ကိုလမ်ဘင်နှင့် ဟာလီကင်တို့ဟာ ဘယ်သူတွေလဲ ?
Columbine နှင့် Harlequin တို့သည်ရှေးရိုးစဉ်လာအီတလီပြဇာတ် Commedia dell'arte မှအဓိကဇာတ်
ကောင်နှစ်ဦးဖြစ် သည်။အဆိုပါအီတလီဇာတ်မျိုးသည်ရီ နေဆန်းဥာဏ်သစ်လောင်းတော်လှန်ရေးခောတ်
အဆုံးတွင်ပေါ်လာသည်။ (၁၈)ရာစုနှစ်အထိ ဥရောပတစ်လွှားလူသိများသည်။ အဆိုပါအီတလီပြဇာတ်၏
ဇာတ်လမ်းသည် ရိုးရိုးစင်းစင်းပင်ဖြစ်သည်။ ဇာတ်ဆောင်လူငယ်တစ်ဦး၊ လုံမငယ်တစ်ဦး၊ သဘောမတူသော
နှစ်ဖက်မိဘများ၊ ဥာဏ်ရွှင်ပျော်တော်ဆက် အစေခံများပါဝင်တတ်သည်။ ယင်းသို့ဇာတ်လမ်းသရုပ်ဖော်ရာ
တွင်ဘားကျွမ်းခန်းများ၊ မျက်လှည့်ခန်းများ၊ တေးဂီတများပေါင်းစပ်ထည့်သွင်းထားသည်။ ကိုလံဘင်နှင့်ဟာ
လီကင် ဇာတ်ကောင်နှစ်ဦး၏ကျေးဇူးကြောင့် ပြင်သစ်နိုင်ငံတွင်လည်း အလားတူ ဇာတ်မျိုးများပေါ်လာခဲ့ရ
သည်။
သင်နှစ်သက်တဲ့ စာအုပ် စင်္ကာပူတိုင်းသားလည်း ဖတ်ပါစေ
သင်ဖတ်လိုက်တဲ့ ၀တ္ထု၊ ဆောင်းပါးက သင့်ဝိဥာဏ်ကို ကိုက်ဖဲ့ဖမ်းစားသွားပါသလား၊ ဒါမှမဟုတ်ဘဝ
ရဲ့ စိတ်ကူးလမ်းကြောင်းပြောင်းသွားအောင်လုပ်ခဲ့လား၊ ဒါမှမဟုတ် စိတ်ကူးစိတ်သန်းရိုင်းတွေနဲ့ စကြာဝဠါ
အပြင်ဘက်လွင့်စင်သွားပါသလား။ National Library Board's (NLB) ၏ Read! Singapore 2008တွင်ပါ
ဝင်၍ သင်၏ ဗဟုသုတ၊ အတွေ့အကြုံများ ကို စင်္ကာပူနိုင်ငံသား များနှင့် မျှဝေနိုင်ပြီဖြစ်သည်။ စာဖတ်သူ
သည် မိမိတို့ အနှစ်သက်ဆုံးစာအုပ်ကို တနိုင်ငံလုံး ဖတ်ရှုနိုင်ရန် ရွေးချယ်ရမည်။ ယခုအချိန်မှစ၍ ဇန်န၀ါရီ
လကုန်ပိုင်းအထိ သတ်မှတ်ထားသော ဘာသာရပ်စကား ၄ မျိုးမှ တစ်မျိုးဖြင့် ရေးသားထားသောမိမိတို့နှစ်
သက်ဆုံးစာအုပ်ကို ရွေးချယ်ခွင့်ရှိသည်။ စင်္ကာပူစာအုပ် ရွေးချယ်ရေးကော်မတီမှ ရွေးချယ်ခြင်းကို ခံရလျှင်
MP3 Player နှင့် စာအုပ်ထည့်သည့်ပုံးတို့ကို ဆုအဖြစ်ပေးမည်ဖြစ်သည်။ရွေးချယ်တင်ပြသည့်စာအုပ်သည်
ကမ္ဘာပေါ်တွင် ရောင်းအားကောင်းသည့် စာအုပ် သို့မဟုတ် စာရေးသူဆုရသည့်စာအုပ် ဖြစ်ရမည်။ စာရေး
သူသည် စာအုပ် ၁ အုပ်ထက်ပို၍ ထုတ်ဝေခဲ့သည့် သူဖြစ်ရမည်။ ယခုပါဝင်ယှဉ်ပြိုင်ရမည့် စာအုပ်ရွေးချယ်
ပွဲတွင် 'Home and Away' စကားရပ်နှင့် ညီသော စာအုပ်မျိုးကို ရွေးချယ်တင်ပြရမည်ဖြစ်သည်။ ရွေးချယ်
ရေးကော်မတီမှ ဘာသာစကား တစ်ခုစီမှ ခေါင်းစဉ် ၅ ခုစီကို ရွေး၍ Read Singapore ၀က်ဆိုက်တွင်တင်
၍ အများဆန္ဒခံယူမည်ဖြစ်သည်။ အများဆုံး ဆန္ဒပေးခံရသည့်စာအုပ်ကို “ လူထုအကြိုက်” ဟု အမည်ပေး
မည်ဖြစ်ပြီး၊ နိုင်ငံအ၀န်းဖတ်သည့်စာအုပ်အဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။ဘာသာစကား ၄ခုလုံး နောက်
ဆုံးအဆင့် ရွေးချယ်ခံရသည့်စာအုပ်ရွေးသူများအား ၎င်းတို့၏ စာအုပ်အပေါ် ထားရှိသည့် နှစ်သက်မြတ်နိုး
မှုကို မျှဝေပေးနိုင်ခြင်းအလို့ငှာ ကျွန်းအနှံ့တွင် ကျင်းပမည်ဖြစ်သောဆွေးနွေးပွဲသို့တက်ရောက်ရန်ဖိတ်ခေါ်
မည်ဖြစ်သည်။
ဓာတ်ဘူး(Vacuum Flasks) တွေကအပူဓာတ်ကို ဘယ်လိုထိန်းထားတာလဲ?
ဓာတ်ဘူးတစ်ဘူးဟာအထဲမှာထည့်ထားတဲ့သောက်သုံးစရာပစ္စည်းတွေကို နာရီပေါင်းများစွာအပူဓာတ်ပေး
ထားတတ်တယ်။ဓာတ်သားတွေကအရည်တွေရဲ့အပူတွေ များများစားစားထွက်မသွားရအောင်တတ်နိုင်သ
မျှထိန်းပေးထားပါတယ်။ အရည်တွေရဲ့အပူတွေမဆိုစလောက်ပဲ လွင့်ထွက်သွားတာကြောင့် အပူဓာတ်ကို
တာရှည်ခံထိန်းပေးထားနိုင်တယ်။ ဓာတ်ဘူးဆိုတာ နည်းအမျိုးမျိုးနဲ့ အပူဆုံးရှုံးမှုကို ကာကွယ်နိုင်ဖို့ ပုံဖော်
ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဓာတ်ဘူးအတွင်းထည့်စရာခွက်ရဲ့ ငွေသားနံရံတွေကခွက်ထဲကို အပူဓာတ်
ရောင်ခြည်ပြန်ပို့ပေးတယ်။အဲဒါကြောင့်အပူဓာတ်တွေနံရံကိုဖြတ်ထွက်စီးမသွားနိုင်တာပါပဲ။
အစ္စရေးနှင့် တိုက်ပွဲများအကြား ပါလက်စတိုင်းစစ်သွေးကြွ ခုနှစ်ဦး သေဆုံး
ဒီဇင်ဘာ(၂၇)ရက်နေ့က ဟားမတ်တို့ ထိန်းချုပ်ထားသော ဂါဇာ ကမ်းမြောင်ဒေသတွင် အစ္စရေး တို့နှင့်တိုက်ပွဲလေးကြိမ်ဖြစ်ပွားပြီး ဟားမတ်စစ်သွေးကြွ ခေါင်းဆောင်တစ်ဦးအပါအ၀င်စုစုပေါင်း (၇) ဦးသေ ဆုံးခဲ့ပြီး၁၆ဦးဒါဏ်ရာရရှိခဲ့သည်ဟုဆေးဝန်ထမ်းများနှင့်မျက်မြင်သက်သေများကပြောဆိုသည်။လေကြောင်း အထောက်အကူဖြင့် ခြေလျင်တပ်သားများ သာမန် စစ်ဆင်ရေးဆောင်ရွက်နေစဉ် အတွင်း အစ္စရေး နယ်မြေ ဘက်သို့ အမြောက်များ၊ မော်တာများနှင့် ပစ်ခတ်သူများ ကိုချိန်ရွယ် ပစ်ခတ်မှုကြောင့် ဂါဇာကမ်း ခြေပထမ တိုက်ပွဲတွင် ဟားမတ်သုံးဦးသေဆုံးခဲ့သည်။ အချိန်အနည်းငယ်ခြား၍ ဂါဇာ ကမ်းမြှောင် ဗဟိုဒေသတွင် လေ ကြောင်းတိုက်ပွဲဖြစ်ပွားခဲ့ပြီး ဂျီဟတ်စစ်သွေးကြွနှစ်ဦးသေဆုံးပြီး ငါးဦးဒါဏ်ရာရရှိခဲ့သည်။ စစ်ပွဲဖြစ်ပွားရာနေ ရာသို့ဦးတည်သွားနေသည့် လက်နက်များနှင့် စစ်သွေးကြွ များအား တင်ဆောင်လာသည့် ကားများကို လေ ကြောင်းမှ တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။ နောက်ထပ် တတိယ မြောက်တိုက်ပွဲမှာ ဂါဇာမြို့၏ တောင်ဘက်တွင် ဟယ်လီကော်ပတာပေါ်မှ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဂျီဟတ်စစ်သွေးကြွ ခေါင်းဆောင်ဖြစ်သူမိုဟာမက်အဒူလက် (၄၀)နှစ် သေဆုံးခဲ့ပြီး နှစ်ဦးဒါဏ်ရာရရှိခဲ့သည်။ ယခုသေဆုံးသူများအပါအ၀င် ၂၀၀၀ခုနှစ်စက်တင်ဘာလမှ စ၍ ဖြစ်ပွားသည့်ဒုတိယအကြိမ် ပါလက်စတိုင်းနှင့် အစ္စရေးစစ်ပွဲတွင် သေဆုံးသွားသူပေါင်း၆၀၀၇ဦးရှိပြီဖြစ် သည်ဟု အေအက်ဖ်ပီသတင်းဌာနမှဆိုသည်။ လက်သည်းနီတွေကို ဘယ်အချိန်ကတည်းက ဆိုးခဲ့ကြသလဲ |
|
လက်သည်းနီ် (Nail Polish ) သည်အလှဆင် အရောင်တင်ဆီတစ်မျိုးဖြစ်ပြီး လက်သည်းနှင့်ခြေ |
မြောက်ကိုးရီးယားက ၄င်း၏ နျူကလီးယားလက်နက် စွန့်လွှတ် ရေး အစီအစဉ် ကြန့်ကြာနိုင်သည်ဟု ပြောကြား
မြောက်ကိုးရီးယားနိုင်ငံခြားဝန်ကြီးဌာန အရာရှိတစ်ဦးဖြစ်သူ ဟွန်ဟပ်ဘွန်က ဒီဇင်ဘာ၂၆ရက်
နေ့ ပြုံယန်းတွင်ပြုလုပ်သောတရုတ်နှင့် တောင်ကိုးရီးယားအရာရှိများနှင့် တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ၎
င်းတို့၏နျူကလီးယားလက်နက်စွန့်လွှတ်ရေးအစီအစဉ်သည်နှောင့်နှေးနိုင်သည်ဟုကျိုဒိုနှင့် NHKသတင်း
ဌာနများသို့ပြောကြားခဲ့သည်။ ၄င်းကဆက်လက်၍ ယင်းကဲ့သို့ကြန့်ကြာရခြင်းမှာခြောက်နိုင်ငံဆွေးနွေးပွဲ
များတွင် ဆုံးဖြတ်ခဲ့ကြသည့်လိုက်နာလုပ်ဆောင်ရန်ရှိသောစီးပွားရေးဆိုင်ရာနစ်နာမှုအစားထိုးပေးလျော်
မှုများလုပ်ဆောင်ပေးရန် နှောင့်နှေးကြန့်ကြာမှုများကို ပြန်လည်၍ချိန်ဆသည့်အနေနှင့်ယခုကဲ့သို့ပြုလုပ်
ခြင်းဖြစ်ကြောင်း၊၄င်းတို့အနေဖြင့်ယခုကဲ့သို့လုပ်ရန်မှတစ်ပါး ရွေးချယ်စရာမရှိဟု ပြောကြားခဲ့သည်။ ၄င်း
ကတရုတ်နိုင်ငံက ပေးရန် သဘောတူညီထားသည့် အကူအညီများကို ရည်ရွယ်၍ ပြောကြားခဲ့ခြင်းဖြစ်
သည်။ တောင်ကိုးရီးယားနိုင်ငံက၄င်းတို့ပေးရန်ရှိသည့် စတီးတန် ၅၁၀၀ ကို ပေးပို့ပြီး ဖြစ်သည်။ ၄င်းက
နျူကလီးယား လက်နက်ဖျက်သိမ်းရေးအစီအစဉ်များမှာ နှောင့်နှေးမည်သာဖြစ်ပြီး လုံးဝလိုက်နာဆောင်
ရွက်မှုမပြုလုပ်ဟုမဆိုလိုကြောင်း ပြောဆိုသည်။
ရုပ်သံလွှင့်ဌာနရှစ်ခုကို ဒေါ်လာ၁ .၁ ဘီလျံဖြင့် ရူးပတ်မားဒေါ့၏ ကော်ပိုရေးရှင်းကရောင်းမည်
မီဒီယာသူဌေးကြီး ရူးပတ်မားဒေါ့ ထိန်းချုပ်သော News Corporation သည်အမေရိကန်ရှိ¤င်း၏ Fox network ရုပ်သံလွှင့်ဌာနရှစ်ခုကို Oark Hill Capital Partners ကုမ္ပဏီသို့ဒေါ်လာ၁.၁ဘီ လျံခန့်ဖြင့်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ရေနံပိုက်လိုင်းပေါက်၍ လူ (၄၀) သေဆုံး
နိုက်ဂျီးရီုးယားနိုင်ငံ စီးပွားရေးမြို့တော် လာဂိုစ့်မြို့အနီးတွင် ရေနံပိုက်လိုင်း ပေါက်၍ မီးစွဲလောင်
သဖြင့် အနီးအနားရှိ လူ (၄၀) ခန့် မီးလောင်ကျွမ်းသေဆုံးခဲ့ရသည်။ ပိုက်လိုင်းအနီးတွင်နေထိုင်ကြသူများ
သည် ပိုက်ကိုဖေါက်၍ ရေနံခိုးယူလေ့ရှိကြသည်။ တခါတရံ မမျှော်လင့်ပဲ ရုတ်တရက်မီးစွဲလောင်၍ လူများ
သေကြေကြရသည်။ မီးလောင်ကျွမ်း သော မြေပြင် အကျယ်အ၀န်းသည် ဘောလုံးကွင်း တစ်ကွင်းစာမျှရှိ
သည်။ ၎င်းနေရာ ၀န်းကျင်တွင် ပလပ်စတစ်ပုံး၊ သံပုံးများ အများအပြားတွေ့ရသည်။ သေဆုံးသူအများစု
သည် မိန်းမများနှင့် ကလေးများဖြစ်ကြသည်။ တာဝန်ရှိသူများ ရောက်လာသောအခါ အားလုံးကို မြေမြုပ်
ထားပြီဖြစ်နေသည်။ ကျန်ရစ်သူများက အဖမ်းခံရမည်ကိုကြောက်၍ထွက်ပြေးပုန်းရှောင်နေကြသည်။လွန်
ခဲ့သော (၁) နှစ်ကျော်ကပင် ဤအဖြစ်မျိုးဖြစ်ခဲ့ရာ လူပေါင်း (၂၆၀) ခန့် သေဆုံးခဲ့သည်။
No comments:
Post a Comment