ထိုင်းနိုင်ငံတွင် လွန်ခဲ့သော တနင်္ဂနွေနေ့ကကျင်းပပြုလုပ်သော အထွေထွေ ရွေးကောက်ပွဲတွင်
ပြည်သူ့ပါဝါပါတီ(PPP) ပါတီက အမတ်နေရာ၄၈၀ရှိသည့်အနက် အမတ်နေရာ၂၂၈နေရာအနိုင်ရရှိသွား
သည်။ ဒီမိုကရက်ပါတီက ဒုတိယလိုက်၍အမတ်နေရာ၁၆၆ရရှိခဲ့သည်။အနိုင်ရရှိသော(PPP)သည်ယခင်
အာဏာသိမ်းခံရသောဝန်ကြီးချုပ်ဟောင်းသက်ဆင်၏မဟာမိတ်ပါတီဖြစ်သည်။၎င်းပါတီ၏ခေါင်းဆောင်
ဆွန်တရာဘတ်သည်အခြားပါတီငယ်တစ်ခုနှင့်တွဲဖက်၍ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းမည်ဖြစ်သည်။ ရွေး
ကောက်ပွဲကျင်းပချိန်တွင် ထိုင်းနိုင်ငံ၏အရှေ့မြောက်ပိုင်းသက်ဆင်လိုလားသူများတည်ရှိရာကျေးလက်
ဒေသအပါအ၀င် နိုင်ငံ၏သုံးပုံတစ်ပုံတွင် အရေးပေါ်အခြေအနေ ကြေညာထားခဲ့သည်။၎င်းရွေးကောက်
ပွဲကို ကြီးကြပ်ရန်အာရှလွတ်လပ်သောရွေးကောက်ပွဲများ ကြီးကြပ်ရေး အဖွဲ့မှကိုယ်စားလှယ် ၄၂ ဦးစေ
လွှတ်ပေးခဲ့သည်။
နူးကမ့်တွင် ၂၄ နှစ်အတွင်းရီးရဲလ်ကို ဒုတိယအကြိမ်မြောက်ရှုံးခဲ့ပြီးနောက် ရစ်ကာ့ဒ်အထုတ်ခံရရန် နီးစပ်လာ
လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်နေသော အဓိကပြိုင်ဘက် ရီးရဲလ်အား အိမ်ကွင်း နူးကမ့်တွင် ၂၄ နှစ်အတွင်း ဒု
တိယမြောက် ရှုံးနိမ့်ခဲ့၍ ဘာစီလိုနာနည်းပြ ရစ်ကာ့ဒ်မှာ မီဒီယာများ၏ ဝိုင်းဝန်းဝေဖန်မှုနှင့်အတူ နည်းပြရာထူးမှ ထုတ်ပယ်
ခံရရန် နီးကပ်နေပြီ ဖြစ်သည်။ ရီးရဲလ်မှာ ဘက်တစ္စတာ၏ ဂိုးဖြင့် နူးကမ့်တွင် ၃ မှတ် ရရှိသွားခဲ့ကာ ယခုအခါ အနီးဆုံးပြိုင်
ဘက်များအား ၇ မှတ်အထိဖြတ်၍ လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေပြီဖြစ်သည်။
ရစ်ကာ့ဒ်အား ထုတ်ပယ်မည်ဟုသတင်းများထွက်ပေါ်လာသည့်တစ်ချိန်တည်းမှာပင် ချဲလ်ဆီးနည်းပြဟောင်းမော်ရင်ဟို
မှာ ဘာစီလိုနာ နည်းပြ ဖြစ်လာရန် ပြိုင်ဘက်မရှိ ရေပန်းစားလာ ခဲ့သည်။ မော်ရင်ဟိုမှာ ဆာဘော်ဘီရော့ဘ်ဆင် ၏ စကား
ပြန်နှင့် လက်ထောက်အဖြစ် ၁၉၉၆ တွင် ဘာစီလိုနာသို့ ရောက်ခဲ့ပြီး ဗန်ဂေါလ် လက်ထက် အပါအဝင် ၂၀၀၀ ပြည့်နှစ် အ
ထိ နူးကမ့်တွင် ခိုလှုံခဲ့သူဖြစ်သည်။
ရစ်ကာ့ဒ်၏ ယခုသတင်းနှင့်အတူ ချဲလ်ဆီးနှင့် မီလန်တို့မှ အသည်းအသန်လိုချင်နေသည့် ၂၇ နှစ်သား ရော်နယ်ဒင်ဟို၏
အနာဂတ်မှာလည်း မရေရာသော အခြေအနေသို့ ဆိုက်ရောက်လာပြီဖြစ်သည်။
မန်ယူမှ အီဗန်းစ်ကိုစွပ်စွဲသည့်အမျိုးသမီး အားရဲတပ်ဖွဲ့က သင်္ကာမကင်း ပြန်ဖြစ်နေ
မန်ယူအသင်း၏ ခရစ္စမတ်အကြို ပါတီပွဲတွင် လူငယ်ကစားသမား အီဗန်းစ်အား မိမိအပေါ် မတရားပြုခဲ့ေုကာင်း ရဲတပ်
ဖွဲ့ထံ စွပ်စွဲတိုင်တန်းခဲ့သူ ၂၆ နှစ်အရွယ် အမျိုးသမီးကို ယခုအခါ ရဲတပ်ဖွဲ့ကပြန်လည်၍ သင်္ကာမကင်း ဖြစ်နေပြီဖြစ်သည်။
ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရည်းစားဖြစ်သူ ယောက်ျားလေးတစ်ဦးနှင့်အတူ ထိုပါတီပွဲသို့ရောက်လာသူ ယင်းအမျိုးသ
မီးမှာ အဘယ်ကြောင့် သူမတစ်ဦးတည်း ဘောလုံးသမားများနှင့် ရှိနေခဲ့ရသည်ကိုနားမလည်နိုင်ကြောင်း၊ ထို့ပြင်အခင်းဖြစ်
ချိန်က သူမသည် မိမိကိုယ် မိမိပင် မထိန်း နိုင်အောင် ယိမ်းယိုင်နေသကဲ့သို့ အနီးပတ်ဝန်းကျင်ရှိ လူများကိုလည်း သဲကွဲစွာ
မြင်နိုင်ပုံမရကြောင်း၊ ထိုကဲ့သို့ အခြေအနေရှိသူတစ်ဦးက သူမကို ကျူးလွန်ခဲ့သည်ဆိုသော (အီဗန်းစ်) ကစားသမားကို အ
သေအချာ မှတ်မိသည်ဆိုသည်မှာလည်း ဖြစ်နိုင်ခြေနည်းလှကြောင်း၊ သူမအနေဖြင့်မိမိတို့ရဲတပ်ဖွဲ့ကိုအချိန်ကုန်လူပမ်းဖြစ်
စေရန်လာလုပ်နေသည်ဟုယူဆကြောင်း၊ စုံစမ်းစစ်ဆေးမှုများအရအီဗန်းစ်သည်အသင်းဖော်များနှင့်တစ်ချိန်လုံးရှိနေသည်
ဟု သိရကြောင်း ပြောဆိုသွားခဲ့သည်။
ကမ္ဘာ့ပထမဆုံး လေကြောင်းလိုင်းကဘာလဲ
KLM (Kiss Me, Leave Me, Miss Me) သည် ကမ္ဘာ့ပထမဆုံး စီးပွားဖြစ်လုပ်ကိုင်လေကြောင်းလိုင်း
ဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်း ၈၀ကျော်ကတည်းကပြေးဆွဲခဲ့ခြင်းဖြစ်သည်။ ၎င်းကိုနယ်သာလန်နိုင်ငံမှ ဒက်ခ်ျ
လူမျိုး လေယာဉ်မှူး အဲလဘတ်ပလီစ်မန်းက စတင်ခဲ့ခြင်းဖြစ်သည်။အဲလဘတ်သည်KLMလေကြောင်းလိုင်း
ကို တည်ထောင်ခဲ့ပြီး ၁၉၅၃ ခုနှစ်တိုင်အောင် KLM၏ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သည်။ယနေ့ခေတ်တွင်တိုက်
ကြီးငါးတိုက်မှ မြို့တော်ပေါင်း ၁၄၀၀ကျော်တွင် KLMလေကြောင်းလိုင်း၏ကွန်ယက်များဖြန့်ကျုက်ထားပြီဖြစ်
သည် ဟု 7 Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။
အမေရိကန်တွင် နှင်းမုန်တိုင်း ကြောင့် ယာဉ်မတော်တဆ တိုက်မှုဖြစ်ပွားသဖြင့် လူ ၅ ဦးသေဆုံး
အမေရိကန်နိုင်ငံတွင် ပြင်းထန်သော ဆောင်းတွင်းမုန်တိုင်းတိုက်ခတ်မှုနှင့် နှင်းမုန်တိုင်းကျရောက်
သဖြင့် လေကြောင်းခရီးစဉ်များ နှောင့်နှေးခဲ့ပြီး အဝေးပြေးလမ်းမကြီးတစ်ချို့ပိတ်ထားခဲ့ရသည်။ နှင်းမုန်
တိုင်းကျရောက်မှုကြောင့် လမ်းမများပေါ်တွင် ယာဉ်မတော်တဆတိုက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူငါးဦး
သေဆုံး၍ ငါးဦးပြင်းထန်စွာဒဏ်ရာရရှိသည်ဟု အမေရိကန်သတင်းဌာနများက တနင်္ဂနွေနေ့တွင် ထုတ်
ပြန်ကြေညာသည်။ ထိုသို့နှင်းများထူထပ်စွာကျရောက်နေသဖြင့် အီလီနွိုက်စ်၊ အိုင်အိုဝါ၊ မစ်ဇူရီ၊ ၀စ္စကွန်
ဆင်၊ မစ်ချီဂန်နှင့် မင်နီဆိုတားပြည်နယ်များတွင် ခရီးသွားလာရာ၌ အချိန်မရွေးအန္တရာယ်ကျရောက်နိုင်
ကြောင်း အမျိုးသားမိုးလေ၀သဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။ ထို့ပြင် မစ်ချီဂန်ပြည်နယ်အ
ထက်ပိုင်းတွင် ပြင်းထန်သောဆောင်းတွင်းမုန်တိုင်း တိုက်ခတ်၍ နှင်းထု ၄ လက်မမှ ၇လက်မအထိ ကျ
ရောက်နိုင်သည်ဟု တနင်္ဂနွေနေ့ကကြိုတင်သတိပေးထားသည်။ချီကာဂိုမြို့O'Hareနိုင်ငံတကာလေဆိပ်
တွင် စနေနေ့က နှင်းများထူထပ်စွာကျရောက်သဖြင့် ခရီးစဉ်၁၇၀ခန့် ဖျက်သိမ်းခဲ့ရပြီး လေကြောင်းခရီး
စဉ်အများအပြားနှောင့်နှေးခဲ့ရသည်။
သစ်တောပြုန်းတီးမှုသည်မြေဆီလွှာ အာဟာရစက်ဝန်းကို ထိခိုက်စေနိုင်
ကမ္ဘာအနှံ့တွင် လယ်ယာစိုက်ပျိုးရေးတိုးချဲ့နိုင်ရန် သစ်တောများကိုခုတ်ထွင်ရှင်းလင်း လျက်ရှိသည်။ လယ်ယာစိုက်ပျိုးရန်မြေသြဇာကြွယ်ဝသော အပူပိုင်းသစ်တောများကို ခုတ်ထွင်ခြင်း၏ အကျိုးသည်ရေတိုသာဖြစ်သည်ဟု အမေရိကန်သိပ္ပံပညာရှင်များက ပြောကြားလိုက်သည်။ အမေရိကန်သိပ္ပံပညာရှင်များက မက္ကဆီကိုတွင်ပြုန်းတီးသွားသော သစ်တောကိုလေ့လာခဲ့ရာတွင်အပင်များအတွက် အဓိကအာဟာရဖြစ်သောဖော့စပါးရပ် (Phosphorus) ပါဝင်မှုသည် စိုက်ပျိုးမှု၃ကြိမ်ပြုလုပ်ပြီးသွားသောအခါ ၄၄ ရာခိုင်နှုန်းခန့်ကျဆင်းသွားသည်ကို တွေ့ရှိခဲ့ကြသည်။ ရေရှည်တွင်အဆိုပါ လယ်မြေသည် စီးပွားရေးအရတွက်ခြေမကိုက်သည့် မြေယာအဖြစ်သို့ အဆင့်လျောကျသွား၍ အန္တရာယ်ရှိသည်ဟုအဆိုပါ သိပံ္ပပညာရှင်များကဖြည့်စွက်ပြောကြားခဲ့ သည်။ ဗာဂျီးနီးယားတက္ကသိုလ်မှသုတေသီများသည် ဟူကာတန်ပြည်နယ်တောင်ပိုင်းတွင် အပူပိုင်းသစ်တောများကိုခုတ်ထွင်ပြီး လယ်မြေအဖြစ်ပြောင်းလဲစိုက်ပျိုးမှုများ ကိုအသေးစိတ်လေ့လာခဲ့ကြသည်။ သစ်တောမှသစ်ရွက်ခြောက်များ မရရှိနိုင်ခြင်းသည် ဖော့စဖါရပ်နှုန်းပြန်ဖြည့်စွက်မှုကို ထိခိုက်စေနိုင်သည်။ ထိုအခါဂေဟစနစ် ဟန်ချက်ညီမျှမှုကိုဆိုးကျိုးများဖြစ် စေနိုင်လိမ့်မည်ဟုအဆိုပါ သုတေသနအဖွဲ့က သုံးသပ်ခဲ့သည်။ လေ့လာသည့်ဒေသတွင် အပင်များကြီးထွားမှုကိုပါဆက်လက် ထိခိုက်နိုင်သည်။ ထိုအခြေအနေကအပင်များ ပေါက်ရောက်ရှင်သန်မှုကိုဆက်လက်ကျဆင်းစေနိုင်သည်ဟု သိပ္ပံပညာရှင်များက သတိပေးပြောဆိုခဲ့သည်။ အပင်များ ပေါက်ရောက်မှုနည်းပါးသွားပါက လယ်သမား များသည်နောက်ထပ်သစ်တောများကို ထပ်မံခုတ်ထွင်ရှင်းလင်းလိမ့်မည်ဖြစ်သည်။ လယ်သမားများ ဓာတ်မြေသြဇာသုံးစွဲရန်ငွေကြေးထောက်ပံ့ခြင်းဖြင့် တွန်းအားပေးခြင်း မပြုပါကကျက်ဆီမြေဖြစ်ပေါ်မှုကာလသည် များပြားလာလိမ့်မည်ဖြစ်သည်။ လယ်သ မားများအနေဖြင့် သစ်တောခုတ်ထွင်မှုနှင့် သစ်တောစိုက်ပျိုးမှုတို့ကိုဟန်ချက်ညီညီ ပြုလုပ်ရန်လိုသည်ဟုအဆိုပါတွေ့ရှိချက် တွင်ဖော်ပြထားသည်။
ဆိုးလ်အတွက် သက္ကရာဇ် (၂၀၀၇) ခုနှစ်သည် “လိမ်လည်လှည့်ဖြားမှု များသောနှစ်”
တောင်ကိုရီးယားနိုင်ငံသားများအတွက် သက္ကရာဇ် (၂၀၀၇) ခုနှစ်သည် “လိမ်လည်လှည့်ဖြားမှု
များသောနှစ်” ဖြစ်သည်ဟု စစ်တမ်းတစ်ခုက တနင်္လာနေ့က ဖေါ်ပြသည်။ ပါမောက္ခ (၃၄၀)ပါဝင်သော
လေ့လာရေးအဖွဲ့တစ်ခုသည် တောင်ကိုရီးယားနိုင်ငံ၏ လူမှုဘ၀ကို လေ့လာအဖြေထုတ်ကြရာ(၂၀၀၇)
ခုနှစ်အတွင်းတွင် ပညာရေး၊ နိုင်ငံရေးနှင့် နိုင်ငံ၏ အကြီးဆုံး ကုမ္ပဏီ လုပ်ငန်းစု ကြီးကပါ လိမ်လည်မှု
တွင် ပါဝင်ခဲ့ပြီးနောက် ပညာရှင်များက လက်ရှိနှစ်ကိုယင်းသို့ခေါ်ဝေါ်သမုတ်ခဲ့ခြင်းဖြစ်သည်။ ယင်းလိမ်
လည်လှည့်ဖျားမှုသည် တစ်ဦးတစ်ယောက်၏ အလိုရမက်ကြီးမားမှုမှ ပေါ်ပေါက်ခြင်းဖြစ်၍တရုတ်အဆို
အားဖြင့် “ဂျာဂီဂီအင်” ဟုခေါ်သည်။ ယခုနှစ်အတွင်းတွင် ပထမဦးစွာပြတိုက်တာဝန်ခံအမျိုးသမီးသည်
၎င်းရရှိထားသော အဆင့်မြင့်ဘွဲ့သည် အတုဖြစ်ကြောင်း ပေါ်ပေါက်သည်မှစ၍ နောက်ဆက်တွဲအခြား
သူများ၏ လိမ်လည်မှုများလည်း ထွက်ပေါ်လာခဲ့သည်။ အချို့မှာ ၎င်းတို့သဘောဆန္ဒအလျောက်ထုတ်
ဖေါ်ဝန်ခံ၍ အချို့က စစ်ဆေးတွေ့ရှိခြင်းကြောင့် ဖြစ်သည်။ ထိုကဲ့သို့ ဘွဲ့အတုအလိမ်များရယူခြင်း၊အ
ခြားသူများ သုတေသနပြုသော စာတမ်းများကို မိမိကိုယ်ပိုင်ကဲ့သို့ ပြုမူခြင်းများ အပြင်နိုင်ငံရေးသမား
တို့၏ သိက္ခာမဲ့မှုများနှင့် ကုမ္ပဏီကြီး များ၏ မဟုတ်မဟတ် လုပ်ရပ်များက ကိုရီးယားတို့၏လူမှုအဖွဲ့အ
စည်းကိုလှုပ်ခါသွားစေခဲ့သည်။နောက်ဆုံးဖြစ်ရပ်တွင်ဆမ်ဆောင်းဂရုသည်တာဝန်ရှိသူများအားလာဘ်
ပေးရန်အတွက် ရံပုံငွေအမြောက်အမြားသိမ်းဆည်းဖယ်ရှားထားသည်ဟူသောစွဲချက်ဖြင့်သက်ဆိုင်ရာ
မှ စုံစမ်းစစ်ဆေးလျှက်ရှိသည်။ ပို၍ဆိုးသည်မှာမကြာခင်ကမှရွေးကောက်တင်မြှောက်ခံရသောသမ္မတ
လောင်းအား (၂၀၀၁) ခုနှစ် အစုရှယ်ယာအရှုပ်တော်ပုံအတွက် စုံစမ်းစစ်ဆေးရန် စိုင်းပြင်း နေကြခြင်း
ဖြစ်သည်။
ပါကစ္စတန်တွင် ထိန်းသိမ်းမှုညံ့ဖျင်းမှုသဖြင့် မီးရထားလမ်းတိမ်းမှောက်မှု အများဆုံးဖြစ်
အလိုအလျောက် ကြိုးညှိဂစ်တာ ကမ္ဘာအနှံ့ရနိုင်ပြီ
အလိုအလျောက် ကြိုးညှိနိုင်တဲ့ဂစ်တာကို တနင်္လာနေ့က လန်ဒန်မှာ ကမ္ဘာ့ ပထမဆုံးအဖြစ် ပွဲထုတ်ပြသခဲ့ပါတယ်။ ကြိုးတစ်ချောင်း အသံလွဲသွားရင် ဂစ်တာ က သူ့ဘာသာ စစ်ဆေးသိရှိပြီး အလို အလျောက် ကြိုးညှိပြင်ဆင်သွားမှာဖြစ် တယ်လို့ ဆိုပါတယ်။
ဂစ်ဘ်ဆန်ရိုဘော့ဂစ်တာ (Gibson Robot Guitar) လို့ အမည်ပေးထားတဲ့ ဂစ်တာကိုThe Alarm အဖွဲ့က အဆိုတော်၊ ဂစ်တာသမား မိုက်ပီတာက ပွဲထုတ်ပေးခဲ့ တာဖြစ်တယ်။
တင်နက်ဆီပြည်နယ်၊ နက်ရှ်ဗီးလ်မြို့မှာ အခြေစိုက်တဲ့ ဂစ်ဘ်ဆန်ဂစ်တာ လုပ်ငန်းက ဒီဂစ်တာကြောင့် ဂစ်တာ လောက တစ်ခေတ်ပြောင်းသွားစေရမယ် လို့ အာမခံပါတယ်။ ဒီဂစ်တာ ဖန်တီးနိုင်ဖို့ အလိုအလျောက် ကြိုးညှိနည်းပညာကို ရှာဖွေနေတာ ၁၀ နှစ်ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ သောကြာနေ့ကမှ စတင်ရောင်းချခဲ့တာ ဖြစ်ပါတယ်။
ပထမဆုံးအသုတ် ကန့်သတ်ထုတ်ဝေ တဲ့ ဂစ်တာတွေကို ဂစ်ဘ်ဆန်စတိုးဆိုင် တွေမှာ လက်လီဈေးနှုန်း တစ်လက်ကို ပေါင် ၁ç၄၀၀ နဲ့ ရောင်းချနေပြီး လာမယ့် နှစ်မှာမှ ပုံမှန်ထုတ် လုပ်မယ်လို့ ဆိုပါ တယ်။
ဂစ်တာတီးတဲ့အခါ အမြဲ ကြိုးညှိနေရတာကို စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ ခရစ်အဒမ်က ဒီနည်းပညာကို တီထွင် ခဲ့တာဖြစ် ပါတယ်။ သူက ဒီဂစ်တာကို ဂစ်တာတို့ရဲ့ မားစီးဒီးစ်လို့ ဆိုပါတယ်။
အလိုအလျောက်ကြိုးညှိတဲ့ ဂစ်တာတွေကို Smashing Pumpkins အဖွဲ့ က ဘီလီကိုဂင်၊ Muse အဖွဲ့က မက်ဘယ်လာမီတို့လို ဂစ်တာသမားတွေက သုံးနေကြပြီဖြစ်ပြီး The Who အဖွဲ့ က ပီတီတောင်းရှန်းတို့ကလည်း ဒီ ဂစ်တာမျိုးကို စိတ်ဝင်စားကြတယ်လို့ အဒမ်က ပြောပါတယ်။
No comments:
Post a Comment