Sunday, December 16, 2007

ရေနံနှင့်သဘာဝ ဓါတ်ငွေ့လုပ်ငန်း နယ်ပယ်တွင် အခွင့်အလမ်းများကို ရယူနိုင်ရန် မြန်မာလူငယ်များ ပြင်ဆင်သင့်


သဘာဝဓါတ်ငွေ့သည် ၂၀၀၁-၂၀၀၂ဘဏ္ဍာရေးနှစ်မှစတင်၍ နှစ်စဉ်တန်ဖိုးအများဆုံး ပြည်ပပို့
ကုန်ဖြစ်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကဏ္ဍတွင်လည်း ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းသည် ပမာဏ
အားဖြင့် လျှပ်စစ်စွမ်းအားကဏ္ဍ၏ နောက်ဒုတိယနေရာတွင်ရပ်တည်နေသည်ကိုတွေ့ရသည်။ယင်းကဲ့
သို့ တိုင်းပြည်စီးပွားရေး၏ အချက်အချာနေရာသို့ ရောက်ရှိလာနေသည့် ရေနံနှင့်သဘာဝဓါတ်ငွေ့နယ်
ပယ်တွင် မြန်မာလူငယ်များအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေရ ယူနိုင်ရန် ကြိုတင်ပြင်
ဆင်မှုများ ပြုလုပ်သင့်သည်ဟုပညာရှင်များကတိုက်တွန်းပြောကြားခဲ့သည်။ တိုင်းပြည်စီးပွားရေး၏အ
ရေးပါသောကဏ္ဍတစ်ရပ်ဖြစ်လာသည့် ရေနံနှင့်သဘာဝ ဓါတ်ငွေ့နယ်ပယ်တွင်လက်ရှိဝင် ရောက်လုပ်
ကိုင်နေသော မြန်မာအင်ဂျင်နီယာများ ရှိနေသော်လည်း ထပ်မံတိုးတက်လာနေသည့် ယင်းကဏ္ဍတွင်

ဝင်ရောက်လုပ်ကိုင်နိုင်ရန်လူငယ်အင်ဂျင်နီယာ မျိုးဆက်သစ်များလိုအပ်သည်ဟုကမ်းလွန်ရေနံရှာဖွေ
ရေးလုပ်ငန်းများတွင်ဆယ်နှစ်ကျော်လုပ်ကိုင်ခဲ့သည့် ၀ါရင့် ရေနံ အင်ဂျင်နီယာတစ်ဦး ကဆိုပါသည်။
ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းကဆက်ပြီးတိုးတက်နေဦးမယ့်လုပ်ငန်းနယ်ပယ်ပါ။ ပိုက်လိုင်းသွယ်
တန်းရေးလုပ်ငန်းတွေ၊ ဓါတ်ငွေ့ထုတ်ယူရေးလုပ်ငန်းတွေမှာ အလုပ်အကိုင် အခွင့်အလမ်းတွေအများ
ကြီးပေါ်လာဦးမှာပါ။ ဒီလုပ်ငန်းတွေက နှစ်နဲ့ချီပြီးလုပ်သွားရ မယ့် စီမံကိန်းတွေဖြစ်လို့ ရေနံနဲ့သဘာဝ
ဓါတ်ငွေ့ဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းတွေက ရေတိုရေပန်းစားတဲ့ အခွင့်အလမ်းမျိုးမဟုတ်ဘဲ
ရေရှည်အခွင့်အလမ်းတစ်ရပ်ဖြစ်နေမှာပါဟုအဆိုပါအင်ဂျင်နီယာကဆက်လက်သုံးသပ်ခဲ့ပါသည်။ပြည်

တွင်းကသဘာဝဓါတ်ငွေ့ရှာဖွေရေးတွေကပေါ်ပေါက်လာမယ့်အလုပ်အကိုင်အခွင့်အလမ်းတွေအတွက်
အဆင်သင့်ဖြစ်နေအောင်လူငယ်တွေအနေနဲ့လည်းပြင်ဆင်ထားသင့်ပါတယ်။ရေနံနဲ့ဆက်စပ်တဲ့နေရာ
တွေမှာ လုပ်ကိုင်ရမယ့်ဘာသာရပ်တွေကို ပြင်ဆင်ထားခြင်းအားဖြင့်ပြည်ပအလုပ်အကိုင်အတွက်ရော ပြည်တွင်းအလုပ်အကိုင်အတွက်ပါအားသာမှု တွေအများကြီးရှိ နေပါတယ်ဟု ဦးအောင်ကျော်ဆန်းက
ဆက်လက်ပြောပြခဲ့သည်ဟု ၂၀၀၇ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင်
ဖော်ပြထားပါသည်။


အာဖဂန်တွင် လက်ရှိ အခြေအနေတိုင်း သွားလျှင် မဟာမိတ်တို့ ဆုံးရှုံးသွားနိုင်

နေတိုးတပ်ဖွဲ့များနှင့် ၎င်း၏မဟာမိတ်များသည် ၎င်းတို့၏ နည်းပရိယာယ်တွင် အချိန်မှီပြောင်းလဲ
မှု မပြုလုပ်ပါက အာဖဂန်ရှိ အမာခံတာလီဘန်များနှင့် တိုက်ခိုက်ရာတွင် အရှုံးနှင့် ရင်ဆိုင်ရနိုင်သည်ဟု
သြစတြေးလျ၏ အစိုးရသစ်က တနင်္လာနေ့တွင် ထုတ်ဖေါ်ပြောကြားသည်။ အမေရိကန်ပြည်ထောင်စု
အပါအ၀င် အာဖဂန်တွင် တိုက်ပွဲဝင်နေကြသော နိုင်ငံရှစ်နိုင်ငံမှ အရာရှိများသည် အင်္ဂလန်နိုင်ငံအီတင်
ဘာရာမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် သြစတြေးလျကာကွယ်ရေးဝန်ကြီးက ယင်းသို့ ပြောကြားခြင်းဖြစ်
သည်။ ၂၀၀၁ ခုနှစ်တွင် စတင်ဆင်နွဲခဲ့သော ယခုစစ်ဆင်ရေး အောင်နိုင်၍ အာဖဂန်နိုင်ငံတွင်တည်ငြိမ်
မှုကိုဖေါ်ဆောင်လိုပါကစစ်ရေးနှင့်ပြည်သူ့အုပ်ချုပ်ရေးအစီအစဉ်များကိုပြန်လည်သုံးသပ်ရန်ဖြစ်သည်။
မဟာမိတ်တပ်ဖွဲ့များသည် ကျင်းထဲမှ ပရွက်ဆိတ်များကိုမောင်းထုတ်နိုင်သော်လည်း ၎င်းကျင်းကို ဖြို
ဖျက်ရန် မတက်နိုင်ကြချေ။လက်နက်ကိုင်တိုက်ပွဲအပြင်သဘောထားပျော့ပြောင်းသော တာလီဘန်များ
နှင့်အခြားအေးချမ်းစွာနေလိုသည့်အာဖဂန်လူမျိုးအသိုင်းအ၀ိုင်း၏လက်ခံမှုကိုရယူရန်အရေးကြီးသည်။
မဟာမိတ်တပ်ဖွဲ့များသည်အဖက်အစပ်ညီသောမဟာဗျူဟာမရှိသည့်အပြင်အချို့သောနိုင်ငံများသည်
ဤစစ်ဆင်ရေးကို လုံလောက်သောထောက်ကူမှု မပြုသည်ကို တွေ့ရသည်ဟု ၎င်းကပြောဆိုသည်။
(အေအက်ဖ်ပီ)


လူပေါင်း ၂ သိန်းကျော်ရဲ့ ကိုယ်ရေးအချက်အလက် တွေပါရှိတဲ့ Laptop ခိုးယူခံရ


ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း အမေရိကန်ပြည်ထောင်စု မင်နီဆိုတာပြည်နယ်စိန့်ပေါမြို့အခြေစိုက် Memorial Blood Centers ကနေ ခိုးယူခံခဲ့ရတဲ့ Laptop ကွန်ပျူတာအတွင်း သွေးလှူရှင်ပေါင်း ၂၆၈၀၀၀ တို့ရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေပါဝင်သွား တဲ့အကြောင်းသိရသည်။ ထို Laptop ဟာသွေးလှူဌာန တစ်ခု အတွင်းချထားစဉ် ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ကတော့ ဒါကိုတမင်သက်သက်ရည်ရွယ်ခိုးယူတာမဟုတ်တဲ့အကြောင်း သုံးသပ်ထားသည်။

Memorial Blood Centers ရဲ့လက် အောက်မှာ သွေးလှူခံဌာနပေါင်း ၁၀ခုရှိပြီး တစ်နှစ်လျှင်သွေးယူနစ်ပေါင်း ၁၂၅၀၀၀ စုဆောင်းရရှိတဲ့အကြောင်းသိရှိရသည်။ သွေးလှူဌာနရှိ ဆက်သွယ် ရေးအရာရှိက Laptop ကို password တွေနဲ့အထပ်ထပ်ကာကွယ်ထားကြောင်းဆိုထားပေမဲ့ Hard Disk ကို encrypt လုပ်ထား မထားဆိုတာမသိရပါဘူး။ Laptop ခိုးယူသူကို အနီးအနားကလုံခြုံရေးကင်မရာတစ်ခုနဲ့ မှတ်တမ်း တင်ထားနိုင်ခဲ့ပြီး သူခိုးကိုလိုက်လံရှာဖွေနေတဲ့အကြောင်းသိရသည်။

ဒီကိစ္စကြောင့် Memorial Blood Centers က သွေးလှူ ရှင်တွေရဲ့ Social Security နံပါတ်အစား ယာဉ်မောင်း လိုင်စင်လိုမျိုး မှတ်တမ်းတင်တွေနဲ့ တခြားအချက်အလက်တွေကို မေး မြန်းကာ မည်သူမည်ဝါဖြစ်ကြောင်းကိုပဲ စာရင်းသွင်း တော့တဲ့ အကြောင်းသိရသည်။ ခိုးယူခံရတဲ့ Laptop တွေအတွင်းက encrypt မလုပ်ထားတဲ့အချက်အလက်တွေဟာ ပုဂ္ဂိုလ်ရေး အချက်အလက် တွေပေါက်ကြားခြင်းရဲ့ အဓိကအကြောင်းတစ်ရပ် ဖြစ်သည်။ Privacy Rights Clearing House ရဲ့အဆိုအရ ၂၀၀၅ ခုနှစ် ဇန်န၀ါရီလကစတင်ပြီး အမေရိကန်နိုင်ငံသား ၂၁၆ သန်းရဲ့အချက်အလက်တွေပေါက်ကြးပျံ့နှံ့နေခဲ့ရ တဲ့ အကြောင်း သိရသည်။



ပီကေကေသူပုန်များအား တူရကီလေကြောင်းမှဗုံးကြဲတိုက်ခိုက်


အီရတ်နိုင်ငံမြောက်ပိုင်းရှိ ကာဒစ်စတန်အလုပ်သမား ပါတီ(ပီကေကေ) သူပုန်များ၏ အခြေစိုက်
စခန်းများဟုယူဆရသည့် နေရာများအားတူရကီတပ်ဖွဲ့က တနင်္ဂနွေနေ့တွင် လေကြောင်းမှဗုံးကြဲတိုက်
ခိုက်သဖြင့် အရပ်သားအမျိုးသမီးတစ်ဦးသေဆုံး၍ငါးဦီးပြင်းထန်စွာဒဏ်ရာရရှိပြီးအဆောက်အအုံများ
နှင့်တံတားများပျက်စီးခဲ့သည်ဟု အီရတ်တာဝန်ရှိသူများကပြောကြားသည်။တူရကီလေကြောင်းတပ်ဖွဲ့
သည် ပီကေကေသူပုများ၏အခြေစိုက်စခန်းများရှိသော Zap၊ Hakurk၊ Avasinနှင့်Qandilတောင်တန်း
ဒေသများအား စစ်လေယာဉ်ရှစ်စင်းဖြင့် ဒေသစံတော်ချိန်နံနက်၁:၀၀နာရီတွင်စတင်ဗုံးကြဲတိုက်ခိုက်ခဲ့
ကြောင်း တူရကီစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုသည်။ အဆိုပါလေကြောင်း
မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပီကေကေသူပုန်များဘက်မှအသေအပျောက်မရှိကြောင်းတာဝန်ရှိသူတစ်
ဦးက အင်တာနက်ဝက်ဘ်ဆိုက်တစ်ခုမှထုတ်လွှင့်ခဲ့သည်။ တူရကီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု
အား အီရတ်နိုင်ငံ၏အချုပ်အခြာအာဏာကိုချိုးဖောက်ခြင်းဖြစ်သည်ဟုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကာဒစ်ရှ်
အစိုးရကပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချလိုက်သည်။(အေအက်ဖ်ပီ)


ပါကစ္စတန်မှာမာရှယ်လောရုပ်သိမ်းပြီ


ပါကစ္စတန်သမ္မတ ပါဖက်ဇ်သမ္မတမူရှာ ယက်ဖ်ဟာ စနေနေ့ကနိုင်ငံမှာ၆ပတ် ကျော်ကြာအောင်ထားရှိခဲ့တဲ့အရေးပေါ် အခြေအနေကိုရုပ်သိမ်းလိုက်ကြောင်း ကြေညာလိုက်ပါတယ်။

အရေးပေါ်အခြေအနေရုပ်သိမ်းပြီးနာ ရီအနည်းငယ်အကြာမှာထုတ်လွှင့်ခဲ့တဲ့ ရုပ် မြင်သံကြားမိန့်ခွန်းမှာမူရှာယက်ဖ်ကသူ့ရဲ့ နိုဝင်ဘာ၃ရက်နေ့ကထုတ်ခဲ့တဲ့အရေးပေါ် အခြေအနေကြေညာချက်အမိန့်ဒီကရီကို ကာကွယ်ခဲ့ပါတယ်။ ““ကျွန်တော်ရဲ့ဆန္ဒ ကိုဆန့်ကျင်ပြီး၊ နောက်ဆုံးကျွန်တော်ရွေး ချယ်စရာအနေနဲ့ပါကစ္စတန်ပြည်ကိုကယ် တင်ဖို့အတွက်အရေးပေါ်အခြေအနေထုတ် ပြန်ခဲ့ရတာပါ။ ဒီကိစ္စကြောင့်ကျွန်တော် ဘယ်လောက်ဒုက္ခခံရတယ်ဆိုတာနဲ့တိုင်းပြည် ဘယ်လောက်နာကျင်ခဲ့ရတယ်ဆိုတာနဲ့ တိုင်းပြည်ဘယ်လောက်နာကျင်ခဲ့ရတယ်ဆို တာမပြောပြနိုင်အောင်ပါပဲ”” လို့မူရှာယက် (ဖ်)ကပြောခဲ့ပါတယ်။

မာရှယ်လောရုပ်သိမ်းလိုက်တဲ့အတွက် မြို့တော်အစ္စလမ်မာဘတ်မှာအပြောင်းအ လဲအနည်းငယ်တော့မြင်လာခဲ့ရပါတယ်။ ဒါပေမဲ့ရဲတပ်ဖွဲ့ဟာတရားရုံးချုပ်ရုံးတော် အပါအ၀င်အစိုးရအဆောက်အဦးတွေတည် ရှိတဲ့အခြေခံဥပဒေလမ်းမကြီးလို့ခေါ်တဲ့ လမ်းမကြီးကိုတော့ပိတ်ထားဆဲဖြစ်ပါတယ်။

မူရှာယက်ဖ်ဟာအရေးပေါ်အခြေအနေ ကြေငြာခြင်းအတွက်အစ္စလာမ်စစ်သွေးကြ တွေရဲ့ခြိမ်းခြောက်မှုနဲ့အဟန့်အတားလို တစ်ခုဖြစ်နေတဲ့တရားသူကြီးတွေကိုလက် ညှိုးထိုးခဲ့ပါတယ်။ မူရှာယက်ဖ်ဟာတရား သူကြီးချုပ်အက်ဖ်အစ်ဖ်တစ်ကာမိုဟာမတ် ချော်ဒရီကိုမတ်လကအလုပ်ဖြုတ်ဖို့ကြိုးစား ခဲ့ပြီးနောက်ရှေ့နေတွေရဲ့ဆန့်ကျင်ဆန္ဒပြ မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ဝေဖန်သူတွေ ကဆိုကြတာတော့မူရှာယက်ဖ်ဟာသူ့အာ ဏာတည်မြဲရေးအတွက်သမ္မတသက်တမ်း ဒုတိယအကြိမ်ဆက်ယူတဲ့အခါမှာအနှောင့် အယှက်လိုဖြစ်နေတဲ့ချောင်ဒရီနဲ့အခြားတရား သူကြီးတွေကိုဖယ်ရှားပစ်ခဲ့လိုမငြိမ်သက်မှု တွေပေါ်လာရတာလို့ဆိုပါတယ်။

အခုတော့မူရှာယက်ဖ်ဟာကာကွယ်ရေး ဦးစီးချုပ်ရာထူးကိုလွှဲပေးခဲ့ပြီးဖြစ်သလို၊ ဇန် န၀ါရီ၈ရက်နေ့မှာကျင်းပမယ့်ရွေးကောက် ပွဲဟာပါကစ္စတန်ပြည်သူတွေအတွက်ရော၊ ကမ္ဘာအတွက်ပါတရားမျှတပြီးပွင့်လင်းတဲ့ ရွေးကောက်ပွဲဖြစ်ရမယ်လို့ကတိပေးထား ပါတယ်။


ဘက်ခမ်းဇနီးဆံပင်ပုံ ကုမ္ပဏီဝန်ထမ်းတချို့ညှပ်
ကမ္ဘာကျော်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်း၏ဇနီး ဗစ်တိုးရီးယားဘက်ခမ်း၏ ဇနီး ဗစ်တိုးရီးယားဘက်ခမ်း၏ Short pop hair style သည် ယခုနှစ် ပွင့်လင်းရာသီသို့ ရောက်လာသောအခါ မြန်မာနိုင်ငံရှိ အမျိုးသမီးငယ်လေးများ၏ အကြိုက်ဆုံး hair style ဖြစ်လာခဲ့ပြီး ယင်းဆံပင် ပုံစံကို အတုယူ ကာပြောင်းလဲညှပ်လာ ကြကြောင်းစုံစမ်းသိရသည်။

ဗစ်တိုးရီးယားဘက်ခမ်း၏ Short pop hairstyle သည် နောက်တို၍ ဘေး နှစ်ဘက်ရှည် နေသောပုံစုံဖစ်သည်။ အသက် ၂၀ ၀န်းကျင် အမျိုးသမီးလေးများ အများဆုံးညှပ်လာကြပြီး အသက် ၃၀ အောက်ကုမ္ပဏီဝန် ထမ်း အမျိုးသမီးငယ်တချို့လည်း ပါဝင်ကြောင်းသိရသည်။



ကနေဒါနှင့် အမေရိကန်နိုင်ငံတွင် နှင်း မုန်တိုင်းကျရောက်

ကနေဒါနိုင်ငံတွင် တနင်္ဂနွေနေ့က နှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် အပျက်အစီးများ ဖြစ်ပေါ်ခဲ့
ပြီး လေကြောင်းခရီးစဉ် အများအပြား ဖျက်သိမ်းခဲ့ရသည်ဟုသိရသည်။ နှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့်
အွန်တရီယိုတောင်ပိုင်းနှင့် ကွီဘက်ပြည်နယ်များတွင် ရာသီဥတု ဆိုးရွားခဲ့ပြီး တိုရွန်တို၊ အော့တ၀ါနှင့်မွန်
ထရီယလ်မြို့တို့တွင် နှင်းထု ၁၆လက်မအမြင့်ထိကျရောက်ခဲ့သည်။ အဆိုပါနှင်းမုန်တိုင်းသည် တနင်္ဂနွေ
နေ့ နေ့လည်ပိုင်းအထိ အဆက်မပြက် တိုက်ခတ်ခဲ့ဖြင့် လေကြောင်းနှင့် ရထားပို့ဆောင်ရေးလုပ်ငန်းများ
နှောင့်နှေးခဲ့ရသည်။ တိုရွန်တိုမြို့၌ တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ယာဉ်မတော်တဆမှု၆၀၀ခန့်ဖြစ်ပွားခဲ့ပြီး
လေကြောင်းခရီးစဉ် ၁၀၀ ခန့် ဖျက်သိမ်းခဲ့ရသည်ဟု ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ ထို့
ပြင် အမေရိကန်အရှေ့မြောက်ပိုင်း Great Lakes ဒေသတွင်လည်းနှင်းမုန်တိုင်းတိုက်ခတ်မှုနှင့်ရင်ဆိုင်ခဲ့
ရသဖြင့် အမေရိကန်မိုးလေ၀သဌါနက မစ်ချီဂန်နှင့်မိန်းပြည်နယ်များတွင်မုန်တိုင်းကြိုတင်သတိပေးချက်
ထုတ်ပြန်ထားသည်။(အေအက်ဖ်ပီ)

၁၁လအတွင်း ကားစီးရေ၃သန်းကျော်ရောင်းချပြီး Volkswagen စံချိန်သစ်တင်


ကမ္ဘာကျော်ဂျာမန်ကားကုမ္ပဏီကြီး(ဗောက် စ၀က်ဂွန်လို့လည်းခေါ်တဲ့)ဖောက်စ်ဗာဂင် ။ Volkswagen ဟာဒီ၂၀၀၇ရဲ့ဒီဇင်ဘာ လမပါ ကျန်၁၁လအတွင်းကားအစင်းရေ ပေါင်း ၃.၃၇ ကိုစံချိန်တင်အရေအတွက် အဖြစ်ရောင်းချခဲ့ရတယ်လို့ကုမ္ပဏီကပြော ခဲ့ပါတယ်။

ကုမ္ပဏီအကြီးအကဲမာတင်ဗာတာကွန် က““၁၁လကြာတဲ့အခါကျွန်တော်တို့ဟာ ၂၀၀၆မှာတစ်နှစ်လုံးစာရောင်းချခဲ့ရတဲ့ ကားအရေအတွက်လောက်ကိုအကြမ်းဖျင်း အားဖြင့်ရောင်းပြီးနေပါပြီ”” လို့ပြောပါ တယ်။ VW ကားအများဆုံးရောင်းရတာ ဟာဘရာဇီးဈေးကွက်မှာဖြစ်ပြီး၄၄၈ ၀၀၀ စီးရေရောင်းခဲ့ရကာ၊ တရုတ်ဈေးကွက်က တော့ပထမဖြစ်နေပါတယ်။ ၇၂၆၀၀၀ စီး ရေလောက်ရောင်းရတာပါ။

ကုမ္ပဏီဟာကမ္ဘာတစ်ဝန်းမှာ၂၀၀၇ကုန် ရင်ကားစီးရေ၆သန်းလောက်ရောင်းရဖို့ မျှော်မှန်းထားပါတယ်။


တရားမ၀င် သတ္တုတွင်းလုပ်ငန်းကြောင့် မဟာတံတိုင်း ပျက်စီးမှုဖြစ်ပေါ်

တရုတ်နိုင်ငံမြောက်ပိုင်း မွန်ဂိုလီးယားအတွင်းရှိ မဟာတံတိုင်း၏ပင်မပုံစံရှိသော လူ လျံရှန်းအပိုင်းတွင် တရားမ၀င်သတ္တုတွင်း တူးဖော် သူများ ရှိနေသည်။ အဆိုပါ သတ္တုတွင်းတူးဖော်ခြင်းကြောင့် မဟာတံတိုင်းအလျား ၂၃ မီတာခန့် ပြိုကျပျက်စီးခဲ့ပြီး ပျက် စီးဆုံးရှုံးမှုဧရိယာမှာ ခန့်မှန်း ခြေအားဖြင့် ၁၀၀၀ စတုရန်း မီတာရှိ ကြောင်းသိရသည်။

တရားမ၀င်တူးဖော်သူလေးဦးကို ရဲဌာနမှ ဖမ်းဆီးရမိပြီး မသင်္ကာဖွယ် ရာတစ်ဦး ကိုလည်း စုံစမ်းထောက်လှမ်းလျက်ရှိသည်။ လူလျံရှန်းအပိုင်းသည် ၂၀ ကီလိုမီတာ ရှည် လျားပြီး မဟာတံတိုင်း၏ အဓိကယဉ်ကျေးမှုအမွေအနှစ်များတည်ရှိရာ အပိုင်းဖြစ် သည်။ အဆိုပါယဉ်ကျေးမှုထိန်းသိမ်းရာ နယ်မြေ မဟာတံတိုင်း အောက် တွင် သံသတ္တုသိုက်ရှိနေသည်။ တရားမ၀င်သတ္တုတူးသမားတစ်ဦး၏ ပြောကြားချက်အရ သံတစ် တန်လျှင် ယွမ် ၂၀၀ရရှိပြီး သူတို့သည် တစ်ကြိမ်လျှင် ၃ တန်မှ ၄ တန်အထိရယူနေကြောင်းပြောကြားသည်။

No comments: