ယနေ့ကာလတွင် အင်္ဂလိပ်စာသည် နိုင်ငံတကာသုံး ဘာသာစကားအနေနှင့် လွှမ်းမိုးနေမှုမှာ ဆက်လက်ကြီးထွားလာ နေဆဲပဲဖြစ်သည်။ ဘရပ်ဆဲလ်မှ ဘေဂျင်း အထိ အင်္ဂလိပ်စာသည် နိုင်ငံစုံကော်ပိုရေး ရှင်းကြီးများ၊ ထိပ်တန်းတက္ကသိုလ်များနှင့် သိပ္ပံပညာရှင်အသိုင်းအဝန်းတွင် ဘုံသုံး ဘာသာစကားဖြစ်နေသည်။ ဆန်ဖရန် စစ္စကိုအခြေစိုက် Global English ကုမ္ပဏီက လက်တင်အမေရိက၊ ဥရောပ နှင့် အာရှဒေသရှိနိုင်ငံစုံကော်ပိုရေးရှင်းကြီး များမှဝန်ထမ်းများ၏ ၉၁ရာခိုင်နှုန်းက အင်္ဂလိပ်စာသည်သူတို့၏လက်ရှိရာထူးများ အတွက် ‘အရေးပါ’ ကြောင်း သို့မဟုတ် ‘အခရာကျ’ ကြောင်း ယုံကြည်ကြသည် ဟုဆိုပါသည်။ အတိုင်ပင်ခံအုပ်စုဖြစ်သည့် မက္ကင်ဆေးက တရုတ်နိုင်ငံအား ၎င်း၏ ကောလိပ်ဘွဲ့ရများထဲမှ ၁ဝရာခိုင်နှုန်း အောက်မျှသာ နိုင်ငံစုံကော်ပိုရေးရှင်း ကြီးများတွင် အလုပ်လုပ်ရန်သင့်တော်သူ ရှိကြောင်း ၂ဝဝ၅ခုနှစ်တွင် သတိပေးပြော ကြားခဲ့သည်။ အဓိကအကြောင်းရင်းမှာ ယင်းဘွဲ့ရများက အင်္ဂလိပ်စကားမပြော တတ်ခြင်းကြောင့်ပဲဖြစ်သည်။ ‘အင်္ဂလိပ်စာ သင်ကြားမှုကို လျစ်လျူရှုတဲ့ ဘယ်နိုင်ငံ မဆို မိမိကိုယ်ကို အန္တရာယ်ကျရောက် အောင် လုပ်ဆောင်နေခြင်းပဲ’ ဟု တရုတ် တိုင်ပေ အမျိုးသားတက္ကသိုလ်တစ်ခု၏ ဘာသာစကားတတ်မြောက်ရေးဌာနမှ ကျွမ်းကျင်သူတစ်ဦးကဆိုပါသည်။
ယင်းအချက်ကို အသိအမှတ်ပြု သည့်အနေနှင့် နိုင်ငံအများအပြားက ယင်း တို့၏ကလေးငယ်များကို အသက်ပိုငယ် စဉ်တွင်အင်္ဂလိပ်စာသင်ကြားခြင်းကိုစတင် နေသည်။ ဩစတြီးယားနှင့်နော်ဝေးနိုင်ငံ တွင် မူလတန်းကျောင်းသား ၉ဝရာခိုင် နှုန်းကအင်္ဂလိပ်စာကို သင်ယူနေသည်။ စပိန်တွင် ၈ဝရာခိုင်နှုန်းကျော်ရှိသည်။ တောင်အမေရိကတွင် ကိုလံဘီယာနှင့် ချီလီနိုင်ငံတို့က အင်္ဂလိပ်စာကျွမ်းကျင်မှုကို တိုးမြှင့်ရန်ရည်ရွယ်ချက်ကြီးမားသည့် အစီ အစဉ်များ အကောင်အထည်ဖော်လျက် ရှိသည်။ တတိယတန်းမှစပြီး သင်္ချာနှင့် သိပ္ပံဘာသာရပ်သင်ကြားရာတွင် အင်္ဂလိပ် စာဖြင့် သင်ကြားရန်နှင့်အလယ်တန်း ကျောင်းတွင်ဘာသာရပ်များအားလုံးကို အင်္ဂလိပ်စာဖြင့် သင်ကြားရန် ဖိလစ်ပိုင် နိုင်ငံက ၂ဝဝ၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။
သို့သော် အင်္ဂလိပ်စာလေ့လာသူ ကျောင်းသားအများဆုံးရှိသည့်နိုင်ငံမှာ တရုတ်ပြည်ဖြစ်သည်။ အစိုးရသင် ပညာ ရေးစနစ်၌ပင် အင်္ဂလိပ်စာလေ့လာနေသူ ၁၇၅သန်းခန့်ရှိသည်။ ၂ဝဝ၁ခုနှစ်တွင် အင်္ဂလိပ်စာကို ယခင်ကလို အထက်တန်း ကျောင်းရောက်မှစတင်ခြင်းထက် ၃တန်းမှ စတင်ရန် ဘေဂျင်းကအမိန့်ပေးထားသည်။ ဘေဂျင်းနှင့်ရှန်ဟဲလိုမြို့ကြီးများတွင် ပထမတန်းမှပင် စတင်သင်ကြားနေပြီဖြစ် သည်။ တရုတ်မိဘအများအပြားက အင်္ဂလိပ်စာအတတ်မြန်အောင် ၎င်းတို့၏ ကလေးများကို ‘အင်္ဂလိပ်စာ တက်သုတ် ရိုက်သင်ပေးသည့်ကျောင်းများ’(cram schools)တွင် ထားကြသည်။ ထိုသို့ ကျောင်းမျိုးကိုလုပ်ကိုင်သည့် New Oriental ကုမ္ပဏီက သူ့ချည်းတစ်ဦးတည်း တွင် ကျောင်းအပ်သူ ကျောင်းသား ၄သန်း ရှိကြောင်း၊ ပြီးခဲ့သည့်နှစ်တစ်နှစ်တည်း မှာပင် တစ်သန်းရှိကြောင်းပြောသည်။ ခြုံငုံ အားဖြင့် တရုတ်နိုင်ငံ၏အင်္ဂလိပ်စာသင် ကြားရေးဈေးကွက်က တစ်နှစ် ဒေါ်လာ ၂ဒသမ၆ဘီလျံတန်လုပ်ငန်းကြီးဖြစ်နေပြီး တစ်နှစ်လျှင် ၁၂ရာခိုင်နှုန်းခန့် ကြီးထွား နေဆဲဖြစ်သည်။
တရုတ်ပြည်တွင် အင်္ဂလိပ်စာလေ့ လာလိုက်စားသူ ဘာကြောင့်ဒီလောက် တိုးပွားနေရပါသလဲ၊ အကြောင်းတစ်ခုမှာ လူနေမှုအဆင့်အတန်းမြင့်တက်လာခြင်း ကြောင့်ပဲဖြစ်သည်။ လူလတ်တန်းစား မိဘ များက သူတို့၏သားသမီးများကို တက် သုတ်ရိုက်သင်ကျောင်းများသို့ ပို့လွှတ်ရန် လူမှုရေးဖိအားက ကြီးမားလှသည်။ အခြားသူများထက် ခြေလှမ်းနောက်မကျ သွားရန်အတွက်ဖြစ်သည်။ နောက်တစ် ချက်မှာ အင်္ဂလိပ်စာတတ်မြောက်ခြင်း ကြောင့်ရရှိနိုင်သည့်ရေရှည်အကျိုးအတွက် ဖြစ်သည်။ အင်္ဂလိပ်စာအလယ်အလတ် တတ်မြောက်သူများ အလုပ်ထဲဝင်သည့် အခါ မတတ်သူများထက် လစာ၂၅ ရာခိုင် နှုန်းတိုးတက်ရရှိသည်။ အဆင့်မြင့်မြင့် တတ်လျှင် ၇ဝရာခိုင်နှုန်းအထိ တိုးတက် ရရှိနိုင်သည်။ တက္ကသိုလ်တစ်ခုရှိ တရုတ် အမျိုးသား အင်္ဂလိပ်စာပါမောက္ခဝေယွန် ကဆော့ဖ်ဝဲအင်ဂျင်နီယာများဖြစ်နေသည့် သူ့တပည့်ဟောင်းနှစ်ဦးအကြောင်း ပြောပြ သည်။ အဓိကကျသည့်အင်္ဂလိပ်စာ စာမေး ပွဲတစ်ခု အောင်မြင်သွားသူ တပည့်က မအောင်မြင်သည့်တပည့်ထက် လစာ နှစ်ဆရရှိကြောင်းထောက်ပြသည်။
ဥရောပအရှေ့ပိုင်းနိုင်ငံများနှင့် ကာတာကဲ့သို့ ပါရှန်ပင်လယ်ကွေ့နိုင်ငံများ ကလည်းအင်္ဂလိပ်စာအတွက် ကြီးထွား ဖွံ့ဖြိုးနေသည့်ဈေးကွက်ဖြစ်လာနေသည်။ ဒေသ၏ ‘ကျား’ အသစ်တစ်ကောင်ဖြစ် လာနေသည့် ဗီယက်နမ်တွင် နိုင်ငံခြား ဘာသာသင်ယူနေသူများထဲ၌ ၉ဝ ရာခိုင်နှုန်းမှာ အင်္ဂလိပ်စာသင်ယူနေသူများ ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံ၏ အနောက် တိုင်းပညာရေး၊ အထူးသဖြင့် အမေရိ ကန်ပညာရေးစနစ်အတွက် ဘာသာပြင်းပြ မှုမှာ အတိုင်းအဆမရှိဟုဆိုရလောက် အောင်ပင်။ တောင်ကိုရီးယားတွင် ယခု အခါ ‘အင်္ဂလိပ်ကျေးရွာများ’ (English Villages) အနည်းဆုံး၁ဝခုမကရှိနေ သည်။ အင်္ဂလိပ်ကျေးရွာဆိုသည်မှာ အနောက်တိုင်း လူနေမှုပုံစံအတိုင်း စာ တိုက်များ၊ ဆေးပေးခန်းများစသဖြင့် အပြည့်အစုံ အတုယူဖန်တီးထားသည့် ကျေးရွာများဖြစ်သည်။ ယင်းကျေးရွာ များတွင် လူငယ်များက ၎င်းတို့၏အင်္ဂလိပ် ဘာသာစကားကျွမ်းကျင်မှုကိုလက်တွေ့ လေ့ကျင့်နိုင်ကြသည်။ အင်္ဂလိပ်လိုချည်း ပြောသည့် မြို့တစ်မြို့ကို ၂ဝ၁ဝ ခုနှစ်တွင် ချီဂျူကျွန်း၌ ဖွင့်လှစ်ရန်ရှိနေသည်။
ကိုရီးယားတက္ကသိုလ်အများအပြား မှာလည်း ကျောင်းသားများ ဘွဲ့ရရန် TOEFL(the Test of English Lan-guage as a Foreign Language)ကို အောင်ရန် လိုအပ်လာပြီဖြစ်သည်။ အလုပ် ရှင်များကလည်း အလားတူအရည်အချင်း နှင့်မပြည့်ဝသူ လျှောက်လွှာရှင်များအား အလုပ်ခန့်ခြင်းမပြုကြတော့။ အင်္ဂလိပ်စာ သာမန်အားဖြင့် မလိုသည့်အလုပ်များမှာ ပင် ထိုသို့ဖြစ်နေသည်။
တရုတ်တိုင်ပေတွင်လည်း အင်္ဂလိပ် စာသင်ယူသူကျောင်းသား ၃သန်းရှိနေ သည်။ ၂ဝဝ၁ခုနှစ်က တစ်သန်းခန့်သာ ရှိခဲ့သည်။ တရုတ်တိုင်ပေကလည်း ကိုရီး ယားနည်းတူ ‘အင်္ဂလိပ်ကျေးရွာ’ တစ်ခု ဖွင့်လှစ်ရန်ရှိနေသည်။
ဂျပန်တွင် အင်္ဂလိပ်စာသင်ယူနေ ကြသည့် အထက်တန်းကျောင်းသားအရေ အတွက်မှာ၂ဝဝ၅ခုနှစ်တွင် ၃ဒသမ၆သန်း ရှိသည်။ ယမန်နှစ်က တိုကျိုသည် ‘Super English High School’ ခေါ် ကျောင်း မျိုး၁ဝဝကိုတည်ထောင်ခဲ့သည်။ ယင်း ကျောင်းများတွင် အဓိကသင်တန်းများကို အင်္ဂလိပ်ဘာသာတစ်မျိုးတည်းဖြင့် သင် ကြားမည်ဖြစ်သည်။
ဥရောပသမဂ္ဂအတွင်း၌လည်း အင်္ဂလိပ်စာသည် ဥရောပနိုင်ငံများ အကြား အများနားလည်သည့်ဆက်သွယ် ရေးစနစ်(Lingua Franca of Europe) ဖြစ်လာနေသည်။ နိုင်ငံများအကြား ပေါင်း စည်းပေးသည့်ဘာသာစကားပင်။ ကိန်း ဂဏန်းက ယင်းအချက်ကိုပြောပြနေသည်။ ဂျာမနီတွင် အင်္ဂလိပ်စာသင်ယူနေသည့် မူလတန်းကျောင်းသားများမှာ ၂ဝဝ၂ ခုနှစ်တွင် ၁၆ရာခိုင်နှုန်းရှိရာမှ ၂ဝဝ၅ ခုနှစ်တွင် ၄၇ရာခိုင်နှုန်းအထိ တိုးတက် လာခဲ့သည်။ ဂရိနိုင်ငံတွင် ယင်းရာခိုင် နှုန်းမှာ ၄၄ရာခိုင်နှုန်းရှိရာမှ နှစ်ဆတိုးပြီး ၉ဝရာခိုင်နှုန်းနီးပါးရှိလာသည်။
အထက်ပါအချက်များက လတ် တလော အင်္ဂလိပ်စာ၏ အရေးပါမှုမှာ ထာဝစဉ်တည်မြဲနေမည်ဟု အာမမခံနိုင် ပါ။ ကမ္ဘာတစ်ဝန်း အင်္ဂလိပ်စာလေ့လာ သူဦးရေမှာ ၂ဝ၁ဝခုနှစ်တွင် အမြင့်ဆုံး အမှတ် ၂ဘီလျံအထိ တက်ပြီးနောက် အလျင်အမြန်ထိုးကျလာမည်ဟု ပြီးခဲ့သည့် နှစ် ဗြိတိန်ကောင်စီအစီရင်ခံစာရေးသား သူ ဒေးဗစ်ဂရက်ဒ်ဒေါလ်ကခန့်မှန်းသည်။နောက်ဆုံးတစ်နေ့တွင် တရုတ်မန်ဒရင် ဘာသာစကား(Mandarin)က အင်္ဂလိပ် စာနေရာယူပေလိမ့်မည်ဟု ဂရက်ဒ် ဒေါလ်ကဆိုသည်။
ကမ္ဘာတစ်ဝန်း မန်ဒရင်ဘာသာ စကားလေ့လာနေသူ တရုတ်လူမျိုး မဟုတ်သူများမှာ သန်း၎ဝကျော်ရှိသည်ဟု ဘေဂျင်းကခန့်မှန်းသည်။ ယင်းကိန်း ဂဏန်းက ကမ္ဘာတစ်ဝန်းရှိ အင်္ဂလိပ်စာ လေ့လာနေသူဦးရေထက် အလှမ်းအများ ကြီးကွာဝေးနေဆဲပဲရှိနေသည်။ ဘာ ကြောင့်ဆိုသော် ၂ဝ၁ဝ ခုနှစ်အရောက် တွင် ကမ္ဘာတစ်ဝန်း အင်္ဂလိပ်စာလေ့လာ သူ ၂ဘီလျံ(သန်း ၂ဝဝဝ)ရှိလာလိမ့်မည်ဟု ပြီးခဲ့သည့်နှစ်က ထုတ်ပြန်ခဲ့သည့် ဗြိတိန် ကောင်စီ အစီရင်ခံစာထဲတွင် ခန့်မှန်းထား သည့်အတွက်ဖြစ်သည်။
တရုတ်နိုင်ငံစီးပွားရေး ကြောက် ခမန်းလိလိ တိုးတက်ဖွံ့ဖြိုးလာမှုကြောင့် မန်ဒရင်ဘာသာစကားသည် အထူးသဖြင့် အာရှဘိဇနက်အသိုင်းအဝန်းအတွင်း တိုးပြီးအသုံးဝင်လာသည်မှာ မငြင်းနိုင်ပါ။ ‘မန်ဒရင်ရောဂါ’ က တောမီးလောင်သလို တားမနိုင် ဆီးမရ ပျံ့နှံ့လျက်ရှိသည်ဆို သည့် အထင်အမြင်မှာ အနီးကပ်လေ့လာ ကြည့်သည့်အခါ ထိုသို့မဟုတ်ကြောင်း၊ ပုံကြီးချဲ့ခြင်းသာဖြစ်ကြောင်း တောင်ပိုင်း ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ဒုတိယ ဘာသာစကားသင်ကြားရေးဆိုင်ရာ ကျွမ်း ကျင်သူတစ်ဦးကပြောခြင်းဖြစ်သည်။
ကိုရီးယားနိုင်ငံ၊ ဟန်ကွတ်ခ် တက္ကသိုလ်တွင် တရုတ်စာလေ့လာသူ ကျောင်းသားဦးရေတိုးလာကြောင်း သိရ သည်။ သို့တိုင် အင်္ဂလိပ်စာလေ့လာသူ ဦးရေနှင့်ယှဉ်လိုက်လျှင်တစ်ဆ၊ နှစ်ဆရှိ နေသေးသည်။ ဂျပန်တွင်မူ မန်ဒရင် တရုတ်စာသည် ပြင်သစ်နှင့် ဂျာမန်စာကို ဖြတ်ကျော်ပြီး ဒုတိယပေါ်ပြူလာအဖြစ် ဆုံး နိုင်ငံခြားဘာသာစကားဖြစ်လာနေ သည်။ သို့သော် အင်္ဂလိပ်စာနှင့်ယှဉ်လိုက် လျှင် ဒုတိယနေရာတွင် အပြတ်အသတ် ကျန်နေဆဲပဲဖြစ်သည်။ ၂ဝဝ၅ခုနှစ်တွင် တရုတ်ဘာသာလေ့လာသူကျောင်းသား မှာ ၂၂ဝဝဝမျှသာရှိသည်။
‘တရုတ်စာက အင်္ဂလိပ်စာကို တော်ရုံမြန်မြန်နှင့်စိန်ခေါ်နိုင်လိမ့်ဦးမှာ မဟုတ်ဘူး’ ဟု အင်္ဂလိပ်စာကိုဒုတိယ ဘာသာစကားအဖြစ် သင်ကြားရေးတွင် ကျွမ်းကျင်သူ ဟောင်ကောင်အခြေစိုက် ဒေးဗစ်နူနန်ကပြောပါသည်။အင်္ဂလိပ်စာ က သိပ္ပံ၊ နည်းပညာ၊ ခရီးသွားလုပ်ငန်း၊ ဖျော်ဖြေရေးနှင့် မီဒီယာလုပ်ငန်းတို့၏ ဘာသာစကားအဖြစ် ထင်ထင်ရှားရှား နေရာယူထားခဲ့သည့်အတွက် အနည်းဆုံး နောက်ထပ် နှစ်၅ဝအထိ လွှမ်းမိုးသည့် ကမ္ဘာ့ဘာသာစကားအဖြစ် ဆက်လက်ရှိ နေဦးမှာဖြစ်ကြောင်းနူနန်ကကောက်ချက်ချပါသည်။
No comments:
Post a Comment