Saturday, December 22, 2007

သေလွန်ပြီးသည့်နောက်

Beyond Death by Kawabata Yasunari

ဘာသာပြန်- စန်းစန်းဦး

အဘိုးအိုတစ်ယောက်နှင့် မိန်းမငယ် တစ်ယောက် လမ်းလျှောက်လာနေကြသည်။

မည်သည့်ဘက်ကပင် ကြည့်ကြည့် ထိုစုံတွဲကို ကြည့်ရသည်မှာ တစ်မျိုးဖြစ်နေသည်။


သူတို့နှစ်ယောက်အသက်များမှာ အနှစ်ခြောက်ဆယ်လောက် ကွာခြားနေပုံရသည်။ သို့သော် ၊ ။> အသက်ကွာခြားနေခြင်းကို သူတို့စိတ်ထဲတွင် နည်းနည်းလေးမှ ဂရုစိုက်ပုံမရ။ သူတို့သည်


ချစ်သူများကဲ့သို့ ပူးကပ်စွာ လျှောက်လာကြသည်။ အဘိုးအိုမှာ နားလေးနေသည်။


မိန်းမငယ်ပြောသမျှ မကြားရသလောက်ပင်။ မိန်းမငယ်သည် အဖြူရောင်မြာှးုယ်ုပုံလေးများပါသည်.ခရမ်းရောင်


ကီမိုနိုကို ၀တ်ထားသည်။ ကီမိုနိုအောက်ပိုင်းမှာ အ၀ါရောင်သန်းသည့် ဟာကမာ ကဖုံးထားသည်။


သူမ၏ အကျီင်္လက်များမှာ ရှည်လွန်းနေသည်။ အဘိုးအိုကတော့ လယ်ထဲသို့ ပေါင်းနှုတ်သွားမည့်


လယ်သူမ၀တ်စုံမျိုးကို ၀တ်ထားသည်။ သို့သော် အလုပ်လုပ်ရာတွင် ၀တ်ရသည့် လက်အိပ်၊


ဗခြအိပ်များကိုမူ ၀တ်မထား။ သူ၏ ချည်ရှပ်အကျီင်္နှင့် ဘောင်းဘီမှာ မိန်းမတစ်ယောက်၏


ဝတ်စုံနှင့်တူသည်။ ဘောင်းဘီမှာ သူ၏ အရိုးငေါနေသော ခါးပတ်လည်တွင် ပွလွန်းနေသည်။


သူတို့စုံတွဲ၏ မလှမ်းမကမ်း မြက်ခင်းပေါ်တွင် ခပ်မြင့်မြင့် သံဆန်ကာ ခြံစည်းရိုး


တစ်ခုရှိသည်။ ထိုခြံစည်းရိုးမှာ သူတို့သွားရမည်းလမ်းကို ပိတ်ထားသော်လည်း


သူတို့ကြည့်ရသည်မှာ ၄င်းကို နည်းနည်းမျှ ဂရုပြုမိဟန်မရှိ။ ခြေလှမ်းနည်းနည်းမှ


မတွန့်ဘဲ သူတို့သည် ခြံစည်းရိုးကို တည့်တည့်ဖြတ်ျှာက်သွားကြသည်။ သူတို့ရွေ့သွားပုံမှာ


လေပြည်လေးတစ်ခုလိုပင်။

အခြားတစ်ဘက်ရောက်သွားမှ မိန်းမငယ်က ခြံစည်းရိုးကို သတိပြုမိသွားပုံရသည်။

(ရှင် . . .) သူမက မေးခွန်းများနှင့် ပြည့်နေသည့် မျက်လုံးနှင့် အဘိုးအိုကို


စိုက်ကြည့်လျက် (ရှင်လည်း . . ဒီခြံစည်းရိုးကို ဖြတ်လျှောက်နိုင်တယ်နော်။ ဟုတ်တယ်မဟုတ်လား


. . ရှင်တာရို)

အဘိုးအိုက မကြား။ သို့သော် သံဆန်ကာကို ဆတ်ကနဲ ဆွဲကိုင်ပြီး စတင်လှုပ်ရမ်းတော့သည်။ (


ဒီ . . သောက်သုံးမကျတဲ့ဟာ . . သောက်သုံးမကျတဲ့ဟာ) အဘိုးအိုက ကျယ်ကျယ်လောင်လောင်


အောင်ဟစ်နေသည်။ ထို့နောက် ခြံစည်းရိုးကို အတင်းတွန်းနေသည်။ ခြံစည်းရိုးမှာ


အံ့အားသင့်ဖွယ် အဝေးသို့ ရွေ့ထွက်သွားတော့သည်။ အဘိုးအိုမှာ ဒယိမ်းဒယိုင်ဖြစ်သွားပြီး


ခြံစည်းရိုးကို လှမ်းဆွဲထားလိုက်သည်။ သူ့ခန၊ာကိုယ်မှာ ရှေ့သို့ ငိုက်ကျသွားတော့သည်။


( သတိထား ရှင်တာရို . . ရှင်ဘာဖြစ်သွားတာလဲ)

မိန်းမပျိုက အောင်လိုက်သည်။ ထို့နောက် အဘိုးအို၏ ကိုယ်အပေါ်ပိုင်းကို အနောက်မှ


ထိန်းကိုင်ပေးရန် ဖြတ်ကနဲ ပြေးဝင်သွားသည်။ ( ရပြီ . . ရှင့်လက်တွေကို ခြံစည်းရိုးက


လွှတ်လို့ ရပြီ) ထို့နောက် သူမက ဆက်လက်ပြီး (ရှင် . . ဘယ်လောက် ပေါ့ပါးသွားလိုက်သလဲ)

နောက်ဆုံးတွင် အဖိုးအိုမှာ ပြန်ပြီး မတ်မတ်ရပ်နိုင်သွားသည်။ သူ့မှာ မောဟိုက်သွားမ ။> သူ့ပခုံးမှာ နိမ့်လိုက်မြင့်လိုက်နှင့်။

( ကျေးဇူးပဲကွာ . .) အဘိုးအိုက ပြောလိုက်ရင်း နောက်တစ်ခါ သံဆန်ကာကို


ဆုပ်ကိုင်ပြန်သည်။ သည်တစ်ခါတွင် လက်တစ်ဖက်နှင့် ဖွဖွလေးသာ ကိုင်တော့သည်။ ထို့နောက်


နားလေးသူများ၏ အကျင့်အတိုင်း စကားကို ကျယ်ကျယ်လောင်လောင်ဆက်ပြောနေ၏။

( နေကုန် နေခန်း ငါ. . ဒီခြံစည်းရိုးရဲ့နောက်မှာ ဂေါက်သီးတွေ


လိုက်ကောက်ပေးဖူးတာပေါ့။ ဒါဟာ တစ်ဆယ့်ခုနှစ်နှစ်လုံးလုံး ငါလုပ်ခဲ့ရတဲ့


အလုပ်ပေါ့ကွာ)

( တစ်ဆယ့်ခုနှစ်နှစ်ထဲလား . .၊ ဒါက သိပ်အကြာကြီးမှမဟုတ်တာ) မိန်းမငယ်က ဆိုသည်။

(သူတို့က ဂေါက်သီးကို ရိုက်ချင်တဲ့ဘက် ရိုက်ကြတာ။ ဂေါက်သီးတွေက သံဆန်ကာကို ရိုက်မိတာနဲ့


အသံတစ်သံထွက်လာတော့တာပဲ။ ဒီအသံထွက်လာပြီဆိုရင် ငါလည်း ခေါင်းကို ၀ပ်ထားလိုက်တာပဲ။ ဒီအသံတွေကို


ရင်းနှီးသွားတဲ့အထိ ဆိုပါတော့။ အဲဒီ အသံတွေကြောင့်ပေါ့။ ငါ့နားတွေ ထိုင်းကုန်ခဲ့ရတာ။


ဒီ သောက်သုံးမကျတဲ့ဟာ)

သံဆန်ကာ ခြံစည်းရိုးမှာ ဂေါက်သီးကောက်သူများကို အကာအကွယ်ပေးရန် လုပ်ထားခြင်းဖြစ်သည်။


ခြံစည်းရိုးအောင်ခြေတွင် ဘီးလုံးလေးများပါသည့်အတွက် ဂေါက်ရိုက်လေ့ကျင့်ကွင်းအတွင်း


လိုသလိုရွှေ့ယူနိုင်သည်။ ဂေါက်ရိုက်လေ့ကျင့်ကွင်းပြင်နှင့် ဂေါက်ရိုက်သည့်နေရာကို


သစ်ပင်တန်းတစ်ခုက ခြားထားသည်။ သစ်ပင်များမှာ ထိုနေရာတွင်


သဘာဝအတိုင်းပေါက်နေသည့်အတွက် သစ်ပင်တန်းမှာ မညီမညာဖြစ်နေသည်။ ၊ားတွင်ရှိသော


တောတန်းကြီးကို ဂေါက်လေ့ကျင့်ကွင်းအဖြစ် ပြောင်းလဲခဲ့စဉ်က ထိုသစ်ပင်များကို


ချန်ထားခဲ့ခြင်းဖြစ်သည်။

အဘိုးအိုနှင့် မိန်းမငယ်မှာ ထိုခြံစည်းရိုးနားကခွာ်လျှောက်လာကြပြန်သည်။

( ရှင် . . ဒီလိုချစ်စရာကောင်းတဲ့ လှိုင်းပုပ်သံတွေကို ကြားရမှာပေါ့ )

( ဘာပြောတယ် ) အဘိုးအိုက ပြောရင်း သူ့မျက်လုံးများကို မှိတ်လိုက်သည်။ ( မီဆာကို .


.၊ မင်း ရှူထုတ်လိုက်တဲ့ လေကလေးက ချစ်စရာကောင်းလိုက်တာ။ ဟိုတုန်းကလိုပါပဲလား။)

( ရှင် ဒီလိုချစ်စရာကောင်းတဲ့ လှိုင်းပုတ်သံတွေ မကြားရဘူးလား။)

( လှိုင်းတွေ . . . လှိုင်းတွေလို့ မင်းပြောလိုက်သလား။ ပြီးတော့ . . ချစ်စရာကောင်းတယ်။


ဟုတ်လား . .။ မင်းကိုယ်တိုင် ဒီလှိုင်းတွေထဲမှာ နစ်သေခဲ့ပြီးတော့မှ ဘယ်လိုလုပ် ဒီလှိုင်းတွေက


မင်းအတွက် ချစ်စရာကောင်းတော့မှာလဲ . .)

(အို သိပ်ချစ်စရာကောင်းတယ်။ ကျွန်မလေ . . နှစ်ပေါင်း ငါးဆယ့်ငါးနှစ်ကြာပြီးမှ


ကျွန်မအိမ်ကို ပြန်ရောက်လာတော့ ရှင်လည်း အိမ်ကို ပြန်ရောက်နေတာ တွေ့ရပြီ။ အားလုံး


အိပ်မက်လိုပါပဲလား။ ) သူမ ပြောလိုက်သောစကားကို အဘိုးအို မကြားနိုင်။ သို့သော် သူမက


ဆက်ပြောနေသေးသည်။

ကျွန်မ ကိုယ့်ဖာသာ ပင်လယ်ထဲ ခုန်ချခဲ့တာဟာ ကျွန်မအတွက် အကောင်းဆုံးပါပဲ။ ဒါကြောင့်မို့


ကျွန်မ ရှင့်ကို အမြဲတမ်းချစ်နေနိုင်ခဲ့တာ။ ပြီးတော့ အမြဲတမ်းပဲ ချစ်နိုင်ဦးမှာ။ ဒီလိုပဲ


ကျွန်မသေတဲ့ အချိန်မှာတောင် ရှင့်ကို ချစ်နေခဲ့တယ်။ ဒါတွေအပြင် ကျွန်မ မှတ်ထားတာတွေ၊


ကျွန်မ မှတ်မိနေခဲ့တာတွေ အားလုံးဟာ အသက် တစ်ဆယ့်ခုနှစ်နှစ်မှာ အဆုံးသတ်ခဲ့တာပဲ။


ကျွန်မအနေနဲ့ကတော့ ရှင်ဟာ အမြဲတမ်း ငယ်ရွယ်တဲ့ လူတစ်ယောက်ဖြစ်နေမှာပဲ။ ရှင့်အတွက် ဒီလိုပါပဲ


ရှင်တာရို။ ကျွန်မဟာ အသက်တစ်ဆယ့် ခုနှစ်နှစ်မှာ ကိုယ့်ကိုယ်ကို သတ်မသေခဲ့ဘူး


ဆိုပါတော့ . .။ ပြီးတော့ ရှင်ကလည်း ဒီကို ပြန်လာပြီး ကျွန်မကို တွေ့ဖို့လာမယ်ဆိုရင်


ရှင်လေ . . .၊ အသက်ကြီးပြီး အရုပ်ဆိုးတဲ့ မိန်းမအိုကြီးကိုပဲ ရှင်တွေ့ရမှာပေါ့။ အို


. . . . ဘယ်လောက် ကြောက်စရာ ကောင်းလိုက်သလဲ။ ကျွန်မတော့ ရှင့်ကို ထွက်တွေ့ရဲမှာ


မဟုတ်တော့ဘူး။

(ငါ . .၊ တိုကျိုကို သွားခဲ့တယ်။) အဘိုးအိုက နားလေးသူတစ်ယောက်၏ မပီမသအသံဖြင့်


စကားပြောသည်။ ( ဒါပေမယ့် အဲဒီကနေ ဘယ်မှ ထွက်မသွားနိုင်ခဲ့ဘူး။ ဒီတော့ ငါ


အိမ်ပြန်ခဲ့တယ်။ စိတ်ပျက် လက်ပျက်ဖြစ်နေတဲ့ အဘိုးအို တစ်ယောက်အနေနဲ့ပေါ့။ ငါ .. ၊


ဂေါက်ကွင်းမှာ အလုပ်တစ်ခုရခဲ့တယ်။ အဲဒီ ဂေါက်ကွင်းက ပင်လယ်ပြင်ကို မျက်နှာပြုထားတယ်။


အဲဒီ ပင်လယ်ပြင်မှာ မိန်းကလေးတစ်ယောက်ဟာ သူ့ရဲ့ ပူဆွေးမှုတွေကြောင့် ရေထဲ ခုန်ချ


သတ်သေခဲ့ဖူးတယ်။ သူတို့က သူမကို ငါနဲ့ နောက်ထပ် တွေ့ခွင့်မပြုတော့ဘူးဆိုတဲ့


နောက်မှာပေါ့။ ငါက သူတို့ကို တောင်းပန်ခဲ့တယ်။ အဲဒီဂေါက်ကွင်းမှာ ငါ့ကို


ငှားဖို့ပေါ့။ သူတို့က ငါ့ကို သနားခဲ့ကြပါတယ်။)

( ကျွန်မတို့ အခု ရှင့်မိသားစုတွေပိုင်ခဲ့ဖူးတဲ့ မြေပေါ် ရောက်နေပြီလေ ရှင်တာရို)

( ဂေါက်သီးလေ့ကျင့်ကွင်းထဲမှာ ဂေါက်သီးတွေ လိုက်ကောက်ဖို့..။ ငါလုပ်နိုင်ခဲ့တာကတော့


ဒါပါပဲလေ။ ငါ့ခါးတွေဟာ ကိုက်ခဲလာခဲ့တယ်။ ဒါပေမယ့် ငါဆက်လုပ်ခဲ့တယ်။ အဲဒီနေရာမှာ


မိန်းကလေး တစ်ယောက်ဟာ ငါ့အတွက်ကြောင့် ပင်လယ်ထဲခုန်ချသွားခဲ့တယ်လေ။ ခုန်ချသွားတဲ့


ချောက်ကမ်းပါးကြီးက ဒီနားလေးတင်။ ဒီတော့ ငါလိုသက်ကြားအိုတစ်ယောက်တောင် အဲဒီကို ရောက်အောင်သွားပြီး


ခုန်ချ။ အဲဒီလို အမြဲပဲ တွေးနေခဲ့တယ်ကွာ)

( မလုပ်နဲ့ ရှင်တာရို။ ရှင်က အသေအချာ ဆက် အသက်ရှင်နေစမ်းပါ။ ရှင်မရှိတော့ဘူးဆိုရင်


ဒီလောကကြီးမှာ ကျွန်မကို အမှတ်ရနေမယ့် တစ်ယောက်တည်းသောသူ ရှိတော့မှာ မဟုတ်တော့ဘူး။ ဒီနောက်တော့


ကျွန်မလည်း တကယ်ကို သေသွားခဲ့တော့မှာပဲ ) မိန်းမပျိုက ၊ပာရင်း အဘိုးအိုနားသို့


ပူးကပ်လိုက်သည်။ သို့သော် အဘိုးအိုကတော့ သူမ ပြောတာကို မကြား။

အဘိုးအိုကလည်း သူမကို ပွေ့ဖက်ထားလိုက်သည်။ ( ဟုတ်တယ်။ အတူတူသေကြရအောင်။ မင်းနဲ့ငါ


ခုချိန်မှာလေ . .။ မင်းက ငါ့ကို မင်းနဲ့အတူခေါ်သွားဖို့ ရောက်လာတာမဟုတ်လား။ ဟုတ်တယ်


မဟုတ်လား။ )

( ကျွန်မတို့ အတူတူ။ ဟုတ်လား။ ဟင့်အင်း . .။ ရှင်ဆက်ပြီး အသက်ရှင်နေစမ်းပါ။


ကျေးဇူးပြုပြီး ရှင် . . ကျွန်မအတွက် အသက်ရှင်နေပါ။ )

မိန်းမပျိုသည် အဘိုးအို၏ ပခုံးပေါ်မှ ခေါင်းးကို ပြန်ထောင်လိုက်ပြီး ရှေ့တည့်တည့်သို့


ကြည့်နေလေသည်။ သူမ၏ အသံမှာ လှုပ်လှုပ်ရှားရှားဖြစ်လာသည်။

( ကြည့်စမ်း ဒီသစ်ပင်ကြီးတွေက ခုထိ ဒီမှာ ရှိတုန်းပါပဲလား။ သူတို့သုံးပင်စလုံး ဟိုး


. . အရင်တုန်းက အတိုင်းပါပဲလား။ သူတို့တွေဟာ ကျွန်မရဲ့ ဟိုးတုန်းက ပျော်ခဲ့တဲ့ရက်တွေကို


အမှတ်ရအောင် လုပ်နေလိုက်တာ။ )

သူမညွှန်ပြသဖြင့် အဘိုးအိုကလည်း သစ်ပင်ကြီးသုံးပင်ရှိရာ လှည့်ကြည့်လိုက်သည်။

( ဂေါက်ရိုက်တဲ့ လူတွေက ဒီသစ်ပင်တွေကို သိပ်ကြောက်ကြတယ်။) အဘိုးအိုက ပြောလိုက်သည်။


သူတို့က ဒီသစ်ပင်တွေကို ခုတ်ပစ်ချင်ကြတယ်။ သူတို့အပြောကတော့ ဒီအပင်ကြီးတွေဆီက


မှော်အစွမ်းတစ်ခုခုက ဂေါက်သီးတွေကို ဆွဲယူနေသလိုလို။ ရိုက်လိုက်တဲ့ ဂေါက်သီးတွေဟာ


အမြဲတမ်း ညာဘက်ကို ရောက်ရောက်သွားတယ်တဲ့ )

( သိပ်မကြာခင် ဒီ ဂေါက်သီးရိုက်တဲ့သူတွေ သေကုန်ကြမှာပဲ။ ဒီအပင်ကြီးတွေထက်ကို


စောပြီးသေကြမှာ။ အပင်ကြီးတွေကတော့ ရာစုနှစ်နဲ့ကို ချီပြီး ရှင်နေကြမှာပဲ။ သူတို့က


လူတစ်ယောက်ရဲ့ ဘ၀သက်တမ်းဟာ ဘယ်လောက်တိုတောင်းတယ်ဆိုတာ မသိလို့ ဒီလိုအပြောမျိုးကို


ပြောကြတာပဲ။ )

( ငါ့ရဲ့ ဘိုးဘေး ဘီဘင်တွေက ဒီအပင်တွေကို နှစ် ရာနဲ့ချီပြီးကို စောင့်ရှောက်ခဲ့ကြတာပဲ။


ဒါ့ကြောင့် ဒီမြေကို ရောင်းတော့ ကတိတစ်ခုတောင်းထားခဲ့တယ်။ ဒီအပင်ကြီးတွေကို


ခုတ်မပစ်ပါဘူးဆိုတာကိုပဲ။ )

( အဲဒီနေရာဆီ သွားကြရအောင် ) မိန်းမပျိုက တိုက်တွန်းလိုက်သည်။ ထို့နောက် ယိမ်းယိုင်နေသော


အဘိုးအိုကို လက်ဆွဲ်ပင်များရှိရာဘက်ကို ဦးဆောင်ခေါ်သွားလေသည်။

သူမက အပင်ကြီးများထဲမှ တစ်ပင်၏ ပင်စည်ထဲသို့ ဖြတ်လျှောက်ဝင်သွားရာ အဘိုးအိုက


သူမကဲ့သို့ လိုက်ဝင်ခဲ့သည်။

( အိုး . .) သူမက အဖိုးအိုကို တအံ့မသြ ငေးစိုက်ကြည့်နေသည်။ ( ရှင်ရော သေသွားပြီလား


ရှင်တာရို။ ရှင်ရော . . ဘယ်တုန်းက ရှင်သေသွားခဲ့တာလဲ )

အဘိုးအိုက ဘာမျှ ပြန်မဖြေ။

( ရှင်သေညပီ...။ ရှင် . . တကယ့်ကို သေသွားပြီ။ ဟုတ်တယ် မဟုတ်လား။ ကျွန်မစဉ်းစားနေတာက


ကျွန်မတို့ ဘာ့ကြောင့် သေညပီးသူတွေရဲ့ တိုင်းပြည်မှာ ပြန်မဆုံကြတာလဲလို့။ ကဲ . . အခု၊


ရှင် တကယ် သေမသေ ကြည့်ရအောင်။ ရှင်ဟာ တစ်ကယ်သေညပီဆိုရင်တော့ ကျွန်မနဲ့အတူတူ


သစ်ပင်ကြီးထဲဝင်ကြမယ်။ )

အဘိုးအိုနှင့် မိန်းမငယ်မှာ အပင်ကြီး၏ ပင်စည်ထဲသို့ ၀င်ရောက်ပျောက်ကွယ်သွားခဲ့သည်။


သူတို့ ဘယ်သောအခါမှ ပြန်ထွက်မလာကြတော့ပါ။

ညနေခင်း၏အရောင်သည် သစ်ပင်ကြီးများ အနောက်ဘက်ရှိ ချုံနွယ်များပေါ်သို့ ပြန့်ကျလာသည်။


ပင်လယ်ပြင်မှ အသံများထွက်ပေါ်လာသည့်နေရာ မိုးကုတ်စက်ဝိုင်းမှာ နီဖျော့ဖျော့အရောင်ထဲတွင်


မှုန်ဝါးသွားခဲ့ပြီ။

No comments: