Wednesday, December 19, 2007

ကျောက်မီးသွေး (Coal) ကိုဘယ်လိုထုတ်ယူသလဲ။

ကျောက်မီးသွေးကိုကမ္ဘာမြေပြင်အောက်ကမြေသားတွေထဲမှာအလွှာလိုက်တွေ့ရတာဖြစ်ပါတယ်။
ကျောက်မီးသွေးအလွှာကမြေမျက်နှာပြင်နဲ့နှီးရင်ကျောက်မီးသွေး တွင်းလို့ခေါ်တဲ့တွင်းကြီးတွေကိုဇောက်
ချတူးယူကြပါတယ်။ကျောက်မီးသွေးရှိတဲ့အလွှာကနက်တယ်ဆိုရင်တော့ကျောက်မီးသွေးရှိတဲ့နေရာအထိ
မြောင်းတွေလိုဏ် ခေါင်းတွေတူးရပါတယ်။
အဖွင့်ကျောက်မီးသွေးမိုင်းတွေကိုကြီးမားတဲ့မြေတူးစက်တွေနဲ့ကျောက်မီးသွေးအလွှာဆက်ကြောင်း
တွေအထိရောက်အောင်တူးကြပါတယ်။
နက်ရှိုင်းတဲ့ကျောက်မီးသွေးမိုင်းတွေမှာကျောက်မီးသွေးအလွှာဆက်ကြောင်းအထိရောက်အောင်တူး
စက်ကြီးတွေဆောက်ထားကြတယ်။ ကျောက်မီးသွေး မိုင်းတူး သူ တွေဟာ ဓာတ်လှေကား သဘောမျိုးရုံ
ကလေးမျိုးတွေထဲဝင်ပြီး ကျောက်မီးသွေး အလွှာပြင်ထိရောက် အောင်ဆင်းကြရတယ်။ ကျောက်မီးသွေး
မျက်နှာပြင်ရောက်တော့ ကျောက်မီးသွေးတွေကိုထုတ်ဖဲ့ယူဖို့ဖြတ်စက်ကြီးတွေကိုအသုံးပြုရပါတယ်။ မြေ
အောက်ရထားလမ်းရှိတဲ့ လိုဏ်ခေါင်းတွေတစ်လျှောက်မှာသယ်ယူမချီတဲ့ကြိုးပြားတွေကိုသုံးပြီးကျောက်
မီးသွေးတွေကိုသယ်ယူရတတ်ပါတယ်။

မျက်တောင်ကော့ဆေးတွေကို အမျိုးသမီးတွေဘယ်အချိန်ကတည်းက သုံးခဲ့ကြသလ

မျက်တောင်ကော့ဆေး(Mascara)သည် မျက်တောင်များထူထဲ၊ နက်မှောင်၊ ကော့ကျော့လှပစေရန်
အတွက် အသုံးပြုသော အလှကုန်တစ်မျိုးဖြစ်သည်။ မျက်တောင်ကော့ဆေးသည် အရည်(Liquid)အခဲ(cake)
နှင့်အနှစ် (Cream) ဟူ၍ သုံးမျိုးထုတ်လုပ်ပြီး အမျိုးအစားစုံ၊ အရောင်စုံ ထုတ်လုပ်ကြသည်။ ပထမဆုံး မျက်
တောင်ကော့ဆေးကို ယူဂျင်ရယ်မယ်ဆိုသူက ၁၉ရာစုတွင် တီထွင်ခဲ့သည်။ ခေတ်ပေါ်မျက်တောင်ကော့ဆေး
ကဲ့သို့သောအလှကုန်ကို ၁၉၁၃ခုနှစ်က ဓါတုဗေဒပညာရှင်တီအယ်လ်ဝီလျံကညီမဖြစ်သူမေဘယ်လ်အတွက်
တီထွင်ခဲ့ခြင်းဖြစ်သည်။ ယင်းမျက်တောင်ကော့ဆေးကို ကျောက်မီးသွေးမှုန့်၊ ရေနံဂျယ်လီအပျစ်တို့ရောနှော
ကာ ထုတ်လုပ်ထားသည်။ ထိုမျက်တောင်ကော့ဆေးသည် မေဘယ်လ်အတွက်အဆင်ပြေအသုံးတည့်သဖြင့်
အလှကုန်ပစ္စည်း အသစ်ကို ၀ီလျံက စတင် ဈေးကွက်တင်ခဲ့သည်။ မေဘယ်လ်၏ အမည်နှင့် ဗက်ဆလင်းကို
ပေါင်းပြီး အမည်ပေးထားသော မေဘယ်လင်း(Maybelline)အမည်ရှိ ၀ီလျံ၏အလှကုန် ကုမ္ပဏီသည် ယနေ
့ခေတ်တွင် ထိပ်တန်းအလှကုန်ကုမ္ပဏီဖြစ်သည်။ အစောပိုင်းအချိန်က မျက်တောင်ကော့ဆေးမှာအခဲ အဖြစ်
သာရှိပြီး ၁၉၅၇ခုနှစ်တိုင်ယနေ့သုံးမျက်တောင်ကော့ဆေးပုံစံမျိုးမပေါ်သေးပေ။ပရိုဗီတာမင်ဘီ ၅ပါဝင်သော
မျက်တောင်ကော့ဆေးများသည် မျက်တောင်များကိုနုညံ့လှပပြီးသန်စွမ်းအောင်ဆောင်ရွက်ပေးသည်။ဘေး
အန္တရာယ်ကင်းကင်း၊ ကျန်းမာရေးနှင့် သင့်တော်အောင် သုံးစွဲလိုပါက ဘူးဖွင့်ထားပြီး ၃လမှ ၆ လကြာသော
မျက်တောင်ကော့ဆေးများကို ဆက်လက်မသုံးစွဲဘဲ စွန့်ပစ်သင့်သည် ဟု 7 Day News ဂျာနယ် တွင်ဖော်ပြ
ထားပါသည်။


Magna Carta လူ့အခွင့်အရေး စာတမ်းကြီး လေလံတင်ရောင်းချ


လွန်ခဲ့သော 1512 ခုနှစ်က သိုးသားရေပေါ်တွင် လူ့အခွင့်အရေးဆိုင်ရာ ပြဋ္ဌါန်းချက်များ ရေးသား
ထားပြီးလျှင် အက်ဒွမ် (1) ဘုရင်၏ တံဆိပ်ရိုက်နှိပ်ထားသော Magna Carta လူ့အခွင့်အရေးစာတမ်း
ကြီးကို Sotheby' လေလံဌါနက အင်္ဂါနေ့ တွင် ဒေါ်လာ 21.3 သန်းဖြင့် လေလံတင် ရောင်းချခဲ့ရာ
တယ်လီဖုန်းဖြင့် လေလံဆွဲသူက ၀ယ်ယူသွားခဲ့သည်။ ဤကဲ့သို့သော တော်ဝင်စာချုပ်စာတမ်းများကို
လေလံတင်ရောင်းချခဲ့ခြင်းများ မရှိခဲ့ဘူးချေ။ ဤကြေငြာစာတမ်းကြီးအားရောင်းချရငွေများကိုအမေရိ
ကန် သမ္မတလောင်း နှစ်ကြိမ်ရွေးကောက်ခံရသူ သန်းကြွယ်သူဋ္ဌေး Ros Perot တည်ထောင်သောအ
လှူငွေအဖွဲ့သို့ ပေးအပ်မည်ဖြစ်သည်ဟု သိရသည်။


တောင်ကိုးရီးယား နိုင်ငံတွင် သမ္မတ ရွေးကောက်ပွဲစတင်

တောင်ကိုးရီးယားနိုင်ငံတွင် သမ္မတသစ်ရွေးချယ်မည့်ရွေးကောက်ပွဲအား ဗုဒ္ဓဟူးနေ့တွင်ကျင်းပ
ပြုလုပ်ခဲ့သည်။ မဲဆန္ဒရှင်များ၏ မဲပေးခြင်းကို ဒေသစံတော်ချိန်နံနက်၆နာရီမှညနေ၆နာရီအထိခွင့်ပြုမည်
ဟုအမျိုးသားရွေးကောက်ပွဲ ကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။ ရွေးကောက်ပွဲရ
လဒ်မဲရေတွက်မှုကို ည၁၀နာရီတွင်ထုတ်ပြန်နိုင်မည်ဟုမျှော်လင့်ရသည်။အဆိုပါရွေးကောက်ပွဲတွင်မဲပေး
ပိုင်ခွင့်ရှိသော တောင်ကိုးရီးယားပြည်သူ ၃၇.၆ သန်းတို့က မဲရုံပေါင်း (၁၃၁၇၈) ရုံ ဆန္ဒမဲပေးကြမည်ဖြစ်
သည်။ ပြီးခဲ့သည့်သတင်းပတ်ကနောက်ဆုံးပြုလုပ်ခဲ့သောလူထုသဘောထားတီးခေါက်မှုတွင်အတိုက်အ
ခံ Grand National Partyမှကိုယ်စားလှယ်လောင်း Lee Myung-Bek ကရေပန်းစားဦးဆောင်ရွက်သဖြင့်
သမ္မတရွေးကောက်ပွဲတွင် Mr.Lee ကအနိုင်ရရှိမည်ဟု လေ့လာသူများက သုံးသပ်ကြသည်။ ဆိုးလ်မြို့
တော်ဝန်ဟောင်း Mr.Lee (၆၅နှစ်) အား စီးပွားရေးပြန်လည်ဖြစ်ထွန်းအားကောင်းအောင် ပြုလုပ်နိုင်သူ
အဖြစ်တောင်ကိုးရီးယားပြည်သူများကယုံကြည်ထားကြသည်။ Mr.Leeက မိမိအား မဲဆန္ဒရှင်များကရွေး
ကောက်တင်မြှောက်ပါက ခေတ်သစ်ထူထောင်မည်ဟု ကတိပေးပြောကြားထားသည်။


တူရကီကာဒ့်သူပုန် PKK ကိုတိုက်ခိုက်သည့်နောက်ကွယ်

တူရကီကာဒ့်သူပုန် PKK ကိုတိုက်ခိုက်သည့်နောက်ကွယ်တွင် ရပ်တည်ခဲ့သည်ဆိုသည့် စွပ်စွဲချက်အမေရိကန်ငြင်းဆို



အမေရိကန်ပြည်ထောင်စုကအီရတ် မြောက်ပိုင်းတွင် PKK ကာဒ့်သူပုန်တို့အား လေကြောင်းမှတိုက်ခိုက်ရန်ခွင့်ပြုခဲ့သည် ဟူသောစွပ်စွဲချက်ကိုငြင်းဆိုလိုက်သည်။ အီရတ်ရှိအမေရိကန်သံရုံးကတပ်မှူးကြီးများ သည်တိုက်ခိုက်မှုကိုခွင့်ပြုခဲ့ခြင်းမဟုတ် ကြောင်း၊သို့သော်၎င်းင်းတို့တိုက်ခိုက်ပြီးမှသာ အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟုပြော ကြားခဲ့သည်။ အစောပိုင်းကတိုက်ခိုက်မှု ကိုသဘောတူညီသည့်အနေဖြင့်အီရတ်လေ ဟာပြင်ကိုဗျူဟာမြောက်ဖွင့်ပေးခဲ့သည်။ အီရတ်အရာရှိများကနယ်စပ်ရှိကျေးရွာအ တိုက်ခိုက်ခံရပြီးမိန်းမတစ်ယောက်သေဆုံး ခဲ့သည်ဟုထုတ်ဖော်ပြောဆိုခဲ့သည်။ PKK သူပုန်များကလူ၇ယောက်သေဆုံးခဲ့သည် ဟုဆိုသည်။ အဆိုပါတိုက်ခိုက်မှုနှင့်ပတ် သက်ပြီးတူရကီသံအမတ်ကြီးကိုဆင့်ခေါ် ပြီးတိုက်ခိုက်မှုကိုချက်ချင်းရပ်ဆိုင်းရန်နှင့် နှစ်နိုင်ငံဆက်ဆံရေးကိုအကြီးအကျယ်ထိ ခိုက်စေနိုင်သည်ဟုအပြင်းအထန်သတိပေး ပြောကြားခဲ့သည်။ မကြာမီလပိုင်းတွင်တူ ရကီသည်အီရတ်မြောက်ပိုင်းတွင်လှုပ်ရှား နေသောကာဒ့်သူပုန်များကိုမကြာခဏတိုက် ခိုက်ခဲ့သော်လည်းလေကြောင်းမှတိုက်ခိုက် ခြင်းသည်ယခုအကြိမ်ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ တူရကီစစ်တပ်ကအီရတ်မြောက် ပိုင်းအတွင်းပိုင်းတပ်ခွဲထားသောကာဒ့်အလုပ် သမားများပါတီ(PKK)ီ စခန်းများကိုမနက် ၂နာရီကတိုက်ခိုက်ခဲ့သည်ဟုပြောကြားခဲ့ သည်။ တူရကီသတင်းဌာနများကတိုက် တွင်လေယာဉ်အစင်း၅၀အထိပါဝင်ခဲ့သည် ဟုဆိုသည်။

တိုက်ခိုက်မှုအပြီးတွင်အမေရိကန်များ ကတော်လှန်ရေးသတင်းများကိုပေးအပ် ခဲ့သည်ဟုတူရကီထိပ်တန်းဗိုလ်ချုပ်ကြီးဟာ ဆာဘူယူကန်နစ်ကထုတ်ဖော်ပြောကြား ခဲ့သည်။ ထို့ပြင်သူက““ပိုပြီးအရေးကြီးတဲ့အ ရာကတော့အမေရိကန်တွေကအီရတ်မြောက် ပိုင်းဝေဟင်ကိုကျွန်တော်တို့အတွက်ဖွင့်ထား ပေးခဲ့တယ်။ ဒီလိုလုပ်ခြင်းနဲ့တိုက်ခိုက်မှုကို သဘောတူကြောင်းပြသတာဖြစ်ပါတယ်”” ဟုဆက်လက်ဆိုသည်။ ဗိုလ်ချုပ်ကြီးထုတ် ဖော်ပြောကြားမှုတွင်အမေရိကန်သည်တိုက် ခိုက်မှုကိုကြိုပြီးသိနေသည်ပုံရှိနေသည်။ အမေရိကန်သံရုံးကမူ““ကျွန်တော်တို့ကဘယ် ဆုံးဖြတ်ချက်ကိုမှအတည်မပြုပေးနိုင်ပါဘူး။ ကျွန်တော်တို့ကအတည်ပြုပေးရမယ်သူ တွေလည်းမဟုတ်ပါဘူး၊ဒါပေမဲ့တိုက်ခိုက်မှု အပြီးမှာတော့သတင်းပေးကြပါတယ်”” ဟု ပြန်လည်ချေပပြောဆိုခဲ့သည်။ အမေရိ ကန်တို့က တူရကီ-အီရတ်မြောက်ပိုင်းတွင် မငြိမ်မသက်မှုများတိုးပွားလာမည်ဆိုးသဖြင့် PKK ကာဒ့်တို့အားတိုက်ခိုက်မှုကိုရပ်ဆိုင်း ထားရန်ပန်ကြားပေးထားခဲ့သည်။ တူရကီ ၀န်ကြီးချုပ်ကလည်းတိုက်ခိုက်မှုသည်အောင် မြင်ခဲ့သည်ဟုပြောဆိုခဲ့သည်။ PKK တို့၏ တိုးမြင့်တိုက်ခိုက်မှုများကြောင့်တူရကီ နိုင်ငံသည် နိုင်ငံမူဝါဒကိုပြန်လည်တင်း ကျပ်ခဲ့ရသည်။


ပါကစ္စတန် ရထားလမ်း ချော်မှု လူ ၄၀ သေဆုံး၍ အများ အပြားဒဏ်ရာရ



ပါကစ္စတန်နိုင်ငံတောင်ပိုင်းတွင် ဗုဒ္ဓဟူးနေ့က ခရီးသည်တင်ရထားတစ်စင်း မတော်တဆလမ်း
ချော်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လူ၄၀ဦးခန့်သေဆုံးပြီး ၁၀၀ကျော်ဒဏ်ရာရရှိခဲ့သည်ဟု တာဝန်ရှိသူများ
ကပြောကြားသည်။ အဆိုပါရထားသည် ကရာချီမြို့မှလာဟိုးမြို့သို့ခုတ်မောင်းလာစဉ် ဒေသစံတော်ချိန်
နံနက် ၂း၂၅မိနစ်၌ လူသူအရောက်အပေါက်နည်းသော Nosheroferozမြို့အနီးတွင်လမ်းချော်မှုကြောင့်
ရထားတွဲ၁၂တွဲတိမ်းမှောက်ခဲ့သည်။ ရထားတွဲအပျက်အစီးများအကြား ခရီးသည်အများအပြားပိတ်မိနေ
ဆဲဖြစ်၍ သေဆုံးဒဏ်ရာရသူ အရေအတွက် ပိုမိုများပြားလာနိုင်သည်ဟုဒေသန္တရဲအရာရှိတစ်ဦးကပြော
ဆိုသည်။ မည်သည့်အကြောင်းကြောင့်ရထားလမ်းချော်တိမ်းမှောက်မှုမတော်တဆဖြစ်ရပ်အား အသေး
စိပ်စုံစမ်းစစ်ဆေးသွားမည်ဟု ပါကစ္စတန်မီးရထား အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားသည်။ ကယ်
ဆယ်ရေးသမားများက အခင်းဖြစ်ပွားရာနေရာတွင် အပျက်အစီးများ ကြားပိတ်မိနေသည့် ဒဏ်ရာရသူ
များအား ခက်ခက်ခဲခဲကြိုးစားကယ်ထုတ်၍ ဝေဒနာသက်သာစေရန် လုပ်ဆောင်ခဲ့ကြသည်။


ကာလီဖိုးနီးယားစာ သင်ကျောင်းများတွင် စင်္ကာပူ သင်္ချာပြဋ္ဌာန်း စာအုပ်များအား သင်ကြားပို့ချမည်



စင်္ကာပူနိုင်ငံအလယ်တန်းကျောင်းအဆင့်တွင်ပြဋ္ဌာန်းထားသည့် သင်္ချာစာအုပ်များအား အမေရိ
ကန်နိုင်ငံကာလိီဖိုးနီးယားပြည်နယ်ရှိ စာသင်ကျောင်းများ၌ မကြာခင်တရားဝင်ပြဋ္ဌာန်းသင်ကြားပေးနိုင်
တော့မည်ဟုသိရသည်။ စင်ကာပူနိုင်ငံရှိစာသင်ကျောင်းများတွင်နှစ်ပေါင်း၂၀ကျော်ပြဋ္ဌာန်းသုံးစွဲခဲ့သည့်
အဆိုပါသင်္ချာသင်ရိုးညွန်းတမ်းများအား အမေရိကန်နိုင်ငံရှိ အခြားစာသင်ကျောင်းများတွင် နှစ်အတော်
ကြာကပင် ပြဋ္ဌာန်းသုံးစွဲလျက်ရှိသည်။ စင်ကာပူပညာရေးဝန်ကြီးဌာနနှင့် Marshall Cavendishစာအုပ်
တိုက်တို့မှ ပူးပေါင်းထုတ်ဝေခဲ့သည့် ယင်းသင်္ချာပြဋ္ဌာန်းစာအုပ်များအား မူလတန်း အဆင့်ကျောင်းသား
ကျောင်းသူသုံးသန်းကျော်သို့ဖြန့်ဖြူးသင်ကြားသွားမည်ဟုကာလီဖိုးနီးယားပညာရေးဘုတ်အဖွဲ့မှတရား
ဝင်အတည်ပြုပြောကြားသည်။အဆိုပါပြဋ္ဌာန်းစာအုပ်တွင်သင်္ချာတစ်ဆင့်ပြီးတစ်ဆင့်ချဉ်းကပ်တွက်ချက်
နည်း ပါဝင်သဖြင့် စာသင်သားများအလွယ်တကူ နားလည်သဘောပေါက်ရန် အထောက် အကူပေးနိုင်
ကြောင်းသိရသည်။ ယင်းသင်္ချာစာအုပ်များအား တရားဝင်ပြဋ္ဌာန်း စာအုပ်အဖြစ် အတည်မပြုမီ အလျင်
လွန်ခဲ့သော သုံးနှစ်ကျော်ကတည်းက မူလတန်း အဆင့်နှင့် လိုက်လျော ညီထွေဖြစ်စေရန် သင်ရိုးညွှန်
တမ်းများအား အမေရိကန်ဝေါဟာရစကားလုံးများဖြင့်ပြင်ဆင်တည်းဖြတ်ခဲ့ရသည်။


တိုက်စစ်မှူး ရွန်နေး လာမည့် ဇွန်တွင် လက်ထပ်မည်

မန်ယူအသင်း၏ တိုက်စစ်မှူး ရွန်နေးမှာ ယခုခရစ္စမတ်တွင် သူ၏ ပေါင်သန်းချီတန်သော နေအိမ်တွင် ပျော်ပွဲရွှင်ပွဲကျင်း
ပမည်ဖြစ်ကာ လက်တွဲ လာသည်မှာကြာပြီဖြစ်သောကောလင်းနှင့်လည်းလာမည့်ဇွန်လတွင်လက်ထပ်တော့မည်ဖြစ်သည်။
အင်္ဂလန်အသင်းမှာ ယူရို ၂၀၀၈ ပြိုင်ပွဲဝင်ရောက်ဆင်နွဲခွင့်လက်လွှတ်ဆုံးရှုံးခဲ့ရသည့်အတွက် ရွန်နေး၏ ၂၀၀၈ ဇွန်လက်
ထပ်ပွဲမှာ သေချာ သွားစေခဲ့ပြီး ယင်းလက်ထပ်ပွဲ၏ ဓာတ်ပုံများ ရိုက်ခွင့်ကို Hello မဂ္ဂဇင်းအား ပေါင် ၁ သန်းခွဲနှင့် သဘော
တူထားပြီးလည်းဖြစ်သည်။
ရွန်နေးတို့မှာ ယင်းပေါင် ၁ သန်းခွဲကို ကလေးငယ်များရန်ပုံငွေနှင့် ဆေးရုံများသို့လှူဒါန်းမည်ဖြစ်သည်။ ကိုယ့်ဒူးကိုယ်
ချွန်စိတ်ရှိသော ကောလင်းမှာ ရေမွှေးလုပ်ငန်းဖြင့် အဆင်ပြေနေပြီး ယခုအခါ ၁၀ နှစ်အရွယ်ကလေးငယ်များအတွက်ဘဝ
လမ်းညွန်စာအုပ် ထုတ်ဝေရန်လည်း ပြင်ဆင်လျှက်ရှိသည်။ Coleen Style Queen ဟုအမည်ပေးထားသောစာအုပ်များကို
အတွဲလိုက် ထုတ်ဝေမည်ဖြစ်ပြီး ထုတ်ဝေသူ ဟာပါကောလင်းစ် နှင့်လည်း သဘောတူစာချုပ် ချုပ်ဆိုထားပြီးဖြစ်သည်။
ယင်းစာအုပ်တွင် ကောလင်း၏ ငယ်ဘဝကို ထင်ဟပ်စေမည့် စာစုတိုလေးများပါဝင်မည်ဖြစ်ကာ လှချင်ပချင်သူ မိန်းက
လေးငယ်လေးများ အတွက်လည်း ဖက်ရှင်ဆိုင်ရာ အကြံပြုချက်များ ပါရှိမည်ဖြစ်သည်။ ယင်းစာအုပ်များထဲမှပထမဆုံး ၂
အုပ်အား လာမည့် ၂၀၀၈ နွေဦးတွင် စတင်ဖြန့်ချီမည်ဖြစ်ပြီး ယင်းစာအုပ်များတွင် ကောလင်း၏ မိသားစု၊ သူငယ်ချင်းများ၊
ယောက်ျားလေးများနှင့်ပေါင်းသင်းဆက်ဆံခဲ့ရသည့်ငယ်ဘဝပုံရိပ်များကိုထင်ဟပ်စေမည်ဖြစ်သည်။ အလားတူ ကောလင်း
သည် Real Style ဟု အမည်ပေးထားသောစာအုပ်များကိုလည်းရေးသားကာလာမည့် စက်တင်ဘာတွင်ထုတ်ဝေလိမ့်မည်
ဖြစ်သည်။


စတိတ်ရှိုးပွဲများဆင်နွဲရန်စပိုက်ဂဲလ်တို့အင်္ဂလန်ကိုပြန်လာပြီ



ပြန်လည်ပေါင်းစည်းထားသောစပိုက်ဂဲလ် အဖွဲ့သည်၈နှစ်အတွင်းလန်ဒန်တွင်ဖြေဖျော် ပွဲများကျင်းပခဲ့သည်။အဖွဲ့ဝင်မေးလ်ဘီက ““ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်ကျွန် မတို့အိမ်ပြန်လာပြီ”” ဟုပြောဆိုခဲ့သလိုဟီရီ ဟာလီဝဲလ်က ““များလိုက်တဲ့သူတွေ၊ တို့ ချစ်ပါတယ်အသင်လန်ဒန်””ဟု ပြောကြား ခဲ့သည်။ ဧည့်သည်များထဲတွင် Rond B စတားရိုဟန်နာနှင့်ဘောလုံးမင်းသား ဒေး ဗစ်ဘက်ခမ်းတို့လည်းလိုက်ပါအားပေး သည်ကိုတွေ့မြင်ရသည်။ ပရိသတ်များ သည်စပိုက်ဂဲလ်အဖွဲ့၏ပထမဆုံးသော ဖျော်ဖြေပွဲကိုကြည့်ရှုနိုင်ရန်နေရာအနှံ့မှ လာရောက်ကြည့်ရှုခဲ့ကြသည်။ ““ကျွန်မ အော်ငိုမိတယ်”” ဟုမြီးကောင်ပေါက်မလေး တစ်ယောက်ကရင်ဖိုလှိုက်မောစွာပြော ကြားသည်။ တခြားတစ်ဖက်တွင်““ဒါကို ကျွန်မဘ၀မှာစောင့်မျှော်နေတာပေါ့”” ဟု လန်ဒန်သူတစ်ယောက်ကအံသြစဖွယ်ပြော ကြားခဲ့သည်။ ““သူတို့ဖျော်ဖြေတာဟိုအ ယင်တုန်းကထက်ပိုကောင်း၊ပိုမိုက်လာ တယ်” ဟုကေတီဆိုသည့်ပရိသတ်က သတင်းထောက်ကိုနှိုင်းယှဉ်ပြောကြားခဲ့ သည်။ လက်မှတ်များကိုအောက်တိုဘာလ ကတည်းကရောင်းချခဲ့ရာ၃၈စက္ကန့်အတွင်း ကုန်သွားခဲ့ရသည်။ လက်မှတ်တစ်စောင် လျှင် ၇၅ ပေါင်အထိပေးပရိသတ်များက ပေးဝယ်ခဲ့သည်။ ထို့ကြောင့်လန်ဒန်တွင် ဖျော်ဖြေပွဲကို၁၆ ရက်ခန့်ထပ်တိုးခဲ့ပြီးလာ မည့်နှစ်ဆန်းပိုင်းတွင်လည်းမန်ချက်စတာမြို့ တွင်၂ညတိုင်တိုင်ဖြေဖျော်ဦးမည်ဖြစ်သည်။

၂နာရီကြာပြုလုပ်ခဲ့သောစတိတ်ရှိုးတွင် စပိုက်ဂဲလ်မလေးများသည်ဝတ်စုံ၈စုံတိတိ လဲလှယ်ဝတ်ဆင်သွားခဲ့သည်။


အမေရိကန်ဦးဆောင်သော တပ်များ အီရတ်တွင် ဆက်နေရန် သက်တမ်းတိုး

အီရတ်နိုင်ငံ၏ မေတ္တာရပ်ခံချက်နှင့်အညီ ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် အမေရိကန်ဦး
ဆောင်သောတပ်များအီရတ်တွင်တာဝန်ထမ်းဆောင်ခွင့်ကို နောက်ထပ်တစ်နှစ် တိုးမြှင့်ပေးလိုက်သည်။
၎င်းတပ်များသည် အီရတ်တွင် ၂၀၀၈ခုနှစ် ဒီဇင်ဘာလကုန်အထိ ဆက်လက်တည်ရှိနေနိုင်သော်လည်း
အီရတ်ကတောင်းခံလာလျှင် ထိုထက်စော၍ ရုပ်သိမ်းပေးရမည်ဖြစ်သည်။ သက်တမ်းတိုးချထားခြင်းအ
ပေါ် ၂၀၀၈ဇွန်လ၁၅ရက်ထက်နောက်မကျဘဲပြန်လည်သုံးသပ်ရမည်ဖြစ်သည်။ အီရတ်နိုင်ငံသည် ရေနံ
နှင့် ဓါတ်ငွေ့ရောင်းချရငွေများကို အီရတ်ဖွံ့ဖြိုးရေးရန်ပုံငွေသို့ထည့်သွင်းပေးရမည်။ ၄င်းရန်ပုံငွေကိုနိုင်ငံ
တကာကြီးကြပ်ရေးဘုတ်အဖွဲ့မှ ထိန်းသိမ်း စောင့်ရှောက်ရန်လည်း ဆုံးဖြတ်ပေးထားသည်။ ပြီးခဲ့သော
တနင်္ဂနွေနေ့က ဗြိတိသျှတပ်စုသည် နိုင်ငံတောင်ပိုင်းဘာဆရာမြို့၏ကိစ္စအရပ်ရပ်အားအီရတ်လုံခြုံရေး
တပ်ဖွဲ့များသို့ ပြန်လည်လွှဲအပ်ပေးပြီးဖြစ်သည်ဟု သိရသည်။

ကမ္ဘာ့အကြီးဆုံး အာရှဆင်ပျောက်ဆုံး လျက်ရ


အရပ်အမြင့် ၁၁ ပေ ၃ လက်မရှိသော ရာဇာဂျာဟု အမည်ပေးထား သည့် ကမာပေါ်တွင် အရွယ်အကြီးဆုံးအာရှဆင်ကြီးမှာ ပျောက်ဆုံး လျက်ရှိကြောင်း နီပေါနိုင်ငံ ဘာဒီရာအမျိုးသားသဘာဝသစ်တော ဥယျာဉ်ကကြေညာချက် ထုတ်ပြန်ထားသည်။

နီပေါနိုင်ငံသည် ရာဇာဂျာကြောင့် နိုင်ငံခြားဝင်ငွေ များရရှိနေ ကြောင်း ရာဇာဂျာပျောက်ဆုံးနေသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ် ကြောင်း ရာဇာ ဂျာ၏အသက်မှာ ၇၀ နှစ်ကျော်ရှိပြီဖြစ်၍ ဥယျာဉ် ကြီးတစ်နေရာတွင် သေဆုံးနေခြင်းဖြစ်သည်ဟု ယူဆနိုင် သော်လည်း မုဆိုးများ၏ ရန်ရှာမှုကြောင့် သေဆုံးရခြင်းဖြစ်ပါက အမှုမှန်ပေါ် ပေါက်စေလိုကြောင်းပြောကြားသည်။

နီပေါနိုင်ငံ တွင် ဆင်စွယ်ဈေးကောင်းမှုကို အကြောင်းပြု၍ ဒေသခံမုဆိုးများမှာ ဆင်များကိုချောင်းမြောင်း ပစ်ခတ် သတ်ဖြတ်လေ့ရှိသည်။ ရာဇာဂျာကို အသက်ရှင်လျက်ပြန်တွေ့ရန် အခွင့်အလမ်းနည်းပါးကြောင်း အဆိုပါအရာရှိကဆိုသည်။ ယခုအခါ နီပေါ သစ်တောဝန်ထမ်း များအနေနှင့် တောနင်းရှာဖွေနေကြပြီဖြစ်သည်။

No comments: