Thursday, December 6, 2007

Beijing airport to be among world´s busiest 5

Source: Xinhua | 12-06-2007 15:44

Special Report: 2008 Beijing Olympic Games

BEIJING - Beijing Capital International Airport (BCIA) is expected to become one of the world's top five busiest airports by the end of next year.

BCIA said that it will have seen more than 64 million passenger departures and arrivals by the end of 2008, the People's Daily overseas-edition reported Thursday.

Since the beginning of this year, the only international airport of the Chinese capital handled 50 million passengers as of 10:40 a.m. Wednesday, ranking it among the world's top 10 busiest airports.

Atlanta and Chicago of the US, London of the UK and Tokyo of Japan have the world's busiest airports by both passengers and cargo volumes in past years, latest available statistics show.

A new terminal building is now under construction, largely in order to meet high demands of air transportation during the Olympic season next year.

With No. 3 Terminal being completed in February 2008, the three terminals of the airport would have a total annual transport capacity of about 82 million passengers, the newspaper said.

Besides the terminal construction project, BCIA has invested nearly two billion yuan (US$266 million) in upgrading its security checks, service counters, luggage systems and information systems.

The General Administration of Civil Aviation of China (CAAC), a regulator oversees China's air transportation, released earlier that it has proposed to build a second international airport in southern suburbs of Beijing.

The proposals are now reviewed by the National Development and Reform Commission (NDRC) and the final decision will be made by the State Council.

The second international airport, proposed to begin building in 2010 in Daxing District, is expected to alleviate already overheated ground traffic to BCIA and accommodate much more transcontinental flights to China in the years to come, a CAAC official said.

Editor:Zhang Ning

Car bombings kill 23 in Iraq as U.S. defense chief visits Baghdad

Source: Xinhua | 12-06-2007 07:49

Special Report: Iraq in Transition
U.S. and Iraqi soldiers inspect the wreckage of a car at the site of a bomb blast in Kirkuk Dec. 5, 2007. (Xinhua/AFP Photo)

BAGHDAD, Dec. 5 (Xinhua) -- Car bombings popped up across Iraq on Wednesday, killing at least 23 people and leaving dozens wounded as the U.S. Defense Secretary Robert Gates is visiting here to press for political reconciliation.

In Baghdad, at least 15 people and 28 injured when a car bomb went off at about 5 p.m. (1400 GMT) in the Karada neighborhood in central Baghdad, according to a local police source.

The explosion also caused damage to a Shiite mosque.

Earlier in the day, a car bomb went off in central Baquba City, the capital of Iraq's Diyala Province northeast of Baghdad, killing five people and wounding 15 others, a provincial police source told Xinhua.

"A car bomb parked in a crowded area in downtown the city of Baquba detonated around midday, killing five civilians and wounding 15 others," the source from the provincial police operations office said on condition of anonymity.

Another car bomb struck the northern city of Mosul, killing a civilian and wounding seven others, the police said.

Brigadier Muhammad al-Waggaa, deputy police chief of Nineveh province, where Mosul located, told Xinhua that the blast targeted a passing police patrol, but missed its target, causing civilian casualties instead.


Iraqi policemen inspect the wreckage of a car at the site of a bomb blast in Kirkuk Dec. 5, 2007. (Xinhua/AFP Photo)

The fourth attack took place in Kirkuk City, 250 km north of Baghdad, killing at least two people and wounding 10 others, the city police chief Brigadier Burhan Wasif said.

The blast apparently targeted a convoy of the Kurdish Peshmerga forces, guarding a police chief, but also missed its target, Wasif said.

The string of attacks overshadowed the visit by U.S. Defense Secretary Robert Gates, who is expected to urge the Iraqi leaders to take advantage of the recent security pickup to achieve political reconciliation.

A Defense Ministry spokesman reportedly said that Gates intended to value "the considerable progress that has been made since his last visit" in September.

He will be meeting Iraqi leaders including both Prime Minister Nuri al-Maliki and President Jalal Talabani "to get a take on the situation and see what more can they can do to capitalize on the gains made since the surge of US forces in Iraq," Pentagon press secretary Geoff Morrell was quoted as saying.

Editor:Zhang Pengfei

သြော်

မြူတွေက မနက်ရှစ်နာရီကျော် ပေမယ့် ကောင်းကောင်းမကွဲသေး။ ရန်ကုန်ဆောင်းက ချမ်းခဲလှတာမို့ ချမ်းတုန်ချမ်းခိုက်အေးသည့် အရသာလေးကိုနှစ်သက်စွာခံစားလို့။
ဂျာနယ်တွေကိုဗန်းပေါ်မှာ ဖြန့် ခင်းရင်းသူ့မျက်လုံးတွေကလမ်း တစ်ဖက်ဆီသို့ မကြာခဏရောက် လျက်။
စာမရေးတတ်လို့၊ စာများရေး တတ်ရင်သူမြင်နေရတဲ့မြင်ကွင်းလေး ကို စာရေးလိုက်ချင်ရဲ့။
ကြည့်လေ..မြူမကွဲတကွဲ မှာ ဖယ်ရီစောင့်နေတဲ့အစ်မလေးတစ် ယောက် (သူ့ထက်ငယ်ပေမယ့် ကောင်မလေးလို့မသုံးရဲ)ဈေးသည် ဆိုတာက ..ကိုယ့်ထက်ငယ်တဲ့ ၀ယ်သူကိုတောင် အစ်မ၊ အစ်ကိုလို့ လေးစားသမှုနဲ့ခေါ်ရတာပဲ။
ပုဂ္ဂလိကဘဏ်တစ်ခုမှာလုပ် နေတယ်ဆိုတာဖယ်ရီကားပေါ်က ဆံဆိပ်ကြီးကြီးရယ်၊ အစ်မလေး ရင်ဘတ်ကတံဆိပ်ရင်ထိုးလေးရယ် ကြောင့်သိသာပါတယ်။
အဲဒီအစ်မလေးကဖယ်ရီစောင့် ရင်းနဲ့သူ့ဆိုင်ဘက်ကိုလည်းကွက် ကြည့်၊ ကွက်ကြည့်သူ့ကိုကြည့်တာလို့ အထင်မကြီးလိုက်ပါနဲ့ဦးနော်။ သူ့လို လမ်းဘေးဈေးသည်အိမ်ထောင် သည် ယောက်ျားတစ်ယောက်ကို ဘယ်မိန်းကလေးကကြည့်မှာလဲ။
သူ့ကိုကြည့်တာမဟုတ်ဘူး။သူ့ ဆိုင်မှာ ဂျာနယ်လာဝယ်နေကျ အစ်ကိုလေးတစ်ယောက်ကိုကြည့် တာလေ။
သူ့အတွက်ကတော့တစ်ပတ် ငါးရက်မှာဗုဒ္ဓဟူးတစ်ရက်ကလွဲပြီး ကျန်တဲ့ရက်လေးရက်မှာမနက်ပိုင်း ရုပ်ရှင်တစ်ခုကိုကြည်ကြည်နူးနူးကြည့် နေရသလိုပင်။
မကြာခင် ပိုပြီးလှပတဲ့ ရုပ်ရှင် တစ်ခုအဖြစ်အသက်ဝင်လာဦးမယ် လို့လည်းထင်နေမိတယ်။
မထင်ဘဲနေနိုင်ရိုးလား။ အစ်ကိုလေးကလည်း ဂျာနယ်သာ ၀ယ်နေတာ။ မျက်လုံးကအစ်မလေး ရှိနေရာကို ဝေ့ခနဲ၊ ကွက်ခနဲကြည့် တတ်တယ်။ အစ်မလေးနဲ့များ အကြည့်ချင်းဆုံရင်နှစ်ယောက်သား ပြုံးလိုက်ကြသေး။
သူ့ဆီမှာတစ်ပတ်လေးစောင်၊ လေးရက်လာဝယ်တဲ့အစ်ကိုလေးကို သူအားမရလိုက်တာ။ ဒီလောက် အကြည့်ချင်းတွေဆုံ၊ အပြုံးတွေ ဖလှယ်နေကြမှတော့ဖွင့်ပြောလိုက် ပါလားလို့ပေါ့။
အစ်မလေးကလည်း အစ်ကို လေး ဂျာနယ်လာဝယ်တတ်တာကို သိနေတာမို့ အစ်ကိုလေးမလာမချင်း သူ့ဆိုင်ကိုကွက်ကြည့်ကွက်ကြည့်၊ ပထမလာတဲ့ဖယ်ရီကို အစ်ကိုလေး မလာသေးရင်မစီး။ ဒုတိယဖယ်ရီကို မိုးတိုးမတ်တတ်နဲ့သာစီးသွားတတ် တယ်။ ဒါကိုအစ်ကိုလေးသိချင်မှသိ မှာပေါ့။ အစ်ကိုလေးကဂျာနယ်ဝယ်၊ ကွက်ကြည့်ကွက်ကြည့်လုပ်၊ပြုံးတုံ့တုံ့ လုပ်ပြီးတာနဲ့ပြန်သွားတာ။ သူက သာ ဂျာနယ်ရောင်းရင်း၊ အစ်မလေး ပထမဖယ်ရီမမီလို့၊ ဒုတိယဖယ်ရီကို ဒုက္ခခံစီးသွားတာသိတာ။ ပြောချင် လိုက်တာလည်း ပါးစပ်ကိုယားလို့။ ဒါပေမဲ့သူနဲ့မှ မဆိုင်တာဘဲနော်။ လူငယ်လေး နှစ်ယောက်ရဲ့မပွင့်လင်း သေးတဲ့ ဇာတ်လမ်းလေးကိုကြည် နူးစွာ ကြည့်နေခွင့်ပဲရှိတာပဲ။
ဟော ဟိုမှာ အစ်ကိုလေးကား ရောက်လာပြီ။ အင်း ဒီနေ့တော့ အစ်မလေးပထမဖယ်ရီမီပြီပေါ့။
___
ဟင်း...တော်ပါသေးရဲ့။
ကိုယ်တော်ချောက စောစော လာလို့။ နို့မို့ဆို ဒုတိယဖယ်ရီက ကိုယ့်ဖယ်ရီမဟုတ်တော့နေရာမရ ဘူးလေ။ ရုံးအရောက်မတ်တတ်ရပ် သွားရမှာ။
ဒီမနက်ဒီလောက်အေးနေ တာ။ စွပ်ကျယ်လက်တိုနဲ့အမြဲတမ် အိမ်နေအင်္ကျီနဲ့မြင်နေကျဆိုတော့ ဒီအနီးအနားတစ်ဝိုက်မှာနေတာပဲဖြစ် မှာပေါ့။
ဟော..သူမကို ဂျာနယ်ဝယ် ပြီး ခိုးကြည့်နေပြန်ပြီ။
ဂျာနယ်တစ်စောင်ဝယ်ဖို့ကို ဟို ဂျာနယ်လှန်၊ ဒီဂျာနယ်လှန်နဲ့အကြာ ကြီးအချိန်ဆွဲဝယ်ဦးမယ်မဟုတ်လား။
အံမယ်..ပြုံးပြပြန်သည်။
ပြန်ပြုံးပြတာပဲ ဘာအပမ်းကြီး တာလိုက်လို့။ သုံးလေးခါလောက် ကြုံဖူးရုံနဲ့မှတ်မိနိုင်တဲ့အသွင်အပြင်မျိုး ရှိတဲ့သူပဲ။
အခုဆိုရင် သုံးလေးခါတောင် မဟုတ်တော့ဘူး။ သုံးလေးလ လောက်တောင်ရှိနေပြီ၊ အကြည့်ချင်း အပြုံးချင်းရင်းနှီးတာ ဘယ်ဆန်းပါ့ မလဲနော်။
အင်း..ဆန်းတာလား။
ဆန်းတာလေးတစ်ခုတော့ရှိ တယ်။
အဲဒါ သူမမှာ သိပ်ချစ်ရတဲ့ ]ကို} ရှိနေတယ်လေ။
ကိုက သူမကိုအမျိုးသားတစ် ယောက်က ဒီလိုလာကြည့်တတ်တာ များသိရင် ဘယ်လောက်အူတိုလိုက် မလဲ။
နယ်မှာတာဝန်ကျနေလို့ သူမ အနားမှာအမြဲမရှိနိုင်တာကို ကိုက အလိုမကျဖြစ်နေတတ်သည်။
ကို ပြန်လာရင်တော့ ပြောပြ ပြီး စçဦးမှပဲ။ ကို အူတိုရင် သိပ်ချစ် စရာကောင်းတယ်လေ။ ဟိုဘက် လမ်းက ပုဂ္ဂိုလ်၊ သူကတော့ သူမမှာ ချစ်သူရှိမှန်းဘယ်သိပါ့မလဲ။ ကိုနဲ့မှ တွဲမတွေ့သေးတာ။
ဟော..ထပ်ပြုံးပြပြန်သည်။ ပြန်တော့မယ်ဆိုတဲ့အဓိပ္ပာယ်ပါတဲ့ အပြုံးမျိုး။
ဟော..ဟိုမှာ သူမဖယ်ရီ လည်းလာပြီ။ သွားပြီနော်။
ကို မရှိခင်စပ်ကြား ရင်ခုန်စရာ ပုံပြင်လေးတစ်ပုဒ်ပေါ့။
___
သူမ ဖယ်ရီပေါ်တက်သွားချိန် သူလည်းကားဆီပြန်လာလိုက်သည်။
ဟာ ဒီချာတိတ်မ (သူ့ထက် နည်းနည်းလောက်တော့ငယ်မည်ထင်) သူ့ကိုေ သူဂျာနယ်ဝယ်တိုင်း သူ့ကို လှမ်းလှမ်းကြည့်နေတတ်သည်။ အားနာပါးနာ၊ အင်း..သူလည်း ပြန်ကြည့်မိတာပါပဲလေ။ အကြည့် ချင်းဆုံရင် သူကပြုံးယောင်ယောင် လုပ်တော့ ကိုယ်ကလည်းပြန်ပြုံးရ တော့တာပေါ့။
ယောက်ျားလေးပဲနော်။ မိန်းမ လှလေးတစ်ယောက်ကိုကြည့်တာ ပြုံးတာလောက်တော့မလွန်ဘူးထင် ပါတယ်။
သူ့တစ်အိမ်လုံးကလည်း ဂျာနယ်ဖတ်တဲ့သူတွေဆိုတော့ မနက်တိုင်းဂျာနယ်ဝယ်တာသူ့အလုပ် တစ်ခုပင်။
ချာတိတ်မလေးသူ့ကိုေ ခက်တာက ..သူ့မှာ ]မ}ဆိုတဲ့ ချစ်သူရှိနေတယ်လေ။
ရုံးတစ်ရုံးမှာအရာရှိပေါက်စ ဖြစ်တဲ့ မနဲ့သူကထာဝရလက်တွဲဖို့ ရည်ရွယ်ကြပြီးသား။
ချာတိတ်မလေးကိုတော့ သနားပါတယ်။
အင်းလေ..ခရီးသွားဟန်လွဲ ရင်ခုန်တာ၊ ကြည်နူးတာမျိုးကတော့ သူတို့ယောက်ျားလေးတွေအတွက် ဆန်းတာမှမဟုတ်တာ။
မ ကလည်း ဒါကိုကောင်း ကောင်းနားလည်သည်။ စိတ်မချ လက်မချနှင့်သ၀န်တိုနေတတ်သော ချစ်သူမျိုးမဟုတ်၍ သူကံကောင်းပါ သည်။
အင်း..ဘာပဲဖြစ်ဖြစ် မနဲ့ အေးအေးဆေးဆေးတွေ့ဖြစ်တဲ့နေ့ ကျရင် ဒီအကြောင်းတွေပြောပြီး စçရဦးမယ်။
___
သူမ အစလွန်သွားပြီထင်။
ကိုက သူမကို ရှုတည်တည်နဲ့ ကြည့်ပြီး "နုငယ်မှာ ကိုရှိနေတာ ပြောပြလိုက်ပေါ့"
သူမ ကို့ပခုံးကိုမနာအောင်ထု လိုက်ပြီးရယ်လိုက်သည်။
"နုငယ်ကို သူကဘာမှလာ မပြောသေးတာ။ ပြုံးပြီးလာစောင့် ကြည့်နေတာပဲရှိတာကိုရ။ နုငယ်က သူဘာမှမပြောခင်သွားပြောလို့ရ မလား"
ကိုက မကျေမနပ်နဲ့ စူပုပ်ပုပ် လုပ်နေသေးသည်။
"နုငယ်ဘက်ကသူပြုံးပြတာကို မသိချင်ယောင်ဆောင်ပြီး မျက်နှာ ထားတင်းတင်းနဲ့နေပေါ့။ ဒါမှမဟုတ် ဖယ်ရီစီးတဲ့နေရာကို ပြောင်းစောင့် လိုက်ပေါ့"
ကို ပြောသလို လုပ်ကြည့်ဖို့ စိတ်ကူးပင်မရ။
အဲဒီအမျိုးသားလေးစောင့် ကြည့်နေတာကို စောင့်ဖမ်းရတာ။ ဘယ်လောက်စိတ်လှုပ်ရှားစရာ ကောင်းလဲ ကိုမှမသိတာ။
"နုငယ် ကိုပြောတဲ့အတိုင်း နေပါတယ်။ ဖယ်ရီပြောင်းဖို့ကျတော့ အိမ်နဲ့အနီးဆုံးနေμ ဒီနေရာပဲရှိ တာမဟုတ်လား"
အနူးညံ့ဆုံးအသံနဲ့ကို့ကို အ ကြောင်းပြချက်ပေးလိုက်သည်။
"ကဲပါ ဒါဆိုလည်း ကိုမပြန်ခင် နုငယ်နဲ့အဲဒီနေရာမှာလာစောင့်ပေး မယ်။ နုငယ်မှာချစ်သူရှိတာသိသွား ရင် သူနောက်ဆုတ်သွားမှာပါ။ ဒီ အတိုင်းဆို တစ်ဖက်လူကိုမျှော်လင့် ချက်ပေးသလိုဖြစ်နေလိမ့်မယ်။ နုငယ်နော် ကျပ်ကျပ်သတိထား။ ကိုစိတ်မချတာသိရဲ့သားနဲ့"
သိသားပဲ သူမလည်း]ကို}ကလွဲ ပြီး ဘယ်သူ့ကိုမှမချစ်။
အဲ..အပြုံးချင်း၊ အကြည့်ချင်း ဖလှယ်တာလောက်တော့...
ဖယ်ရီစောင့်ရင်းအပျင်းပြေပါ ကိုရဲ့။
___
မ က မျက်ဆံနက်နက်လေးကို သူ့ဘက်သို့စွေကြည့်ရင်း...
"ဒါဆိုလည်း မောင်ဆိုင်ပြောင်း ၀ယ်ချင်ဝယ်၊ ဒါမှမဟုတ် အချိန် ပြောင်းဝယ်ချင်ဝယ်ပေါ့။ ဒီလိုဆို ဆုံစရာအကြောင်းမရှိတော့ဘူးလေ။
မ က ကိစ္စတစ်ခုကို အဖြေ ထုတ်ရာမှာ သိပ်တော်သူပင်။ သင်္ချာ နဲ့ကျောင်းပြီးထားလို့ထင်ရဲ့။
"မ ကလည်း အမေဈေးသွား တဲ့ အချိန်က ဒီအချိန်ပဲလေ။ အဲဒီ ဆိုင်က ဈေးမှန်တော့ တခြားဆိုင် မ၀ယ်ချင်တော့ဘူး။ ဖောက်သည် ဖြစ်နေပြီလေကွာ.."
မကမျက်မှောင်ကျုံ့ပြီး သူ့ကို ကြည့်သည်။ သ၀န်တိုစရာရှိရင် ၀ုန်းဒိုင်းကြဲပြီးမတိုတတ်၊ ဣနြေ္ဒလေး၊ သိက္ခာလေးနဲ့ဝေ့ပြီး ၀ဲပြီးသ၀န်တို တတ်တာ မçအကျင့်ပင်။
"စိတ်ချ မောင်ကတော့ မကလွဲ ပြီး ဘယ်ကောင်မလေးမှခေါင်းထဲ မရှိဘူး"
ကြည့်တာလောက်တော့ မ နားလည်ပေးနိုင်မှာပါနော်။
"မောင့်ကိုယုံပါတယ်။ ကလေး မလေးအတွက်စိတ်မကောင်းလို့ပါ။ ခမျာ မောင့်ကိုမျှော်လင့်နေရှာတယ် မဟုတ်လား"
လာပြီ.လာပြီ သ၀န်တိုတာကို ခပ်ပါးပါးလေးအုပ်ထားတဲ့ ကရုဏာ စကား။
သူရယ်ချင်လာသည်။
"ကဲပါ မောင်နောက်နေ့မနက် မçရုံးမသွားခင်လာခေါ်ချည်၊ မောင် ဂျာနယ်ဝယ်တာကို မ လိုက်ခဲ့မယ်။ မောင့်မှာချစ်သူရှိတယ်ဆိုတာ သိ သွားရင် ကောင်မလေးလက်လျှော့ သွားမှာပါ။ ခက်တယ်။ ခုခေတ် ကောင်မလေးတွေကလည်း ချစ်သူ ရှိလား၊ အိမ်ထောင်ရှိလား မစုံစမ်းဘဲ ဇွတ်နှစ်ကြိုက်ကြတာများတယ်"
အဘွားအိုကြီးလေးလို မ က ညည်းတွားပြောဆိုနေသည်။
"အဲဒါတောင် မောင် အိမ်နေ ရင်း အ၀တ်အစားနဲ့သွားတာနော်"
သူ ဆက်စလိုက်စဉ် မက မျက် စောင်းထိုးပြီး..
ပြီးတော့
"လုပ်မနေနဲ့ မောင်ကြည့်လို့ သူကြည့်တာကိုသိတာပေါ့။ ကြည့် တာကအပြစ်ဆိုရင် နှစ်ယောက်စလုံး မှာရှိတာပဲ။
နောက်ဆုံးတော့ မက ချာတိတ်မလေးအရှေ့မှာမြင်သာ အောင်နေပြပေးရမယ်လို့ တောင်း ဆိုခဲ့လေသည်။
အင်း..ချာတိတ်မလေး အတွက်တော့စိတ်မကောင်း။ သူ့ရဲ့ နံနက်ခင်းပုံပြင်လှလှလေးတစ်ပုဒ် တော့ အဆုံးသတ်ရတော့မှာပေါ့။
___
အစ်မလေးဘေးနားမှာအစ်ကို ကြီးတစ်ယောက်က အစ်မလေးရဲ့ ထမင်းချိုင့်လေးကို ကိုင်ပေးပြီးရပ် နေသည်။
အစ်မလေးက အရင်ကလို ဒီဘက်ကိုမကြည့်တော့။ အစ်မလေး ရဲ့အစ်ကိုကြီးကသာ လှမ်းတကြည့် ကြည့်။
အစ်မလေးနှယ်ဗျာ ရည်းစား ရှိရဲ့သားနဲ့ ဂျာနယ်ဝယ်တဲ့အစ်ကို လေးတော့ သနားပါတယ်။
သူ ကြားကနေ အစ်မလေး အပေါ်စိတ်တိုလိုက်သည်။ ရုပ်လှတဲ့ မိန်းကလေးတွေများဒီလိုပဲလားမသိ။
ဟော ဟိုမှာ အစ်ကိုလေးကား ...
အစ်ကိုလေးစိတ်ပျက်ပြီး နောက်နေ့သူ့ဆိုင်မလာတော့ရင် သူ့ ဖောက်သည်တစ်ယောက်လျော့ တော့မှာပဲ။
စိုးရိမ်ပူပန်စွာ ကြည့်လိုက်စဉ် ကားထဲကအစ်ကိုလေးနဲ့အတူ အစ်မ ကြီးတစ်ယောက်...
တည်တည်ငြိမ်ငြိမ်နဲ့ရိုးရိုး ရှင်းရှင်းလှနေတဲ့အစ်မကြီးလက်ကို အစ်ကိုလေးကဆွဲထားသည်။
ဟာ ဒီလူတွေ..
ဘယ်လိုတွေလဲ..
ကိုယ့်မှာလည်း အတွဲကိုယ်စီ ရှိရဲ့နဲ့။
သူ့ရဲ့ကရုဏာစိတ်တွေခုန် ပေါက်ထွက်ပြေးသွားပြီး ဒေါသတွေ စုပြုံဝင်ရောက်လာသည်။
အစ်ကိုလေးကအရင်ကလို အစ်မလေးရပ်နေတဲ့ နေရာဆီ မကြည့်။ အစ်ကိုလေးရဲ့အစ်မကြီးက သာ၊ မသိမသာစွေကြည့်တာတွေ့ရ သည်။
ဂျာနယ်တွေလှန်လှောကြည့် နေတဲ့ အစ်ကိုလေးကို အရင်ကလို တောင် မပြုံးပြဖြစ်တော့...
ဟော ဟိုမှာ ဖယ်ရီလာပြီ။ အစ်မလေးက ဖယ်ရီပေါ်တက်သွား ပြီ။ လိုက်ပို့တဲ့အစ်ကိုကြီးလည်း လှည့်ပြန်သွားသည်။
"မောင် ညနေလာမကြိုနဲ့တော့ နော်။ မ အစည်းအဝေးရှိတယ်။ ညနေပိုင်းနည်းနည်းအေးလာပြီနော်။ ရေချိုးတာကြာမနေနဲ့ဦး။
အစ်မကြီးက ဂျာနယ်ဖိုးထုတ် ရှင်းနေတဲ့အစ်ကိုလေးကို မှာနေ သည်။
"အင်းပါ။ညမှ မောင်ဖုန်းဆက် လိုက်မယ်"
အစ်ကိုလေးကလည်း နူးညံ့ချို သာစွာ..၊ ဟင်း ခင်ဗျားတို့တွေ ကိုယ့်ချစ်သူတွေမှ အားမနာ။
ထွက်သွားပြီဖြစ်တဲ့ စုံတွဲရဲ့ နောက်ကျောကိုကြည့်ပြီးဒေါသတွေ ကို တံတွေးနဲ့အတူမျိုချလိုက်သည်။
"ပေးစမ်းပါဦးဟာ ငါ့ကို ရေ အေးအေးလေးတစ်ခွက်"
သူ့ဘေးက ရေခဲရေရောင်းတဲ့ မိနီဆီမှာရေလှမ်းတောင်းလိုက်သည်။
"ဒီလောက်ရာသီဥတုက အေး တဲ့ကြားထဲ ရော့ သိပ်မအေးတာ သောက် ကျုပ်ကတွန့်တိုလို့ မဟုတ် ဘူး။ တော်လည်ချောင်းနာ မှာစိုး လို့..။
မိနီက စေတနာဗရပွနဲ့ရေခဲ ရေတစ်ခွက်လှမ်းပေးသည်။
သြော်..ပြောဖို့မေ့နေလိုက် တာ။
မိနီလား...
မိနီက ကျွန်တော့်ရဲ့အိမ်သူ သက်ထားထက် ကျွန်တော့်အပေါ် နားလည်ဂရုစိုက်ပေးတဲ့ ကျွန်တော့် ရဲ့ ]ဟိုဟာ}ပေါ့။
___
အိုမာဆမ်

စည်သွတ်ဘူးဖွင့်တဲ့ကိရိယာတွေကို ဘယ်တုန်းက အသုံးပြုခဲ့တာလဲ

အစားအစာများကို တာရှည်ခံအောင်ပြုလုပ်ကာ အလုံပိတ်ဘူးများအတွင်း ထည့်သွင်းသည့်စနစ်ကို
၁၈၀၀ခုနှစ်အစောပိုင်းကတည်းက တီထွင် ခဲ့ကြသည်။အစောပိုင်းအချိန်က ဖန်ချိုင့်များတွင် ထည့်သွင်းပြုလုပ်
ကြပြီးနောက် စည်သွတ်ဘူးများနှင့် တဖြည်းဖြည်းပြောင်းလဲထုတ်လုပ်ကြသည်။ စည်သွတ်ဘူးများသည်အစား
အသောက်များသယ်ယူပို့ဆောင်ရန်အတွက်ရည်ရွယ်ထုတ်လုပ်ထားသော်လည်းဘူးဖွင့်ရန်အတွက်မှုအခက်အ
ခဲတစ်ခုဖြစ်လာသည်။ထို့အတွက်တူ၊ဆောက်တို့ဖြင့်ဘူးဖွင့်ခဲ့ကြသည်။၎င်းနောက်အန္တရာယ်မရှိနိုင်သည့်ဖောက်
တံအချွန်နှင့် ဘေးသွားချွန်ပါဖောက်တံများကို အသုံးပြုလာကြသည်။ ယနေ့ခေတ်အသုံးပြုနေသော စည်သွတ်
ဘူးဖောက်တံများကိုစည်သွတ်ဘူးအသုံးပြုပြီးရာစုနှစ်အကြာ၁၉၃၀ခုနှစ်တိုင်အောင်မတီထွင်နိုင်ခဲ့ပေဟု 7day
news ဂျာနယ်တွင်ဖော်ပြထားသည်။


အကူအညီများစွာ ဆိုမာလီ လိုအပ်နေဟုကုလသမဂ္ဂပြောကြား



ဆိုမာလီအကျပ်အတည်းကိုနိုင်ငံတကာ ကတုံ့ပြန်ရာတွင်လုံလောက်မှုမရှိသေး ကြောင်းဖြင့်ကုလသမဂ္ဂလူသားချင်းစာနာမှုရေးရာ အကြီးအကဲ ဂျွန်ဟုမ်းကပြောကြား လိုက်သည်။ တိုင်းပြည်၏ယိုယွင်းနေသော လုံခြုံရေးကြောင့်ကူညီထောက်ပံရေးအဖွဲ့ များသည် လုပ်ငန်းများလုပ်ဆောင်နိုင်ခြင်း မရှိဟု၎င်းင်းကဆက်လက်ပြောကြားခဲ့သည်။ အီသီယိုးပီးယားနောက်ခံပြုထားသောအ စိုးရတပ်များ နှင့်အစ္စလာမ်မစ်သူပုန်များအ ကြားပြည်တွင်း စစ်ဖြစ်ပွားသောကြောင့် လူထောင်ပေါင်းများစွာသည်နေအိမ်များ ပစ်ပြေးခဲ့ကြသည်။ ကမ္ဘာ့စားနပ်အဖွဲ့က မြို့တော်မိုဂါဒစ်ရှုးတွင်ကနေ့လူနှစ်သောင်း တစ်ထောင်ကျော်ကိုစားနပ်ရိက္ခာထောက်ပံ့ နေကြရသည်။ မြို့တော်အနှံ့ဖြစ်ပွားခဲ့ သော်တိုက်ပွဲများကြောင့်နေအိမ်မှထွက်ပြေး လာသောဒုက္ခသည် များကိုသွားရောက် ကြည့်ရှုပြီးနောက်ဟုမ်းကယခုကဲ့သို့ပြော ကြားခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂဒုက္ခသည်များအဖွဲ့ကမြို့ တော်နေ လူခြောက်ဆယ်ရာခိုင်နှုန်းမှာ နေအိမ်များထွက်ပြေးခဲ့ရသည်။ ယခု နောက်ဆုံးဖြစ်ပွားခဲ့သော တိုက်ပွဲများအ ပါအ၀င်နေအိမ်မှထွက်ပြေးလာသည့် ဒုက္ခ သည်၂သိန်းခန့်ရှိနေပြီဖြစ်သည်။

မြို့တော်တစ်ခွင်တွင်စစ်ဆေးရေးစခန်း များနေရာတိုင်းတွင်ရှိပြီးကူညီထောက်ပံ့ ရေးအဖွဲ့သည်စစ်ဆစ်ရေးဂိတ်များတွင် ရပ်တန့်စစ်ဆေးခံရပြီး ငွေတောင်းခံရလေ့ ရှိသည်။ ဆိုမာလီအစိုးရအဖွဲ့ကလုံခြုံရေး အာမခံချက်ကိုမစ္စတာဟုမ်းနှင့်တွေ့ဆုံ စဉ်ကပြောကြားခဲ့သော်လည်း လက်တွေ့ တွင်ဆိုမာလီနိုင်ငံသည်စိုးရိမ်ကြောက်လန့် မှုများနေရာတိုင်းတွင်ကြီးစိုးနေပြီး၊ အစိုး ရအဖွဲ့ကတိပြုခဲ့သောပြန်လည်သင့်မြတ် ရေးအစီအစဉ်သည် လည်းအကောင်အ ထည်မဖော်နိုင်သေးဘဲရှိနေသည်။ အား နည်းသောအာဖရိကယူနီယံတပ်ဖွဲ့များသည် လည်းအကြမ်းဖက်မှုများကိုမဖြေရှင်းနိုင်ပဲ ရှိနေသည်။


ရှေးဟောင်းပျူမြို့တော်ကြီး ဘယ်မှာရှိသလဲ ?




သရေခေတ္တရာမြို့ဟောင်းသည်ပြည်မြို့အရှေ့တောင်ဘက်ငါးမိုင်အကွာတွင်ရှိသည်။ အုတ်မြို့ရိုးကိုကျုံးပတ်လည်
ဝိုင်းထားသည်။စက်ဝိုင်းပုံမကျတကျဖြစ်ပြီးတောင် မြောက်နှစ်မိုင်ခွဲ၊အရှေ့အနောက်နှစ်မိုင်ခန့်ကျယ်ဝန်းသည်။ပြည်
ပေါက်ခေါင်းသွားကားလမ်းကို မြောက်ဘက်မြို့ရိုးပေါ်မှဖြတ်လျက်တည်ဆောက်ထားသည်။ မှောဇာဘူတာသည်မြို့
ဟောင်း၏ဗဟိုနေရာအရှေ့မြောက်ဘက်ယွန်းယွန်းတွင်တည်ရှိသည်။ ပျူခေတ်ရှေးဟောင်းအဆောက်အအုံများနေ
ရာအနှံတွေ့မြင်နိုင်သည်။ မြို့ရိုးအလယ်ဗဟိုတွင် နန်းတော်ကုန်းနေရာရှိသည်။ စတုဂံအုတ်ရိုး ကာရံထားသည်။
တောင်ဘက်မြို့ရိုးအပြင်ဘက်၌အရှေ့ပျူတိုက်၊အနောက်ပျူတိုက်နှင့်ဗိဿနိုး သင်္ချိုင်းကျန်ရှိသေးသည်။


6th ict week 2007 -dota tournament ကျင်းပမည


ဂိမ်းပြိုင်ပွဲ ဝင်ရောက်ဆင်နွှဲလိုသူများအတွက် သတင်းကောင်းတစ်ရပ်ဖြစ်သည့် Dota ဂိမ်းပြိုင်ပွဲတစ်ခုကို မြန်မာနိုင်ငံအလယ်ပိုင်း ပထမနည်းပညာမြို့တော် ရတနာပုံ Cyber City ဖွင့်ပွဲနှင့်အတူ ပူးတွဲကျင်းပမည်ဟု သိရသည်။ ဂိမ်းပြိုင်ပွဲထည့်သွင်းကျင်းပနိုင်ရန် မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းမှ ဥက္ကဌ ဦးခွန်ဦးမှ ဂိမ်းမာကလပ်မှ တာဝန်ရှိသူများအား ပြိုင်ပွဲနှင့်ပက်သက်သော စည်းမျဉ်းစည်းကမ်းများ ထုတ်ရန်နှင့် ပြိုင်ပွဲကိုကြီးကြပ်ပေးရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။


ပြပွဲ (၇) ရက်အတွင်းတွင် ဂိမ်းပြိုင်ပွဲကို (၃)ရက်ကျင်းပပြုလုပ်မည်ဟု သိရပြီး Main Sponsor များအနေဖြင့် Smart , City Com, Cybertron တို့မှ ပံ့ပိုးပေးပြီး ရတနာပုံဆိုက်ဘာစီးတီး နှင့် အိုင်တီ ကုမ္ပဏီများမှလည်း ကူညီပံ့ပိုးပေးသွားမည်ဟု သိရသည်။ ပြိုင်ပွဲတွင် အသုံးပြုရန် ကွန်ပျူတာများကို MSI Company မှတာဝန်ယူပေးထားပြီး ဝင်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် ပွဲမစမီ တစ်ရက်ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။


ပြိုင်ပွဲဝင်ကြေးအနေဖြင့် မြန်မာငွေ ကျပ်တစ်သောင်းခွဲ သတ်မှတ်ပေးထားပြီး ရန်ကုန်- 4am ရုံခန်းနှင့် မန္တလေး - MAT ကွန်ပျူတာ စင်တာတို့တွင်လာရောက်စာရင်း ပေးသွင်းနိုင်ကြောင်းသိရသည်။ ဆုကြေးများအနေဖြင့် ရှစ်သိန်းကျပ်၊ ငါးသိန်းကျပ်၊ နှင့် နှစ်သိန်းကျပ် တို့ဖြင့်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရပါသည်။



ဟော့ပေါ့အကြောင်းသိသလား



ဟော့ပေါ့ဟုဆိုလိုက်သည်နှင့် ထမင်းစားစားပွဲအလယ်ကောင်မှ ပွက်ပွက်ဆူနေသော စွပ်ပြုတ်အိုးထဲသို့
အသားလွှာများ၊ ဟင်းသီးဟင်းရွက်များ၊ မှိုများ၊ ဖက်ထုပ်များနှင့် ပင်လယ်စာများစသည်တို့ကို တစ်ခုပြီးတစ်ခု
ထည့်ကာ ချက်ပြုတ်စားသောက်ရသည့်အစားအစာ ဟုနားလည်ကြသည်။ ဟော့ပေါ့ကို နေရာဒေသ အတော်
များများတွင် ဆောင်းရာသီ၌ အစားများကြသည်။ ဟော့ပေါ့၏ မူရင်းဇာစ်မြစ်သည် မွန်ဂိုလီးယားဒေသမှအစ
ပြုခဲ့သည်ဟု သိရသည်။ ဟော့ပေါ့ချက်ပြုတ်နည်းသည် တရုတ်နိုင်ငံမြောက်ပိုင်းသို့ အေဒီ၆၁၈-၉၀၆တန်မင်း
ဆက်စိုးစံချိန်တွင် ပျံ့နှံ့လာခဲ့သည်။ ၎င်းနောက်ချင်းမင်းဆက်လက်ထက်တွင်ဟော့ပေါ့သည်တရုတ်နိုင်ငံတစ်
လွှားလူကြိုက်များ အစားအစာဖြစ်ခဲ့သည်။ ဟော့ပေါ့ကိုဒေသအလိုက် ထည့်သွင်းပစ္စည်းအမျိုးမျိုး၊ ဆော့စ်အ
မျိုးမျိုးဖြင့်စားကြပြီး ကန်တုံချက်ပြုတ်နည်းတွင် ဟော့ပေါ့တွင်ချက်ပြုတ်စားသောက်သော အစာများတွင် အ
ပူပမာဏလျှော့ချနိုင်ရန် ငရုတ်ကောင်းမှုန့်၊ ဆားနှင့် ကြက်ဥစိမ်းတို့ကိုထည့်သွင်းစားကြသည်။ထိုသို့စားခြင်း
ဖြင့် ဟော့ပေါ့စားပြီးနောက် လည်ချောင်းနာခြင်းကို လျော့ပါးစေသည်ဟု တရုတ်တိုင်းရင်းဆေးနည်းအရသိ
ရသည် ဟု7 Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။


မိုးကြိုးလွှဲ (Lightning Conductor) ကမိုးကြိုးကို မြေကြီး ထဲဘယ်လိုပို့တာလဲ။


လျှပ်စီးဝင်းခနဲ ပြက်လိုက်တဲ့အချိန်မှာတိမ်တိုက်တွေနဲ့ မြေပြင်ကြားကို အလွန့်အလွန်ပြင်းထန်
တဲ့ လျှပ်စစ်မီး
တောက်ကဖြတ်သန်းစီးကူးသွားပါတယ်။မိုးကြိုးလွှဲဆိုတာရှည်သွယ်သွယ်သတ္တုကြိုးပြား
လေးဖြစ်ပါတယ်။ အဲဒီကြိုးကို အဆောက်အဦး ခေါင်မိုးပေါ်ကနေအဆောက်အဦးအောက်ခြေအုတ်မြစ်
အထိ ဆက်သွယ်ပေးထားပါတယ်။လျှပ်စီးပြက်ပြီး တိမ်တိုက်ထဲက စီးဆင်းလာတဲ့လျှပ်စစ်ဓာတ်တွေကို
လူတွေဘေးကင်းအောင်မြေကြီးထဲကို ပို့ပေးလိုက်တာဖြစ်ပါတယ်။မြင့်တဲ့အဆောက်အဦးတွေကိုမိုးကြိုး
ပစ်လေ့ရှိတယ်။ဒါကြောင့်အဲဒီလိုအဆောက်အဦးတွေမှာ မိုးကြိုးလွှဲတွေတပ်ဆင်ပေးရတယ်။အဆောက်
အဦးပေါ်ကမိုးကြိုးလွှဲထိပ်မှာ လျှပ်စစ်အားအများဆုံးဖွဲ့စည်းဖြစ်ပေါ်တတ်တယ်။မိုးကြိုးလွှဲကတိမ်တိုက်
တွေထဲမှလာတဲ့လျှပ်စစ်ဓာတ်တွေကို မြေထဲကိုပို့ပေးလိုက်တယ်။အဲဒါကြောင့်အဆောက်အဦးတွေဘာ
မှ ပျက်စီးထိခိုက်မှု မရှိတာဖြစ်ပါတယ်။

Wednesday, December 5, 2007

Fukuda makes apology to war-displaced Japanese

TOKYO, Dec. 5 (Xinhua) -- Japanese Prime Minister Yasuo Fukuda Wednesday apologized to those Japanese who had been displaced in China after WWII, according to Japanese media.

Fukuda extended the apology when meeting with representatives of a group of war-displaced Japanese who had sued the government for failing to give enough support to them. It was the first such apology made by a Japanese prime minister.

Fukuda said the special group of Japanese went through hardships beyond imagination after the war. "I'm sorry that we've been late to notice (the issue)," the premier was quoted by Kyodo News as telling the representatives at his official residence.

War-displaced Japanese were called "war orphans" in Japan. They were brought up in Chinese families. Around 2,500 of them returned to Japan between 1976 and 1999. Most of them speak little Japanese and have led hard lives.

They blamed their hardships on the Japanese government's failure to support them and started to sue the state from Dec. 2002.

They decided to drop a total of 15 suits in July and agreed to accept the government and the ruling party's new set of financial support measures, which will take effect Jan. 1.

အပြတ်သားနားလိုလျှင် နမ်းလည်းနမ်း၊ ချွေးလည်းထွက်

မောင်စူးစမ်း

စင်ကာပူစာအုပ်ဆိုင်

စာရေးသူသည် စင်ကာပူ အော် ချပ်လမ်း ‘ဘော်ဒါ’ စာအုပ်ဆိုင်ရှိ စင် တစ်စင်ရှေ့တွင် စာအုပ်တစ်အုပ်ကို ဝယ်ရကောင်းနိုးနိုးဖြင့် ဇဝေဇဝါဖြစ်နေ သည်။ စာအုပ်ထူထူ ခပ်ကြီးကြီးကြား ထဲ တစ်ထွာတောင်မရှိ၊ အနက်ရောင် စာအုပ်ငယ်ငယ်ကလေးက စာရေးသူ အား ‘မြည်းကြည့်လေ’ လို့ဖိတ်ခေါ်နေ ဘိသကဲ့သို့။ သူ့ထက် စိတ်ဝင်စားစရာ ကောင်းသည့်စာအုပ်တွေကြားထဲ စာ ရေးသူအား မျက်စပစ်ပြနေသဖြင့် မတ်တပ်ရပ်ရင်းစာအုပ်ကိုမြည်းကြည့် လိုက်သည်။

မာတိကာဖတ်ကြည့်လိုက်က တည်းက စာသားတွေကအတော် ‘မိုက်’ နေသဖြင့် တော်တော်များများ လျှောက်ဖတ်ကြည့်မိသည်။ စကားလုံး တွေက အတော်ပြောင်မြောက်သည်။ စူးစူးရဲရဲဖြစ်သည်၊ တစ်တစ်ခွခွဖြစ် သည်၊ ဒိန်းခနဲ၊ ခွပ်ခနဲ ဦးနှောက်ကို ပစ်သည်၊ မျက်လုံးပြူးပြူးသွားသည်။ ပညာတွင် ရင်းနှီးမြှုပ်နှံခြင်းမဟုတ်။ ချွေးမှာ ရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်။ ဘာပြောပါလိမ့်ဟု စာရေးသူ၏သိလို စိတ်ကိုဆွလိုက်သည်။ မြန်မာတွေပြော လေ့ရှိသော ‘သွေးနှင့်ချွေးနှင့်ရင်းနှီး သည်’ ဆိုသောစကားကို သွားသတိရ မိလိုက်သည်။

ပညာခေတ်တွင် စီးပွားရေးဘိဇ နက်လုပ်လျှင် ပညာရေးအရေးကြီး သည်ဟုပြောသံကြားနေရစဉ်၌ ‘ချွေး ၌ ရင်းနှီးပါ၊ ပညာရေး၌ မရင်းနှီးနဲ့’ (invest in perspiration, not education) ဟု လမ်းညွှန်သံကိုကြားမိ လိုက်သဖြင့် အံ့ဩသွားသည်။ ချွေး တွင် ရင်းနှီးခိုင်းထားသဖြင့် ကာယ အလုပ်သမားအကြောင်းပေပဲလားဟု တွေးထင်လိုက်သည်၊ မဟုတ်ပေ။ စွန့် ဦးတီထွင်သူအကြောင်းဖြစ်သည်။

ကျမ်းရှင်ကရော့ဘ်ရွမ်းဖြစ် သည်။ ဘောလုံးအသင်းနည်းပြလို ဘိ ဇနက်နည်းပြဖြစ်သည်။ နည်းပြမှာမှ စွန့်ဦးတီထွင်သူတို့ကိုလေ့ကျင့်ပေး သော နည်းပြဖြစ်သည်။ သူကစာအုပ် မိတ်ဆက်ခန်းကစပြီး နည်းလမ်းတို့ဖြင့် လှန့်သည်။ ဥပမာ-’တစ်ခုခုအသစ် အဆန်းပြုလုပ်ပါ၊ သို့တည်းမဟုတ် အဟောင်းတစ်ခုခုကိုကိုင်တွယ်ပါ’ ဟု ပြောပုံမျိုး။

မီဒီယာ စန်းတင်ခြင်း

ရော့ဘ်ရွမ်းက tackle something old ဟူ၍သုံးနှုန်းထားသဖြင့် tackleဆိုသောဝေါဟာရ၏အဓိပ္ပာယ် တို့ကို ရှာကြည့်သည်။ (၁) ကိုင်တွယ် သည်၊ အရေးယူသည်၊ (၂) တစ်ဖက် လူ ဘောလုံးသယ်လာသည်ကို ဝင်လု သည်၊ ဘောလုံးသယ်လာသူကို လိုက် ဖမ်းသည်၊ (၃)ဆိုင်ရှင်းသည်၊ ဖျက် ထုတ်သည်၊ ဝင်လုံးသည်၊ အဝင်၊ အလု၊ အဖမ်းကောင်းသည် စသည် ဖြင့်အဓိပ္ပာယ်တွေမျိုးစုံကိုတွေ့သည်။ ဤအဓိပ္ပာယ်တို့အတိုင်းဆိုလျှင် အဟောင်းသည် သက်သာစရာမရှိ ပေ၊ အတော်ခံရမည်။

စာရေးသူ စိတ်အဝင်စားဆုံး အလှန့်မှာ စွန့်ဦးတီထွင်သူတို့ အကြောင်းကို မီဒီယာတို့ကစန်းတင် ခြင်းအား အလေးမမူ၊ ဂရုမစိုက်ရန် နှိုး ဆော်ထားသောအချက်ဖြစ်သည်။ disregard media hype about entrepreneurs ဟု ရေးသည်။ ဤ သို့လှန့်ရာ၌ မေးခွန်းတစ်ပုဒ်မေးသည်။ ‘စွန့်ဦးတီထွင်သူတို့သည် အထူးစပါယ် ရှယ်လူတွေလား’ ဟူ၍မေးသည်။ ‘ဟုတ်သည်၊ ရက်စ်’ ဟု ဖြေငြားအံ့။ မှားသည်ဟု လှန့်သူကပြောသည်။

စွန့်ဦးတီထွင်သူတို့သည် စပါယ် ရှယ်လူသားတွေမဟုတ်ပေ။ သို့သော် မီဒီယာတို့က စွန့်ဦးတီထွင်သူတို့ အကြောင်းကို ဇာတ်လမ်းအမျိုးမျိုးဖွဲ့ နွဲ့ရေးကြသည်။ စွန့်ဦးတီထွင်သူတို့ သည် ထူးခြားသောပုဂ္ဂိုလ်တွေဖြစ်ဟန် ရေးသည်။ အခြားလူသားလောကမှ အုပ်သင်းခွဲထွက်သူတွေဖြစ်ဟန် ပုံ ပြောသည်။ မီဒီယာတို့သည် စွန့်ဦးတီ ထွင်သူအား ငယ်စဉ်ကပင် ကြိုးစား အောင်မြင်သူတွေအဖြစ် ဇာတ်လမ်း ဖွဲ့လိုသည်။ နွေရာသီ၌ ကျောင်းသား ချင်း ရေခဲရေရောင်းသည်၊ ငယ်စဉ် ကပင် ကြံရည်ဖန်ရည်ရှိပြီး ကိတ်မုန့် ဖုတ်ပြီး သူငယ်ချင်းတို့၏မိဘများထံ လည်ရောင်းသည်။

မီဒီယာတို့ကပြောသော ပုံပြင်တို့ သည် အကောင်းတွေချည်းဖြစ်သည်။ များသောအားဖြင့် အစစ်အမှန်တွေ မဟုတ်ဘဲ ဒဏ္ဍာရီတွေဖြစ်သည်။ ကျမ်းရှင်က မီဒီယာတို့က စန်းတင် သောပုံပြင်တို့ကို သူမဖတ်ဟုပြောပြ သည်။

အနမ်းနှင့်လူအစစ်

စာအုပ်ဆိုင်၌ စာမြည်းကြည့် သည့်အခါ လူတို့သည် မာတိကာမှ စ၍ မြည်းကြည့်လေ့ရှိသည်။ အခန်း တွေကစုံသည်။ ထိုအထဲ လူငှားခြင်း အကြောင်းလည်း ကဏ္ဍတစ်ရပ်အဖြစ် ပါသည်။ ခေါင်းစဉ်ကရဲသည်။ ‘နဂိုစိတ် ရင်း၊ ပင်ကိုစရိုက်အတွက် ငှားပါ၊ အရည်အချင်းအတွက် မငှားပါနဲ့’ ဟု ပြောင်ပြောင်မြောက်မြောက်ရေးထား သည်။ hire temperament, not qualification ဟုဆိုထားသည်။ လူ ငှားလျှင် လုပ်ရည်ကိုင်ရည်အရည် အချင်းကို ကြည့်လေ့ကြည့်ထရှိကြရာ ယခုအရည်အချင်းထက် နဂိုစိတ်ရင်း ကိုအလေးပေးထားသည့်အတွက် ‘တစ်မျိုးပါလား’ ဟု စာရေးသူစိတ်ထဲ ချက်ချင်းခံစားမိလိုက်သည်။ သမား ရိုးကျ ရှေးရိုးအတွေးမဟုတ်မှန်းတော့ သတိထားမိလိုက်သည်။

‘အနမ်း’ အခန်းလည်းပါသည်။ ဤအနမ်းကိုလည်း စာလုံးကြီး KISS ဖြင့် ရေးသားထားသဖြင့် အနမ်းကို အတော်အလေးပေးထားပုံရသည်။ ကျမ်းရှင်က ဘယ်သူ့ကိုမှ နမ်းခိုင်းသည် မဟုတ်။ ကိန်းဂဏန်းတို့ကို နမ်းခိုင်း ခြင်းဖြစ်သည်။ KISS the numbers ဟု ဆိုသည်။ ကိန်းဂဏန်းတို့ကိုနမ်း ခိုင်းကတည်းက စွန့်ဦးတီထွင်သူသည် စာရင်းဇယားတို့အပေါ် အတော်ချစ် မြတ်နိုးရမည်ဟုဆိုလိုကြောင်းသဘော ပေါက်လိုက်သည်။ စာရင်းဇယားတို့ကို အဘယ်ပုံ ချစ်မြတ်နိုးရမည်ကိုသက် ဆိုင်ရာအခန်း၌ အကျယ်ရှင်းပြထား ပါလိမ့်မည်။

အခြား စူးရဲသည့်ခေါင်းစဉ်တစ်ခု ကလည်း စာရေးသူဦးနှောက်ထဲမီးနှင့် ပစ်သွင်းသလိုဖြစ်သွားသည်။ ‘လူစစ်၊ လူမှန်ဖြစ်ပါစေ၊ ဘိဇနက်လူ မဖြစ်ပါ စေနှင့်’ တဲ့။ be a real person, not a business person ဟုဆို ထားသည်။ ‘ဘယ့်နှယ့်လဲဗျာ၊ ဘိဇ နက်လုပ်သူကို ဘိဇနက်လူမဖြစ်စေဖို့ ဘာ့ကြောင့်များ သတိပေးရပါသလဲ၊ တကယ့်လူနှင့် ဘိဇနက်လူ ဘာများ ခြားနားလို့လဲ’ စသည်ဖြင့် မေးခွန်းတွေ မေးကြည့်မိသည်။

စွန့်ဦးတီထွင်သူသည် အနက် အဓိပ္ပာယ်ဖွင့်ဆိုမှုအရ စွန့်ရဲသူဖြစ်၍ မိုက်ရသည်။ စွန့်ဦးတီထွင်သူ အကြောင်းရေးသူ သို့မဟုတ် စွန့်ဦး တီထွင်သူတို့ကို နည်းပြလုပ်သူက ပိုပြီး မိုက်ပြရသည်။ ကြည့်လေ၊ သူ၏ စကားချီးက ‘လာပါ၊ ဝန်ခံပါ’ တဲ့။ ဘာ ကို ဝန်ခံရမှန်းမသိ၍ ဆက်ဖတ်ကြည့် ရာ ‘စွန့်ဦးတီထွင်သူ ဖြစ်ရမည်ဆိုသော အိုင်ဒီယာသည်လည်းကောင်း၊ မိမိ သည်ပင်လျှင် မိမိဘော့စ်ဖြစ်ရမည်ဆို သော အိုင်ဒီယာသည်လည်းကောင်း အပြတ်သားနားသည်’ ဟု ရေးသား ထားသည်။

cool လို့ သုံးနှုန်းထားသဖြင့် စကားအဆက်အစပ်ကိုကြည့်ပြီး လူ ငယ်တွေပြောသော ဗန်းစကား ‘အပြတ်သားနားတယ်’ ဆိုသော အနက်အဓိပ္ပာယ်ကိုယူ၍ နားလည် လိုက်ရသည်။ ကိုယ်ပိုင်လုပ်ငန်းထူ ထောင်သည်ဆိုသည်မှာ ခေတ်စားနေ သောကော်ပိုရိတ်ဘိဇနက်မှ လမ်းခွဲ ထွက်ရခြင်းဖြစ်၍ အပြတ်သားနား သည်ဟုဆိုနိုင်သည်။ ကိုယ်ပိုင် လုပ်ငန်းလုပ်ခြင်းသည် ‘မိမိသည်ပင် မိမိဘော့စ်-your own boss ‘ ပြုခြင်း ဖြစ်၍ အပြတ်သားနားသည်လို့လည်း ဆိုနိုင်ပုံရသည်။

သို့ဖြင့် စာရေးသူသည် စာအုပ် ၏မာတိကာကို လှန်လှောကြည့်ပြီး နောက် စာအုပ်အပိုဖုံး နောက်ကျော နှင့် အတွင်းခေါက်ချိုးတို့တွင် ဖော်ပြ ထားသော စာအုပ်ဝေဖန်ချက်အတို အထွာတို့ကိုဖတ်ကြည့်သည်။ စာအုပ် ဝေဖန်သူတို့ကလည်း ကျမ်းရှင် လောက်ပင်မိုက်သည်၊ ရဲသည်။ ‘ကိုယ့် ဘော့စ်ကို ထုတ်ပစ်ပြီး ကိုယ့်လုပ်ငန်း ကိုယ်လုပ်ချင်လျှင် ဒီစာအုပ်ကိုဖတ် ပါ’ ဟုရေးထားသည်။ ကိုယ့်ဒူးကိုယ် ချွန်လိုလျှင် ဘော့စ်နှင့်လမ်းခွဲရမည် ဟုဆိုလိုဟန် တူသည်။ စာအုပ်ဝေဖန် သူအခြားတစ်ဦးက ‘ဤစာအုပ်သည် စည်းမျဉ်းတို့ကို ဘယ်နေရာမှာ ချိုး ဖောက်ရမည်နည်းဟု နည်းလမ်းနှင့် လမ်းညွှန်တွေ ပြထားသည်’ ဟုရေး သားသည်။

ဒါနဲ့ပဲ စာမြည်းပြီး စာရေးသူ လည်း ရော့ဘ်ရွမ်းရေးသည့် The Rules of Entrepreneurships စာအုပ်ကို မိုက်လို၍ဝယ်လိုက်သည်။

အာရှဘီလျံနာကြီးများ၏ မျိုးဆက်သစ်များ မိဘဘိုးဘွားခြေရာကို လိုက်မီပါ့မလား

ဦးလှမြင့်(မားကက်တင်း)

အာရှစီးပွားရေးအင်ပါယာကြီးများ ကို တည်ထောင်ခဲ့ကြသည့်လုပ်ငန်းရှင် ပဂေးကြီးများကအသက်အရွယ်ကြီးရင့် ချည့်နဲ့လာနေကြပြီ။ ၎င်းတို့၏သားမြေး များက ၎င်းတို့၏အင်ပါယာကြီးများကိုမပြို ကွဲအောင် ဆက်လက်ထိန်းထားနိုင်စွမ်းရှိ ပါမည်လား’

အာရှ၏ဘီလျံနာကြီးများသည် အာ ရှစီးပွားရေးဖွံ့ဖြိုးမှု၏ဦးစီးခေါင်းဆောင် များပဲဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီး နောက်ပိုင်း ဆင်းရဲမွဲတေနောက်ကျနေခြင်း မှသည် ယနေ့ကမ္ဘာ့စီးပွားရေးကြီးထွားလာ မှု၏အဓိကတွန်းအားပေးအင်အားစုကြီးပင် ဖြစ်လာသည်။ ၎င်းတို့ကတစ်ဦးချင်းကြွယ်ဝ ချမ်းသာမှုနှင့်ကျော်ကြားမှုရရှိနေဆဲဖြစ် သော်လည်း အသက်အရွယ်အားဖြင့်မငယ် ကြတော့ချေ။

ပမာအားဖြင့် ဟောင်ကောင်မှအိမ် ခြံမြေပြိုင်ဘက်ပဂေးကြီးများဖြစ်သည့် လီ ကာရှင်း(ပိုင်ဆိုင်မှု ဒေါ်လာ၂၃ဘီလျံ)နှင့် လီလျောက်ကီ(ပိုင်ဆိုင်မှုဒေါ်လာ၁၇ဘီလျံ) တို့ နှစ်ဦးသည် အသက်၈ဝနီးပါးရှိနေကြ ပြီ။ မလေးရှားမှအချမ်းသာဆုံးသူဌေးကြီး ရောဘတ်ကူအုတ်ခ်က အသက် ၈၃နှစ်နှင့် မက္ကာအိုမှလောင်းကစားဒိုင်သူဌေးကြီး စတန်လေဟိုးမှာ ၈၅နှစ်။ တရုတ်တိုင်ပေ မှ ပလတ်စတစ်စက်မှုလုပ်ငန်းရှင်ကြီး ဝမ် ယောင်ချင်မှာ လာမည့်ဇန်နဝါရီတွင် ၉၁ နှစ် ပြည့်တော့မှာဖြစ်သည်။ ၎င်းတို့က မကြာမတင်မီတွင်ယင်းတို့ပိုင်ကြွယ်ဝမှုနှင့် လုပ်ငန်းအရပ်ရပ်ကို ယင်းတို့၏အမွေဆက် ခံသူတို့အား လွှဲပြောင်းပေးရတော့မှာ ဖြစ်သည်။

မိသားစုပိုင်လုပ်ငန်းများသည့်အာရှ

အခြားအရပ်ဒေသနှင့်စာလျှင် အာရှ ဒေသသည် မိသားစုလုပ်ငန်းများ ကြီးစိုး သည့်နေရာဖြစ်သည်။ Finance Asia မဂ္ဂဇင်း၏တွက်ချက်မှုအရ ၂ဝဝ၄ခုနှစ်တွင် ဒေသ၏အကြီးစတော့ဒိုင်ဝင်ကုမ္ပဏီစာရင်း ၁ဝဝထဲတွင်မိသားစုထိန်းချုပ်သည့်ကုမ္ပဏီ ၄ဝ၊ အစိုးရပိုင်က ၃၈ရှိသည်။ ကျန်ကုမ္ပဏီ ၂၂ခုကသာ နမူရော့ သို့မဟုတ် လန်ဒန် တွင်ရှိ ကော်ပိုရေးရှင်းများ စံနှင့်လိုက်မီ သည့်လုပ်ငန်းများဖြစ်သည်။

ဤသို့မျိုး အခြေအနေဖြစ်ခြင်းမှာ ယဉ်ကျေးမှု(ကွန်ဗျူးရှပ်ဝါဒ)နှင့်သမိုင်း ကြောင်း(ကိုလိုနီပြုခံရခြင်း)စသည့်အကြောင်း ရင်းခံနှစ်ရပ်ကြောင့်ဟုဆိုနိုင်သော်လည်း အာရှက ကမ္ဘာ့အခြားဒေသများနှင့်ဘာမှ သိပ်မကွာပါ။ စီးပွားရေးတိုးတက်လာမှု ကာလအတိုင်းအတာ၌သာ နောက်ကျ ခြင်းဖြစ်သည်။

US မှ သင်ခန်းစာ

အင်ဒရူးကာနယ်ဂျီနှင့်ဂျွန်၊ ဒီ၊ ရော့ ကီဖဲလားစသည့် US စက်မှုလုပ်ငန်းရှင် ကြီးများတည်ဆောက်ခဲ့သည့် ၁၉ရာစုစီး ပွားရေးအင်ပါယာကြီးများသည် ၂ဝရာစု တွင် အတော်များများ အစိတ်စိတ်အမွှာမွှာ ပြိုလဲကုန်ကြသည်။ အာရှ၏စစ်ပြီးခေတ် နောက်ပိုင်း ဩဇာတိက္ကမကြီးသည့်သူဌေး ကြီးများကလည်း ၂၁ရာစုတွင် ကံကြမ္မာကို ကြုံရဖွယ်ရှိပုံရနေသည်။

ဘာကြောင့်ပါလဲ

တရုတ်စကားပုံတစ်ခုရှိသည်။ ‘ချမ်း သာကြွယ်ဝမှုကမျိုးဆက်သုံးဆက်အထိ တာရှည်မခံပါ’ ဟူ၏။ ယင်းပုံစံအတိုင်း ဖြစ်လာနိုင်ပါသလား မေးစရာရှိသည်။ ‘ယင်းပုံစံအတိုင်း ဖြစ်လာနိုင်ခြေအများကြီး ရှိနေပါတယ်’ ဟု ချီကာဂိုရှိ Kellogg School of Management မှ မိသားစု စီးပွားရေးလုပ်ငန်းတွင် စပါယ်ရှယ်လစ်ဖြစ် သူ ဂျွန်ဝပ်ဒ်ကပြောပါသည်။ အတွင်း အပြင်ဖိအားနှစ်မျိုးကြောင့်ဟုသူကဆိုသည်။ အတွင်းဖိအားတွင်အမွေဆက်ခံမှု၌သဘော ထားကွဲလွဲခြင်း၊ ဆွေမျိုးကောင်းစားရေး ဝါဒ၊ သားမြေးများအကြားပိုင်ဆိုင်မှု၊ ဦး ဆောင်သူ၏အမွေစားအမွေခံများအကြား ခွဲဝေမှုကြောင့် ပိုင်ဆိုင်မှုအင်အားကိုအား လျော့စေခြင်းစသည်တို့ပါဝင်သည်။

ပြင်ပဖိအားများအနေဖြင့် ပြည်တွင်း ဈေးကွက်ကိုဖွင့်ပေးလိုက်ခြင်း၊ကမ္ဘာ့ဘဏ္ဍာ ရေးဈေးကွက်များနှင့်ထိတွေ့ဆက်ဆံမှုတိုး လာခြင်းများပဲဖြစ်သည်။ ထို့ပြင် နိုင်ငံ အများအပြားတွင် အများပိုင်ကုမ္ပဏီများ အနေနှင့်အုပ်ချုပ်ကွပ်ကဲမှုပိုကောင်းရန်နှင့် ပိုပြီးမြင်သာထင်သာရှိအောင်လုပ်ရန် ရှယ် ယာပိုင်ရှင်များမှတောင်းဆိုမှုအသံမှာပို၍ ကျယ်ကျယ်လောင်လောင်ရှိလာနေသည်။

ကိုရီးယား

တောင်ကိုရီးယားတွင် အထက်ဖော် ပြပါအဖြစ်မျိုးနှင့်ကြုံနေရသည်။ နိုင်ငံတွင်း စီးပွားရေးတွင် နိုင်ငံခြားလုပ်ငန်းပါဝင်မှု များလာခြင်း၊ အမွေဆက်ခံပစ္စည်းအပေါ် အကောက်အခွန်မြင့်မားခြင်းနှင့်မိသားစု အတွင်း ညီညွတ်မှုမရှိခြင်းတို့ကနိုင်ငံ၏ အကြီးဆုံးမိသားစုပိုင်လုပ်ငန်းကြီးများ(ချအဲ ဘိုလ်များ)ကို လှုပ်ခါသွားစေသည်။ ယင်း အထဲတွင် ဟွန်ဒိုင်၊ LG နှင့်SK Group တို့ ပါဝင်သည်။

‘လူ့အဖွဲ့အစည်းအားလုံးမှာ မိသားစု ပိုင်လုပ်ငန်းသမိုင်းမှာ အန္တရာယ်အရှိဆုံး အချိန်ကတော့ ညီရင်းအစ်ကိုတွေ အစုစပ် ဝင်အဖြစ် ပါဝင်လာတဲ့အချိန် သို့မဟုတ် မျိုးဆက်ပဲဖြစ်တယ်။ အဲဒီအချိန်မှာ ညီ အစ်ကိုမောင်နှမအရင်းအချာများကလုပ် ငန်းကိုစုပေါင်းပိုင်ဆိုင်တာ၊ စုပေါင်းအုပ် ချုပ်ကွပ်ကဲတာမျိုးဖြစ်တယ်’ ဟု ဂျွန်ဝပ်ဒ် ကပြောသည်။

အာရှမှသာဓကများ

အထက်ပါအချက် မှန်ကန်ကြောင်း အာရှက သက်သေပြလျက်ရှိသည်။ ဟွန် ဒိုင်တွင် ရန်ဖြစ်နေသည့် ညီအစ်ကိုသုံး ယောက်က ၂ဝဝ၂ခုနှစ် ဟွန်ဒိုင်အုပ်စုကြီး ပြိုကွဲမှုကိုကြံစည်လုပ်ဆောင်ခဲ့သည်။ အိန္ဒိယတွင်လည်း Reliance Group တည်ထောင်သူ၏သားများက အိန္ဒိယ၏ အကြီးမားဆုံးစက်မှုလုပ်ငန်းကုမ္ပဏီအုပ်စု ကြီးကိုအုပ်ချုပ်ကွပ်ကဲမှုကိစ္စတွင် သဘော ချင်းမတိုက်ဆိုင်သဖြင့် နှစ်ပိုင်းပိုင်းလိုက်ရ သည်။ ယင်းသို့ခွဲခြမ်းခြင်းမှာ စီးပွားရေး သဘောအရ ဘာမှအကျိုးမရှိကြောင်းသုံး သပ်သူများကပြောဆိုသည်။

ကမ္ဘာ့စီးပွားရေးပြိုင်ဆိုင်မှုကလည်း ညှာတာထောက်ထားသည်မဟုတ်။ ဟောင်ကောင်မှ လီကာရှင်း၏ဒုတိယသား ရစ်ချက်လီက ၂ဝဝဝပြည့်နှစ်တွင် သူ့စီး ပွားရေးပင်မယာဉ်ကြီး PCCW က Cable Wireless HK ကို ဒေါ်လာ ၂၈ ဒသမ၅ဘီလျံနှင့်သိမ်းပိုက်လိုက်စဉ်က သူ့ကိုဝိုင်းဝန်းထောပနာပြုခဲ့ကြသည်။ ၃နှစ် အတွင်း ဒေါ့ကွမ်(dot.com)ပူးပေါင်း ပေါက်ကွဲသွားခဲ့သည့်အခါ PCCW သည် ယင်း၏ဈေးကွက်တန်ဖိုး ၉၆ရာခိုင်နှုန်းဆုံး ရှုံးခဲ့ရသည်။ ဒီတွင် လီသည် အာရှ၏ ‘ကြွယ်ဝမှုကို အကြီးမားဆုံးဖျက်ဆီးသူ’ ဟူ၍ သရော်ခြင်းခံရသည်။

မလေးရှားရှိ စတားအပျော်စီး ရေယာဉ်လိုင်း(star cruises)ကလည်း ရှေ့ဆက်သွားနိုင်ရေးအတွက် လုံးပမ်းနေ ရသည်။ ယင်းရေယာဉ်လိုင်းကို ဦးစီးလုပ် ကိုင်နေသူမှာ Genting Group တည် ထောင်သူ အသက် ၈၉နှစ်အရွယ် ဘီလျံ နာကြီး၏အမွေဆက်ခံမည့်သူ လင်မ် ကော့စ်တေပဲဖြစ်သည်။ Star Gruises ကို ၁၉၉၃ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၎င်းသည် ကမ္ဘာပေါ်တွင် တတိယအကြီး ဆုံး ဇိမ်ခံရေယာဉ်လိုင်းကြီးတစ်ခုလည်း ဖြစ်သည်။ သို့သော် အာရှ၏ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးနေသည့်ကြားမှ ပြီးခဲ့သည့်နှစ်က ဒေါ်လာ ၁၅၆သန်းအရှုံး ပေါ်ခဲ့သည်။ ယင်းကာလတွင် ပြိုင်ဘက် Carnival က ၂ဝဝ၂ခုနှစ်မှစပြီး ရှယ်ယာ တန်ဖိုးနှစ်ဆမြင့်တက်လာခဲ့သည်။

မိသားစုပိုင်ကုမ္ပဏီများအုပ်စုအနေ နှင့်မလွဲမသွေဖြစ်တတ်သည်က သူတို့ကိုယ် သူတို့ အရင်းရှင်စီးပွားရေးပုံစံနှစ်မျိုးကြား ခွလျက်ရှိနေခြင်းပင်။ အဖေက တံခါးပိတ် ဝါဒကျင့်သုံးသည့်အမြင်ကျဉ်းစီးပွားရေး စနစ်တွင် ‘ခွင်’ ကို ထုဆစ်ရှာတွေ့ထားခြင်း ဖြစ်သည်။ အားလုံး သူ့လက်နှင့်သူ့ခြေဖြစ် သည့်အတွက် သူက ဈေးကွက်ဦးတည် ရွေ့လျားမှုကိုလျစ်လျူရှုနိုင်သည်။ ရည်ရှည် အကျိုးစီးပွားအတွက် အလောင်းအစား လုပ်နိုင်သည်။ အချိန်အခါအလျောက် လို အပ်လျှင်လိုအပ်သလို ရဲဝံ့စွန့်စားလုပ်ကိုင် နိုင်သည်။ သို့သော် ထိုသူများကပင် ၎င်းတို့ ၏သားများကို MBA ဘွဲ့များရရှိရန် ကမ္ဘာ တွင် ဂုဏ်ဒြပ်အမြင့်မားဆုံးတက္ကသိုလ်များ သို့ပို့သည်။ သားများက အကောင်းဆုံး မန်နေဂျာတို့၏လုပ်ကိုင်ကျင့်သုံးပုံနှင့်ရှယ် ယာရှင်များအတွက် အမြတ်အစွန်းအများ ဆုံးရရှိရန်သဘောသင်ခန်းစာများကိုသင် ရသည်။ နယူးရော့စတော့ဒိုင်၏ဥပဒေသ များကို သင်ယူရသည်။ ယင်းသဘော တရားများက၎င်းတို့အား အလွန်ခြားနား သည့်ရှုထောင့်အမြင်ကိုပေးသည်။ ဒီတွင် သားများ၏ပညာကမိသားစု၏ပုံစံ၊ အတွေး အခေါ်၊ ရည်ရွယ်ချက်နှင့်ဖီလာဆန့်ကျင် ဖြစ်လာသည်။

နောက်တစ်ချက်မှာ သားများက ကမ္ဘာရင့်ရင်ပေါင်တန်းသည့် သင်တန်း လေ့ကျင့်မှုမျိုးကိုရရှိသည်ဆိုစေဦး။ ဒုတိယ မျိုးဆက်သည် ဖခင်၏နိုင်ငံရေးဘက်တွင် ကျွမ်းကျင်မှု သို့မဟုတ် အစိုးရအသိုင်း အဝန်းနှင့်နောက်ဖေးပေါက်လမ်းကြောင်း ဖြင့်ဆက်သွယ်မှုမျိုးဘက်တွင် လိုက်မမီ ချေ။ အဖေက နိုင်ငံရေးသမားတွေနှင့် အတူနေသည်။ အတူကျောင်းသွားသည်။ ဟားဗတ်တက်နေသည့်သားကဒီလိုအခြေ အနေမျိုးမရနိုင်။

မိသားစုပိုင်လုပ်ငန်းကြီးများတွင် မိသားစုထိန်းချုပ်မှုကိုကျားကန်ရန်လုပ် တတ်သည့်အကျင့်တစ်ခုမှာ cross-ownership deals မှတစ်ဆင့်ပြုလုပ် ခြင်းပင်။ ဒါက လက်အောက်ခံကုမ္ပဏီခွဲ များက၎င်းတို့၏ရှယ်ယာများကိုစတော့ဒိုင် တွင် စာရင်းတင်ထားသည့်ကုမ္ပဏီကြီးများ ထဲထည့်ဝင်ပြီး ပြောရေးဆိုခွင့်ပိုရရန် ပြု လုပ်ခြင်းပင်။ ယင်းနည်းဖြင့် မိမိကိုယ်ပိုင် ငွေ ၅ရာခိုင်နှုန်းမှ ၁ဝရာခိုင်နှုန်းထက်မပို သော်လည်း ကွပ်ကဲထိန်းချုပ်မှုနည်းလမ်း ရရှိအောင် လုပ်ယူသည်။ ယင်းနည်းသည် ကုမ္ပဏီကိုခေတ်မီအောင်လုပ်ရာတွင် ခြေ တစ်လှမ်းနောက်ကျသည်ဟုကျွမ်းကျင်သူ တချို့ကဆိုသည်။ တောင်ကိုရီးယားတွင် cross-share holding နည်းသည်။ ၁၉၉ဝပြည့်လွန်နှစ်များကကြွေးထူခဲ့သည့် ကုမ္ပဏီအုပ်စုကြီးများကိုကျဆုံးပြိုလဲစေခဲ့ သည်။ ဂျပန်တွင်လည်း ယင်းနည်းစနစ်မျိုး ကနိုင်ငံ၏ယှဉ်ပြိုင်စွမ်းရည်ကို ဆုံးရှုံးစေပြီး ကားထုတ်လုပ်သည့်နီဆန်းကုမ္ပဏီကဲ့သို့ ကုမ္ပဏီများ၏ကျဆုံးခန်းကိုဖြစ်ပေါ်စေ သည်။ နီဆန်းမှာ ရေးနော့၏ကယ်တင်မှု ကြောင့်ပြန်လည်ရပ်တည်နိုင်ခဲ့သည်။

နောက်မျိုးဆက်များ လက်ထက်တွင် မိသားစုပိုင်ကုမ္ပဏီကြီးများကမားမားမတ် မတ်ထည်ထည်ဝါဝါ ဆက်လက်ရှင်သန် ရပ်တည်နိုင်ရေးမှာ ဥရောပနှင့်အမေရိကန် ပုံစံများကိုယူရလိမ့်မည်ဟုကျွမ်းကျင်သူတို့ ကယူဆသည်။ ဒါက မိသားစုများအနေ နှင့် ကုမ္ပဏီအုပ်ချုပ်မှုပါဝါနှင့်သူတို့မိဘ များတည်ဆောက်ခဲ့သည့်အင်ပါယာထိန်း ချုပ်မှုအတွက် အပြင်လူများကိုလွှဲပေးခြင်း ပင်။ ယင်းနည်းဖြင့်ပင် မိသားစုအမှတ်တံ ဆိပ်များဖြစ်သည့် Ford နှင့် General Electric တို့သည် ၂ဝရာစုတွင် အကြီးမား ဆုံးနိုင်ငံစုံကုမ္ပဏီကြီးများစာရင်းဝင်ဖြစ်လာ ခဲ့ရခြင်းဖြစ်ကြောင်းပါ။

မော်လဲယားဆိုတာဘယ်သူလဲ ?






မော်လဲယား Moliere (၁၆၂၂-၁၆၇၃)သည်ပြင်သစ်လူမျိုးစာရေးစာရာနှင့်ဟာသပြဇာတ်ဆရာကြီးဖြစ်သည်။
မော်လဲယား၏အထင်ရှားဆုံးလက်ရာများတွင်Tartuffe,Le Misanthrope နှင့်Le Bourgeois Gentilhomme
တို့ပါဝင်သည်။မော်လဲယား၏အမည်အရင်းမှာ Juan-Baptiste Poquelin ဖြစ်သည်။ ပြောင်မြောက်သောဟာ
သသရုပ်ဆောင်တစ်ဦးဖြစ်သည်။မိမိရေးသည့်ပြဇာတ်များတွင်ပါဝင်သရုပ်ဆောင်တတ်သည်။သို့ရာတွင်မော်
လဲယား၏ပြဇာတ်လက်ရာများသည်ဘုရားကျောင်းတော်ကိုထိပါးတတ်သည်။သူ၏အကျော်ကြားဆုံး Tertuf
-fe ပြဇာတ်သည် နောက်ဆုံးဘူးပေါ်သလိုပေါ်သွားသော ဘာသာရေး အယောင်ဆောင်သမားတစ်ဦးကို သ
ရော်ထားသည်။ထိုပြဇာတ်သည်ငါးနှစ်တိုင်တိုင်ပိတ်ပင်ထားခံရသည်။ နောက်ဆုံးတွင် အောင်မြင်ကျော်ကြား
သွားခဲ့သည်။


စင်္ကာပူ- မလေးရှား ပညာရေးကဏ္ဍနားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး



စင်္ကာပူနှင့် မလေးရှားနိုင်ငံတို့သည် အစိုးရအဆင့် နားလည်မှုစာချွန်လွှာတစ်ခုကို အင်္ဂါနေ့က
လက်မှတ်ရေးထိုးခဲ့ကြသည်။ နှစ်နိုင်ငံမှ ကျောင်းအုပ်ကြီးများ ဆရာ၊ ဆရာမများနှင့် ကျောင်းသားများ
အကြား ပညာရေးသတင်းအချက်အလက်များကို ဝေငှခြင်း၊ သင်ယူခြင်း အခွင့်အလမ်းများ ဖေါ်ထုတ်
ပေးရန်ရည်ရွယ်သည်ဟု ပြောဆိုသည်။ စင်္ကာပူ၊ မလေးရှား စီးပွားရေးဖိုရမ် ကျင်းပနေစဉ်အတွင်း၎င်း
စာချွန်လွှာကို လက်မှတ်ရေးထိုးကြခြင်းဖြစ်သည်။ ၎င်း နှစ်နိုင်ငံ၏ကျောင်းများသည်နှစ်ဦးနှစ်ဖက်ပတ်
သက်သော စီမံချက် လုပ်ငန်းများ တွင် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက် နေခဲ့ကြသည်။ ဤစာချွန်လွှာ
ကြောင့် နှစ်နိုင်ငံတွင်းရှိ ပညာရေးနှင့် ပတ်သက်သူများ အကြား ခိုင်မြဲသော ရင်းနှီးမှုနှင့် အဆင့်မြင့်ပူး
ပေါင်းဆောင်ရွက်မှုကို ဖြစ်ပေါ်စေမည်ဟုဆိုသည်။ နောက်နှစ်မတ်လတွင် စင်္ကာပူမှ ကျောင်းအုပ်ကြီး
များသည် ပထမဆုံးအကြိမ်အဖြစ်မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်ပူးတွဲ ပညာရေးအစီအစဉ်များ
ကို လေ့လာသင်ယူကြမည်ဖြစ်သည်။ နောက်ပိုင်းတွင်ကျောင်းအုပ်ကြီးများအဆင့်တွင်ကွန်ယက်တစ်
ခုတည်ထောင်၍ စီမံချက်များကို ဆက်သွယ်ဆောင်ရွက်ကြမည်ဖြစ်သည်ဟု ဆိုသည်။(စီအန်အေ)

အပြည်ပြည်ဆိုင်ရာ ရေကြောင်း အဖွဲ့ချုပ် White List စာရင်းတွင် မြန်မာနိုင်ငံအား လက်ခံအတည်ပြု



မြန်မာနိုင်ငံကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်သော အပြည်ပြည်ဆိုင်ရာ
ရေကြောင်းအဖွဲ့ချုပ်IMO(International Maritime Organization)၏အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အားလျော်
စွာရေကြောင်းဘက်ဆိုင်ရာ သင်တန်းများပို့ချခြင်း၊ ကျွမ်းကျင်မှုလက်မှတ်များထုတ်ပေးခြင်းတို့နှင့်စပ်
လျဉ်း၍ အပြည်ပြည်ဆိုင်ရာ စာချုပ် တစ်ခုဖြစ်သည့် International Convention on Standards of
Training Certification and Watch Keeping for Seafarers 1987as Amended ပါပြဋ္ဌာန်းချက်
များအရ မြန်မာ နိုင်ငံ၌ ဆောင်ရွက်လျက်ရှိသည့် ရေကြောင်း ဘက်ဆိုင်ရာ သင်တန်းများနှင့် အပြည်
ပြည်ဆိုင်ရာအသိအမှတ်ပြုရေကြောင်းဘက်ဆိုင်ရာကျွမ်းကျင်မှုလက်မှတ်များအတွက်စစ်ဆေးလျက်
ရှိသော စာမေးပွဲများသည်စာချုပ်ပါပြဋ္ဌာန်းချက်များနှင့်အညီ အရည်အသွေးနှင့်စံချိန်စံညွှန်းမီကြောင်း
ကို သီးခြားလွတ်လပ်သည့် အကဲဖြတ်စစ်ဆေးမှုများဆောင်ရွက်၍ အပြည်ပြည်ဆိုင်ရာရေကြောင်းအ
ဖွဲ့ချုပ်သို့ ငါးနှစ်လျှင်တစ်ကြိမ် အစီရင်ခံတင်ပြသွားရမည်ဖြစ်သည်။ အဆိုပါအစီရင်ခံစာအရ ၂၀၀၇ ခု
နှစ် အောက်တိုဘာ ၃ရက်မှ ၁၂ရက်အထိ ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ်၏
(၈၃)ကြိမ်မြောက် Maritime Safety Committeeအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ရေကြောင်းဘက်
ဆိုင်ရာ သင်တန်းများနှင့် အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု ရေကြောင်း ဘက်ဆိုင်ရာ ကျွမ်းကျင်မှု
လက်မှတ်များအတွက် စစ်ဆေးလျက်ရှိသည့်စာမေးပွဲများသည် အပြည်ပြည်ဆိုင်ရာစာချုပ်ပါ ပြဋ္ဌာန်း
ချက်များနှင့် အညီလိုက်နာဆောင်ရွက်လျက်ရှိကြောင်း လက်ခံ အတည်ပြုခဲ့ပြီး ၂၀၀၇ ခုနှစ် အောက်
တိုဘာ၁၈ရက်တွင်ထုတ်ပြန်ခဲ့သောကြေညာချက်တွင်မြန်မာနိုင်ငံအားအပြည်ပြည်ဆိုင်ရာရေကြောင်း
အဖွဲ့ချုပ်၏ အဖြူရောင်စာရင်းWhite Listတွင် ထည့်သွင်းဖော်ပြခဲ့သည်။ယခုအခါမြန်မာနိုင်ငံသည်အ
ပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ချုပ်IMO၏ White Listစာရင်းတွင်ဒုတိယ ငါးနှစ်သက်တမ်းအတွက်
ဆက်လက်ရပ်တည်နိုင်ခဲ့ သဖြင့် ရရှိထား ပြီးဖြစ်သော ကမ္ဘာ့ သင်္ဘောသားဈေးကွက်များအပြင် မျက်
မှောက်ကာလတွင် ထပ်မံတောင်းဆိုလျက်ရှိသည့်ဈေးကွက် နေရာအသစ်များသို့ အရှိန်အဟုန်မပျက်
ထိုးဖောက်နေရာယူနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်းသင်းရရှိသည်ဟု
၂၀၀၇ခုနှစ် ဒီဇင်ဘာလ ၅ရက်နေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင်ဖေါ်ပြထားပါသည်။


အမေရိကန်ကာကွယ်ရေးဝန်ကြီး အာဖဂန်နိုင်ငံ ရောက်ရှိစဉ် အသေခံ ဗုံးခွဲမှုဖြစ်ပွား


အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်သည် တနင်္လာနေ့က အာဖဂန်
နိုင်ငံ မြို့တော်ကဘူးသို့ ရုတ်တရက် မကြေညာပဲ ရောက်ရှိလာခဲ့သည်။ သူသည်အာဖဂန်နိုင်ငံတွင်အ
ကြမ်းဖက်တိုက်ခိုက်မှုများတိုးတက်ဖြစ်ပေါ်နေခြင်းကို သုံးသပ်ရန် ရောက်ရှိလာခြင်းဖြစ်သည်။
၎င်းအင်္ဂါနေ့တွင် နေတိုးတပ်ဖွဲ့များ တပ်ချရာစခန်းအနီးတွင်အသေခံဗုံးခွဲမှုတစ်ခုဖြစ်ပေါ်ခဲ့ရာ
အာဖဂန်လူမျိုး အရပ်သား ၂၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ကာကွယ်ရေးဝန်ကြီး မစ္စတာ ဂိတ်သည် တစ်စုံ
တရာထိခိုက်မှု မရှိခဲ့ပေ။ ယခုနှစ်၌အာဖဂန်တွင်အသေခံဗုံးခွဲမှုပေါင်း ၁၄၀ခန့် ဖြစ်ပေါ်ခဲ့သည်။မစ္စတာ
ဂိတ်သည် အင်္ဂါနေ့နှောင်းပိုင်းတွင် သမ္မတ ဟာမစ်ကာဇိုင်းနှင့် ကာကွယ်ရေးဝန်ကြီးအဒူဝါဒက်တို့ကို
တွေ့ဆုံမည်ဖြစ်သည်။ (အေအက်ဖ်ပီ)


မလေးရှားနိုင်ငံတွင် အိန္ဒိယလူမျိုး ၂၆ ဦးအား လူသတ်မှုဖြင့် ရုံးတင်စစ်ဆေး



မလေးရှားနိုင်ငံကွာလာလမ်ပူမြို့စွန်ရှိ ဟိန္ဒူဘုရားကျောင်းနယ်မြေ Batu Caves တွင် နိုဝင်
ဘာလ ၂၄ ရက်နေ့ကဖြစ်ပွားခဲ့သော လူ ၃၀၀၀ ခန့်ပါဝင်သည့် လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေးဆန္ဒပြ
ပွဲတွင် ရဲသားတစ်ဦးသေဆုံးခဲ့သဖြင့် လူသတ်မှုဖြင့် ဖမ်းဆီးထားသော အိန္ဒိယလူမျိုး၂၆ ဦးအားအင်္ဂါ
နေ့က ရုံးတင်စစ်ဆေးခဲ့သည်။ ဆန္ဒပြသမားများက သံပိုက်များ၊အုတ်ခဲများဖြင့်ပစ်ပေါက်သဖြင့်ရဲသား
တစ်ဦး၏ဦးခေါင်းတွင် ဒဏ်ရာရသေဆုံးခဲ့သည်။ လူသတ်မှုဖြင့် စွဲချက်တင်ခံရသော ဆန္ဒပြသမားများ
က အပြစ်မရှိကြောင်းပြောကြားထားသည်။ စွဲချက် တင်ခံရသော ပုဂ္ဂိုလ်များ သည် အသက် ၁၉ နှစ်မှ
၄၆ နှစ်အရွယ်ကြားရှိပြီး လူသတ်မှုစွဲချက်အပြင် ဆူပူလှုံ့ဆော်ခြင်း၊ တရားမ၀င်စုရုံးခြင်းနှင့် အများပိုင်
ပစ္စည်းများဖျက်ဆီးခြင်း စွပ်စွဲချက်များဖြင့် စစ်ဆေးခံရမည်ဖြစ်သည်။ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်
နှစ် ၂၀ ထိ ကျခံဖွယ်ရှိသည်။ မလေးရှားနိုင်ငံတွင် နိုင်ငံရေးကို မလေးလူမျိုးများက ထိန်းချုပ်၍စီးပွား
ရေးလုပ်ငန်းကို တရုတ်လူမျိုးများက လွှမ်းမိုးထားသဖြင့် အစစအရာရာ နောက် ကောက်ကျနေသော
အိန္ဒိယလူမျိုးများက မကျေနပ်ကြပေ။ (အေအက်ဖ်ပီ)

ဝယ်လင်တန်အသင်းနှင့်ခြေစမ်းပွဲတွင်နေရာသစ် ၌ကစားပြီးဘက်ခမ်းခြေစွမ်းပြ


LA ဂလက်ဆီအသင်း၏ ကွင်းလယ်ကစားသမား ဘက်ခမ်းသည် နယူးဇီလန်ကလပ် ဝယ်လင်တန်ဖီးနစ်အသင်း အားအ
နိုင်ရရှိခဲ့သည့် ခြေစမ်းပွဲတွင် ကွင်းလယ်ခံစစ်နေရာမှကစားကာခြေစွမ်းပြနိုင်ခဲ့ကြောင်းသိရှိရသည်။ ယင်းပွဲစဉ်တွင် ဂလက်
ဆီအသင်းက (၄-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဘက်ခမ်းသည်လည်းဂိုး(၁)ဂိုးသွင်းယူပေးနိုင်ခဲ့သည်။

ဂလက်ဆီအသင်းသည် ယမန်နေ့ခြေစမ်းပွဲ၌ သြစတြေးလျ ထိပ်သီးကလပ် ဆစ်ဒနီအသင်းအား (၅-၃)ဖြင့် ရှုံးနိမ့်ခဲ့ရာမှ
ယခုပွဲတွင် ပြန်လည်အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး နည်းပြသစ် ဂူလစ်၏ ပထမဆုံးနိုင်ပွဲလည်း ဖြစ်သည်။ ဝယ်လင်တန်အသင်း နှင့်
ကစားခဲ့သည့် ပွဲတွင် ပရိတ်သတ်စုစုပေါင်း(၃၂၀၀၀)ကျော်လာရောက်ကြည့်ရှု့ခဲ့ကြပြီး ယင်းပရိသတ်ဦးရေမှာအသင်း၏သ
မိုင်းတစ်လျှောက် စံချိန်တင်ပရိသတ်အရေအတွက်ဖြစ်ခဲ့သည်။

ထိုပွဲတွင် ပရိသတ်များသည် ဘက်ခမ်၏အမည်အား အော်ဟစ် အားပေးခဲ့ကြပြီး ပွဲမတိုင်မီနေ့က ဂလက်ဆီ အသင်း၏
လေ့ကျင့်ခန်း အစီအစဉ်သို့လည်း ပရိသတ်(၁၅၀၀၀)ကျော် လာရောက် ကြည့်ရှု့ခဲ့ကြကြောင်း သိရှိရသည်။

Monday, December 3, 2007

Russian parliamentary elections end with pro-Kremlin party's victory

www.chinaview.cn 2007-12-03 02:52:01

Backgrounder: Basic facts about Russia, its State Duma elections

Major parties competing in Russia's parliamentary elections

Backgrounder: Russia's State Duma elections

Facts & Figures: Official results of Russia's parliamentary elections




United Russia party chief Boris Gryzlov speaks at the party's headquarters in Moscow Dec. 2, 2007. Preliminary results show the United Russia party, led by President Vladimir Putin, has swept majority votes in Sunday's parliamentary elections. (Xinhua/Reuters Photo)
Photo Gallery>>>

MOSCOW, Dec. 3 (Xinhua) -- The United Russia party led by President Vladimir Putin is still leading in the elections of the State Duma, the lower house of parliament, with more than half the votes counted early Monday.

The party has won 63.1 percent, with 72.5 percent of ballots counted, partial results released by the Central Election Commission (CEC) Monday dawn showed.

Russian President Vladimir Putin (2nd R) walks to vote at a polling station in Moscow, capital of Russia, Dec. 2, 2007.(Xinhua Photo)

Photo Gallery>>>

The United Russia, which will secure an overwhelming majority in the parliament, will nominate its candidates for next March's president elections on Dec. 17, news agencies reported, citing party sources.

"A new Putin's majority" has been formed in the country's political system, Itar-Tass cited Dmitry Ivanov, director general of the Agency of Political Technologies as saying at a press conference early on Monday.

Other parties that have cleared the seven-percent threshold to enter the parliament include the Communist Party, the Liberal Democratic Party of Russia (LDPR), and the Fair Russia.

Boris Gryzlov, leader of the United Russia and also speaker of the lower house of parliament, said President Putin had congratulated the United Russia on its victory.

"Putin congratulated the United Russia on the victory and thanked the State Duma members for their work in the past four years. He said this work is efficient," Gryzlov was quoted by Itar-Tass news agency as saying.

Gryzlov said the party will focus on eliminating poverty and raising pensions in the new State Duma.

Putin, who refused to be a party member but led the United Russia in the run-up, has called on the 108 million eligible voters to cast their ballots for the party, saying the elections will set the tune for next March's presidential election, when he is expected to step down due to constitutional ban on a third continuous term.

LDPR leader Vladimir Zhirinovsky has also expressed his satisfaction at the initial results.

"At any rate, we are already happy that it is more than seven percent, and we were sure it would be like that. Because these are just initial figures, we are certain they will rise to 12 or 13 percent," Zhirinovsky said in an interview with national television Channel 1.

Russia's Communist party, however, has pledged to contest the results.

The United Russia party may obtain 306 of the 450 seats in the State Duma according to ballots, Public Opinion Study Center Chairman Leonid Davydov said.

The Communist Party may get 57 seats, the LDPR 45, and the Fair Russia party 42, he said.

Voting was held in 96,000 polling stations scattered across the vast country from 2000 GMT on Saturday in the far eastern region of Kamchatka to 1800 GMT on Sunday in Kaliningrad, a Russian enclave located between Poland and Lithuania.

Turnout has topped 60 percent, Central Elections Commission Chairman Vladimir Churov said. Turnout was 55.75 percent in the elections of 2003.




Election authorities empty a ballot box after the end of elections in a polling station in Moscow, capital of Russia, December 2, 2007. (Xinhua/AFP Photo)
Photo Gallery>>>

မျက်စိကိုဖွင့် နားကိုစွင့်

လူထုစိန်ဝင်း

နိုင်ငံခြား ပညာသင်သွားလိုသူ များအတွက် အကျိုးဆောင်လုပ်ပေး နေတဲ့ကုမ္ပဏီများရဲ့တာဝန်မကျေမှု ကြောင့် ကျောင်းသားလူငယ်လေး တွေ ငွေကုန်လူပန်းဖြစ်ရတယ်ဆိုတဲ့ အကြောင်း ဂျာနယ်တစ်ခုကရေးထား တာကိုဖတ်လိုက်ရပါတယ်။ ဒီသတင်း မျိုးဖတ်ရတာ ဒီတစ်ကြိမ်တင်မကပါ ဘူး။ သုံးလေးကြိမ်လောက်ရှိနေပါပြီ။

ဝန်ဆောင်မှုညံ့

နှစ်ပေါင်းနှစ်ဆယ်ကျော် အင်္ဂလိပ်စကားပြောသင်တဲ့ဆရာလုပ် ခဲ့ပြီး ပညာတတ်လူငယ်လေးတွေနဲ့ လက်ပွန်းတတီးရှိခဲ့လေတော့ ပွဲစား မျိုးစုံရဲ့အလိမ်ခံရတဲ့ကိစ္စမျိုးစုံကိုလည်း တော်တော်လေး ထဲထဲဝင်ဝင်သိခဲ့ပါ တယ်။ နိုင်ငံခြားအလုပ်အကိုင်ကိစ္စမျိုး တွေလောက် အလိမ်အညာတွေမများ ပေမဲ့ပညာသင်ကြားရေးကိစ္စမှာလည်း အလိမ်အညာတချို့ရှိပါတယ်။ ပညာ ရေးကိစ္စမှာ အဆင်မပြေဖြစ်ရတာဟာ အများစုကလိမ်ညာမှုထက် ဝန်ဆောင် မှုညံ့ဖျင်းမှုနဲ့ တစ်နပ်စားဉာဏ်နဲ့ ပြီးပြီး ရောလုပ်တတ်မှုတို့ကြောင့်ဖြစ်ပါတယ်။

ရေရှည်မကြည့်

စီးပွားရေးကို လွတ်လွတ်လပ် လပ်လုပ်တဲ့အတွေ့အကြုံကနည်းပြီး ဖောက်သည်ကို စိတ်ချမ်းသာအောင် လုပ်ပေးတဲ့ဝန်ဆောင်မှုပိုင်းမှာ အင် မတန်မှအားနည်းကြပါတယ်။ ဖောက် သည်ဟာ ကိုယ့်ဆိုင်ထဲက ထွက်သွား ပြီးရင် ပြီးရောလို့သဘောထားကြပါ တယ်။ရေရှည်အတွက် ထည့်မစဉ်းစား ကြပါဘူး။ သူများနိုင်ငံတွေမှာ ပစ္စည်း တစ်ခုခု၊ အထူးသဖြင့် စက်ပစ္စည်း တစ်ခုခုဝယ်ရင် တစ်ပတ်၊ ဆယ်ရက် သုံးကြည့်၊ မကြိုက်ရင် ပြန်လဲပါလို့ တောင် ကြော်ငြာပြီးရောင်းပါတယ်။ မော်တော်ကားလို တန်ဖိုးကြီးပစ္စည်း တောင်မကြိုက်ရင်ပြန်လဲလို့ရပါတယ်။ ဒီမှာတော့ တချို့စတိုးဆိုင်ကြီးများမှာ ‘ဝယ်ပြီးပစ္စည်း ပြန်မလဲပါ’ လို့တောင် ဆိုင်းဘုတ်ကပ်ထားကြပါတယ်။

နားလည်ဖို့ခက်

ကိုယ်တွေ့ဖြစ်ရပ်တစ်ခုပြောပါ မယ်။ သမီးဖြစ်သူက အဖေကိုမပြော ဘဲ အဖေကြည့်ရအောင် ကြည့်လို့ ရတဲ့စက်တစ်မျိုးသွားဝယ်ပါတယ်။ တစ်ရက်၊ နှစ်ရက်ကြာတော့ ဝယ်ပြီး သားစနစ်ထက် လိုင်းတွေ ပိုများတဲ့ စနစ်တစ်ခုပြောင်းဝယ်ဖို့ ဝယ်တဲ့ဆိုင် ကို ဖုန်းဆက်ပြောပါတယ်။ လိုင်းတွေ ရိုက်ထည့်ပြီးဖြစ်လို့ ခုပြောင်းလို့မရဘူး၊ နောက်သုံးလကြာမှ ပြောင်းပါလို့ ပြောပါတယ်။ ပိုများတဲ့လိုင်းပြောင်း ရင် ပိုက်ဆံပိုပေးရမှာပါ။ ဝယ်သူက ပိုက်ဆံပိုပေးပြီး ပြောင်းမယ်ဆိုတာ တောင်ပြောင်း မပေးဘူးဆိုတာ နား လည်ဖို့တော်တော်ခက်ပါတယ်။ အဲဒါ ဝယ်ပြီး နှစ်ရက်အကြာမှာပါ။

ပိတ်ဖွင့် ပိတ်ဖွင့်

ဝယ်ပြီး တစ်ပတ်ကြာတော့ စက် ကဖောက်ပါတယ်။ ဖွင့်ပြီးကြည့်နေ ရင်းက ၁ဝမိနစ်လောက်ကြာတော့ လိုင်းအားလုံးပျောက်သွားပါတယ်။ စက်ကိုပိတ်ပြီး ခဏနေ ပြန်ဖွင့်တော့ ပြန်လာပါတယ်။ နောက် ဆယ်မိနစ် လောက်ကြာတော့ ပြန်ပျောက်သွား ပြန်ပါတယ်။ စောစောကလိုပဲ ပိတ်ပြီး ပြန်ဖွင့်တော့ ပြန်လာ၊ နောက် ပြန် ပျောက်၊ ပြန်ပိတ်၊ ပြန်ဖွင့်၊ ပြန်လာ ဒီလိုပဲ ဆက်ဖြစ်နေပါတယ်။ စက်ဝယ် ပြီး တစ်ပတ်အကြာမှာ ဝယ်တဲ့ဆိုင်ကို ဖုန်းဆက်တော့ ဆားဗစ်စင်တာသွား ပြပါလို့ပြောပါတယ်။ ဆားဗစ်စင်တာ က ချက်ချင်းပြင်ပေးမှာလားမေးတော့ ချက်ချင်းတော့ပြင်မပေးနိုင်ဘူး၊ ဘာ ဖြစ်တာလဲ စစ်ဆေးကြည့်ရမှာမို့ ကြာ မယ်လို့ပြန်ဖြေလိုက်ပါတယ်။ သူများ နိုင်ငံတွေက ‘မကြိုက်ရင် ပြန်လာလဲ ပါ’ ဆိုတဲ့ ကြော်ငြာတွေကိုပဲ ပြေးပြီး သတိရလိုက်မိပါတယ်။

ဖောက်သည် စိတ်ချမ်းသာဖို့

ဘောလုံးရာသီအစဆိုတော့ အသင်းတွေရဲ့ခြေကို မျက်ခြည်မပြတ် အကဲခတ်ချင်တာကြောင့် စက်ကိုသွား မပို့ဖြစ်သေးပါဘူး။ ‘ပိတ်-ဖွင့်’ ‘ပိတ်- ဖွင့်’ ဒုက္ခကိုပဲသည်းခံပြီး ဆက်ကြည့် နေဖြစ်ပါသေးတယ်။ ခြေစမ်းပွဲ၊ ခြေ စစ်ပွဲတွေကဆက်တိုက်ရှိနေသေးတာ ကိုး။ ကျွန်တော်တို့စီးပွားရေးသမား တွေ၊ လုပ်ငန်းရှင်တွေဟာ ဖောက် သည်ကိုစိတ်ချမ်းသာအောင်လုပ်ပေး တဲ့ဝန်ဆောင်မှုပိုင်းမှာအများကြီးကို အားနည်းနေပါသေးလားလို့ပဲစိတ်ထဲ မှာ တွေးနေမိပါတယ်။

မျက်စိမှိတ် မယုံနဲ့

ဒါက ကိစ္စမရှိဘူး။ စက်ပစ္စည်း တစ်ခုပဲ။ မကောင်းလို့ လွှင့်ပစ်လိုက်ရ လည်း ဘာမှမဖြစ်ဘူး။ ပညာရေးကိစ္စ နဲ့နိုင်ငံခြား သွားတာမျိုးကျတော့ ပြီး ပြီးရော သဘောထားပြီး လျစ်လျူရှု လိုက်လို့ ဘယ်ဖြစ်မှာလဲ။ ပိုက်ဆံတွေ အများကြီးကုန်ကျထားရရုံမျှမက လူ ငယ်လေးတစ်ယောက်ရဲ့ဘဝတစ်ခုလုံး ပြောင်းသွားနိုင်တယ်။ အညွန့်ကျိုး သွားနိုင်တယ်လေ။ အဲဒီတော့ လူငယ် တွေကိုရော၊ မိဘတွေကိုပါ ကြားပွဲစား ပြောသမျှ မျက်စိစုံမှိတ်ပြီးမယုံကြပါနဲ့။ မိမိတို့ကိုယ်တိုင်လည်း မျက်စိကိုဖွင့် နားကိုစွင့်ပြီး လေ့လာကြပါ၊ ပတ်ဝန်း ကျင်ကိုလေ့လာကြပါလို့အကြံပြုချင် ပါတယ်။

မျက်စိဖွင့် နားစွင့်

ဒီအင်တာနက်ခေတ်မှာ မျက်စိ ကိုဖွင့် နားကိုစွင့်လုပ်ထားရင် ကြားပွဲ စားအားကိုးနေစရာတောင်မလိုပါဘူး။ အင်တာနက်ကနေပြီး ကမ္ဘာတစ်ခုလုံး ရှိတက္ကသိုလ်၊ကောလိပ်တွေအကြောင်း၊ စကောလားရှစ်တွေအကြောင်း စုံစမ်း လေ့လာသိရှိနိုင်ပါတယ်။ ‘အွန်လိုင်း’ ကနေပြီး ကျောင်းဝင်ခွင့်လျှောက်လွှာ တင်နိုင်ပါတယ်။ အရေးကြီးတာက မျက်စိဖွင့်ထား နားစွင့်ထားဖို့သာဖြစ် တယ်။ မျက်စိပိတ်၊ နားပိတ်နေရင် တော့ အလိမ်ခံရမှာပဲ။

ရေရေရာရာမသိ

ဒီနေ့ မြန်မာလူငယ်တွေကြားမှာ စင်ကာပူသွား ကျောင်းတက်တာ တော်တော်ရေပန်းစားနေတယ်။ ဒါ ကောင်းတဲ့အချက်ဖြစ်တယ်။ ‘အိုက် တိုးပဂေးဆန်’ သွားလုပ်တာမဟုတ်ဘဲ ပညာယူဖို့ ကျောင်းသွားတက်တာကို အားပေးရမယ်။ ကူညီရမယ်။ ဒါပေမဲ့ မကောင်းတာလည်းရှိတယ်။ ကျောင်း သွားတက်ချင်ကြတဲ့လူငယ်လေးတွေ ထဲမှာ ဆယ်တန်းအောင်ပြီးစ ကလေး တွေပါသလို ဘွဲ့ရပြီး လူငယ်အင်ဂျင် နီယာလေးတွေ၊ ဆရာဝန်လေးတွေ လည်းပါတယ်။ သူတို့အားလုံးမှာတူညီ တဲ့အချက်တစ်ခုရှိတယ်။ ကိုယ်ဘာဖြစ် ချင်လို့ ဘာသင်မှာလဲဆိုတာ ရေရေ ရာရာသိမနေကြခြင်းဖြစ်တယ်။မြန်မာ ပြည်က ဘီအီးအင်ဂျင်နီယာဘွဲ့ရပြီးမှ ဂျီတီအိုင်လို ‘ပိုလီ’ ကျောင်းသွားကြ တာမျိုးတွေ အများကြီးရှိတယ်။ မျက်စိ သာဖွင့်ပြီး နားကိုစွင့်ထားရင် ဟိုက NUS လို၊ NTU လို တက္ကသိုလ်ကြီး တွေမှာ ME လို၊ MSc လို မဟာဘွဲ့ တန်းတွေတက်ခွင့်လျှောက်နိုင်တယ် ဆိုတာသိမှာပေါ့။

အလုပ်ရဖို့ အဓိက

ဆရာဝန်ကလည်း ဟိုမှာ လူထု ကျန်းမာရေးမဟာဘွဲ့၊ အပူပိုင်းဒေသ ဆေးပညာမဟာဘွဲ့ ဒါမှမဟုတ် ဒီပလိုမာပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆေးပညာစတဲ့စတဲ့ မဟာတန်းတွေ၊ ဘွဲ့လွန်ဒီပလိုမာတန်းတွေလျှောက်နိုင် ပါလျက်နဲ့ လေ့လာမှုမရှိလေတော့ ဘာမဆိုင် ဘာမဆိုင် လူပြောများတဲ့ MBA တို့၊ ACCA တို့လို သင်တန်းတွေ တက်ပြီး အချိန်ဖြုန်းသလိုဖြစ်နေကြ ရော။ သူတို့ကျောင်းသွားတက်ကြတာ က ဟိုမှာကျောင်းပြီးရင် အလုပ် လျှောက်၊ EP တို့၊ SP တို့ရ၊ နောက် တော့ PR ရ၊ နောက်တော့ Citizen လျှောက်ဆိုတာလောက်ပဲမျှော်မှန်း ထားကြတာ။ ပညာတတ်ဖို့ထက် အလုပ်ရဖို့ကိုသာ အဓိကထားနေကြ တာ။ ပညာတတ်ပြီး ကိုယ့်ပညာရပ် နယ်ပယ်မှာ တစ်ခု၊ တစ်ကောင်၊ တစ် ယောက်ဆိုသလို လူတစ်လုံး သူတစ် လုံးဖြစ်ချင်ရင်တော့ အထက်ကပြော ခဲ့တဲ့စိတ်ဓာတ်မျိုးတွေ ခဝါချပစ်ဖို့လို ပါတယ်။ မျက်စိဖွင့်ပြီး နားကိုစွင့်ထား ကြစမ်းပါ။

နိုင်ငံတကာသုံး ဘာသာစကားအဖြစ် အင်္ဂလိပ်စာ ဘယ်လောက်ကြာကြာ ဆက်ရှိနေမလဲ

ဦးလှမြင့်(မားကက်တင်း)

ယနေ့ကာလတွင် အင်္ဂလိပ်စာသည် နိုင်ငံတကာသုံး ဘာသာစကားအနေနှင့် လွှမ်းမိုးနေမှုမှာ ဆက်လက်ကြီးထွားလာ နေဆဲပဲဖြစ်သည်။ ဘရပ်ဆဲလ်မှ ဘေဂျင်း အထိ အင်္ဂလိပ်စာသည် နိုင်ငံစုံကော်ပိုရေး ရှင်းကြီးများ၊ ထိပ်တန်းတက္ကသိုလ်များနှင့် သိပ္ပံပညာရှင်အသိုင်းအဝန်းတွင် ဘုံသုံး ဘာသာစကားဖြစ်နေသည်။ ဆန်ဖရန် စစ္စကိုအခြေစိုက် Global English ကုမ္ပဏီက လက်တင်အမေရိက၊ ဥရောပ နှင့် အာရှဒေသရှိနိုင်ငံစုံကော်ပိုရေးရှင်းကြီး များမှဝန်ထမ်းများ၏ ၉၁ရာခိုင်နှုန်းက အင်္ဂလိပ်စာသည်သူတို့၏လက်ရှိရာထူးများ အတွက် ‘အရေးပါ’ ကြောင်း သို့မဟုတ် ‘အခရာကျ’ ကြောင်း ယုံကြည်ကြသည် ဟုဆိုပါသည်။ အတိုင်ပင်ခံအုပ်စုဖြစ်သည့် မက္ကင်ဆေးက တရုတ်နိုင်ငံအား ၎င်း၏ ကောလိပ်ဘွဲ့ရများထဲမှ ၁ဝရာခိုင်နှုန်း အောက်မျှသာ နိုင်ငံစုံကော်ပိုရေးရှင်း ကြီးများတွင် အလုပ်လုပ်ရန်သင့်တော်သူ ရှိကြောင်း ၂ဝဝ၅ခုနှစ်တွင် သတိပေးပြော ကြားခဲ့သည်။ အဓိကအကြောင်းရင်းမှာ ယင်းဘွဲ့ရများက အင်္ဂလိပ်စကားမပြော တတ်ခြင်းကြောင့်ပဲဖြစ်သည်။ ‘အင်္ဂလိပ်စာ သင်ကြားမှုကို လျစ်လျူရှုတဲ့ ဘယ်နိုင်ငံ မဆို မိမိကိုယ်ကို အန္တရာယ်ကျရောက် အောင် လုပ်ဆောင်နေခြင်းပဲ’ ဟု တရုတ် တိုင်ပေ အမျိုးသားတက္ကသိုလ်တစ်ခု၏ ဘာသာစကားတတ်မြောက်ရေးဌာနမှ ကျွမ်းကျင်သူတစ်ဦးကဆိုပါသည်။

ယင်းအချက်ကို အသိအမှတ်ပြု သည့်အနေနှင့် နိုင်ငံအများအပြားက ယင်း တို့၏ကလေးငယ်များကို အသက်ပိုငယ် စဉ်တွင်အင်္ဂလိပ်စာသင်ကြားခြင်းကိုစတင် နေသည်။ ဩစတြီးယားနှင့်နော်ဝေးနိုင်ငံ တွင် မူလတန်းကျောင်းသား ၉ဝရာခိုင် နှုန်းကအင်္ဂလိပ်စာကို သင်ယူနေသည်။ စပိန်တွင် ၈ဝရာခိုင်နှုန်းကျော်ရှိသည်။ တောင်အမေရိကတွင် ကိုလံဘီယာနှင့် ချီလီနိုင်ငံတို့က အင်္ဂလိပ်စာကျွမ်းကျင်မှုကို တိုးမြှင့်ရန်ရည်ရွယ်ချက်ကြီးမားသည့် အစီ အစဉ်များ အကောင်အထည်ဖော်လျက် ရှိသည်။ တတိယတန်းမှစပြီး သင်္ချာနှင့် သိပ္ပံဘာသာရပ်သင်ကြားရာတွင် အင်္ဂလိပ် စာဖြင့် သင်ကြားရန်နှင့်အလယ်တန်း ကျောင်းတွင်ဘာသာရပ်များအားလုံးကို အင်္ဂလိပ်စာဖြင့် သင်ကြားရန် ဖိလစ်ပိုင် နိုင်ငံက ၂ဝဝ၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။

သို့သော် အင်္ဂလိပ်စာလေ့လာသူ ကျောင်းသားအများဆုံးရှိသည့်နိုင်ငံမှာ တရုတ်ပြည်ဖြစ်သည်။ အစိုးရသင် ပညာ ရေးစနစ်၌ပင် အင်္ဂလိပ်စာလေ့လာနေသူ ၁၇၅သန်းခန့်ရှိသည်။ ၂ဝဝ၁ခုနှစ်တွင် အင်္ဂလိပ်စာကို ယခင်ကလို အထက်တန်း ကျောင်းရောက်မှစတင်ခြင်းထက် ၃တန်းမှ စတင်ရန် ဘေဂျင်းကအမိန့်ပေးထားသည်။ ဘေဂျင်းနှင့်ရှန်ဟဲလိုမြို့ကြီးများတွင် ပထမတန်းမှပင် စတင်သင်ကြားနေပြီဖြစ် သည်။ တရုတ်မိဘအများအပြားက အင်္ဂလိပ်စာအတတ်မြန်အောင် ၎င်းတို့၏ ကလေးများကို ‘အင်္ဂလိပ်စာ တက်သုတ် ရိုက်သင်ပေးသည့်ကျောင်းများ’(cram schools)တွင် ထားကြသည်။ ထိုသို့ ကျောင်းမျိုးကိုလုပ်ကိုင်သည့် New Oriental ကုမ္ပဏီက သူ့ချည်းတစ်ဦးတည်း တွင် ကျောင်းအပ်သူ ကျောင်းသား ၄သန်း ရှိကြောင်း၊ ပြီးခဲ့သည့်နှစ်တစ်နှစ်တည်း မှာပင် တစ်သန်းရှိကြောင်းပြောသည်။ ခြုံငုံ အားဖြင့် တရုတ်နိုင်ငံ၏အင်္ဂလိပ်စာသင် ကြားရေးဈေးကွက်က တစ်နှစ် ဒေါ်လာ ၂ဒသမ၆ဘီလျံတန်လုပ်ငန်းကြီးဖြစ်နေပြီး တစ်နှစ်လျှင် ၁၂ရာခိုင်နှုန်းခန့် ကြီးထွား နေဆဲဖြစ်သည်။

တရုတ်ပြည်တွင် အင်္ဂလိပ်စာလေ့ လာလိုက်စားသူ ဘာကြောင့်ဒီလောက် တိုးပွားနေရပါသလဲ၊ အကြောင်းတစ်ခုမှာ လူနေမှုအဆင့်အတန်းမြင့်တက်လာခြင်း ကြောင့်ပဲဖြစ်သည်။ လူလတ်တန်းစား မိဘ များက သူတို့၏သားသမီးများကို တက် သုတ်ရိုက်သင်ကျောင်းများသို့ ပို့လွှတ်ရန် လူမှုရေးဖိအားက ကြီးမားလှသည်။ အခြားသူများထက် ခြေလှမ်းနောက်မကျ သွားရန်အတွက်ဖြစ်သည်။ နောက်တစ် ချက်မှာ အင်္ဂလိပ်စာတတ်မြောက်ခြင်း ကြောင့်ရရှိနိုင်သည့်ရေရှည်အကျိုးအတွက် ဖြစ်သည်။ အင်္ဂလိပ်စာအလယ်အလတ် တတ်မြောက်သူများ အလုပ်ထဲဝင်သည့် အခါ မတတ်သူများထက် လစာ၂၅ ရာခိုင် နှုန်းတိုးတက်ရရှိသည်။ အဆင့်မြင့်မြင့် တတ်လျှင် ၇ဝရာခိုင်နှုန်းအထိ တိုးတက် ရရှိနိုင်သည်။ တက္ကသိုလ်တစ်ခုရှိ တရုတ် အမျိုးသား အင်္ဂလိပ်စာပါမောက္ခဝေယွန် ကဆော့ဖ်ဝဲအင်ဂျင်နီယာများဖြစ်နေသည့် သူ့တပည့်ဟောင်းနှစ်ဦးအကြောင်း ပြောပြ သည်။ အဓိကကျသည့်အင်္ဂလိပ်စာ စာမေး ပွဲတစ်ခု အောင်မြင်သွားသူ တပည့်က မအောင်မြင်သည့်တပည့်ထက် လစာ နှစ်ဆရရှိကြောင်းထောက်ပြသည်။

ဥရောပအရှေ့ပိုင်းနိုင်ငံများနှင့် ကာတာကဲ့သို့ ပါရှန်ပင်လယ်ကွေ့နိုင်ငံများ ကလည်းအင်္ဂလိပ်စာအတွက် ကြီးထွား ဖွံ့ဖြိုးနေသည့်ဈေးကွက်ဖြစ်လာနေသည်။ ဒေသ၏ ‘ကျား’ အသစ်တစ်ကောင်ဖြစ် လာနေသည့် ဗီယက်နမ်တွင် နိုင်ငံခြား ဘာသာသင်ယူနေသူများထဲ၌ ၉ဝ ရာခိုင်နှုန်းမှာ အင်္ဂလိပ်စာသင်ယူနေသူများ ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ၏ အနောက် တိုင်းပညာရေး၊ အထူးသဖြင့် အမေရိ ကန်ပညာရေးစနစ်အတွက် ဘာသာပြင်းပြ မှုမှာ အတိုင်းအဆမရှိဟုဆိုရလောက် အောင်ပင်။ တောင်ကိုရီးယားတွင် ယခု အခါ ‘အင်္ဂလိပ်ကျေးရွာများ’ (English Villages) အနည်းဆုံး၁ဝခုမကရှိနေ သည်။ အင်္ဂလိပ်ကျေးရွာဆိုသည်မှာ အနောက်တိုင်း လူနေမှုပုံစံအတိုင်း စာ တိုက်များ၊ ဆေးပေးခန်းများစသဖြင့် အပြည့်အစုံ အတုယူဖန်တီးထားသည့် ကျေးရွာများဖြစ်သည်။ ယင်းကျေးရွာ များတွင် လူငယ်များက ၎င်းတို့၏အင်္ဂလိပ် ဘာသာစကားကျွမ်းကျင်မှုကိုလက်တွေ့ လေ့ကျင့်နိုင်ကြသည်။ အင်္ဂလိပ်လိုချည်း ပြောသည့် မြို့တစ်မြို့ကို ၂ဝ၁ဝ ခုနှစ်တွင် ချီဂျူကျွန်း၌ ဖွင့်လှစ်ရန်ရှိနေသည်။

ကိုရီးယားတက္ကသိုလ်အများအပြား မှာလည်း ကျောင်းသားများ ဘွဲ့ရရန် TOEFL(the Test of English Lan-guage as a Foreign Language)ကို အောင်ရန် လိုအပ်လာပြီဖြစ်သည်။ အလုပ် ရှင်များကလည်း အလားတူအရည်အချင်း နှင့်မပြည့်ဝသူ လျှောက်လွှာရှင်များအား အလုပ်ခန့်ခြင်းမပြုကြတော့။ အင်္ဂလိပ်စာ သာမန်အားဖြင့် မလိုသည့်အလုပ်များမှာ ပင် ထိုသို့ဖြစ်နေသည်။

တရုတ်တိုင်ပေတွင်လည်း အင်္ဂလိပ် စာသင်ယူသူကျောင်းသား ၃သန်းရှိနေ သည်။ ၂ဝဝ၁ခုနှစ်က တစ်သန်းခန့်သာ ရှိခဲ့သည်။ တရုတ်တိုင်ပေကလည်း ကိုရီး ယားနည်းတူ ‘အင်္ဂလိပ်ကျေးရွာ’ တစ်ခု ဖွင့်လှစ်ရန်ရှိနေသည်။

ဂျပန်တွင် အင်္ဂလိပ်စာသင်ယူနေ ကြသည့် အထက်တန်းကျောင်းသားအရေ အတွက်မှာ၂ဝဝ၅ခုနှစ်တွင် ၃ဒသမ၆သန်း ရှိသည်။ ယမန်နှစ်က တိုကျိုသည် ‘Super English High School’ ခေါ် ကျောင်း မျိုး၁ဝဝကိုတည်ထောင်ခဲ့သည်။ ယင်း ကျောင်းများတွင် အဓိကသင်တန်းများကို အင်္ဂလိပ်ဘာသာတစ်မျိုးတည်းဖြင့် သင် ကြားမည်ဖြစ်သည်။

ဥရောပသမဂ္ဂအတွင်း၌လည်း အင်္ဂလိပ်စာသည် ဥရောပနိုင်ငံများ အကြား အများနားလည်သည့်ဆက်သွယ် ရေးစနစ်(Lingua Franca of Europe) ဖြစ်လာနေသည်။ နိုင်ငံများအကြား ပေါင်း စည်းပေးသည့်ဘာသာစကားပင်။ ကိန်း ဂဏန်းက ယင်းအချက်ကိုပြောပြနေသည်။ ဂျာမနီတွင် အင်္ဂလိပ်စာသင်ယူနေသည့် မူလတန်းကျောင်းသားများမှာ ၂ဝဝ၂ ခုနှစ်တွင် ၁၆ရာခိုင်နှုန်းရှိရာမှ ၂ဝဝ၅ ခုနှစ်တွင် ၄၇ရာခိုင်နှုန်းအထိ တိုးတက် လာခဲ့သည်။ ဂရိနိုင်ငံတွင် ယင်းရာခိုင် နှုန်းမှာ ၄၄ရာခိုင်နှုန်းရှိရာမှ နှစ်ဆတိုးပြီး ၉ဝရာခိုင်နှုန်းနီးပါးရှိလာသည်။

အထက်ပါအချက်များက လတ် တလော အင်္ဂလိပ်စာ၏ အရေးပါမှုမှာ ထာဝစဉ်တည်မြဲနေမည်ဟု အာမမခံနိုင် ပါ။ ကမ္ဘာတစ်ဝန်း အင်္ဂလိပ်စာလေ့လာ သူဦးရေမှာ ၂ဝ၁ဝခုနှစ်တွင် အမြင့်ဆုံး အမှတ် ၂ဘီလျံအထိ တက်ပြီးနောက် အလျင်အမြန်ထိုးကျလာမည်ဟု ပြီးခဲ့သည့် နှစ် ဗြိတိန်ကောင်စီအစီရင်ခံစာရေးသား သူ ဒေးဗစ်ဂရက်ဒ်ဒေါလ်ကခန့်မှန်းသည်။နောက်ဆုံးတစ်နေ့တွင် တရုတ်မန်ဒရင် ဘာသာစကား(Mandarin)က အင်္ဂလိပ် စာနေရာယူပေလိမ့်မည်ဟု ဂရက်ဒ် ဒေါလ်ကဆိုသည်။

ကမ္ဘာတစ်ဝန်း မန်ဒရင်ဘာသာ စကားလေ့လာနေသူ တရုတ်လူမျိုး မဟုတ်သူများမှာ သန်း၎ဝကျော်ရှိသည်ဟု ဘေဂျင်းကခန့်မှန်းသည်။ ယင်းကိန်း ဂဏန်းက ကမ္ဘာတစ်ဝန်းရှိ အင်္ဂလိပ်စာ လေ့လာနေသူဦးရေထက် အလှမ်းအများ ကြီးကွာဝေးနေဆဲပဲရှိနေသည်။ ဘာ ကြောင့်ဆိုသော် ၂ဝ၁ဝ ခုနှစ်အရောက် တွင် ကမ္ဘာတစ်ဝန်း အင်္ဂလိပ်စာလေ့လာ သူ ၂ဘီလျံ(သန်း ၂ဝဝဝ)ရှိလာလိမ့်မည်ဟု ပြီးခဲ့သည့်နှစ်က ထုတ်ပြန်ခဲ့သည့် ဗြိတိန် ကောင်စီ အစီရင်ခံစာထဲတွင် ခန့်မှန်းထား သည့်အတွက်ဖြစ်သည်။

တရုတ်နိုင်ငံစီးပွားရေး ကြောက် ခမန်းလိလိ တိုးတက်ဖွံ့ဖြိုးလာမှုကြောင့် မန်ဒရင်ဘာသာစကားသည် အထူးသဖြင့် အာရှဘိဇနက်အသိုင်းအဝန်းအတွင်း တိုးပြီးအသုံးဝင်လာသည်မှာ မငြင်းနိုင်ပါ။ ‘မန်ဒရင်ရောဂါ’ က တောမီးလောင်သလို တားမနိုင် ဆီးမရ ပျံ့နှံ့လျက်ရှိသည်ဆို သည့် အထင်အမြင်မှာ အနီးကပ်လေ့လာ ကြည့်သည့်အခါ ထိုသို့မဟုတ်ကြောင်း၊ ပုံကြီးချဲ့ခြင်းသာဖြစ်ကြောင်း တောင်ပိုင်း ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ဒုတိယ ဘာသာစကားသင်ကြားရေးဆိုင်ရာ ကျွမ်း ကျင်သူတစ်ဦးကပြောခြင်းဖြစ်သည်။

ကိုရီးယားနိုင်ငံ၊ ဟန်ကွတ်ခ် တက္ကသိုလ်တွင် တရုတ်စာလေ့လာသူ ကျောင်းသားဦးရေတိုးလာကြောင်း သိရ သည်။ သို့တိုင် အင်္ဂလိပ်စာလေ့လာသူ ဦးရေနှင့်ယှဉ်လိုက်လျှင်တစ်ဆ၊ နှစ်ဆရှိ နေသေးသည်။ ဂျပန်တွင်မူ မန်ဒရင် တရုတ်စာသည် ပြင်သစ်နှင့် ဂျာမန်စာကို ဖြတ်ကျော်ပြီး ဒုတိယပေါ်ပြူလာအဖြစ် ဆုံး နိုင်ငံခြားဘာသာစကားဖြစ်လာနေ သည်။ သို့သော် အင်္ဂလိပ်စာနှင့်ယှဉ်လိုက် လျှင် ဒုတိယနေရာတွင် အပြတ်အသတ် ကျန်နေဆဲပဲဖြစ်သည်။ ၂ဝဝ၅ခုနှစ်တွင် တရုတ်ဘာသာလေ့လာသူကျောင်းသား မှာ ၂၂ဝဝဝမျှသာရှိသည်။

‘တရုတ်စာက အင်္ဂလိပ်စာကို တော်ရုံမြန်မြန်နှင့်စိန်ခေါ်နိုင်လိမ့်ဦးမှာ မဟုတ်ဘူး’ ဟု အင်္ဂလိပ်စာကိုဒုတိယ ဘာသာစကားအဖြစ် သင်ကြားရေးတွင် ကျွမ်းကျင်သူ ဟောင်ကောင်အခြေစိုက် ဒေးဗစ်နူနန်ကပြောပါသည်။အင်္ဂလိပ်စာ က သိပ္ပံ၊ နည်းပညာ၊ ခရီးသွားလုပ်ငန်း၊ ဖျော်ဖြေရေးနှင့် မီဒီယာလုပ်ငန်းတို့၏ ဘာသာစကားအဖြစ် ထင်ထင်ရှားရှား နေရာယူထားခဲ့သည့်အတွက် အနည်းဆုံး နောက်ထပ် နှစ်၅ဝအထိ လွှမ်းမိုးသည့် ကမ္ဘာ့ဘာသာစကားအဖြစ် ဆက်လက်ရှိ နေဦးမှာဖြစ်ကြောင်းနူနန်ကကောက်ချက်ချပါသည်။

ထိုင်းဘုရင်သက်တော် ၈၀ ပြည့်မွေးနေ့ အခါသမယတွင် မြန်မာနိုင်ငံ၌ ဖမ်းဆီးထားသော ထိုင်းနိုင်ငံသား အကျဉ်းသား ၃၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး



ပြစ်မှုမျိုးစုံဖြင့် မြန်မာနိုင်ငံတွင် ဖမ်းဆီးခံနေရသော ထိုင်းနိုင်ငံသားအကျဉ်းသား ၃၃ ဦးကို ထိုင်း
ဘုရင်၏မွေးနေ့အခါသမယတွင် မြန်မာအစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း သိရှိရပါသည်။
အမျိုးသား၂၆ဦးနှင့် အမျိုးသမီး၇ဦးတို့ပါဝင်သော အဆိုပါထိုင်းနိုင်ငံသားများမှာ မူးယစ်ဆေးဝါးမှောင်ခိုမှု၊
ငွေအတုပြုလုပ်မှု၊ တရားမ၀င်လက်နက်ပိုင်ဆိုင်မှု၊မြန်မာနိုင်ငံအတွင်းတရားမ၀င်ဝင်ရောက်ရန်ကြိုးပမ်းမှု
တို့ကဲ့သို့ ပြစ်မှုများဖြင့် ထောင်ဒဏ်ပြစ်ဒဏ်ခံယူနေရခြင်း ဖြစ်ကြောင်းသိရသည်။ ဒီဇင်ဘာလ ၅ ရက်နေ့
တွင် ကျရောက်သည့် ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူလ်လျာဒက်ရှ်၏ သက်တော်၈၀ပြည့်မွေးနေ့မင်္ဂ
လာသဘင်ဆင်ယင်ကျင်းပနေသည့် အချိန်ခါသမယတွင် မြန်မာနိုင်ငံအတွင်းအကျဉ်းကျနေသည့် ထိုင်း
နိုင်ငံသား၃၅ဦးကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု မြန်မာအစိုးရကအကြောင်းကြားခဲ့ကြောင်း ထိုင်းနိုင်
ငံတော်ဝင်တပ်မတော်စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး Boonsrang Niempradit ကပြောကြားသည်။
သို့သော်ထိုင်းနိုင်ငံသားအကျဉ်းသားနှစ်ဦးမှာမူမူးယစ်ဆေးဝါးမှောင်ခိုမှုကဲ့သို့ကြီးလေးသောပြစ်မှုများကို
ကျူးလွန်ထားသည့် ဖြစ်ရာ (၄င်းတို့မှာမူလွတ်ငြိမ်းချမ်းသာခွင့်ပေးရန်မဖြစ်နိုင်ဘဲ) ၄င်းတို့၏ ပြစ်ဒဏ်ကို
တစ်သက်တစ်ကျွန်းမှ နှစ်၅၀ ထောင်ဒဏ်သို့လျှော့ချ လိုက်ကြောင်းသိရသည်ဟု ၂၀၀၇ ခုနှစ် ဒီဇင်ဘာ
လ၅ရက်နေ့ထုတ် Weekly Elevenဂျာနယ်တွင်ဖော်ပြထားပါသည်။


မျောက်ဝံများ ဇာတိမြေသို့ပြန်ရောက်




ရှားပါးသော ဂိုရီလာ ခေါ် မျောက်ဝံကြီးမျိုးနွယ် လေးကောင်ကို တောင်အာဖရိက နိုင်ငံ တိရစ္ဆာန်
ရုံမှ ကင်းမရွန်း နိုင်ငံ လင်ဘေး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်းသို့ လေကြောင်းခရီးဖြင့်ပို့ဆောင်
ပေးခဲ့သည်။ ၎င်းတို့ကို လွန်ခဲ့သောငါးနှစ်က မလေးရှားနိုင်ငံသို့ တရားမ၀င် ခိုးယူသယ်ဆောင်သွားခဲ့ခြင်း
ဖြစ်သည်။ ၎င်းတို့တွင် အထီးတစ်ကောင်နှင့် အမသုံးကောင် ပါဝင်ပြီးလျှင် အသက်ခြောက်နှစ်အရွယ်ဖြစ်
ကြ၍ (၁၀၀) ကီလိုဂရမ် စီ လေးကြသည်။ ယခုအခါကမ္ဘာပေါ်တွင်၎င်းအနိမ့်ပိုင်းမျောက်ဝံကောင်ရေတစ်
သိန်းခန့်သာ တောထဲတွင် ကျန်ရစ်သည်။ ၎င်းတို့အား မျိုးပြုန်းလု တိရစ္ဆာန်မျိုးစိပ် အဖြစ် သတ်မှတ်ထား
သည်။ ကင်းမရွန်းနှင့် အိမ်နီးချင်းနိုင်ငံများတွင် မျောက်ဝံနှင့် အခြားမျောက်မျိုးနွယ်များကို သတ်ဖြတ်စား
သောက်လေ့ရှိကြသည်။ (ဘီဘီစီ)


ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှု ညီလာခံ ဘာလီတွင် ကျင်းပလျှက်ရှိ

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကုလသမဂ္ဂမှ ဦးဆောင်ကျင်းပလျှက်ရှိသော ရာသီဥတု
ပြောင်းလဲလမှုညီလာခံသည် ကမ္ဘာကြီးပူနွေးလာမှုသတိပေးပြဿနာများကို နိုင်ငံရေးအရ ဖြေရှင်းမှုများ
ပြုလုပ်ရာတွင် အရေးပါသော ထောက်ပံ့မှု တစ်ရပ်ဖြစ်ကြောင်း ထိပ်သီးဆွေးနွေးပွဲခေါင်းဆောင် Yvo de
Boer က တနင်္လာနေ့တွင်ပြောကြားသည်။ ဘာလီမြို့တွင် တနင်္လာနေ့က စတင်ကျင်းပလျှက်ရှိသည့်နှစ်
ပတ်ကြာဆွေးနွေးပွဲတွင် ကျိုတိုသဘောတူညီချက် သက်တမ်းကုန်ဆုံးပြီးနောက် ရာသီဥတု ပြောင်းလဲမှု
ဆိုင်ရာ ကိစ္စရပ်များကို အစိုးရများက မည်သို့ကိုင်တွယ်လုပ်ဆောင်ရမည်ကို ဆွေးနွေးမည်ဟုသိရသည်။
ထို့ပြင် ရာသီဥတုပြောင်းလဲမှုကိုဖြစ်စေသောမှန်လုံအိမ်အာနိသင်ထုတ်လွှတ်မှုပြဿနာများနှင့်သစ်တော
ပြုန်းတီးခြင်းကို ထိန်းသိမ်းရန်နိုင်ငံတကာအသိုင်းအ၀ိုင်းကမည်သို့ဖြေရှင်းရမည်ကိုထည့်သွင်းဆွေးနွေး
မည်ဖြစ်သည်။ အဆိုပါ ရာသီဥတုပြောင်းလဲရေးထိပ်သီးညီလာခံသို့ နိုင်ငံပေါင်း ၁၈၀ ကျော်မှကျွမ်းကျင်
သူများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများပါဝင်တက်ရောက်လျှက်ရှိပြီးကမ္ဘာတစ်ဝန်းလုံးမှသတင်း
စာဆရာ ၁၅၀၀ ခန့်အား ဆွေးနွေးပွဲသို့ဖိတ်ကြားထားသည်။ (အေအက်ဖ်ပီ)


မလေးရှားလေကြောင်းပြပွဲ အစမ်းလေ့ကျင့်မှုတွင် လေထီးခုန်သမားသုံးဦးသေဆုံး



မလေးရှားနိုင်ငံ လန်ကာဝီအပန်းဖြေကျွန်း၌ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သော လေကြောင်းစွမ်းရည်
ပြပွဲအစမ်းလေ့ကျင့်မှုတွင် မတော်တဆဖြစ်ရပ်ကြောင့် လေထီးခုန်သမား ၃ ဦးသေဆုံး၍ ၁၁ ဦးဒဏ်ရာရ
ရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။ အင်္ဂါနေ့တွင်ပြုလုပ်မည့်လန်ကာဝီလေကြောင်းစွမ်းရည်
ပြပွဲဖွင့်ပွဲအခမ်းအနားအတွက် လေထီးခုန်သမား ၁၃၈ ဦး တို့က အစမ်းလေ့ကျင့်မှု ပြုလုပ်နေစဉ်လေပြင်း
တိုက်ခတ်မှုကြောင့် လမ်းကြောင်းပြောင်းသွားသဖြင့် လေထီးခုန် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး နှစ်ဦး
ပင်လယ်ထဲသို့ ကျရောက်သေဆုံးခဲ့သည်။ မလေးရှား ၀န်ကြီးချုပ် အာမက်ဘာဒါဝီကယင်းအဖြစ်အပျက်
အား ကြေကွဲဝမ်းနည်းကြောင်းထုတ်ဖေါ်ပြောကြားခဲ့ပြီးဥရောပအဲဘတ်စ်ကုမ္ပဏီနှင့်အမေရိကန်ဘိုးအင်း
ကုမ္ပဏီတို့ ပါဝင်ဆင်နွှဲမည့် လေကြောင်း စွမ်းရည်ပြပွဲအားသတ်မှတ်အစီအစဉ်အတိုင်းကျင်းပနိုင်မည်ဟု
မျှော်လင့်ထားကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီမှ ထုတ်ပြန်ခဲ့သည်။ လန်ကာစီနိုင်ငံတကာ ရေကြောင်း
နှင့် လေကြောင်းစွမ်းရည်ပြပွဲ ၂၀၀၇ ကို ဒီဇင်ဘာ ၄ ရက်မှ ၈ ရက်နေ့အထိ မလေးရှားနိုင်ငံ၏အနောက်
မြောက်ဘက် လန်ကာဝီကျွန်းတွင် ကျင်းပမည်ဖြစ်သည်။
(အေအက်ဖ်ပီ)


အစ္စရေးနိုင်ငံရပ်တည်ရေးအတွက် အဖြေပေးမယ့် နိုင်ငံ နှစ်ခု



အစ္စရေးဝန်ကြီးချုပ်အီဟွတ်အိုမက်က ပါလက်စတိုင်းနှင့်နိုင်ငံနှစ်ခုဖြေရှင်းမှု (two - state solution) ကိုစေ့စပ်ရန်ပျက်ကွက်ပါက အစ္စရေးနိုင်ငံရေရှည်တည်တံ့ ရေးကိုခြိမ်းခြောက်ခံရမည်ဖြစ်ကြောင်း ဖြင့်ကြာသပတေးနေ့ကထုတ်ဝေသော သတင်းစာနှင့် အင်တာဗျူးတွင်ပြောကြားခဲ့ သည်။ “၀န်ကြီးချုပ်အီဟွဒ်အိုမက်က နှစ်နိုင်ငံဖြေရှင်းမှုပြိုကွဲသွားတဲ့နေ့တွေ ရှိလာရင် ကျွန်တော်တို့ဟာ တောင်အာဖရိကပုံစံ ပါလက်စတိုင်းတွေနဲ့တန်းတူ ညီမျှစွာမဲပေးခွင့်ကိုတိုက်ပွဲဝင်တာနဲ့ရင် ဆိုင်ရပါလိမ့်မယ်။ ဒါမျိုးဖြစ်လာတာနဲ့ အစ္စရေးနိုင်ငံဟာပြီးဆုံးသွားပါပြီ”ဟုပြောကြားခဲ့သည်။ အဆိုပါအင်တာဗျူးသည် အမေရိကန်တွင်ငြိမ်းချမ်းရေးဆွေးနွေးပွဲမ စတင်မီ အမေရိကန်သမ္မတနှင့်အီဟွတ်အိုမက်၊ မာမွတ်အဘက်(စ်)ကိုတွေ့ဆုံပြီးသွားသည့် နောက်တစ်နေ့တွင်သတင်းစာထဲတွင်ပါရှိ လာခြင်းဖြစ်သည်။ အင်္ဂါနေ့ကပြုလုပ်ခဲ့ သော အနာပိုလစ်ဆွေးနွေးပွဲသည် ၂၀၀၈ ခုနှစ်အကုန်ပါလက်စတိုင်းနှင့်အစ္စရေးတို့ ကြားငြိမ်းချမ်းရေးသဘောတူညီမျှရရန်တို့ ဖြင့်လုပ်ဆောင်သွားမည် ဟူသောသဘောတူညီချက်ကို ရရှိခဲ့သည်။ အစ္စရေးသည် ၁၉၆၇ခုနှစ်ကဖြစ်ပွားခဲ့သောစစ်ပွဲအတွင်း သိမ်းပိုက်ရရှိခဲ့သောနယ်မြေများကိုဆက် လက်ထိန်းချုပ်ထားပါကပါလက်စတိုင်းလူဦးရေအစ္စရေးထက်များသွားမည်ကို စိုးရိမ်လျက်ရှိသည်။ ၀န်ကြီးချုပ်အိုမက်ကအစ္စရေးသည်နိုင်ငံနှစ်ခုအဖြေရှာမှုကိုစွန့်လွှတ် ပြီးပါလက်စတိုင်းများကိုဒီမိုကရက်တစ်အခွင့်အရေးမပေးဘဲဂျူးနိုင်ငံထဲထည့်သွင်းရန် ကြိုးစားပါကအမေရိကန်ရှိသြဇာရှိသသော ဂျူးတို့ကဆန့်ကျင်ကြလိမ့်မည် ဖြစ်ကြောင်း ဖြင့်ပြောကြားခဲ့သည်။ “နိုင်ငံအတွင်းနေထိုင်ကြတဲ့သူတွေကို ဒီမိုကရေစီနှင့်မဲပေးခွင့်မပြုတဲ့နိုင်ငံကိုသူတို့ထောက်ပံ့မယ်မဟုတ် ဘူးလို့ကျွန်တော်တို့ကို ပြောကြလိမ့်မယ်”ဟု အစ္စရေးဝန်ကြီးချုပ်ကပြောကြားခဲ့သည်။

လွန်ခဲ့သည့်လေးနှစ်ကလည်း ဒုတိယ၀န်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်နေစဉ် ကလည်း အီဟွတ်အိုမက်သည်ထိုအကြောင်းကိုထောက်ပြပြောဆိုခဲ့ပြီးဖြစ်သည်။ ထို့ ပြင်အိုမက်က အနာပိုလစ်ဆွေးနွေးပွဲ သည်သမိုင်းဝင်အလှည့်အပြောင်းမဟုတ်ကြောင်း၊ သို့သော်အထောက်အပံ့ပေးနိုင်သည့် အချက်တစ်ခုတော့ဖြစ်ခဲ့သည် ဟုလည်းသတင်းစာသို့ပြောကြားခဲ့သည်။ ဆွေးနွေးမှု များသည် ရှုပ်ထွေးခက်ခဲပြီးသည်းခံစိတ် ထားရန်လည်းလိုအပ်သည်ဟုလည်းဆိုသည်။ သူနှင့်နိုင်ငံခြားရေးဝန်ကြီး လစ်ဗ်နီ တို့သည်ဆွေးနွေးပွဲကိုဆက်လက်လုပ် ဆောင်ပေးသွားမည်ဖြစ်ပြီးပါလက်စတိုင်း ခေါင်းဆောင်မာမွတ်အဘက်(စ်)ကိုလည်း အကူအညီများငြိမ်းချမ်းရေး အတွက်အကူ အညီများပေးနိုင်သလောက်ပေးသွားမည် ဖြစ်သည်ဟုပြောကြားခဲ့သည်။ အစ္စရေးသ တင်းစာနှစ်စောင်ကပြုလုပ်ခဲ့သောဆန္ဒမဲ စစ်တမ်းအရ မေးမြန်းခံရသူများ၏ ထက်ဝက်ခန့်က အနာပိုလစ်ကွန်ဖရင့်သည်အောင်မြင် မှုမရရှိပဲဖြစ်ခဲ့ရသည်ဟုပြောကြားခဲ့သည်။ လူ၁၈ ရာခိုင်နှုန်းကသာအစည်းအဝေး အောင်မြင်မှုရရှိခဲ့သည်ဟုထင်မြင်ချက်ပေးခဲ့ကြသည်။


စီးပွားရေးလုပ်ငန်းများ စရိတ်ချွေတာသည့်အနေနှင့် ၀က်ဘ်ဆိုက်အစား ဘလော့ဂ်များသုံး




ဝက်ဘ်ဆိုက်တစ်ခုကဲ့သို့ မည်သူမဆို အခမဲ့သုံးစွဲနိုင်သည့် ဘလော့ဂ် များကျယ်ပြန့်လာ ချိန် တွင် ပြည်တွင်းရှိ စီးပွားရေးလုပ် ငန်းကြီးများ လုပ်ကိုင် သူတချို့ သည်လည်း စရိတ် ခြိုးခြံသည့်အနေဖြင့် ဘလော့ဂ်များကို ယင်းတို့၏စီးပွားရေး ၀က်ဘ်ဆိုက်များ ကဲ့သို့အသုံးပြုလာကြကြောင်းသိရှိရသည်။

ယခုလက်ရှိတွင် ပြည်တွင်းဘလော့ဂ်များအသုံးပြု၍ စီးပွားရေးဝက်ဘ်ဆိုက်အဖြစ် အသုံး ပြုသည့် ကုမ္ပဏီအရေအတွက် ၂၀ ခန့်ရှိနေပြီး တချို့မှာ ကိုယ်ပိုင် Domain ရယူထားသည့် ၀က်ဘ်ဆိုက်အပြင် ဘလော့၈်များတွင်ပထည့်သွင်းကြော်ငြာလာ ကြကြောင်းလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ယခုလက်ရှိတွင် တရားဝင်မှတ်ပုံ တင်ပြီး ရယူနိုင်သည့် ၀က်ဘ်ဆိုက်တစ်ခု၏ပေါက်ဈေးသည် မည်သည့် function မှမပါဘဲ သတင်းအချက် လက်ပေးရုံသက် သက်ဖြင့် သာမန်ပြုလုပ်ပါက အနည်းဆုံးကျပ် တစ်သိန်းဝန်းကျင်ခန့်ရှိသည်။ အထူးကောင်းမွန်သည့် ဒီဇိုင်းအပြင်အဆင်၊ Search Engine Online Selling, Forum အစရှိသည့် Function များ Programming အပိုင်းများပါဝင်လာပါက သိန်းဆယ် ဂဏန်းဝန်းကျင် အထိ ပေါက်ဈေးရှိနေကြောင့် စီးပွားရေးလုပ်ငန်းများသည် ငွေကြေးကုန်ကျမှုမရှိဘဲ ၀က်ဘ်ဆိုက်တစ်ခုကဲ့သို့ ကြော်ငြာနိုင်သည့် ဘလော့ဂ်များ ကိုအသုံးပြုလာကြခြင်း ဖြစ်ကြောင်းသိရသည်။



ရဟတ်ယာဉ်တွေဘာကြောင့်လေထဲမှာမရွေ့မလျား ရပ်နေနိုင်တာဘာကြောင့်လဲ



ရဟတ်ယာဉ်များတွင် ဒလက်များပါရှိပြီး ယင်းတို့ဖြင့်ရွေ့လျားပျံသန်းမှု ပြုလုပ်သည်။ လည်ပတ်
နေသော ဒလက်၏အပေါ်မျက်နှာပြင်နှင့် အောင်မျက်နှာပြင်တို့သည် လေထုကိုဖြတ်သန်းသွားပြီး ၎င်း
ကဖိအားနည်းရပ်ဝန်း
တစ်ခုဖြစ်စေကာ အပေါ်သို့ပြန်တက်သည်။ ထို့ကြောင့်ရဟတ်ယာဉ်များသည်မိုး
ပေါ်သို့ပြန်တက်ရန်အတွက်လေယာဉ်ပျံများကဲ့သို့ပြေးလမ်းတွင်အရှိန်ယုပြန်တက်ရန်မလိုပေ။ပျံတက်
မှုကိုဒလက်များ၏ လည်ပတ်မှုဖြင့်ထိန်းချုပ်သည်။ဒလက်လည်ပတ်မှုအရှိန်များပါကပျံတက်ရှိန်လည်း
တိုးလာပြီး ရဟတ်ယာဉ်ပျံတက်ကာဒလက်လည်ပတ်မှု အရှိန်လျော့ပါကပျံတက်ရှိန်လျော့ကာရဟတ်
ယာဉ်ဆင်းသက်နိုင်ပြီဖြစ်သည်။ kရဟတ်ယာဉ်များလေထဲတွင်မရွေ့မလျားနေနိုင်ခြင်းကလေယာဉ်မှူး
က ကမ္ဘာမြေကြီးဆွဲအားကို ခံနိုင်ရည်ရှိသောအနေအထားရောက်အောင်ဒလက်၏အရှိန်ကိုထိန်းထား
ခြင်းကြောင့်ဖြစ်သည် ဟု 7 Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။

တရုတ်နိုင်ငံ၏အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦး ထောင်ဒဏ် ၁၆ နှစ်အပြစ်ပေးခံရ


တရုတ်နိုင်ငံ၏အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် တစ်ဦးအပါအ၀င်ဖြစ်သော စီးပွားရေးဩဇာတိက္ကမ
ကြီးမားးသည့် Zhou Zhengyi (၄၆နှစ်)အား အဂတိလိုက်စားမှုစွဲချက်ဖြင့် ရှန်ဟိုင်းတရားရုံးကသောကြာ
နေ့တွင် ထောင်ဒဏ် ၁၆နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ တရုတ်နိုင်ငံ၏ ၁၁ ဦးမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်
ဖြစ်သူ မစ္စတာZhou သည် ရှယ်ယာဈေးနှုန်းများကမောက်ကမဖြစ်အောင်ပြုလုပ်ခဲ့သဖြင့် ၂၀၀၄ ခုနှစ်က
ပထမဆုံးအကြိမ် ထောင်ဒဏ်အပြစ် ပေးခံခဲ့ရသည်။ ဆယ်ကျော်သက် အရွယ်က ရှန်ဟိုင်းမြို့ ခေါက်ဆွဲ
ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ခဲ့ဘူးသည့် မစ္စတာZhou တွင် ဓနပိုင်ဆိုင်မှု ပမာဏ အမေရိကန် ဒေါ်လာ
၃၂၀ သန်းခန့်ရှိသည်ဟု ရှန်ဟိုင်းဘဏ္ဍာရေးဌာနကပြောကြားသည်။ မစ္စတာZhou သည် ဟောင်ကောင်
အခြေစိုက် ရှန်ဟိုင်း Land Holdings နှင့်Merchants Holdings တို့တွင် ရှယ်ယာ အများ ဆုံးပါဝင်သူဖြစ်
သည်။ (အေအက်ဖ်ပီ)


ကွန်ယက်အသုံးပြုသော တရုတ်နိုင်ငံ၏ လျှို့ဝှက် ထောက်လှမ်းမှုအား သတိထားရန် နှိုးဆော်



ဗြိတိန်နိုင်ငံ၏ ပြည်တွင်းလုံခြုံရေးဌါန အကြီးအကဲက စီးပွားရေးလုပ်ငန်း နယ်ပယ်မှ ခေါင်းဆောင်
များအား ၎င်းတို့၏ စီးပွားရေးလုပ်ငန်းခွင်မှ အရေးကြီးသော အစိတ်အပိုင်းများဆိုင်ရာ သတင်းအချက်အ
လက်များကို တရုတ်နိုင်ငံမှ လျှို့ဝှက်ထောက် လှမ်းလျှက်ရှိကြောင်း စနေနေ့က ထုတ်ဖေါ် ပြောဆိုသည်။
ဗြိတိန်နိုင်ငံရှိ ဘဏ်များ၊ စာရင်းဆိုင်ရာ ကုမ္ပဏီများနှင့် ဥပဒေရေးရာကုမ္ပဏီများမှ စီအီးအိုများနှင့် လုံခြုံ
ရေး တာဝန်ခံတို့ထံ MI5 ညွန်ကြားရေးမှူးချုပ်က အင်တာနက်မှ တဆင့် တရုတ်၏ တိုက်ခိုက်မှုကို စောင့်
ကြည့်ကြရန် သတိပေးပြောကြားသည်။ ကွန်ယက်အခြေခံ ထောက်လှမ်းခြင်းနှင့်ပတ်သက်၍တရုတ်နိုင်ငံ
အား တိုက်ရိုက်စွပ်စွဲပြောဆိုခြင်းသည်ပထမဆုံးအကြိမ်ဖြစ်သည်။ဤပြောဆိုချက်ကြောင့်လာမည့်အပတ်
တွင် ဗြိတိန်ဝန်ကြီးချုပ် တရုတ်ပြည် အလည်အပတ်ခရီးစဉ်အား တစုံတရာ ထိခိုက်နိုင်ဖွယ်ရှိသည်ဟု ဆို
သည်။ တရုတ်တို့သည် Custom Trojans နည်းစနစ်ကို သုံး၍ ကုမ္ပဏီများ၏ ကွန်ယက်အတွင်းသို့ လျှို့
ဝှက် ၀င်ရောက်ပြီးလျှင် အရေးကြီးသော သတင်း အချက်အလက်များကို ပြန်လည် ပေးပို့စေသည်ဟုဆို
သည်။
(အေအက်ဖ်ပီ)

(၃၊၁၂၊ ၂၀၀၇) ရက်နေ့ နံနက် (၉း၃၀) နာရီ

Saturday, December 1, 2007

Myanmar culture condemns the condom

By: IRIN
Published: Nov 28, 2007 at 08:05

Zar Zar's husband was a womaniser. Throughout their five years of marriage he was a regular in the brothels around the city of Rangoon in Myanmar (Burma), drank heavily, was violent, and more than once gave her a sexually transmitted infection.

She tried telling his parents, but they had never approved of the marriage and sided with their son; to make matters worse, the couple lived under their roof. In the end, fed up, she packed her bags and left for neighbouring Thailand as a migrant worker, but did not get away scot-free.

Now aged 30, Zar Zar lives in a shelter for HIV-positive women from Myanmar in the Thai town of Mae Sot near the Myanmar border. She is concerned that many more are at risk of infection because there is so little awareness about AIDS in her home country. "Women in Burma don't know anything about how to protect themselves," she said.

HIV prevention campaigns inside military-ruled Myanmar are underfunded; across the border in Thailand, they struggle to reach, and make sure the estimated 1.5 million migrant workers from Myanmar understand the messages.

Public health professionals fret that even when women from Myanmar are taught how to prevent HIV infection, deeply conservative attitudes towards women's sexuality prevent them from negotiating condom use with their partners.

"In Burma, every sex relationship is up to the man," said Mie Mie, 30, a Myanmarese health educator working with migrant workers in Thailand. "So a woman keeps feeling that she cannot openly ask a partner, 'please use a condom', or else he will look down on her."

Brian Williams, the head of UNAIDS in Rangoon, says the difficulties women face in negotiating condom use, especially in a marriage or stable relationship, are not unique to Myanmar. But according to recent projections, up to 25 percent of people now living with AIDS in Myanmar are thought to be 'low-risk' married women who most likely contracted the virus from their husbands.

Until a few years ago the authorities considered the mere possession of a condom sufficient evidence to convict the carrier of prostitution. Many women still feel that owning condoms, or insisting on their use by their husbands or partners, raises doubts about their own sexual morality.

"They think this [a condom] is very dirty - used by criminals or very sexually active people," said Mie Mie. "So they think, 'this is not for us'."

Traditionally a women's chastity was carefully guarded until marriage. The mass migration to labour-hungry Thailand has undermined those social controls, handing young people from Myanmar far greater sexual freedom, but also reinforcing gender roles that tend to frustrate prevention strategies.

Who's fooling whom?

Dr Ei Ei Khin, technical advisor to an HIV prevention project targeting Myanmarese workers in Thailand, notes that traditional attitudes deter most young, unmarried women from being upfront with boyfriends about their sexual histories, and from requesting condom use.

The result is that many young Myanmarese men, who may use condoms when visiting brothels, underestimate the risks of unprotected sex with their girlfriends, usually assuming - sometimes wrongly - that the young women, often factory workers, are virgins.

"The boys believe their girlfriends are innocent and have no previous experience," Dr Khin said. "Even if girls have experience before, they don't tell, or try to hide it. The boys want virgins, and if they know the girls had sex before, they won't marry, or may leave them. So if the girlfriend requests condom use, maybe the boyfriend will think 'oh, she knows too much'."

Tha Zin, 30, a married factory worker trained as an informal AIDS peer counsellor, says her efforts to encourage younger colleagues to use condoms have floundered due to the girls' shame at admitting they were sexually active before marriage.

"Most of the girls have boyfriends, and mostly they have sex, but I never heard that they used a condom," she said. "In three factories, after training, I gave condoms but the girls ran away. They are very shy and they are very ashamed."