မြန်မာလူငယ်များ နိုင်ငံတကာသို့ သွားရောက်၍ ပညာသင်ကြားခဲ့ကြသည် ကို ပြန်ကြည့်မည်ဆိုပါက ၁၉၉ဝပြည့်နှစ် များကတည်းက စတင်သည်ဟုဆိုနိုင် သည်။ ၁၉၉ဝပြည့်နှစ်ခန့်မှစ၍ နိုင်ငံတော် ကဗဟိုချုပ်ကိုင်သည့် စနစ်ကိုဖျက်သိမ်းပြီး ဈေးကွက်စီးပွားရေးစနစ်ကိုကျင့်သုံးခဲ့ရာ နိုင်ငံတကာနှင့်ကူးလူးဆက်ဆံမှုများ ပိုမို များပြားခဲ့သည်။ ထို့အတူ နိုင်ငံတကာ သို့ထွက်၍ပညာသင်ကြားလိုသူများလည်း ပိုမိုများပြားလာခဲ့သည်ကိုတွေ့နိုင်သည်။ အစောပိုင်းကာလများက မြန်မာလူငယ် များသွားရောက်ကြသည်မှာ ထိုင်းနိုင်ငံ ဖြစ်ပြီးနောက်ပိုင်းတွင် စင်ကာပူနှင့် မလေး ရှားနိုင်ငံများသို့ ပိုမိုသွားရောက်လာကြ သည်။ ‘စင်ကာပူကပေးတဲ့ဘွဲ့ကို ထိုင်း နိုင်ငံကဘွဲ့ထက် နိုင်ငံတကာက ပိုပြီးအသိ အမှတ်ပြုတယ်။အဲဒီတော့ စင်ကာပူကနေ ဘွဲ့ရပြီးရင် စင်ကာပူမှာ အလုပ်မလုပ်ဘဲ တခြားနိုင်ငံတွေမှာသွားပြီး အလုပ်လုပ်ရင် ရသလို တခြားနိုင်ငံမှာကျောင်းဆက်တက် ရင်လည်းအဆင်ပြေတယ်’ ဟု Potential Corner မှ ဦးထွန်းဝင်းမင်းကပြောသည်။ သူကပင်ဆက်၍ ‘မလေးရှားကျောင်းတွေ ကတော့ ကျောင်းလခ ပိုပြီးသက်သာ တယ်။ အဲဒါကြောင့် ထိုင်းနိုင်ငံထက် စင်ကာပူနဲ့မလေးရှားနိုင်ငံများကို ပိုပြီးရွေး ချယ်ကြတာပါ’ ဟု သူက ရှင်းပြသည်။
စင်ကာပူနိုင်ငံတွင် သွားရောက်ပညာ သင်ကြားကြရာ၌ မြန်မာအများစုရွေးချယ် ကြသည်မှာ အစိုးရပေါ်လီတက္ကနစ်များနှင့် NUS, NTU စသည့်တက္ကသိုလ်များဖြစ် သည်ဟု စင်ကာပူနိုင်ငံ၌ ပညာသင်ကြား နေသည့် ကျောင်းသားတစ်ဦးကဆိုသည်။ အဆိုပါကျောင်းများ၌ တက်ရောက်နေ သည့်ကျောင်းသားအများစုမှာ အစိုးရချေး ငွေဖြင့် တက်ရောက်ကြသဖြင့် စင်ကာပူ အစိုးရပေါ်လစီအရ ကျောင်းပြီးပါက ၃နှစ် ပြန်လည်အလုပ်လုပ်ပေးရသဖြင့် အလုပ် ရှာဖွေရန်မလိုအပ်ခြင်း၊ ကျောင်းစရိတ် သက်သာခြင်းနှင့်ကျောင်းချိန်ပြင်ပတွင် တရားဝင်အချိန်ပိုင်းအလုပ် လုပ်ခွင့်ရရှိခြင်း တို့ကြောင့်ရွေးချယ်မှု ပိုမိုများပြားနေခြင်း ဖြစ်သည်ဟုသူကဆက်ပြောသည်။ ပညာ သင်ဆု ရရှိမှုအပိုင်း၌မူ ဒေသတွင်းတရုတ်၊ ဗီယက်နမ်စသည့်နိုင်ငံများနှင့်နှိုင်းယှဉ်ပါက နည်းပါးနေသေးသည်ကိုလည်းတွေ့နိုင်သည်။ ၁၉၉၈ခုနှစ်ကစတင်ခဲ့သည့်စင်ကာပူအစိုးရ ပညာသင်ဆုကို အာဆီယံနိုင်ငံများ၌ ကျောင်းသား ၄ဝဝကျော်ရရှိခဲ့ပြီး မြန်မာ နိုင်ငံမှ၁၆ဦးသာရရှိသေးသည်ကိုကြည့်ပါက နည်းပါးနေသေးသည်ကို သိနိုင်သည်။ မြန်မာကျောင်းသားများမှာ အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်တွင် အရည်အသွေးသာ လွန်သော်လည်းပညာသင်ဆုလျှောက်ထား ရာ၌ စနစ်တကျလျှောက်ထားမှုမရှိခြင်း၊ အထူးသဖြင့် သတ်မှတ်ထားသည့်ဝင်ခွင့် သတ်မှတ်ချက်များကို ကိုက်ညီအောင်ဖြည့် ဆည်းမှုမရှိခြင်းနှင့်TOEFL,IELTSစသည့် အင်္ဂလိပ်စာအရည်အချင်းစစ်စာမေးပွဲရမှတ် များကို တင်ပြမှုမရှိခြင်းတို့ကြောင့် ပညာ သင်ဆုရရှိမှုနည်းပါးနေရခြင်းဖြစ်သည်ဟု ပညာရေးကျွမ်းကျင်သူများကသုံးသပ်သည်။ အစိုးရပညာသင်ဆုရရှိပါက ကျောင်းလခ၊ လေယာဉ်ခနှင့်နေထိုင်မှုစရိတ်အားလုံးကို စင်ကာပူနိုင်ငံမှကျခံခြင်းဖြစ်ရာအခမဲ့ပညာ သင်ကြားရသဖြင့် ပညာသင်ဆုရရှိသူ အတွက်သာမက နိုင်ငံအတွက်ပါများစွာ အကျိုးရှိသည်ဟုဆိုနိုင်သည်။
ပုဂ္ဂလိကကျောင်းများ၌ တက်ရောက် မည့်သူများအတွက်မူ ကျောင်းများ၏ အာမခံချက်ရှိမှုကိုအဓိကထား၍စဉ်းစားရန် လိုအပ်သည်။ စင်ကာပူနိုင်ငံ၌ ပုဂ္ဂလိက ကျောင်းများကို Case Trust, Singa-pore Quality Class(SQC) စသည့် Certificate များဖြင့် အဆင့်အတန်းသတ် မှတ်ထားရာ အဆိုပါ Certificate များနှင့် ပတ်သက်၍ ‘စင်ကာပူမှာ လွန်ခဲ့တဲ့ နှစ်နှစ် ကျော်လောက်က ကျောင်းတချို့ ဒေဝါလီ ခံသွားရတာရှိတယ်။ ကျောင်းဒေဝါလီခံ သွားတော့ တက်လက်စကျောင်းသား တွေတစ်ပိုင်းတစ်စနဲ့ဒုက္ခရောက်ကြတယ်။ စင်ကာပူအစိုးရက နောက်အဲဒီလိုမဖြစ် အောင်ကန့်သတ်လိုက်တာပါ။ Case Trust ရှိတဲ့ ကျောင်းမှာတက်တဲ့သူတွေ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပိတ် သွားရင်တောင် အစိုးရကနေ ပိုက်ဆံပြန် အမ်းပေးပါတယ်။နောက်တစ်ခုက Case Trust မရှိတဲ့ကျောင်းတွေက နိုင်ငံခြား ကျောင်းသားကို လက်ခံခွင့်မရှိပါဘူး။ အဲဒါကိုသတိထားဖို့လိုပါတယ်။ SQC မရှိတဲ့ကျောင်းမှာတက်ရင်တော့ စင်ကာပူ အစိုးရကို Deposit S$ 5000 တင်ရတဲ့ အတွက် အဲဒီလက်မှတ်နှစ်ခုရှိတဲ့ကျောင်း ကို ရွေးချယ်ဖို့လိုပါတယ်’ ဟု ပညာရေး ကျွမ်းကျင်သူတစ်ဦးကပြောသည်။ စင်ကာပူနိုင်ငံ၌ ပုဂ္ဂလိကကျောင်းပေါင်း ၅ဝဝ ဝန်းကျင်ခန့်ရှိသည့်အနက် Case Trust နှင့် SQC ရှိသည့်ကျောင်းမှာ ၄၉ ကျောင်းသာရှိသည်ဟုသိရသည်။
နိုင်ငံခြား၌ သွားရောက်ပညာသင် ကြားကြရာတွင် မိမိနှင့်ဓလေ့စရိုက်၊ ဘာသာမတူသည့်ပတ်ဝန်းကျင်၌ယဉ်ကျေး မှုမတူညီသည့်ပြဿနာများကိုလည်း ကြုံရ လေ့ရှိသည်ဟုသိရသည်။ မြန်မာလူမျိုးများ မှာမိဘအသိုင်းအဝိုင်းပတ်ဝန်းကျင်၊ဘာသာ တရားအဆုံးအမအောက်တွင် ကြီးပြင်းခဲ့ရ သူများဖြစ်ရာ ဘာသာနှင့်ယဉ်ကျေးမှုချင်း မတူညီသည့်ပတ်ဝန်းကျင်သို့ရောက်သည့် အခါအိမ်လွမ်းနာ(Homesick)၊ယဉ်ကျေး မှုချင်းမတူညီသည့် Culture Shock စသည့်ပြဿနာများလည်းကြုံရလေ့ရှိသည်။ နိုင်ငံခြား၌ ပညာသင်စဉ် ကြုံရလေ့ရှိသည့် အခက်အခဲများနှင့်ပတ်သက်၍ Poly Technic ကျောင်းသူတစ်ဦးဖြစ်သူ မမီးမီး က ‘မြန်မာတွေက မိသားစုကို အရမ်း dependလုပ်တယ်။ကိုယ့်အားကိုယ်ကိုးတဲ့ ဓလေ့နည်းတယ်။ဟိုမှာကကိုယ်ထူကိုယ်ထ လုပ်ရတဲ့အခါကျတော့ မလုပ်တတ်၊ မကိုင် တတ်ဖြစ်ကြတယ်’ ဟုပြောသည်။
Potential Corner မှ ဦးထွန်းဝင်း မင်းကလည်း ‘စင်ကာပူမှာ ကျောင်းသွား တက်ကြတဲ့အများစုက ဆယ်တန်းအောင် ပြီးစ ၁၇နှစ်၊ ၁၈နှစ်အရွယ်တွေများတယ်။ အဲဒီအရွယ်လေးတွေက မိဘနဲ့ကင်းကွာတဲ့ ပတ်ဝန်းကျင်ကို ရောက်တဲ့အခါ မလုပ် တတ်၊ မကိုင်တတ်ဖြစ်ကြတယ်။ နောက်ပြီး စင်ကာပူမှာက ဘာသာမရှိသူတွေကများ တယ်။ သူတို့ဆီမှာ အဓိကတန်ဖိုးထားတာ က ငွေကြေးနဲ့အလုပ်ဖြစ်တဲ့အခါကျတော့ Culture Shock ဖြစ်ကြတယ်’ ဟုပြောပြ သည်။ ကျောင်းတက်ရောက်စဉ် ကြုံရလေ့ ရှိသည့်အခက်အခဲများနှင့်ပတ်သက်၍ NUS မှ ကျောင်းပြီးသူ မသီရိကလည်း ‘အခက်အခဲတွေနဲ့ပတ်သက်ရင်အရင်တုန်း ကတော့ ပိုပြီးကြုံရတယ်။ ဟိုမှာလူခံမရှိ တာ၊ အိမ်ငှားပေးမယ့်သူမရှိတာ၊ နောက် ဆုံး ရေဖိုး၊ မီးဖိုးကအစ ဘယ်ကိုပေးရမလဲ ဆိုတာ မသိတာတွေကြုံရတယ်။ အဲဒါ အပြင် ကျောင်းတက်ဖို့လိုတဲ့ Document တွေ မယူခဲ့မိလို့ အခက်အခဲတွေ့ရတာတွေ လည်းရှိတယ်’ ဟုပြောပြသည်။ ထို့ပြင် ကျောင်းမတက်ခင်က ဘယ်ဘာသာရပ်နဲ့ သင့်တော်သည်၊ ဘယ်လမ်းကြောင်းကိုရွေး ချယ်သင့်သည်ဆိုသည့်အကြံပေးမှုများမရ ခဲ့ခြင်းကလည်း အခက်အခဲကြုံတွေ့စေ သည်ဟု ဆက်ပြောသည်။
စင်ကာပူရှိ Nangyang Polytech-nic ၌ သွားရောက်ပညာသင်ကြားမည့် ကိုမျိုးထက်ကလည်း ‘ကျွန်တော် နည်း ပညာကောလိပ်တက်တုန်းက နယ်မှာ အဆောင်နေခဲ့ရတော့ အချိန်မှန်စာကြည့် တဲ့အကျင့်နဲ့ကိုယ့်အားကိုယ်ကိုးတဲ့အကျင့် ရခဲ့တယ်။ အဲဒီအတွေ့အကြုံတွေက ဟိုမှာ ကျောင်းတက်တဲ့အခါ အထောက်အကူပြု နိုင်မယ်ထင်တယ်။ GTC ကျောင်းသား ဘဝတုန်းက ကျောင်းအပြင် လူတွေနဲ့ဝင် ဆန့်အောင် ပေါင်းတတ်၊ သင်းတတ်လာ တာတွေကလည်း Culture Shock တို့၊ ဘာတို့မဖြစ်အောင် အထောက်အကူပြုမှာ ပါ၊ ဒီမှာကတည်းက ပြင်ဆင်သွားရင် ဟို မှာလည်းအခက်အခဲမရှိနိုင်ဘူး’ ဟုပြောပြ သည်။
နိုင်ငံခြားသို့ သွားရောက်ပညာသင် ကြားလိုသူများ ပိုမိုများပြားလာသည့်နည်း တူ ကျောင်းတက်ရောက်ခွင့်ရရန် ဝန် ဆောင်မှုပေးသည့် Agent များလည်းပိုမို များပြားလာခဲ့သည်။ လွန်ခဲ့သည့် ၅နှစ်ခန့် က Agent အရေအတွက်ဆယ်ခုပင်မပြည့် ဘဲရှိခဲ့ရာမှ ယခုအခါ သုံးဆယ်ဝန်းကျင် ခန့်ရှိနေပြီဖြစ်သည်။ ပညာရေးဝန်ဆောင် မှုပေးသည့် Agent များ များပြားလာရ ခြင်းနှင့်ပတ်သက်၍ Potential Corner မှ ဦးထွန်းဝင်းမင်းက ‘ကျောင်းတက်ဖို့ ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီတွေက အရမ်း ခေတ်စားလာတယ်။ ထိပ်ဆုံးအနေ အထားကိုရောက်နေတယ်လို့တောင်ပြော လို့ရတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ ကျောင်းတွေက ဈေးကွက်သေးသေးလေး ကို ဝိုင်းပြီး လုနေကြတဲ့သဘောပါပဲ။ အဲဒါ အပြင် ကျောင်းသားတွေအနေနဲ့ကလည်း ကိုယ်တိုင်မလုပ်တတ်ကြသေးလို့ Agent တွေကနေ တစ်ဆင့်သွားကြတာပါ။ ဟိုမှာ အမျိုးတွေ၊ သူငယ်ချင်းတွေ ရောက်သွား ရင်လည်း သူတို့ကနေတစ်ဆင့်သွားကြမှာ ပါ’ ဟု သူကသုံးသပ်သည်။ သူကပင် ဆက်၍ ‘တရုတ်နိုင်ငံမှာလည်း ပြီးခဲ့တဲ့ ဆယ်နှစ်လောက်က နိုင်ငံခြားမှာ ကျောင်း တက်ဖို့အရမ်းခေတ်စားခဲ့သလို Agent တွေ ကလည်းအများကြီးပေါ်ခဲ့တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့၃နှစ်လောက်မှာ အဲဒီဈေးကွက် ပျက်သွားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်ကျောင်းသားတွေက ကျောင်းတွေ ကို Agent ကတစ်ဆင့်မဟုတ်ဘဲကိုယ်တိုင် ချိတ်ဆက်ပြီးသွားကြသလို တရုတ်နိုင်ငံရဲ့ ပညာရေးအဆင့်အတန်း တိုးတက်လာတဲ့ အတွက် နိုင်ငံတွင်းမှာပဲ ကျောင်းပြန် တက်ကြတဲ့အတွက်ဖြစ်တယ်။ ဒီမှာလည်း နောက်သုံးနှစ်လောက်ကြာတဲ့အခါ အခုလို ခေတ်မစားတော့ဘဲ ရပ်သွားနိုင်တယ်’ ဟု သုံးသပ်သည်။
ပညာသင်ကာလပြီးဆုံးသည့်အခါ အလုပ်အကိုင်အခွင့်အလမ်းနှင့်ပတ်သက်၍ Emergent Services မှ မစန်းသူဇာ မြိုင်က’အစိုးရကျောင်းတွေကတော့အလုပ် သေချာတယ်။ ပုဂ္ဂလိကကျောင်းတွေက ပြီးတဲ့သူတွေကလည်း ၉ဝရာခိုင်နှုန်းတော့ အလုပ်ရပါတယ်။ ဒါပေမဲ့ ပုဂ္ဂလိက ကျောင်းက ကျောင်းပြီးတဲ့သူတွေကတော့ ကျောင်းမပြီးခင် နှစ်လလောက်အလို ကတည်းက ကြိုပြီးရှာထားနိုင်ရင် ပိုပြီး စိတ်ချရတယ်။ ကျောင်းပြီးတဲ့အခါ ရတဲ့ နေထိုင်ခွင့် တစ်လနဲ့ဆိုရင် သုံးလလောက် အချိန်ရတာပေါ့’ ဟုပြောပြသည်။ ကျောင်း ပြီးပါက ထိုနိုင်ငံ၌ပင် အလုပ်လုပ်၍ ငွေ ကြေးနှင့်အတွေ့အကြုံရှာသည့်သူများရှိ သည့်နည်းတူ မိမိတို့ရရှိခဲ့သည့်အတွေ့ အကြုံကိုအခြေခံ၍ ကိုယ့်နိုင်ငံ၌ပင် ပြန်၍ အလုပ်လုပ်ကြသည်ကိုလည်း တွေ့နိုင် သည်။ Brightway Pte Group မှ မသီရိက ‘NUS ကနေ ကျောင်းပြီးခဲ့တာ ပါ။ ကိုယ်တိုင်ကလည်း ဟိုမှာ ကျောင်း တက်ခဲ့တော့ပညာရေးဝန်ဆောင်မှုကုမ္ပဏီ လုပ်တဲ့အခါ စင်ကာပူအစိုးရဥပဒေနဲ့အညီ ပညာရေးနဲ့ဆိုင်တဲ့ Document တွေ လုပ်ပေးတာကအစ ဘယ်ကျောင်းတွေက မြန်မာကျောင်းသားတွေနဲ့ သင့်တော်တယ်၊ ဘယ်ကျောင်းတွေကတော့ အလုပ်ရလွယ် တယ်ဆိုတာအထိ ပိုပြီးအဆင်ပြေအောင် လုပ်ပေးနိုင်တယ်’ ဟု ပြောပြသည်။
ယခုအခါ ပြည်ပသို့ထွက်၍ ပညာ သင်ကြားသူများအနေနှင့် ပုဂ္ဂလိကလိုအပ် ချက်အလိုအရ မိမိနိုင်ငံသို့ပြန်လာ၍ အလုပ်အကျွေး ပြုသူများရှိသလို ထိုနိုင်ငံ ၌ပင်နေထိုင်၍ ငွေကြေးနှင့်အတွေ့အကြုံ ရှာဖွေသူများလည်းရှိနေသည်။ မည်သို့ ပင်ဖြစ်စေ Globalization ခေတ်၏ နိုင်ငံတကာပညာရေးမြစ်တစ်စင်း ရေစီး ကြောင်းမှာ ဆက်လက်စီးဆင်းနေဦးမည် ဖြစ်ပါသည်။
No comments:
Post a Comment