Friday, December 7, 2007

သက္ကရာဇ် ၂၀၂၀ တွင် ဓါတ်ငွေ့ ထုတ်လွှတ်မှု သိသိသာသာ လျှော့ချရန် သြစတြေးလျ ထောက်ခံပြောဆို


သြစတြေးလျ၏ အစိုးရသစ်သည် ဖွံ့ဖြိုးပြီး နိုင်ငံများမှ ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုကို
သက္ကရာဇ် ၂၀၂၀ တွင်သိသိသာသာလျှော့ချရန်အဆိုကိုထောက်ခံလိုက်သည်။နိုင်ငံပေါင်း ၁၉၀တက်
ရောက်လျှက်ရှိသော အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းအပန်းဖြေစခန်းတွင် ကျင်းပလျှက်ရှိသော ရာသီ
ဥတုပြောင်းလဲမှု တိုက်ဖျက်ရေး နိုင်ငံတကာဆွေးနွေးပွဲတွင် ယင်းသို့ပြောကြား လိုက်ခြင်း ဖြစ်သည်။
နောင် ၁၂ နှစ်ကြာသောအခါ နိုင်ငံများသည် ဓါတ်ငွေ့ထုတ်လွှတ်မှုကို ၄၀% ထိ လျှော့ချရန်အဆိုပြု
ထားသည်။ သြစတြေးလျ ၀န်ကြီးချုပ်သည် အစိုးရ၏ ပထမဆုံး ဆောင်ရွက်ချက်အဖြစ် ရာသီဥတု
ပြောင်းလဲရေးနှင့်ဆိုင်သော ကျိုတိုသဘောတူစာချုပ်ကိုတနင်္လာနေ့ကအတည်ပြုပြဌါန်းလိုက်သည်။
ဥရောပသမဂ္ဂသည် ချမ်းသာသောနိုင်ငံများအတွက် သက်မှတ် ပေးထားသော ရည်မှန်း ချက်များကို
ထောက်ခံပြောဆိုသည်။ ၎င်းတို့က အခြားချမ်းသာသောနိုင်ငံများက လိုက်နာဆောင်ရွက်ကြမည်ဆို
လျှင် EU အနေဖြင့် သက္ကရာဇ် ၂၀၂၀ တွင် ကာဗွန်ဒိုင် အောက်ဆိုဒ် ထုတ်လွှတ်မှုကို ၃၀ %လျှော့ချ
မည်ဟု ပြောဆိုသည်။ ကျိုတိုသဘောတူစာချုပ်ကို အသိအမှတ်မပြုသော ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်သည့်အ
မေရိကန်ပြည်ထောင်စုသည် ဓါတ်ငွေ့ထုတ်လွှတ်မှုနှင့် ပတ်သက်၍ တိကျသော ဆုံးဖြတ်ချက်ကို မ
ချမှတ်နိုင်သေးပဲရှိနေသည်။ (Sydney Morning Herald)


တရုတ်ပြည်မြောက်ပိုင်း ကျောက်မီးသွေး တွင်းပေါက်ကွဲမှုဖြစ်၍ လူ ၁၀၅ ဦးသေဆုံး
တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ဇီးပြည်နယ် Ryizhiyuam ကျောက်မီးသွေးမိုင်းတွင် ဗုဒ္ဓဟူးနေ့ည
က ဓါတ်ငွေ့ယိုစိမ့်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ မိုင်းလုပ်သား ၁၅ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။ မိုင်းတွင်း
တာဝန်ရှိသူများသည်ဤဖြစ်ရပ်ကို သက်ဆိုင်ရာသို့ ချက်ချင်းသတင်းပို့တိုင်ကြားခြင်းမပြုပဲ လူအချို့ကို
ကယ်ဆယ်ရေးလုပ်သားအဖြစ် မိုင်းတွင်းသို့ စေလွှတ်ခဲ့သည်။ ၎င်းတို့သည်ကယ်ဆယ်ရေးလုပ်ငန်းတွင်
လေ့ကျင့်ထားသူများမဟုတ်ကြပေ။ ထို့ပြင်ပိုင်ရှင်များသည် ခွင့်ပြုချက်မရှိသောနေရာတွင် တူးဖေါ်မှုပြု
ကြသည်။ ကနဦးစေလွှတ်ခံရသော ကယ်ဆယ်ရေးလုပ်သားများလည်း ပျောက်ဆုံးနေကြသည်။ သော
ကြာနေ့နံနက်က အလောင်း ၂၆ ခုထပ်မံတွေ့ရှိရသဖြင့် ယခုအထိ စုစုပေါင်း သေဆုံးသူ ၁၀၅ဦးရှိသွား
ပြီဖြစ်သည်။ မည်မျှပျောက်ဆုံးနေကြောင်း စာရင်းအတိအကျမသိရသေးချေ။ (ဆင်ဟွာ)


အင်္ဂလန်နည်းပြရွေးချယ်ရေး FA အတွင်း သဘောထားကွဲလွဲနေ




မက္ကလာရင်အား ထုတ်ပယ်ခဲ့ပြီးသည့်နောက် နည်းပြသစ်ရှာဖွေနေသော အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အတွင်း မည်သည့်
လူမျိုးကို စံထား၍ ခန့်မည်ဆိုသော အချက်၌ သဘောထားများကွဲလွဲလျက်ရှိသည်။ အဓိကသဘောကွဲလွဲသူ ၂ ဦးမှာ CEO
ဘရိုင်ယန်ဘားဝစ်နှင့် ဘောလုံးဖွံဖြိုးတိုးတက်ရေးဒါရိုက်တာ ဘရွတ်ကင်း တို့ဖြစ်ကြသည်။ ဘားဝစ်ကကမ္ဘာ့အဆင့်ရှိနည်း
ပြမျိုးအလိုရှိနေပြီး ဘရွတ်ကင်းကမူအင်္ဂလန်သားသာဖြစ်ရမည်ဟုမဆိုလိုသော်လည်းလက်ရှိဝက်စ်ဟမ်းနည်းပြကာဘစ်ရှ်
လေအား များစွာသဘောကျလျက်ရှိနေ၍ ယင်းတို့ ၂ ယောက်အကြား အမြင် ကွာခြားလျက်ရှိသည်။
FA မှ တာဝန်ရှိသူများက ယင်းသို့ အမြင်မတူကြခြင်းမျိုး ရှိမနေပါဟု ယမန်နေ့ညကငြင်းဆိုခဲ့ကြသော်လည်း FA ၏အ
တွင်းလူအချို့ကမူ ယင်း အငြင်းပွားမှုမှာ FA ၏ အဓိကလူ ၂ ဦးအတွင်း အမှန်တကယ် ပြဿနာ တက်နေခြင်းဖြစ်ကြောင်း
ပြောဆိုကြပြီး အချို့သတင်းသမားများ ကလည်း ချဲလ်ဆီးနည်းပြဟောင်း မော်ရင်ဟိုမှာ ရာထူးနေရာအတွက် FA နှင့်ဆွေး
နွေးရန် ၄၈ နာရီအတွင်း လန်ဒန်သို့ ရောက်ရှိလာတော့မည်ဟု ဖော်ပြခဲ့ကြသည်။ ဘားဝစ်နှင့်ဘရွတ်ကင်းမှာ ယခင်ကာလ
များကလည်း အမြင်မတူမှုများနှင့်အတူ အငြင်းပွားခဲ့ကြဖူးပြီး FA ၏ ဆုံးဖြတ်ချက်များအတွက် မည်သူကပို၍ လုပ်ပိုင်ခွင့်ရှိ
သည်ဟူသော အာဏာအပေါ်တွင်လည်း လွန်ဆွဲနေခြင်းဖြစ်သည်။
ဘရွတ်ကင်းမှာအဲရစ်ဆင်ထွက်ခွာသည့်အချိန်ကလည်းကာဘစ်ရှ်လေကိုခန့်ထားရန်ပြောဆိုခဲ့ဖူးသည်။ သို့သော်ချာလ်
တန်နှင့် ဝက်စ်ဟမ်း တို့ကိုသာ ကိုင်တွယ်ဖူးသူ ကာဘစ်ရှ်လေမှာ လက်ရွေးစင်နည်းပြနေရာအတွက် စဉ်းစားခံရရန် ရာခိုင်
နှုန်းများစွာနည်းပါးလျက်ရှိသည်။ ဘားဝစ်မှာ ခရစ္စမတ်မတိုင်မီတွင်နည်းပြတစ်ဦးခန့်ထားလိုပြီးယင်းနည်းပြအတွက်အချိန်
ပိုရစေရန်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
တောင်ကိုရီးယားကမ်းလွန် လောင်စာဆီယိုဖိတ်မှုဖြစ်ပွား

သောကြာနေ့က တောင်ကိုရီးယားနိုင်ငံ၏ အနောက်ဖက်ကမ်းခြေ အလွန်တွင် ၀န်ချီစက်တင်
ဆောင်လာသော သင်္ဘောနှင့် လောင်စာဆီတင် သင်္ဘောတို့ ၎င်းနေ့နံနက်ပိုင်းတွင် မတော်တဆတိုက်
မိကြရာ ဆီတင်သင်္ဘောပေါ်တွင်ပါရှိသောကွန်တိန်နာ(၃)ခုပေါက်ပြဲ၍၎င်းတို့အတွင်းမှဆီပေပါခြောက်
သောင်းကျော်ခန့် ပင်လယ်ထဲသို့ ယိုစိမ့်ထွက်ကျသဖြင့် နိုင်ငံ၏ ကမ်းလွန်ပင်လယ်ပြင်တွင် အကြီးဆုံး
သော ဆီယိုဖိတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်ဟုရေကြောင်းဝန်ကြီးဌါနအရာရှိများကပြောဆိုကြသည်။ကမ်း
ခြေစောင့်တပ်ဖွဲ့သည် လောင်စာဆီများပျံ့နှံ့မှုကို တားဆီးရန်အတွက် ကမ်းခြေစောင့်တပ်သား ၃၄ဦး
စေလွှတ်၍ ရေပေါ်အရံအတားများချထားလိုက်သည်ဟုပြောဆိုသည်။ရေပြင်ညစ်ညမ်းမှုကိုအပြီးအစီး
ရှင်းလင်းရန် ရက်ပေါင်းများစွာကြာမြင့်မည်ဟု ဆိုသည်။ (အေပီ)

“ဒါကိုတာ”ဟုအမည်တွင်သည့် ဒိုင်နိုဆောမံမီကိုတူးဖော်တွေ့ရှိ
Posted on Dec 07 07 - 02:14 PM | Hits : 30 | Save as PDF
တိရိစ္စာန်ရုပ်ကြွင်းရှာဖွေရေးသုတေသီ များသည် ထိတွေ့ကိုင်တွယ်၍ရသေး သည့်အသားစများပါ ကျန်ရှိနေသေးသည့် ဒိုင်နိုဆောရုပ်ကြွင်းတစ်ခုကို အမေရိကန် နိုင်ငံမြောက်ဒါကိုတာ၌အံ့သြဖွယ်ရာတူးဖော်တွေ့ရှိခဲ့ရကြောင်းဘီဘီစီသတင်းက ဖော်ပြခဲ့သည်။
ဒိုင်နိုဆော၏အရေခွံ၊ ကြက်သား၊ အရွတ်များနှင့်အခြားသောအသားအစအန များသည်ကျောက်ဖြစ်ရုပ်ကြွင်းအတိုင်း ပုံမပျက်ရှိနေဆဲ ဖြစ်ပြီးအီဂျစ်မံမီရုပ်အလောင်း များကဲ့သို့ပင်လေ့လာ၍ရသေးကြောင်းသိရသည်။ ယခုတွေ့ရှိရသည့်ရုပ်ကြွင်းသည် သုတေသီများ၏လေ့လာချက်အရ T.rex ကဲ့သို့သော ကမ္ဘာဦးဒိုင်နိုဆောများထက်ပင်ကြီးမားနိုင်သည်ဟုခန့်မှန်းထားကြသည်။

အဆိုပါဒိုင်နိုဆောသည်နှစ်သန်းပေါင်း ၆၇နှစ်သက်တမ်းရှိပြီးဘဲနှုတ်သီးခေါင်းပုံ သဏ္ဍာန်ရှိကာအသားစားသတ္တ၀ါပင်ဖြစ်ကြောင်းသိရသည်။ သုတေသီများသည် ယင်းကိုကျောက်သားထဲတွင်ရုပ်ကြင်းဖြစ် နေသည်ကိုရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး မန်ချက်စတာတက္ကသိုလ်မှကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင် ဖီးလစ်မန်းနင်းက “အဲဒါကိုပထမဆုံးမြင်ရချိန်မှာမယုံနိုင်စရာပါပဲ အရေပြား ရဲ့ဖွဲ့စည်းပုံဟာဆိုရင် အသေးစိတ်ပါပဲ ဟု အံ့သြတကြီးဆိုခဲ့သည်။

No comments: