Monday, December 24, 2007

လေဖြတ်သွားတဲ့ ဘဝ

လှောင်ရီသံတွေ

လှောင်ရီသံတွေ

ငါမကြားရပါဘူး

ဒါပေမဲ့ သိနေတယ်

ငါလွှင့် ထွက်သွားခဲ့ပြီ

အဝေးဆုံးကိုပေါ့

ငါကိုယ်တိုင်ထုဆစ်တဲ့

ငါ့ဘ၀လေး

တစ်စစီကြေမွပျက်ဆီးခဲ့ပေါ့

ကံကြမ္မာ ဂြိုလ်ဆိုး ရဲ့

လေးကိုင်တစ်စုံ ကိုကိုင်ဆောင်ထားတဲ့

မိန်းမပျို ရဲ့ အဆိပ်လူးမြားချက်တွေနဲ့

အလဲလဲ အပြိုပြို

ဥပေက္ခာတွေ များလိုက်ကြတာ

ငါ့ကိုယ်ငါ တောင် မမှတ်မိတော့လောက်အောင်

ရိုက်ချက်အပြင်းစားတွေ နဲ့

ငါ့ဘ၀ ကိုယ်တစ်ပိုင်း သေခဲ့ရပြီလေ- - -- - -- -- - - ----------

(မှတ်ချက်။။။။။။ ဤကဗျာကို Planet site မှကူးယူဖော်ပြပါသည်။ ရေးသူ--Mr Kyaw Gyi)

No comments: