Monday, December 10, 2007

ဓာတ်ပြားတွေ(Records)ကို ဘယ်လိုလုပ်ထားတာလဲ။


အများဆုံး အသံသွင်းယူတာတွေကတော့ တိတ်ခွေနဲ့ကူးယူထားကြပါတယ်။ အဲဒီ တိတ်ခွေက မူရင်း
ခွေ သို့မဟုတ် မာစတာခွေဖြစ်လာပါတယ်။ မာစတာခွေ (မာစတာဓာတ်ပြား)မှ ဖန်တီးလိုက်တဲ့ Stampers
လို့ခေါ်တဲ့ ပုံဆောင်မိုတွေ ရှိပါတယ်။ Stampers မိုထဲကို ပလတ်စတစ်ပြားထည့်ပြီး နှိပ်လိုက်ရင်ဓာတ်ပြား
ရပါတယ်။ မာစတာခွေမှာ အသံလမ်းကြောင်း နှစ်ခုရှိတယ်။ အသံထိန်း စက်က လမ်းကြောင်းအသီးသီး မှ
လာတဲ့သင်္ကေတ တွေကို ဓာတ်ပြားထဲအသံသွင်းပေးမယ့်ခေါင်းဆီကိုပို့ပေးပါတယ်။အဲဒီခေါင်းကဓာတ်ပြား
မြောင်းနံရံ တွေပေါ်သင်္ကေတ နှစ်ခု ပုံသဏ္ဌာန်ဖွဲ့စည်းပြီးမာစတာခွေမှကူးယူလိုက်ပါတယ်။မာစတာဓာတ်
ပြားကို လျှပ်စစ်ဓာတ်စီး ၀င်စေတဲ့နည်း သတ္တု အလွှာတွေကို ခွာချတဲ့နည်းနဲ့ Stamper ကိုဖန်တီးထားပါ
တယ်။

လက်ဝှေ့ထိုးတဲ့အလေ့ အထဘယ်တုန်းကတည်းက ရှိခဲ့သလဲ




အတိုက်အခိုက်ကို အားကစားတစ်ခုအဖြစ် လုပ်ဆောင်ခြင်းသည် သမိုင်းမစတင်မှီကာလရှိ အမျိုးမျိုး
သောယဉ်ကျေးမှုများမှ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထား
များအရ အီဂျစ်လူမျိုးများသည် ဘီစီ၃၀၀၀အစောပိုင်းကာလကတည်းက အားကစားအဖြစ်လုပ်ကိုင်ခဲ့ကြ
ကြောင်း ဘီစီနှစ်၃၀၀၀ကျော်ကာလဆုမာရီရန်လိုဏ်ဂူများတွင်ရုပ်ပုံများကိုတွေ့ရှိခြင်းဖြစ်သိရသည်။မြေ
ထဲပင်လယ်ဒေသတွင် အစောဆုံးလက်ဝှေ့အားကစားနည်းကို ဘီစီ၅၀၀၀အချိန်ကတွေ့ရှိခဲ့သည်။ဂရိရာ
ဇ၀င်တွင်လည်း ၉ရာစုဝန်းကျင်က အာဏာရှင်သူရဲကောင်းTheseusသည် အမျိုးသား နှစ်ဦးမျက်နှာချင်း
ဆိုင်ကာလက်သီးဖြင့် အသေထိုးသတ်နေသော လက်ဝှေ့ပုံစံမျိုးတီထွင်ခဲ့ကြောင်းသိရသည်။ ထိုအချိန်က
လက်ဝှေ့သမားများသည် ခန္တာကိုယ်တွင် အ၀တ်မပါသော်ငြားလည်း ဆူးချွန်များ ပါလက်အိတ်များကိုတံ
တောင်ဆစ်အောက်နားအထိ ၀တ်ဆင်ကာ တိုက်ခိုက်ကြသည်။ လက်ဝှေ့ကို အိုလံပစ်အားကစားအဖြစ်
ဘီစီ ၆၈၈ ကပထမဆုံးလက်ခံခဲ့သည်။ လက်ဝှေ့ထိုး သမားများသည် လက်သီးထိုးလေ့ကျင့်ရန် ချိတ်ဆွဲ
ထားသည့် အိတ်ကြီးများဖြင့် လေ့ကျင့်ကြပြီးသားရေပတ်ကြိုးပြားများကို လက်များ၊ လက်ကောက်ဝတ်
များ၊ တစ်ခါတစ်ရံရင်ဘတ်တို့ကို ထိခိုက်ဒဏ်ရာရမှုမှ ကာကွယ်ရန်အတွက် ၀တ်ဆင်ကြသည်။ ဘီစီ၁၂
ရာစု တရုတ်နိုင်ငံကျိုးမင်းဆက်ကာလ ကျောင်လီအမည်ရှိလက်ဝှေ့ပုံစံတွင်ပါဝင်သော နပန်း သတ်ပွဲပုံစံ
မျိုးရှိခဲ့သည်။ လက်ဝှေ့ပုံစံအမျိုးမျိုးကို အစောပိုင်းဗုဒ္ဓဘာသာသမိုင်းကြောင်းတွင်လည်းတွေ့ရှိရသည်။
အစောပိုင်းအထောက်အထားအဖြစ် ဗုဒ္ဓခေတ် ဂေါတမမြတ်စွာဘုရား၏ ညီတော် နန္ဒမင်းသားနှင့် ဒေဝ
ဒတ်တို့သည် လက်ဝှေ့ပြိုင်ပွဲတစ်ခုပြုလုပ်ခဲ့ကြောင်းသိရသည်။ ရှေးဟောင်း ရောမလက်ဝှေ့သမားများ
မှာမှု အများအားဖြင့်ရာဇ၀တ်သားများနှင့် ကျွန်များဖြစ်ပြီးအနိုင်ရသူက အပြစ်မှလွတ်ငြိမ်းပြီးလွတ်လပ်
ခွင့်ရကြသည်။ သာမန်လူများလည်း အချင်းချင်း ယှဉ်ပြိုင်ကစားကြကြောင်းသိရသည်။ပထမဆုံးလက်
ဝှေ့ပွဲမှာလူကြိုက်များပြီးမင်းမျိုးမင်းနွယ်၊ အထက်တန်းလွာများလည်း ကစားလာကြသော်လည်း အော်
ဂတ်စတပ်ဆီဇာက ကန့်ကွက်ခဲ့သည်။ အိုလံပစ်အားကစားပြိုင်ပွဲများကိုလည်းအေဒီ ၃၉၃ကခရစ်ယာန်
ဧကရာဇ် Theodoric ကကန့်ကွက်ခဲ့ပြီးအေဒီ၅၀၀ အချိန်က လည်း လက်ဝှေ့ ကစားနည်းကို ဧကရာဇ်
Theodoric ကကန့်ကွက်ခဲ့သည်။ ယနေ့ ခေတ်တွင်မှု လက်ဝှေ့ ကစားနည်းကို နိုင်ငံ တကာက လက်ခံ
လာကြပြီး အမျိုးသမီးအချို့ပါ ကစားလာကြသည်ဟု7Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။


အမေရိကန်၏ ကုန်သွယ်ရေးဥပဒေ မူကြမ်းများအား စိုးရိမ်မကင်းကြောင်း တရုတ်ပြောကြား


အမေရိကန်ကွန်ဂရက်လွတ်တော်မှ လောလောဆယ်အတည်မပြုရသေးသည့်ကုန်သွယ်ရေး
ဥပဒေမူကြမ်းများကြောင့် တရုတ်နှင့် အမေရိကန်အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်
ရွက်မှုကို ဆိုးဆိုးရွားရွား ထိခိုက်လာနိုင်သည်ဟု တနင်္ဂနွေနေ့က နိုင်ငံပိုင်ဆင်ဟွာသတင်းအေဂျင်စီနှင့်
ပြုလုပ်သော အင်တာဗျူးတစ်ခုတွင်တရုတ်ဘဏ္ဍာရေးဝန်ကြီး Xie Xurenကသတိပေးပြောကြားလိုက်
သည်။ တရုတ်ဘဏ္ဍာရေးဝန်ကြီးက မည်သည့် ဥပဒေမူကြမ်းဟုသတ်သတ်မှတ်မှတ်ရည်ညွှန်းပြောဆို
ခြင်းမရှိသော်လည်း တရုတ်-အမေရိကန်ကုန်သွယ်ရေးအလားအလာနှင့်ပတ်သက်သည့်ဥပဒေမူကြမ်း
၅၀ ကျော်ကို ကွန်ဂရက်လွှတ်တော်အမတ်များက အတည်ပြုရန် ၂၀၀၇စောစောပိုင်းကတည်းကအဆို
ပြုတင်ပြထားကြသည်ဟု ၀န်ကြီး၏ပြောကြားချက်ကိုဆင်ဟွာသတင်းအေဂျင်စီမှကိုးကားဖေါ်ပြသည်။
တရုတ်နိုင်ငံသည် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဟင်နရီပေါလ်ဆင်နှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်
မှု အဆင့်မြင့်ဆွေးနွေးပွဲတစ်ရပ်ကို ဒီဇင်ဘာလ ၁၂ ရက်မှ ၁၃ ရက်နေ့အထိ ပြုလုပ်မည်ဟုသိရသည်။
(
အေအက်ဖ်ပီ)


အမှတ်တရခန်းမဆောင်မှ သမ္မတဟောင်း ရှန်ကေရှိတ်၏ အမည်ဖယ်ရှား



တရုတ်တိုင်ပေအစိုးရသည် တနင်္ဂနွေနေ့က နိုင်ငံရှိ ချန်ကေရှိတ်အထိန်းအမှတ်ခမ်းမဆောင်မှ
ကွယ်လွယ်ပြီဖြစ်သော သမ္မတရှန်ကေရှိတ်၏ အမည်စာလုံးကို ဖယ်ရှားပစ်ခဲ့သည်။ အစိုးရက တချိန်က
နိုင်ငံခေါင်းဆောင်ဖြစ်ခဲ့သူ ချန်ကေရှိတ်အား အာဏာရှင်ဟု ခေါ်ဝေါ်သမုတ်သည်။ ၎င်း အထိမ်းအမှတ်
အဆောက်အဦကို လွတ်လပ်ရေးရင်ပြင် Liberty Square ဟုအမည်သစ်ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ဤ
လုပ်ရပ်ကြောင့် ထောက်ခံသူများနှင့် ကန့်ကွက်သူများအကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့သည်။ယင်း
အထိမ်းအမှတ်အဆောက်အဦကို ၁၉၈၀ ခုနှစ်တွင် ရှန်ကေရှိတ် အမှတ်တရအဖြစ် တည်ဆောက်ခဲ့ရာ
ပန်းခြံတစ်ခု၊ လေဟာပြင်ကပွဲရုံတစ်ခု နှင့် ကပွဲခန်းမတစ်ခုတို့ပါဝင်သည်။ အစိုးရသည်နိုင်ငံတကာလေ
ဆိပ်တွင် ရေးထိုးထားသော ရှန်ကေရှိတ်၏နာမည်ကိုလည်းပယ်ဖျက်လိုက်သည့်အပြင်စစ်ဘက်ဆိုင်ရာ
အဆောက်အဦများတွင် ထားရှိသော ရှန်ကေရှိတ်၏ ပုံတူရုပ်ထုများကိုလည်း ဖယ်ရှားခဲ့သည်။၎င်းအား
ဂုဏ်ပြုသတ်မှတ်ထားသော အားလပ်ရက် (၂) ရက်ကိုလည်း ပြက္ခဒိန်မှ ဖယ်ရှားလိုက်သည်။
(အေအက်ဖ်ပီ)


တောင်ကိုရီးယားမှ Hana ငွေကြေးအုပ်စု နှင့်တရုတ် Jilin ဘဏ် ပူးပေါင်းရန်ကြေညာ


တောင်ကိုရီးယားမှ Hanaငွေကြေးအုပ်စုသည်၎င်းတို့၏အာရှဈေးကွက်အတွင်းလုပ်ငန်းချဲ့ထွင်မှု
တစ်ရပ် အနေဖြင့်တရုတ် Jilin ဘဏ်နှင့်ပူးပေါင်းမည်ဖြစ်ကြောင်းဒီဇင်ဘာလ၉ရက်နေ့ကကြေညာခဲ့သည်။
တောင်ကိုရီးယား၏တတိယအကြီးဆုံး Hana ငွေကြေးအုပ်စုသည်တရုတ် Jilin ဘဏ် တွင်ရင်းနှီးမြှုပ်နှံရန်
ဒီဇင်ဘာလ၇ရက်နေ့က သဘောတူညီမှုရခဲ့ခြင်းဖြစ်သည်။ Hana သည် တရုတ်ပြည်အနောက်မြောက်ပိုင်း
ပြည်နယ်များတွင် ငွေချေးလုပ်ငန်းများလုပ်ကိုင်ခွင့်ရရန်တောင်းဆိုခဲ့ပြီး နောင်တွင် တရုတ်ပြည် အနောက်
မြောက်ပိုင်း နှင့်နီးစပ်သည့်မြောက်ကိုရီးယား နိုင်ငံတွင်းတွင်လည်း လုပ်ငန်း
များ ချဲ့ထွင်လုပ်ကိုင်သွားရန်
မဟာဗျုဟာစီမံကိန်းဖြင့် ပူးပေါင်းခဲ့ခြင်းဖြစ်သည်။Jilinဘဏ်သည်တရုတ်ပြည်တစ်ခုလုံးတွင်ဘဏ်ခွဲပေါင်း
၂၁၀ရှိပြီး၊ဘဏ်သုံးခုတို့၏ပူပေါင်းမတည်ငွေအမေရိကန်ဒေါ်လာ၄၃.၄သန်းဖြင့်လုပ်ငန်းလည်ပတ်လျှက်ရှိ
သည်။Hanaသည်၂၀၁၅ခုနှစ်တွင်၊အရှေ့အာရှငွေကြေးလုပ်ငန်းခေါင်းဆောင်ဖြစ်လာစေရန်ရည်ရွယ်ချက်
ဖြင့်၊ဗီယက်နမ်၊အင်ဒိုနီးရှား၊ အိန္ဒိယတို့နှင့်လည်းလုပ်ငန်းများချိတ်ဆက်လုပ်ကိုင်သွားရန်ရည်ရွယ်သည်။
(အေအက်ဖ်ပီ)


စွမ်းအင်အတွက်လား လက်နက်လား

နျူကလီးယားအစီအစဉ်သည် စွမ်းအင်ထုတ်လုပ်ရန်သာဖြစ် လက်နက်ထုတ်လုပ်ရန်မဟုတ်ဟု အီရန်ငြင်းဆို


ယခုရက်ပိုင်းအတွင်း ဘုရှ်အစိုးရ၏ထုတ်ဖော်ပြောဆိုမှုများကို အားဖြည့်သည့်အနေဖြင့် ဂျာမနီအဓိပတိအိန်ဂျယ်လာမာကယ် နှင့်ပြင်သစ်သမ္မတ ဆာကိုဇီတို့ကလည်းအီရန်နှင့်နျူကလီးယား အစီအစဉ်သည် အန္တရာယ်ရှိဆဲဖြစ်ကြောင်း၊ အီရန်အပေါ်နိုင်ငံတကာ၏ဖိအားပေးနေမှုကိုဆက်လက် လုပ်ဆောင်ရန်လိုကြောင်းကြာသပတေးနေ့က တိုက်တွန်းပြောကြားလိုက်သည်။

ဂျာမနီအဓိပတိမာကယ်က အီရန် အပေါ် ကုလသမဂ္ဂ၏ပိတ်ဆို့အရေးယူမှုအသစ်များကို ထောက်ခံကြောင်းအသေးစိတ်မပြောခဲ့သော်လည်း “ကျွန်မတို့နဲ့ ကျွန်မတို့ရဲ့လက်တွဲဘက်နိုင်ငံတွေက ကုလသမဂ္ဂ၏အစီအစဉ်ကို ဆက်လက်ထောက်ခံသွားမှာပါ ဟုဆိုခဲ့သည်။ ပြင်သစ်သမ္မတ ဆာကိုဇီကလည်း အမေရိကန်ထောက်လှမ်းရေး၏ ယခုအပတ်အတွင်းအစီရင်ခံစာအရ အီရန်သည်နျူကလီးယားလက်နက် ထုတ်လုပ်ရေးကို ၂၀၀၃ ခုနှစ်ကတည်းက ရပ်တန့်ထားခဲ့သော်လည်းအမေရိကန်ဦးဆောင်သည့် ပိတ်ဆို့အရေးယူမှုများကို ဆက်လက်ထောက်ခံသွားမည်ဟုဆိုခဲ့သည်။ မာကယ်က ဆာကိုဇီနှင့်ပူးတွဲ၍ ကျင်းပသောပါရီသတင်းစာရှင်းလင်းပွဲတွင် “ကျွန်မတို့ဟာဒီဖြစ်စဉ်ထဲမှာရှိနေပြီး၊ အီရန်ကလည်း ဆက်လက် ခြိမ်းခြောက် နေပါတယ် ဟု ပြောခဲ့ပြီး၊ ဆာကိုဇီကလည်း “ဒီခြိမ်းခြောက်မှုဟာတကယ်ရှိနေပါတယ် ဟုပြောခဲ့သည်။

အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ၊ ရှရှားနှင့်တရုတ်တို့သည် အီရန်ကိုလုံခြုံရေးကောင်စီက တတိယအကြိမ်အရေးယူ ပိတ်ဆို့ရေးနှင့်ပတ်သက်၍ ဆွေးနွေးလျက်ရှိသည်။ အီရန်ကမူအစဉ်တစိုက်ပင်၎င်း၏ နျူကလီးယားအစီအစဉ်သည် စွမ်းအင် ထုတ်ရန်သာဖြစ်ပြီး လက်နက်ထုတ်ရန်မ ဟုတ်ကြောင်း အမြဲငြင်းဆန်ခဲ့သည်။

No comments: