ကျွန်တော်တို့ဟာ အမှန်တကယ် အကောင်အထည်ဖော်မှုနဲ့ဆောင်ရွက်မှု အပေါ် အကြီးမားဆုံး တန်ဖိုးထားရှိ ပါတယ်။
[FUJIO CHO]
ဥက္ကဋ္ဌ-တိုယိုတာ မော်တော်ကား ကော်ပိုရေးရှင်း(၂ဝဝ၂ခုနှစ်)
ကမ္ဘာ့အအောင်မြင်ဆုံးကုမ္ပဏီများ ကိုလေ့လာကြည့်လျှင် တိုယိုတာမော် တော်ကားကော်ပိုရေးရှင်းသည်လည်း ထိပ် တန်းမှပါဝင်နေသည်။ နိုင်ငံတကာစီးပွား ရေးဈေးကွက်တွင် တိုယိုတာ(Toyota) ဟူ သော အမှတ်တံဆိပ်သည် ပေါ်ပြူလာဖြစ် ပြီး လူသိများနေသည်။ တိုယိုတာသည် General Motors, Ford စသော ကမ္ဘာ့ ကားကုမ္ပဏီကြီးများနှင့်ယှဉ်ပြိုင်ပြီးမြောက် အမေရိကဈေးကွက်ကိုထိုးဖောက်အောင် မြင်ခဲ့သည်။ သည့်နောက်တော့ ကမ္ဘာအနှံ့ နိုင်ငံပေါင်း ၁၇ဝကျော်တွင် တိုယိုတာ ကားတွေကိုတွေ့နိုင်သည်။
တိုယိုတာ၏အောင်မြင်မှုလျှို့ဝှက် ချက်ကားအဘယ်နည်း။ တကယ်တော့ မျက်မှောက်ကာလတွင် တိုယိုတာသည် ကမ္ဘာ့အကြီးမားဆုံးကားထုတ်လုပ်သူဖြစ် နေသည်။ တိုယိုတာ၏အောင်မြင်မှုကို ခြေရာကောက်သော် စီမံခန့်ခွဲမှုသဘော တရားများ(Management Principles) ကို စနစ်တကျဆောင်ရွက်မှုကြောင့်ဖြစ် ကြောင်းတွေ့ရှိရသည်။ ဤကောင်းမွန် သောစီမံခန့်ခွဲမှုကြောင့် တိုယိုတာသည် သာ၍နည်းပါးသောလူ၊အလုပ်၊နာရီ၊ သာ ၍ နည်းပါးသောပစ္စည်းသိုလှောင်ထိန်း သိမ်းမှုစနစ်နှင့်အမြင့်မားဆုံးအရည်အသွေး ရှိသည့်ကားများကိုထုတ်လုပ်ရာတွင်ပြစ် ချက်အနည်းဆုံးကားများကိုထုတ်လုပ်နိုင် ခဲ့သည်။ ထို့ကြောင့်လည်း တိုယိုတာကား များသည် ကမ္ဘာ့ကားလောကတွင်ယှဉ်ပြိုင် နိုင်စွမ်းရှိခဲ့သည်။
ကမ္ဘာ့အနှံ့အပြားရှိ တိုယိုတာစက်ရုံ များတွင် တိုယိုတာမော်တော်ကားကော်ပို ရေးရှင်းသည် ကုန်ထုတ်လုပ်မှု၊ ထုတ်ကုန် ပစ္စည်းဖွံ့ဖြိုးမှုနှင့်လုပ်ငန်းစဉ်အထူးကောင်း မွန်မှုတို့ကို ကိုက်ညီမှုရှိအောင်ဆောင်ရွက် သည်။ ယင်း၏ရလဒ်ကား အံ့ဩဖွယ် ကောင်းသောဘိဇနက်အောင်မြင်မှုပင်ဖြစ် သည်။ တိုယိုတာသည် ဈေးနှုန်းဖြတ် တောက်နေသော ယှဉ်ပြိုင်ဘက်များမှဈေး ကွက်ဝေစုကိုပုံမှန်ရယူနိုင်ခဲ့သည်။ အခြား ကားထုတ်လုပ်သူများထက် အကျိုးအမြတ် ပိုမိုရရှိခဲ့သည်။ ဤသို့ဖြင့် ကမ္ဘာအနှံ့ရှိ ဘိဇနက်ခေါင်းဆောင်များ၏ချီးကျူးခြင်း ကိုခံခဲ့ရသည်။
တိုယိုတာဟုပြောလျှင် စီမံခန့်ခွဲမှု ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များက တိုယိုတာ၏ကမ္ဘာ့အထင်ရှားဆုံးစနစ်ဖြစ် သည့် Lean production အကြောင်း ဖော်ညွှန်းခဲ့ကြသည်။တကယ်တော့ Lean production ၏ နောက်ကွယ်တွင် တိုယို တာလက်ခံယုံကြည်ဆောင်ရွက်ခဲ့သော စီမံခန့်ခွဲမှုသဘောတရားတွေရှိသည်။ တို ယိုတာသည် Leanနည်းလမ်းများနှင့် ကိရိယာများအတွက် စံပြပတ်ဝန်းကျင် တစ်ခုကိုဖန်တီးခဲ့သည်။ တိုယိုတာသည် စဉ်ဆက်မပြတ်တိုးတက်မှုနှင့်လေ့လာမှု ဆိုင်ရာပတ်ဝန်းကျင်တစ်ခုကိုအားပေးမြှင့် တင်ခဲ့သည်။ ဖောက်သည်များကိုနှစ်သက် ကျေနပ်စေသည်။ တစ်ချိန်တည်းတွင် အလေအလွင့်များကိုလျှော့ချခဲ့သည်။ ပထမအကြိမ်တွင်ပင် မှန်ကန်သောအရည် အသွေးကိုရရှိစေသည်။ ဝန်ထမ်းများအား လုံးကို ပြဿနာဖြေရှင်းသူများဖြစ်လာရန် သင်ကြားပေးသည်။ နှစ်ဦးနှစ်ဖက်အကျိုး ရှိမှုအတွက် ပစ္စည်းပေးသွင်းသူများနှင့်လုပ် ဖော်ကိုင်ဖက်များနှင့်အတူ လုပ်ငန်းကြီး ထွားမှုကိုဆောင်ရွက်သည်။
စင်စစ် တိုယိုတာ၏ Lean ထုတ်လုပ် မှုစနစ်သည် ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှု လုပ်ငန်းတွင်ဂလိုဘယ်တော်လှန်ရေးတစ်ခု ကိုစတင်ခဲ့သည်။ ယင်းသည် များများစား စားထုတ်လုပ်မှုထက်ကျော်လွန်သောနောက် ထပ်အဆင့်ဟုလုပ်ငန်းများကယူဆကြသည်။ ဤတွင် တိုယိုတာ၏ထုတ်လုပ်မှုစနစ်သည် ကုန်ထုတ်လုပ်မှုအထူးကောင်းမွန်မှု၏ပါရာ ဒိုင်းအသစ်အနေဖြင့် ဆင့်ကဲတိုးတက်ဖြစ် ပေါ်ခဲ့သည်။
တိုယိုတာ၏အောင်မြင်မှုလမ်း ကြောင်းကိုထောက်ကူသောမဏ္ဍိုင်ကြီး နှစ်ခုရှိသည်။ တစ်ခုမှာ စဉ်ဆက်မပြတ်တိုး တက်မှု(Continuous Improvement) ဖြစ်ပြီး ကျန်တစ်ခုမှာ လူများကိုရိုသေလေး စားခြင်း(Respect for People)ဖြစ် သည်။ ဤတွင် စဉ်ဆက်မပြတ်တိုးတက်မှု ကို ဂျပန်လို Kaizen ဟုခေါ်သည်။ ယင်း သည် စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန် တိုယိုတာ၏အခြေခံချဉ်းကပ်မှုကိုဖော်ညွှန်း သည်။ တိုယိုတာသည် အလုပ်အကိုင်လုံခြုံ မှုကိုပံ့ပိုးခြင်း၊ ဝန်ထမ်းများ၏အလုပ်များ မြင့်မားတိုးတက်ခြင်းတွင်တက်ကြွသော ပါဝင်ဆောင်ရွက်မှုမှတစ်ဆင့် အဖွဲ့သား များအချိတ်အဆက်မိရန် ရှာဖွေခြင်းဖြင့် ဒုတိယမဏ္ဍိုင်ကိုထောက်ကူပေးသည်။
တိုယိုတာ၏စီမံခန့်ခွဲမှု သဘော တရားများသည် တိုယိုတာ၏ထုတ်လုပ်မှု စနစ်နည်းလမ်းများနှင့်ကိရိယာများကို အဓိကမောင်းနှင်ပေးသောသဘောတရား များဖြစ်ကြသည်။ ယင်းတို့ကိုခြုံ၍ကြည့် သော် ဤသို့လေ့လာတွေ့ရှိရသည်။
(၁) ရေရှည်ဖီလော်ဆိုဖီ(Long-Term Philosophy)
တိုယိုတာသည် ရေရှည်အတွေး အခေါ်နှင့်ပတ်သက်၍ အလေးအနက် ထားသည်။ ကုမ္ပဏီ၏ထိပ်ပိုင်းမှအာရုံစိုက် ခြင်းသည် ဖောက်သည်များနှင့်လူ့အဖွဲ့ အစည်းကိုတန်ဖိုးထပ်ဆင့်ပေးသည်။ ယင်း မောင်းနှင်မှုသည် လေ့လာမှုအဖွဲ့အစည်း (Learning organization)တည် ဆောက်ရန် ရေရှည်ချဉ်းကပ်မှုတစ်ရပ်ဖြစ် သည်။ ဤသို့ဖြင့် အဖွဲ့အစည်းတစ်ခုသည် ပတ်ဝန်းကျင်တွင်ပြောင်းလဲမှုများကိုရယူ နိုင်သည်။ ထို့ပြင် ထုတ်လုပ်နိုင်သောအဖွဲ့ အစည်းအဖြစ် ရှင်သန်နိုင်သည်။ ဖောင် ဒေးရှင်းမရှိဘဲနှင့် တိုယိုတာတွင်ရင်းနှီး မြှုပ်နှံမှုများသည် စဉ်ဆက်မပြတ်တိုးတက် မှုနှင့်လေ့လာမှုပြုလုပ်ရန်မဖြစ်နိုင်ချေ။
(၂) မှန်ကန်သောလုပ်ငန်းစဉ်သည် မှန် ကန်သောရလဒ်များထုတ်လုပ်လိမ့်မည်။ (The Right Process Will Produce the Right Results)
တိုယိုတာသည် ထုတ်လုပ်မှုဖြစ်စဉ် ဦးစားပေးကုမ္ပဏီ(process-oriented company)တစ်ခုဖြစ်သည်။ အစိတ် အပိုင်းတစ်ခု စီးဆင်းမှု၏စံပြပုံစံနှင့်စတင် ပြီး လုပ်ငန်းစဉ်များအလုပ်ဖြစ်မှုအတွေ့ အကြုံမှတစ်ဆင့် လေ့လာကြသည်။ ထုတ် လုပ်မှုစီးဆင်းမှုသည် အနည်းဆုံးကုန်ကျ စရိတ်၊ အမြင့်မားဆုံး ဘေးကင်းမှုတွင် အကောင်းဆုံးအရည်အသွေးရရှိရန်သော့ ချက်ဖြစ်သည်။ တိုယိုတာတွင် ယင်းထုတ် လုပ်မှုအာရုံစိုက်ခြင်းသည် ကုမ္ပဏီ၏ DNA ကို တည်ဆောက်ခြင်းဖြစ်သည်။ မန်နေဂျာများသည် သူတို့နှလုံးသားများ တွင် ယုံကြည်ထားသောအချက်မှာ မှန် ကန်သောလုပ်ငန်းစဉ်အသုံးပြုခြင်းသည် သူတို့လိုအပ်သောရလဒ်များသို့ဦးတည် လိမ့်မည်ဟူ၍ဖြစ်သည်။
(၃) သင်၏လူများနှင့်လက်တွဲဖော်များ ကို ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် အဖွဲ့ အစည်းကို တန်ဖိုးထပ်ဆင့်တိုးပေးပါ။ (Add value to the organization by Development Your People and Partners)
တိုယိုတာနည်းလမ်းတွင် လူများအား စဉ်ဆက်မပြတ်တိုးတက်ရေးနှင့်ဖွံ့ဖြိုးရေး ကိုအထောက်အကူပြုရန် ပုံဖော်ထားသော ကိရိယာအစုအဝေးများစွာပါဝင်သည်။ ယင်းသည် တိုယိုတာဝန်ထမ်းဖွံ့ဖြိုးမှုရည် မှန်းချက်များနှင့်ပြည့်ပြည့်ဝဝလိုက်ဖက်မှု ရှိသည်။ အကြောင်းမူကား ယင်းသည် လုပ်ငန်းပြဿနာများထိပ်တိုက်ရင်ဆိုင်ရန် လိုအပ်သောအရေးတကြီးအသိအမြင်ကို လူတိုင်းအားပေးသောကြောင့်ဖြစ်သည်။ တိုယိုတာရှိ စီမံခန့်ခွဲသူများ၏အမြင်မှာ ကားများသာတပ်ဆင်တည်ဆောက်ရန်မက လူများကိုပါ တည်ဆောက်ရန်ဖြစ်သည်။
(၄) ဇာစ်မြစ်ပြဿနာများကိုစဉ်ဆက် မပြတ်ဖြေရှင်းခြင်းသည် အဖွဲ့အစည်း ဆိုင်ရာလေ့လာမှုကိုမောင်းနှင်ပေးသည်။ (Continuous Solving Root Problems drive organizational Learning.)
တိုယိုတာနည်းလမ်း၏ အဆင့်အမြင့် ဆုံးအဆင့်မှာ အဖွဲ့အစည်းဆိုင်ရာလေ့လာ မှုဖြစ်သည်။ ပြဿနာများ၏ဇာစ်မြစ် အကြောင်းရင်းများကိုသတ်မှတ်ခြင်းနှင့် ယင်းတို့ဖြစ်ပွားခြင်းမှကာကွယ်ခြင်းသည် တိုယိုတာ၏စဉ်ဆက်မပြတ်လေ့လာမှုစနစ် အပေါ် အာရုံစိုက်မှုဖြစ်သည်။ ခက်ခဲ သောအကဲဖြတ်ဆန်းစစ်ချက်များ၊ ရောင် ပြန်ရိုက်ခတ်မှုနှင့်လေ့လာရရှိသောသင် ခန်းစာများ၏ဆက်သွယ်မှုတို့သည် တိုး တက်မှုအတွက် အချက်အချာဖြစ်သည်။ ယင်းသည် အကောင်းဆုံးလူသိများသော အလေ့အထ၊ အတွေ့အကြုံများကိုစံသတ် မှတ်ရန် စည်းကမ်းပင်ဖြစ်သည်။
တိုယိုတာ၏အောင်မြင်မှုနှင့်အရည် အသွေးတိုးတက်မှုစနစ်များကိုနားလည် သတိပြုရန်လိုအပ်သော်လည်း ကွဲပြားခြား နားသောယဉ်ကျေးမှုနှင့်ပတ်ဝန်းကျင်ရှိ သည့် ကုမ္ပဏီတစ်ခုကိုအသွင်ပြောင်းရန် မလွယ်ကူလှချေ။ တိုယိုတာသည် စိတ် ကူးဉာဏ်ကွန့်မြူးမှုကိုပံ့ပိုးပေးသည်။ ရေတို အကျိုးအမြတ်ထက် ကျော်လွန်သော တန် ဖိုးများနှင့်ခေါင်းဆောင်မှုတွင်တည်ငြိမ်မှု၏ အရေးပါမှုကို တိုယိုတာကသရုပ်ပြသည်။ ဖီလော်ဆိုဖီ၊ လုပ်ငန်းစဉ်၊ လူနှင့် ပြဿနာ ဖြေရှင်းခြင်းတို့ကို မှန်ကန်သောပေါင်းစပ် ခြင်းသည် လေ့လာမှုလုပ်ငန်းအဖွဲ့အစည်း ကိုမည်သို့ဖန်တီးနိုင်ကြောင်း တိုယိုတာက သက်သေပြနေသည်၊ အကြံပြုညွှန်ပြနေ သည်။ သို့ဖြစ်ရာ ရေရှည်အောင်မြင်မှုရရှိ လိုသောထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုကုမ္ပဏီ အားလုံးသည် လေ့လာမှုအဖွဲ့အစည်းဖြစ် လာရန်လိုအပ်သည်။ ဤသည်ကို တိုယို တာက ကမ္ဘာပေါ်တွင်အကောင်းဆုံးမော် ဒယ်ပုံစံတစ်ခုအဖြစ် ပြသနေသည်။
Ref: The Toyota Way by Jeffrey K.Liker
No comments:
Post a Comment