အာရှစီးပွားရေးအင်ပါယာကြီးများ ကို တည်ထောင်ခဲ့ကြသည့်လုပ်ငန်းရှင် ပဂေးကြီးများကအသက်အရွယ်ကြီးရင့် ချည့်နဲ့လာနေကြပြီ။ ၎င်းတို့၏သားမြေး များက ၎င်းတို့၏အင်ပါယာကြီးများကိုမပြို ကွဲအောင် ဆက်လက်ထိန်းထားနိုင်စွမ်းရှိ ပါမည်လား’
အာရှ၏ဘီလျံနာကြီးများသည် အာ ရှစီးပွားရေးဖွံ့ဖြိုးမှု၏ဦးစီးခေါင်းဆောင် များပဲဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီး နောက်ပိုင်း ဆင်းရဲမွဲတေနောက်ကျနေခြင်း မှသည် ယနေ့ကမ္ဘာ့စီးပွားရေးကြီးထွားလာ မှု၏အဓိကတွန်းအားပေးအင်အားစုကြီးပင် ဖြစ်လာသည်။ ၎င်းတို့ကတစ်ဦးချင်းကြွယ်ဝ ချမ်းသာမှုနှင့်ကျော်ကြားမှုရရှိနေဆဲဖြစ် သော်လည်း အသက်အရွယ်အားဖြင့်မငယ် ကြတော့ချေ။
ပမာအားဖြင့် ဟောင်ကောင်မှအိမ် ခြံမြေပြိုင်ဘက်ပဂေးကြီးများဖြစ်သည့် လီ ကာရှင်း(ပိုင်ဆိုင်မှု ဒေါ်လာ၂၃ဘီလျံ)နှင့် လီလျောက်ကီ(ပိုင်ဆိုင်မှုဒေါ်လာ၁၇ဘီလျံ) တို့ နှစ်ဦးသည် အသက်၈ဝနီးပါးရှိနေကြ ပြီ။ မလေးရှားမှအချမ်းသာဆုံးသူဌေးကြီး ရောဘတ်ကူအုတ်ခ်က အသက် ၈၃နှစ်နှင့် မက္ကာအိုမှလောင်းကစားဒိုင်သူဌေးကြီး စတန်လေဟိုးမှာ ၈၅နှစ်။ တရုတ်တိုင်ပေ မှ ပလတ်စတစ်စက်မှုလုပ်ငန်းရှင်ကြီး ဝမ် ယောင်ချင်မှာ လာမည့်ဇန်နဝါရီတွင် ၉၁ နှစ် ပြည့်တော့မှာဖြစ်သည်။ ၎င်းတို့က မကြာမတင်မီတွင်ယင်းတို့ပိုင်ကြွယ်ဝမှုနှင့် လုပ်ငန်းအရပ်ရပ်ကို ယင်းတို့၏အမွေဆက် ခံသူတို့အား လွှဲပြောင်းပေးရတော့မှာ ဖြစ်သည်။
မိသားစုပိုင်လုပ်ငန်းများသည့်အာရှ
အခြားအရပ်ဒေသနှင့်စာလျှင် အာရှ ဒေသသည် မိသားစုလုပ်ငန်းများ ကြီးစိုး သည့်နေရာဖြစ်သည်။ Finance Asia မဂ္ဂဇင်း၏တွက်ချက်မှုအရ ၂ဝဝ၄ခုနှစ်တွင် ဒေသ၏အကြီးစတော့ဒိုင်ဝင်ကုမ္ပဏီစာရင်း ၁ဝဝထဲတွင်မိသားစုထိန်းချုပ်သည့်ကုမ္ပဏီ ၄ဝ၊ အစိုးရပိုင်က ၃၈ရှိသည်။ ကျန်ကုမ္ပဏီ ၂၂ခုကသာ နမူရော့ သို့မဟုတ် လန်ဒန် တွင်ရှိ ကော်ပိုရေးရှင်းများ စံနှင့်လိုက်မီ သည့်လုပ်ငန်းများဖြစ်သည်။
ဤသို့မျိုး အခြေအနေဖြစ်ခြင်းမှာ ယဉ်ကျေးမှု(ကွန်ဗျူးရှပ်ဝါဒ)နှင့်သမိုင်း ကြောင်း(ကိုလိုနီပြုခံရခြင်း)စသည့်အကြောင်း ရင်းခံနှစ်ရပ်ကြောင့်ဟုဆိုနိုင်သော်လည်း အာရှက ကမ္ဘာ့အခြားဒေသများနှင့်ဘာမှ သိပ်မကွာပါ။ စီးပွားရေးတိုးတက်လာမှု ကာလအတိုင်းအတာ၌သာ နောက်ကျ ခြင်းဖြစ်သည်။
US မှ သင်ခန်းစာ
အင်ဒရူးကာနယ်ဂျီနှင့်ဂျွန်၊ ဒီ၊ ရော့ ကီဖဲလားစသည့် US စက်မှုလုပ်ငန်းရှင် ကြီးများတည်ဆောက်ခဲ့သည့် ၁၉ရာစုစီး ပွားရေးအင်ပါယာကြီးများသည် ၂ဝရာစု တွင် အတော်များများ အစိတ်စိတ်အမွှာမွှာ ပြိုလဲကုန်ကြသည်။ အာရှ၏စစ်ပြီးခေတ် နောက်ပိုင်း ဩဇာတိက္ကမကြီးသည့်သူဌေး ကြီးများကလည်း ၂၁ရာစုတွင် ကံကြမ္မာကို ကြုံရဖွယ်ရှိပုံရနေသည်။
ဘာကြောင့်ပါလဲ
တရုတ်စကားပုံတစ်ခုရှိသည်။ ‘ချမ်း သာကြွယ်ဝမှုကမျိုးဆက်သုံးဆက်အထိ တာရှည်မခံပါ’ ဟူ၏။ ယင်းပုံစံအတိုင်း ဖြစ်လာနိုင်ပါသလား မေးစရာရှိသည်။ ‘ယင်းပုံစံအတိုင်း ဖြစ်လာနိုင်ခြေအများကြီး ရှိနေပါတယ်’ ဟု ချီကာဂိုရှိ Kellogg School of Management မှ မိသားစု စီးပွားရေးလုပ်ငန်းတွင် စပါယ်ရှယ်လစ်ဖြစ် သူ ဂျွန်ဝပ်ဒ်ကပြောပါသည်။ အတွင်း အပြင်ဖိအားနှစ်မျိုးကြောင့်ဟုသူကဆိုသည်။ အတွင်းဖိအားတွင်အမွေဆက်ခံမှု၌သဘော ထားကွဲလွဲခြင်း၊ ဆွေမျိုးကောင်းစားရေး ဝါဒ၊ သားမြေးများအကြားပိုင်ဆိုင်မှု၊ ဦး ဆောင်သူ၏အမွေစားအမွေခံများအကြား ခွဲဝေမှုကြောင့် ပိုင်ဆိုင်မှုအင်အားကိုအား လျော့စေခြင်းစသည်တို့ပါဝင်သည်။
ပြင်ပဖိအားများအနေဖြင့် ပြည်တွင်း ဈေးကွက်ကိုဖွင့်ပေးလိုက်ခြင်း၊ကမ္ဘာ့ဘဏ္ဍာ ရေးဈေးကွက်များနှင့်ထိတွေ့ဆက်ဆံမှုတိုး လာခြင်းများပဲဖြစ်သည်။ ထို့ပြင် နိုင်ငံ အများအပြားတွင် အများပိုင်ကုမ္ပဏီများ အနေနှင့်အုပ်ချုပ်ကွပ်ကဲမှုပိုကောင်းရန်နှင့် ပိုပြီးမြင်သာထင်သာရှိအောင်လုပ်ရန် ရှယ် ယာပိုင်ရှင်များမှတောင်းဆိုမှုအသံမှာပို၍ ကျယ်ကျယ်လောင်လောင်ရှိလာနေသည်။
ကိုရီးယား
တောင်ကိုရီးယားတွင် အထက်ဖော် ပြပါအဖြစ်မျိုးနှင့်ကြုံနေရသည်။ နိုင်ငံတွင်း စီးပွားရေးတွင် နိုင်ငံခြားလုပ်ငန်းပါဝင်မှု များလာခြင်း၊ အမွေဆက်ခံပစ္စည်းအပေါ် အကောက်အခွန်မြင့်မားခြင်းနှင့်မိသားစု အတွင်း ညီညွတ်မှုမရှိခြင်းတို့ကနိုင်ငံ၏ အကြီးဆုံးမိသားစုပိုင်လုပ်ငန်းကြီးများ(ချအဲ ဘိုလ်များ)ကို လှုပ်ခါသွားစေသည်။ ယင်း အထဲတွင် ဟွန်ဒိုင်၊ LG နှင့်SK Group တို့ ပါဝင်သည်။
‘လူ့အဖွဲ့အစည်းအားလုံးမှာ မိသားစု ပိုင်လုပ်ငန်းသမိုင်းမှာ အန္တရာယ်အရှိဆုံး အချိန်ကတော့ ညီရင်းအစ်ကိုတွေ အစုစပ် ဝင်အဖြစ် ပါဝင်လာတဲ့အချိန် သို့မဟုတ် မျိုးဆက်ပဲဖြစ်တယ်။ အဲဒီအချိန်မှာ ညီ အစ်ကိုမောင်နှမအရင်းအချာများကလုပ် ငန်းကိုစုပေါင်းပိုင်ဆိုင်တာ၊ စုပေါင်းအုပ် ချုပ်ကွပ်ကဲတာမျိုးဖြစ်တယ်’ ဟု ဂျွန်ဝပ်ဒ် ကပြောသည်။
အာရှမှသာဓကများ
အထက်ပါအချက် မှန်ကန်ကြောင်း အာရှက သက်သေပြလျက်ရှိသည်။ ဟွန် ဒိုင်တွင် ရန်ဖြစ်နေသည့် ညီအစ်ကိုသုံး ယောက်က ၂ဝဝ၂ခုနှစ် ဟွန်ဒိုင်အုပ်စုကြီး ပြိုကွဲမှုကိုကြံစည်လုပ်ဆောင်ခဲ့သည်။ အိန္ဒိယတွင်လည်း Reliance Group တည်ထောင်သူ၏သားများက အိန္ဒိယ၏ အကြီးမားဆုံးစက်မှုလုပ်ငန်းကုမ္ပဏီအုပ်စု ကြီးကိုအုပ်ချုပ်ကွပ်ကဲမှုကိစ္စတွင် သဘော ချင်းမတိုက်ဆိုင်သဖြင့် နှစ်ပိုင်းပိုင်းလိုက်ရ သည်။ ယင်းသို့ခွဲခြမ်းခြင်းမှာ စီးပွားရေး သဘောအရ ဘာမှအကျိုးမရှိကြောင်းသုံး သပ်သူများကပြောဆိုသည်။
ကမ္ဘာ့စီးပွားရေးပြိုင်ဆိုင်မှုကလည်း ညှာတာထောက်ထားသည်မဟုတ်။ ဟောင်ကောင်မှ လီကာရှင်း၏ဒုတိယသား ရစ်ချက်လီက ၂ဝဝဝပြည့်နှစ်တွင် သူ့စီး ပွားရေးပင်မယာဉ်ကြီး PCCW က Cable Wireless HK ကို ဒေါ်လာ ၂၈ ဒသမ၅ဘီလျံနှင့်သိမ်းပိုက်လိုက်စဉ်က သူ့ကိုဝိုင်းဝန်းထောပနာပြုခဲ့ကြသည်။ ၃နှစ် အတွင်း ဒေါ့ကွမ်(dot.com)ပူးပေါင်း ပေါက်ကွဲသွားခဲ့သည့်အခါ PCCW သည် ယင်း၏ဈေးကွက်တန်ဖိုး ၉၆ရာခိုင်နှုန်းဆုံး ရှုံးခဲ့ရသည်။ ဒီတွင် လီသည် အာရှ၏ ‘ကြွယ်ဝမှုကို အကြီးမားဆုံးဖျက်ဆီးသူ’ ဟူ၍ သရော်ခြင်းခံရသည်။
မလေးရှားရှိ စတားအပျော်စီး ရေယာဉ်လိုင်း(star cruises)ကလည်း ရှေ့ဆက်သွားနိုင်ရေးအတွက် လုံးပမ်းနေ ရသည်။ ယင်းရေယာဉ်လိုင်းကို ဦးစီးလုပ် ကိုင်နေသူမှာ Genting Group တည် ထောင်သူ အသက် ၈၉နှစ်အရွယ် ဘီလျံ နာကြီး၏အမွေဆက်ခံမည့်သူ လင်မ် ကော့စ်တေပဲဖြစ်သည်။ Star Gruises ကို ၁၉၉၃ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၎င်းသည် ကမ္ဘာပေါ်တွင် တတိယအကြီး ဆုံး ဇိမ်ခံရေယာဉ်လိုင်းကြီးတစ်ခုလည်း ဖြစ်သည်။ သို့သော် အာရှ၏ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးနေသည့်ကြားမှ ပြီးခဲ့သည့်နှစ်က ဒေါ်လာ ၁၅၆သန်းအရှုံး ပေါ်ခဲ့သည်။ ယင်းကာလတွင် ပြိုင်ဘက် Carnival က ၂ဝဝ၂ခုနှစ်မှစပြီး ရှယ်ယာ တန်ဖိုးနှစ်ဆမြင့်တက်လာခဲ့သည်။
မိသားစုပိုင်ကုမ္ပဏီများအုပ်စုအနေ နှင့်မလွဲမသွေဖြစ်တတ်သည်က သူတို့ကိုယ် သူတို့ အရင်းရှင်စီးပွားရေးပုံစံနှစ်မျိုးကြား ခွလျက်ရှိနေခြင်းပင်။ အဖေက တံခါးပိတ် ဝါဒကျင့်သုံးသည့်အမြင်ကျဉ်းစီးပွားရေး စနစ်တွင် ‘ခွင်’ ကို ထုဆစ်ရှာတွေ့ထားခြင်း ဖြစ်သည်။ အားလုံး သူ့လက်နှင့်သူ့ခြေဖြစ် သည့်အတွက် သူက ဈေးကွက်ဦးတည် ရွေ့လျားမှုကိုလျစ်လျူရှုနိုင်သည်။ ရည်ရှည် အကျိုးစီးပွားအတွက် အလောင်းအစား လုပ်နိုင်သည်။ အချိန်အခါအလျောက် လို အပ်လျှင်လိုအပ်သလို ရဲဝံ့စွန့်စားလုပ်ကိုင် နိုင်သည်။ သို့သော် ထိုသူများကပင် ၎င်းတို့ ၏သားများကို MBA ဘွဲ့များရရှိရန် ကမ္ဘာ တွင် ဂုဏ်ဒြပ်အမြင့်မားဆုံးတက္ကသိုလ်များ သို့ပို့သည်။ သားများက အကောင်းဆုံး မန်နေဂျာတို့၏လုပ်ကိုင်ကျင့်သုံးပုံနှင့်ရှယ် ယာရှင်များအတွက် အမြတ်အစွန်းအများ ဆုံးရရှိရန်သဘောသင်ခန်းစာများကိုသင် ရသည်။ နယူးရော့စတော့ဒိုင်၏ဥပဒေသ များကို သင်ယူရသည်။ ယင်းသဘော တရားများက၎င်းတို့အား အလွန်ခြားနား သည့်ရှုထောင့်အမြင်ကိုပေးသည်။ ဒီတွင် သားများ၏ပညာကမိသားစု၏ပုံစံ၊ အတွေး အခေါ်၊ ရည်ရွယ်ချက်နှင့်ဖီလာဆန့်ကျင် ဖြစ်လာသည်။
နောက်တစ်ချက်မှာ သားများက ကမ္ဘာရင့်ရင်ပေါင်တန်းသည့် သင်တန်း လေ့ကျင့်မှုမျိုးကိုရရှိသည်ဆိုစေဦး။ ဒုတိယ မျိုးဆက်သည် ဖခင်၏နိုင်ငံရေးဘက်တွင် ကျွမ်းကျင်မှု သို့မဟုတ် အစိုးရအသိုင်း အဝန်းနှင့်နောက်ဖေးပေါက်လမ်းကြောင်း ဖြင့်ဆက်သွယ်မှုမျိုးဘက်တွင် လိုက်မမီ ချေ။ အဖေက နိုင်ငံရေးသမားတွေနှင့် အတူနေသည်။ အတူကျောင်းသွားသည်။ ဟားဗတ်တက်နေသည့်သားကဒီလိုအခြေ အနေမျိုးမရနိုင်။
မိသားစုပိုင်လုပ်ငန်းကြီးများတွင် မိသားစုထိန်းချုပ်မှုကိုကျားကန်ရန်လုပ် တတ်သည့်အကျင့်တစ်ခုမှာ cross-ownership deals မှတစ်ဆင့်ပြုလုပ် ခြင်းပင်။ ဒါက လက်အောက်ခံကုမ္ပဏီခွဲ များက၎င်းတို့၏ရှယ်ယာများကိုစတော့ဒိုင် တွင် စာရင်းတင်ထားသည့်ကုမ္ပဏီကြီးများ ထဲထည့်ဝင်ပြီး ပြောရေးဆိုခွင့်ပိုရရန် ပြု လုပ်ခြင်းပင်။ ယင်းနည်းဖြင့် မိမိကိုယ်ပိုင် ငွေ ၅ရာခိုင်နှုန်းမှ ၁ဝရာခိုင်နှုန်းထက်မပို သော်လည်း ကွပ်ကဲထိန်းချုပ်မှုနည်းလမ်း ရရှိအောင် လုပ်ယူသည်။ ယင်းနည်းသည် ကုမ္ပဏီကိုခေတ်မီအောင်လုပ်ရာတွင် ခြေ တစ်လှမ်းနောက်ကျသည်ဟုကျွမ်းကျင်သူ တချို့ကဆိုသည်။ တောင်ကိုရီးယားတွင် cross-share holding နည်းသည်။ ၁၉၉ဝပြည့်လွန်နှစ်များကကြွေးထူခဲ့သည့် ကုမ္ပဏီအုပ်စုကြီးများကိုကျဆုံးပြိုလဲစေခဲ့ သည်။ ဂျပန်တွင်လည်း ယင်းနည်းစနစ်မျိုး ကနိုင်ငံ၏ယှဉ်ပြိုင်စွမ်းရည်ကို ဆုံးရှုံးစေပြီး ကားထုတ်လုပ်သည့်နီဆန်းကုမ္ပဏီကဲ့သို့ ကုမ္ပဏီများ၏ကျဆုံးခန်းကိုဖြစ်ပေါ်စေ သည်။ နီဆန်းမှာ ရေးနော့၏ကယ်တင်မှု ကြောင့်ပြန်လည်ရပ်တည်နိုင်ခဲ့သည်။
နောက်မျိုးဆက်များ လက်ထက်တွင် မိသားစုပိုင်ကုမ္ပဏီကြီးများကမားမားမတ် မတ်ထည်ထည်ဝါဝါ ဆက်လက်ရှင်သန် ရပ်တည်နိုင်ရေးမှာ ဥရောပနှင့်အမေရိကန် ပုံစံများကိုယူရလိမ့်မည်ဟုကျွမ်းကျင်သူတို့ ကယူဆသည်။ ဒါက မိသားစုများအနေ နှင့် ကုမ္ပဏီအုပ်ချုပ်မှုပါဝါနှင့်သူတို့မိဘ များတည်ဆောက်ခဲ့သည့်အင်ပါယာထိန်း ချုပ်မှုအတွက် အပြင်လူများကိုလွှဲပေးခြင်း ပင်။ ယင်းနည်းဖြင့်ပင် မိသားစုအမှတ်တံ ဆိပ်များဖြစ်သည့် Ford နှင့် General Electric တို့သည် ၂ဝရာစုတွင် အကြီးမား ဆုံးနိုင်ငံစုံကုမ္ပဏီကြီးများစာရင်းဝင်ဖြစ်လာ ခဲ့ရခြင်းဖြစ်ကြောင်းပါ။
No comments:
Post a Comment