ဗီယက်နမ်စစ်ကြီး ပြီးဆုံးခဲ့သည်မှာ ၂ဝဝ၇ ခုနှစ် တွင် ၃၂နှစ်ပြည့်ခဲ့ပြီဖြစ်ပါသည်။ ဗီယက်နမ်စစ်ကြီး ပြီးဆုံးပြီး အနှစ်၂ဝကျော်ကာလအတွင်းတွင် ဗီယက် နမ်နိုင်ငံသည် ပြည်တွင်းရေးရာတွင်သာမက ပြည်ပ ရေးရာတွင်ပါ အလွန်ခက်ခဲကြမ်းတမ်းသော အခြေ အနေများ၊ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းခဲ့ရသည်။ ဗီယက်နမ်နိုင်ငံ၏စီးပွားရေးသည် သမားရိုးကျစိုက်ပျိုး ရေးအခြေခံခြင်း၊ ဗဟိုစီမံကိန်းချ စီးပွားရေးစနစ်ကို ကျင့်သုံးခြင်း၊ စုပေါင်းပိုင်ဆိုင်မှုများထားရှိခြင်း၊ ဗဟို ထိန်းချုပ်မှုလွန်ကဲခြင်း၊ အသေးစားစက်မှုလုပ်ငန်းကို စူးစိုက်လုပ်ကိုင်ခြင်း၊ သွင်းကုန်အစားထိုး မူဝါဒများ၊ စီးပွားရေးစီမံခန့်ခွဲမှုညံ့ဖျင်းမှုတို့ကြောင့် စီးပွားရေး တုံ့ဆိုင်းမှုများဖြစ်ပေါ်ကာ အခြေခံစားကုန်မလုံ လောက်မှု၊ ဘတ်ဂျက်လိုငွေပြမှု၊ ငွေဖောင်းပွမှုနှုန်း၊ ကုန်သွယ်ရေးလိုငွေပြခြင်း၊ လူနေမှုအဆင့်အတန်း နိမ့်ကျလာခြင်း စသည့်ဆိုးဝါးသောအခြေအနေများ တွေ့ကြုံခဲ့ရသော်လည်း ပြန်လည်မွမ်းမံဆန်းသစ်စေ ခြင်း(Renovation)လို့အဓိပ္ပာယ်ရသော ဒွိုင်မွိုင်အစီ အစဉ်(Doi Moi Program)အောင်မြင်လာပြီးသည့် နောက် ဗီယက်နမ်နိုင်ငံသည် ၁၉၉ဝပြည့်နှစ်များ အစ ပိုင်းမှစတင်၍ အလွန်မြင့်မားသော ဂျီဒီပီတိုးတက်မှု တည်ငြိမ်လာအောင်လည်း ဆောင်ရွက်နိုင်ခဲ့ပါသည်။
အကြောင်းမှာ ဗီယက်နမ်စီးပွားရေးတိုးတက်မှု ပေါ်လစီမှာ ပြင်ပအင်အားစုနှစ်ခုကို ထည့်သွင်းစဉ်း စားခဲ့သည်။ ပထမတစ်ခုမှာ အရှေ့အာရှဒေသအတွင်း အပြည်ပြည်ဆိုင်ရာ အလုပ်ခွဲခြားခြင်းအရ စွမ်းဆောင် နိုင်ခဲ့ပြီး မက်ခရိုစီးပွားရေး(Macro Economy) တစ်ခု လုံးလုပ်ကိုင်ခြင်းနှင့်ချိတ်ဆက်ထားသော စက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာဖြစ်ပါသည်။ အခြားတစ်ခု မှာမူ မဟာအင်ဒိုချိုင်းနားစီးပွားရေးဒေသ(Greater Indochina Economic Region)တွင် ရောင်းဝယ်ဖြန့် ချိရန် စားသုံးကုန်စည်များနှင့်အပေါ့စားစက်မှုလုပ်ငန်း များ(Consumer goods and light industry)ကို ထုတ်လုပ်ခြင်းဖြစ်သည်။ ဝိသေသအားဖြင့် ဗီယက်နမ် ကွန်မြူနစ်ပါတီက နိုင်ငံပိုင်လုပ်ငန်းများ(State-Owned Enterprises or SOEs)ကို ပြုပြင်ပြောင်းလဲ ရေးနှင့် ပြန်လည်ဖွဲ့စည်းရေးမှ တစ်ဆင့်ထိန်းချုပ်မှု လျှော့ချဖို့လိုအပ်ကြောင်း နိုင်ငံခြားအရင်းအနှီး၏ အကူအညီနှင့် ပုဂ္ဂလိကကဏ္ဍတိုးတက်လာစေရန်နှင့် ပို့ကုန်ဦးတည်သော စက်မှုထူထောင်ရေး(Export-Oriented Industrialization)လိုအပ်ကြောင်းတို့ကို ရှင်းရှင်းလင်းလင်း အသိအမှတ်ပြုခဲ့ပါသည်။
၁၉၉၂ခုနှစ်ကစပြီး နှစ်စဉ် ၈ရာခိုင်နှုန်းနှင့် အထက်ဖြစ်သော မြင့်မားသည့်စီးပွားရေးတိုးတက် နှုန်းနှင့်တိုးတက်လျက်ရှိသောဗီယက်နမ်နိုင်ငံ၏တည်ငြိမ် သောလူမှုအဆောက်အအုံ(Stable Social Structure) လည်းရှိခဲ့သည်။ လက်ရှိတည်ငြိမ်မှု၏ အရေးပါသော အစိတ်အပိုင်းများထဲတွင်(၁)စိုက်ပျိုးရေး လူ့အဖွဲ့ အစည်းတည်ငြိမ်မှု၊ (၂)မက်ခရိုစီးပွားရေးတည်ငြိမ်မှု၊ (၃)နိုင်ငံရေးတည်ငြိမ်မှုတို့ ပါဝင်ခဲ့သည်။
၁၉၉၃ခုနှစ်တွင် ငွေဖောင်းပွမှုကျဆင်းလာ သည်နှင့်အမျှ ဗီယက်နမ်နိုင်ငံ၏ မက်ခရိုစီးပွားရေး တည်ငြိမ်မှု(Macroeconomic Stability)ကို တစ်စိတ် တစ်ဒေသ ဆောင်ကြဉ်းနိုင်ခဲ့သည်။ သို့သော်လည်း ၁၉၉၄ခုနှစ်တွင် ငွေကြေးဖောင်းပွမှုသည် ၁၄ဒသမ ၄၂ ရာခိုင်နှုန်းသို့တက်လာပြီး စီးပွားရေးမတည်မငြိမ် ဖြစ်လာသည်။ ထို့အပြင် နိုင်ငံပိုင်လုပ်ငန်းများကိုပြုပြင် ပြောင်းလဲရေးနှင့် ပြန်လည်ဖွဲ့စည်းဖြစ်ထွန်းစေရေး (Reform and Restructure)ဆောင်ရွက်မှုကလည်း စွမ်းရည်မရှိခဲ့ပါ။
လက်တွေ့မှာ အရင်းအနှီးဖိတ်ခေါ်သွတ်သွင်းပြီး ပို့ကုန်လုပ်ငန်းစုတိုးတက်လာအောင် ထူထောင်ခဲ့သည် မှာ ဗီယက်နမ်တောင်ပိုင်း၊ အလယ်ပိုင်းနှင့် မြောက် ပိုင်းဒေသတွင်ရှိသော ပို့ကုန်စိစစ်ရွေးထုတ်ရေးဇုန်များ (Export-Processing Zones)ကို ဗဟိုပြုပြီးလုပ်ကိုင် ကာ နိုင်ငံ၏ပြိုင်ဆိုင်မှု ကြံ့ကြံ့ခံရင်ဆိုင်နိုင်အောင် နိုင်ငံပိုင်လုပ်ငန်းများ၏ပြုပြင်ပြောင်းလဲမှုမှာထိန်းချုပ် မှုလျှော့ချခြင်း(Deregulation) မှ တစ်ဆင့် စီးပွားရေး လွတ်လပ်ခွင့်မူဝါဒ(Economic Liberalization Policy)အား ပိုမိုအားပေးလာသည်ကို တွေ့ရှိရ ပါသည်။
ဗီယက်နမ်နိုင်ငံ၏ ၁၉၈၆ခုနှစ်မှ ၂ဝဝ၇ခုနှစ် အတွင်း ထင်ရှားသောအသွင်ပြောင်းလဲမှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည် ။
၁၉၈၆ခုနှစ်-ဒွိုင်မွိုင်(Doi Moi)လွတ်လပ်သော ပေါ် လစီများကိုစတင်ပြဋ္ဌာန်းအကောင်အထည်ဖော်ခဲ့သည်။
၁၉၈၇ခုနှစ်-ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကိုကဏ္ဍ အသီးသီးတွင် စတင်အကောင်အထည်ဖော်ခဲ့သည်။
၁၉၈၈ခုနှစ်-လယ်သမားများကို လွတ်လပ်စွာလုပ်ကိုင် စေခြင်း၊ ၎င်းတို့ထုတ်လုပ်သောကုန်များကို ဈေးကွက် ဈေးနှုန်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ လွတ် လပ်သောပေါ်လစီထုတ်ပြန်ကြေညာခဲ့ပြီး ပုဂ္ဂလိက လုပ်ငန်းများကိုအားပေးခဲ့သည်။ ကုန်ပစ္စည်းများကို လွတ်လပ်စွာရောင်းချစေခဲ့ခြင်း၊ ပို့ကုန်တင်ပို့သူများ၏ နိုင်ငံခြားငွေထိန်းချုပ်မှုကိုတန်ဖိုးလျှော့ချခြင်း၊ မြေယာ အသုံးချမှုအခွင့်အရေးကို ၁ဝနှစ်မှ နှစ်၅ဝအထိ ခွင့်ပြု လာခဲ့သည်။
၁၉၈၉ခုနှစ်- စိုက်ပျိုးရေးထုတ်ကုန်များ၏ ထောက်ပံ့ ကြေးနှင့်ဈေးနှုန်းထိန်းချုပ်ခြင်းများကို ပယ်ဖျက်ခြင်း၊ ထိုအချိန်တွင် ဗီယက်နမ်နိုင်ငံသည် ဆန်တန်ချိန် ၁ဒသမ၄သန်း(စပါးတန်ချိန်၂ဒသမ၁သန်း)ကို တင်ပို့ ရောင်းချနေပြီး ဘဏ်လုပ်ငန်းတွင်လည်း ပုဂ္ဂလိကနှင့် ဖက်စပ်စီးပွားရေးဘဏ်များကို ဝင်ရောက်လုပ်ကိုင် လာစေခဲ့ပြီး(Multitier Banking)သို့ကူးပြောင်းခဲ့သည်။
၁၉၉ဝပြည့်နှစ်-ဆင်းရဲမွဲတေမှု လျော့ကျရေးအတွက် မြေယာပိုင်ဆိုင်မှုဥပဒေကိုပြုပြင်ခဲ့သည်။ အိမ်နီးချင်း နိုင်ငံများနှင့်ဆက်ဆံရေးကိုပြေလည်အောင် ဆောင် ရွက်ခဲ့သည်။ တရုတ်နှင့်ဗီယက်နမ်နိုင်ငံနယ်စပ်ဒေသ ပူးပေါင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည်။
၁၉၉၁ခုနှစ်-ပုဂ္ဂလိကကုမ္ပဏီများကို အပြည်ပြည်ဆိုင် ရာ ကုန်သွယ်မှုတွင် တိုက်ရိုက်ပါဝင်ခွင့်ပြုခဲ့သည်။
၁၉၉၂ခုနှစ်-ပြည်သူပိုင်လုပ်ငန်းများ(SOEs)ကို ပုဂ္ဂလိကပိုင်အဖြစ်အသွင်ကူးပြောင်းခြင်းပြုလုပ်ခဲ့သည်။ မြေယာအသုံးချခွင့် နှစ်ရှည်(၂ဝနှစ်မှ ၅ဝနှစ်)အထိ ခွင့်ပြုပြီး ရောင်းဝယ်၊ ငှားရမ်း၊ ဖလှယ်ပိုင်ခွင့်လည်း ပြုခဲ့သည်။ ထို့ကြောင့် မြေယာအသုံးချမှုတွင် ဖြန့်ဖြူးမှု အရှိန်အဟုန်ရရှိလာစေခဲ့သည်။ စိုက်ပျိုးမြေမှ စိုက်ပျိုး ရေးမဟုတ်သော မြေအသုံးချမှုကို ကန့်သတ်ချုပ်ချယ် ခဲ့သည်။ ထိုအချိန်တွင် ဗီယက်နမ်သည် စပါးသန်း ပေါင်း ၂၁ဒသမ၉သန်း ထုတ်လုပ်လျက်ရှိသည်။
၁၉၉၃ခုနှစ်-မြေယာဥပဒေသစ်(New Land Law) ကို ပြဋ္ဌာန်းခဲ့သည်။
၁၉၉၅ခုနှစ်-အာဆီယံအသင်းဝင်နိုင်ငံဖြစ်လာပြီး လွတ်လပ်သောကုန်သွယ်မှုဧရိယာ(AFTA)တွင် ပါဝင် လာခဲ့သည်။ (Member of ASEAN)
၁၉၉၆ခုနှစ်-အစိုးရသည် ဆန်တင်ပို့မှုအပေါ်တွင် ကိုတာသတ်မှတ်မှုကို ဖြေလျော့ခဲ့ပြီး အပြည်ပြည်ဆိုင် ရာ ဝယ်လိုအားကိုတုံ့ပြန်မှုပေးခဲ့သည်။ အကောက်ခွန် နှုန်းကိုအမြင့်ဆုံးသတ်မှတ်ထားရာမှ ၈ဝရာခိုင်နှုန်းသို့ လျှော့ချခဲ့သည်။
၁၉၉၈ခုနှစ်- ဗီယက်နမ်ကွန်မြူနစ်ပါတီသည် ကျေး လက်နှင့်စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေ သည့် ဈေးကွက်စီးပွားရေးစနစ်ကိုရှေးရှုသည့်ပေါ်လစီ များကိုချမှတ်ခဲ့သည်။ အာရှနှင့် ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း(APEC)သို့ ဆက် သွယ်ဝင်ရောက်ခဲ့သည်။ စိုက်ပျိုးမြေ၏ ၈၆ရာခိုင်နှုန်း ကိုဖြန့်ဖြူးခွဲဝေပြီးဖြစ်သည်။
၁၉၉၉ခုနှစ်- စပါးထုတ်လုပ်မှုတန်သန်းပေါင်း ၃၁ ဒသမ၄သန်းရှိလာပြီး ဆန်တင်ပို့မှုမှာ တန်သန်းပေါင်း ၄ဒသမ၅သန်း(စပါးတန်သန်းပေါင်း ၆ဒသမ ၇သန်း) ရှိလာခဲ့သည်။
၂ဝဝဝပြည့်နှစ်-အမေရိကန်နှင့် ဗီယက်နမ်တို့ ကုန် သွယ်ရေးစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ပြီးအမေရိကန်က ဗီယက်နမ်ပို့ကုန်များအတွက် အခွင့်ထူးခံနိုင်ငံများ စာရင်းဝင် Most Favoured Nations (MFN) Access ပေးခဲ့သည်။
၂ဝဝ၁ခုနှစ်- ဆန်တင်ပို့မှုအတွက် ကိုတာ၊ ဓာတ်မြေ ဩဇာတင်သွင်းမှုအတွက် အကန့်အသတ်များကို ဖယ် ရှားခဲ့သည်။ ပုဂ္ဂလိကကဏ္ဍ၏ ဆန်တင်ပို့မှုကိုချဲ့ထွင် ခဲ့သည်။
၂ဝဝ၂ခုနှစ် - GDP တိုးတက်မှုနှုန်း(Growth Rate) မြင့်မားမှုကိုထိန်းသိမ်းရန်အတွက် သုတေသနနှင့်ဖွံဖြိုး မှု၊ ပညာရေးဆိုင်ရာအခွင့်အလမ်းများ ပြည်တွင်း ပြည်ပတွင်ရရှိစေရန်မြှင့်တင်ခြင်း၊လူသားအရင်းအမြစ် ဖွံဖြိုးတိုးတက်မှုလုပ်ငန်းများ တိုးမြှင့်ခြင်း၊ နိုင်ငံ၏ တည်ငြိမ်လုံခြုံမှုကြောင့်ခရီးသွားလုပ်ငန်းများကိုမြှင့်တင် ခြင်း၊ဝန်ဆောင်မှုကဏ္ဍ(Service Sector)ကိုတိုးမြှင့် ခြင်း၊ အမျိုးသားစက်မှုကဏ္ဍနှင့် စီးပွားရေးအဆောက် အအုံတစ်ခုလုံးအတွင်းပြိုင်ဆိုင်မှု(competitive-ness)မြှင့်တင်ခြင်း၊ ဗီယက်နမ်နှင့် အမေရိကန် နှစ်ဦး သဘောတူ ကုန်သွယ်မှုစာချုပ် အကောင်အထည်ဖော် စတင်ခြင်း၊ထပ်ဆင့်တိုးအခွန်နှင့်ပတ်သက်သည့်ဥပဒေ (Value-added Tax Law) ပြဋ္ဌာန်းခြင်း၊ အလုပ် သမားဥပဒေ(Labour Law) ပြဋ္ဌာန်းခြင်း၊ ငွေလဲလှယ် နှုန်းနှင့်ငွေကြေးဆိုင်ရာပေါ်လစီ(Exchange and Monetary Policies)များကို ကိုက်ညီစွာအကောင် အထည်ဖော်ခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့သည်။
၂ဝဝ၃ခုနှစ်-စီမံအုပ်ချုပ်မှုဆိုင်ရာ၊အဖွဲ့အစည်းဆိုင်ရာ တည်ဆောက်မှု၊ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့်လုပ်ငန်း လည်ပတ်မှုယန္တရားများ ချောမွေ့မြန်ဆန်ရေး၊ ဆင်းရဲ မွဲတေမှုပပျောက်ရေးကြိုးပမ်းမှုများ၊ မွေးနှုန်းထိန်း သိမ်းခြင်း၊ ဝန်ထမ်းလစာနှင့်ပံ့ပိုးမှုစနစ်၊ ပြည်သူ့အသုံး စရိတ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် ပြုပြင် ပြောင်းလဲမှုများပြုလုပ်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေပြန်လည်သုံးသပ်ခြင်း။
၂ဝဝ၄ခုနှစ်- စီးပွားရေးဆိုင်ရာ ဥပဒေအဆောက်အအုံ (Strengthening Economic Legal Infrastructure) ကို အားပေးခြင်း၊ ဆင်းရဲမွဲတေမှုလျှော့ချရန် ငွေ ဖောင်းပွမှုနှုန်း နိမ့်ကျအောင် ဆောင်ရွက်ခြင်း၊ ခိုင်မာ သော မက်ခရိုစီးပွားရေးမူဝါဒများကို စီးပွားရေးပြုပြင် ပြောင်းလဲမှုများအဖြစ် အရှိန်အဟုန်ဖြင့်ဆောင်ရွက် ခြင်း၊ နိုင်ငံပိုင်ကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးမှု၊ အပြည် ပြည်ဆိုင်ရာ ပူးပေါင်းမှုနှင့်အတူ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးကောင်းမွန်စေခြင်း။
၂ဝဝ၅ခုနှစ်- ပို့ကုန်သွင်းကုန်လုပ်ငန်းများအတွက် စီးပွားရေးနှင့်သက်ဆိုင်သောသတင်းအချက်အလက် များကို အခမဲ့ထောက်ပံ့ပေးခြင်း။ (More relevant information on sponsored listings for Import - Export Business (Free business support)၊ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ၈ရာခိုင်နှုန်း ရှိ လာခဲ့ပြီး အရည်အသွေးရှိသော တိုးတက်မှုဖြစ်ပေါ် စေရန် ကြိုးပမ်းခြင်းတို့ကိုလုပ်ဆောင်ခဲ့သည်။ အရင်း အနှီးမြှင့်တင်ခြင်းကိုမူအပြည့်အဝ မဆောင်ရွက်နိုင် သေးပါဟုဆိုသည်။ GDPတိုးတက်လာသည်နှင့်အမျှ အခြေခံအဆောက်အအုံဆိုင်ရာသုံးစွဲမှုများတိုးချဲ့ခြင်း (stepping up infrastructure spending) ပြုလုပ်ခဲ့ သည်။အစိုးရ၏ဘဏ္ဍာရေးအင်အား(government’s financial strength)မှာ အကန့်အသတ်နှင့် ရှိနေပြီး ပြန်ပေးရမည့် ချေးငွေအပေါ်တည်မှီနေသည်။ သွင်း ကုန်ခွန်အသစ်ကိုပြဋ္ဌာန်းကာ ဗီယက်နမ်နိုင်ငံ၏ အိမ်ရာဥပဒေ(Housing Law)ကို ပါလီမန်အတွင်း ဆွေးနွေးရန်အတွက် စာကြမ်းတင်သွင်းခဲ့ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
၂ဝဝ၆ခုနှစ်- ပြည်သူ့ဘဏ္ဍာရေးစနစ်(a modern public financial system)ကို ဖွံ့ဖြိုးအောင်ပြုလုပ် ခြင်း၊ စီးပွားရေးနှင့်ပတ်သက်သောကိန်းဂဏန်းများကို အရည်အသွေးပြည့်မှီ၍ ယုံကြည်အားထားနိုင်ရန် တိုးတက်ကောင်းမွန်စေခြင်း(improve the quality of statistical economic data)၊ ဝေးလံခေါင်သီသော တောင်တန်းဒေသမှအလွန်ဆင်းရဲသော လူ့အဖွဲ့ အစည်းများကို လူမှုစီးပွားရေးဖွံ့ဖြိုးမှုတိုးတက်စေ ခြင်းဖြင့် ဆင်းရဲမွဲတေမှု လျော့ကျစေနိုင်ခဲ့သော်လည်း စိန်ခေါ်မှုများမှာ ကျန်ရှိနေဆဲပင်ဖြစ်သည်။ ၂ဝဝ၆ ခုနှစ်၊ နိုဝင်ဘာလ၁၁ရက်နေ့တွင် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့(WTO)၏အဖွဲ့ဝင်ဖြစ်လာခဲ့သည်။အရည်အသွေး မြင့်မားသော GDP တိုးတက်မှုရရှိစေရန် ပြည်သူ့ထံမှ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်စေရန်ကြိုးပမ်းခြင်း(Raising capital investment from the public to achieve high-quality GDP growth)။
၂ဝဝ၇ခုနှစ်-ဗီယက်နမ်နိုင်ငံသည် ဖွံ့ဖြိုးမှုနောက် ကျခဲ့ရသည့်အဆင့်(Under developed status)မှ ပြုပြင်ပြောင်းလဲခြင်းများစွာဖြင့် ရှေ့သို့ချီတက်လျက် ရှိသည်။ ၂ဝဝ၇ခုနှစ်ထဲတွင် သဘာဝပတ်ဝန်းကျင် ကာကွယ်ခြင်း(Environmental Protection)၊ လူမှု ရေးကိစ္စရပ်များ(Social Issues)ဆောင်ရွက်ခြင်း တို့ကိုဆောင်ရွက်လျက်ရှိသည်။ ဒေသရေးရာနှင့် ဗီယက်နမ်နိုင်ငံအားခေတ်မီစေရေး(Industrialization and Modernization of Vietnam)အမည်ဖြင့် ဗီယက်နမ်စီးပွားရေးဖိုရမ်ကိုကျင်းပကာ ဗီယက်နမ် အစိုးရနှင့်လူထုသည် စီးပွားရေးတိုးတက်မှုအတွက် ဆန်းသစ်သည့်နည်းလမ်း(Path of renewal)ကိုရှာကြံ ခဲ့သည်။ ယခုအချိန်တွင် ဗီယက်နမ်အရာရှိများ၊ စီးပွားရေးလုပ်ငန်းများနှင့် မီဒီယာအုပ်စုများသည် ဗီယက်နမ်၏ စီးပွားရေးဖွံ့ဖြိုးမှုကိုသာမက အာရှဖွံ့ဖြိုး မှုအတွက်ပါ ကျယ်ပြန့်သောအမြင်နှင့်လုပ်ဆောင်ရ မည်ဖြစ်ကြောင်း စီးပွားရေးဖိုရမ်တွင်ပြောကြားခဲ့သည်။ ထိုသို့ပူးပေါင်းဆောင်ရွက်မှုများသည် ကမ္ဘာ့စီးပွားရေး အဆောက်အအုံဖွံ့ဖြိုးမှု၌လည်း ပါဝင်သွားမည်ဖြစ်ပြီး ကမ္ဘာ့အနှံအပြားတွင် ငြိမ်းချမ်းရေး (Peace)၊သာယာ ဝပြောမှု(Prosperity)နှင့် တည်ငြိမ်မှု(Stability)တို့ကို ပါ ဖြစ်ပေါ်စေခဲ့သည်။ ဗီယက်နမ်အစိုးရနှင့်ပြည်သူ တို့သည် ပြည်တွင်းနှင့် နိုင်ငံခြားသားရင်းနှီးမြုပ်နှံသူ များကိုသေချာမှုရရှိစေရန်အတွက် ထိုကဲ့သို့ ပေါ်လစီ အသစ်များပြုပြင်ပြောင်းလဲရခြင်းဖြစ်ကြောင်း တင်ပြ ခဲ့သည်။ ထိုအရေးပါသောဖိုရမ်တွင် ပူးပေါင်းဆောင် ရွက်မှုများ(Integration)?စက်မှုတိုးတက်ရေး(Indu-strialization)နှင့်ခေတ်မီတိုးတက်ရေး(Modernization) ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခွင့် ကြုံခဲ့သည်။
စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီး Mr. Voõ Hoàng Phuc ကလည်း ၎င်း၏မိန့်ခွန်းတွင် ဗီယက်နမ် အပြည်ပြည်ဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု များတွင်အောင်မြင်မှုအမျိုးမျိုးကြုံတွေ့ရသည်။ နိုင်ငံ ပေါင်း၂၁နိုင်ငံမှနိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စုစု ပေါင်း၂ဝဒေါ်လာဘီလျံရရှိခဲ့ပြီး ၂ဝဝ၆ခုနှစ်တွင် ၁ဝ ဒသမ၂ဒေါ်လာဘီလျံ ဆွဲဆောင်နိုင်ခဲ့သည်။ ရင်းနှီး မြှုပ်နှံမှုအများဆုံးပြုလုပ်သော ၁ဝနိုင်ငံ(Top ten investors in Vietnam) မှာ Taiwan , Singapore , Japan , S. Korea , Hong Kong, British Virgin Islands , France , Netherlands , Malaysia နှင့် Thailand တို့ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သောပြည်နယ်များမှာ Hochiminh City , Hanoi , Dong Nai , Binh Duong, Ba Ria – Vung Tau,Hai Phong,Vinh Phuc, Long An, Hai Duong နှင့် Thanh Hoa တို့ဖြစ်သည်။
ဗီယက်နမ်နိုင်ငံမှာအပြည်ပြည်ဆိုင်ရာ အလှူရှင် များမှ ထောက်ပံ့ငွေများရရှိခြင်း၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်းများဖြစ်သည့် World Bank (WB) , the International Monetary Fund (IMF), the Asia Development Bank(ADB) တို့မှ ချေးငွေ များရရှိခြင်း၊ ၁၉၉၃ခုနှစ်မှ ၂ဝဝ၅ခုနှစ်အထိ ဗီယက် နမ်နိုင်ငံအား Oversea Development Aid (ODA) အဖြစ် အမေရိကန်ဒေါ်လာ ၃၂ဒသမ၅သန်း ရရှိ ခဲ့သည်။
နိုင်ငံပေါင်း၂ဝဝကျော်နှင့် စီးပွားရေးဆက်သွယ်မှု ရှိခဲ့၍ ဗီယက်နမ်ပို့ကုန်တိုးတက်မှုနှုန်းမှာ ၂ဝရာခိုင် နှုန်းရှိခဲ့ပြီး မနှစ်က ပို့ကုန်တန်ဖိုးစုစုပေါင်းမှာ အမေရိ ကန်ဒေါ်လာ ၄ဝဘီလျံဖြစ်ခဲ့သည်။ ထိုအောင်မြင်မှု များက ခိုင်မာသောအုတ်မြစ်နှင့်အခွင့်အလမ်းများကို ဖန်တီးကာ ကမ္ဘာ့စီးပွားရေးနှင့် ပိုမိုနက်နဲကျယ်ပြန့်စွာ ပူးပေါင်းပါဝင်ရန်ဖြစ်သည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်စပါးနှင့်သက်ဆိုင်သည့် ပေါ်လစီ၏အဓိကသွင်ပြင်လက္ခဏာများမှာပြည်သူပိုင် လုပ်ငန်းများ၏အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုတွင်၁၉၉ဝ ပြည့်နှစ်နောက်ပိုင်းနှစ်များအထိသာ ကန့်သတ်မှုများ ရှိခဲ့သည်။ စုစုပေါင်းတင်ပို့မှုအတွက် ပြဋ္ဌာန်းထားပြီး ပြည်တွင်းဆန်ဝယ်ယူမှု(Domestic Procurement) အပေါ်တွင် ကိုယ်တာသတ်မှတ်ခြင်းမရှိပေ။ ၁၉၈၆ ခုနှစ်ကတည်းကပြည်သူပိုင်လုပ်ငန်းများရော ပုဂ္ဂလိက လုပ်ငန်းများပါ ပြည်တွင်းကုန်သွယ်မှုတွင် လွတ်လပ်စွာ ခွင့်ပြုထားသည်။ ထို့ကြောင့် ပြည်သူပိုင်လုပ်ငန်းတစ်ခု တည်းကသာ လုပ်ပိုင်ခွင့်ရှိသည်မဟုတ်ဘဲ ပုဂ္ဂလိက ကဏ္ဍကိုလည်း ဦးစားပေးလာခြင်းဖြင့် လုပ်ငန်းများ အကြား ပြိုင်ဆိုင်မှုကိုတိုးတက်စေခဲ့သည်။
အချုပ်အားဖြင့် ဗီယက်နမ်၏စီးပွားရေးအသွင် ပြောင်းမှုဖြစ်စဉ်များတွင် မြေယာအသုံးပြုမှုကို မှန်မှန် နှင့်မြန်မြန်လွှဲပြောင်းမှုများပြုလုပ်ခြင်း၊ အစိုးရ၏ စီးပွားရေးလုပ်ဆောင်ချက်များကို ဈေးကွက်ပေါက် ဈေးများဖြင့် လယ်သမားများ ပုဂ္ဂလိကကဏ္ဍတို့အား ပြုလုပ်စေခဲ့ခြင်းပင်ဖြစ်သည်။ ထို့အပြင် သော့ချက်ကျ သော ပြည်သူ့ကုန်စည် (Public Goods)များဖြစ်သည့် သုတေသနနှင့်ဖွံ့ဖြိုးမှု(Research & Development)၊ လယ်ယာမြေချဲ့ထွင်ခြင်း၊ဆည်မြောင်းလုပ်ငန်းနှင့်အခြား တည်ငြိမ်စေသည့်လုပ်ဆောင်ချက်များတို့ကို အဓိက ဦးစားပေးလုပ်ကိုင်လာခဲ့သည်။ ဈေးကွက်ပြောင်းလဲမှု အခြေအနေအရ နိုင်ငံခြားငွေလဲလှယ်နှုန်းကို အဆက် မပြတ် ညှိနှိုင်းမှုများပြုလုပ်ခြင်း၊ ပြည်တွင်းပြည်ပ ကုန်သွယ်မှုနှင့်ကူးသန်းရောင်းဝယ်မှုများကို ညှိနှိုင်းပြု လုပ်ပေးခြင်းတို့ပင်ဖြစ်ပါသည်။
ယခု လတ်တလော ဗီယက်နမ်နိုင်ငံ၏ရည်ရွယ် ချက်မှာ ဗီယက်နမ်ပြည်သူလူထု ပိုမိုကြီးပွားသာယာဝ ပြောရေး၊ ပိုမိုချမ်းသာသည့်နိုင်ငံဖြစ်ရေးနှင့် ညီမျှသော ဒီမိုကရေစီကျသော နိုင်ငံကြီးသားပီသသည့် လူ့အဖွဲ့ အစည်း "a prosperous people, a wealthy nation , and an equal, democratic and civilized society" ဖြစ်သည်။ ထိုရည်မှန်းချက်များ အောင်မြင် စေရန် အစိုးရသည် လျင်မြန်သောစီးပွားရေးတိုးတက် မှုနှင့်အတူ လူမှုရေးဖွံ့ဖြိုးမှုနှင့် စဉ်ဆက်မပြတ် သဘာဝ ပတ်ဝန်းကျင်ဖော်ဆောင်ရေးတို့မှာ အလွန်အရေးပါ နေပေသည်။
စင်ကာပူ၏ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး Mr.s Iswaran က ‘ ဗီယက်နမ်သည် တိုးတက် နေသော အာရှဒေသတွင် လင်းလက်နေသောကြယ် တစ်ပွင့်ဖြစ်ကြောင်း၊ အရှေ့တောင်အာရှ၏တိုးတက်မှု နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွင် ဗီယက်နမ် သည်တွန်းအားတစ်ရပ်ဖြစ်ကြောင်း၊ ထို့အပြင်ကမ္ဘာနှင့် ဒေသဆိုင်ရာစီးပွားရေးပတ်ဝန်းကျင်တွင် အခွင့်သာ မှုကို ရရှိစေနိုင်ကြောင်းပြောကြားခဲ့သည်။ သို့သော် လည်း အကြမ်းဖက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု စသည့် အမျိုးမျိုးသောစိန်ခေါ်မှုများကိုလည်းရင်ဆိုင် လျက်ရှိကြောင်း ဖော်ပြသွားသည်။
ဗီယက်နမ်နိုင်ငံ၌ (Doi Moi) အစီအစဉ်အောင် မြင်ရခြင်းမှာ မက်ခရိုအဆင့်အားဖြင့် ဈေးကွက်ကို ရှေးရှုခြင်း၊ ဥပဒေလေးစားလိုက်နာခြင်း၊ လူထုအခြေ ပြုအဖွဲ့အစည်းများထွန်းကားအောင် ပြုလုပ်ခြင်း (Civil Society Organization Development) တို့ကို ဖြစ်ပေါ်စေပြီးမိုက်ခရိုအဆင့်အားဖြင့် လူတို့၏အခြေခံ လိုအပ်ချက်များနှင့် စီးပွားရေးအခွင့်အလမ်း၊ ရပိုင် ခွင့်များ၊ ပညာရေးနှင့် လူ့အခွင့်အရေးတို့ကို လူပုဂ္ဂိုလ် အသီးသီးဖြင့်ရရှိစေနိုင်ခြင်းတို့ကြောင့်ဖြစ်ပေသည်။ ထို့အပြင်အိမ်နီးချင်းနိုင်ငံများနှင့်အနောက်နိုင်ငံများကို လည်းနီးနီးစပ်စပ်အာရုံစိုက်မှု(Close attention) လည်းပေးသည်။ လုပ်ခလစာ အဆင့်နိမ့်မှု၊ အလုပ် လက်မဲ့ပြဿနာနှင့်အဆင့်ဆင့်ကို အုပ်ချုပ်စီမံဆုံးဖြတ် ရာတွင်ကြန့်ကြာမှု(Redtapism)နှင့် အဂတိလိုက်စား မှု(Corruption)တို့သည်လည်း ဗီယက်နမ်နိုင်ငံ၏ အကြီးကျယ်ဆုံးစိုးရိမ်ပူပန်မှုများ(Big Concerns) များပင်ဖြစ်ကြောင်း၊ ထိုစနစ်မှာ ပွင့်လင်းထင်သာမြင် သာရှိမှု(Transparency)ဖြင့်သာအောင်မြင်ကျော်လွှား နိုင်ပေမည်ဟု ဗီယက်နမ်နိုင်ငံ Ho Chi Minh အမျိုး သားနိုင်ငံရေးတက္ကသိုလ်(Ho Chi Minh National Political Academy)မှ ပါမောက္ခDr. Hoang Chi Bao က ဆွေးနွေးတင်ပြခဲ့ပါသည်။
No comments:
Post a Comment