he replies. "For fifteen years, he's been a hairdresser, and I've just recently discovered he's a practicing homosexual."

As the other three recoil in horror, he continues, "but, on the bright side, he must be good at what he does, his last three boyfriends have given him a brand new house, two cars, and a big portfolio of stock certificates."

တရုတ်တက္ကသိုလ်များ ကမ္ဘာအဆင့် တက္ကသိုလ်များနှင့် ရင်ဘောင်တန်းနိုင်ရန် ကြိုးပမ်း


ဦးလှမြင့်(မားကက်တင်း)

တရုတ်နိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း တွင် ဆယ်ဂဏန်းရှိနေခြင်းနှင့် ၂ဝဝ၈ခုနှစ်၊ အိုလံပစ် အားကစားကျင်းပခွင့်ရခြင်းတို့ကြောင့် ဂုဏ်ယူနေရ သော်လည်း ပြည်တွင်း၌အလွန်အရေးကြီးသည်ဟု ယူဆထားသည့်ပညာရေးနယ်ပယ်တွင် နောက်ကျနေ ကြောင်းခံစားမိသည်။ တရုတ်နိုင်ငံသည် ပညာရေး အပေါ်တွင် အလေးအနက်ထားသော်လည်း နိုင်ငံ၏ တက္ကသိုလ်များသည် ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် များနှင့်နှိုင်းယှဉ်လိုက်သည့်အခါ ညံ့နေသေးသည်။

၁၉၈၈ခုနှစ်၊ မေလတွင် တရုတ်နိုင်ငံ၏သမ္မတ ကျန်ဇီမင်းက နိုင်ငံ၏သက်တမ်းအရင့်ဆုံး တက္ကသိုလ် များထဲမှတစ်ခုဖြစ်သည့် ပီကင်းတက္ကသိုလ်၏ နှစ်၁ဝဝ ပြည့်ဂုဏ်ပြုပွဲတွင် ‘နိုင်ငံခေတ်မီရေးအစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် တရုတ်နိုင်ငံ၌ နိုင်ငံ တကာအဆင့် ကျော်ကြားထင်ရှားသည့်တက္ကသိုလ် လက်တစ်ဆုပ်စာမျှလောက်တော့ရှိရမည်’ ဟုမိန့်ကြား သွားသည်။

သမ္မတမိန့်ခွန်းပြီးနောက် နိုင်ငံဂုဏ်ဆောင် တရုတ်တက္ကသိုလ်အတော်များများက ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်များအဆင့်တက်လှမ်းရန် ကြီးမားသည့် ရည်မှန်းချက်ပန်းတိုင်များကိုတင်ပြလာသည်။ ပမာ အားဖြင့် တရုတ်နိုင်ငံ\MIT ဖြစ်သည့် ဆင်ဟွာ တက္ကသိုလ်(Tsinghua University)သည် ယင်း၏ နှစ်၁ဝဝမြောက်ပြည့်သည့် ၂ဝ၁၁ခုနှစ်တွင် ကမ္ဘာ့ထိပ် တန်းတက္ကသိုလ်များစာရင်းဝင်ရန် စီမံချက်တစ်ရပ်ကို ကြေညာခဲ့သည်။

ဆင်ဟွာတက္ကသိုလ်၏ရည်မှန်းချက်ပန်းတိုင်ကို ပထမဆုံးချမှတ်ပေးသူနှင့် တက္ကသိုလ်ဥက္ကဋ္ဌဟောင်း ဖြစ်သူ ဝမ်ဒေဟွန်းက ‘ထိပ်တန်းအဆင့် တက္ကသိုလ် များတည်ဆောက်ခြင်းက တရုတ်နိုင်ငံရဲ့အဆင့်မြင့် ပညာရေးတစ်ခုလုံးကို ပိုမိုမြင့်မားတဲ့ အဆင့်တစ်ဆင့် သို့တွန်းတင်ပေးရုံမျှမက တရုတ်နိုင်ငံ၏အမျိုးသားအင် အား၊ နိုင်ငံတကာနှင့်ယှဉ်ပြိုင်မှုနှင့်စဉ်ဆက်မပြတ်စီး ပွားရေးနှင့်လူမှုရေးတိုးတက်ဖြစ်ထွန်းမှုကို မြှင့်တင်ရာ မှာ မဟာဗျူဟာကျတဲ့အရေးပါမှုရှိနေပါတယ်’ ဟု ပြောသည်။

ရှန်ဟဲအခြေစိုက် ဖူဒန်တက္ကသိုလ်၏ ဥက္ကဋ္ဌ ဟောင်းနှင့် ဗြိတိန်ရှိ နော်တင်ဟမ် တက္ကသိုလ်၏ အဓိ ပတိဖြစ်သူ ယန်းဖူဂျီယာက ၁၉၉ဝပြည့်လွန်နှစ်များ နှောင်းပိုင်းမှစပြီး တရုတ်တက္ကသိုလ်များ၏တိုးတက် မှုနှုန်းမှာလျင်မြန်လှသည့်အတွက် ကမ္ဘာ့အကောင်း ဆုံးတက္ကသိုလ်များအဆင့်သို့ တက်လှမ်းရေးသည် အိပ်မက်တစ်ခုမျှ မဟုတ်တော့ပါဟုပြောသည်။

‘တရုတ်တက္ကသိုလ်များက ဘာသာရပ်ဆိုင်ရာ နှင့်နည်းပညာသုတေသနအရာတွေမှာ ကမ္ဘာ့ထိပ် တန်းတက္ကသိုလ်များနှင့် ရင်ဘောင်တန်းမလိုက်နိုင် သေးပါ။ သို့သော် ပညာအဆင့်အတန်းအနေနှင့် တက္ကသိုလ်တချို့က ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် များရဲ့စံချိန်တော့မီလာနေပါပြီ’ ဟုယန်းဖူဂျီယာက ပြောသည်။

တရုတ်နိုင်ငံ၏နှစ်စဉ်အထက်တန်းကျောင်း အောင်သူများသည် ကြီးမားသည့်စွမ်းအားအစုအဝေး ကြီးဖြစ်လာနေသည်။ ယင်းတို့အတွက်ပထမတန်းစား တက္ကသိုလ်များနှင့်အဆင့်မြင့်ပညာသင်ကြားရေးဌာန များတည်ထောင်ပေးရန် ပို၍အရေးတကြီး လိုအပ် လာသည်။ ထူးချွန်ပြောင်မြောက်သည့်တက္ကသိုလ် များဆိုသည် ‘ကျိုအိုးများ’ နှင့်တူသည်။ သံကောင်းမှ သံမဏိကောင်းထုတ်လုပ်ပေးသည့်ကျိုအိုးများနှင့် မခြားပါဟု ယန်းကထောက်ပြသည်။

အားတက်စရာမရှိသေး

၂ဝဝ၇ခုနှစ်၊ ဧပြီလတွင် ဝူဟန်တက္ကသိုလ်၏ တရုတ်သိပ္ပံပညာအကဲဖြတ်မှုသုတေသနဌာနကကမ္ဘာ့ တက္ကသိုလ်များ၏အဆင့်သတ်မှတ်ချက်စာရင်းကိုထုတ် ပြန်ခဲ့သည်။ ယင်းစာရင်းအရ ပီကင်းတက္ကသိုလ် (Peking University)က အဆင့် ၁၉၂ရှိပြီး ဆင်ဟွာ တက္ကသိုလ်က၁၉၆နေရာမှာရှိသည်။ မနှစ်ကကြေညာ ခဲ့သည့်စာရင်းနှင့်စာလျှင် အဆင့်၆၁နှင့်၆၈ နေရာ တက်လာခဲ့ခြင်းဖြစ်သည်။ ယင်းအချိန်ထက်စောပြီး ထုတ်ပြန်သည့်နယူးစ်ဝိခ်၏အဆင့်သတ်မှတ်ချက် စာရင်းတွင် ထိပ်တန်းတက္ကသိုလ်၁ဝဝ၌ တရုတ် တက္ကသိုလ် တစ်ခုမျှမပါချေ။

‘ခေတ်မီပညာရေးစနစ်တည်ဆောက်ရေးဘက် မှာ အကဲဖြတ်မယ်ဆိုရင် တရုတ်တက္ကသိုလ်များက ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်များနောက် ကျန်ရစ်နေ ဆဲပဲဖြစ်တယ်’ ဟု ပြောလိုက်သူမှာ ဘေဂျင်းနည်း ပညာတက္ကသိုလ်(BIT)မှ ပါမောက္ခယန်းဒေါင်ပင်ဖြစ် ပါသည်။

ကမ္ဘာ့အဆင့် တက္ကသိုလ်ဖြစ်ရေးအတွက် လုပ်ကိုင်နေပုံ

ကမ္ဘာ့အဆင့် တက္ကသိုလ်များတည်ဆောက်ရန် ဆန္ဒဇောဖြင့်တက္ကသိုလ်အများအပြားကငွေအမြောက် အမြားချေးယူပြီး တက္ကသိုလ်ပရဝဏ်တိုးချဲ့ခြင်းနှင့် အဆောက်အအုံ၊ ဓာတ်ခွဲခန်းစသည်တို့ကို အသစ် ဆောက်လုပ်ကြသည်။ သို့ဖြင့် တက္ကသိုလ်အချို့မှာ ချွတ်ခြုံကျလုနီးအခြေသို့ရောက်သွားသည်။ ဘဏ္ဍာ ရေးအခက်အခဲကိုထေမိစေရန် တက္ကသိုလ်တချို့က ကျောင်းလခကိုတိုးမြှင့်ကောက်ခံသည်။ တချို့က ကျောင်းသားဦးရေတိုးချဲ့လက်ခံသည်။ သို့ဖြင့် ပညာ အရည်အသွေးနိမ့်ကျလာစရာရှိနေသည့်အတွက် စိုးရိမ်မှုကိုဖြစ်စေသည်။

တက္ကသိုလ်တချို့က သင်ကြားရေးနှင့် သုတေ သနဘက်တွင် ဂုဏ်ယူဝင့်ကြွားနိုင်စေရန် ၎င်းတို့၏ သင်ကြားရေးဝန်ထမ်းများ(ဆရာ၊ ဆရာမများ)ကို သုတေသနစာတမ်းများ ပိုမိုထွက်ရှိအောင် တွန်းအား ပေးနေကြသည်။ တချို့တက္ကသိုလ်များဆိုလျှင် ဆရာ၊ ဆရာမများ၏အကျိုးခံစားခွင့်၊ ဆုကြေးများနှင့် သုတေသနစာတမ်းအရေအတွက်ကိုချိတ်ဆက်ထား ခြင်းမျိုးပင်ရှိသည်။ ယင်းနည်းသည် တချို့နေရာတွင် အတုအယောင်စာတမ်းများဖြစ်ပေါ်မှုကို ဖန်တီးပေး သလိုရှိနေသည်။ သိပ္ပံသုတေသနများမှာ ဆန်းသစ် တီထွင်မှုမရှိလှ။ နိုင်ငံတကာအပေါ် ရိုက်ခတ်လွှမ်းမိုးမှု လည်းရှိခဲသည်ဟုဆိုသည်။

အားနည်းချို့ယွင်းချက်များ

တက္ကသိုလ်ဟူသည် ယဉ်ကျေးသည့် လူ့အဖွဲ့ အစည်း၏အကျိုးရလဒ်ဖြစ်ခြင်းကြောင့် ငွေကြေး သည် အဓိကကျသည့်အရာမဟုတ်။ တရုတ်နိုင်ငံတွင် ကမ္ဘာ့အဆင့်မီတက္ကသိုလ်များ ခေါင်းပါးရခြင်းမှာ ငွေ ကြေးရင်းနှီးမြှုပ်နှံမှုချို့တဲ့ခြင်းကြောင့်ဆိုသည့်သဘော တရားကို ပါမောက္ခယန်းကငြင်းဆိုသွားသည်။ တက္ကသိုလ်များ အဓိကလိုအပ်သည်က လွတ်လပ်စွာ ဆောင်ရွက်နိုင်သည့်စိတ်ဓာတ်ပင်ဖြစ်ကြောင်း သူက ယုံကြည်သည်။

တက္ကသိုလ်တစ်ခုသည် အနှစ်သာရအားဖြင့် ပညာရှင်များ(scholars)ပါဝင်သည့် ကိုယ်ပိုင်အုပ် ချုပ်ရေးအဖွဲ့ပင်ဖြစ်ကြောင်း၊ ယင်းသည်ပင် ခေတ် သစ်ပညာရေးစနစ်၏ မဏ္ဍိုင်ဖြစ်ကြောင်း ပါမောက္ခ ယန်းကရှင်းပြသည်။ သို့သော် တရုတ်တက္ကသိုလ်များ ၏စီမံကွပ်ကဲမှုတွင်သဘောတရား အရောင်ဆိုးခြင်း များရှိနေသည်။ တက္ကသိုလ်များတွင်ပညာရှင်များ၏ အဆင့်နိမ့်ကျနေမှုကြောင့်လူငယ်ပညာရှင်တချို့သည် ၎င်းတို့အတွက် အလားအလာရှိနိုင်မည့်သင်ကြားရေး အသက်မွေးဝမ်းကျောင်းအလုပ်ကိုစွန့်ပစ်ပြီးအခြား ဌာနများသို့ ဦးလှည့်နေကြသည်။

ကွပ်ကဲမှုစနစ် ပြောင်းလဲရမည်

ပညာရေးဘက်တွင် ကျွမ်းကျင်သူတချို့၏အလို အရ တရုတ်နိုင်ငံတွင် ပထမတန်းစားတက္ကသိုလ် များတည်ထောင်ရန် အဓိကသော့ချက်မှာ အုပ်ချုပ် ရေးမှူးကြီးစိုးသည့်စနစ်မှပညာရှင်ကြီးစိုးသည့်စနစ်သို့ ကူးပြောင်းရေးပင်ဖြစ်သည်ဟုယုံကြည်သည်။ ထိုသို့ လုပ်ဆောင်ရန်မှာ ပြဿနာနှစ်ရပ်ကို ဖြေရှင်းရမည် ဖြစ်သည်။ ပထမအချက်မှာ တက္ကသိုလ်များကို လွတ်လပ်စွာ ဘယ်လိုစီမံကွပ်ကဲမည်၊ နှစ်အချက်မှာ သင်ကြားရေးဝန်ထမ်းများအား ခန့်အပ်ရာတွင် မျှတ မှုရှိရန်၊ ထင်သာမြင်သာဖြစ်ရန် ဘယ်ကဲ့သို့ ဖန်တီး စီစဉ်မည်၊ ၎င်းတို့၏သင်ကြားမှုဘက်တွင် လုပ်ဆောင် ရည်ကို ဘယ်လိုအကဲဖြတ်မည်ဆိုခြင်းပင်။

အနည်းငယ်မျှသော တက္ကသိုလ်များကအထက် ဖော်ပြပါလမ်းကြောင်းအတိုင်း ပြုပြင်ပြောင်းလဲမှု များကို စတင်နေပြီဖြစ်သည်။ ပမာအားဖြင့် ဆင်ဟွာ တက္ကသိုလ်သည် ပညာရှင်များနှင့်ပါမောက္ခများကိုစီမံ ကွပ်ကဲရေးအပိုင်းတွင် ပိုမိုတက်ကြွစွာ ပါဝင်လုပ် ဆောင်ရန် ဖိတ်ခေါ်လျက်ရှိနေကြောင်းပါ။

Ref:Beijing Review, Sept 6,2007.

တရုတ်၏ဂြိုဟ်တု တန်ပြန်ဖျက်ဆီးရေး စမ်းသပ်မှုအပေါ် အမေရိကန် စိုးရိမ်




အမေရိကန်ထိပ်တန်းစစ်ခေါင်းဆောင်တစ်ဦးက ၂၀၀၇ ခုနှစ် ဇန်န၀ါရီလတွင်းကပြုလုပ်ခဲ့သော
တရုတ်တို့၏ ဂြိုဟ်တု တန်ပြန်ဖျက်ဆိီးရေးစမ်းသပ်မှုသည်တရုတ်တို့၏ စစ်ရေးတည် ဆောက်မှုကို
ပိုမို၍ ထင်ရှားစေသည့် ကိစ္စရပ်အဖြစ် စိုးရိမ်မှုရှိကြောင်း နိုဝင်ဘာလ (၂၀)ရက်နေ့က ပြောကြားခဲ့
သည်။ ထိုအရာရှိက ဆက်လက်ပြောကြားရာတွင်၂၀၀၇ခုနှစ် သြဂုတ်လအတွင်းကတရုတ်ပြည်သို့
ရောက်ခဲ့စဉ်က အနာဂတ်စစ်အင်အားတောင့်တင်းရန်အဆင့်မြင့်နည်းပညာများအပေါ်တွင်ပြုလုပ်
နေသည့်ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် ယူဆရသည့်တရုတ်တို့၏ ဂြိုဟ်တုတန်ပြန်စစ်ဆင်ရေးစမ်းသပ်
မှုအပေါ်ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ မဟာဗျူဟာမြောက်ရည်မှန်းချက်ကိုမေးမြန်းခဲ့သည်ဟု
ဆိုသည်။ ထိုမေးခွန်းကို ယခုထက်တိုင်ဖြေကြားခြင်းမရှိဟုဆိုသည်။ တရုတ်တို့က ၂၀၀၇ခုနှစ် ဇန်
န၀ါရီလ (၁၁)ရက် နေ့က ၄င်းတို့၏ သက်တမ်းကြာမြင့်နေပြီဖြစ်သည့် ရာသီဥတုထောက်လှမ်းရေး
ဂြိုဟ်တု တစ်လုံးကိုဒုံးကျည်ဖြင့်ပစ်၍ဖျက်ဆီးလိုက်ခြင်းကအမေရိကန်၏ဂြိုဟ်တုများကိုလည်းဖျက်
ဆီးပစ်နိုင်သည့်အရေးအတွက်စိုးရိမ်မကင်းဖြစ်စေခဲ့သည်။ ဤစမ်းသပ်ချက်ကနောက်လာမည့်သုံး
နှစ်အတွင်းတရုတ်တို့သည် အမေရိကန်၏စစ်ရေးဆက်သွယ်မှုများကိုနှောင့်ယှက်ဖျက်ဆီးနိုင်တော့
မည်ဟူသည့် အချက်ပြမှုပင်ဖြစ်သည်ဟုဆိုသည်။ တရုတ်အရာရှိများက အမေရိကန်၏မေးခွန်းနှင့်
ပတ်သက်၍ ဤစမ်းသပ်မှုသည် ခြိမ်းခြောက်လိုသောစစ်ရေးသဘော လက္ခဏာများမရှိပါဟူ၍သာ
တုံ့ပြန် ပြောကြားသည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးရောဘတ်ဝိတ်ကနိုဝင်ဘာလအစောပိုင်း
တွင်ဘီဂျင်းသို့ရောက်ရှိခဲ့စဉ်ကဤစမ်းသပ်မှုအတွက်စိုးရိမ်မကင်းရှိကြောင်းပြောကြားခဲ့သော်လည်း
ထိုကိစ္စရပ်နှင့်ပတ်သက်၍ ဆွေးနွေးမှုများထပ်မံ၍ ပြုလုပ်ခြင်းမျိုးမရှိခဲ့ကြောင်း ပြောကြားသည်။
(အေအက်ဖ်ပီ)၂၀၀၇ခုနှစ် နိုဝင်ဘာ ၂၁ရက်နံနက် (၉း၃၀)

MMA

မြန်မာဆရာမပူးတွဲရေးသည့် စီးပွားရေးပညာစာအုပ် နိုင်ငံတကာတက္ကသိုလ်ကြီးများတွင် သင်ရိုးညွန်းတမ်း ပြဌာန်း




စင်ကာပူနိုင်ငံရှိ နန်ယန်းတက္ကသိုလ်တွင် ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်နေသောမြန်မာအမျိုး
သမီးတစ်ဦးပါဝင်ရေးသားသော စီးပွားရေးပညာရပ်ဖြစ်သည့် Advertising နှင့်ပတ်သက်သောစာ
အုပ်ကိုနိုင်ငံတကာတက္ကသိုလ်ကြီးများတွင်သင်ရိုးညွှန်းတမ်းအဖြစ်ထည့်သွင်းသင်ကြားနေကြောင်း
သိရသည်။စာအုပ်အမည်မှာ Advertising Principles Effective IMC Practice ဖြစ်ပြီး Nan yang
Technological တက္ကသိုလ်မှ ဒေါက်တာ ဒေါ်မေလွင် အပါအ၀င် Minnesota တက္ကသိုလ် မှ
Mr.Willian Wells၊ Colorado တက္ကသိုလ်မှMr.John Burnett တို့မှ ရေးသားခြင်းဖြစ်သည်။ ယင်း
စာအုပ်ကို Minnesota, Colorado, Denver နှင့် Nanyang စသည့် တက္ကသိုလ်ကြီးများတွင် သင်
ကြားလျက်ရှိသည်။ စာအုပ်တန်ဖိုးမှာ စင်ကာပူဒေါ်လာ ၆၀ ပေးရကြောင်း သိရသည်။ အဆိုပါ စာ
အုပ်ကို ၂၀၀၇ခုနှစ်တွင် စတင်၍ Pearson Education South Asia Pet.Ltd မှမူပိုင်ထုတ်ဝေခြင်း
ဖြစ်သည်။ စာကြည့်တိုက် နံပါတ်မှာ ISBN 978-013-167660-2, 167660-1 ဖြစ်သည်ဟု ၂၀၀၇
ခုနှစ် နိုဝင်ဘာလ (၂၂)ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင်ဖော်ပြထားပါသည်။

၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲအားကစားကွင်း ဆောက်လုပ်ရေးအလုပ်သမားများ ခြိမ်းခြောက်မှု ဖြစ်




ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် လုပ်ခစရိတ်အငြင်းပွားမှုပြဿနာကြောင့် ၂၀၁၀ ကမ္ဘာ့ဖလားအတွက် ရည်ရွယ် ဆောက်လုပ်နေသည့်အားကစားကွင်းများ ရှိဆောက်လုပ်ရေးလုပ်ငန်းများကိုရပ်ပစ်ရန် အလုပ်သမား များကခြိမ်းခြောက်လျက်ရှိကြောင်း အေပီသတင်းအရသိရသည်။
ဆောက်လုပ်ရေးလုပ်သားများကိုလည်း ကိုယ်စားပြုသောမိုင်းအလုပ်သမားများသမ ဂ္ဂမှ ပြောခွင့်ရပုဂ္ဂိုလ်က ဒါဘန်မြို့၌ တောင်းဆိုထားသောအလုပ်သမားများ၏ တောင်းဆိုချက်များသာမရရှိခဲ့ပါကလက်ရှိ လက်ရှိ ဆောက်လုပ်နေသော အားကစား ကွင်း၁၀ကွင်းရှိ အလုပ်ရှင်များကိုတစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် သပိတ် မှောက်မှု စတင်လိမ့်မည်ဖြစ်ကြောင်းပြောခဲ့သည်။ ဒါဘန်ရှိသပိတ်မှောက်အလုပ်သမားရာ ပေါင်းများစွာသည် မိုးဇတ်မာဘီဒါအားကစား ကွင်းလုပ်ငန်းခွင်တွင်ပြီးခဲ့သည့်တစ်ပတ် မှစ၍လုပ်ခငွေနည်းပါးမှုကိုဆန့်ကျင်သော အားဖြင့် ဗုဒ္ဓဟူးနေ့ကမြို့တော်ခန်းမသို့ချီ တက်ဆန္ဒပြခဲ့ကြသည်။ ၂၀၁၀ကမ္ဘာ့ဖ လား ကျင်းပရေးဒေသခံ ကော်မတီမှအမှု ဆောင်အရာရှိကမူ“ကျွန်တော်တို့ကမနက်ဖြန်မှာ မြို့တော်တာဝန်ခံနဲ့တွေ့ဖို့ရှိပါတယ်။ သူကတိုးတက်မှုကိုအစီရင်ခံမှာဖြစ်ပြီးဘယ် အငြင်းပွားမှုကိုမဆိုမြန်နိုင်သမျှအမြန်ဆုံး အချိန်အတွင်း ဖြေရှင်းရမှာပါ” ဟုတောင် အာဖရိကသတင်းအဖွဲ့သို့ပြောခဲ့သည်။

အလုပ်သမားသမဂ္ဂသည် တစ်နာရီအတွက်အနိမ့်ဆုံးလုပ်ခ ၁.၆၂ဒေါ်လာ တောင်းဆိုထားပြီး အလုပ်သမား တစ်ဦးစီအတွက် တစ်လလျှင်စီမံကိန်းဆုကြေး ၂၂၁.၄၆ဒေါ် လာနှင့်လုပ်ငန်းခွင် အန္တရာယ် ကင်းရေး ကိစ္စ များတိုးတက်မှုရှိရန် လိုလားလျက်ရှိသည်။ ၂၀၁၀ကမ္ဘာ့ဖလားအတွက်အကြိုပွဲစဉ်များ မဲနှိုက်ရွေးချယ်ခြင်းကို လာမည့်အပတ်၌ ဒါ ဘန်မြို့၌ပြုလုပ်ရန်စီစဉ်ထားပြီးဖီဖာမှကိုယ် စားလှယ်ပေါင်း၃၀၀၀ကျော်သည်ဒါဘန် သို့ မဲရွေးချယ်ပွဲအတွက်နိုဝင်ဘာ၂၅တွင် ရောက်ရှိကြမည်ဖြစ်ရာယခုအလုပ်သမား သပိတ်ကခြိမ်းခြောက်မှု တစ်ခုဖြစ်နေသည်။

Premier Wen attends ASEAN plus three summit, makes 5-point proposal



Chinese Premier Wen Jiabao (1st L, front) attends the 11th ASEAN (the Association of Southeast Asian Nations) Plus Three Summit in Singapore on Nov. 20, 2007. (Xinhua Photo)

SINGAPORE, Nov. 20 (Xinhua) -- Chinese Premier Wen Jiabao attended the 11th ASEAN plus Three Summit in Singapore on Tuesday, and made a five-point proposal on strengthening and deepening cooperation among the 10 ASEAN states and China, Japan and South Korea.

"2007 marks the 10th anniversary of the ASEAN plus Three (China, Japan and South Korea) mechanism. Over the past decade, more than 50 dialogue mechanisms and about 100 cooperation projects within the 10+3 framework have been launched, which enhanced the cohesive force among countries in East Asia and promoted prosperity in this region," Wen said in a speech at the summit.

"Fostering a model of cooperation based on equal participation and a step-by-step approach, and by seeking common ground while putting aside differences, building consensus and achieving common development, the 10+3 mechanism has set a good example of promoting cooperation in Asia under new historical circumstances," he added.

"The 10+3 mechanism has entered a new stage currently, facing new opportunities and challenges," the premier said, adding that the attending countries have "set the goal of ensuring peace, stability and prosperity for East Asia" and "charted the course for future development of 10+3 cooperation."

Premier Wen further put forward a five-point proposal on strengthening and deepening cooperation among 13 countries, namely,

-- to respect each other and treat each other as equals to ensure that all countries live in harmony;

-- to uphold common interests and promote common development and prosperity;

-- to take a coordinated approach and achieve comprehensive and balanced economic and social development in East Asia;

-- to respect the realities in East Asia and to explore and develop models and ways of cooperation that are compatible with the diversity of the region;

-- to be open and inclusive so as to achieve the long-term goal of an East Asian community by drawing on each country's strength.

The premier also renewed China's promise to build friendship and partnerships with its neighbors and actively participate in regional cooperation.

"China strives to develop a peaceful, harmonious and prosperous Asia, together with all the other states in the mechanism," Wen stressed.

Other leaders said that against the backdrop of globalization, all the countries in the region not only face good opportunities for development, but also meet common problems and challenges.

They said, "Strengthening 10+3 cooperation is the general trend and common desire of all the countries. We should continue to support and promote the integration process of ASEAN and to move toward the goal of ASEAN community through ASEAN Plus Three as the major channel."

Musharraf to quit as army chief by weekend

Source: Xinhua | 11-21-2007 15:51

President General Pervez Musharraf speaks during a question and answer programme at The President's House in Islamabad. A new caretaker prime minister and cabinet members will take oath of office Friday. (Xinhua/AFP Photo)

ISLAMABAD, Nov. 21 (Xinhua) -- Pakistani President General Pervez Musharraf may quit as Army Chief by the weekend, the Attorney General Malik Muhammad Qayyum said on Wednesday.

If the Supreme Court announces verdict by Thursday or Friday, then Musharraf may doff uniform by the weekend, Malik Qayyum said when talking to reporters at the Supreme Court building.

"The issue of President Musharraf uniform is now a matter of days," Malik Qayyum said.

Musharraf's re-election bid was challenged in the Supreme Court and five of the six petitions have already been dismissed. The court is set to announce on Thursday or Friday a verdict on the last one petition.

Musharraf achieved a crushing victory in the presidential elections on Oct. 6 according to local press reports. However, the Supreme Court had stopped the Election Commission from issuing an official notification of the elections unless the court gives a final verdict on the petitions.

Musharraf has insisted that he will take oath as a civilian president for the next five-year term.

Editor:Zhang Pengfei

ကင်ဆာလေ့လာရေးငွေကြေးများအလဟဿဖြစ်ခဲ့ရ





အလှူအတန်းအဖွဲ့အစည်းများနှင့် အခွန်ထမ်းပြည်သူများက ထည့်ဝင်ခဲ့ကြသော ကင်ဆာသုတေသနလုပ်ငန်းအတွက် အသုံးပြုခဲ့ရသောသန်းပေါင်းများစွာသော ငွေများသည် အဟောသိကံဖြစ်ခဲ့ရသည် ဟုဘီဘီစီမှဖော်ပြခဲ့သည်။file on 4 အ မည်ရှိအစီစဉ်က ထောင်နှင့်ချီသောလေ့ လာမှုများတွင်မသမာမှုများတွေ့ရှိခဲ့ကြရ သည်။ ထို့အပြင် တချို့သိပ္ပံပညာရှင်များ သည် တကယ့်လူသားကင်ဆာဆဲလ်များ ဖြင့် သုတေသနပြုလုပ်နေကြောင်းသေချာစေမည့်ရိုးရှင်းသောစစ်ဆေးမှုများကို လည်းပြုလုပ်ခဲ့ခြင်းမရှိသည်ကိုလည်းတွေ့ရှိ ခဲ့သည်။ အထင်ရှားဆုံးဥပမာတစ်ခုမှာ အ စာ၊ရေမျိုလမ်းကြောင်းကင်ဆာသုတေသ နလုပ်ငန်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နိုင် ငံတကာအဖွဲ့တစ်ခုနှင့်အတူ အလုပ်လုပ်ခဲ့ ရသော ဒေါက်တာခရစ်တီဆီလီပစ်က လွန်ခဲ့သည့်အနှစ် ၂၀ကတည်းကဓါတ်ခွဲ ခန်းများတွင်အသုံးပြုခဲ့ကြသော ကင်ဆာ ဆဲလ် လက်တွေ့မွေးမြူခြင်းတွင်ကင်ဆာ အတုဖြစ်ကြောင်းတွေ့ရှိခဲ့ရသည်။


ဒေါက်တာ တီဆီလီပစ်က “ကျွန်တော် တို့လေ့လာမှုတွေကိုဆဲလ်အမျိုးအစားအများအပြားမှာ အခြေပြုပြီးလုပ်ခဲ့လို့ ကံကောင်းတယ်လို့ပြောရပါတယ်။ အမှားရဲ့ ထိခိုက်မှုကကျွန်တော်တို့ကိုအနည်းငယ်သာ ထိခိုက်ခဲ့ပါတယ်။ ဒါပေမဲ့ တခြားဒေသတွေက သုတေသနလုပ်ငန်းတွေကတော့ ဆဲလ်တစ်မျိုးပေါ်မှာပဲ အခြေပြုပြီးကောက်ချက်တွေ အမြောက်အမြားချခဲ့လိမ့်မယ်ဆိုတာသေချာပါတယ်။ ဒီလိုပြဿနာမျိုး တွေမှာလူတွေရဲ့လေ့လာမှုကထွက်ပေါ် လာတဲ့ကောက်ချက် တွေကြောင့်ထိခိုက်မှု တွေဖြစ်နိုင်ပါတယ်”ဟုပြောကြားခဲ့သည်။ သိပ္ပံပညာရှင်အနည်းငယ်ကသာထိုကဲ့သို့ အမှုများဖြစ်ပွားခဲ့ကြသည်ကိုဝန်ခံခဲ့ကြ သည်။

ပြဿနာမှာ မှားယွင်းသောသုတေသန အချက်အလက်များပေါ်တွင်အခြေတည် ထားသောလေ့လာမှုများသည် ဂုဏ်သရေ ရှိဂျာနယ်များတွင်ဖော်ပြခံခဲ့ရပြီး၊ လူများ လက်ခံထားသည့်သုတေသနစာတမ်းများ ဖြစ်ခဲ့ကြသည်။ ထိုအချက်ကအနာဂတ် သုတေသီများကို လမ်းကြောင်းမှားကိုဦး တည်မိသလိုဖြစ်စေသည်။ ယခုနှစ်အစော ပိုင်းကလည်းအမေရိကန်နှင့်ဗြိတိန်မှထင် ရှားသော ကင်ဆာအထူးကုများက အချိန်ကုန် လူမနိုင်၊ ငွေကြေးအဖိတ်အစင်များသော ထိုလေ့လာမှုများကိုတင်းတင်းကျပ်ကျပ်ကိုင် တွယ်ရန်တင်ပြခဲ့သည်။ သို့သော်အမေရိကန် အာဏာပိုင်များကထုတ်ဝေရေးလုပ်ငန်းနှင့် သုတေသနများကြားညှိနှိုင်းလုပ်ကိုင် ကြရန်သာပြန်လည်တုံ့ပြန်ပြောဆိုခဲ့ သည်။

တရုတ်အလှကုန်ပစ္စည်းများ အန္တရာယ်ရှိသည့် ပစ္စည်းများအဖြစ်သတ်မှတ်


တရုတ်အစိုးရမှ ပြည်တွင်းတွင် ထုတ်လုပ်သည့် အလှကုန်ပစ္စည်းအချို့ ကို အန္တရာယ်ရှိသည့် ပစ္စည်းများအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာ လိုက်သည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကျန်းမာရေး ၀န်ကြီးဌာနမှ ပြည်တွင်းဖြစ် အလှ ကုန်ပစ္စည်း ၁၀ မျူိးအား အန္တရာယ်ရှိ သောကြောင့် ယခုကဲ့သို့ နာမည်ပျက် စာရင်းတွင် ထည့်သွင်းခြင်းဖြစ်ပါသည်။

ထိုအထဲမှ ၉ မျိုးမှာ ၀မ်ဂူးရှည်မယ် အလှကုန်ထုတ်လုပ်ရေး ကုမ္ပဏီမှ ဖြစ်ပြီး ၄င်း ပစ္စည်းများတွင် အရည်အမျူိး အစား အလှကုန်ပစ္စည်း၊ မျက်နှာ ပေါင်းတင် ပစ္စည်း စသည်များ ပါဝင်သည်။ ကျန်အလှကုန် ပစ္စည်း တမျိုးမှာ ဂျီလာမန် အလှကုန် မစည်း ထုတ်လုပ်ရေးမှဖြစ်ပြီး မျက်နှာအလှပြင် ပစည်း တမျိုး ဖြစ်ပါသည်၊ ၄င်း ကုမ္ပဏီ ၂ ခုစလုံးသည် တရုတ်ပြည် တောင်ပိုင်း ကွမ်တုန် ပြည်နယ်တွင် တည်ရှိပြီး ၄င်း အလှကုန် ၁၀ မျိုးစလုံးမှာ ကလိုရမ် ဖင်နီကော အန္တာရယ်ရှိစေသည့် ပဋိဇီဝ ပစ္စည်းနှင့် ဒစ်စတာာဇုံ ဆိုသည့် ဘေးထွက် ပစ္စည်းများ ပါဝင်ပါသည်။ ဒစ်စတယ်မီတာဇုံ ဆိုသော ဘေးထွက်ပစ္စည်းသည် အလှကုန်ထဲ၌ ထဲသွင်းပြုလုပ်တဲ့ အခါ သုံးစွဲသူများ အား အစောပို်င်းမှာ အသားရည် လပနေသရောင် ထင်ရသော် လည်း ကြာရှည်လာသည်နှင့် အမျှ အရေပြားသည် ပါး လွှာပြီး အရောင်ပြောင်း လာကာ အရေပြားရောဂါများ လည်း ၀င်ေ၇ာက်လာပါတော့သည်၊ ၄င်း ဒစ်စတယ် မီတာဇုံ ပါသည့် အလှကုန်ပစ္စည်းကို ဆက်လက် မသုံးစွဲဘဲ ရပ်ဆိုင်းလိုက်သည့် အခါတွင် အရေပြားသည် ရုတ်တရက် ခြောက်သွေ့ လာသည်အပြင် နေပူဒဏ်ကို မခံနိုင်တော့ပဲ အနီကွက်များ ထွက်ပေါ်လာသည်ဟု ပညာရှင်များ၏ သတိပေးစာတမ်းများတွင် ဖော်ပြ ထားပါသည်

အမေရိကန် ပြည်ထောင်စုတွင် ၂၀၀၇ခုနစ် အတွင်း ဖေဖော်ဝါရီလ၌ တရုတ် နိုင်ငံလုပ် ကလေးလက်စွပ်များမှာ အန္တာရယ် ဖြစ်စေသည့် ခဲအဆိပ်များ တွေ့ ရှိခဲ့ရသဖြင့် လက်စွပ်သုံးသိန်း ရှစ်သောင်းကျော် ပြန်လည် သိမ်းဆီး ခဲ့ရ သည်။ မတ်လ တွင် အလေးကစားစရာ ရထားခေါင်း များတွင် ခဲဓါတ်များပါဝင်သဖြင့် တသိန်းနှစ်သောင်း ရှစ်ထောင် ကျော် ပြန်သိမ်းခဲ့ရသည်။အေပြီလ အတွင်းမှာလည်း တရုတ်ပြည်မှလာသည့် အိမ်မွေးတရိစ္ဆာန်များအတွက် အစား အစာ များကိုစားမိရာမှ အဆိပ်သင့်သဖြင့် အိမ်မွေးတရိစ္ဆာန် ရာပေါင်းများစွာ သေဆုံးခဲ့ရသည်။ ဇွန်လတွင် တရုတ် ပြည်မှ တင်သွင်းသည့် သွားတိုက်ဆေးများတွင် အသည်း ကျောက်ကပ် နှင့် အာရုံကြောများကို ပျက်စီးစေ သည့် အဆိပ်ဓါတ် ဂလိုက်ကော ပါဝင်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။

source:hittaing

Wednesday, November 21, 2007

ပြည်ပနိုင်ငံများမှ လောင်စာဆီနှစ်စဉ် မှာယူတင်သွင်းမှု အမေရိကန်ဒေါ်လာ သန်းခြောက်ရာ ကျော်ဖိုးရှိဟုဆို



မြန်မာနိုင်ငံတွင်ပြည်တွင်းလိုအပ်ချက်အရ ပြည်ပမှ နှစ်စဉ်လောင်စာဆီ အမေရိကန်ဒေါ်လာသန်း
ခြောက်ရာကျော်ဖိုးဝယ်ယူတင်သွင်းနေရကြောင်း နိုဝင်ဘာ၃ရက်နေ့တွင်ပြုလုပ်သော မြန်မာနိုင်ငံ
အင်ဂျင်နီယာအသင်း၏ စွမ်းအင်ဆိုင်ရာစာတမ်းဖတ်ပွဲအခမ်းအနား၌ စွမ်းအင်ဝန်ကြီးဌာနစွမ်းအင်
စီမံရေး ဦးစီးဌာနမှညွှန်ကြားရေးမှူးဦးထင်အောင်ကပြောသည်။ ကျွန်တော်တို့ပြည်တွင်းမှာလိုအပ်
တဲ့လောင်စာဆီတွေကို တတ်နိုင်သမျှထုတ်ပါတယ်။ ဒါပေမဲ့ပြည်တွင်းလိုအပ်ချက်ကို မဖြည့်ဆည်း
ပေးနိုင်တဲ့အတွက် ပြည်ပကနေ လိုအပ်တဲ့ လောင်စာဆီကို နှစ်စဉ်အမေရိကန်ဒေါ်လာသန်း ၆၀၀
ကျော်ဖိုးလောက်ဝယ်ယူတင်သွင်းနေရပါတယ်ဟုဦးထင်အောင်ကပြောသည်။ပြည်တွင်းမှာလိုအပ်
တဲ့ဓါတ်ဆီ၊ ဒီဇယ်ဆီနဲ့ အခြားလောင်စာဆီတွေ ချက်ဖို့အတွက် လိုအပ်တဲ့ကုန်ကြမ်းကို ရဲတံခွန်သ
ဘာဝဓါတ်ငွေ့စီမံကိန်းက ယူရပါတယ်။ ယူပြီးတော့သန်လျင်ရေနံချက်စက်ရုံမှာချက်ပါတယ်။ အဲဒီ
လိုချက်တဲ့အခါမှာ ဓါတ်ဆီကတော့ လိုတာထက် ပိုရပါတယ်။ ဒါပေမဲ့ ဒီဇယ်ဆီကတော့ ထွက်တာ
တော်တော်နည်းပါတယ်။ အဲဒါကြောင့် ဒီဇယ်ဆီ အပါအ၀င် အခြားလိုအပ်တဲ့ လောင်စာဆီတွေကို
အထက်မှာပြောခဲ့သလိုပဲ ပြည်ပက နှစ်စဉ်ဝယ်ယူနေရပါတယ်ဟု ဦးထင်အောင်ကဆိုသည်။ ကျွန်
တော်တို့ ပြည်တွင်လိုအပ်ချက်အရ လောင်စာဆီတွေကို ၀ယ်ယူနေရပေမယ့် ရတနာ၊ ရဲတံခွန်စီမံ
ကိန်းကထွက်တဲ့ သဘာဝ ဓါတ်ငွေ့တွေကိုလည်း ထိုင်းနိုင်ငံကို အများအပြား ရောင်းချနေပါတယ်။
စရောင်းတာကတော့ ၁၉၉၂ခုနှစ်ကပါ။ အဲဒီတုန်းက ပြည်တွင်းလိုအပ်ချက်ကလည်း မရှိသေးဘူး။
ပြီးတော့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ကလည်း (ဘဏ္ဍာငွေ) လိုနေတဲ့အတွက် ရောင်းတဲ့အခါမှာ ကျွန်
တော်တို့ အလွန်ကောင်းတဲ့ဈေးနှုန်းတစ်ခုကို ရခဲ့ပါတယ်။ နိုင်ငံ တော်တော်များများကလည်း ပြော
ကြပါတယ်။ မြန်မာနိုင်ငံကရတဲ့ဈေးဟာကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှ မရဖူးတဲ့ဈေးလို့ဆိုကြပါတယ်ဟု
ဦးထင်အောင်ကပြောသည်။ထို့ပြင်မြန်မာနိုင်ငံသည်သဘာဝဓါတ်ငွေ့ရောင်းချမှု၌(အရောင်းချဆုံး)
ကမ္ဘာပေါ်တွင် နံပါတ်၁၀အဆင့်တွင်မီပြီး အာရှတွင်အင်ဒိုနီးရှား၊မလေးရှားနိုင်ငံတို့ထက်ပို၍နံပါတ်
တစ်အဆင့်ရှိကြောင်းဦးထင်အောင်ကထပ်လောင်ပြောကြားသွားသည်ဟု ၂၀၀၇ခုနှစ်နိုဝင်ဘာလ
(၂၀)ရက်နေ့ထုတ် The Myanmar Nation ဂျာနယ်တွင်ဖော်ပြထားပါသည်။